ကြက်ဝက်ခွေးများ ဘုံပျံတက်ခြင်း
Vol. 69 Ch. 740
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်နဲ့ ရက်အနည်းငယ် နေပြီးမှ တာအိုဘုံကျောင်းကို ပြန်ပါတယ်။
ဟန်ကျွယ်ဟာ ငရဲကြက်နက်၊ ရွှမ်ချန်အန်း၊ ဘူးသီးညီနောင်ရှစ်ဖော်၊ အာတ၊ ရှောင်အာ၊ ပဋိပက္ခ ကောင်းကင်ခွေး၊ မြွေနဂါးဘုရင်နဲ့ ထူလင်းအာတို့ကို တာအိုဘုံကျောင်းထဲ ခေါ်လိုက်ပါတယ်။
တပည့်ရင်းတွေဟာ ခပ်သုတ်သုတ်ပဲ ရောက်လာပါတယ်။ သူတို့အကုန်လုံးဟာ ဖုံးကွယ်လို့မရတဲ့အထိ ရင်ခုန်နေကြပါတယ်။
ဟန်ကျွယ် စွမ်းအားကြီးလာတာနဲ့အမျှ သူတို့အဆင့်အတန်းကလည်း လိုက်တိုးလာခဲ့ပါတယ်။ ဒီလိုဆိုပေမဲ့ သူတို့တွေကြားက အကွာအဝေးကလည်း ကြီးမားလာခဲ့ပါတယ်။ ဒါက သူတို့တွေ ဘယ်လိုမှ မတတ်နိုင်တဲ့ ကိစ္စပါ။ ဒါပေမဲ့ သူတို့တွေဟာ ဟန်ကျွယ်ကို သစ္စာရှိနေတုန်းပါ။ ဒါကြောင့် ဟန်ကျွယ် သူတို့ကိုခေါ်လိုက်တဲ့အခါ ကောင်းတာတစ်ခုခု ဖြစ်ပျက်တော့မယ်လို့ သိနေကြပါပြီ။
ဟန်ကျွယ်ဟာ သူ့ကို နှစ်သုံးသိန်းကျော် အဖော်ပြုခဲ့တဲ့ ဒီတပည့်တွေနဲ့ ငယ်သားတွေကို မမေ့သေးပါဘူး။ တစ်ယောက် တာအိုရရင် အဲဒီလူရဲ့ ကြက်ဝက်ခွေးတွေတောင် ကောင်းကင်ပေါ် တက်နိုင်ကြပါတယ်။
ဟန်ကျွယ်ဟာ သူ့လူတွေကို မမေ့ပါဘူး။ ရှည်လျားကြာညောင်းလှတဲ့ ကျင့်ကြံမှုလမ်းစဉ်မှာ သူ့ကို နှစ်တွေအကြာကြီး အဖော်ပြုပေးခဲ့တဲ့လူတွေကို ဟန်ကျွယ်က ဘယ်လိုလုပ်ပြီး လျစ်လျူရှုနိုင်မှာလဲ။
ဒီလူတွေတင် မဟုတ်ပါဘူး။ ငရဲနက်နတ်ဆိုးသခင်၊ စန့်ရှီ၊ ရှကျဲ့မျိုးနွယ်စုနဲ့ တခြားလူတွေလည်း ရှိပါသေးတယ်။ ဟန်ကျွယ်ဟာ သူတို့အားလုံးကို ဂရုစိုက်မှာပါ။ ဒါပေမဲ့ သူတို့တွေကတော့ ငရဲကြက်နက်တို့ ပြီးမှပါ။ စနစ်တကျရှိဖို့က အရမ်းအရေးကြီးတယ် မဟုတ်ပါလား။
“မင်းတို့က တိတ်ဆိတ်ဂိုဏ်းရဲ့ ပထမဆုံး တပည့်တွေပဲ၊ ငါ့ကို နှစ်သုံးသိန်းကျော်ကြာအောင်လည်း အဖော်ပြုပေးခဲ့တယ်၊ ငါက အမြဲတမ်း ဂူအောင်းကျင့်ကြံနေပေမဲ့ မင်းတို့ကို အမြဲတမ်း ကြည့်နေတာ၊ အခု မင်းတို့တွေ လုပ်ရမှာက တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ရောက်အောင် ကျင့်ကြံဖို့ပဲ၊ အဲဒီအချိန်ကျရင် ငါမင်းတို့အတွက် အံ့ဖွယ်လက်ဆောင်တစ်ခု ပြင်ဆင်ထားတယ်”
“ဘယ်သူပဲဖြစ်ဖြစ် တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ကို ရောက်သွားရင် ငါ့ကို လာရှာချည်”
ဟန်ကျွယ်ရဲ့ ညင်သာတဲ့အသံက ငရဲကြက်နက်တို့ကို စိတ်လှုပ်ရှားသွားစေပါတယ်။
မုရုံချီ၊ လီယောင်၊ တစုန်ကောင်းကင်နဲ့ ကွမ်းပုပိုင်တို့က ပျောက်နေပါတယ်။ သူတို့တွေကို အနန္တကမ္ဘာ မြင်ကွင်းကျယ်မှာတောင် မတွေ့ရပါဘူး။ အထူးသဖြင့် မုရုံချီပါ။ တပည့်ရင်းတွေဟာ ဟန်ကျွယ်က မုရုံချီကို မျက်နှာသာပေးမှန်း သိကြပါတယ်။ ဒါကြောင့် မုရုံချီသာ တစ်ခုခုဖြစ်သွားတယ်ဆိုရင် ဟန်ကျွယ်က ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အကြောင်းအရင်းက တစ်ခုပဲ ရှိပါတော့တယ်။
ဟန်ကျွယ်က သူတို့ကို ဝှက်ထားတာပါ။
ငရဲကြက်နက်က မေးလိုက်ပါတယ် “ကျွန်တော်တို့ အရည်အချင်းက အကန့်အသတ်ရှိတယ်၊ သခင်ရဲ့ ကူညီမှုနဲ့ ကျွန်တော်တို့တွေ တာအိုကို ရယူနိုင်ခဲ့ရင်တောင် အနာဂတ်မှာ သခင်ကို လိုက်မီနိုင်မှာ မဟုတ်ဘူး”
ငရဲကြက်နက်ရဲ့ စကားသံက သနားဖို့ကောင်းတယ် ဆိုပေမဲ့ ဒါက အမှန်တရားပါ။ ဟန်ကျွယ် အမြင့်ကို ရောက်လေလေ သူ့ကို အဖော်ပြုပေးနိုင်တဲ့ လူတွေကလည်း နည်းသွားမှာပါ။
ဟန်ကျွယ်ဟာ နတ်ဘီလူးချီကို ထုတ်လွှတ်နိုင်တာကြောင့် မဟုတ်ရင် ဒီမိတ်ဟောင်း ဆွေဟောင်းတွေကို သူတို့ဘဝပဲ စံစားခိုင်းမှာပါ။
“အရင်ဆုံး တာအိုပညာရှိအတု ထိပ်ဆုံးအဆင့် ရောက်အောင်ပဲ ကျင့်ကြံအားထုတ်စမ်းပါ”
စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ တာအိုစတင် ဟောကြားလိုက်ပါတယ်။ အန္တိမမူလ မဟာတာအိုက ငရဲကြက်နက်တို့ရဲ့ စိတ်ထဲကို တိုးဝင်သွားပါတယ်။
ဆယ်နှစ်ကြာတဲ့အခါမှာတော့ တာအိုဟောကြားမှု ပြီးဆုံးပြီး ငရဲကြက်နက်တို့တွေဟာ တာအိုဘုံကျောင်းထဲကနေ ထွက်သွားပါတယ်။ သူတို့အကုန်လုံးရဲ့ မျက်နှာမှာ မျှော်လင့်ချက် ရောင်ခြည်တွေ အပြည့်ပါပဲ။
မှောင်မိုက်တဲ နယ်မြေတစ်ခုမှာ မရေမတွက်နိုင်တဲ့ အရိုးတွေဟာ အဖြူရောင် မြူခိုးလိုမျိုး ပေါလော မျောနေပါတယ်။ အထီးကျန် ကျွန်းတစ်ခုမှာ အရိပ်နက်တစ်ခုဟာ သစ်ပင်အိုကြီး တစ်ပစ်အောက် တရားထိုင်နေပါတယ်။
သေချာကြည့်လိုက်ရင် ဒီအရိပ်နက်ကို ရောင်ဝါနက်တွေကို ဝန်းရံထားပါတယ်။ ရောင်ဝါနက်တွေ ပြယ်သွားတဲ့အခါ အလွန့်အလွန် ရုပ်ဆိုးတဲ့ မျက်နှာတစ်ခု ပေါ်လာပါတယ်။ ဘယ်လောက်တောင် ရုပ်ဆိုးလဲဆိုရင် သံပရာသီးကိုက်ထားတဲ့ဘီလူးမက အရှုံးပေးရပါတယ်။
အဆိပ်ရှိတဲ့ ပိုးကောင်တွေဟာ အရိပ်နက်ရဲ့မျက်နှာမှာ တွားသွားနေပါတယ်။ အရိပ်နက်ဟာ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး ရင်ဘက်မှာတော့ အရိုးဖြူတွေ ပေါ်နေပါတယ်။
အလင်းတန်းတစ်ခုဟာ ကောင်းကင်ပေါ်ကနေ ထိုးကျလာပြီး အရိပ်နက်ရှေ့မှာ ဆင်းသက်လိုက်ပါတယ်။ ဒီထိုးဆင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လေအရှိန်ဟာ ကျွန်းတစ်ခုလုံးကို တသိမ့်သိမ့် တုန်သွားစေပြီး သစ်ပင်အိုကြီးရဲ့ အကိုင်းအခက်တွေကိုလည်း ပြင်းထန်စွာ လှုပ်ခါသွားစေပါတယ်။ ဒီလိုဆိုပေမဲ့ သစ်ရွက်တစ်ရွက်မှ ကြွေမကျပါဘူး။
အရိပ်နက်က တစ်လုံးချင်း ပြောလိုက်ပါတယ် “မင်းက လာတိုင်း ဘာဖြစ်လို့ ဒီလောက်တောင် ဆူညံရတာလဲ၊ ဆူညံတယ်လို့ မင်း မထင်ဘူးလား”
အလင်းတန်းဟာ လွင့်ပါးသွားပြီး စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ပေါ်လာပါတယ်။
“ဟားဟား... ကျိန်စာနတ်ဘီလူး... ငါက မင်းနေရာ အေးစက်နေတာတွေ့လို့ လာအားပေးတာပါ”
သစ်ပင်အိုကြီးအောက်မှာ တရားထိုင်နေတဲ့ အရိပ်နက်က အသွင်ပြောင်းလဲထားတဲ့ ကျိန်စာနတ်ဘီလူးပါ။ အသစ်ရောက်လာတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ကတော့ ခန္ဓာကိုယ် ထွားကျိုင်းပြီး ခရမ်းရောင်ဝတ်ရုံကို လွှမ်းခြုံထားပါတယ်။ ဒီလူဟာ ကွင်းဆက် သံချပ်ကာကို ဝတ်ဆင်ထားပြီး ခေါင်းမှာလည်း ဖီးနစ်တောင်ပံသရဖူကို ဆောင်းထားပါတယ်။ ပခုံးနှစ်ဖက်ပေါ်မှာလည်း နဂါးလိုလို ချီလင်လိုလို ခေါင်းနှစ်ခေါင်း ရှိနေပါတယ်။
ကျိန်စာနတ်ဘီလူးက လေသံအေးလေးနဲ့ ပြန်ပြောလိုက်ပါတယ် “မင်းက မဟာတာအို နတ်စိတ်ဝိညာဉ်လေ၊ ဒီထက်ပိုပြီး တည်တည်ကြည်ကြည်နေလို့ မရဘူးလား”
“ရှေးပျက်သုဉ်းနယ်မြေကို မကြာသေးခင်ကမှ ဖိနှိပ်နိုင်ခဲ့တာ၊ တချို့ကြမ်းတဲ့ကောင်တွေ လွတ်သွားတယ်ဆိုပေမဲ့ ငြိမ်းချမ်းတယ်လို့ ယူဆလို့ရသေးတယ်၊ မင်းမှာ ရန်သူနှစ်ယောက်ရှိတယ်လို့ ငါ့ကို ပြောခဲ့တာ ငါ မှတ်မိနေသေးတယ်၊ တစ်ယောက်က အမှောင်သခင်ကြီး၊ နောက်တစ်ယောက် ကောင်းကင်တာအို ဟန်ကျွယ်... ဟုတ်တယ်မလား” ခရမ်းရောင်ဝတ်ရုံနဲ့လူက မေးလိုက်ပါတယ်။ ဒီအချိန် သူ့မျက်နှာမှာ အပြုံး မရှိတော့ပါဘူး။
ကျိန်စာနတ်ဘီလူးက ခေါင်းညိတ်လိုက်ပါတယ်။
ခရမ်းရောင်ဝတ်ရုံနဲ့လူက ဆက်ပြောပါတယ် “သိပ်မကြာသေးခင်က ဟန်ကျွယ် ရှုံဟွာ ၁၄ ပါးနဲ့ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို သတ်လိုက်တယ်၊ အဲဒီသတင်းကို မင်းကြားမိလား”
ကျိန်စာနတ်ဘီလူးဟာ ခေါင်းထပ်ညိတ်လိုက်ပါတယ်။ ဒါပေမဲ့ ကျိန်စာနတ်ဘီလူးရဲ့ အမူအရာက ပုံမှန်မဟုတ်ပါဘူး။ မျက်နှာပေါ်က တွားသွားနေတဲ့ အဆိပ်ပိုးကောင်တွေလည်း ရပ်သွားပါတယ်။
“ဒီကောင်လေးရဲ့ နောက်ခံက လျှို့ဝှက်ဆန်းကြယ်တယ်၊ သူက နတ်မင်းတစ်ပါးကို သတ်ပြီး ပဋိပက္ခစည်းမျဉ်းကို ချိုးဖောက်လိုက်တယ်၊ အရေးအကြီးဆုံးက ကောင်းကင်တာအိုကို အင်အားတိုးချဲ့တာပဲ၊ ကောင်းကင်တာအိုရဲ့ လက်ရှိ တိုးတက်မှုနဲ့ဆိုရင် အနာဂတ်မှာ ပဋိပက္ခကို ကျိန်းသေပေါက် ပြောင်းလဲစေလိမ့်မယ်၊ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး၊ ငါ ကောင်းကင်တာအိုကို ဖျက်ဆီးဖို့ စီစဉ်ထားတယ်၊ မင်းငါ့ကို ကူညီဖို့ ဆန္ဒရှိလား၊ အဲဒီအချိန်ကျရင် မင်းကိုယ်တိုင် ဟန်ကျွယ်ကို သတ်ခွင့်ရလိမ့်မယ်”
ကျိန်စာနတ်ဘီလူးဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါ သူ့ကို မယှဉ်နိုင်ဘူး”
မျက်လုံးထဲမှာလည်း မုန်းတီးမှုတွေ ယှက်သမ်းသွားပါတယ်။ တကယ်တော့ ကျိန်စာနတ်ဘီလူးဟာ ဟန်ကျွယ်ထက် နတ်ဒေါင်းအရှင်ကို ပိုမုန်းပါတယ်။ နတ်ဒေါင်းအရှင်က သူ့နောက်ကို တစ်ချိန်လုံး တကောက်ကောက် လိုက်နေတဲ့အတွက် အေးဆေးကို မနေရပါဘူး။
သူ့ရှေ့က မဟာတာအို နတ်စိတ်ဝိညာဉ်ရဲ့ ကူညီမှုကြောင့်သာ မဟုတ်ရင် ကျိန်စာနတ်ဘီလူးဟာ ထပ်ပြီးတော့ အဆော်ခံနေရလောက်ပါပြီ။
ခရမ်းရောင်ဝတ်ရုံနဲ့လူဟာ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ပါတယ် “ရတယ်၊ ငါ သူ့ကျင့်ကြံမှုတွေကို ဖျက်ပစ်လိုက်လို့ရတာပဲ, ငါတို့တွေ ဒီကိစ္စကို သေချာစီစဉ်ရမယ်၊ ကောင်းကင်တာအိုက သာမန်မဟုတ်ဘူး၊ ငါတို့တွေ ကောင်းကင်တာအိုကို အကြာဆုံး နှစ်တစ်သိန်းအတွင်း တိုက်ခိုက်ကြမယ်၊ အဲဒီအချိန်ကျရင် မင်းလည်း လိုက်ခဲ့ပေါ့”
ကျိန်စာနတ်ဘီလူးဟာ တစ်ခဏ ချီတုံချတုံ ဖြစ်သွားပြီးနောက် ရွေးချယ်စရာ မရှိတာကြောင့် ခေါင်းညိတ်လိုက်ရပါတယ်။
ခရမ်းရောင်ဝတ်ရုံနဲ့လူ လက်မြှောက်လိုက်တဲ့အခါ လက်ထဲမှာ ပုံရိပ်ယောင် ရုပ်သွင်တစ်ခု ပေါ်လာပါတယ် “ဒီလူက အဆုံးသတ် အပျက်အစီး နတ်ဘုံရဲ့ အစွမ်းအထက်ဆုံးပုဂ္ဂိုလ် လောင်ဇီပဲ၊ သူက ကောင်းကင်ဂိုဏ်းချုပ်ကို ကယ်သွားတယ်၊ မင်း သူ့ကို ကျိန်စာတိုက်ပေး”
“လောင်ဇီက မဟာတာအိုပညာရှိတွေထက် စွမ်းအားကြီးတဲ့ တည်ရှိမှုပဲ၊ ငါ့ကျင့်ကြံမှုက နိမ့်ပါးလွန်းတယ်၊ သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး”
“ရတယ်၊ မင်း အမှောင်သခင်ကြီးကို အတုခိုးသင့်တယ်၊ မင်း သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူးဆိုရင်တောင် အနှောင့်အယှက်ပေးပြီး ကျင့်ကြံလို့မရအောင် လုပ်လို့ရတာပဲ”
“ကောင်းပြီလေ”
ကျိန်စာနတ်ဘီလူးဟာ မတတ်နိုင်တဲ့အဆုံး သဘောတူလိုက်ရပါတယ်။
ခရမ်းရောင်ဝတ်ရုံနဲ့လူက ပြုံးဖြဲဖြဲ မျက်နှာ ဖြစ်သွားပါတယ် “ဟီးဟီး... မင်း ကျင့်ကြံအားထုတ်ဖို့ မမေ့နဲ့, မင်းက အမှောင်သခင်ကြီး ခြေဖျားကိုတောင် မမီသေးဘူး၊ မင်းက ကျိန်စာနတ်ဘီလူးဆိုတာကို ဘယ်သူမှယုံမှာ မဟုတ်ဘူး၊ ကိုယ့်တာအိုကိုတောင် သူများဦးဆောင်တာ ခံရတယ်လို့...”
“ငါ သိပါတယ်၊ မင်း တာအို ထပ်ဟောဦးမလို့လား”
“ဟားဟား... မဟောပါဘူး၊ ဟန်ကျွယ်ကို သတ်ဖို့ ငါမင်းကို အရင်ဆုံး ကူညီမယ်၊ အမှောင်သခင်ကြီးကိုတော့ တဖြည်းဖြည်း ရှာကြတာပေါ့၊ ပဋိပက္ခနတ်မင်းတွေကလည်း အမှောင်သခင်ကြီးကို ရှာနေကြတာ၊ မင်းမှာ သဲလွန်စရှိရင် ငါ့ကို အချိန်မရွေး သတင်းပေးချည်၊ ဒါက ကြီးကြီးမားမား အကျိုးထူးဆောင်မှုပဲ”
“နားလည်တယ်”
ခရမ်းရောင်ဝတ်ရုံနဲ့လူဟာ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။
ကျိန်စာနတ်ဘီလူးရဲ့ မျက်မှောင်တွေဟာ ပြေလျော့သွားပြီး မျက်လုံးထဲမှာ အေးစက်တဲ့ အလင်းရောင်တစ်ခု ယှက်သမ်းသွားပါတယ်။ အဲဒီနောက် ကျိန်စာနတ်ဘီလူးဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ နောက်ထပ် နှစ်တစ်သောင်းက မျက်စိတစ်မှိတ်လိုပါပဲ။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ထပ်တိုးသွားပေမဲ့ အဆင့်တက်ဖို့တော့ အများကြီး လိုနေပါသေးတယ်။ ဟန်ကျွယ်ဟာ တစ်ထိုင်တည်းနဲ့ နှစ်တစ်သန်း ဂူအောင်းချင်စိတ်တောင် ပေါက်သွားပါတယ်။ နှစ်ငါးထောင်ပဲဖြစ်ဖြစ် နှစ်တစ်သောင်းပဲဖြစ်ဖြစ် နှစ်တစ်သိန်းပဲဖြစ်ဖြစ် ဂူအောင်းကျင့်ကြံတာက အတူတူပဲ ဖြစ်တဲ့အတွက် အကုန်လုံးက ဟန်ကျွယ်အတွက်တော့ အိပ်မက်တစ်ခုလိုပါပဲ။
ဟန်ကျွယ်ဟာ သူ ဂူအောင်းကျင့်ကြံရာက ထလာချိန် ကောင်းကင်တာအို ပြိုလဲတာကို မမြင်ချင်ပါဘူး။ ဒါကြောင့်လည်း အချိန်အကြာကြီး ဂူအောင်းပြီး မကျင့်ကြံတာပါ။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သူ့အကျင့်အတိုင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မိတ်ဆွေအသိုင်းအဝိုင်းထဲက တစ်ယောက်မှာ မသေပါဘူး။ ဟန်ကျွယ်ဟာ မိတ်ဆွေတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ မိတ်ဆွေအသိုင်းအဝိုင်းထဲကို ဝင်နိုင်တာ လက်တစ်ဆုပ်စာပဲ ရှိပါတယ်။
ကောင်းကင်တာအို တိုးတက်ပြောင်းလဲလာတာကလည်း တော်တော်လေးကို အဆင်ပြေ ချောမွေ့နေပါတယ်။ နည်းနည်း မြန်တယ်လို့တောင် ပြောလို့ရပါတယ်။ နှစ်တစ်သောင်းအတွင်း တာအိုပညာရှိအသစ်နှစ်ပါး ပေါ်ထွန်းလာပါတယ်။
ဒီနောက် ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို သတိထားမိသွားပါတယ်။ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ လွတ်လပ်မှု ရောင်ဝါ ရှိနေတာပါ။
ဒီရောင်ဝါ ပိုင်ရှင်ကတော့ ကောင်းကင်အရှင်ရွှမ်တုပါ။
ကောင်းကင်အရှင်ရွှမ်တုဟာ နဂိုကတည်းက လွတ်လပ် တာအိုပညာရှိပါ။ ကောင်းကင်တာအိုကိုလာဖို့ ကျင့်ကြံမှုကို ဖိနှိပ်ထားခဲ့တာပါ။ အခု ကောင်းကင်တာအိုက သန်မာလာပြီ ဖြစ်တဲ့အတွက် ကောင်းကင်အရှင်ရွှမ်တုဟာ သူ့ရဲ့ နဂိုကျင့်ကြံမှုကို ပြန်ရသွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ဆက်ပြီးတော့ အကဲခတ်ပါတယ်။ မကြာခင်မှာ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရှာတွေ့သွားပါတယ်။
မူလလောကဦး ခေါင်းတလားနဲ့ လောကဦးပဋိပက္ခ ကမ္ပည်းတိုင်တို့ မရှိတော့တာပါ။
မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်က ပေါင်းစပ်သွားခဲ့တယ်ဆိုပေမဲ့ ခေါင်းတလားနဲ့ ကမ္ပည်းတိုင်က ငရဲပြည် အပြင်ဘက်မှာ အမြဲတမ်း ရှိနေခဲ့တာပါ။ ဒီပစ္စည်းနှစ်ခုတင် မဟုတ်ပါဘူး။ ဟွမ်ဇွမ်တျန်လည်း ကောင်းကင်တာအိုထဲမှာ ရှိမနေပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။