စွန့်ပစ်ခံကလန်၏ နက်ရှိုင်းသော အင်အား
Vol. 165 Ch. 2344
ရှန်းယိကုန်းမြေတွင် စွန့်ပစ်ခံကလန်ကို ဗဟိုပြု၍ သန့်စင်သော ရွှေရောင်အလင်းများ ထုတ်လွှတ်နေပြီး ကုန်းမြေတစ်ခွင်ကို ဖြန့်ကျက်သွားသည်။ ကုန်းမြေက မှုန်မှိုင်းသည့် အရောင်အဝါတို့နှင့် စွန်းထင်းနေကာ ကုန်းမြေတစ်ခုလုံးကို ၎င်း၏ အလင်းအောက် လွှမ်းခြုံထားပေသည်။
အမြင့်မှ ငုံ့ကြည့်လိုက်သည့်အခါ ၎င်းသည် ကုန်းမြေတစ်ခွင်လုံး ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး ကြီးမားသည့် ဝင်္ကပါက ကျယ်ပြောလှသော ရှန်းယိကုန်းမြေကို ဖုံးလွှမ်းထားသည်။ ဤကြီးမားသည့် ဝင်္ကပါအတွင်း ခမ်းနားထည်ဝါသည့် ပုံရိပ်များနှင့် အစီအရင်ကို ရှင်းလင်းစွာ လုပ်ဆောင်နိုင်ပေသည်။ ထိုအစီအရင်ဝင်္ကပါအတွင်း ရှေးဟောင်းနတ်ဘုရားများ ရပ်နေသည်ကို ခပ်ဝါးဝါး မြင်နိုင်ပြီး သူတို့က ဝင်္ကပါအစီအရင်နှင့် ရောမွှေခံထားရကာ တစ်သားတည်း ဖြစ်သွားသလိုပင် ဖြစ်သည်။
ဤကြီးမားလှသော ဝင်္ကပါအစီအရင်က စွန့်ပစ်ခံကလန်မှ ခေတ်အဆက်ဆက် ဘိုးဘေးများ၏ ကြိုးစားအားထုတ်မှုရလဒ် ဖြစ်သည်။ သူတို့ သုတ်သင်ခံရပြီးနောက် ဘိုးဘေးတချို့သည် သူတို့၏ နောက်ဆုံးကျန်ရစ်သော စွမ်းအားများကို ဝင်္ကပါအတွင်း ပေါင်းစပ်ပြီး ၎င်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာစေခဲ့သည်။ မရေတွက်နိုင်သော နှစ်များတလျှောက် ဤကြီးမားလှသော ဝင်္ကပါက စွန့်ပစ်ခံကလန်မှ ဘိုးဘေးများစွာ၏ စွမ်းအားတို့ကို စုပ်ယူထားခဲ့သည်။ ထို့ကြောင့် ယနေ့တွင် မြင်နေရသည့် ကြောက်မက်ဖွယ် ဝင်္ကပါအစီအရင်တစ်ခု ဖြစ်ပေါ်လာပေသည်။ ဤဝင်္ကပါအစီအရင်ပေါ် မှီခို၍ စွန့်ပစ်ခံကလန်က လေဟာနယ်တလျှောက်တွင် အလွန် အန္တရာယ်များသော အခြေအနေများမှလွဲ၍ လုံခြုံစွာ ဖြတ်ကျော်နိုင်ခဲ့ပေသည်။
ရှန်းယိကုန်းမြေတစ်ခုတည်း မဟုတ်ဘဲ စွန့်ပစ်ခံကလန်၏ နယ်မြေသည်လည်း နှိုင်းယှဥ်၍မရအောင် ခမ်းနားထည်ဝါလှသည့် အလင်းတို့နှင့် လင်းလက်လာသည်။ စွန့်ပစ်ခံကလန်၏ လျှို့ဝှက်နယ်မြေသည် ကြောက်မက်ဖွယ် ရွှေရောင်အလင်းတို့နှင့် လွှမ်းခြုံခံထားရပြီး ယခင်က မည်သည့်အခါကမှ မတည်ရှိတော့သလို တဖြေးဖြေး မည်သည်မှ မရှိတော့အောင် ပျောက်ကွယ်သွားပေသည်။ ဤမြင်ကွင်းက ကျင့်ကြံသူများစွာကို ထိတ်လန့်တုန်လှုပ်သွားစေပြီး သူတို့သည် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများ ယခင်က ပြောခဲ့သည့် စကားများကို သတိရစေခဲ့သည်။
စွန့်ပစ်ခံကလန်က ရှုံးနိမ့်သွားခဲ့လျှင်ပင် သူတို့က ပြင်ပကျင့်ကြံသူများကို စွန့်ပစ်ခံကလန်၏ လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ သူတို့က ပြင်ပမှ ကျင့်ကြံသူများကို လိုချင်တာ ရယူရန် ဝင်ခွင့်ပြုမည့်အစား ၎င်းကို ဖျက်ဆီးပစ်လိုက်မည်သာ ဖြစ်သည်။
စွန့်ပစ်ခံကလန် ပြောခဲ့သည်က အမှန်တရား ဖြစ်ပေလိမ့်မည်။
တိုက်ပွဲမြေပြင်အတွင်း ကောင်းကင်နှင့် မြေကြီးက အက်ကွဲသွားပြီး လေဟာနယ်က ပြိုကျကာ ကြောက်မက်ဖွယ် တိုက်ခိုက်မှုတို့ ဖြစ်ပေါ်လာသည်။ အမှန်တကယ် အစွမ်းထက်သည်ဟု ဆုံးဖြတ်၍ ရနိုင်သည့် ကျင့်ကြံသူအချို့အပြင် ကျင့်ကြံသူပေါင်းများစွာက ထိခိုက်ဒဏ်ရာရသွားခဲ့သည်။ သို့သော် ထိုအစွမ်းထက်လှသည့် ကျောက်ဆောင်ဝင်္ကပါသည်လည်း အထပ်ထပ်အခါခါ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှုများ ရှိလာပေသည်။ အက်ကြောင်းများက စတင် ပေါ်ပေါက်လာပြီး နောက်ဆုံး၌ ပြိုကျပျက်စီးသွားခဲ့သည်။ ထို့အတွက် နေရာအသီးသီးမှ ကျင့်ကြံသူများက ကြီးလေးသည့် တန်ဖိုးကို ပေးဆပ်ကြရပေသည်။ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးမှ ရှင်သန်နိုင်ခဲ့သော အစွမ်းထက်သည့် ကျင့်ကြံသူအချို့သည်ပင် ဒဏ်ရာများစွာ ရရှိသွားခဲ့သည်။
ကျောက်ဆောင်ဝင်္ကပါ ချိုးဖျက်ခံရပြီးနောက် နှစ်ဖက်လုံးက ကောင်းကင်ထက်၌ မတူညီသော နေရာများသို့ ချက်ချင်း ဖြန့်ကျက်နေရာယူလိုက်ကြသည်။ အဓိက ပုဂ္ဂိုလ်များက မတူညီသော နေရာများ၌ ရပ်နေကြပြီး သူတို့ တစ်ယောက်ချင်းစီထံမှ ထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်အဝါတို့ ပေါက်ကွဲထွက်လာသည်။ လေထုအခြေအနေက အလွန် အေးစက်လှသည့် စွမ်းအားများနှင့် ပြည့်နှက်နေခဲ့သည်။
"စွန့်ပစ်ခံကလန်မှာ ထိပ်သီးကျင့်ကြံသူတွေ အများကြီး ရှိတာလား။" ထိုကျင့်ကြံသူများ၏ နှလုံးသားထဲ၌ စိုးရိမ်ပူပန်မှုတို့ ဖြစ်လာခဲ့သည်။ စွန့်ပစ်ခံကလန်သည် အင်အားစုတစ်ခုတည်းနှင့် မဟုတ်ဘဲ ကောင်းကင်ဒေသအပြင် တစ်လောကလုံးမှ ထိပ်သီးအင်အားစုများဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်ပေသည်။ ၎င်းက အလွန် အစွမ်းထက်လှပြီး သူတို့ကို ယှဥ်ပြိုင်နိုင်သည့် သူမျိုး မရှိလုနီးပါးပင် ဖြစ်သည်။ စွန့်ပစ်ခံကလန်က သူတို့ကို ဟန့်တားထိန်းထားနိုင်စွမ်း ရှိသည်မှာ အတော်လေး ထိတ်လန့်အံ့သြဖွယ် ကောင်းလှသည်။ ထိုသည်မှာ စွန့်ပစ်ခံကလန်က မည်မျှ ကြောက်မက်ဖွယ် လုပ်နိုင်စွမ်း ရှိသည်ကို ရှင်းလင်းစွာ ပြသနေခဲ့သည်။
နှစ်ဖက်အဖွဲ့က လူစုခွဲသွားခဲ့ပြီးနောက် ကောင်းကင်ဒေသ၏ ကျင့်ကြံသူတစ်ယောက်က စွန့်ပစ်ခံကလန်မှ ထိုကျင့်ကြံသူများကို ကြည့်ကာ ရှင်းလင်း ကျယ်လောင်စွာ ပြောလိုက်သည်။ "တိုက်ပွဲဝင်္ကပါက ပြိုကျပျက်စီးသွားပြီ။ ခင်ဗျားတို့ ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် စွန့်ပစ်ခံကလန်အတွက် ပျက်စီးခြင်းဆိုက်ရောက်စေလိမ့်မယ်။ ဒီလိုလုပ်ချင်တာ သေချာရဲ့လား။"
"ဟုတ်တယ်။ ကျုပ်တို့က လျှို့ဝှက်နယ်မြေထဲကို ဝင်ပြီး စွန့်ပစ်ခံကလန်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေက ဘာလို့ ဒီလောက် အံ့သြစရာ ကောင်းနေလဲဆိုတာ မြင်တွေ့ချင်မိရုံပဲ။ ကျုပ်တို့ စွန့်ပစ်ခံကလန်ကို ဖျက်ဆီးပစ်မယ့်အကြောင်း ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးဘူး။ အခု စိတ်ပြောင်းမယ်ဆိုရင် အချိန်မီသေးတယ်။ ဒီလို တိုက်ပွဲမျိုး တိုက်ခိုက်ဖို့ မလိုအပ်ဘူးလေ။" တစ်စုံတစ်ယောက်က စွန့်ပစ်ခံကလန်ကို ခုခံကာကွယ်နေမှုအား လက်လျှော့၍ သူတို့ လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်ကာ ကျင့်ကြံရန် ခွင့်ပြုပေးစေချင်နေသည်။
"ကျုပ်တို့ စွန့်ပစ်ခံကလန်က ဒီနေရာကို ရောက်လာတာ ခင်ဗျားတို့ကို ရန်ရှာဖို့ မဟုတ်ဘူးဆိုတာ ထပ်တလဲလဲ ပြောခဲ့ဖူးတယ်။ ကျုပ်တို့ရဲ့ ရည်ရွယ်ချက်က မူလဘုံမှာ တိတ်တိတ်ဆိတ်ဆိတ် ကျင့်ကြံဖို့လေးပဲ။ ဒါပေမယ့် ခင်ဗျားတို့က ကျုပ်တို့ကို ဒီလောက်ထိ ရန်လိုပြီး ဆန့်ကျင်နေမယ်ဆိုရင် စွန့်ပစ်ခံကလန်က အရာအားလုံးနဲ့ရင်းပြီး ခင်ဗျားတို့ကို တိုက်ခိုက်သွားမယ်။" စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူက ပြန်ဖြေလိုက်သည်။
"အရာအားလုံးနဲ့ရင်းပြီးတော့လား။" ကျင့်ကြံသူအားလုံးက သူတို့၏ အကြည့်များကို ထိုစကားပြောလာသည့် လူထံသို့ ပို့လိုက်ကြသည်။ ယခင်က သူတို့ စောင့်ထိန်းမှုတချို့ ရှိခဲ့ပြီး အမှန်တကယ် လှုပ်ရှားရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သို့သော် ယခု သူတို့က ဤအခြေအနေသို့ ရောက်ရှိခဲ့ပြီးဖြစ်ကာ သူတို့က အမှန်တကယ် စစ်ပွဲဖြစ်ပွားခဲ့လျှင် စွန့်ပစ်ခံကလန်က မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။
"စွန့်ပစ်ခံကလန်က တကယ်ပဲ ဒီလောကကနေ ပျောက်ကွယ်သွားချင်လို့လား။" ကျင့်ကြံသူတစ်ယောက်က ခြိမ်းခြောက်သည့် အသံနှင့် ပြောလိုက်သည်။
"စွန့်ပစ်ခံကလန် အဓွန့်ရှည်ပါစေ။" တည်ငြိမ်သော အသံတစ်ခုက လောကတစ်ခွင်ကို ဖြတ်သန်းကာ ပဲ့တင်ထပ်လာသည်။ ထို့နောက် နတ်အလင်းများက လင်းလက်လာပြီး အသံများကလည်း လေဟာနယ်အတွင်း ပဲ့တင်ထပ်လာသည်။ အောက်ဘက်မြေပြင်ရှိ ရှန်းယိကုန်းမြေတစ်ခွင်လုံးကို ဖုံးလွှမ်းထားသော ထိုဝင်္ကပါက အသက်ဝင်လာသလို ထင်မှတ်ရပေသည်။ အဆုံးမဲ့ ရောင်ဝါအလင်းတန်းများက ပေါက်ကွဲထွက်လာပြီး ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ ချက်ချင်းပင် တောက်ပသည့် အလင်းများက ကုန်းမြေတစ်ခွင်လုံးကို လွှမ်းခြုံသွားကာ ထိုအသံသည် ရှေးခေတ်အခါမှ အချိန်များ ဖြတ်သန်းကာ သူတို့၏ ဘိုးဘေးများ နိုးထလာကာ ပြောလိုက်သလို ထင်မှတ်ရပေသည်။
ဘုန်း...
ကြောက်မက်ဖွယ် အသံတစ်ခုကို ကြားလိုက်ရပြီး မရေတွက်နိုင်သော နတ်အလင်းများ ပေါက်ကွဲထွက်ပေါ်လာသည်။ ကောင်းကင်ထက်တွင် ပုံရိပ်များ ပေါ်ပေါက်လာပြီး စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများက ထိုပုံရိပ်များနှင့် ပေါင်းစပ်ရန် လျှောက်သွားခဲ့သည်။
"တိုက်ခိုက်ဖို့ ဝင်္ကပါအစီအရင်ကို အသုံးပြုမှာလား။" လူတိုင်းက မျက်လုံးများကို ကျဥ်းမြောင်းသွားသည်။ ထိုကြီးမားပြီး ခမ်းနားထည်ဝါသည့် ဝင်္ကပါက ရှန်းယိကုန်းမြေကို အခြားကျင့်ကြံသူများ ကျူးကျော်လာခြင်းမှ ကာကွယ်နိုင်ရုံမျှမက စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများနှင့်လည်း သေချာသော ဆက်နွယ်မှုကို ပြုလုပ်နိုင်ပေသည်။
စစ်မှန်သည့် ရှေးဟောင်းနတ်ဘုရားတစ်ပါး ပေါ်ပေါက်လာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် မားမားမတ်မတ် ရပ်တည်နေခဲ့သည်။ ၎င်းက အလွန် ကြီးမားသလို ခံစားရပေသည်။ သူက အောက်ဘက်ရှိ လေဟာနယ်ဆီသို့ ကြည့်လိုက်ကာ သူ၏ မျက်ခုံးနှစ်ခုကြားမှ ကြောက်မက်ဖွယ် ရွှေရောင်နတ်အလင်းများက မရေတွက်နိုင်အောင် ထွက်ပေါ်လာပြီး အောက်ဘက်မှ ကျင့်ကြံသူများကို သတ်ဖြတ်ရန် ဆင်းသက်လာသည်။
"သတိထား။" ကျရောက်လာမည့် အန္တရာယ်ကို ခံစားမိသည့်အခါ တစ်စုံတစ်ယောက်က သတိပေးလိုက်သည်။ သူတို့က အလွန် လျင်မြန်လှသော အရှိန်နှင့် ရုတ်တရက် စတင် ရှောင်ရှားလိုက်ကြသည်။
သို့သော် တစ်ချိန်တည်းတွင် ကောင်းကင်ထက်၌ ရှေးဟောင်းနတ်ဘုရားများ တစ်ပါးပြီး တစ်ပါး ထွက်ပေါ်လာသည်။ စွန့်ပစ်ခံကလန်မှ ထိပ်သီးပုဂ္ဂိုလ်များသည် ၎င်းတို့နှင့် ပေါင်းစပ်ကာ ဝင်္ကပါနှင့် တသားတည်း ဖြစ်လာပြီး ရွှေရောင်နတ်အလင်းတို့ ထုတ်လွှတ်လာသည်။ ၎င်းသည် ယခင်က ကျောက်ဆောင်ဝင်္ကပါထက် ပို၍ ကြောက်မက်ဖွယ် ကောင်းလာပေသည်။
ယင်းသည် ရှန်းယိကုန်းမြေကို ကာကွယ်ထားသည့် စစ်မှန်သော အဆင့်မြင့် တိုက်ပွဲဝင်္ကပါဟု ထင်မှတ်ရပေသည်။
ထိုရွှေရောင်နတ်အလင်းများက ဖျက်ဆီးခြင်းလေဟာနယ် အလင်းတန်းကဲ့သို့ ဖြစ်သည်။ ထိုအလင်းတန်းများက လေဟာနယ်ကို ချက်ချင်း ဖြတ်သန်းထိုးဖောက်လာသည်။ လေဟာနယ်ဖြစ်စေ အစိုင်အခဲဖြစ်စေ အလင်းတန်းများ ဖြတ်သန်းသွားပြီး ထိတွေ့မိသမျှ အရာအားလုံး ထိုးဖောက်ဖျက်ဆီးခံလိုက်ရပေသည်။ စွန့်ပစ်ခံကလန်သည် သူတို့ မှောင်မိုက်သည့် လေဟာနယ်ကို ဖြတ်သန်းကာ ခရီးဆက်လာစဥ်တွင် ထိုစွမ်းရည်ကို အသုံးပြု၍ လမ်းကြောင်း ရှာဖွေခဲ့ခြင်း ဖြစ်သည်။ ၎င်းက အဆုံးမဲ့ လေဟာနယ်ကို ထိုးဖောက်ကာ ဖြတ်သန်းသွားနိုင်ပေသည်။
ဘုန်း...
ထိပ်သီးရန်ဟောင်တစ်ပါးက လေဟာနယ် နတ်အလင်းဖြင့် ထိုးဖောက်ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်က အလင်းဖြင့် ထိုးဖောက်ခံလိုက်ရသည်နှင့် မျက်နှာက ဖြူဖျော့သွားပြီး မျှော်လင့်ခိက်ကင်းမဲ့သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ ထို့နောက် လေဟာနယ် နတ်အလင်းတန်းများက သူ့ကို တစ်ချိန်တည်း ထိမှန်လာသည့်အခါ သူ၏ ခန္ဓာကိုယ်က စုတ်ဖြဲဖျက်ဆီးခံလိုက်ရပြီး မည်သည်မှ မကျန်တော့အောင် ပြိုကွဲသွားလေသည်။ သူက ချက်ချင်း သေဆုံးသွားခဲ့၏။
"ဘယ်လောက် အစွမ်းထက်လိုက်သလဲ။" ရီဖူရှင်းက ၎င်းကို မြင်ရသည့်အခါ သူ့ နှလုံးသားက ထိတ်လန့်တုန်လှုပ်မှုနှင့် တုန်ယင်သွားခဲ့သည်။ ကောင်းကင်ထက်ရှိ ရှေးဟောင်းနတ်ဘုရားများက ကောင်းကင်၌ ရပ်ကာ သူတို့အားလုံးကို ကြည့်နေသလို ထင်မှတ်ရသည်။ ထိုဘိုးဘေးများ၏ စွမ်းအားက နိုးထလာကာ ဝင်္ကပါဖြင့် ပေါင်းစပ်၍ စွန့်ပစ်ခံကလန်၏ ကျင့်ကြံသူများထံမှ ထွက်ပေါ်လာသည့် စွမ်းအားများနှင့် တသားတည်း ဖြစ်သွားခဲ့သည်။ ဖျက်ဆီးခြင်း စွမ်းအားများ ပေါက်ကွဲထွက်လာကာ နေရာအနှံ့မှ ကျင့်ကြံသူများကို အကြွင်းမဲ့ ဖျက်ဆီးပစ်လိုက်သည်။
"ကြည့်ရတာ စွန့်ပစ်ခံကလန်ကို လျှော့တွက်လိုက်မိတဲ့ပုံပဲ။" အင်ပါယာနန်က စူးစမ်းလေ့လာရင်း ပြောလိုက်သည်။ မရေတွက်နိုင်သည့် နှစ်များစွာ ကြာသည့်တိုင်အောင် အမှောင်ခေတ်များအတွင်း ဖြတ်သန်းလာသည့် ရှေးဟောင်းကလန်၏ နက်ရှိုင်းသော အင်အားက အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့၏ ခွန်အားနှင့်ဆိုလျှင် အင်အားစုတစ်ခုချင်း ယှဥ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။ နတ္ထိဘုံနှင့် နတ်ဆိုးအင်ပါယာဘုံကဲ့သို့သော နယ်မြေများ၌ အစွမ်းထက်အင်အားစုများ အားလုံး စုစည်းနေခြင်းမှ မဟုတ်လျှင် သူတို့က အနိုင်ရရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ပြဿနာမှာ ဤနေရာ၌ ရောက်ရှိနေသည့် သူတို့၏ အကောင်းဆုံး ကျင့်ကြံသူများက အရေအတွက် အနည်းငယ်သာ ရှိပေသည်။