← Chapters

ကန့်သတ်မခံရသူ

Vol. 70 Ch. 749

ကန့်သတ်မခံရသူ

Vol. 70 Ch. 749

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ ကြောက်လန့်သွားတာကို မသိပါဘူး။ သိရင်လည်း ဂရုစိုက်မှာ မဟုတ်ပါဘူး။ တိုက်ပွဲက စခဲ့ပြီးပြီမလို့ ဆုတ်လမ်း မရှိပါဘူး။

ဓားရူးတာအိုပညာရှိက ကောင်းကင်တာအိုကို လာကျူးကျော်တာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ဘာစိတ်ဖိအားမှ မခံစားရပါဘူး။ နတ်ဘီလူးဓမ္မရုပ်တုတွေဟာ ဟန်ကျွယ် ခေါင်းထက်မှာ ဆက်တိုက်ပေါ်လာပြီး ဟန်ကျွယ် ခန္ဓာကိုယ်ထဲကို လျင်မြန်စွာ တိုးဝင်ပါတယ်။

ဓားရူးတာအိုပညာရှိဟာ ဓားနှစ်ချောင်းကို ထုတ်ယူလိုက်ပြီး တင်ပလ္လင်ခွေ ထိုင်ကာ လည်ပတ်နေတဲ့ ဓားချီနှစ်ခုကို ဖန်တီးလိုက်ပါတယ်။ ဓားချီနှစ်ခုဟာ ဟန်ကျွယ်ဆီ တစ်ဟုန်ထိုး ပျံသန်းသွားပါတယ်။

ဟန်ကျွယ်ဟာ ဒီဓားချီနှစ်ခုကို အသာပဲ ရှောင်တိမ်းလိုက်ပါတယ်။ ဒါပေမဲ့ ဓားချီနှစ်ခုဟာ ပြန်လှည့်လာပြီး ဟန်ကျွယ်ကို ထပ်မံ တိုက်ခိုက်ပါတယ်။ လေးငါးဆယ်ကြိမ် ရှောင်တိမ်းပြီးတဲ့နောက်မှာတော့ ဓားချီနှစ်ခုဟာ ဟန်ကျွယ်ပတ်လည်မှာ စက်ဝိုင်းလေးငါးဆယ်ခု ဖြစ်ပေါ်စေပါတယ်။

“ဘယ်လောက်တောင် စိတ်ကူးကောင်းလိုက်လဲ”

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိကို ရုတ်တရက် ကြည့်လိုက်ပါတယ်။

အာကာသဟာ ပြင်းထန်စွာ ရှုံ့တွသွားပါတယ်။

ဓားရူးတာအိုပညာရှိရဲ့ မျက်ဆံတွေဟာ တင်းကျပ်သွားပါတယ် “အာကာသ မဟာတာအို... တကယ်ပဲ ဆင်တူရုံလား...”

ဓားရူးတာအိုပညာရှိဟာ နေရာကနေ တစ်ခါတည်း ပျောက်ကွယ်သွားပြီး ကိုယ်ပွားတွေ မရေမတွက်နိုင်အောင် ခွဲထုတ်ကာ လောကဦး ဟင်းလင်းပြင်ကို လွှမ်းခြုံလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပြန်ပေါ်လာပြီး နေရာ ထပ်ရွှေ့ပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ အာကာသ နတ်ဘီလူးရဲ့ စွမ်းအားကို အသုံးမပြုတော့ပါဘူး။ ဖြတ်သန်းနတ်ဘီလူးရဲ့ စွမ်းအားကိုပဲ အသုံးပြုပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ထုတ်ဖော် နတ်ဘီလူးရဲ့ စွမ်းအားကို အသုံးပြုပြီး ဓားရူးတာအိုပညာရှိရဲ့ ခန္ဓာစစ်ကို ရှာဖွေကာ ဓားရူးတာအိုပညာရှိရဲ့ နောက်ကို သွားပါတယ်။

ဓားရူးတာအိုပညာရှိဟာ ဟန်ကျွယ် ဘယ်လို တုံ့ပြန်မလဲဆိုတာကို မြင်ချင်တဲ့အတွက် ဟန်ကျွယ်ကို စနောက်နေပါတယ်။ ဓားရူးတာအိုပညာရှိဟာ ဒီအကွက်ကို တော်တော်လေး ယုံကြည်ချက် ရှိပါတယ်။ ရှေး‌ဟောင်း နတ်ဘုရားကို ရင်ဆိုင်ရရင်တောင် ဒီအကွက်သုံးပြီး အချိန်အတိုင်းအတာ တစ်ခုအထိ အချိန်ဆွဲထားလို့ ရပါတယ်။

ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိတာကြောင့် ဓားရူးတာအိုပညာရှိဟာ နောက်လှည့်ကြည့်လိုက်ပါတယ်။

“နောက်ကျသွားပြီ”

ဓားရူးတာအိုပညာရှိဟာ ဟန်ကျွယ်ရဲ့အသံကို ရှင်းရှင်းလင်းလင်းကြီး ကြားလိုက်ရပါတယ်။ အဲဒီနောက် သူ ဘယ်လက်ဝါးရိုက်ချက် မိသွားတာက မျက်စိထောင့်စွန်းကနေပဲ ဓားရူးတာအိုပညာရှိ မြင်တွေ့လိုက်ရပါတယ်။

လောကဦးနတ်ဒေါသ။

ဒီတစ်ခါ လောကဦးနတ်ဒေါသက နတ်ဘီလူးဓမ္မရုပ်တု လေးရာရဲ့ စွမ်းအားတွေကို ပေါင်းစပ်ထားတာမလို့ စောစောတုန်းက အသုံးပြုခဲ့တဲ့ လောကဦးနတ်ဒေါသတွေထက် အစွမ်းပိုထက်ပါတယ်။

ဓားရူးတာအိုပညာရှိရဲ့ ခန္ဓာစစ်ဟာ ဟန်ကျွယ်ရဲ့ ကြီးမားလှတဲ့ ဓမ္မစွမ်းအားအောက်မှာ ရုတ်ခြည်း ဖျက်ဆီးခံရပြီး ကိုယ်ပွားဘီလီယံချီလည်း ချက်ချင်း အခိုးအငွေ့ ဖြစ်သွားပါတယ်။

ချက်ချင်းဆိုသလို ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တုတွေကို ထပ်ခဲပြီး ဓမ္မရုပ်တုပေါင်းစပ်တဲ့ ပညာရပ်ကို ဆက်သုံးပါတယ်။

မဟာတာအိုပညာရှိတွေမှာ ဓမ္မစွမ်းအားက အဆုံးမရှိပါဘူး။ ဟန်ကျွယ်တင် မဟုတ်ပါဘူး။ ဓားရူး တာအိုပညာရှိလည်း အတူတူပါပဲ။ ဒါကြောင့် ရန်သူကို သတ်ဖို့ဆိုရင် ဆန်းကြယ်စွမ်းအားရဲ့ သိမ်မွေ့နက်နဲမှုနဲ့ ဓမ္မစွမ်းအားရဲ့ ခွန်အားပေါ် မူတည်ပါတယ်။

လောကဦးနတ်ဒေါသရဲ့ စွမ်းအား လွင့်ပါးသွားတဲ့အခါ ဓားရူးတာအိုပညာရှိဟာ အဝေးတစ်နေရာမှာ ပေါ်လာပါတယ်။ ဝိညာဉ်ပဲ ကျန်တော့တာမလို့ ချက်ချင်း နဂိုအတိုင်းပြန်ဖြစ်ဖို့က ခက်သွားပါပြီ။

ဓားရူးတာအိုပညာရှိဟာ ဟန်ကျွယ်ကို ကြောက်လန့်တကြား ကြည့်လိုက်ပါတယ်။

‘မင်း ဒဏ်ရာရနေတုန်း ငါ မင်းအသက်ကို ယူမယ်’ ဟန်ကျွယ်ကို ရှေ့ကို ဆက်တက်ပါတယ်။ အချိန်စွမ်းအားက ဟန်ကျွယ်ရဲ့ နတ်ဘီလူးစွမ်းအား ပေါင်းစပ်တဲ့ ဖြစ်စဉ်ကို လျင်မြန်သွားစေပါတယ်။ ဟန်ကျွယ် ဓားရူးတာအိုပညာရှိရှေ့ကို ရောက်တဲ့အခါ နတ်ဘီလူးစွမ်းအား ဒါဇင်ကျော်ကို ပေါင်းစပ်ပြီးပါပြီ။

ဟန်ကျွယ်ဟာ ဘယ်လက်ဝါးကို ရိုက်ထုတ်လိုက်ပါတယ်။

ဓားရူးတာအိုပညာရှိဟာ ချုပ်နှောင်နတ်ဘီလူးနဲ့ အာကာသနတ်ဘီလူးရဲ့ စွမ်းအားကြောင့် လုံးဝကို မလှုပ်ရှားနိုင်ပါဘူး။

“ဝုန်း...”

ဟန်ကျွယ်ရဲ့ လက်ဝါးဟာ ဓားရူးတာအိုပညာရှိကို ထိမှန်ပြီး ဓမ္မစွမ်းအားက လောကဦး ဟင်းလင်းပြင်ဆီ ဖြတ်သန်းသွားပါတယ်။

ဓားရူးတာအိုပညာရှိရဲ့ ဝိညာဉ်ဟာ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိရဲ့ ရောင်ဝါကို အာရုံမခံမိတော့တာကြောင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပေမဲ့ ဓားရူးတာအိုပညာရှိကို မတွေ့ရတော့ပါဘူး။

‘ဒီကောင် သေသွားပြီလား...’

ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[ဓားရူးတာအိုပညာရှိသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီကောင်က လက်ထဲမှာ ဖဲချပ်တွေ ရှိနေသေးတာလား... ဒါကြောင့်မလို့ လုံးဝ မသေသေးတာ ဖြစ်ရမယ်’

ဒါကလည်း အဓိပ္ပာယ် မရှိတာတော့ မဟုတ်ပါဘူး။ ဓားရူးတာအိုပညာရှိက မဟာတာအိုပညာရှိချုပ် ဖြစ်ခဲ့ဖူးသူပါ။ အတိတ်မှာ ခံစားခဲ့ရတာကို သင်ခန်းစာယူပြီး ကျိန်းသေပေါက် ကိုယ့်စိတ် ကိုယ်ပြန်ထိန်းမှာပါ။

ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ချက်ချင်း ပြန်ခုန်ဝင်လိုက်ပါတယ်။

ဟန့်ဖေးဟာ အေးခဲနေပြီး မလှုပ်ရှားနိုင်ပါဘူး။

ဟန်ကျွယ် ပြန်ပေါ်လာတာကို တွေ့လိုက်ရတဲ့အခါ ဟန့်ဖေးဟာ တုန်လှုပ်ချောက်ချားသွားပါတယ်။

ဟန်ကျွယ် ဘယ်သွားလဲဆိုတာကို ဟန့်ဖေး မသိပါဘူး။ ဒါပေမဲ့ ခဏလေးနဲ့ ပြီးသွားတဲ့အတွက် တစ်ဖက်လူက ဟန်ကျွယ်ကို မခြိမ်းခြောက်နိုင်ဘူးဆိုတာ သိသာလှပါတယ်။

“ကျွန်မကို ချမ်းသားပေးပါ၊ ကျွန်မ မှားမှန်း သိပါပြီ၊ ကျွန်မ ရှင့်ရဲ့ ကျေးကျွန် လုပ်ပေးပါ့မယ်၊ ကျွန်မ...”

ဟန့်ဖေးဟာ သူမအသက်ကို ချမ်းသာပေးဖို့ ဗလုံးဗထွေး တောင်းပန်ပါတော့တယ်။ ကြည့်ရတာ ဟန့်ဖေးက ဒီခန္ဓာကိုယ်သေရင် တကယ်သေသွားမယ် ထင်ပါတယ်။

[ဟန့်ဖေးသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။ စနစ်ကြောင့်သာ မဟုတ်ရင် ဟန်ကျွယ်ဟာ ဟန့်ဖေးရဲ့ စိတ်ခံစားချက် ပြောင်းလဲသွားတာကို သတိထားမိမှာ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်က အဆင့်တူတယ် မဟုတ်ပါလား။

‘နှမြောဖို့ကောင်းလိုက်တာ... မင်းက မရိုးသားဘူး’

ဟန်ကျွယ်ဟာ နတ်ဘီလူးတွေရဲ့ စွမ်းအားကို ထပ်ပေါင်းစပ်လိုက်ပါတယ်။ ဟန်ကျွယ်ခေါင်းထက်မှာ ပေါ်လာပြီး ပျောက်ကွယ်သွားတဲ့ နတ်ဘီလူးဓမ္မရုပ်တုတွေကို ကြည့်ပြီး ဟန့်ဖေးဟာ မျှော်လင့်ချက် ကင်းမဲ့လာကာ ချမ်းသာပေးဖို့ အလူးအလဲ တောင်းပန်ပါတော့တယ်။

ဟန်ကျွယ်က ခံစားချက် ကင်းမဲ့တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “တခြား အခြေအနေမှာဆိုရင် ငါ မင်းကို ချမ်းသာပေးမိမှာပဲ၊ ဒါပေမဲ့ မင်းက ကောင်းကင်တာအိုကို ကျူးကျော်ခဲ့တယ်၊ ပဋိပက္ခကို သတိပေးဖို့အတွက် ငါ မင်းကို ဖျက်ဆီးရလိမ့်မယ်... ဟန့်မျိုးနွယ်စုလည်း မင်းနဲ့အတူ သေဆုံးရလိမ့်မယ်”

စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ သူ့လက်ဝါးကို ရိုက်ထုတ်လိုက်ပါတယ်။ နတ်ဘီလူးဒါဇင်ကျော် ပေါင်းစပ်ထားတဲ့ လောကဦးနတ်ဒေါသဟာ ဟန့်ဖေးကို သတ်ပစ်ဖို့ လုံလောက်ပါတယ်။

“ဝုန်း...”

ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားဟာ ဟန့်ဖေးကို ဖြတ်သန်းပြီး အမှောင်တားမြစ်နယ်မြေထဲကို ဝင်ရောက် ပျောက်ကွယ်သွားပါတယ်။ လမ်းတစ်လျှောက်မှာလည်း အာကာသ အက်ကြောင်းတွေ ထပ်သွားပါတယ်။ ဒီအက်ကြောင်းတွေက ပဋိပက္ခ ကောင်းကင်လမ်းထက် ပိုကျယ်ပြီး ပိုတောက်ပပါတယ်။

ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်ကို ထပ်စစ်ဆေးကြည့်ပြီး စွမ်းအားကြီး ရန်သူတွေ မရှိတော့တာ သေချာတော့မှ တာအိုဘုံကျောင်းထဲ ပြန်ခုန်ဝင်လိုက်ပါတယ်။

တာအိုပညာရှိတွေဟာ မှင်တက်တုန်း ရှိနေပါသေးတယ်။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းတဲ့အတွက် တာအိုပညာရှိတွေဟာ အချိန်မီ မတုံ့ပြန်နိုင်ပါဘူး။

“တာအိုပညာရှိအားလုံး... ဟန့်မျိုးနွယ်စုကို ချက်ချင်း သုတ်သင်ရှင်းလင်းကြ၊ ဘယ်ဝိညာဉ်ကိုမှ အလွတ်မပေးနဲ့”

ကောင်းကင်အရှင်ရွှမ်တုရဲ့အသံဟာ ကောင်းကင်တာအိုတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုရဲ့ အသံဟာ အေးစက်လွန်းပါတယ်။ သေမျိုးတိုင်းဟာ ဒီအသံထဲမှာ ပါဝင်နေတဲ့ သတ်ဖြတ်ငွေ့ကို ခံစားနိုင်ပါတယ်။

မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ ချက်ချင်း တိုက်ခိုက်ပါတယ်။ ခုနက မျက်နှာပျက်ထားတာတွေကို အတိုးချပြီး ပြန်ဆယ်ပါတယ်။

ရှန်ပေါင် တာအိုကျင့်ကြံသူနဲ့ ဟန့်ဖေး မရှိတာကြောင့် ဒီတိုက်ပွဲက တစ်ဖက်သတ် သတ်ဖြတ်တာပါ။

လျှို့ဝှက်ဆန်းကြယ်တဲ့ အာကာသမှ...

ကျိန်စာနတ်ဘီလူးဟာ တုန်တုန်ယင်ယင် ရေရွတ်လိုက်ပါတယ် “ငါ ထင်တယ်... ငါ ထင်တယ်...”

ကျိန်စာနတ်ဘီလူးဟာ ရှန်ပေါင် တာအိုကျင့်ကြံသူကို မမုန်းပါဘူး။ ကျိန်စာနတ်ဘီလူးရဲ့ အမြင်မှာ ရှန်ပေါင် တာအိုကျင့်ကြံသူက အရာအားလုံးကို တွက်ချက်ထားပြီး အရန်အစီအစဉ်တွေထည်း ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကိုယ်၌က စွမ်းအားကြီးလွန်းတာပါ။

အကြွင်းမဲ့စွမ်းအားရဲ့ ရှေ့မှောက်မှာ အကြံအစည်မှန်သမျှက သုံးစားမရပါဘူး။

ကျိန်စာနတ်ဘီလူးဟာ သက်ပြင်းချပြီး အမှောင်ထုထဲကို တိုးဝင် ပျောက်ကွယ်သွားပါတယ်။

တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ် ထိုင်ပြီး လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။

လူမှုဆက်ဆံရေးထဲမှာ ဟန့်‌ဖေးရဲ့ ပုံရိပ်က လုံးဝကို ပျောက်ကွယ်သွားပါပြီ။ ဟန်ကျွယ်ဟာ ပဋိပက္ခမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက ကောင်းကင်တာအို တိုက်ပွဲကို ထောက်လှမ်းနေမှန်း သိတဲ့အတွက် ဟန့်ဖေးကို သတ်ပစ်လိုက်တာပါ။ ဟန့်ဖေးရဲ့ သေဆုံးမှုက သူတို့ကို ခြိမ်းခြောက်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူကိုတော့ မသတ်သေးပါဘူး။

ဒီအချိန်မှာ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ ဝိညာဉ်ဟာ ဝါးမျိုနတ်ဘီလူးရဲ့ အတွင်းအာကာသထဲမှာ အသက်ရှင်ဖို့အရေး ကြိုးစား ရုန်းကန်နေရရှာပါတယ်။ ရှန်ပေါင်ရဲ့ ဝိညာဉ်ဟာ အတော်လေး အားနည်းနေပြီး ကြာကြာမခံနိုင်တော့ပါဘူး။

ဟန်ကျွယ်ဟာ ဝါးမျိုအာကာသထဲကို ချက်ချင်း ဝင်ရောက်ပြီး မဟာချုပ်နှောင်လက်ဝါးကို အသုံးပြုကာ ရှန်ပေါင် တာအိုကျင့်ကြံသူကို ချုပ်နှောင်လိုက်ပါတယ်။ အဲဒီနောက် ရှန်ပေါင် တာအိုကျင့်ကြံသူကို အပြင်ထုတ်ပြီး လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်လိုက်ပါတယ်။

ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားတာကြောင့် ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ရှန်ပေါင် ငါ့ကို အညံ့ခံရင် တည်ရှိမှုတစ်ခုခုက လောကဦး ကောင်းကင်ထောင် အကြောင်းကို သိနိုင်လား”

ဟန်ကျွယ်ဟာ ရန်သူတွေကို ကျွန်ပြုပြီးနောက် တစ်ခါမက အမုန်းခံရတဲ့အတွက် သတိရှိနေပါပြီ။

လောကဦး ကောင်းကင်ထောင်က တာအိုစက်ကွင်းရဲ့ ကြောက်ဖို့ အကောင်းဆုံး လုပ်ဆောင်ချက်တစ်ခုပါ။ ဒီဟာ ပေါ်သွားရင်လည်း ဖြစ်လာမဲ့အကျိုးဆက်က မတွေးဝံ့စရာပါ။

ဟန်ကျွယ်သာ သူ့ရန်သူက သူ့ကို လုံးဝ ကျွန်ပြုနိုင်မယ်ဆိုရင် သူ့ရန်သူကို အတတ်နိုင်ဆုံး ရှောင်ရှားမှာပါ။ ဒါမှမဟုတ် အဲဒီရန်သူကို သတ်ဖို့ နည်းလမ်းရှာမှာပါ။

[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မသိနိုင်ပါ။ မဟာတာအို နတ်စိတ်ဝိညာဉ်သည် ကန့်သတ်မခံရပါ။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ စနစ်ရဲ့ အဖြေအရ ရှန်ပေါင် တာအိုကျင့်ကြံသူက နယ်ရုပ်ဘဝကနေ လွတ်မြောက်သွားပြီဆိုတာကို ဟန်ကျွယ် သိလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူကို ပြန်ကြည့်လိုက်တဲ့အခါ မျက်စိထဲ အမြင်ကြည်သွားပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူနဲ့ မဟာဟင်းလင်းပြင်ဝိညာဉ် ရှိနေတဲ့အတွက် နောက်ကျလို့ ကောင်းကင်တာအိုမှာ ရန်သူတွေ ရှိလာတယ်ဆိုရင်တောင် ဟန်ကျွယ်ဟာ ချက်ချင်း လှုပ်ရှားစရာ လိုတော့မှာ မဟုတ်ပါဘူး။

နောက်ဆုံးတော့ ဟန်ကျွယ်ဟာ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်နိုင်ပြီး မဟာတာအို အနန္တကပ်ဘေး ကျရောက်မှာကို စောင့်ဆိုင်းလို့ရပါပြီ။

ဒီအချိန်မှာပဲ...

[ဓားရူး တာအိုပညာရှိသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ဟန်ကျွယ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူ ရုတ်တရက် နိုးလာမှာကို စိုးရိမ်တဲ့အတွက် ဓားရူးတာအိုပညာရှိကို လျစ်လျူရှုထားလိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters