← Chapters

အတွင်းလည်း ထောင်ချောက်၊ အပြင်လည်း ထောင်ချောက်

Vol. 58 Ch. 776

အတွင်းလည်း ထောင်ချောက်၊ အပြင်လည်း ထောင်ချောက်

Vol. 58 Ch. 776

ချင်မူ သိကြားဗုဒ္ဓ၏ ဒဏ်ရာများကို စစ်ဆေးပြီး ပြုံးလျက် ပြောလိုက်သည်။ “အရိုးတွေ တစ်ပုံကြီး ကျိုးသွားပေမယ် သိုင်းပညာကောင်းကင်ဆရာသခင်က တော်တော် ညှာထားပေးတာပဲ.... ဗုဒ္ဓကိုယ်ပေါ်က ဒဏ်ရာတစ်ခုမှ မပြင်းထန်ဘူး... မူလဝိညာဉ်မှာလည်း မထိခိုက်ထားဘူး”

သိကြားဗုဒ္ဓသည် သူ့ကို ငေး၍ ကြည့်နေ၏။ ချင်မူ စနောက်နေသည်ဟုသာ တွေးမိခဲ့သော်လည်း ချင်မူ၏ ကောင်းကင်တံတား ကောင်းကင်ရတနာ အမှန်တကယ် ကြေမွသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ငါတို့က မိတ်ဆွေဟောင်းကြီးတွေပဲလေ... သူ ငါ့ကို မသတ်ပါဘူး... ဒါပေမဲ့ မင်းကတော့...”

သိကြားဗုဒ္ဓ သက်ပြင်းမောချလိုက်သည်။ “မင်းရဲ့ ကောင်းကင်တံတား‌ ကောင်းကင်ရတနာက လုံးဝပျက်စီးသွားပြီ... ဒီနေ့ကစပြီး မင်း.... ။ အဲဒီငတုံးက‌တော့ကွာ ဒီလောက် ရက်စက်ရသလား... မင်းက ခိုင်ဧကရာဇ်ရဲ့ မျိုးဆက်မှန်း မသိဘူးလား “

သို့သော် သိုင်းပညာရှင်ကောင်းကင်ဆရာသခင်က မည်သည့်အရာကိုမှ မကြောက်ရွံ့ကြောင်း သိကြားဗုဒ္ဓ ကောင်းကောင်းသိသည်။ သူသည် မည်သူ့ကိုမျှ မျက်နှာသာမပေးတတ်သလို၊ ခိုင်ဧကရာဇ်၏ သားတော်၊ သမီးတော်များနှင့် မြေးတော်များ ပြဿနာရှာသည့်အခါတိုင်း မပြောမဆို သတ်ပစ်တတ်၏။ ခိုင်ဧကရာဇ်ကလည်း ကြားသိတော်မူသည့်အခါ မည်သို့မျှ မိန့်တော်မမူခဲ့ပေ။

“တကယ်တော့ ဗုဒ္ဓနဲ့ မဆိုင်ပါဘူး”

ချင်မူက သူ့ကို ပတ်၍ လျှောက်နေပြီး သူ၏လက်ချောင်းများသည် နိမ့်ချည်မြင့်ချည် ကခုန်လျက် ကြာပွင့်များ၊ ပန်းအိုးများ၊ နတ်ဘုရားများနှင့် ဗုဒ္ဓများ အစရှိသော အသွင်သဏ္ဍာန်တို့ကို ဖွဲ့တည်နေ၏။ သူက ဖန်ဆင်းကောင်းကင်နတ်သိုင်းများဖြင့် ကျိုးပဲ့နေသည့် အရိုးများကို ပြန်ဆက်ပေးနေသည်။ “သူနဲ့ ကျွန်တော် ကတိတစ်ခု လုပ်ထားတယ်... သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကာကွယ်ပေးမယ်၊ ကျွန်တော်က ပျက်စီးသွားတဲ့ ကောင်းကင်တံတား ကောင်းကင်ရတနာကို ပြန်ဖွင့်ရမယ်... အဲဒါမှ သို့နျိုကမ္ဘာ၊ မဟာမြို့ပျက်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိတဲ့ လူတိုင်းအတွက် ကောင်းကင်တံတားပြဿနာကို ဖြေရှင်းပေးနိုင်မှာ... စောစောက ဗုဒ္ဓအတွက် အထိုးခံပေးခဲ့တယ် ပြောတာက စနေတာပါ”

သိကြားဗုဒ္ဓသည် မှုန်ကုပ်နေဆဲ ဖြစ်၏။ “ဒါပေမဲ့ မင်းရဲ့ ကောင်းကင်တံတား ကောင်းကင်ရတနာကို အခုလို ဖျက်စီးပစ်လိုက်တာက‌တော့ လွန်လွန်းပါတယ်ကွာ”

ချင်မူ ခြေလှမ်းများကို ရပ်လိုက်သည့်အခါ သူ၏ခန္ဓာကိုယ်မှ လက်တစ်ထောင် ထွက်လာပြီး မတူညီသော ဖန်ဆင်းမုဒြာလက်ဟန်များ ဖော်ဆောင်ထားကြသည်။ ချင်မူက မုဒြာသိုင်းကွက်များကို သိကြားဗုဒ္ဓ၏ ခန္ဓာကိုယ်အ‌ပေါ် ခတ်နှိပ်ပြီး လက်တစ်ထောင်ကို  ပြန်ရုပ်လိုက်သည်နှင့် အသွင်သဏ္ဍာန်မျိုးစုံ မှေးမှိန်ပျောက်ကွယ်သွားတော့သည်။

သူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “သတ္တိရှိလာအောင် ဖောင်ဖျက်ပေးလိုက်သလိုပေါ့ဗျာ...‌ နောက်ဆုတ်စရာ လမ်းမရှိတော့မှ ရှေ့ဆက်သွားရမှာ မဟုတ်လား... ကျွန်‌တော်ရဲ့ ကောင်းကင်တံတားကို ဖျက်စီးပေးခဲ့ပြီး တွန့်ဆုတ်တွေဝေမနေတော့အောင် လုပ်ပေးလိုက်လို့ သူ့ကို အမှန်တကယ် ကျေးဇူးတင်မိတယ်... အာရုံပျံ့မနေတော့လည်း ကျွန်တော့်နှလုံးသားထဲမှာလည်း သံသယမြူမှုန် ရှိမနေတော့ဘူးပေါ့”

သိကြားဗုဒ္ဓက ထရပ်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်သည်။ ဒဏ်ရာများ အနည်းနှင့်အများ ပျောက်ကွယ်သွားကြောင်း သတိပြုမိလိုက်၍ အံ့အားသင့်သွား၏။ သူက စိတ်ထဲတွင် တလေးတစား ချီးကျူးနေရင်း ခေါင်းယမ်းလိုက်သည်။ “မင်းက သူနဲ့ တူတယ်... နှစ်ယောက်လုံး အရူးတွေ”

“ဘဝဆိုတာ ရူးနေရတာပဲ မဟုတ်လား”

ချင်မူ့မျက်ဝန်းများက လေးနက်နေသည်။ “ကျွန်တော် သိုင်းပညာကောင်းကင်ဆရာသခင်ဆီက သိုင်းလမ်းစဉ်ကို အချိန်တစ်ခုအထိ သင်ယူခဲ့ရတယ်... သင်ယူခဲ့ရတာတွေက သူ့ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေ မဟုတ်ဘူး... သူ့ရဲ့ စိတ်ဝိညာဉ်ပဲ

“သိုင်းလမ်းစဉ်ရဲ့ စိတ်ဝိညာဉ်က ဘာလဲ... ကိုယ်စိတ်နှလုံးသုံးပါးစလုံး နှစ်မြုပ်နိုင်တာကို ဆိုလိုတာပဲ... ကျွန်တော့်မှာ အဲဒီလိုစိတ်ရောကိုယ်ပါ နှစ်ထားနိုင်တဲ့ အကျင့်ရှိတယ်... ဒါကြောင့် ဒီကိစ္စကို စိတ်နှစ်လိုက်တာနဲ့ အောင်မြင်အောင် လုပ်မယ်... ဒါ့အပြင်...”

သူက ပြုံးလိုက်ပြီး ပြောလိုက်၏။ “ရှေးခေတ်တုန်းက ကောင်းကင်ရတနာခုနစ်ပါးကို စတင်ဖွင့်လှစ်ပေးခဲ့တဲ့ လူခုနစ်ယောက် ရှိခဲ့တယ်... သူတို့ကို ကောင်းကင်နတ်အရှင်တွေလို့ တလေးတစား ခေါ်ကြတယ်.... သူတို့တတွေက ဘာမှမရှိတဲ့ ဗလာနတ္ထိကနေ စတင်ပြီး ကောင်းကင်ရတနာတွေကို ဖွင့်လှစ်ပေးခဲ့ရင်း အနာဂတ်မျိုးဆက်သစ်တွေအတွက် ... ကောင်းကင်ရတနာကျင့်စဉ်စနစ်ကို တီထွင်ပေးခဲ့ကြတယ်...

“သူတို့က ဗလာနတ္ထိကနေ ဖန်တီးခဲ့ကြရတာ ... အခု ကျွန်တော်ကကျ တစ်ခုခုရှိနေမှန်း သိနေပြီဆိုတော့ ကျွန်တော့်အတွက် ကောင်းကင်ရတနာတစ်ခု ဖွင့်လှစ်ဖို့က အများကြီး ပိုလွယ်နေပြီ... ကျွန်တော် ကောင်းကင်တံတား ကောင်းကင်ရတနာကို သေချာပေါက် ဖွင့်လှစ်နိုင်တယ်”

ချင်မူတွင် ယိမ်းယိုင်ခြင်းမရှိဘဲ အားကောင်းပြင်းထန်သော ယုံကြည်ချက် ရှိသည်။

ဤယုံကြည်ချက်သည် ရွာလူကြီး ပြောခဲ့သော လောကသခင်ခန္ဓာကြောင့်သာ မဟုတ်၊ စမ်းသပ်မှုများ၊ အတွေ့အကြုံများစွာ ကျော်ဖြတ်လာခဲ့ပြီးနောက် ရရှိလာသည့် ယုံကြည်စိတ်ဖြစ်၏။

နဂါးဟန်ခေတ်၏ ပထမနှစ်သို့ ပြန်ရောက်၍ ကောင်းကင်နတ်အရှင်ခုနစ်ပါးနှင့် ဆုံတွေ့ပြီး အပြောင်းအလဲများစွာ ကြုံတွေ့ခဲ့ပြီးနောက်တွင် ချင်မူ၏ ယုံကြည်ချက်၊ ယုံကြည်စိတ်သည် များစွာခိုင်မာလာခဲ့လေသည်။

နဂါးသွဲ့ရေကန်တွေ့ဆုံပွဲတွင် ကောင်းကင်နတ်အရှင်ယွီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက်၌ နတ်ဘုရားဖြစ်နိုင်မည့် နည်းလမ်းကို ကောင်းကင်နတ်အရှင်ဟောင်မှ ဟောပြောပေးရမည် ဖြစ်ခဲ့သော်လည်း ချင်မူက ဟောပြောဖြန့်ဝေပေးခဲ့သည်။

သူက ကောင်းကင်နတ်အရှင်ယွီအဖြစ် ရုပ်ဖျက်ပြီး ကောင်းကင်နန်းဆောင်လမ်းမှတစ်ဆင့် နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မည့် နည်းလမ်းကို လူသားအားလုံးဆီသို့ ဖြန့်ဝေခဲ့ပေးခဲ့၏။

သူ၏အထုံပါရမီနှင့် လုပ်ဆောင်နိုင်စွမ်းကား မည်သူ့အောက်မှ မနိမ့်ကျပေ။

သိကြားဗုဒ္ဓ ချင်မူ့ကို ငေး၍ကြည့်နေမိသည်။ ဤလူငယ်လေးတွင် တခြားလူတစ်ယောက်၏ အရိပ်အယောင်ကို သူ မြင်နေရသည်။

‘ဟိုတုန်းက ခိုင်ဧကရာဇ်လည်း မယိမ်းယိုင်တဲ့ စိတ်ဓာတ်၊ မပြိုလဲတဲ့ ယုံကြည်ချက်တွေနဲ့ ရုန်းကန်ကြိုးစားခဲ့တယ်.. အဲဒါကြောင့်ပဲ အိမ်မက်ကိုယ်စီနဲ့ ပါရမီရှင်လူငယ်တွေကို သူ စည်းရုံးနိုင်ခဲ့တာ’

သူ သူ့ဘာသာသူ တွေးနေမိသည်။ ‘ဒီကောင်လေးက မျောက်ကလေး ဝင်စားသလို အငြိမ်မနေတတ်တဲ့အပြင် ခိုင်ဧကရာဇ်လောက်လည်း မတည်ငြိမ်ဘူး... ဉာဏ်ကလည်း များသေးတယ်... ဒါပေမဲ့ သူ့စိတ်ဓာတ်က ခိုင်ဧကရာဇ်ထက် အများကြီး ခိုင်မာတယ်... ပိုပြတ်သားပြီး ပိုရုန်းကန်ရဲတယ်’

သိကြား‌ဗုဒ္ဓ ပြုံးကာ မေးလိုက်သည်။ “ဒီနေ့ကစပြီး မင်း ဘာလုပ်ဖို့ ကြံထားလဲ”

ချင်မူ၏အကြည့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ သူက အပြုံးတစ်ခုဖြင့် မေးလိုက်၏။ “ဗုဒ္ဓ အမိကမ္ဘာမြေကို တစ်ချက်လောက် သွားကြည့်ချင်လား”

သိကြားဗုဒ္ဓ မျက်နှာကွက်ခနဲ ပျက်သွားပြီး သွားကြည့်ချင်ပုံမရပေ။

ချင်မူက  ပြုံးတုံ့တုံ့ဖြင့် ပြောလေသည်။ “ကောင်းကင်နတ်မင်းလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ သိကြားဗုဒ္ဓဟာ အပြစ်တွေကို ခံယူပြီး ဇာမဏီနတ်မင်း လိုက်မလာနိုင်အောင် ဗုဒ္ဓဘုံဆီ ထွက်ပြေးသွားခဲ့တယ်... ‌ဗုဒ္ဓက ဇာမဏီနတ်မင်းကိုတောင် မကြောက်သေးတာပဲ... သေပြီးသား အမိကမ္ဘာမြေကို ဘာလို့ ကြောက်နေတာလဲ”

“အမိကမ္ဘာမြေကို ငါ ကြောက်နေတာမဟုတ်ဘူး... မင်းကို အရှုပ်ထုပ်ထဲ ဆွဲသွင်းမိမှာ စိုးရိမ်နေတာ”

သိကြားဗုဒ္ဓ သက်ပြင်းတစ်ချက် မှုတ်ထုတ်မိသည်။ “ခိုင်ဧကရာဇ်ခေတ်ရဲ့ လက်ကျန်လူသားတွေနဲ့ မင်း လိုက်ပတ်သက်နေတာ မကောင်းဘူး... မင်းအတွက် အန္တရာယ်များလွန်းတယ်.... ခိုင်ဧကရာဇ်ခေတ်ရဲ့ အင်အားတွေက အများကြီး ကျန်နေသေးတယ်.... ပြင်ပကောင်းကင်နတ်ဘုံအနေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မျက်လုံးထဲ မရှိပေမယ့် မင်း ခိုင်ဧကရာဇ်ရဲ့ လက်ကျန်လူသားတွေနဲ့ ပတ်သက်နေရင် သူတို့ ဒီတိုင်းထားမှာ မဟုတ်တော့ဘူး...

“ကောင်းကင်ဆရာသခင် သစ်ခုတ်သမားက ကောင်းကင်နတ်မင်းလေးပါးရဲ့ ခေါင်းဆောင်ဆိုပေမယ့် သူ မမြင်နိုင်တာတွေလည်း ရှိသေးတယ်... ဥပမာ ခိုင်ဧကရာဇ်ခေတ်ရဲ့ လက်ကျန်လူသားတွေ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကူညီပေးနေတာက ငါ့အမြင်မှာတော့ အကွက်ရွှေ့မှားသွားတာပဲ”

ချင်မူ ငြိမ်သက်စွာ နားထောင်နေသည်။

သိကြား‌ဗုဒ္ဓက ရှင်းပြ၏။ “ပြင်ပကောင်းကင်နတ်ဘုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မကြောက်ဘူး၊ ခိုင်ဧကရာဇ်ကို ကြောက်တာ၊ ရွှင်ပျော်ပျော်ကျေးရွာကို ကြောက်တာပဲ... ခိုင်ဧကရာဇ်ခေတ်ရဲ့ အင်အားနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အင်အားကြီးထွားလာအောင် ကူညီလိုက်ရင် ပြင်ပကောင်းကင်နတ်ဘုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သေချာပေါက် ပစ်မှတ်ထားလာလိမ့်မယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာက အရင်တုန်းက သူတို့မျက်လုံးထဲ မရှိခဲ့ပေမယ့် အခုတော့ သေချာစောင့်ကြည့်နေကြလိမ့်မယ်... ဒီတစ်ခေါက် ကမ္ဘာဦးဘုံလည်း ပွင့်လာပြီဆိုတော့ ပိုပြီးဆိုးရွားတဲ့ အနာဂတ် စောင့်ကြိုနေမှာ ငါ စိုးရိမ်မိတယ်”

သိုင်းပညာကောင်းကင်ဆရာသခင်ကြောင့် ငြိမ်းသေသွားခဲ့သော ဗုဒ္ဓရောင်ခြည်တော်များသည် သိကြားဗုဒ္ဓ၏ ခေါင်းအနောက်၌ ပြန်လည်ကွန့်မြူးတောက်ပလာ၏။ “ချိမင်ခေတ်ရဲ့ လက်ကျန်ပြည်သူတွေက တောင်ပင်လယ်မှာ နေထိုင်ကြတယ်... ခိုင်ဧကရာဇ်ရဲ့ လက်ကျန်ပြည်သူတွေက မဟာမြို့ပျက်မှာ ရှိကြတယ်... အခု ကမ္ဘာဦးဘုံ ပွင့်လာတာနဲ့ ချုံဧကရာဇ်ခေတ်ရဲ့ လက်ကျန်ပြည်သူတွေလည်း ပေါ်လာပြီ... ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ ခိုင်ဧကရာဇ်၊ ချုံဧကရာဇ်နှင့် ချိမင် ... ခေတ်လေးခေတ်ရဲ့ လက်ကျန်ပြည်သူတွေ၊ စွမ်းအားရှင်တွေဟာ ကမ္ဘာတစ်ခုတည်းမှာ ပေါ်လာနေကြပြီ”

ချင်မူ ရုတ်တရက် တုန်လှုပ်သွား၏။

သိကြားဗုဒ္ဓက ဆက်ပြောသည်။ “မင်း မဟာမိုးခြိမ်းသံကျောင်းတော်ကို မရောက်ဖူးဘူးမလား... ငါ တထာဂတဆီ တစ်ခါသွားဖူးတော့ ... ချိတ်ပိတ်မခံထားရခင် မဟာမိုးခြိမ်းသံကျောင်းတော်က ဘာနဲ့တူလဲ သိတယ်... ဟီးဟီး အခု ကမ္ဘာဦးဘုံ ပွင့်လာတော့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ မြင့်းမိုရ်တောင်က ဗုဒ္ဓဘုံရဲ့ မြင့်းမိုရ်တောင်နဲ့ တစ်သားတည်း ဖြစ်နေလောက်ပြီ... မဟာမိုးခြိမ်းသံကျောင်းတော်အပေါ်မှာ ရှိတာက ဗုဒ္ဓဘုံရဲ့ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်အပြင် တခြားမဟုတ်ဘူး”

ချင်မူမှာ သွေးများ အေးစက်သွားသလို ခံစားလိုက်ရသည်။

“ဗုဒ္ဓဘုံလည်း ကမ္ဘာဦးဘုံနှင့်အတူ ပွင့်လာလောက်ပြီ... ခေတ်တွေအများကြီး၊ အင်အားစုတွေအများကြီး... အကုန်လုံးက ပြင်ပကောင်းကင်နတ်ဘုံ ဖယ်ရှားပစ်ချင်တဲ့ အင်အားစုတွေချည်းပဲ ... အခု သူတို့အားလုံး ကမ္ဘာဦးဘုံမှာ ပေါ်လာကြပြီ အဲဒီအဓိပ္ပါယ်က ဘာဖြစ်မလဲ... ပုန်ကန်မှုဖြစ်ရင်ဖြစ် မဖြစ်ရင် တစ်ယောက်မကျန် အမြစ်ဖြုတ်သုတ်သင်ခံရလိမ့်မယ်”

သိကြားဗုဒ္ဓ သက်ပြင်းချ၍ ရွာအပြင်သို့ လမ်းလျှောက်ထွက်သွားသည်။ “ပုန်ကန်မှုပဲဖြစ်ဖြစ်၊ အမြစ်ဖြုတ်ခံရတာပဲဖြစ်ဖြစ် ... နှစ်ခုလုံးက ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် ကပ်ဘေးပဲ... ဒီတစ်ခေါက် ငါ့နောက် လိုက်လာမှာက ဇာမဏီနတ်မင်းချီရှားယွီပဲ မဟုတ်တော့ဘူး.. ကောင်းကင်နတ်ဘုံက ကျန်တဲ့ပညာရှင်တွေကို လွှတ်ထားပြီးပြီ... ငါ မင်းနောက် လိုက်ရင် မြေစာပင် ဖြစ်ရလိမ့်မယ်... ပြဿနာကို မီးထွန်းမရှာနဲ့... မဟာမိုးခြိမ်းသံကျောင်းတော်ကိုသာ သွား၊ မင်း လုံခြုံတယ်... ဒါပေမဲ့ အဲဒါလည်း တခဏပါပဲ... ဗုဒ္ဓဘုံလည်း မရေရာမသေချာတဲ့ အခြေအနေ ဖြစ်နေပြီ”

သူ၏သင်္ကန်းများ လှုပ်ခတ်သွားပြီး သူကား အဝေးသို့ ထွက်သွားချေပြီ။

ချင်မူမှာ သူ ထွက်သွားသည်ကို ကြည့်ရင်း တိတ်ဆိတ်နေ၏။

ခိုင်ဧကရာဇ်ခေတ်၏ ကောင်းကင်ဆရာသခင်လေးယောက်နှင့် ကောင်းကင်နတ်မင်းလေးယောက်လုံးသည် ထူးချွန်ထက်မြက်သူများ ဖြစ်ကြ၏။ ဦးနှောက်တွင် ကြွက်သားများသာ ရှိသော သိုင်းပညာကောင်းကင်ဆရာသခင်ဖြစ်စေ၊ လောကီကိစ္စများနှင့် ဝေးဝေးနေပုံရသော သိကြားဗုဒ္ဓဖြစ်စေ သူတို့၏ဉာဏ်အမြော်အမြင်က သူများနှင့် မတူပေ။

ကမ္ဘာဦးဘုံတွင် ခေတ်လေးခေတ်၏ ပြည်သူများ စုဝေးနေပြီဖြစ်ကြောင်း သိကြားဗုဒ္ဓ ပြောခဲ့လိုက်သည့်အခါက ချင်မူမှာ ကြောက်ဖက်ဖွယ်ရာ မြင်ကွင်းကို မြင်ယောင်မိလိုက်သဖြင့် သွေးများ အေးစက်သွားခဲ့သည်။

ဤသည်မှာ ပြင်ပကောင်းကင်နတ်ဘုံအတွက် ခေတ်လေးခေတ်လုံးကို ဖယ်ရှားရန် အကောင်းမွန်ဆုံးသော အခွင့်အရေး ဖြစ်နေပြီမဟုတ်ပါ၏လော။

လူအင်အား ခြွေတာချင်ပြီး အပင်ပန်းမခံလိုလျှင် ပြင်ပကောင်းကင်နတ်ဘုံအနေဖြင့် ကမ္ဘာဦးဘုံတွင် ပြည်တွင်းစစ် ဖြစ်မည်ကို အသာလေး စောင့်ကြည့်နေရုံသာ လိုအပ်သည်။ သူတို့သည် ခေတ်လေးခေတ် တစ်ခေတ်နှင့်တစ်ခေတ် တိုက်ခိုက်အောင် ခွင့်ပြုထားပြီးမှ အကျိုးအမြတ်များ သဲ့ယူလိမ့်မည်။

“အဲဒါဆို ကမ္ဘာဦးဘုံ ပွင့်လာတာက အဘွားစစ်ရဲ့ သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းကြောင့် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတာလား... ကြိုတင်စီစဉ်ထားတာလား”

ချင်မူ သူ့ဘာသာသူ ရေရွတ်နေမိသည်။

ပြုပြင်ပြောင်းလဲမှုကြောင့် ကျင့်စဉ်လမ်းစဉ်များ၊ ကောင်းကင်နတ်သိုင်းများ ဖန်တီးတီထွင်ခံရသည့်အခါ သမိုင်းတွင် တိမ်မြုပ်သွားခဲ့‌သော ကောင်းကင်နတ်သိုင်းများလည်း ပြန်လည်ထွက်ပေါ်လာနိုင်၏။

ကမ္ဘာဦးဘုံကို ချိတ်ပိတ်ခဲ့သူသည် သံလိုက်ဆွဲအားသင်္ကေတများ ပြန်လည်ထွက်ပေါ်လာပြီး ထိုသင်္ကေတများ ကမ္ဘာဦးဘုံ၏ မြေပြင်ကို ထိသွားသည်နှင့် အချုပ်အနှောင်များ ပွင့်သွားအောင် တမင်လုပ်ခဲ့လျှင် ... မဟာမြို့ပျက်တွင် လက်ရှိအခြေအနေများ ဖြစ်ပေါ်လာလိမ့်မည်။

ဆိုလိုသည်က ထိုလူသည် ခိုင်ဧကရာဇ်ခေတ်တုန်းက ဤထောင်ချောက်ကို ခင်းကျင်းထားခဲ့ခြင်း ဖြစ်မည်။

ဤထောင်ချောက်ထဲ၌ ချိမင်ခေတ်၏ လက်ကျန်ပြည်သူများ၊ အမိကမ္ဘာမြေ၏ လက်ကျန်ပြည်သူများ၊ ခိုင်ဧကရာဇ်၏ လက်ကျန်ပြည်သူများသာမက ထာဝရငြိမ်းချမ်းရေးအင်ပါယာပင် ပိတ်မိသွားခဲ့ချေပြီ။ ဗုဒ္ဓဘုံ၏ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်လည်း ပါဝင်နေသေးသည်။

ခဲတစ်လုံးနှင့် ငှက်အားလုံး ပစ်နိုင်မည့်အပြင် အနာဂတ်တွင် ပေါ်လာလောက်သည့် ပြဿနာမှန်သမျှ ရှင်းထုတ်ပစ်မည့် အခိုက်အတန့်လေးအတွက် ထောင်ချောက်တစ်ခုကို နှစ်ပေါင်းထောင်ပေါင်းများစွာကတည်းက ကြိုတင်ခင်းကျင်းထားခဲ့ခြင်း.... ထိုကဲ့သို့ ဗျူဟာနှင့် ဦးနှောက်က ချင်မူကို အသည်းထဲ အေးသွားစေသော အကြောင်းရင်း ဖြစ်သည်။

‘ဒီ‌ထောင်ချောက်ထဲ ရောက်မနေတာ ရွှင်ပျော်ပျော်ကျေးရွာပဲ ရှိတယ်’

ချင်မူ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ၏မျက်ဝန်းများက တောက်ပသည်ထက် တောက်ပလာသည်။ ‘ရွှင်ပျော်ပျော်ကျေးရွာ ထောင်ချောက်ထဲ ရောက်မနေသရွေ့၊ ပြင်ပကောင်းကင်နတ်ဘုံလည်း လှုပ်ရှားဦးမှာမဟုတ်ဘူး... သူတို့က  ပြဿနာအားလုံး တစ်ခါတည်း ရှင်းပစ်နိုင်မယ့် အချိန်ကို စောင့်နေကြတာ... ရွှင်ပျော်ပျော်ကျေးရွာ ဒီ‌ထောင်ချောက်ထဲ ဝင်လာမယ့်အချိန်က သူတို့စောင့်နေတဲ့အချိန်ပဲ’

‘ရွှင်ပျော်ပျော်ကျေးရွာက အဓိကသော့ချက်ပဲ’

‘ရွှင်ပျော်ပျော်ကျေးရွာ ထောင်ချောက်ထဲ ဝင်မလာခင် ပြင်ပကောင်းကင်နတ်ဘုံက ခေတ်လေးခေတ် စစ်ဖြစ်မှာကို ထိုင်ကြည့်ပြီး အကျိုးအမြတ်တွေ သဲ့ယူလိမ့်မယ်”

ချင်မူ၏မျက်လုံးများ လင်းလက်လာသည်။ သူတို့စောင့်နေသည့်အချိန်က သူတို့အတွက် အင်အားကြီးထွားလာနိုင်မည့် အခွင့်အရေးပင်။

ဤအခွင့်အရေးသည် ကြုံတောင့်ကြုံခဲသော အခွင့်အရေးဖြစ်၏။

ယင်းက ထိုလူ ခင်းကျင်းခဲ့သော ‌ထောင်ချောက်၏ တစ်ခုတည်းသော အားနည်းချက်လည်း ဖြစ်သည်။

“ဖက်တီးနဂါး၊ ညီလေး သွားကြစို့”

ချင်မူ နဂါးချီလင်နှင့် ကောင်းကင်နတ်အရှင်ယွီကို လှမ်းခေါ်လိုက်သည်။ ကောင်းကင်နတ်အရှင်ယွီမှာ ရွာထဲမှ ထမင်းဟင်းများ လိုက်တောင်းနေပြီး ဇလုံးကြီးတစ်လုံး သယ်ထားသည်။ ဇလုံထဲတွင် နူးညံ့မွှေးကြိုင်သော ထမင်းဟင်းများ ပြည့်နေ၏။ သူက နံရံဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ရွာသားများနှင့် ထမင်းလွှေးနေသည်။

ချင်မူ့ခေါ်သံကို ကြားလျှင် ကောင်းကင်နတ်အရှင်ယွီမှာ ကပျာကယာ စားပြီး ရွာသားများကို ကျေးဇူးတင်လိုက်သည်။ ထို့နောက် ရေချီလင်ကို ခေါ်ကာ နောက်မှ လိုက်လာ၏။

”အစ်ကိုကြီး၊ ငါတို့ အခု ဘယ်မှာ သွားတောင်းစားကြမှာလဲ” ကောင်းကင်နတ်အရှင်ယွီက မေးလိုက်သည်။

ချင်မူမှာ ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။ သူက ရွာသားများကို နှုတ်ဆက်ရင်း ပြောလိုက်သည်။ “ငါတို့အမိကမ္ဘာမြေဆီမှာ သွားတောင်းစားကြမှာ”

‌ကောင်းကင်နတ်အရှင်ယွီ ဝမ်းသာသွားသည်။ “အဲဒီမှာ ဘာစားကောင်းတာတွေ ရှိလဲ”

“အရသာမျိုးစုံနဲ့ နတ်ဘုရားတစ်ပိုင်းတွေ”

ချင်မူ ကျယ်လောင်စွာ ရယ်မော၍ နဂါးချီလင်ကို အ‌ဝေးသို့ စီးသွားတော့သည်။

ရေချီလင်သည် အမိကမ္ဘာမြေဆီ သွားမည်ကြားလျှင် မျက်နှာဖြူဆုပ်သွား၏။ သို့သော် သူ သဘောပေါက်သွားကာ ပျော်ရွှင်သွားသည်။ ‘အဲဒီနတ်ဘုရားတစ်ပိုင်းတွေ သူတို့ကို စားလိုက်ရင် ငါ မြေအောက်ဘုံအရှင်လေးပဋိညာဉ်ကို ဖောက်ဖျက်စရာမလိုတော့ဘူး... ငါ လွတ်မြောက်သွားလိမ့်မယ်’

သူ လျင်မြန်စွာ ပြေးလိုက်သည့်အခါ သူ့ခြေထောက်အောက်တွင် မြစ်ကြီးတစ်စင်း ဖွဲ့တည်လာသည်။ သူက မြစ်ကြီးကို နင်း၍ တရှိန်ထိုး ပျံသန်းသွားတော့သည်။

အခြားတစ်ဖက်တွင် နဂါးချီလင်၏ ‌ခြေထောက်အောက်၌ ချီလင်မီးလျှံများ ဖွဲ့တည်နေသည်။ သူ၏ပြေးမှုန်းက ရင်သပ်ရှုမောဖွယ်ကောင်းပြီး ‌‌ရေချီလင်ထက် အနည်းငယ်မြန်၏။ ဤရက်ပိုင်း လယ်သမားအိုကြီး လေ့ကျင့်ပေးထား‌သော ရလဒ်ဖြစ်ပေသည်။

ချင်မူက ရေချီလင်၏ ကောင်းကင်နတ်သိုင်းများအား ကြည့်ရှုနိုင်အောင် နဂါးချီလင်ကို အရှိန်လျှော့ခိုင်းလိုက်သည်။ တခဏကြာသော် ပရဆေးပင်များ ထုတ်၍ ရေချီလင်၏ ချီစွမ်းအင်အတိုင်း စွမ်းအင်ဆေးလုံးများ ဖော်လိုက်သည်။ ဆေးလုံးများ ဖော်ပြီးသည်နှင့် ချင်မူက ရေချီလင်ကို စားကြည့်နေစေသည်။ “အရသာ ဘယ်လိုနေလဲ”

“စားလို့ကောင်းတယ်”

ချင်မူ စဉ်းစားပြီး ဆေးညွှန်းပြောင်းကာ ဆေးလုံးနောက်တစ်အိုး ဖော်လိုက်သည်။ ‌ရေချီလင်လည်း မြည်းကြည့်၏။ “ပိုလို့‌တောင် စားကောင်းသွားပြီ”

ချင်မူက ဆေးညွှန်းကို ကောင်းကင်နတ်အရှင်ယွီဆီ ပေးကာ သူ့ဘာသာသူ ဆေးလုံးဖော်တတ်အောင် သင်ပေးလိုက်သည်။ “ငါ မင်းနဲ့အတူ မရှိရင် ဒီနေ့ကစပြီး ကိုယ့်ဆေးလုံးကိုယ် ဖော်လို့ရတယ်... သူ့ကို အငတ်မထားနဲ့ ဒါပေမဲ့... အများကြီးလည်း မကျွေးနဲ့... မဟုတ်ရင် သူ ဝလာလိမ့်မယ်... မဟားတရား ဝလာမှာ”

All Chapters