သတ်
Vol. 69 Ch. 735
မဟာတာအိုပညာရှိတွေနဲ့ တိုက်ခိုက်နေတဲ့ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရပေမဲ့ တိုက်ခိုက်ဖို့ အလျင်မလိုပါဘူး။ သူ့လမ်းကို မဟာတာအိုပညာရှိ အများကြီးက ဝိုင်းပိတ်ဆို့ထားတယ် မဟုတ်ပါလား။
မဟာတာအိုပညာရှိ ၂၃ ပါးကို အသာစီး မယူနိုင်ဘူးဆိုပေမဲ့ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကလည်း လွယ်ကူနေတာတော့ မဟုတ်ပါဘူး။
‘ငါ ဒီကောင်ကို မျှားခေါ်ပြီး ငါနဲ့ တစ်ယောက်ချင်းတိုက်အောင် လုပ်ရမယ်’ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ အဲဒီနောက် မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ လက်မြှောက်ပြီး ကီလိုမီတာဆယ်သန်းကျော် ရှည်လျားတဲ့ ကြောက်မက်ဖွယ် မီးလျှံကြီးကို ဖြန့်ကြက်လိုက်ပါတယ်။
မဟာတာအိုပညာရှိတွေရဲ့ စွမ်းအားကတော့ ဒီလောက်ကြီး မခမ်းနားပါဘူး။ မဟာတာအိုပညာရှိတွေက ဒီလိုမျိုး မလုပ်နိုင်တာ မဟုတ်ပါဘူး။ မဟာတာအိုပညာရှိတွေက သူတို့ရဲ့ ဓမ္မစွမ်းအားကို စုစည်းပြီး တိုက်ခိုက်တာကြောင့် မခမ်းနားဘူးလို့ ထင်နေရတာပါ။ မဟာတာအိုပညာရှိတွေ ထုတ်သုံးလိုက်တဲ့ ဆန်းကြယ်စွမ်းအားတိုင်းမှာ ပြောင်းလဲမှု ထောင်သောင်းချီ ပါဝင်ပါတယ်။
ဒီအချိန်မှာ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ ပုံရိပ်ယောင်ဆန်းကြယ်စွမ်းအား ဘီလီယံချီ ထိမှန်သွားပါတယ်။ ဒါပေမဲ့လည်း မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်တွေဟာ ပုံရိပ်ယောင်တွေကို တစ်ခုချင်း ရှင်းပစ်ပါတယ်။
ဒါက ရိုးရိုး ပုံရိပ်ယောင် မဟုတ်ပါဘူး။ ကံစွမ်းအား၊ သတ်ဖြတ်ခြင်း ဆန်းကြယ်စွမ်းအားနဲ့ အကုသိုလ်ကံတွေတောင် ပါဝင်နေပါတယ်။
မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်က နည်းလမ်းစဉ်းစားနေသလို မဟာတာအိုပညာရှိတွေထဲကလည်း စိတ်ထဲမှာ အကြံထုတ်နေတာပါ။ သူတို့တွေ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို ဒေါသထွက်တာက ဟန်ဆောင်တာ မဟုတ်ပါဘူး။ တကယ်ဒေါသထွက်တာပါ။ ဒါပေမဲ့ မဟာတာအိုပညာရှိတွေဟာ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်နဲ့ ကမ္ဘာမကျေရန်သူတွေ မဖြစ်ချင်ပါဘူး။
ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်က မဟာတာအို နတ်စိတ်ဝိညာဉ် ဖြစ်နေတုန်းပါ။ ပြီးတော့ သူ့နောက်မှာလည်း သဲသဲကွဲကွဲ မသိရတဲ့ ပဋိပက္ခနတ်မင်းတွေ ရှိနေသေးတယ် မဟုတ်ပါလား။
သူတို့တွေ ကောင်းကင်ရုံးတော်ကို ကာကွယ်တာက ကောင်းကင်ရုံးတော်ကို မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်က ရှင်းပစ်မှာစိုးလို့ပါ။ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်က ဒီနေ့ ကောင်းကင်ရုံးတော်ကို ရှင်းပစ်ရင် နောက်နေ့မှာ သူတို့ ကံတရား အထောက်အပံ့ဂိုဏ်းတွေကိုလည်း ရှင်းပစ်နိုင်ပါတယ်။
ကောင်းကင်ရုံးတော် မဖျက်ဆီးခံရရင်လည်း မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်က ကောင်းကင်ရုံးတော်ကို အလွတ်ပေးမဲ့ပုံ မရှိပါဘူး။ ဉာဏ်နီဉာဏ်နက်သုံးပြီး တစ်နည်းမဟုတ် တစ်နည်းနဲ့ ကျိန်းသေပေါက် ဒုက္ခပေးမှာပါ။
“နတ်စိတ်ဝိညာဉ်... ခင်ဗျားက ဘာဖြစ်လို့ ကျုပ်ကို ပစ်မှတ်ထားနေရတာလဲ” ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိတွေနောက်ကို ပျံသန်းသွားပြီး အသံကျယ်ကျယ်နဲ့ မေးလိုက်ပါတယ်။
မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ တိုက်ခိုက်တာ ရပ်လိုက်ပါတယ်။ မဟာတာအိုပညာရှိတွေလည်း အတူတူပါပဲ။ နှစ်ဖက်စလုံးက ဆက်တိုက်ချင်တာ မဟုတ်ပါဘူး။ မျက်နှာပျက်မှာစိုးလို့သာ အံကြိတ်ပြီး ဆက်တိုက်နေကြတာပါ။ နောက်ပြီး သူတို့တွေက အဓိကရန်သူတွေ မဟုတ်တဲ့အတွက် သူသေကိုယ်သေ တိုက်ခိုက်စရာလည်း မလိုပါဘူး။
မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ ဟန်ကျွယ်ကို စိန်းစိန်းဝါးဝါးကြည့်လိုက်ပါတယ် “မင်းက ပဋိပက္ခနတ်မင်းတွေကို မလေးစားသလို မဟာတာအို စည်းမျဉ်းတွေကိုလည်း မလေးစားဘူး၊ မဟာတာအိုပညာရှိ ဖြစ်လာပြီးတာတောင် ပဋိပက္ခအတွက် အကျိုးမဆောင်ဘူး၊ ကောင်းကင်တာအိုမှာ စည်းမျဉ်းရှိသလို မဟာတာအိုမှာလည်း သူ့စည်းမျဉ်းနဲ့ သူ ရှိတယ်”
‘ကောင်းတယ်... ငါ့ အခွင့်အရေး ရောက်လာပြီ’ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ မဟာတာအိုပညာရှိတွေ မပါဘဲ ဟန်ကျွယ်ကို တစ်ယောက်တည်း ရင်ဆိုင်ချင်တာပါ။
ဟန်ကျွယ်ဟာ အံကြိတ်လိုက်ပါတယ် “ဒါလေးပဲလား... ဒီအတွက်ကြောင့်နဲ့ ခင်ဗျားက ကျုပ်ကို အသက်ရှင်ဖို့ အခွင့်အရေးတောင် မပေးတော့ဘူးပေါ့”
ဟန်ကျွယ်ရဲ့ မျက်နှာမှာ ကြောက်ရွံထိတ်လန့်မှု၊ မျှော်လင့်ချက် ကင်းမဲ့မှုနဲ့အတူ ဒေါသတရားတွေ ပြည့်နှက်သွားပါတယ်။
ကောင်းကင်ရုံးတော်နဲ့ မဟာတာအိုမျှော်စင်က သက်ရှိတွေဟာ ထိတ်လန့်သွားကြပါတယ် ‘သူက တောင်းပန်ဖို့ ပြန်လာတာလား...’
မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ကျိုးဖန်ဟာ ဟန်ထော်ကို ကြည့်လိုက်ကြပါတယ်။
ဟန်ထော်ဟာ ကြက်သေသေသွားပါတယ် ‘ငါ ခန့်မှန်းတာ မှားသွားပြီလား...’
ဟန်ထော်ဟာ အသူရာချောက်ထဲ ပြုတ်ကျသလို တစ်ကိုယ်လုံး အေးစက်သွားပါတယ်။ သူ့အဖေသာ တကယ် အသတ်ခံရမယ်ဆိုရင် သူ့ဘဝတစ်လျှောက်လုံး နောင်တတရားတွေနဲ့ ရှင်သန်နေထိုင်ရမှာပါ။
“အသက်ရှင်ချင်တာလား... ကောင်းပြီ၊ ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်၊ ဒူးထောက်ပြီး ပဋိပက္ခနတ်မင်းတွေကို လေးစားပါမယ်လို့ မဟာတာအိုနဲ့ ကျိန်ဆိုချည်” မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ အော်ပြောလိုက်ပါတယ်။ အဲဒီနောက် မဟာတာအိုပညာရှိတွေကို ဝါးစားမတတ် စိုက်ကြည့်ပြီး ကြိမ်းမောင်းလိုက်ပါတယ် “မင်းတို့တွေ ဘာလို့ နောက်မဆုတ်သေးတာလဲ၊ ငါက သူ့ကို အခွင့်အရေးတစ်ခု ပေးထားပြီးပြီ၊ မင်းတို့တွေ သူသေတာကို မြင်ချင်နေကြတာလား”
မဟာတာအိုပညာရှိတွေဟာ တိတ်ဆိတ်သွားပါတယ်။ ဘိုးဘေးမှော်ပညာရှိ သိကျန်းတောင် ဘာမှမပြောပါဘူး။ မကြာခင်မှာ မဟာတာအိုပညာရှိတွေ နောက်ဆုတ်သွားကြပါတယ်။ မဟာတာအိုပညာရှိတွေဟာ ဟန်ကျွယ်က ဦးညွှတ်တော့မယ်လို့ တွေလိုက်ကြပါတယ်။
မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “လာ... ငါ့ရှေ့မှာ လာဒူးထောက်ချည်”
လူတိုင်းရဲ့ မျက်စိအောက်မှာ ဟန်ကျွယ်သာ တကယ် ဒူးထောက်မယ်ဆိုရင် မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ ဟန်ကျွယ်ကို အစေခံတစ်ယောက်အဖြစ် လက်ခံမှာပါ။ ဒါပေမဲ့ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ ဟန်ကျွယ်က မဟာညီညွတ်မှုရုပ်သွင် သုံးထားတာကို တွေ့ထားပါတယ်။ ဒါကြောင့် ဟန်ကျွယ်က တကယ် ဒူးထောက်လိမ့်မယ်လို့ မယုံပါဘူး။
မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိပါတယ်။ ဟန်ကျွယ်က မဟာတာအို ရယူထားတာ မကြာသေးတဲ့အတွက် ဘယ်လိုမှ သူ့ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။ မဟာတာအိုပညာရှိတွေကို နောက်ဆုတ်ခိုင်းတာကလည်း တကယ်လို့ တိုက်ပွဲဖြစ်လာခဲ့ရင် ဝင်ရှုပ်မှာစိုးတာကြောင့်ပါ။
ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပြီး တစ်ခဏကြာတဲ့အခါမှာတော့ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဆီ ပျံသန်းသွားပါတယ်။ ဟန်ကျွယ် ပျံသန်းလာတာကို ကြည့်ပြီး မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ မရယ်ဘဲ မနေနိုင်ပါဘူး။ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ ဒီနည်းလမ်းနဲ့ ဟန်ကျွယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစစ်ကို ဖျက်ဆီးချင်တာပါ။
မဟာတာအိုပညာရှိတွေကတော့ ကျောက်ရုပ်လို မျက်နှာနဲ့ ရှိနေပါတယ်။ သူတို့သာ ဟန်ကျွယ်နေရာမှာ ဆိုရင်လည်း ဒီလိုအခြေအနေမျိုးပဲ ဆိုက်မှာပါ။ ဒါကြောင့် မဟာတာအိုပညာရှိတွေဟာ ဝမ်းနည်းမှုကလွဲပြီး ဘာမှမခံစားရပါဘူး။
ဟန်ကျွယ်ဟာ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်နဲ့ တစ်စတစ်စ နီးကပ်သွားပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သက်ပြင်းချလိုက်ပါတယ်။ ကျိုးဖန်နဲ့ ချူရှီရန်ဟာ တခြားတစ်ဖက်ကို ခေါင်းလှည့်လိုက်ကြပါတယ်။ ဟန်ထော်ဟာ ခေါင်းငုံ့ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။
လောကဦး ဟင်းလင်းပြင်တစ်ခုလုံး အကြွင်းမဲ့ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျှော်လင့်ချက်မဲ့ စွမ်းအားက တိုးလာတာကို သတိထားမိပါတယ်။ စွမ်းအားတိုးလာရုံတင် မဟုတ်ပါဘူး။ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကလည်း သူ့စွမ်းအားကို စုစည်းထားပါတယ်။
‘ငါ ထင်တဲ့အတိုင်းပဲ... ဒီကောင်က အများထင်သလို ဘဝင်မြင့်ပြီး တုံးအနေတဲ့ကောင် မဟုတ်ဘူး’
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဂရုမစိုက်ပါဘူး။ ဟန်ကျွယ်အတွက်က တစ်ချက်တည်း အပြတ်ရှင်းနိုင်မဲ့ အခွင့်အရေးတစ်ခုပဲလိုတာ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ တိုက်ရိုက် တိုက်ခိုက်မယ်ဆိုရင် ပေါက်ကွဲထွက်လာတဲ့ ကြောက်မက်ဖွယ် ရောင်ဝါကို မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို ကြောက်လန့်ပြီး ထွက်ပြေးသွားစေမှာပါ။ ကျင့်ကြံမှုအဆင့်က ကွာခြားနေတာ ဖြစ်တဲ့အတွက် မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်သာ ထွက်ပြေးမယ်ဆိုရင် ဟန်ကျွယ် လိုက်လို့မမီနိုင်ပါဘူး။ ဒါ့အပြင် မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်နောက်ကိုလိုက်ရင်း တခြား ဘေးအန္တရာယ်တွေလည်း ကျရောက်လာနိုင်ခြေ ရှိပါတယ်။
မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ ဟန်ကျွယ် ခန္ဓာကိုယ်ထဲက ဖိနှိပ်ထားတဲ့ စွမ်းအားကို ခံစားမိပါတယ် ‘ဟင်း... မင်းက ဟန်ဆောင်ပြီ ငါ့ကို တိုက်ခိုက်ချင်တာလား... ဟာသပဲ’
မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ အရူးပမာ ရယ်မောပြီး ဓမ္မစွမ်းအားကို ခဲလိုက်ပါတယ်။ နှစ်ယောက်စလုံးကို တစ်ယောက်ကို တစ်ယောက် တစ်ချက်တည်း အပြတ်ရှင်းချင်ကြတာပါ။
ဟန်ကျွယ်ဟာ ရုတ်တရက် ခေါင်းမော့ပြီး ပေတစ်ရာ အကွာကနေ ညာလက်ဝါးနဲ့ လှမ်းရိုက်လိုက်ပါတယ်။
လောကဦး နတ်ဒေါသ။
နတ်ဘီလူးဓမ္မရုပ်တု ရာချီကို ပေါင်းစပ်ပြီးတဲ့နောက် လောကဦး နတ်ဒေါသရဲ့ စွမ်းအားကို ရန်သူကို တစ်ချက်တည်းနဲ့ ဖျက်ဆီးဖို့ လုံလောက်တာထက် ပိုပါတယ်။
မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကလည်း လက်ဝါးကို ဝှေ့ယမ်းလိုက်ပါတယ်။
ဒီအချိန်မှာ အချိန်က ရပ်သွားသလိုပါပဲ။
“မင်းက ငါ့ကို ခုခံနိုင်မယ်များ ထင်နေတာလား” မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ ဒေါသတကြီး ရယ်မောလိုက်ပါတယ်။
ဟန်ကျွယ်ကလည်း ချက်ချင်း ပြန်သရော်လိုက်ပါတယ် “ငါနဲ့ ရင်ဆိုင်ခဲ့တဲ့ လူတွေအများကြီးကလည်း မင်းလိုပဲ တွေးခဲ့ကြတာပဲ၊ မင်းအတွက်တော့ သူတို့ကိုမြင်ဖို့ အခွင့်အရေးတစ်ကြိမ်တောင် မရှိတော့ဘူး”
သူတို့နှစ်ယောက်ရဲ့ စကားပြောဆိုမှုက အချိန်နဲ့ သတ်မှတ်လို့ မရပါဘူး။ အလွန်တရာ မြန်ဆန်လွန်းတဲ့အတွက် မဟာတာအိုပညာရှိတွေတောင် မကြားလိုက်ရပါဘူး။
လက်ဝါးနှစ်ခုဟာ ရင်ဆိုင်တွေ့ပြီး ကြောက်မက်ဖွယ် ဓမ္မစွမ်းအားနှစ်ခု ပေါက်ကွဲထွက်သွားပါတယ်။
အလွန်တောက်ပတဲ့ အလင်းရောင်လည်း ဖြာထွက်သွားပါတယ်။
လောကဦး ဟင်းလင်းပြင်ဟာ ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။ သက်ရှိအားလုံး အထူးသဖြင့် မဟာတာအိုပညာရှိ အဆင့်အောက်က ကျင့်ကြံသူအားလုံး အသက်ရှူကျပ်သွားပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်က တကယ် အညံ့ခံတော့မှာလို့ ထင်ထားတဲ့အတွက် ဘာတုံ့ပြန်မှုမှ မရှိပါဘူး။
နတ်ဘီလူးဓမ္မရုပ်တု ၅၄၉ ပါးရဲ့ စွမ်းအားကိုသာမက ဟန်ကျွယ်ရဲ့ ဒေါသကိုပါ သယ်ဆောင်ထားတဲ့ လောကဦး နတ်ဒေါသဟာ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ရဲ့ ဓမ္မစွမ်းအားကို တစ်ချက်တည်း ဖုံးအုပ်သွားပါတယ်။
ရုတ်ခြည်းဆိုသလို မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ မျက်လုံး ပြူးသွားပါတယ် “အို့... မဟုတ်ဘူး”
‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’
‘သူက ဘာဖြစ်လို့ ဒီလောက်တောင် စွမ်းအားကြီးရတာလဲ’
‘သွားပြီ’
အတွေးမျိုးစုံဟာ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ရဲ့ စိတ်ထဲမှာ ပေါ်လာပါတယ်။ ဘာပဲဖြစ်ဖြစ် သူထွက်ပြေးလို့ မရတော့ပါဘူး။
လောကဦးနတ်ဒေါသဟာ ဗိုလ်ကျစိုးမိုးလွန်းတဲ့ ရောင်ဝါနဲ့ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို နှစ်မြှုပ် ပစ်လိုက်ပါတယ်။
မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ရဲ့ ရုပ်နာမ်နှစ်ပါးစလုံး ဖျက်ဆီးခံလိုက်ရပါတယ်။
မဟာတာအိုဝိညာဉ်ကလည်း တစ်ခါတည်း လွင့်ပါးပျောက်ကွယ်သွားတဲ့အတွက် ထွက်ပြေးချိန်တောင် မရလိုက်ပါဘူး။
လောကဦး နတ်ဒေါသဟာ ရှေ့ကို အရှိန်နဲ့ ဆက်သွားပြီး လောကဦး ဟင်းလင်းပြင် အဆုံးသတ်မှာ အာကာသတွင်းနက်တစ်ခုကို ဖန်တီးကာ မသိနိုင်တဲ့နယ်မြေတစ်ခုဆီ ထိုးဖောက်ဝင်ရောက် ပျောက်ကွယ်သွားပါတယ်။
တောက်ပတဲ့ အလင်းရောင်လည်း မှေးမှိန်သွားပါတယ်။
မဟာတာအိုပညာရှိတွေ လှမ်းကြည့်လိုက်တဲ့အခါ ဟန်ကျွယ်ကိုပဲ တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ရဲ့ ကာလတာအိုဝတ်ရုံဟာ လေထဲမှာ လူးလွန့်နေပြီး ဟန်ကျွယ်ရဲ့ မျက်နှာက အေးစက်နေပါတယ်။ သတ်ဖြတ်ငွေ့တွေကလည်း ဟန်ကျွယ် မျက်လုံးထဲမှာ ကျန်ရှိနေတုန်းပါ။
လောကဦးနတ်ဒေါသရဲ့ တန်ခိုးအရှိန်က ကျန်ရှိနေသေးတဲ့အတွက် မဟာတာအိုပညာရှိတွေကို ကြက်သီးမွေးညင်း ထသွားစေပါတယ်။
‘မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်က သေသွားပြီလား...’
မဟာတာအိုပညာရှိတွေဟာ မျက်လုံးပြူးသွားသလို တစ်ချိန်တည်းမှာလည်း တစ်ကိုယ်လုံး တုန်ယင်သွားပါတယ်။
သူတို့ခေါ်လာတဲ့ တပည့်တွေ၊ ကောင်းကင်ရုံးတော်က အင်မော်တယ်တွေနဲ့ မဟာတာအိုမျှော်စင်က ကျင့်ကြံသူတွေလည်း သတိပြန်ဝင်လာကြပါတယ်။ သူတို့တွေဟာ သူတို့မျက်စိကို မယုံနိုင်ကြတဲ့အတွက် မျက်စိကိုပွတ်ပြီး သေချာဂရုတစိုက် ကြည့်လိုက်ပါတယ်။
“အို့... မိုင်ဂေါ့ဒ်...” ယီတျန်ဟာ စိတ်လှုပ်ရှားလွန်းတဲ့အတွက် မျက်နှာတစ်ခုလုံး နီရဲသွားပါတယ်။ အခြေအနေကို ချက်ချင်း ပြောင်းပြန်လှန်သွားတဲ့အတွက် ယီတျန်ဟာ ဟန်ကျွယ်ရှေ့ ဒူးထောက်ချင်စိတ် ပေါက်သွားပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းလှည့်ပြီး မဟာတာအိုပညာရှိတွေကို တစ်ချက် ကြည့်လိုက်ပါတယ်။ အေးစက်တဲ့ အကြည့်ကြောင့် မဟာတာအိုပညာရှိတွေရဲ့ တာအိုနှလုံးသားဟာ တဒိတ်ဒိတ် ခုန်သွားပါတယ်။
အကြည့်တစ်ချက်နဲ့တင် ဖြစ်ပျက်သွားတာပါ။
တစ်ချက်ကြည့်ပြီးတာနဲ့ ဟန်ကျွယ်ဟာ ဟန်ထော်ရှေ့ကို ချက်ချင်း ရောက်သွားပြီး ဟန်ထော်ကို ပခုံးပုတ်လိုက်ပါတယ်။ အဲဒီနောက် ဝဲကတော့နက်ထဲ ဝင်ရောက် ပျောက်ကွယ်သွားပါတယ်။
ဝဲကတော့နက်က ပျောက်ကွယ်သွားပေမဲ့ လောကဦး ဟင်းလင်းပြင်ဟာ အချိန်အတန်ကြာတဲ့အထိ ဆက်ပြီးတော့ တိတ်ဆိတ်နေတုန်းပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။