← Chapters

ကောင်းကင်တာအို တရားမျှတမှု

Vol. 70 Ch. 750

ကောင်းကင်တာအို တရားမျှတမှု

Vol. 70 Ch. 750

ဓားရူးတာအိုပညာရှိကို လျစ်လျူရှုပြီးနောက် ဟန်ကျွယ်ဟာ မေးခွန်းတစ်ခုကို ရုတ်တရက် တွေးမိသွားပါတယ်။

“မဟာတာအို နတ်စိတ်ဝိညာဉ်က ကန့်သတ်မခံရဘူးဆိုတော့ လောကဦး ကောင်းကင်ထောင်က ရှန်ပေါင်ကို ကျွန်ပြုနိုင်ပါ့မလား”

[ကျွန်ပြုနိုင်ပါသည်။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ကြည့်ရတာ စနစ်က မဟာတာအိုထက်တောင် ပိုကြမ်းတဲ့ပုံပါပဲ။

ဟန်ကျွယ်ဟာ စနစ်ရဲ့ ဇာစ်မြစ်ကို တော်တော်လေး သိချင်သွားပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ စနစ်က ဟန်ကျွယ်ကို ရှင်းမပြပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိလိုက်ပါတယ် ‘ဒီတိုက်ပွဲက ဒီလောက်ကြီးကျယ်တာ၊ ကောင်းကင်တာအိုကို ဘေးသင့်စေတဲ့အပြင် မဟာတာအို နတ်စိတ်ဝိညာဉ်လည်း ပါတယ်၊ ဘာဖြစ်လို့ စနစ်ရဲ့ ရွေးချယ်မှုကို ပေါ်မလာစေတာလဲ’ ဟန်ကျွယ်ဟာ ဆုလာဘ်ကို လိုချင်တာကြောင့် စနစ်ကို မေးလိုက်ပါတယ်။

[လက်ရှိကပ်ဘေးသည် သင့်အား ခြိမ်းခြောက်နိုင်ခြင်း မရှိသည့်အပြင် မဟာတာအို အနန္တကပ်ဘေးကိုလည်း သက်ရောက်မှု မရှိစေပါ။ ထို့ကြောင့် ရွေးချယ်မှု ပေါ်မလာခြင်းတည်း။]

ဟန်ကျွယ်ဟာ ဘာမှ မတတ်နိုင်တော့ပါဘူး။

ဒီအချိန်မှာပဲ...

[ဓားရူးတာအိုပညာရှိသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

‘လာပြန်ပြီလား...’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ခဏ တွေးတောလိုက်ပါတယ်။ အဲဒီနောက် သတင်းရလိုရငြား ဓားရူးတာအိုပညာရှိ အိပ်မက်ပေးတာကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အိပ်မက်ထဲ မဝင်ခင် ကိုယ်ပွားတစ်ခု ခွဲထုတ်ပြီး လောကဦး ကောင်းကင်ထောင်ထဲက ရှန်ပေါင် တာအိုကျင့်ကြံသူကို စောင့်ကြည့်စေပါတယ်။

“ငါ ဒီအိပ်မက်ကို လက်ခံလိုက်ရင် အန္တရာယ်ရှိနိုင်လား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။

ဓားရူးတာအိုပညာရှိက သာမန်လူ မဟုတ်ပါဘူး။ ဟန်ကျွယ် ရင်ဆိုင်ရတဲ့ လူတွေထဲမှာ အစွမ်းအထက်ဆုံးလူပါ။ တာအိုဘိုးဘေး၊ ပန်ကူး၊ ပဋိပက္ခနတ်မင်းတွေနဲ့ မင်လင်းမယ်တော်တို့ကို ဟန်ကျွယ်ဟာ ကြားပဲကြားဖူးတာပါ။ အပြင်မှာ ဆုံဖူးတာ မဟုတ်ပါဘူး။

[သက်တမ်း ၃၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မရှိပါ။]

ဟန်ကျွယ်ဟာ အိပ်မက်ထဲ ဝင်လိုက်ပါတယ်။ အိပ်မက်နယ်မြေက လောကဦး ဟင်းလင်းပြင်ပါ။ ဟန်ကျွယ်ဟာ အိပ်မက်ထဲ ဝင်လိုက်တာနဲ့ သူ့ရှေ့မှာ ရုပ်သွင်တစ်ခု ရပ်နေတာကို တွေ့လိုက်ရပါတယ်။ ဓားရူးတာအိုပညာရှိကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။

ဟန်ကျွယ်နဲ့ ဓားရူးတာအိုပညာရှိဟာ မျက်နှာချင်းဆိုင်ရပ်ပြီး တိတ်ဆိတ်နေကြပါတယ်။

ဟန်ကျွယ်လည်း ဘာပြောရမှန်း မသိပါဘူး။ ခြိမ်းခြောက်တာ လှောင်ပြောင် သရော်တာတွေက ဘာအဓိပ္ပာယ်မှ မရှိပါဘူး။ တောင်းပန်ရအောင်လည်း သူက ရှုံးတဲ့လူ မဟုတ်ပါဘူး။ နှစ်သိမ့်တာကျပြန်တော့လည်း ပိုလို့တောင် အဓိပ္ပာယ် မရှိပါသေးတယ်။ ဘယ်သူပဲဖြစ်ဖြစ် ရှုံးသွားရင် အနည်းနဲ့ အများတော့ မသက်မသာ ဖြစ်မှာပါပဲ။

ပြောရရင် ဟန်ကျွယ်ဟာ တစ်ခါမှ မရှုံးဖူးသေးပါဘူး။ ဟန်ကျွယ်ကိုယ်တိုင်ကလည်း မနိုင်တဲ့ တိုက်ပွဲဆိုရင် ရင်ဆိုင်မတွေ့ဘဲ ထွက်ပြေးတာချည်းပါပဲ။

ဓားရူးတာအိုပညာရှိဟာ အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ် “မင်းက တကယ်ကို စွမ်းအားကြီးတယ်၊ မင်းလိုမျိုး တည်ရှိမှုကို ငါတစ်ခါမှ မတွေ့ဖူးဘူး၊ မင်းက ရွယ်တူတွေထဲမှာ ကျိန်းသေပေါက် ပြိုင်ဘက်ကင်းတဲ့လူပဲ”

ဟန်ကျွယ်ကလည်း ပြန်ပြောလိုက်ပါတယ် “ခင်ဗျားကလည်း စွမ်းအားကြီးပါတယ်၊ အဆင့်တူတွေထဲမှာ ခင်ဗျားလောက် ဘယ်သူ့မှ ကျုပ်ကို ဒီလောက်ထိ ဖိအားမပေးနိုင်ဘူး၊ ခင်ဗျားကို အနိုင်ယူဖို့ ကျုပ် အကောင်းဆုံး ကြိုးစားခဲ့ရတယ်”

ဓားရူးတာအိုပညာရှိဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ရှုံးတာက ရှုံးတာပဲ၊ ငါက အရှုံးကို လက်မခံနိုင်တဲ့လူ မဟုတ်ဘူး၊ ငါ မင်းကို အိပ်မက်ပေးတာက ဒါတွေပြောဖို့ မဟုတ်ဘူး၊ မင်း ရှန်ပေါင် တာအိုကျင့်ကြံသူကို သတ်လိုက်ပြီဆိုတော့ ငါတိုကြားမှ ဘာရန်ငြိုးရန်စမှ မရှိတော့ဘူး၊ နောက်ကျရင် ငါ မင်းကို ထပ်ပြီးတော့ စိန်လာခေါ်မယ်၊ မင်းကို အနိုင်ယူပြီးရင် ငါ့မှာ လက်စားချေဖို့ အခွင့်အ‌ရေး တစ်ခုလောက်တော့ ရှိလာနိုင်တယ်”

ဟန်ကျွယ်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ခင်ဗျားရယ် ရှန်ပေါင် တာအိုကျင့်ကြံသူရယ် ဟန့်ဖေးရယ်က နှစ်တွေ မရေမတွက်နိုင်အောင် ကျင့်ကြံအားထုတ်ထားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေပဲ၊ ဘာဖြစ်လို့ သူများအိမ်ကို တိုက်ခိုက်ချင်ရတာလဲ၊ ခင်ဗျားတို့က ဘာလိုချင်တာလဲ၊ အခွင့်အရေးလား၊ ကောင်းကင်တာအိုရတာနဲ့ ခင်ဗျားတို့ စွမ်းအား ပိုကြီးသွားမှာမလို့လား၊ ဩဇာကြီးအောင်လား၊ ပဋိပက္ခထဲမှာ မဟာတာအို နတ်စိတ်ဝိညာဉ်ကို ဘယ်သူက အာခံရဲလို့လဲ”

“မင်းလေ... မင်းက မဟာတာအို နတ်စိတ်ဝိညာဉ် နှစ်ပါးကို သတ်ပြီးပြီလေ” ဓားရူးတာအိုပညာရှိက မာဆတ်ဆတ် ပြန်ပြောလိုက်ပါတယ်။

“ကျုပ်က သတ်ချင်လို့ သတ်တာမှ မဟုတ်တာ၊ ဖိအားပေးခံရတာလေ၊ သူတို့သာ ကျုပ်ကို လာပြီးတော့ ဗိုလ်မကျဘူးဆိုရင် ဒီလိုများ ဖြစ်စရာလား၊ သူများကို အနိုင်ကျင့်တဲ့လူက ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူး”

ဓားရူးတာအိုပညာရှိက ပြောလိုက်ပါတယ် “မင်းတို့ လူသားတွေရဲ့ စကားအတိုင်းပဲ၊ လူတွေရဲ့ နှလုံးသားက ခန့်မှန်းလို့မရဘူး၊ ဒီစကားက နတ်မင်းတွေအတွက်လည်း အတူတူပဲ၊ သူတို့က ပဋိပက္ခကို ထိန်းချုပ်ချင်ရင် စွမ်းအားကြီးနေဖို့လိုတယ်၊ အတိတ်မှာတုန်းက မဟာတာအိုနတ်စိတ်ဝိညာဉ်တွေက မင်းပြောတဲ့အတိုင်း အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်ကြတာ၊ ပြဿနာ မရှာကြဘူး၊ ပဋိပက္ခနတ်ဘီလူးတစ်ပါးနဲ့ တွေ့မှပဲ ပြောင်းလဲကုန်တာ”

“ဘယ်ပဋိပက္ခ နတ်ဘီလူးလဲ”

“ပန်ကူး”

ဟန်ကျွယ်ဟာ ပါးစပ်ပိတ်သွားပါတယ် ‘ဒီလိုလား... ဒါဆို မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ကောင်းကင်တာအိုကို ကြောက်တာ အံ့ဩစရာ မရှိတော့ပါဘူး...’

ဓားရူးတာအိုပညာရှိက ဆက်ပြောပါတယ် “ပန်ကူး အသက် ပြန်ရှင်လာတာကို ကာကွယ်ဖို့အတွက် မဟာတာအိုနတ်စိတ်ဝိညာဉ်တွေဟာ အတူပူးပေါင်းပြီး ကောင်းကင်တာအိုကို ရင်ဆိုင်ဖို့ လုပ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ တာအိုဘိုးဘေးက သူတို့ကို တားပြီး ကောင်းကင်တာအိုကို အရမ်းကြီး စွမ်းအားကြီးမလာစေပါဘူးလို့ ကတိပေးခဲ့တယ်”

“တာအိုဘိုးဘေးက ကောင်းကင်တာအိုကို ချမ်းသာပေးဖို့ နတ်စိတ်ဝိညာဉ်တွေကို တောင်းပန်ခဲ့တယ်၊ ဒီအခြေအနေက နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာညောင်းခဲ့တယ်၊ ဒီရှည်ကြာတဲ့နှစ်တွေမှာ တာအိုဘိုးဘေး ပျောက်ကွယ် မသွားတဲ့အထိ စွမ်းအားကြီးပုဂ္ဂိုလ် အများကြီး ပေါ်လာခဲ့တယ်၊ အဲဒါလည်းပြီးရော မင်းပေါ်လာတော့တာပဲ”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီလိုဆိုရင် ကောင်းကင်တာအို အခုလို ကပ်ဘေး ရင်ဆိုင်ရတာက ငါ့အမှားလား... အဓိပ္ပာယ် မရှိလိုက်တာ...’

ဓားရူးတာအိုပညာရှိက စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ဒီအကြောင်းကို မပြောဘဲ နေရအောင်၊ မင်း ဘယ်လို ဆန်းကြယ်စွမ်းအားကို သုံးခဲ့လဲဆိုတာ ငါ သိချင်တယ်”

“ကောင်းကင်တာအို တရားမျှတမှု”

“ကောင်းကင်တာအို တရားမျှတမှု...” ဓားရူးတာအိုပညာရှိဟာ သူ့ဘာသာ ရေရွတ်ပြီး တွေးတွေးဆဆ ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိက တစ်ခုခုလုပ်မှာစိုးတဲ့အတွက် ဆန်းကြယ်စွမ်းအား အမည်ရင်းကို ထုတ်မပြောတာပါ။ စွမ်းအားကြီးပုဂ္ဂိုလ်တွေက ကံတရားကိုပဲ တွက်ချက်နိုင်တာ မဟုတ်ပါဘူး။ ဆန်းကြယ်စွမ်းအားကိုပါ တွက်ချက်နိုင်ကြပါတယ်။

ဒါက နာမည်ရဲ့ စွမ်းအားပါ။ နာမည်တစ်ခုက တည်ရှိမှုတစ်ခုရဲ့ အမှတ်သင်္ကေတ ဖြစ်ပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ပဋိပက္ခထဲမှာ မဟာတာအို နတ်စိတ်ဝိညာဉ် ဘယ်နှပါးရှိပြီး မဟာတာအိုပညာရှိချုပ်က ဘယ်နှပါးရှိတယ်ဆိုတာ ပြောပြပေးလို့ရမလား”

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိက ပြောရဆိုရလွယ်တဲ့အတွက် ဒီမေးခွန်းကို မေးလိုက်တာပါ။ ဟန်ကျွယ်ဟာ အခုထိ ပဋိပက္ခအကြောင်းကို နည်းနည်းပဲ သိပါသေးတယ်။ အရင်တုန်းက ဟန်ကျွယ်ဟာ မဟာဟင်းလင်းပြင်ဝိညာဉ်ကို ဒီအကြောင်း မေးခဲ့ပါသေးတယ်။ ဒါပေမဲ့ မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ ဖိနှိပ်ခံထားရတာ ကြာပြီဖြစ်တဲ့အတွက် လောကကြီးနဲ့ သိပ်မရင်းနှီးတော့ပါဘူး။ တခြားလူတွေကျပြန်တော့လည်း သူတို့အကုန်လုံးက ဟန်ကျွယ်ထက် တော်တော်လေး အားနည်းကြပါတယ်။

ဓားရူးတာအိုပညာရှိဟာ ဟန်ကျွယ်ကို သေချာစိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “မဟာတာအို နတ်စိတ်ဝိညာဉ်က အများကြီး မရှိပါဘူး၊ တိတိကျကျ ပြောရရင် နှစ်ဆယ်ထက် မပိုဘူး၊ နောက်ပြီး သူတို့တွေက ပဋိပက္ခနယ်မြေတစ်ခုဆီကို စောင့်ကြပ်နေကြရတာ၊ ရှန်ပေါင် တာအိုကျင့်ကြံသူ သေသွားတော့ သူ့နယ်မြေကို နောက်ထပ်မွေးဖွားလာတဲ့ မဟာတာအို နတ်စိတ်ဝိညာဉ် အသစ်တစ်ပါးက စောင့်ကြပ်ရင် စောင့်ကြပ် မဟုတ်ရင် တခြား မဟာတာအို နတ်စိတ်ဝိညာဉ်တွေက စောင့်ကြပ်လိမ့်မယ်”

“မဟာတာအိုပညာရှိချုပ်ကတော့ အရမ်းရှားတယ်၊ ငါ သိတာတော့ နှစ်ယောက်ပဲ ရှိတယ်၊ သူတို့အကုန်လုံးက ပုန်းနေကြတာ၊ နှစ်ဘီလီယံချီလို့မှ တစ်ခါ ပေါ်လာတာ မဟုတ်ဘူး၊ သူတို့ကို မင်း စိုးရိမ်စရာ မလိုပါဘူး၊ မင်လင်းမယ်တော် တိုက်ခိုက်တာက ရှန်ပေါင် တာအိုကျင့်ကြံသူကို မျက်နှာပေးတာ၊ ငါလည်း အတူတူပဲ၊ အတိတ်က အကြွေးတင်ခဲ့တဲ့ ကံတရားကို ပြန်ဆပ်ရုံပဲ”

ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းလိုက်ပါတယ် “မဟာတာအိုပညာရှိချုပ်က အစွမ်းအထက်ဆုံး တည်ရှိမှုလား”

ဓားရူးတာအိုပညာရှိက ဂုဏ်ယူစွာ ပြောလိုက်ပါတယ် “ဟုတ်တယ်၊ ဒါက ကျင့်ကြံမှုအဆင့်အရပဲ၊ ဒဏ္ဍာရီအရတော့ ပဋိပက္ခနတ်မင်းလို တည်ရှိမှုတွေ ရှိတယ်၊ ဒါပေမဲ့ သူတို့က ဒဏ္ဍာရီသာသာပါ၊ ငါ သူ့ကို တစ်ခါမှ မမြင်ဖူးဘူး၊ မင်း ဒီလောက်ကြီး ခေါင်းစားနေစရာ မလိုပါဘူး၊ ဒီနေ့ တိုက်ပွဲ အပြီးမှာ ကောင်းကင်တာအိုကို ဘယ်သူမှ နှောင့်ယှက်ရဲတော့မှာ မဟုတ်ဘူး၊ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ပူးပေါင်းမှပဲ ရလိမ့်မယ်၊ ဒါပေမဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ကြားမှာလည်း သဘောထား ကွဲလွဲမှုတွေ ရှိတယ်၊ ဘယ်လိုလုပ်ပြီး အတူပူးပေါင်းနိုင်မှာလဲ၊ ရှန်ပေါင် တာအိုကျင့်ကြံသူနဲ့ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်မှာလည်း ရန်သူကိုယ်စီ ရှိကြတယ်၊ သူတို့က မင်းကို သတ်ချင်တယ်ဆိုတာက အကြောင်းပြချက် တစ်ခုပဲ”

‘ဒီလိုကိုး...’ ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အတောမသတ်နိုင်တဲ့ ရှုပ်ထွေးမှုထဲ ကျသွားမှာကို တကယ်ကြောက်တာပါ။

ဟန်ကျွယ်ဟာ နောက်ထပ် မေးခွန်းတစ်ခုကို တွေးမိလိုက်ပါတယ် “အဆုံးသတ် အပျက်အစီး နတ်ဘုံမှာလည်း မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ရှိတယ်လေ၊ သူတို့တွေက ဘာြဖစ်လို့ အနီးအနားက နယ်မြေတွေကို မထိန်းချုပ်တာလဲ”

ဓားရူးတာအိုပညာရှိဟာ ခဏတွေးပြီး ပြန်ဖြေပါတယ် “အသစ်ဖြစ်လောက်တယ်၊ အသစ်ဆိုတော့ ကျင့်ကြံမှုက အားနည်းနေတယ်လေ၊ မဟာတာအို နတ်စိတ်ဝိညာဉ်တွေက အဆင့်တူရင် သက်တမ်းရှည်တဲ့လူက စွမ်းအားပိုကြီးတယ်၊ အမှောင်ထဲမှာ ပုန်းနေတဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေတော့ ရှိသေးတယ်၊ ဒါပေမဲ့ အရမ်းနည်းပါတယ်”

‘ဒီလိုကိုး... ဒါဆို ခုနစ်ပါး တာအိုပညာရှိက သူ မဟာတာအို နတ်စိတ်ဝိညာဉ်ဆိုတာကို ဖုံးကွယ်ထားတာ ဖြစ်ရမယ်၊ ဒီကောင်က မဟာတာအို ခုနစ်ပါးကိုတောင် တတ်မြောက်နိုင်တာဆိုတော့ တကယ်ကို သာမန်မဟုတ်ဘူး၊ ဒါပေမဲ့ ကံဆိုးချင်တော့ ငါနဲ့မှ စောစောစီးစီး တွေ့ရတယ်လို့...’

ဟန်ကျွယ်နဲ့ ဓားရူးတာအိုပညာရှိဟာ စကားနည်းနည်း ထပ်ပြောပြီးမှ အိပ်မက်ကို အဆုံးသတ်လိုက်ကြပါတယ်။

[ဓားရူးတာအိုပညာရှိသည် သင့်အပေါ် အကောင်းမြင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]

ဟန်ကျွယ်ဟာ ခေါင်းရှုပ်သွားပါတယ် ‘ဒီကောင်က ငါနဲ့ တကယ် မိတ်ဆွေဖြစ်ချင်တာလား... ငါ့ကို ကြောက်သွားတာလား...’

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိကို မယုံနိုင်သေးဘဲ စနစ်ကို မေးလိုက်ပါတယ် “ခုနက ငါ့ကို ပြောခဲ့တဲ့ ဓားရူးတာအိုပညာရှိရဲ့ စကားတွေထဲမှာ အလိမ်အညာတစ်ခွန်းပါလား”

[သက်တမ်း ၃၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မပါပါ။]

‘ဝိုး... ဒီကောင်က တကယ့်ကောင်ပဲ’ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိကို ချက်ချင်း အကောင်းမြင်သွားပါတယ်။

ဓားရူးတာအိုပညာရှိက မလိမ်တဲ့အတွက် ကောင်းကင်တာအိုက အချိန်တစ်ခုအထိတော့ အေးချမ်းသွားမှာပါ။

ဟန်ကျွယ်ဟာ ကောင်းကင်တာအို အပြင်ဘက်ကို ကြည့်လိုက်ပါတယ်။

မဟာဟင်းလင်းပြင်ဝိညာဉ်ရဲ့ တိုက်ခိုက်မှုတိုင်းမှာ ဟန့်မျိုးနွယ်စုရဲ့ သက်ရှိအမြောက်အမြား သေကျေပျက်စီးကုန်ပါတယ်။ အခုအချိန်မှာ တာအိုပညာရှိတွေဟာ ဂိုဏ်းအသီးသီးက တပည့်တွေကို စေလွှတ်ပြီး စစ်မြေပြင်ကို ရှင်းလင်းပါတယ်။ သူတို့ကတော့ ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ကို ပြန်ပြီး ကောင်းကင်အရှင်ရွှမ်တုနဲ့အတူ ကောင်းကင်တာအိုကို ဖာထေးပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters