နှစ်တစ်သန်းကြာ နံပါတ်တစ်ဓားသိုင်း
Vol. 59 Ch. 779
“ကျွန်တော့်ဓားလမ်းစဉ်က သူလို ကိုယ်လိုပါပဲဗျာ”
ချင်မူက မြူခိုးပင်လယ်အတွင်းတွင် ဓားမရောင်နှင့် တချွင်ချွင် ထိတိုက်နေသော ဓားရောင်ကို ကြည့်ကာ ပြုံးလိုက်သည်။ “ကျွန်တော့်ဓားလမ်းစဉ်မှာ သိုင်းကွက်နှစ်ကွက်ပဲ ရှိတော့ သူများတွေလောက် မကောင်းပါဘူး”
သူ၏အာရုံမှာ ပိုင်ချွီအာ၏ ဓားချက်များဆီသို့ရောက်နေသည်။ ပိုင်ချွီအာ၏ ဓားသိုင်းသည် သူ့ဆီမှ အခြေခံထားခြင်း ဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်းလေးသောင်းတုန်းက ပိုင်ဖန်းရုံမြို့၏ ပိုင်အိမ်တော်တွင် ပိုင်မောင်နှမနှင့် သူ ဓားသိုင်းချင်း ဖလှယ်ခဲ့သည် မဟုတ်ပါလော။
သို့သော်လည်း သုံး၊ လေးနာရီမျှသာ ကြာခဲ့လေသည်။ ပိုင်မောင်နှမနှစ်ယောက် များစွာမသင်ယူရသေးခင် ကပ်ဘေးကြီး ဖြစ်ပွားသည်။ ပိုင်ဖန်းရုံမြို့မှာ ကျူးကျော်စီးနင်းခံခဲ့ရ၍ သူတို့အားလုံး အမှောင်ထဲတွင် ထွက်ပြေးခဲ့ကြရသည်။ နေပြန်ထွက်သည့်အခါ တောင်ကမ်းပါးနံရံတစ်ခုအရှေ့တွင် ပိုင်ချွီအာနှင့်သူ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လျက် နှုတ်ဆက်ခွဲခွာခဲ့ရ၏။
ပိုင်ချွီအာ၏ ဓားကွက်များမှာ ချင်မူ့ဓားကွက်များဆီမှ အရင်းခံသည်ကိုတော့ ငြင်းဆန်မရပေ။ သို့သော် သူမက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဓားလမ်းစဉ်အတိုင်း ဆက်မလျှောက်ခဲ့ဘဲ သူမလမ်းသူမ ဖောက်ခဲ့သည်။
ပိုင်ချွီအာသည် ကျန်ရစ်ခဲ့သော ပြည်သူများကို ဦးဆောင်လျက် ကြိုးစားရုန်းကန်ခဲ့ရ၏။ မှောင်မိုက်နေသော ထိုနှစ်များက သူမကို ပိုမိုသန်မာလာစေခဲ့ပြီး လက်ကျန်ပြည်သူမျာ၏ အသက်ရှင်သန်မှုအတွက် ရုန်းကန်တိုက်ခိုက်ပေးရန် ခွန်အားရှိလာစေခဲ့သည်။ ထို့ကြောင့် သူမ၏ ဓားချက်များတွင် ခေတ်တစ်ခေတ်၏ အဆုံးသတ်၌ ရင်ဆိုင်ခဲ့ရသော အခက်အခဲများနှင့် အချုပ်အနှောင်များကြားမှ ဦးမော့နေသော စိတ်ဝိညာဉ်မျိုး ကိန်းဝပ်နေချေသည်။
လော့ဝူရွှမ်၏ ဓားမကွက်များကမူ တိကျသော အက္ခရာသင်္ချာ၏ ပြယုဂ် ဖြစ်သည်။ ဓားမရောင်များက တိရိသေသပ်ပြီး ကြီးမားသော စွမ်းအားတို့ဖြင့် တစ်ဖက်လူအား ဖိနှိပ်နိုင်၏။ သို့သော် ပိုင်ချွီအာက အားအနည်းဆုံးအမှတ်များကို ဖျက်စီးလျက် လော့ဝူရွှမ်၏ ကြီးမားသော စွမ်းအားတို့ကို ဖြိုခွင်းနေသည်။
နှစ်ယောက်စလုံး၏ ဓားချက်များနှင့် ဓားမကွက်များတွင် ချင်မူ့ဓားကွက်များ၏ အငွေ့အသက်တို့ ပါဝင်နေသည်။ ချင်မူ့ဓားကွက်များ၌ ကြီးမားသော စွမ်းအားနှင့် နက်ရှိုင်းသော သင်္ချာစွမ်းရည် ပါရှိသည်သာမက ခေတ်တစ်ခေတ်၏ အမှောင်ထုကို ထိုးခွင်းနေသော စိတ်ဝိညာဉ်လည်း ကိန်းအောင်းနေ၏။
ပိုင်ချွီအာက ချင်မူ၏ သင်ကြားလမ်းပြမှုကို လက်ခံရရှိခဲ့ပြီး အခြားတစ်ဖက်တွင် လော့ဝူရွှမ်မှာ ချင်မူ့ကို ရှုံးနိမ့်ခဲ့သည်။ ပိုင်ချွီအာဖြစ်စေ၊ လော့ဝူရွှမ်ဖြစ်စေ နှစ်ယောက်စလုံး ချင်မူ၏ လွှမ်းမိုးခြင်း ခံထားရပေသည်။
သို့သော် နှစ်ယောက်စလုံးသည် ကိုယ့်လမ်းကိုယ် ဖောက်ထားကြပြီဖြစ်သည်။ မတူညီသော အကျင့်စရိုက်၊ မတူညီသော အခြေအနေများမှတစ်ဆင့် သူတို့နှစ်ယောက်သည် သက်ဆိုင်ရာလမ်းတွင် အောင်မြင်မှုအသီးသီး ရရှိခဲ့ကြချေပြီ။
စာပေသမားက မြည်းပေါ်တွင် ဇိမ်နှင့် ထိုင်နေသည်။ “အံမယ် ဒီတစ်ခါတော့ နှိမ့်ချသွားသားပဲ... ဒီကမ္ဘာပေါ်မှာ ဓားသိုင်းကျင့်ကြံတဲ့လူတွေ အများကြီးရှိတယ်... သူတို့အရေအတွက်က ဓားမသိုင်းကျင့်တဲ့ လူတွေထက်တောင် များတယ်... အဲဒီလိုပဲ အောင်မြင်ကျော်ကြားကြတဲ့ ဓားသမားတွေလည်း တစ်ပုံကြီးပဲ... လမ်းစဉ်အဆင့် ဝင်ရောက်သွားတဲ့ ပမာဏကလည်း မနည်းဘူး...
“အဝေးကို မကြည့်နဲ့... အနီးနားက ထာဝရငြိမ်းချမ်းရေအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလို၊ ဓားနတ်ဘုရား စုမူကျဲလို ဓားသိုင်းသမားတွေကိုပဲ ကြည့်... ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုတည်းမှာတင် ဓားလမ်းစဉ်ရဲ့ ထောက်တိုင်ကြီးနှစ်တိုင် ရှိနေပြီ... ခိုင်ဧကရာဇ်ခေတ်တုန်းကလည်း ဓားလမ်းစဉ်မှာ ထူးချွန်ပေါက်မြောက်ခဲ့တဲ့လူတွေ မရေမတွက်နိုင်အောင် ရှိတယ်... မင်းရဲ့ ဓားသိုင်းက အမှန်တကယ် အဆင့်တောင် မဝင်လောက်ပါဘူး”
ချင်မူက နဂါးချီလင်၏ ခေါင်းပေါ်တွင် ထိုင်နေပြီး အေးအေးဆေးဆေး ပြောနေသည်။ “နောင်ကြီး၊ ကျွန်တော့်ဓားလမ်းစဉ်က သူများတွေလောက် မကောင်းလောက်ဘူးလို့ ပြောခဲ့ပေမယ့် ကျွန်တော့်ဓားသိုင်းနဲ့ ပတ်သက်ပြီး ဘာမှမပြောရသေးပါဘူး... ဓားသိုင်းမှာ ကျွန်တော် နံပါတ်နှစ်လို့ ပြောလိုက်ရင် ဘယ်သူမှ နံပါတ်တစ်လို့ မပြောဝံ့ဘူး”
သူက ပြုံးသည်ဆိုရုံ ပြုံးလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်တစ်သန်းကို ပြန်ကြည့်ရင် ဓားလမ်းစဉ်မှာ ကျွန်တော့်ထက် သာတဲ့လူတွေ မရေမတွက်နိုင်အောင် ရှိပေမယ့် ဓားသိုင်းမှာတော့ ကျွန်တော်က ထိပ်ဆုံးပဲ... နောင်တစ်ချိန်ကျ ကျွန်တော့်ထက် သာတဲ့လူတစ်ယောက်ယောက် ပေါ်လာနိုင်ပေမယ့် အတိတ်နှစ်တစ်သန်းမှာတော့ ဘယ်သူမှ မရှိခဲ့ဘူး”
စာပေသမား ဆွံ့အနေစဉ် သူ့အောက်ရှိ မြည်းက ထရယ်သည်။ “ဟီးဟီးဟီး”
စာပေသမားက ငါးမျှားတံကို နှိမ့်ပေးလိုက်ကာ မြည်းအား ခါကျက်ဥတစ်ကိုက် ကိုက်စေလိုက်သည်။ သူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ခိုင်ဧကရာဇ်တောင် မသာဘူးလား”
မြည်း တစ်ကိုက်ကိုက်လိုက်သည့်အခါ ခါကျက်ဥမှာ ပြဲပြဲလန်အောင် အော်ဟစ်လိုက်သည်။ နောက်တခဏတွင် အကိုက်ခံလိုက်ရသည့်အပိုင်းက အလိုလို ပြန်ပြည့်သွား၏။ သို့သော် ခါကျက်ဥက အာခေါင်ခြစ်၍ အော်နေဆဲပင်။
“ဒီခါကျက်ဥမှာ အသိစိတ်ရှိနေတယ်ဟ”
ရေချီလင်မှာ အံ့အားသင့်သွားပြီး အနီးကပ်ကြည့်ရန် ရှေ့တိုးသွားသည်။ ရုတ်တရက် ထိုခါကျက်ဥတွင် လက်များ ပေါက်လာပြီး ရေချီလင်၏နှာခေါင်းတည့်တည့်သို့ ထိုးချလိုက်၏။ သူ့နှာခေါင်းမှ သွေးများ တရစပ် စီးကျလာတော့သည်။
“ခါကျက်ဥမှာ အသက်ရှိနေတယ်” ရေချီလင် အော်ဟစ်လိုက်မိသည်။
“ဘာလာကြည့်တာလဲ”
ခါကျက်ဥက ဒေါနှင့်မောနှင့် ရန်တွေ့သည်။ “မင်းလည်း အကိုက်ခံလိုက်ရတော့ အော်တယ်မလား... ငါက ခါကျက်ဥမဟုတ်ဘူး ဂျင်ဆင်းကွ”
သူက ငါးမျှားကြိုးဆီမှ ရုန်းထွက်ရင်း အော်ဟစ်နေသည်။ “ငါ့ကို လွှတ်ပေး... ငါ့ကို စော်ကားတဲ့ ဒီငတုံးကို ရိုက်သတ်ပစ်ရမယ်... ဒီခွေးသားလေးရဲ့ မျက်လုံးတွေ သေချာမြင်အောင် ဖွင့်ပေးရမယ်ကွ”
ချင်မူမှာ ခါကျက်ဥကို ကြည့်၍ အံ့ဩနေရင်းမှ အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။ “ခိုင်ဧကရာဇ်တောင် မသာဘူး”
စာပေသမား၏ အကြည့် လှုပ်ခတ်သွားပြီး သူက ပြောလေသည်။ “ငါလည်း ဓားသိုင်း လေ့ကျင့်ဖူးတယ်... အတိတ်ကနေ ယနေ့အထိ ငါ့ထက်သာတဲ့လူ နှစ်ယောက်သုံးယောက်ပဲ ရှိတယ်... ငါ့ဓားသိုင်း လမ်းစဉ်အဆင့် ဝင်ရောက်သွားတုန်းက ငါ ဓားလမ်းစဉ် ဆယ့်ခြောက်ခန်းအထိ တီထွင်နိုင်ခဲ့တယ်... ဓားသိုင်းမှာလည်း ငါ့အစွမ်းအစတွေက မနိမ့်ကျဘူး... ဒါကြောင့် နှစ်တစ်သန်းတိုင်တိုင် ဓားသိုင်းမှာ နံပါတ်တစ်ဆိုတဲ့ လူနဲ့ တစ်ပွဲလောက် နွဲချင်မိပါတယ်”
သူက ယပ်တောင်နှင့် ငါးမျှားတံကို ချလိုက်သဖြင့် ခါကျက်ဥသည် မြည်း၏ခေါင်းပေါ်တွင် ရပ်နေ၏။ ငါးမျှားကြိုးက သူ့ကို ရစ်ပတ်ထားပြီး သူက မြည်း၏ခေါင်းပေါ်၌ ခုန်ပေါက်သွားလာနေလေသည်။ သူက လက်သီးလက်မောင်း တန်း၍ ရေချီလင်ကို စိန်ခေါ်နေသည်။ “လာစမ်း”
စာပေသမားက ပြောသည်။ “မင်းနဲ့ငါ ချီစွမ်းအင်ကို ဓားအဖြစ် အသုံးပြုပြီး သိုင်းကွက်ချင်း ဖလှယ်ကြမယ်... မပူနဲ့ ငါကျင့်စဉ်စွမ်းအင်နဲ့ရော၊ ဓားလမ်းစဉ်နဲ့ပါ မင်းကို ဖိအားမပေးပါဘူး”
ချင်မူ ခေါင်းယမ်းကာ ပြောလိုက်၏။ “မြည်းရဲ့ ခေါင်းပေါ်မှာ နောင်ကြီး ထုတ်လွှတ်နိုင်တာမှန်သမျှ ထုတ်လွှတ်နိုင်ပါတယ်... ကျွန်တော် နောင်ကြီးကို အနိုင်မကျင့်ချင်ဘူး”
“ဓားတစ်လက်ကို ခါးမှာချိတ်၊ ကဗျာတွေ ဖွဲ့ဆို၊ လူတွေသတ်ရင်း မြည်းတစ်ကောင်နဲ့ သွားလာနေတဲ့ စာပေသမားတစ်ယောက်ကို မြင်ရတာ မထူးဆန်းပါဘူး... ဒါပေမဲ့ မင်းလည်း နဂါးချီလင်ရဲ့ ခေါင်းပေါ်မှာဆိုတော့ စိတ်တိုင်းမကျ မထုတ်လွှတ်နိုင်ပါဘူး”
စာပေသမားသည် အပြုံးတစ်ခုဖြင့် ပြော၏။ “ငါ ပထမဆုံးဓားကွက် ထုတ်လွှတ်လိုက်တာနဲ့ မင်း နဂါးချီလင်ရဲ့ ခေါင်းပေါ်ကနေ ခုန်ဆင်းရလိမ့်မယ်... ဒုတိယဓားကွက်က မင်းကို ဒီကနေ ဆယ်မိုင်အထိ ဆုတ်သွေားစေလိမ့်မယ်... တတိယဓားကွက်ကြောင့် မင်း မိုင်တစ်ရာဝေးကွာသွားမယ်... စတုတ္ထဓားကွက်နဲ့ဆို မင်း မိုင်တစ်ထောင်အကွာမှာ ပုန်းနေရလိမ့်မယ်”
ချင်မူက အပြုံးမဟုတ်သော အပြုံးဖြင့် စာပေသမားဆီသို့ ကြည့်လိုက်သည်။ “စ ,ပါ”
ချီစွမ်းအင်က စာပေသမား၏ခန္ဓာကိုယ်ကို လှည့်ပတ်လျက် ဓားဝင်္ကပါတစ်ခုကို ဖွဲ့တည်လိုက်သည်။ မရေမတွက်နိုင်သော ဓားများသည် မိုးပေါက်များသဖွယ် ပျံဝဲနေပြီး ဓားရောင်များအကြား၌ တောင်တန်းများကိုလည်း ခပ်ရေးရေးမျှ မြင်နေရသည်။
သူ၏ဓားကွက်သည် အနုစိတ်ပြီး ရွာလူကြီး၏ ဓားပန်းချီနှင့် ဆင်၏။ သို့သော် သဘောတရားချင်း မတူညီပေ။
ချင်မူက လက်ကို မြှောက်၍ ခပ်ဆတ်ဆတ်တစ်ချက် ပုတ်လိုက်သည်။ ဓားရောင်တစ်ချက်သည် လေကို ခွင်း၍ စာပေသမား၏ မိုးပေါက်များနှင့် တောင်တန်းများအထဲသို့ စိုက်ဝင်သွား၏။
ထိုဓားရောင်သည် သူ၏ကပ်ဘေးဓားမှ ဒုတိယဓားကွက်အပြင် တခြားမဟုတ်ပေ။ ဓားရောင်က တဖျတ်ဖျတ် လင်းလက်လျက် မိုးပေါက်များနှင့် တောင်တန်းများအကြား ဖောက်ထွက်သွားသည်။ စာပေသမား၏ မရေမတွက်နိုင်သော ဓားရောင်များမှာ သူ၏ဓားရောင်ကို မတားနိုင်လိုက်ပေ။
စာပေသမားမှာ အံ့အားသင့်သွားပြီး သူ့ရင်ဘတ်တည့်တည့်သို့ ဓားရောင်ဝင်လာမှန်း မြင်လိုက်သည်နှင့် မြည်း၏ကျောပေါ်မှ အလျင်အမြန် ခုန်ချလိုက်သည်။
ဓားရောင်သည် အရိပ်သဖွယ် သူ့နောက်မှ လိုက်လာ၏။
စာပေသမား ဒုတိယဓားကွက်ကို ကပျာကယာ ထုတ်ဖော်လိုက်သည့်အခါ ဓားရောင်များက ရေလှိုင်းသဖွယ် ဖြာဆင်းသွားသည်။ ဓားရောင်တို့သည် ပြာလဲ့နေသော ပင်လယ်၊ ကြယ်လင်နေသော ကောင်းကင်ပမာ မိုင်တစ်ထောင်အထိ ဖြာထွက်လျက် ဓားရောင်လေးတစ်ခုအား လွှမ်းခြုံသွားကြသော်လည်း ဤဓားရောင်ကို မဟန့်တားနိုင်သေးပေ။
စာပေသမား လျင်မြန်စွာ နောက်ဆုတ်သွားပြီး သူ့ခန္ဓာကိုယ်သည် ပျံဝဲနေသော လိပ်ပြာလို၊ တောရိုင်းထဲ၌ ပြေးနေသော ယုန်တစ်ကောင်လို ရွေ့လျားနေ၏။ သို့တိုင်အောင် ဓားရောင်က သူ့နောက်မှ အနီးကပ် လိုက်ပါနေဆဲပင်။ သူ မရှောင်နိုင်တော့ပေ။
စာပေသမား၏ တတိယဓားကွက် ထွက်ပေါ်လာသော်လည်း ဤဓားရောင်အား တားနိုင်ခြင်းမရှိသေး။ သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ မိုင်တစ်ရာအကွာသို့ ဆုတ်ခွာလာခဲ့ပြီးကြောင်း သတိထားမိလိုက်သည်။
သူက ဆက်တိုက်နောက်ဆုတ်သွားပြီး စတုတ္ထုဓားကွက်နောက်မှ ပဉ္စမ၊ ဆဋ္ဌမနှင့် သတ္တမဓားကွက်များ လိုက်ပါသွားသည်။ ဓားကွက်တိုင်းသည် အတိုင်းထက်အလွန် အနုစိတ်သည့်အပြင် အခြားသူများ လိုက်မီမည်မဟုတ်သည့် အပြောင်းအလဲများ ပြည့်နှက်နေ၏။
မျက်စိတစ်မှိတ်အတွင်း သူကား မိုင်တစ်ထောင်အကွာသို့ ရောက်လာခဲ့ချေပြီ။ သူ၏ဓားကွက်အပြောင်းအလဲများလည်း အရှိန်သေသွားပြီဖြစ်၍ ထပ်မံမထုတ်ဖော်နိုင်တော့ပေ။
ချင်မူ့ဆီမှ ဓားရောင်က သူ့ရင်ဘတ်ဆီသို့ ပြေးဝင်လာသည်။ သူ့ရင်ဘတ်မှ အလင်းရောင်တစ်ရောင် ဖြာထွက်လာကာ ဓားရောင်ကို တားလိုက်သဖြင့် ချွင်ခနဲ မြည်သံတစ်ချက် ထွက်ပေါ်သွားသည်။
စာပေသမားမှာ ထိတ်လန့်နေဆဲဖြစ်ပြီး နဖူးမှ ချွေးများကို သုတ်လိုက်ရသည်။ သူ ခပ်သွက်သွက် ပြန်လာသည့်အခါ ချင်မူက နဂါးချီလင်၏ ခေါင်းပေါ်တွင် ထိုင်၍ ဤဓားကွက်၏သဘောတရားကို ကောင်းကင်နတ်အရှင်ယွီထံ ရှင်းပြနေကြောင်း မြင်လိုက်ရ၏။
“ဒီဓားကွက်ကို ကပ်ဘေးပင့်မြှောက်ဓားလို့ ခေါ်သလို၊ ဓားဆယ့်ကိုးလို့လည်း ခေါ်တယ်... ဒါက အခြေခံဓားချက်တွေထဲက ဆယ့်ကိုးချက်မြောက် ဓားကွက်ပဲ”
ချင်မူက အေးအေးလူလူ ရှင်းပြနေသည်။ “ဓားဆယ့်ကိုးက ရှုပ်ထွေးလွန်းတယ်... ကောင်းကင်နတ်သိုင်းပညာရှင်တွေအနေနဲ့ ဒီဓားကွက် တတ်မြောက်သွားရင် ဓားသိုင်းနဲ့ လမ်းစဉ်အဆင့်တောင် တန်းတက်နိုင်လိမ့်မယ်... ငါ အနောက်ကမ္ဘာမြေရဲ့ ဓားဆရာသခင် လော့ယင်ယွီနဲ့ ဆုံခဲ့တုန်းက နှစ်ယောက်သား ဆယ့်ကိုးချက်မြောက် ဓားချက်ရှိနေသေးမှန်း ခံစားခဲ့ရလို့ ဘယ်သူအရင်ဖန်တီးနိုင်မလဲ ပြိုင်ခဲ့သေးတယ်... ကြည့်ရတာ ငါ နိုင်သွားပြီထင်တယ်”
စာပေသမားက မြည်း၏ကျောပေါ်၌ ထိုင်၍ စိတ်ပျက်အားလျော့စွာ ပြောလိုက်သည်။ “မင်း နိုင်သွားပြီ... မင့်ဓားသိုင်းက တကယ် နံပါတ်တစ်ပဲ... ငါ အရင်တုန်းက ခိုင်ဧကရာဇ်ရဲ့ ဓားသိုင်းကို မြင်ခဲ့ဖူးပေမယ့် မင့်လောက် အဆင့်မမြင့်ဘူး... ကပ်ဘေးပင့်မြှောက်ဓားက ဘယ်လိုသဘောတရားမျိုးလဲ”
ချင်မူ ရှင်းပြလိုက်သည်။ “လောကကြီးထဲက သက်ရှိသတ္တဝါတွေဟာ ကပ်ဘေးတွေကို ရင်ဆိုင်ကြရတယ်... ကပ်ဘေးတွေနဲ့ ရင်ဆိုင်တဲ့အခါ အပေးနဲ့ အယူ လုပ်ရတယ်... ကပ်ဘေးပင့်မြှောက်ဓားက အရင်ဆုံး ပေးလိုက်ပြီးမှ ယူတာ... ကျွန်တော့်ဓားရောင် တစ်လှမ်းတိုးလိုက်တိုင်း ပေးနေတာမျိုးပဲ... နောင်ကြီး ကျွန်တော့်ဓားရောင်ကို မဖယ်ရှားနိုင်ခဲ့တဲ့ အကြောင်းရင်းက ကျွန်တော်က အရင်ဆုံး ပေးထားပြီးမှ ယူလို့... နောင်ကြီးအနေနဲ့ မပေးရင် ကျွန်တော့်ကပ်ဘေးပင့်မြှောက်ဓားကြောင့် အသတ်ခံရလိမ့်မယ်”
စာပေသမားနှင့် ကောင်းကင်နတ်အရှင်ယွီမှာ တွေးနေပုံရသည်။ ကောင်းကင်နတ်အရှင်ယွီလည်း ရွာလူကြီးဆီမှ အခြေခံဓားချက်များကို လေ့လာထားသော်လည်း သူ့အခြေခံက မတည်ငြိမ်သေးပေ။ မှော်စွမ်းအင်လည်း မသိပ်သည်းသေးသောကြောင့် ဓားဆယ့်ရှစ်နှင့် ဓားဆယ့်ကိုးတို့ကို မသင်ယူနိုင်သေးပေ။
စာပေသမား၏ မျက်လုံးများ အရောင်တောက်သွားပြီး သူက အပြုံးတစ်ခုဖြင့် မေးလေသည်။ “ငါ ပေးလိုက်ရင်ရော ... မင့်ရဲ့ ဓားဆယ့်ကိုးကို ဖြိုခွင်းနိုင်မှာလား”
“မင်း ဘယ်လောက်ပေးနိုင်လဲ”
ချင်မူက ချီစွမ်းအင်ကို သုံး၍ တဖျပ်ဖျပ် လင်းလက်နေသော ဓားပျံများ ဖွဲ့တည်လိုက်သည်။
စာပေသမား၏ ဆံပင်မွှေးများ ထောင်သွားပြီး သူ့နဖူးမှ ချွေးပေါက်များ ကျလာတော့သည်။ စောစောက ချင်မူသည် ဓားတစ်လက်တည်းဖြင့် သူ့ကို မိုင်တစ်ထောင်အကွာသို့ တွန်းထုတ်နိုင်ခဲ့၏။ ယခုတွင် ကပ်ဘေးပင့်မြှောက်ဓား တစ်ထောင်ကျော်နေရာ ကပ်ဘေးပင့်မြှောက်ခြင်းကို ချိုးဖျက်ဖို့ ဒဏ်ရာအရခံလိုက်သည်လောက် မရိုးရှင်းတော့ပေ။ သူ့ကိုယ်သူ သေမင်းခံတွင်းဝထဲ ပို့လိုက်သကဲ့သို့သာ ဖြစ်လိမ့်မည်။
ချင်မူက ဓားရောင်ကို ဖယ်ရှားကာ ပြောသည်။ “ဆယ့်ကိုးဓားက လမ်းစဉ်အဆင့် ဝင်ရောက်သွားတဲ့ ဓားကွက်ပါ... စောစောက ကျွန်တော် ထုတ်လွှတ်နိုင်တဲ့ ကပ်ဘေးပင့်မြှောက်ဓားမှာ ကပ်ဘေးတွေနဲ့ အပြောင်းအလဲတွေ ကိန်းအောင်းနေတယ်... ဒါပေမဲ့ ဆယ့်ကိုးဓားကို ကျင့်ကြံဖို့ အင်မတန် ခက်တယ်... ကျင့်ကြံနိုင်သွားရင်တော့ ဓားလမ်းစဉ်ထဲ တန်းဝင်သွားလိမ့်မယ်”
စာပေသမားသည် ငါးမျှားတံကို မြှောက်လိုက်၍ ရေချီလင်ကို ထုရိုက်နေသော ခါကျက်ဥလည်း မြောက်တက်သွားသည်။ သူက ခါကျက်ဥကို မြည်း၏အရှေ့သို့ ချလိုက်ကာ ခေါင်းညိတ်လိုက်၏။ “ဆယ့်ကိုးဓားက အင်မတန် ကြောက်စရာကောင်းတာ မှန်ပေမယ့် နှစ်တစ်သန်းလုံးမှာ နံပါတ်တစ်ဆိုတော့ မင်း နည်းနည်း ဘဝင်မြင့်လွန်းရာမကျဘူးလား”
“ကျွန်တော် သိပ်လေးစားတဲ့ လူတစ်ယောက်အတွက် ကလဲ့စားချေဖို့ ဒီဓားကွက်နဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ အချုပ်အနှောင်တွေကနေ ရုန်းထွက်ခဲ့ဖူးတယ်.... ကျွန်တော့်ရန်သူလည်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်”
ချင်မူ ကောင်းကင်နတ်အရှင်ယွီဆီသို့ တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “ရှေးဟောင်းနတ်ဘုရားက ပုံရိပ်ပဲ လွှတ်လိုက်တာဆိုပေမယ့် သူ့အစွမ်းအစတွေက တော်ရုံမဟုတ်ဘူး... သူက နတ်ကောင်းကင်ခန်းမအဆင့်နဲ့ ညီမျှပေမယ့် သူတောင်မှ ကပ်ဘေးပင့်မြှောက်ဓားကို မဖိနှိပ်နိုင်ခဲ့ဘူး”
ကောင်းကင်နတ်အရှင်ယွီမှာ ချင်မူ လေးစားသည့်လူက သူမှန်း မသိပေ။
စာပေသမားက သူ့ကို အာရုံမရှိဘဲ အပြုံးတစ်ခုဖြင့် ပြော၏။ “ရှေးဟောင်းနတ်ဘုရားရဲ့ ပုံရိပ်တဲ့လား... အဲဒါက ဘယ်လောက်သန်မာနိုင်မှာမလို့လဲ... နတ်ကောင်းကင်ခန်းမအဆင့်နည်းတူ သန်မာအားကောင်းတယ်ဆိုတာက အပိုပြောရာရောက်တယ်... မင့်ဓားသိုင်းက နှစ်တစ်သန်းလုံးမှာ နံပါတ်တစ်မဟုတ်သေးဘူး”
ချင်မူ ပြုံးရုံသာ ပြုံး၍ သူနှင့် စကားနိုင်လုမနေတော့ပေ။
အံ့ဩတုန်လှုပ်ဖွယ်ကောင်းလွန်းသည့်အတွက် သူ ထုတ်ပြောလိုက်လျှင် တစ်ဖက်လူ ယုံမည်မဟုတ်ပေ။ သို့သော် နျိုစန်းသွောနှင့် ခိုင်ဧကရာဇ်ကတော့ သူ မလိမ်မှန်း သိကြလိမ့်မည်။
သူတို့ ဓားနတ်ဘုရားပိုင်ချွီအာနှင့် ဓားမနတ်ဘုရားလော့ဝူရွှမ်တို့ တိုက်ခိုက်ခဲ့သော နေရာသို့ ရောက်လာကြသည်။ ဤနေရာတွင် နဂါးသွဲ့ပင်လယ်တစ်စင်း ရှိနေပြီး ပင်လယ်ရေပြင်ထက်၌ ဓားမရောင်များသည် နဂါးသွဲ့တံတိုင်းများပမာ ဖွဲ့တည်နေကာ ဓားရောင်များကလည်း ထောင်မတ်နေကြ၏။
လေပြေတစ်ချက် ဖြတ်တိုက်သွားသည့်အခါ ရုတ်ခြည်းဆိုသလို အလင်းအမှောင်များ ကူးလူးဖြတ်ပြေးသွားသည်။ ဓားမသိုင်းကွက်များနှင့် ဓားသိုင်းကွက်များကား ဆက်လက်တိုက်ခိုက်နေကြလေသည်။
သို့သော် ပိုင်ချွီအာနှင့် လော့ဝူရွှမ်ကတော့ ဤနေရာတွင် မရှိတော့ပေ။
နဂါးသွဲ့ပင်လယ်ထက်တွင် လူငယ်မျိုးဆက်များနှင့်အတူ ဤနေရာကို ဖြတ်သွားရန် ကြိုးစားနေကြသော မိစ္ဆာနတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းများ ရှိကြသည်။ အားလုံးက အဆင့်မြင့်သိုင်းပညာရှင်နှစ်ယောက် ချန်ရစ်ခဲ့သည့် ဓားမရောင်များနှင့် ဓားရောင်များကို မထိမိအောင် အလွန်ဂရုစိုက်နေကြ၏။
ပင်လယ်ရေပြင်ထက်တွင် ဓားမများနှင့် ဓားများက အတားအဆီးအစီအရင်များသဖွယ် ဖြစ်နေသည်။ တစ်ချက်တစ်ချက် တိတ်ဆိတ်နေတတ်ပြီး တစ်ချက်တစ်ချက်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအားဖြင့် ပေါက်ကွဲတတ်လေသည်။
“ကောင်းကင်ဓားမလော့နဲ့ ချုံဧကရာဇ် ဓားနတ်ဘုရားတို့မှာ ရန်ကြွေးရှိကြတယ်... နှစ်ယောက်သား တိုက်ခိုက်နေကြတာ အကြိမ်ပေါင်း မရေမတွက်နိုင်တော့ဘူး”
စာပေသမားသည် မြည်းကို နဂါးသွဲ့ပင်လယ်ထဲသို့ စီးသွားရင်း ချင်မူ့ထံ ပြောနေသည်။ “တစ်ခါတုန်းက လော့ဝူရွှမ်က ချုံဧကရာဇ်ရဲ့ လက်ကျန်ပြည်သူတွေနောက် လိုက်ဖမ်းခဲ့ဖူးတယ်... သူ့ကို တားခဲ့တဲ့လူက ချုံဧကရာဇ်ဓားနတ်ဘုရားပဲ... ခိုင်ဧကရာဇ်ခေတ် ရောက်လာတော့လည်း သူတို့ တိုက်ခိုက်နေကြသေးတယ်... အပြင်လူတွေကတော့ ဒီအကြောင်း မသိကြဘူး”
ကောင်းကင်နတ်အရှင်ယွီက စပ်စပ်စုစု မေးလေသည်။ “ချုံဧကရာဇ် လောကသခင်ခန္ဓာကရော... ဘာလို့ ပြန်မပေါ်လာတာလဲ”
စာပေသမားသည် ငေးငိုင်သွားပြီး ခေါင်းယမ်းလိုက်၏။ “ချုံဧကရာဇ် လောကသခင်ခန္ဓာက သေရေးရှင်ရေး အခြေအနေမှာပဲ ပေါ်လာတာ.... အဲဒီနောက်ပိုင်း သတင်းအစအန ရှာမရအောင် ပျောက်သွားတယ်... ကပ်ဘေးထဲမှာ သေဆုံးသွားတာပဲ ဖြစ်ဖို့များပါတယ်... ချုံဧကရာဇ်လောကသခင်ခန္ဓာအကြောင်း သိတဲ့လူက များများစားစား မရှိဘူး... ငါလည်း ကောလဟလတွေပဲ ကြားဖူးတာ... ပထမလူသားဧကရာဇ်နဲ့ ဓားနတ်ဘုရားစုလည်း ချုံဧကရာဇ်လောကသခင်ခန္ဓာအကြောင်း ရှာဖို့ ရှေးဟောင်းမြို့ပျက်ဆီ သွားခဲ့ဖူးပေမယ့် ဘာမှမသိခဲ့ရဘူး... ရှေးဟောင်းကျောက်ပြားတစ်ချပ်ပဲ ရှာတွေ့ခဲ့တယ်တဲ့လေ... ဒါက နဂါးသွဲ့ပင်လယ်ဆိုတော့ နတ်ဘုရားစီရင်ရာစင်မြင့်က အရှေ့မှာ ရှိလိမ့်မယ်... ငါတို့ ဂရုစိုက်ဖို့ လိုတယ်...”
ချင်မူ ရင်ထဲတွင် လှုပ်ခတ်လာ၍ မေးလိုက်မိသည်။ “နောင်ကြီး၊ ချုံဧကရာဇ်ခေတ်တုန်းက ကောင်းကင်နတ်ဘုံနှစ်ဘုံထဲမှာ ဘယ်ကောင်းကင်နတ်ဘုံက ဒီကောင်းကင်ကောင်းကင်နတ်ဘုံနဲ့ ပတ်သက်နေတာလဲ သိလား”
၎
င
၎
၎