← Chapters

သေရမယ်ဆိုရင်တောင် နောင်တ မရဘူး

Vol. 70 Ch. 742

သေရမယ်ဆိုရင်တောင် နောင်တ မရဘူး

Vol. 70 Ch. 742

“ရှန်ပေါင်လို့ခေါ်တဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါးက ကောင်းကင်တာအို တိုးတက်ပြောင်းလဲလာတာက တခြားကမ္ဘာတွေရဲ့ အမွေအနှစ်တွေ၊ မျိုးနွယ်စုတွေနဲ့ ပဋိပက္ခထဲက မဟာတာအိုပညာရှိတွေကို ဖိနှိပ်လိမ့်မယ်လို့ ကြော်ငြာလိုက်တယ်၊ သူက ကောင်းကင်တာအိုက အန္တရာယ်ရှိတယ်ဆိုတဲ့ သီအိုရီကို တမင် ဖန်တီးလိုက်တာပဲ၊ ဒါက ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး”

“ငါတို့တွေက အဆုံးသတ် အပျက်အစီးနတ်ဘုံရဲ့ ထောက်ပံ့အားပေးမှုကို ရထားပြီဆိုပေမဲ့ ကောင်းကင်တာအိုက ပဋိပက္ခထဲမှာ ရေခဲကျွန်းမျောရဲ့ အပေါ်ယံလောက်ပဲ ရှိတာ၊ ပဋိပက္ခက အဆုံးမဲ့ပြီး အထီးတည်းပုံ ရှိတယ်၊ အမှောင်ထဲမှာ ရှေးကျတဲ့ တည်ရှိမှုတွေ ရှေးကျတဲ့ မျိုးနွယ်စုတွေ ဘယ်လောက် ရှိနေလဲဆိုတာ ဘယ်သူမှ မသိဘူး”

“ရှုံဟွာ ပေါ်လာတာက ပဋိပက္ခ ဘယ်လောက်ကြီးလဲဆိုတာ ငါတို့ကို သက်သေပြလိုက်တာပဲ၊ နောက်ပြီး ပဋိပက္ခ ကောင်းကင်လမ်းကလည်း ပိုပိုရှည်လာပြီး အကိုင်းအခက်တွေ ပိုပိုများလာတော့ ငါတို့တွေ တခြားကမ္ဘာတွေ အကြောင်းကို ပိုပိုနားလည်လာတယ်၊ သူတို့က ကောင်းကင်တာအိုနဲ့ အဆုံးသတ် အပျက်အစီးနတ်ဘုံကို မမီဘူးဆိုပေမဲ့ အနည်းဆုံး သူတို့ဆီမှာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးစီ ရှိကြတယ်”

တာအိုပညာရှိတွေဟာ မျက်မှောင်ကြုတ်သွားကြပါတယ်။ သူတို့တွေ အနားရတာ နှစ်လေးသိန်း မပြည့်သေးပါဘူး။ အခု နောက်ထပ် ဘေးအန္တရာယ်တစ်ခုက ကောင်းကင်တာအိုကို ချဉ်းကပ်လာပြန်ပါပြီ။

ဒါပေမဲ့ တာအိုပညာရှိတွေဟာ ဟန်ကျွယ်ရဲ့ တည်ငြိမ်တဲ့ အမူအရာကို ကြည့်ပြီး စိုးရိမ်စိတ်တွေ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပါတယ်။ တာအိုပညာရှိ ဖြစ်တာ မကြာသေးတဲ့ လီထိုက်ကူလည်း အတူတူပါပဲ။

‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအို ပညာရှိလို့ မပြောရဘူး... အန္တရာယ်ရှေ့မှာတောင် တည်တည်ငြိမ်ငြိမ် နေနိုင်တယ်’ လီထိုက်ကူဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

ချုံရှီလိုင်က မေးလိုက်ပါတယ် “ဒီရှန်ပေါင်တာအိုကျင့်ကြံသူက ကောင်းကင်တာအိုကလား”

ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းခါလိုက်ပါတယ် “မဟုတ်ဘူး၊ ကောင်းကင်တာအိုက မွေးဖွားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က သိပ်ရှိတာ မဟုတ်ဘူး၊ ရှိတဲ့ပုဂ္ဂိုလ် အကုန်လုံးနီးပါးကလည်း အဆုံးသတ် အပျက်အစီး နတ်ဘုံမှာ စုစည်းနေကြတာ၊ ပန်ကူးနတ်ဘုရားခေတ်မှာ နတ်ဘီလူး တော်တော်များများ သေသွားတယ်၊ ဒါပေမဲ့ နတ်ဘီလူးသုံးထောင်အပြင် တခြားတည်ရှိမှုတွေလည်း ရှိသေးတယ်၊ ကောင်းကင်တာအိုက စွမ်းအားကြီးပုဂ္ဂိုလ်တွေက အဲဒီတည်ရှိမှုတွေနဲ့ မနှိုင်းယှဉ်နိုင်ဘူး၊ နောက်ပြီး နတ်ဘီလူးသုံးထောင်က အကုန်လုံး သေသွားတာ မဟုတ်ဘူး၊ ဒီရှည်ကြာတဲ့နှစ်တွေမှာ သူတို့လည်း သူတို့လွှမ်းမိုးမှုကို ဖြန့်ကြက်နေကြတာ”

ကောင်းကင်အရှင်ဝူဖာက ဝင်ပြောပါတယ် “ဟုတ်တယ်၊ ငါ ရှန်ပေါင် တာအိုကျင့်ကြံသူကို ကြားဖူးတယ်၊ သူက ရှေးကျတဲ့ မဟာတာအို နတ်စိတ်ဝိညာဉ် တစ်ပါးပဲ၊ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကလည်း အဆင့်ခွဲပြီး တည်ရှိနေကြတာ၊ မဟာတာအို နတ်စိတ်ဝိညာဉ်အသစ်တွေက သိုသိုသိပ်သိပ် နေကြတယ်၊ ဒါပေမဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူနဲ့ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်က ရှေးကျတဲ့ တည်ရှိမှုတွေပဲ၊ သူတို့တွေက သူတို့ရဲ့ အဆင့်အတန်းနဲ့ အာဏာကို ထိန်းသိမ်းဖို့အတွက် အချိန်တစ်ခုကြာတိုင်း သွေးမုန်တိုင်းဆင်နွှဲပြီး ပဋိပက္ခကို တုန်လှုပ်စေလေ့ရှိတယ်၊ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ် သေသွားတာက မဟာတာအို နတ်စိတ်ဝိညာဉ်တွေရဲ့ ဩဇာအာဏာကို တော်တော်လေး ထိခိုက်သွားစေတယ်၊ ဒါကြောင့် ရှန်ပေါင် တာအိုကျင့်ကြံသူက ဒီအခွင့်အရေးကို အသုံးချပြီး သူ့ရဲ့ ဩဇာကို ပြန်တည်ဆောက်ချင်တာပဲ၊ ဒါက အချက်ပြလိုက်တာပဲ၊ သူက ကောင်းကင်တာအိုကို ကျိန်းသေပေါက် တိုက်ခိုက်လိမ့်မယ်”

တာအိုပညာရှိတွေဟာ မျက်မှောင် ပိုကြုတ်သွားကြပါတယ်။

စကြဝဠာခန်းမရဲ့ လေထုထည်း အနည်းငယ် ဖိအားများသွားပါတယ်။

လီထိုက်ကူက နှာခေါင်းရှုံ့လိုက်ပါတယ် “ဟွန်း... ဘာကြောက်စရာရှိလို့လဲ၊ ကျွန်တော်တို့ဆီမှာ တာအိုပညာရှိတွေ အများကြီး ရှိနေတာပဲ၊ ကောင်းကင်တာအိုကို လာတဲ့ အဲဒီ မဟာတာအို နတ်စိတ်ဝိညာဉ်ကို သတ်လိုက်ရင် ပြီးနေတာပဲ...”

တာအိုပညာရှိ ဖြစ်လာပြီးနောက် ကောင်းကင်တာအိုထဲမှာ မသေနိုင် မဖျက်ဆီးနိုင်တဲ့အတွက် လီထိုက်ကူက နည်းနည်း ဘဝင်မြင့်နေပါတယ်။ လီထိုက်ကူက မဟာတာအို နတ်စိတ်ဝိညာဉ်ကို တစ်ခါမှ မမြင်ဖူးတဲ့အပြင် လွတ်လပ် တာအိုပညာရှိနဲ့လည်း တစ်ခါမှ မတိုက်ခဲ့ဖူးဘူး မဟုတ်ပါလား။

ကောင်းကင်အရှင်ရွှမ်တုဟာ လီထိုက်ကူကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပါတယ် “မဟုတ်တာတွေ လျှောက်မပြောနဲ့၊ မဟာတာအို နတ်စိတ်ဝိညာဉ်ကို ဘယ်လိုလုပ်ပြီး အလွယ်လေး သတ်နိုင်မှာလဲ၊ ရှေးအချိန်ကစလို့ အဲဒီသေသွားတဲ့...”

ကောင်းကင်အရှင်ရွှမ်တုဟာ စကားမဆုံးခင်မှာပဲ ရပ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်က ဟန်ကျွယ် လက်ထဲမှာ သေသွားတာကို ရုတ်တရက် သတိရလိုက်လို့ပါပဲ။

ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဆက်ပြောပါ၊ အသစ်ရောက်လာတဲ့လူတွေကို မဟာတာအို နတ်စိတ်ဝိညာဉ်အကြောင်း ပြောပြတာက ကောင်းတဲ့ကိစ္စပဲ၊ ကောင်းကင်တာအို ပညာရှိတွေက ကောင်းကင်တာအိုထဲမှာပဲ ကျင့်ကြံအားထုတ်နေလို့ မရဘူး၊ အမြင်ကျယ်ဖို့လည်း လိုတယ်”

ကောင်းကင်အရှင်ရွှမ်တုဟာ ဆက်ပြောပြီး မဟာတာအို နတ်စိတ်ဝိညာဉ်နဲ့ မဟာတာအိုပညာရှိတွေရဲ့ စွမ်းအားအကြောင်းကို မိတ်ဆက်ပေးပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ ရှန်ပေါင် တာအိုကျင့်ကြံသူကို တစ်ချက်တည်း သတ်နိုင်လား”

[သက်တမ်း ၃၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မသတ်နိုင်ပါ။]

ဟန်ကျွယ်ဟာ ရင်တုန်သွားပါတယ် ‘မဖြစ်သေးဘူး...’

“ငါ သူ့ကို သတ်နိုင်လား”

[သတ်နိုင်ပါသည်။]

ဒီတစ်ကြိမ်တော့ စနစ်က ဟန်ကျွယ်ရဲ့ သက်တမ်းက နှုတ်မသွားပါဘူး။ မေးခွန်းနှစ်ခုစလုံးက ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ စွမ်းအားနဲ့ သက်ဆိုင်နေတာ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပါတယ်။ ဒါပေမဲ့ တစ်ချက်တည်း မသတ်နိုင်တဲ့အတွက် စွန့်စားမှုက ရှိနေပါသေးတယ်။

“ငါ ရှန်ပေါင် တာအိုကျင့်ကြံသူကို သတ်လိုက်ရင် ပဋိပက္ခနတ်မင်းတွေ ဒေါသထွက်နိုင်လား”

ဟန်ကျွယ် ဒီမေးခွန်းကို မေးလိုက်တာက ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ပဋိပက္ခရဲ့ အာဏာကို ထိန်းသိမ်းတယ်ဆိုပြီး ကိစ္စတွေလုပ်နေတာကြောင့်ပါ။

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[‌ဒေါသမထွက်ပါ။]

ဟန်ကျွယ် စိတ်ထဲက စိုးရိမ်မှုတွေဟာ နေလာနှင်းပျောက် ဖြစ်သွားပါတယ်။

‘စိတ်ဝင်စားဖို့တော့ ကောင်းသား... ဒီမဟာတာအို နတ်စိတ်ဝိညာဉ်တွေ အကုန်လုံးက ပဋိပက္ခနတ်မင်းတွေရဲ့ အလံအောက်မှာနေတယ်၊ ဒါပေမဲ့ ပဋိပက္ခနတ်မင်းတွေကို သူတို့ကို သောက်ဂရုတောင် မစိုက်ဘူး’

ကောင်းကင်အရှင်ဝူဖာက ပြောလိုက်ပါတယ် “တကယ်လို့ ငါတို့တွေသာ ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ကောင်းကင်တာအိုက အမြင့်ကို ထိုးတက်သွားမှာ ကျိန်းသေတယ်၊ ပဋိပက္ခမှာ မဟာတာအို နတ်စိတ်ဝိညာဉ်နှစ်ပါးကို ဆက်တိုက် ရန်စရဲတဲ့လူ ဘယ်သူရှိလို့လဲ၊ ကောင်းကင်တာအို စတုတ္ထမြောက် ကပ်ဘေးကို ရင်ဆိုင်နေရတုန်းက ပဋိပက္ခရဲ့ တခြားတစ်ဖက်မှာ ကောင်းကင်တာအိုနဲ့ ဆင်တူတဲ့ ကမ္ဘာတစ်ခု ရှိခဲ့တယ်၊ အဲဒီကမ္ဘာက စွမ်းအားကြီးလွန်းလို့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ကြောက်လန့်စေခဲ့တယ်၊ အဲဒီတုန်းက မဟာတာအို နတ်စိတ်ဝိညာဉ်တွေက ဒီလောက်ထိ စွမ်းအားမကြီးသေးဘူးဆိုပေမဲ့ အဲဒီကမ္ဘာက မဟာတာအိုနတ်စိတ်ဝိညာဉ်တွေ တိုက်ခိုက်တာကို နှစ်ကြိမ်တိုင်တိုင် ခုခံပြီး ပဋိပက္ခမှာ အခြေခိုင်သွားခဲ့တယ်”

စုချီက မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဒါဆို သူတို့က အခု ကောင်းကင်တာအိုထက် စွမ်းအားကြီးနေပြီလား”

ကောင်းကင်အရှင်ဝူဖာဟာ စုချီကို တစ်ချက်ကြည့်ပြီး လေသံအေးလေးနဲ့ ဖြေလိုက်ပါတယ် “မကြီးဘူး... တာအိုဘိုဘေးက အဲဒီကမ္ဘာကို ဖျက်ဆီးလိုက်တယ်”

တာအိုပညာရှိတွေဟာ တိတ်ဆိတ်သွားပါတယ်။

ဟန်ကျွယ်လည်း နည်းနည်း အံ့အားသင့်သွားပါတယ် ‘တာအိုဘိုးဘေးက ဒီလောက်တောင် ဗိုလ်ကျတာလား...’

ကောင်းကင်အရှင်ဝူဖာက ဆက်ပြောပါတယ် “တာအိုဘိုးဘေးက အဲဒီကမ္ဘာမှာရှိတဲ့ သက်ရှိတွေကို သတ်ရလွယ်တယ်လို့ တွေးတယ်၊ တာအိုဘိုးဘေးက အခြေခိုင်အောင် လုပ်ပြီးတာနဲ့ တခြားပဋိပက္ခ ကမ္ဘာတွေကိုလည်း မကြာခဏ သတ်ဖြတ်လေ့ရှိတယ်၊ အမှန်တရားက အတူတူပဲ၊ အဲဒီကမ္ဘာကို ဖျက်ဆီးပြီးနောက်ပိုင်း တာအိုဘိုးဘေးက မဟာတာအိုကုသိုလ်ကံကို ရသွားတယ်၊ အဲဒါကြောင့်ပဲ တာအိုပေါင်းစပ်တဲ့အဆင့်ကနေ ခုန်ထွက်ပြီး တစ်ခါတည်း မဟာတာအိုပညာရှိ ဖြစ်သွားတာပဲ၊ ဒီဒဏ္ဍာရီက အိုဟောင်းလွန်းလို့ ဖြန့်ကြက်မခံရတော့တာ၊ ငါလည်း ဒီအကြောင်းကို ရှေးကျတဲ့ စီနီယာတစ်ပါးဆီက သိခဲ့ရတာ”

တာအိုပညာရှိတွေဟာ မဟာတာအို ကုသိုလ်ကံ ရှိတယ်လို့ ကြားလိုက်ရတဲ့အခါ စိတ်လက် ပေါ့ပါးသွားကြပါတယ်။ သူတို့စိတ်ထဲမှာ တာအိုဘိုးဘေးက အကြင်နာဆုံးပါ။

“တာအိုရောင်းရင်းဟန် ဘယ်လိုထင်လဲ” ကောင်းကင်အရှင်ရွှမ်တုက ဟန်ကျွယ်ကို ကြည့်ပြီး မေးလိုက်ပါတယ်။ တခြား တာအိုပညာရှိတွေလည်း အတူတူပါပဲ။ မဟာတာအို နတ်စိတ်ဝိညာဉ်ကို ရင်ဆိုင်နိုင်တဲ့လူက ဟန်ကျွယ်တစ်ယောက်တည်း ရှိတာ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ခပ်တိုးတိုး ပြောလိုက်ပါတယ် “အမှန်အတိုင်း ပြောရရင် ငါ့မှာ ယုံကြည်ချက် သိပ်မရှိဘူး၊ ဒါပေမဲ့ ကောင်းကင်တာအို ဘေးတွေ့ရင်တောင် ငါတို့တွေ တိုက်ခိုက်ရမှာပဲ၊ ငါတို့တွေ ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ရင်တောင် အနာဂတ်မှာ ဒီထက် စွမ်းအားကြီးတဲ့ တည်ရှိမှုတွေက ကောင်းကင်တာအိုကို ခြိမ်းခြောက်လာဦးမှာပဲ၊ ငါတို့မှာ ကောင်းကင်တာအိုကို ကာကွယ်ဖို့ ဆုံးဖြတ်ချက် ပြတ်သားဖို့ လိုတယ်၊ ဒီပြတ်သားမှုကို သက်ရှိအားလုံးဆီလည်း ထုတ်လွှင့်ပေးရမယ်”

“ကောင်းကင်တာအိုအတွက် တိုက်ခိုက်တာက ငါ့ရဲ့မွေးရပ်မြေကို ကာကွယ်ဖို့ပဲ... အသက်ဆုံးမယ်ဆိုရင်တောင် နောင်တ လုံးဝ မရဘူး”

ဟန်ကျွယ်ရဲ့ မိန့်ခွန်းကို တာအိုပညာရှိတွေဟာ သဘောတူ ထောက်ခံကြပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ သက်ပြင်းချလိုက်ပါတယ် “ကောင်းကင်တာအိုအတွက် တိုက်ခိုက်မယ်၊ သေရမယ်ဆိုရင်တောင် နောင်တ မရဘူး၊ ကောင်းပြီ... ဒီစကားကို အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာဆီ ထုတ်လွှင့်ရအောင်၊ ဒါက ကောင်းကင်တာအို ကျင့်ကြံမှုလမ်းစဉ်ရဲ့ အမှန်တရားပဲ”

တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို ‌လေးစားစွာ ကြည့်လိုက်ပါတယ်။ အထူးသဖြင့် လီထိုက်ကူဟာ အရင်လိုမျိုး အေးစက်မနေတော့သလို မာနတွေလည်း မရှိတော့ပါဘူး။

ဟန်ကျွယ်ဟာ စိတ်ထဲမှာတော့ ရှက်သွားပါတယ် ‘ငါက မင်းတို့ကို အလုပ်ကြိုးစားစေချင်ရုံပဲ၊ တကယ်လို့ ကောင်းကင်တာအိုသာ တကယ် ဖျက်ဆီးခံရရင် ငါက အရင်ဆုံး ထွက်ပြေးမှာ...’

တစ်နာရီကြာတဲ့အခါမှာတော့ တာအိုပညာရှိတွေ ထွက်ခွာသွားကြပါတယ်။ သူတို့တွေဟာ ကောင်းကင်တာအို ခံစစ်တိုက်ပွဲအတွက် ပြင်ဆင်ကြတော့မှာပါ။

ဟန်ကျွယ်လည်း တာအိုဘုံကျောင်းကို ပြန်ပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်း မကျင့်ကြံဘဲ အင်မော်တယ်ကမ္ဘာကို အကဲခတ်လိုက်ပါတယ်။

ဝူတောက်ကျန့်၊ လုံဟောင်၊ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ဟန်ယွီနဲ့ တခြားလူတွေက အင်မော်တယ်ကမ္ဘာမှာ ရှိမနေတာကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခက ကျင့်ကြံသူတွေအတွက် ဘယ်လောက်ထိ ဆွဲဆောင်နိုင်လဲဆိုတာ သိသာလှပါတယ်။

ဟန်ကျွယ်ဟာ လက်ချောင်းတွေသုံးပြီး ပထမဆုံး ဝူတောက်ကျန့်ကို တွက်ချက်ကြည့်ပါတယ်။ ဝူတောက်ကျန့်က အပြင်ထွက်သွားကတည်းက ပြန်မလာတာပါ။ နောက်ပိုင်းမှာ ထူလင်းအာနဲ့ လီယောင်ရဲ့ တာဝန်လွှဲအပ်တာ ခံရပြီး မယ်တော်ဂိုဏ်းချုပ် ဖြစ်လာခဲ့ပါတယ်။ နှစ်တွေလည်း ကြာပြီ ဖြစ်တဲ့အတွက် ဝူတောက်ကျန့်က တခြားလူတစ်ယောက်လို ဖြစ်နေလောက်ပါပြီ။

“အင်း...”

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်က အပြင်းအထန် ဒဏ်ရာရပြီး လျှို့ဝှက်ဆန်းကြယ် နယ်မြေတစ်ခုမှာ ပုန်းအောင်းနေတာကို ရုတ်တရက် တွက်ချက်မိသွားပါတယ်။ ကံတရားနောက်ကို လိုက်စုံစမ်းကြည့်တဲ့အခါ လီယောင်နဲ့ မယ်တော်ဂိုဏ်းတပည့်တွေက နှစ်ရာချီကြာအောင် ထွက်ပြေးနေမှန်း သိလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ သူတို့နောက်ကို ဘယ်သူလိုက်နေလဲဆိုတာ တွက်ချက်ကြည့်လိုက်ပါတယ်။ ကျင့်ကြံမှုက သိပ်မကွာခြားရင် ဟန်ကျွယ်ဟာ ဂရုစိုက်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝူတောက်ကျန့်တို့ အခုလို ထွက်ပြေးနေရတာက တာအိုပညာရှိတစ်ပါးရဲ့ အကောက်ကြံမှုကြောင့်ပါ။ ဒီတာအိုပညာရှိက ကောင်းကင်တာအို ပညာရှိ မဟုတ်ပါဘူး။ ပဋိပက္ခက တာအိုပညာရှိတစ်ပါးပါ။

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ တွက်ချက်ကြည့်ပါတယ်။ သီးသန့် အကောင်းစား ရတနာသာ မရှိဘူးဆိုရင် ဟန်ကျွယ်ဟာ သူ့ထက်အဆင့်နိမ့်တဲ့ ကျင့်ကြံသူတွေကို စနစ်ရဲ့ အကူအညီမပါဘဲ တွက်ချက်နိုင်ပါတယ်။

ဒီပဋိပက္ခတာအိုပညာရှိက မယ်တော်ဂိုဏ်းတင် မဟုတ်ဘဲ ကောင်းကင်တာအိုရဲ့ တခြား ကံတရား အထောက်အပံ့ဂိုဏ်းတွေကိုလည်း ပစ်မှတ်ထားနေမှန်း ဟန်ကျွယ် ရှာတွေ့သွားပါတယ်။ ဒီတာအိုပညာရှိက သူ့တပည့်တွေကို အဖွဲ့လိုက် စေလွှတ်ပြီး ကောင်းကင်တာအို ကံတရား အထောက်အပံ့ဂိုဏ်းက တပည့်တွေကို လိုက်သတ်နေတာပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters