← Chapters

တစ်လောကလုံးမှာ နံပါတ် ဘယ်လောက်

Vol. 58 Ch. 778

တစ်လောကလုံးမှာ နံပါတ် ဘယ်လောက်

Vol. 58 Ch. 778

စာပေသမားလူငယ်က မြည်းကို ရပ်၍ သူတို့ကို အကဲခတ်သလို ကြည့်သည်။ သူ့မျက်နှာတွင် ဉာဏ်များသော အပြုံးတစ်ပွင့် ဖြစ်ထွန်းလာ၏။ “သူတို့တွေနဲ့အတူ ရောလိုက်သွားပြီး ဒီမြေပြင်ရဲ့ အရှင်သခင်ဆီ အလည်သွားမလို့ လုပ်နေတာပါ... ငါ့ညီကရော ဘယ်သွားမလို့လဲ”

ချင်မူ ပြုံးရွှင်စွာ ပြန်ဖြေလိုက်သည်။ “ကျွန်တော်လည်း ရောလိုက်သွားပြီး ဘာတွေဖြစ်နေလဲ စပ်စုမလို့ပါ... တစ်လှေတည်းသမားတွေပဲ ဆိုတော့ အတူတူ သွားကြတာ မကောင်းဘူးလား”

စာပေသမားလူငယ်က စဉ်းစားပြီးနောက် မြည်းဆီသို့ ‌ပြောလိုက်၏။ “လွီကျန်း၊ ဒယ်အိုးနှစ်အိုး ငါတို့နဲ့ လိုက်မလို့တဲ့ ရလား”

မြည်းက နှုတ်ခမ်းကို တွန့်ကွေး၍ ပြောသည်။ “ဟီးဟီး”

စာပေသမားက အပြုံးတစ်ခုဖြင့် ပြော၏။ “ခါကျက်ဥက ငါတို့အတူတူ သွားလို့ ရပါတယ်တဲ့”

“ဒယ်အိုးတွေ ဟုတ်လား”

ချင်မူမှာ သတိအနေထား ဖြစ်သွားပြီး နှိမ့်ချရိုသေစွာ မေးလိုက်သည်။ “နောင်ကြီးခင်ဗျ၊ ဒယ်အိုး၊ ဒယ်ဇောက်နက်နဲ့ ဇလုံတို့က ဘယ်လိုကွာပါသလဲ”

စာပေသမားလူငယ်သည် သဘောကျစွာ ရယ်လိုက်၏။ “မကွာပါဘူး”

**(ဒီနေရာမှာ ဒယ်အိုးကို ‘လေးပင်သော ဝန်ထုပ်ဝန်ပိုး၊ လူပို၊ လူရှုပ်၊ အရှုပ်ထုပ်’ ဆိုတဲ့ သဘောနဲ့ သုံးထားတာပါ... စာပေသမားက ချင်မူတို့ကို အရှုပ်ထုပ်တွေလို့ ပြောချင်တာဖြစ်ပြီး ချင်မူက စာပေသမားကိုလည်း အတူတူနဲ့ အနူနူချည်းပါပဲလို့ ပြန်ပြောလိုက်တဲ့ သ‌ဘောပါ)**

ချင်မူ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အရှေ့ရှိ ရှေးဟောင်းစစ်မြေပြင်ဆီသို့ ကြည့်လိုက်သည်။ မြူခိုးမြူငွေ့များသည် ဤရှေးဟောင်းစစ်မြေပြင်ကို လွှမ်းခြုံထားလျက်ရှိကာ ပြန့်ကြဲနေသော အဆောက်အအုံများကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နေရသည်။ မိုးထိုးနေသည့် မြို့တံတိုင်းများ၊ ဧရာမနန်းဆောင်များနှင့် ကျောက်စာတိုင်များ၊ ဂိတ်တံခါးလည်း ရှိနေ၏။

မြေပြင်ပေါ်တွင် နတ်ဘုရားတစ်ပိုင်းတို့၏ ခြေရာများ ရှိနေရာ ဤခြေရာများအတိုင်း လိုက်သွားလျှင် အမိကမ္ဘာမြေကို သူတို့ ရှာတွေ့နိုင်လိမ့်မည်။

နဂါးချီလင်နှင့် ရေချီလင်က မြည်းပုလေးနှင့်အတူ ရှေ့ဆက်လျှောက်နေကြသည်။ ရေချီလင်က မြည်းကို တစ်ချက်ကြည့်၍ ရွံရှာစက်ဆုပ်နေဟန် ဖြစ်သွား၏။ “ဒီသတ္တဝါလေးက တော်တော် တုံးတာပဲ... အရှေ့မှ ခါကျက်ဥတစ်လုံး ချိတ်ဆွဲထားမှပဲ ဘယ်လိုလျှောက်ရမလဲ သိတယ်... ခါကျက်ဥကို ဘယ်တော့မှ စားနိုင်မှာ မဟုတ်တာကိုလည်း မသိရှာဘူး”

မြည်းသည် သူ့ဆီသို့ တစ်ချက်ကြည့်ပြီး ရွံရှာနေသောအမူအရာကို ပြ၏။

ရေချီလင် သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘မြေအောက်ဘုံအရှင်လေးပဋိညာဉ် ချုပ်ထားတော့ သခင်လေးလန်ကို ငါ စားလို့မရဘူး... ဒါပေမဲ့ ဒီမြည်းကိုတော့ စားနိုင်တယ်... နဂါးချီလင်ရဲ့ သခင်ရှိနေတာ ဆိုးတာပဲ... သူနဲ့ စာပေသမားက အတိုင်အဖောက် ညီနေတော့ ငါ မြည်းကို စားလိုက်ရင် ဒေါသထွက်ပြီး ငါ့ကို ချက်စားပစ်လောက်တယ်”

ချင်မူက စာပေသမားလူငယ်ကို မျက်ခြည်မပြတ် ကြည့်နေပြီး ကြည့်လေကြည့်လေ၊ သံသယဝင်လာလေလေ ဖြစ်နေ၏။ သို့သော် စာပေသမားလူငယ်၏ ရင်ဘတ်အပေါ် အကြည့်ရောက်သွားသည့်အခါ ဖောင်းဖောင်းကြွကြွ မည်သည့်အရာကိုမှ မမြင်ရ၍ အတပ်မပြောနိုင်ပေ။

စာပေသမားလူငယ်က သူ့အကြည့်ကို သတိထားမိ၍ အပြုံးတစ်ခုဖြင့် ပြောသည်။ “လွီကျန်း၊ ဒီကောင်လေးမျက်လုံးတွေက နှာဘူးမျက်လုံးတွေပဲကွ... ယောက်ျားတစ်ယောက်ရဲ့ ရင်ဘတ်ကိုတောင် ကြည့်နေတယ်”

ချင်မူ့မျက်နှာ ရဲသွားသည့်အချိန် မြည်းက ရယ်နေသည်။ “ဟီး ဟီး ဟီး...”

ချင်မူ သွေးတိုးစမ်းကြည့်လိုက်၏။ “မမ... အဲ မှားလို့ နောင်ကြီး၊ နောင်ကြီးကို ကျွန်တော် ဘယ်လိုခေါ်ရမလဲဗျ”

စာပေသမားက ပြုံးစစဖြင့် ပြောလေသည်။ “ခုမှ တွေ့တာကို ဘယ်လိုလုပ်ပြီး မိတ်ဆွေဖွဲ့ချင်နေတာတုန်း... ချင်မူ ချင်ဖုန်းကျင့်၊ ငါ မင်းရဲ့နာမည်ကို မေးမိလို့လား... မမေးမိပါဘဲ မင်းက ဘာလို့ ငါ့ကို မေးနေတာလဲ”

ချင်မူမှာ ပို၍ပင် မသင်္ကာဖြစ်လာတော့သည်။ “နောင်ကြီးက ကျွန်တော့်နာမည်ကို သိပေမယ့် ကျွန်တော်က ‌နောင်ကြီးရဲ့ နာမည်ကို မသိဘူးလေ.... ဒါ မတရားဘူး မထင်ဘူးလား... ပြီးတော့ ကျွန်တော်က ချင်မူမှန်း ဘယ်လိုသိလဲ”

“ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ချင်မူက ဒီလောက် ထူးချွန်ထက်မြက်တဲ့လူတစ်ယောက်ပဲ မသိတဲ့လူ ရှိပါ့မလား...”

ထိုစာပေသမားက ဆက်ပြောသည်။ “ငါကတော့ ဇနပုဒ်က အညတရလေးတစ်ယောက်ပါ... ဂိုဏ်းသခင် ဘယ်သိပါ့မလဲ”

ချင်မူမှာ နာမည်မေးမရသောကြောင့် မြည်းဆီသို့သာ ကြည့်လိုက်ရသည်။ “နောင်ကြီးလွီက ဘာလို့လွီကျန်းလို့ ခေါ်တာလဲဗျ” (လွီ= မြည်း။ ကျန်း= မောင်း (ထုရသောမောင်း))

စာပေသမားက ဖြေ၏။ “သူက သူများတွေနဲ့ စကားနိုင်လုရတာ သိပ်ကြိုက်တယ်လေ... အဲဒါကြောင့် ကျန်းလို့ မှည့်ထားတာ”

ချင်မူ့အကြည့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ “ကျွန်တော်လည်း နိုစန်းသွောလို့ ခေါ်တဲ့ နွားတစ်ကောင်နဲ့ အစ်ကိုကြီးကျားလို့ ကျွန်တော်ခေါ်တဲ့ ကျားတစ်ကောင်ကို သိတယ်ဗျ”

မြည်းက စက်ဆုပ်သလို မဲ့ရွဲ့သွားသည်။ “ဟီးဟီးဟီး”

ချင်မူ့မျက်နှာ မည်းမှောင်သွားပြီး သူ့ဘာသာသူ တွေးလိုက်မိ၏။ ‘မြည်းစကားကို မသင်ဖူးတော့ ဒီမြည်း ဘာပြောနေမှန်း ငါ နားမလည်ဘူး.. ဒါပေမဲ့ ဒီနှစ်ယောက်က မသင်္ကာစရာကောင်းတယ်... မဟုတ်မှ ကောင်းကင်ဆရာသခင် စာပေသမားများ ဖြစ်နေမလား’

သူတို့အားလုံး မြူလွှမ်းနေသော စစ်မြေပြင်ထဲသို့ ဝင်လိုက်ကြသည့်အခါ မြူခိုးမြူငွေ့များအကြားတွင် နေအလင်းတန်းများ ကွန့်မြူးတောက်ပနေသည်။ အဆောက်အဦးများသည် ရှေးကျပြီး လွန်စွာထူးဆန်းသော ပုံစံကွက်များ၊ အဆင်အပြင်များအား မြင်တွေ့ရ၏။ ချင်မူက နဂါးချီလင်ကို ရပ်ခိုင်းကာ ပျက်စီးနေသည့် နံရံများအပေါ်ရှိ ပုံစံအကွက်များကို လေ့လာကြည့်လိုက်သည်။ ထို့နောက် စုတ်တံနှင့် စာရွက်ထုတ်ပြီး ကူးရေးလိုက်၏။

စာပေသမားက သူ ကူးဆွဲနေသည်ကို ကြည့်ရင်း ပြုံးလိုက်သည်။ “ဂိုဏ်းသခင်ချင်က အမှန်တကယ် ထူးချွန်ပါပေတယ်... ပန်းချီနဲ့ လက်ရေးလှပညာမှာတောင် အ‌တော်လေး ပါရမီထူးတာပဲ”

ချင်မူ အနည်းငယ် ရှက်သွားပြီး နှိမ့်ချစွာ ပြောလိုက်၏။ “ပန်းချီနဲ့ လက်ရေးလှပညာမှာ ကျွန်တော့်ကိုယ်ကျွန်တာ် မချီးကျူးဝံ့ပါဘူး... ကျွန်တော်က အလွန်ဆုံးမှ တစ်လောကလုံးမှာ နံပါတ်နှစ်ပါပဲ... နံပါတ်တစ်က ကျွန်တော့်ဘိုးဘိုးနားကန်းပါ... သူက ပန်းချီနဲ့ လက်ရေးပညာမှာ လမ်းစဉ်အဆင့် ဝင်ရောက်သွားပြီ”

စာပေသမားက တအံ့တဩဖြင့် ချီးကျူးသည်။ “သူ့ပန်းချီနဲ့ လက်ရေးလှပညာက ဗလာနတ္ထိကနေ ဖန်တီးနိုင်တဲ့အဆင့်အထိ ရောက်သွားပြီလား... သူ့အထုံပါရမီက အမှန်တကယ် မဆိုးဘူးပဲ... ဒါပေမဲ့ သူ့အနေနဲ့ တစ်လောကလုံးမှာ နံပါတ်တစ် မဟုတ်သေးသလို၊ မင်းကလည်း နံပါတ်နှစ် မဟုတ်သေးဘူး”

ချင်မူ ပြုံးလျက် မေးလိုက်သည်။ “အဲဒါဆို ဘယ်သူက တစ်လောကလုံးမှာ နံပါတ်တစ်လဲ”

စာပေသမားက ပြောလေသည်။ “ငါလည်း ပန်းချီနဲ့ လက်ရေးလှပညာကို ‌လေ့လာထားတယ်... ပန်းချီနဲ့ လက်ရေးလှပညာကို နက်နဲသိမ်မွေ့တဲ့ အဆင့်တစ်ဆင့်အထိ ကျင့်ကြံပြီးသွားတဲ့အခါ အဲဒါက ဖန်ဆင်းခြင်းမျိုး ဖြစ်လာတယ်... ဖန်ဆင်းခြင်းဆိုတာ ဖန်ဆင်းကောင်းကင်နတ်သိုင်းအပြင် တခြားမဟုတ်ဘူး... တခြားနယ်ပယ်မှာတော့ ငါ မပြောဝံ့ပေမယ့် ဖန်ဆင်းကောင်းကင်နတ်သိုင်းမှာ ဘယ်သူမှ ငါ့ကို အနိုင်မယူနိုင်ဘူး”

ချင်မူလည်း လက်ထဲရှိ စုတ်တံကို ကမ်းပေးကာ မေးလိုက်၏။ “ဒါဖြင့် နောင်ကြီး ဆွဲပြပါလား”

စာပေသမားက ခေါင်းယမ်းသည်။ “ငါက လိုအပ်တဲ့အချိန်မှ ဆွဲတာ”

ချင်မူ တိမ်တိုက်များ၏ အတွင်းထဲအထိ ထောင်မတ်နေသော ဂိတ်တံခါးကြီးကို မော့ကြည့်မိလိုက်သည်။ “တောင်ကောင်းကင်မုခ်ဝနောက်တစ်ခုပါလား... ပျက်စီးနေတာ နှမြောစရာပဲ... ကဲ တောင်ကောင်းကင်မုခ်ဝ နောက်တစ်ခု ဆွဲတာပေါ့”

သူက စုတ်တံထိပ်ဖျားကို ခါလိုက်သည့်အခါ စာရွက်ကြီးတစ်ရွက်သည် လေထဲတွင် ဒေါင်လိုက်ပြန့်ခင်းသွား၏။

ချင်မူသည် ဘယ်လက်ဖြင့် စုတ်တံလေးချောင်းကို ထိန်းချုပ်ထားပြီး သူ၏ညာလက်က စက်ဝိုင်းသဏ္ဍာန် လှုပ်ရှားနေသည်။ မင်က အလိုအလျောက် ဖွဲ့တည်လာကာ လေထဲတွင် အဆက်မပြတ် ဝေ့ဝဲလှည့်ပတ်နေသည်။

စုတ်တံတို့မှာ မြွေနဂါးများ ကခုန်နေသကဲ့သို့ ရွေ့လျားလျက် ရှိပြီး အနုစိတ်သော စုတ်ချက်များနှင့်အတူ တောင်ကောင်းကင်မုခ်ဝအပေါ်ရှိ ပုံစံကွက်များ ရုပ်လုံးပေါ်လာနေ၏။

ချင်မူက စုတ်တံများကို လျင်မြန်စွာ လှုပ်ရှားနေစဉ် စာရွက်အတွင်းတွင် စကြဝဠာနောက်တစ်ခု ရှိနေသကဲ့သို့ စုတ်တံထိပ်ဖျားတို့သည် စာရွက်အသားထဲသို့ပင် ဝင်ရောက်နေသည်။ ဤတောင်ကောင်းကင်မုခ်ဝမှာ စာရွက်အပေါ်၌သာ ရေးခြယ်ခံနေရခြင်း ဖြစ်သော်လည်း စာရွက်ထဲ၌ ကမ္ဘာအကျယ်ကြီးတစ်ခု ရှိနေသယောင် ထင်ရသည်။

သူ၏စုတ်တံသည် မည်သည့်အရာကိုမဆို ဖန်ဆင်းနိုင်သော ရတနာတစ်ခုပမာ ဖြစ်နေ၏။ သူက တောင်ကောင်းကင်မုခ်ဝ၏ ပုံစံကွက်များစွာကို အသေးစိတ် တည်ဆောက်ဖွဲ့တည်နေသည်။ ထို့နောက်တွင် စုတ်တံလေးချောင်းက စာရွက်အထဲသို့ ဝင်ရောက်သွားကာ အတွင်းထဲ၌ ဆက်လက် ရေးခြယ်နေတော့သည်။ ဤမြင်ကွင်းမှာ စကားလုံးများဖြင့် ဖော်ပြမတတ်လောက်အောင် ခမ်းနားကြီးကျယ်လွန်းပေသည်။

အချိန်အနည်းငယ်ကြာသော် တောင်ကောင်းကင်မုခ်ဝ ရုပ်လုံးပေါ်လာသည်။

ချင်မူ စုတ်တံနှင့် မင်ကို သိမ်းလိုက်ပြီးနောက် ပန်းချီကားသည် ကောင်းကင်ထက်မှ ကျဆင်းလာ၏။ ပန်းချီကားကို ခပ်ကြမ်းကြမ်း ခါလိုက်သည့်အခါ တောင်ကောင်းကင်မုခ်ဝက ပန်းချီကားထဲ၌ ပျံထွက်လာကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ သက်ဆင်းသွားတော့သည်။

ဤတောင်ကောင်းကင်မုခ်ဝကား ကိုက်ပေါင်း သုံးသောင်း မြင့်မားလျက်ရှိကာ ခံ့ညားထည်ဝါနေသည်။ ရှေးဟောင်းစစ်မြေပြင်ထက်၌ မားမားမတ်မတ် ရပ်တည်လျက် ရှေးဟောင်းကောင်းကင်နတ်ဘုံ၏ ဂုဏ်ကျက်သရေကို ထင်ဟပ်ပြသနေသယောင် ထင်ရသည်။ ၎င်းသည် ကောင်းကင်နတ်ဧကရာဇ်၏ ဩဇာအာဏာကို ကိုယ်စားပြု၏။

ချင်မူက စာပေသမားဆီသို့ ကြည့်ကာ အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ “ကျွန်တော့်ဖန်ဆင်းပညာ ဘယ်လိုနေလဲ”

စာပေသမားသည် ချီးကျူးမဆုံးတော့ပေ။ “လမ်းစဉ်အဆင့် မတက်ရောက်ရသေးဘဲနဲ့တောင် အခုလို လက်ရာမြောက်နေတာ ကြည့်ရင် မင်းကို တစ်လောကလုံးမှာ နံပါတ်သုံးလို့ သတ်မှတ်နိုင်တယ်... မင်းရဲ့ ဘိုးဘိုးနားကန်းကို ကျော်တက်နိုင်ရင်တော့ တစ်လောကလုံးမှာ နံပါတ်နှစ် ဖြစ်ရုံလေး ဖြစ်လာလောက်မယ်... စုတ်တံနဲ စာရွက်မပါဘဲ ဆွဲနိုင်ရင်ကတော့ သေချာပေါက် နံပါတ်နှစ် ဖြစ်လာမှာ... အခု မင်းရဲ့အဆင့်က ‘အရှိအတိုင်း တူညီတဲ့ အဆင့်’ ပဲ ရှိသေးတယ်... နံပါတ်တစ်ဖြစ်ဖို့တော့ တော်တော်လိုသေးတယ်”

ချင်မူက ရိုးသားစွာဖြင့် မေးကြည့်လိုက်၏။ “ဒါဆို နံပါတ်တစ်ရဲ့ စံနှုန်းထားတွေက ဘာတွေပါလဲ”

“ပန်းချီလမ်းစဉ်မှာ အဆင့်သုံးဆင့် ရှိတယ်.... အရှိအတိုင်း တူညီတဲ့ ပထမအဆင့်... အရှိအတိုင်း ဖြစ်တဲ့ ဒုတိယအဆင့်”

စာပေသမားက ပြောသည်။ “မှင်၊ စုတ်တံ သုံးစရာမလိုဘဲ ကောင်းကင်နဲ့မြေပြင်ကနေ မွေးဖွားလာတာက တတိယအဆင့်”

သူ ပြောနေသည့်အချိန် ချင်မူ ရေးဆွဲထားသည့် တောင်ကောင်းကင်မုခ်ဝမှာ ရုတ်တရက် ပြိုကျလာပြီး မှင်စက်များအဖြစ် ကောင်းကင်ထက်မှ ရွာကျလာသည်။

“ဒါက ပထမအဆင့်ပေါ့... အရှိအတိုင်း တူညီတဲ့အဆင့်... ကြာရှည်မခံဘူး”

စာပေသမားက ပြောသည်။ “ ‘အရှိအတိုင်း ဖြစ်တဲ့အဆင့်’ကို ရောက်သွားရင် တောင်ကောင်းကင်မုခ်ဝက အချိန်အကြာကြီး ရပ်တည်နိုင်လိမ့်မယ်... ဘာမှမရှိတာကနေ ရှိလာအောင် ပြောင်းလဲတာမျိုးပေါ့... အဲဒါက ဒုတိယအဆင့်ပဲ”

ချင်မူမှာ ‌လေးစားမိသွားသည်။ “ဘိုးဘိုးနားကန်းက ဒီအကြောင်းတွေ မပြောခဲ့ဘူး... ပန်းချီလမ်းစဉ်ရဲ့ တတိယအဆင့်အထိ မတွေးရ‌သေးလို့ ဖြစ်လောက်မယ်... လမ်းပြပေးလို့ ကျေးဇူးတင်ပါတယ် နောင်ကြီး... ကျွန်တော် လေ့လာလိုက်ရပါတယ်”

ရေချီလင်က ဤအခြင်းအရာကို မြင်လျှင် နဂါးချီလင်ကို ပြောသည်။ “ဒီစာပေသမားက စာပေသမားနဲ့ မတူဘူး ... အပြောကြီးတဲ့ ဘဲအတိုင်းပဲ... မင့်သခင်က သူ့အလိမ်အညာတွေမှာ နစ်မျောနေပြီ... သူ့ကို ဒီလို တစ်ပတ်ရိုက်လို့ရမှန်းသာ သိခဲ့ရင် ခွန်အားသုံးပြီး မတိုက်ခိုက်ခဲ့ပါဘူး... မင့်သခင် အတွင်းခံတောင် ချွတ်ပြီး ငါ့ဆီ ပေးရတဲ့အထိ ငါက ကောင်းကောင်းလိမ်တတ်တယ်သိလား”

နဂါးချီလင်က နှုတ်ခမ်းတွန့်၍ စက်ဆုပ်ရွံရှာနေသလို ဟီပြလိုက်သည်။ “ဟီးဟီးဟီး”

“ငါ့ကို မယုံဘူးလား... ငါက ငါတို့ချီလင်နတ်ဘုရားမျိုးနွယ်မှာ ထိပ်တန်းကွ”

ချင်မူတို့ ရှေ့ဆက်သွားနေကြစဉ် ရုတ်တရက် ဓားမရောင်တစ်ချက်က မြူခိုးများကို ဖြိုခွင်းသွားသည်။ ဓားမရောင်သည် ကောင်းကင်တစ်လျှောက် ဖြာဆင်းသွားပြီး ညီမျှစွာ ကွဲထွက်သွားသည်။ ဓားမများက ထူးဆန်းသော ဓားမသိုင်းအခင်းအကျင်းဖြင့် အောက်သို့ ခုတ်ချလိုက်၏။

ဟိန်းဟောက်သံတစ်ချက် မြည်ဟည်းလာပြီး ဧရာမအရိပ်ကြီးတစ်ခု မြူခိုးများအကြား၌ လဲကျသွားလေသည်။

ကောင်းကင်တစ်လျှောက် ဖုံးလွှမ်းနေသော ဓားမရောင်များက တမုဟုတ်ချင်း နောက်ပြန်ဆုတ်သွားကာ မြူထဲရှိ လက်တစ်ဖက်ပြတ် လူတစ်ယောက်အနောက်က ဓားအိမ်ထဲသို့ ဝင်သွားသည်။

ချင်မူမှာ အတိုအရှည်၊ အကွာအဝေး ညီမျှနေသော ဓားရောင်များကို မြင်လျှင် ရင်ထဲ ထိတ်သွား၏။ “ဒီဓားမကို ရင်းနှီးနေသလိုပဲ...’

လက်တစ်ဖက်ပြတ်လူရိပ်၏ အဝတ်အစားများက လေအဝှေ့ကြောင့် တဖတ်ဖတ် လှုပ်နေပြီး သူက မြူများအတွင်းသို့ လမ်းလျှောက်ဝင်သွားလေသည်။ သူ့နောက်မှ လူရိပ်များ လိုက်သွားကာ လျင်မြန်စွာ ပျောက်ကွယ်သွား၏။

“လက်တစ်ဖက်ပြတ် ကောင်းကင်ဓားမ၊ ပြင်ပကောင်းကင်နတ်ဘုံရဲ့ နံပါတ်တစ် ကောင်းကင်ဓားမပဲ”

စာပေသမား၏မျက်လုံးများ လင်းလက်နေသည်။ “ပြင်ပကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဓားမလော့က ငယ်ငယ်တုန်းက ချုံဧကရာဇ်ခေတ်ရဲ့ လောကသခင်ခန္ဓာနဲ့ ဆုံတွေ့ပြီး ချုံဧကရာဇ်လောကသခင်ခန္ဓာရဲ့ ဆန်းပြားလှတဲ့ ဓားမကွက်ကြောင့် လက်မောင်းပြတ်ခဲ့ရတယ် ကြားတယ်...

‘ဒီကောင်းကင်ဓားမက သူရဲ့နာကြည်းမှုကနေ ဓားမလမ်းစဉ်အဆင့် ဝင်ရောက်နိုင်ခဲ့တာပဲ... နှစ်ပေါင်းများစွာ ကျင့်ကြံပြီး ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားစီရင်စင်မြင့်ဆီ ဝင်ရောက်ခဲ့တဲ့အခါမှာလည်း နတ်ဘုရားစီရင်ရာဓားမကို မရှုံးနိမ့်ခဲ့ဘူး... သူက ကောင်းကင်နတ်ဘုံရဲ့ နံပါတ်တစ်ကောင်းကင်မဓားမ ပီသတယ်... သူ့ဘေးက လူငယ်တွေကတော့ ဝိညာဉ်အစောင့်တပ်ဖွဲ့ဖြစ်မယ်"

ကောင်းကင်နတ်အရှင်ယွီက စိတ်လှုပ်ရှားစွာ ဝင်ပြောသည်။ "ချုံဧကရာဇ်လောကသခင်ခန္ဓာ ဟုတ်လား... အင်အားကြီးမားလိုက်တာ... အစ်ကိုကြီးမူ၊ အစ်ကိုကြီးလည်း လောကသခင်ခန္ဓာမလား... အစ်ကိုကြီးလည်း သိပ်အင်အားကြီးမှာပဲနော်”

စာပေသမားသည် ချင်မူ့ဆီသို့ တစ်ချက်ကြည့်၍ ခေါင်းယမ်းလိုက်၏။ “ချုံဧကရာဇ် လောကသခင်ခန္ဓာက ကောင်းကင်ဓားမလော့ရဲ့ လက်မောင်းတစ်ဖက်ကို ဖြတ်နိုင်ခဲ့တာ ဘယ်လောက်ရင်သပ်ရှုမောစရာ ကောင်းလိုက်သလဲ... လောကသခင်ခန္ဓာချင်ကတော့ အဲဒီလိုဖြစ်ဖို့ အဝေးကြီး လိုသေးတယ်”

ချင်မူ့မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ ‘သူ့လက်မောင်းဖြတ်ခဲ့တဲ့ ချုံဧကရာဇ်လောကသခင်ခန္ဓာက ခင်ဗျားဘေးက လူပါဗျ... လော့ဝူရွှမ်ရဲ့ ကောင်းကင်ဓားမက အင်အားကြီးတာတော့ မှန်တယ်... သူက အဲဒီတုန်းကထက် အဆပေါင်းများစွာ သန်မာအားကောင်းနေပြီ... ငါ သိုင်းမကျင့်ရင် သူ့ကောင်းကင်ဓားမကို ဖြိုခွင်းဖို့ ခက်သွားလိမ့်မယ်’

“ဒါပေမဲ့ ကောင်းကင်ဓားမမှာ အကျည်းတန်တဲ့ ဝါသနာတစ်ခုရှိတယ်... အဲဒါက သူ့တပည့်အားလုံးကို လက်တစ်ဖက် ဖြတ်ပစ်ခိုင်းတာပဲ... မဟုတ်ရင် သူတို့တွေ သူ့ဓားမသိုင်းကို သင်နိုင်မှာမဟုတ်ဘူး”

စာပေသမားသည် အပြုံးတစ်ခုဖြင့် ပြော၏။ “ဒါကြောင့် ကောင်းကင်နတ်ဘုံရဲ့ ဝိညာဉ်အစောင့်တပ်ဖွဲ့မှာ လက်တစ်ဖက်ပြတ်လူငယ်တွေပဲ ရှိတာပေါ့”

ချင်မူ ကျဲ့ဟွလီကို တွေးလိုက်မိသည်။ ‘ကျဲ့ဟွလီလည်း လက်မောင်းတစ်ဖက် ဖြတ်ရတော့မလို ဖြစ်ခဲ့ပေမယ့် ငါ့ဖိအားကြောင့် လော့ဝူရွှမ်ရဲ့ လောင်းရိပ်အောက်က ထွက်လာနိုင်ခဲ့ပြီး ကိုယ်ပိုင်ဓားမလမ်းစဉ်ကို တီထွင်နိုင်ခဲ့တယ်... အခု လော့ဝူရွှမ်က ပေါ်လာပြီဆိုတော့ ဖုရွေ့လော်နဲ့ သွားတွေ့မလား မသိဘူး... သူ ဖုရွေ့လော်ကို သွားတွေ့ပြီးရင် ဖုရွေ့လော် ပုန်ကန်နေလောက်ပြီ... ကျဲ့ဟွလီသာ လော့ဝူရွှမ်နဲ့ အတူရှိရင် ဖုရွေ့လော် သေချာပေါက် ပုန်ကန်လိမ့်မယ်”

သူတို့ လော့ဝူရွှမ် ဓားမသိုင်း ထုတ်ဖော်ခဲ့သော နေရာသို့ ရောက်သည့်အခါ သေဆုံးနေသည့် နတ်ဘုရားတစ်ပိုင်းအား မြင်လိုက်ရသည်။ နတ်ဘုရားတစ်ပိုင်း၏ ခန္ဓာကိုယ်သည် တုတ်ခိုင်ထွားကြိုင်းပြီး နဂါးခေါင်း၊ လူကိုယ် ရှိ၏။ လက်ရှစ်ဖက်လည်း ပေါက်နေသည်။ သူ၏ချီစွမ်းအင်မှာ ယခုထက်ထိ မပြိုကွဲသေးသောကြောင့် ကြောက်မက်ဖွယ်ရာ နတ်တန်ခိုးကို ထုတ်လွှတ်နေလေသည်။

“နတ်ဘုရားစီရင်ရာစင်မြင့်အဆင့် နတ်ဘုရားတစ်ပိုင်း”

စာပေသမားက ဓားမရာများကို ကြည့်၍ ချီးကျူးလိုက်သည်။ “သပ်ရပ်လိုက်တဲ့ ဓားမသိုင်း... ကောင်းကင်ဓားမလော့က ကျောက်စိမ်းမြို့တော်အဆင့် သိုင်းအခြေခံနဲ့ ဒီနတ်ဘုရားတစ်ပိုင်း နဂါးဘုရင်ကို သတ်သွားတာပဲ”

ချင်မူလည်း ဓားမရာများကို ကြည့်ရင်း လော့ဝူရွှမ်၏ ဓားမသိုင်း မည်သည့်အဆင့်သို့ ရောက်ရှိနေကြောင်း သုံးသပ်နေသည်။ သူက အသေးစိတ် ကြည့်နေသည့်အတွက် စာပေသမားက စပ်စုလေသည်။ “ဂိုဏ်းသခင်ချင်က ဓားမသိုင်းကိုလည်း လေ့လာထားတာပဲလား”

ချင်မူ နှိမ့်ချစွာ ပြောလိုက်သည်။ “ကျွန်တော်က နံပါတ်... အဟမ်း နံပါတ်သုံး၊ နံပါတ်လေးလောက်ပါ”

စာပေသမားက ပြုံးလိုက်ပြီး သူ့ကိုယ်သူ ယပ်ခတ်နေသည်။ “နံပါတ်သုံး၊ နံပါတ်လေး ဟုတ်သလား... ဂိုဏ်းသခင်ချင် ကြွားတာ မများဘူးလား... ခိုင်ဧကရာဇ်ခေတ် ကောင်းကင်နတ်ဘုံမှာ ဓားမသိုင်းကျွမ်းကျင်တဲ့ တျန်းရှုဆိုတဲ့ နတ်ဘုရားတစ်ပါး ရှိတဲ့အကြောင်း ငါ ကြားဖူးတယ်... သူ့ရဲ့ တော်ဝင်မုခ်ဝ နတ်ဓားမက မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုကိုတောင် ဖြတ်နိုင်ခဲ့တာတဲ့လေ... သူနဲ့ ယှဉ်ရင် ဂိုဏ်းသခင်ချင်က ဘယ်လိုလဲ”

ချင်မူ့မျက်နှာ မည်းခြစ်သွားတော့သည်။ “ကျွန်တော်က နိမ့်ကျပါတယ်”

စာပေသမားက ဆက်ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကောင်းကင်ကို ဓားမနဲ့ ခုတ်ပိုင်းခဲ့တဲ့ ကောင်းကင်ဓားမတစ်ယောက် ရှိတာလည်း ကြားဖူးသလိုပဲ... သူက ဓားမနဲ့ လမ်းစဉ်အဆင့် တက်ပြီး ကောင်းကင်တံတားအဆင့် နတ်ဘုရားတွေကို သတ်ပစ်နိုင်တဲ့ ကောင်းကင်ဓားမသိုင်းကွက်ကိုးကွက် တီထွင်ခဲ့တယ်တဲ့... သူနဲ့ယှဉ်ရင်ရော ဂိုဏ်းသခင်ချင်က ဘယ်လိုလဲ”

“နိမ့်ကျပါသေးတယ်” ချင်မူ့မျက်နှာမှာ ပိုမိုမည်းမှောင်လာသည်။

စာပေသမားသည် ပြုံးလျက် ဆက်မေး၏။ “လော့ဝူရွှမ်မှာ ကျဲ့ဟွလီဆိုတဲ့ တပည့်တစ်ယောက် ရှိတယ်... သူက ဓားမနဲ့ လမ်းစဉ်အဆင့် ဝင်ရောက်ပြီး ဓားမသိုင်းကွက်တစ်ကွက် ဖန်တီးနိုင်ခဲ့တယ်... ဂိုဏ်းသခင်ချင်ရဲ့ ဓားမသိုင်းက သူနဲ့ယှဉ်ရင် ဘယ်လိုလဲ”

“နိမ့်ကျတယ်” ချင်မူ ဒေါသများဖြင့် ပြန်ဖြေလိုက်သည်။

“အဲဒါဆို ငါ့ထက်လည်း နိမ့်ကျဦးမှာပဲ”

စာပေသမားက ပြုံးနေသည်။ “ငါလည်း ဓားမနဲ့ လမ်းစဉ်အဆင့် တက်ထားပြီးပြီ... ဓားမသိုင်းကွက်ကိုးကွက် ဖွင့်လှစ်နိုင်ခဲ့တဲ့ ကောင်းကင်ဓားမလောက်တော့ ပါရမီမရှိပေမယ့် ငါ ခုနစ်ကွက်တော့ ဖန်တီးနိုင်ခဲ့တယ်”

ချင်မူမှာ တုန်ရီနေသော လက်ဖြင့် မေးစေ့ရှိ မုတ်ဆိတ်ငုတ်တို လေး၊ ငါးချောင်းခန့် ဆွဲနုတ်လိုက်မိသည်။

စာပေသမားက ဆက်မပြောဘဲ ပြုံး၍သာ နေသည်။

သူတို့ ရှေ့သို့လျှောက်သွားကြသည့်အခါ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ မိစ္ဆာနတ်ဘုရားများလည်း ရောက်နေကြောင်း တွေ့လိုက်ရ၏။ မိစ္ဆာနတ်ဘုရားတို့၏ အရှိန်အဝါများက ကြောက်မက်ဖွယ်ရာကောင်းပြီး တောင်ကြီးများသဖွယ် သားရဲကြီးများအား ဦးဆောင်လာကြသည်။ မြူခိုးများအတွင်း သူတို့အားလုံး ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်မှာ ချောက်ချားစရာကောင်းပေသည်။

ထိုစဉ် ဓားအော်သံတစ်ချက် ထွက်ပေါ်လာကာ ဓားရောင်များ ကောင်းကင်တစ်ပြင်လုံး ပြည့်နှက်သွားသည်။ ဓားမရောင်များအကြား၌ ဓားရောင်တို့ ဖွဲ့တည်လာပြီး တချွင်ချွင် ဝင်တိုက်သွားကြ၏။

ချင်မူမှာ ဓားကွက်ကို ကြည့်ပြီး အနည်းငယ် မှင်သက်သွားသည်။ ထိုဓားကွက်ကို ရင်းနှီးနေသည်။ ၎င်းက သူ့ဓားကွက်ပင် မဟုတ်ပါ၏လော။

“နဂါးဖြူဓားအက... ချုံဧကရာဇ် ဓားနတ်ဘုရား”

စာပေသမား၏ မျက်လုံးများ အရောင်တောက်လာသည်။ “ချုံဧကရာဇ် ဓားနတ်ဘုရားက အမျိုးသမီးတစ်ယောက် ဖြစ်ပြီး လော့ဝူရွှမ်ရဲ့ မဟာရန်သူတော်ကြီးပဲ... သူလည်း ဒီရောက်လာမယ် မထင်ထားဘူး... ချုံဧကရာဇ်ခေတ် ဖယ်ရှားခံခဲ့ရတုန်းက ဓားနတ်ဘုရားက သိုင်းအဆင့်နိမ့်ကျပြီး ဘာအစွမ်းအစမှ မရှိသေးတဲ့ မိန်းမငယ်လေးအရွယ်ပဲ ရှိသေးတာတဲ့... ဒါပေမဲ့ သူက ချုံဧကရာဇ်လောကသခင်ခန္ဓာနဲ့အတူ အမှောင်ထဲကနေ ရုန်းထွက်လာနိုင်ခဲ့တယ်...

“နောက်ပိုင်း ချုံဧကရာဇ်လောကသခင်ခန္ဓာက ပျောက်ချင်းမလှ ပျောက်သွားခဲ့ပေမယ့် သူကတော့ သူ့ဓားသိုင်းကို အမွေဆက်ခံပြီး သူ့လမ်းသူ ဖောက်ခဲ့တယ်... ချုံဧကရာဇ်ခေတ် အဆုံးသတ်သွားလို့ မှောင်မိုက်နေတဲ့ နှစ်တွေမှာ သူ့ဓားသိုင်းက ရာစုနှစ်ပေါင်းများစွာ အလင်းရောင်ပေးခဲ့တာကြောင့် သူက အမျိုးသမီးတွေအကြားမှာ သူရဲကောင်းအဖြစ် ထင်ရှားကျော်ကြားတယ်... ဂိုဏ်းသခင်ချင်”

သူက အပြုံးတစ်ခုဖြင့် မေးလေသည်။ “ဒီတော့ မင်းရဲ့ ဓားသိုင်းက ဒီကမ္ဘာပေါ်မှာ နံပါတ်ဘယ်လောက် ဖြစ်သွားပြီလဲ”

၎

င

၎

၎

All Chapters