← Chapters

ဓားရူးတာအိုပညာရှိ

Vol. 70 Ch. 746

ဓားရူးတာအိုပညာရှိ

Vol. 70 Ch. 746

‘၃၀၀ ဘီလီယံတောင်ဆိုတော့ မဟာတာအိုပညာရှိချုပ်များလား...’

ဟန်ကျွယ်ဟာ တစ်ကိုယ်လုံး အားမရှိတော့သလို ခံစားလိုက်ရပေမဲ့ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။

ဟန်ကျွယ် စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပြီး ဟန်ကျွယ် မြင်ကွင်းထဲကို စာတစ်‌စောင် ရောက်လာပါတယ်။

[ဓားရူး တာအိုပညာရှိ: မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်၊ ပဋိပက္ခ နတ်ဘီလူး။ ပန်ကူးနှင့် တိုက်ပွဲကြီးတစ်ပွဲ တိုက်ခိုက်ဖူးပြီး သေလုမြောပါး ဖြစ်ခဲ့ဖူး၏။ နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ပြီးနောက် လောင်ဇီ ဖန်တီးထားသော ဓားတာအိုကို အသုံးပြုပြီး မဟာတာအိုပညာရှိချုပ် ဖြစ်လာခဲ့၏။ ရှေးဟောင်း နတ်မင်းတစ်ပါးအား စိန်ခေါ်တိုက်ခိုက်ခဲ့သဖြင့် ပြင်းထန်စွာ ဒဏ်ရာရပြီး ကျင့်ကြံမှု‌ လျှော့ချခဲ့၏။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘အရင်က မဟာတာအိုပညာရှိချုပ် ဖြစ်ခဲ့ဖူးတာပဲ...’

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ ဓားရူး တာအိုပညာရှိကို တစ်ချက်တည်း သတ်နိုင်လား”

[သက်တမ်း ၃၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘ငါက ရှန်ပေါင် တာအိုကျင့်ကြံသူကိုတောင် တစ်ချက်တည်း မသတ်နိုင်ဘဲနဲ့ တစ်ချိန်က မဟာတာအိုပညာရှိချုပ် ဖြစ်ခဲ့ဖူးတဲ့ ဓားရူးတာအိုပညာရှိကို ဘယ်လိုလုပ်ပြီး တစ်ချက်တည်း သတ်နိုင်မှာလဲ... ဒါ ငါ့သက်တမ်းကို ဖြုန်းတီးတာပဲ’

ဒီလိုတွေးမိတဲ့ ဟန်ကျွယ်ဟာ ချက်ချင်း မေးခွန်း ပြောင်းလိုက်ပါတယ် “ငါ ဓားရူးတာအိုပညာရှိကို သတ်နိုင်လား”

[သက်တမ်း ၃၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ဖြစ်နိုင်ခြေ ရှိသည်။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဖြစ်နိုင်ခြေပဲ ရှိတာလား... ဒါဆို ငါ အသတ်ခံရနိုင်တဲ့ ဖြစ်နိုင်ခြေလည်း ရှိနေတာပဲ’

ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ထွက်ပြေးချင်စိတ် ပေါက်သွားပါတယ်။ အခုအချိန်မှာ ကောင်းကင်တာအို စွမ်းအားက ချိုးဖျက်ခံလိုက်ရပြီ ဖြစ်တဲ့အတွက် အရင်လိုမျိုး ထီးတစ်ချောင်းလို အကာအကွယ် မပေးနိုင်တော့ပါဘူး။

‘နေပါဦး... မဟာတာအိုက ကောင်းကင်တာအိုကို ချိုးဖျက်နိုင်တယ်ဆိုရင် ကောင်းကင်တာအိုက ဒီနေ့အတိုင်း ရှင်သန်နိုင်ပါ့မလား... ဒါမှမဟုတ် မဟာတာအို အရေအတွက်က နည်းနေလို့လား...’

ဟန်ကျွယ်ဟာ ဝေခွဲမရ ဖြစ်သွားပါတယ်။

မှောင်မိုက်တဲ့ နယ်မြေမှာ ရုပ်သွင်နှစ်ခု ရင်ပေါင်တန်း ရပ်နေကြပါတယ်။ သူတို့ရှေ့မှာတော့ အလင်းတွင်းကြီးတစ်တွင်း ရှိနေပါတယ်။ ဒီအလင်းတွင်းကြီးက ကောင်းကင်တာအိုရဲ့ ချုံ့ထားတဲ့ ပုံရိပ်ပါ။ သူတို့နှစ်ယောက်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူ ဦးဆောင်တဲ့ စစ်တပ်ကြီးက ကောင်းကင်တာအိုနဲ့ တဖြည်းဖြည်း နီးကပ်လာတာကို မြင်တွေ့နေရပါတယ်။ ကျိန်စာနတ်ဘီလူးဟာ ရင်တဒိတ်ဒိတ် ခုန်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဘေးနားမှာ ရပ်နေတဲ့လူက စွမ်းအားကြီးလွန်းလို့ပါ။

ဒီလူက ဓားရူးတာအိုပညာရှိပါ။

ဓားရူးတာအိုပညာရှိဟာ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး လည်ပင်းအထက်မှာ အရိုးတွေ ရှိနေပါတယ်။ မျက်နှာမှာလည်း အသားတွေ တစ်စက်မှ မရှိပါဘူး။ ဒါပေမဲ့ မျက်လုံးတစ်စုံနဲ့ မီးလျှံလို လူးလွန့်နေတဲ့ အနက်ရောင် ဆံပင်တွေတော့ ရှိပါတယ်။

သူ့နောက်မှာတော့ ဓားရှည်တွေဟာ ယပ်တောင်ပုံစံ စုစည်းပြီး ပေါလော မျောနေပါတယ်။ ဒီဓားရှည်တွေက ဓားရူးတာအိုပညာရှိကို စက်ဝန်းပုံစံ အဆက်မပြတ် လှည့်ပတ်နေတာကြောင့် တလက်လက် တောက်နေတဲ့ ဓားပန်းတွေလိုပါပဲ။

ဓားရူးတာအိုပညာရှိက ပြောလိုက်ပါတယ် “မဟာဟင်းလင်းပြင်ဝိညာဉ်ကိုး... ငါက သူ သေသွားပြီ ထင်နေတာ၊ သူက ကောင်းကင်တာအိုရဲ့ နောက်ခံလား”

‘မဟာဟင်းလင်းပြင်ဝိညာဉ်...’ ကျိန်စာနတ်ဘီလူးဟာ နားမလည်နိုင်ဖြစ်သွားပြီး မနေနိုင်ဘဲ မေးလိုက်ပါတယ် “စီနီယာ... လူမှားနေတာလား၊ ဟန်ကျွယ်က အသက် ၄၀၀,၀၀၀ ကျော်ရုံလေးပဲ ရှိသေးတာ၊ သူ့မှာ ‌ထောက်လှမ်းတာနဲ့ ကံတရားကို တားဆီးနိုင်တဲ့ အထူး တာအိုစက်ကွင်းတစ်ခု ရှိတယ်၊ အဲဒါကြောင့် စီနီယာ သူ့ကို တန်းမြင်နိုင်မှာ မဟုတ်ဘူး”

ဓားရူးတာအိုပညာရှိရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့ အငွေ့အသက်တွေ ယှက်သမ်းသွားပါတယ် “အို... သူက နှစ် ၄၀၀,၀၀၀ တည်းနဲ့ မဟာတာအိုပညာရှိ ဖြစ်လာတာလား၊ ဒါဆို ဒီကလေးက တာအိုပညာရှိချုပ် ဝင်စားတာ ဖြစ်ရမယ်”

‘တာအိုပညာရှိချုပ်...’ ကျိန်စာနတ်ဘီလူးဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ကျိန်စာနတ်ဘီလူးဟာ မဟာတာအိုပညာရှိက ဘယ်လို တည်ရှိမှုလဲဆိုတာကို နားမလည်သေးပါဘူး။ ကျိန်စာနတ်ဘီလူးရဲ့ အမြင်မှာ မဟာတာအိုပညာရှိက ပဋိပက္ခရဲ့ မျက်နှာကြက် ဖြစ်နေပါပြီ။ ဒါကြောင့် ဘယ်ဘက်က အနိုင်ရမလဲဆိုတာ မဟာတာအိုပညာရှိ အရေအတွက်ပုံ မူတည်နေပါတယ်။

ဒီကို မလာခင်တုန်းက ကျိန်စာနတ်ဘီလူးဟာ ရှန်ပေါင် တာအိုကျင့်ကြံသူက အလျင်စလို လုပ်ရှားမှာကို စိုးရိမ်ခဲ့ရပါသေးတယ်။ ဒါကြောင့် ဟန်ကျွယ်က သူ့ကို တစ်ဆုံး ပစ်မှတ်ထားလိမ့်မယ်လို့ အကြောင်းရှာပြီး အရင်ဆုံး ပုန်းနေတာပါ။ နောက်ဆုံးမှာတော့ ရှန်ပေါင် တာအိုကျင့်ကြံသူက သူ့ကို ဒီမှာနေခိုင်းပြီး ဓားရူးတာအိုပညာရှိကို စောင့်ခိုင်းပါတယ်။

ဒီတော့မှာ ကျိန်စာနတ်ဘီလူးဟာ ရှန်ပေါင်တာအိုကျင့်ကြံသူက မောက်မာတယ်လို့ ထင်ရပေမဲ့ အရန်အစီအစဉ် ပြင်ဆင်ပြီးပြီဆိုတာကို သိလိုက်ရပါတယ်။

ကျိန်စာနတ်ဘီလူးဟာ ဓားရူးတာအိုပညာရှိကို ဘယ်တုန်းကမှ မကြားဖူးပါဘူး။ ဒါပေမဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူထက် စွမ်းအားကြီးတာကိုတော့ ကျိန်စာနတ်ဘီလူး အာရုံခံနိုင်ပါတယ်။

“ဟန်ကျွယ်ရဲ့ နောက်ခံက တကယ်ကို လျှို့ဝှက်ဆန်းကြယ်တာ၊ အခုထိ ဘယ်သူမှ မခန့်မှန်းနိုင်သေးဘူး၊ တာအိုဘိုးဘေးပဲ ဟန်ကျွယ်က မသိကိန်းလို့ ပြောဖူးတယ်” ကျိန်စာနတ်ဘီလူးက ဂရုတစိုက် ပြောလိုက်ပါတယ်။

ဓားရူးတာအိုပညာရှိဟာ လှောင်ရယ်လိုက်ပါတယ် “တာအိုဘိုးဘေးစကားကို ယုံလို့ရလို့လား၊ ဘာ မသိကိန်းလဲ၊ တာအိုဘိုးဘေးက သူ့ကိုယ်သူ မဟာတာအို ကယ်တင်ရှင်လို့တောင် ခေါ်ခဲ့တာ”

ကျိန်စာနတ်ဘီလူးဟာ တာအိုဘိုးဘေး အကြောင်းကို နားမလည်တဲ့အတွက် ဘာပြန်ပြောရမှန်း မသိဖြစ်သွားပါတယ်။ ဘာပြန်ပြောရမှန်း မသိတဲ့အတွက် ဆိတ်ဆိတ်ပဲ နေလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ကောင်းကင်တာအိုနား ရောက်သွားပါတယ်။ သူ့အသံဟာ ကောင်းကင်တာအိုတစ်ခုလုံးကို ပဲ့တင်ထပ်သွားပါတယ်။

“ငါက မဟာတာအို နတ်စိတ်ဝိညာဉ်ပဲ၊ ကောင်းကင်တာအိုပညာရှိတွေက ပဋိပက္ခ စည်းမျဉ်းတွေကို မနာခံတဲ့အပြင် သူတို့ထက်အကြီး မဟာတာအို နတ်စိတ်ဝိညာဉ်ကို သတ်ပစ်လိုက်တယ်၊ ဒါကြောင့် ဒီနေ့ကစပြီး ကောင်းကင်တာအိုပညာရှိအကုန်လုံး အသတ်ခံရမယ်၊ ကောင်းကင်တာအိုကို ဟန့်မျိုးနွယ်စုက ထိန်းချုပ်လိမ့်မယ်၊ အနာဂတ်မှာ မင်းတို့တွေ အပြစ်ကြွေးကို ကျေအောင် ဆပ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်”

ဒီစကားကို ကြားလိုက်ရတဲ့ ကောင်းကင်တာအို သက်ရှိအကုန်လုံးဟာ ပေါက်ကွဲထွက်ကုန်ပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ စကားကလည်း တကယ်ကို မောက်မာလွန်းပါတယ်။ တိုက်ပွဲရလဒ်ကို တိုက်တောင် မတိုက်ရသေးဘဲ တစ်ခါတည်း ကြော်ငြာလိုက်ပါတယ်။

“မောက်မာလိုက်တာ”

“တာအိုပညာရှိတွေက စည်းကမ်း မလိုက်နာဘူး...”

“ခွေးမသားတွေ... ဘာဟန့်မျိုးနွယ်စုလဲ၊ နောက်ထပ် မီးလျှံမျိုးနွယ်စုပဲ”

“မဟာတာအို နတ်စိတ်ဝိညာဉ်ကို သတ်နိုင်လောက်တဲ့အထိ ဘယ်သူက စွမ်းအားကြီးလဲဆိုတာကို ငါ သိချင်လိုက်တာ”

“ဘယ်သူ ဖြစ်နိုင်မှာလဲ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပဲ”

“ဒီကောင် ငါတို့ကို လာတိုက်တာကလည်း ကောင်းကင်တာအိုရဲ့ ရည်မှန်းချက်ကို ခံစားမိလို့ ဖြစ်မယ်”

“ငါ ထပ်ပြီးတော့ သည်းမခံနိုင်တော့ဘူး၊ သွားကြရအောင်... ပဋိပက္ခကိုသွားပြီး ရန်သူကို သတ်ကြမယ်၊ အဲဒီဟန့်မျိုးနွယ်စုနဲ့ ငရဲကို အတူတူသွားမယ်၊ အဲဒီကောင်တွေ ကောင်းကင်တာအိုကို တွေးတောင် မတွေးရဲတဲ့အထိ ငါ သူတို့ကို သတ်ပစ်ချင်တယ်”

မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ ကောင်းကင်တာအို အပြင်ကို ရောက်သွားပြီး အမှောင်တားမြစ်နယ်မြေထဲက ပျံသန်းလာတဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူကို ကြည့်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပါတယ်။

အင်္ကျီလက်စထဲက မဟာဟင်းလင်းပြင်ရဲ့ ဝိညာဉ်ဟာ မဆိုစလောက် တုန်ယင်သွားပါတယ်။ တကယ်တမ်း ပြောရရင် မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ ကြောက်တတ်ပါတယ်။ ဒါကြောင့် ကောင်းကင်ရုံးတော်နဲ့ တိုက်ပွဲမှာ ရှုံဟွာ ၁၃ ပါးနောက် ပုန်းပြီး အမှောင်နယ်မြေကို တိတ်တဆိတ် အသုံးပြုတာပါ။ သူဟာ သေမှာကို တော်တော် ကြောက်ပါတယ်။

ဟန်ကျွယ် ဖိနှိပ်တာကို ခံခဲ့ရတဲ့အချိန်တွေက အခုအချိန်အထိ မဟာဟင်းလင်းပြင်ဝိညာဉ်အတွက် အိပ်မက်ဆိုး ဖြစ်နေတုန်းပါ။ ဒါပေမဲ့ သူ ဟန်ကျွယ် စကားကို နားမထောင်လို့ မရပါဘူး။

“သေစမ်း... ငါ ဘာဖြစ်လို့ ဒီလောက်တောင် ဒီလောက်တောင် လိမ္မာနေရတာလဲ၊ အရင်တုန်းက ငါ ဒီလိုမျိုး မဟုတ်ပါဘူး”

မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ကို တွေးမိသွားပြီး အလိုလို လေးစားသွားတာကြောင့် ပုန်ကန်တဲ့အတွေးတွေ ပေါ်မလာတော့ပါဘူး။

ရှန်ပေါင် တာအိုကျင့်ကြံသူ လက်ဝှေ့ယမ်းလိုက်တဲ့အခါ သစ်ရွက်ဝါတစ်သောင်းဟာ လျှပ်တစ်ပြက် ပျောက်ကွယ်သွားပါတယ်။ သစ်ရွက်ဝါတွေ ပြန်ပေါ်လာတဲ့အခါမှာတော့ ကောင်းကင်တာအိုကို ဝန်းရံပြီးသား ဖြစ်သွားပါတယ်။ ဟန့်မျိုးနွယ်စုဟာ အင်မော်တယ်ကမ္ဘာကို အရပ်ဆယ်မျက်နှာကနေ တိုက်ခိုက်ဖို့ ပြင်ဆင်ပါတယ်။

ရှန်ပေါင် တာအိုကျင့်ကြံသူ ပခုံးပေါ်က ဟန့်ဖေးဟာ မဟာဟင်းလင်းပြင်ဝိညာဉ်ဆီ ချက်ချင်း ပျံသန်းသွားပြီး ပြုံးပြလိုက်ပါတယ် “ရှင်က ဟန်ကျွယ်လား”

မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး စကားတစ်လုံး တစ်ပါဒမှ ပြန်မပြောပါဘူး။

ရှန်ပေါင် တာအိုကျင့်ကြံသူက ပြောလိုက်ပါတယ် “သူ မဟုတ်ဘူး၊ သူ့ကိုသတ်လိုက်ရင် ဟန်ကျွယ် ထွက်လာလိမ့်မယ်”

ဟန့်ဖေးဟာ သူမပါးစပ်ကိုကာပြီး တခစ်ခစ် ရယ်မောလိုက်ပါတယ်။ ရုတ်တရက်ဆိုသလို ဟန့်ဖေးဟာ အနက်ရောင်မြူခိုးတွေ အသွင် ပြောင်းလဲသွားပြီး ကောင်းကင်တာအိုထက် လေးငါးဆ ကြီးမားတဲ့ ဧရာမမျက်နှာကြီးတစ်ခု ဖြစ်သွားပါတယ်။ အဲဒီနောက် မဟာဟင်းလင်းပြင်ဝိညာဉ်ကို ငုံံ့ကြည့်လိုက်ပါတယ်။

ကောင်းကင်တာအိုက အလွန်ကြီးမားပါတယ်။ သေမျိုးကမ္ဘာတိုင်းက စကြဝဠာတစ်ခုပါ။ ဒီလိုသေမျိုးကမ္ဘာမျိုး သောင်းချီ ဆက်သွယ်ထားတာက ဘယ်လောက်ကြီးမားလဲဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ အင်မော်တယ်ကမ္ဘာနဲ့ ကောင်းကင်ဘုံ ၃၃ ဘုံကိုတော့ ထည့်ပြောမနေပါနဲ့။

ဒီလိုအခြေအနေမှာတောင် ကောင်းကင်တာအိုက အသွင်ပြောင်းထားတဲ့ ဟန့်ဖေးရှေ့မှာ သေးငယ်တယ်လို့ ထင်နေရပါတယ်။

မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ သက်ပြင်းချလိုက်ပါတယ်။ မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ အမှောင်ထုနယ်မြေကို သုံးချင်ပါတယ်။ ဒါပေမဲ့ ဒီဆန်းကြယ်စွမ်းအားကို သုံးဖို့ဆိုရင် သူက တစ်ဖက်လူထက် စွမ်းအားပိုကြီးရပါမယ်။ စွမ်းအားပိုမကြီးဘူး ဆိုရင်လည်း သူ့ဘက်မှာ တစ်ဖက်လူထက် လူပိုများနေရပါမယ်။ ဒါမှ ဝိုင်းတိုက်နိုင်မှာပါ။

ဒါပေမဲ့ အခုတော့ သူတစ်ယောက်တည်းပါ။

မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူနဲ့ ဟန့်ဖေးကို စိန်ခေါ်တိုက်ခိုက်ဖို့ဆိုတာ အရမ်းကို ခက်ခဲတယ်လို့ ခံစားလိုက်ရပါတယ်။

မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ သူ့အစွမ်းအစကို သူ သိပါတယ်။ သူ့ကျင့်ကြံမှုက မဟာတာအို လောကဦးပဋိပက္ခ နောက်ဆုံးအဆင့်ကို ရောက်နေပေမဲ့ သူ့တိုက်ရည်ခိုက်ရည်က တချို့ မဟာတာအိုပညာရှိ အလယ်အဆင့်တွေကိုတောင် မမီပါဘူး။

ဒီအချိန်မှာပဲ မဟာဟင်းလင်းပြင်ဝိညာဉ်ဘေးမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။

ဟန်ကျွယ်ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။

ဟန်ကျွယ်ရဲ့ မျက်နှာဟာ အေးစက်နေပြီး မဟာဟင်းလင်းပြင်ဝိညာဉ်ကို သူ့နောက် အသာပို့လိုက်ပါတယ် “တော်တော် အသုံးမကျတာပဲ၊ သုံးစားလို့ကို မရဘူး”

ဟန်ကျွယ်ရဲ့ ဆဲဆိုတာကို ခံရတာပေမဲ့ မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ စိတ်ဆိုးခြင်းအလျဉ်းမရှိဘဲ စိတ်သက်သာရာ ရသွားပါတယ်။

ဟန်ကျွယ်ဟာ မဟာဟင်းလင်းပြင်ဝိညာဉ်ကို အမှောင်နယ်မြေ ဆန်းကြယ်စွမ်းအား အသုံးပြုပြီး ရှန်ပေါင်တာအိုကျင့်ကြံသူနဲ့ ဟန့်ဖေးကို ပုံရိပ်ယောင်ထဲ ဆွဲထည့်စေချင်တာပါ။ ဒီလိုဆိုရင် မလှုပ်ရှားနိုင်တဲ့ ရှန်ပေါင်နဲ့ ဟန့်ဖေးကို ဟန်ကျွယ်က အသာလေး ရှင်းပစ်လို့ရပါပြီ။ ဒါပေမဲ့ ဒီကိစ္စက မဟာဟင်းလင်းပြင်ဝိညာဉ်အတွက်တော့ တော်တော်လေး စွန့်စားရာကျပါလိမ့်မယ်။

ဟန့်ဖေးဟာ ဟန်ကျွယ်ကို ငုံ့ကြည့်ပြီး စနောက်လိုက်ပါတယ် “ချောလိုက်တာ... သတ်ပစ်ဖို့တောင် နှမြောတယ်၊ ရှင် ဒူးထောက်ပြီး တောင်းပန်ရင်...”

ဟန်ကျွယ်ဟာ ရုတ်တရက် လက်ဝါးမြှောက်ပြီး ရိုက်ထုတ်လိုက်ပါတယ်။

လောကဦးနတ်ဒေါသ။

ဟန်ကျွယ်ဟာ နတ်ဘီလူးတစ်ရာကျော်ရဲ့ စွမ်းအားတွေကို တာအိုစက်ကွင်းထဲမှာက စုစည်းထားခဲ့တာပါ။ လက်ဝါးတစ်ချက်တည်းနဲ့ အမှောင်တားမြစ်နယ်မြေဟာ လှုပ်ခါသွားပါတယ်။ အနီးအနားမှာရှိတဲ့ အမှောင်အာကာသဟာလည်း ကွဲကြေသွားပြီး လောကဦး ဟင်းလင်းပြင် ပေါ်လာပါတယ်။

ဟန့်ဖေးဟာ အချိန်မီ မရှောင်နိုင်တာကြောင့် ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားထိမှန်ပြီး လေထုထဲ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters