← Chapters

မူလအစ

Vol. 59 Ch. 780

မူလအစ

Vol. 59 Ch. 780

“ချုံဧကရာဇ်ခေတ်အကြောင်းသာ သိနေရင် ငါ လာခဲ့ပါ့မလား”

စာပေသမားက ငါးမျှားတံကို မြှောက်၍ မြည်းကို စနေရင်း သက်ပြင်းချသည်။ “ချုံဧကရာဇ်ခေတ် ဖယ်ရှားခံလိုက်ရတုန်းက ကမ္ဘာဦးဘုံ ပျောက်ကွယ်သွားပြီး ချုံဧကရာဇ်မဟာမြို့ပျက်ပဲ ကျန်ခဲ့တယ်... ငါလည်း ချုံဧကရာဇ်ခေတ်ရဲ့ လျှို့ဝှက်ချက်တွေကို ရှာခဲ့သေးမယ်... ဒါပေမယ့် ရှာမရခဲ့ဘူး... ချုံဧကရာဇ်ဓားနတ်ဘုရားလည်း အဲဒီအချိန်တုန်းက ငယ်ငယ်လေးပဲ ရှိသေးတာဆို‌တော့ ချုံဧကရာဇ်ခေတ်အကြောင်း နှိုက်နှိုက်ချွတ်ချွတ် မသိဘူး... တစ်ခါတုန်းကတော့ ချုံဧကရာဇ်ခေတ်ရဲ့ လက်ကျန်ပြည်သူတွေနဲ့ တွေ့ခဲ့သေးတယ်... သူတို့လည်း သဲသဲကွဲကွဲ မသိကြဘူး... ဒီတစ်ခေါက် အမိကမ္ဘာမြေ ပြန်ပေါ်လာပြီဆိုတော့ ငါ လျှို့ဝှက်ချက်တွေ တူးဖော်ဖို့ ထွက်လာခဲ့တာပဲ”

သူတို့စကားပြောနေကြစဉ် ပင်လယ်မျက်နှာပြင်ထက်ရှိ မြူခိုးများသည် သိပ်သည်းထူပိန်းလာကြပြီး နဂါးသွဲ့ပင်လယ်တစ်ပြင်လုံး ခြုံလွှမ်းသွားသည်။ အရှေ့မှ အော်သံတစ်ချက် ကြားလိုက်ရ၏။ “ဒါက အမိကမ္ဘာမြေ သေဆုံးသွားတဲ့နေရာ... မြူခိုးတွေ သိပ်သည်းလာနေတာ မသင်္ကာစရာကောင်းတယ်... အားလုံး သတိထားကြ”

အသံက မလှမ်းမကမ်းမှ ထွက်လာကာ အခြားကမ္ဘာလောကများမှ ဤနေရာသို့ ရောက်လာကြသည့် နတ်ဘုရားများ ဖြစ်ဟန်တူသည်။

ဤအချိန်တွင် သူတို့အရှေ့ မြူထဲ၌ မည်းမည်းအရိပ်ကြီးတစ်ခု ယမ်းခါလူးလွန့်နေသည်ကို ချင်မူ လှမ်းမြင်လိုက်ရသည်။ အရှေ့မှ တအံ့တဩ အော်ဟစ်သံများ၊ ဒေါသတကြီး ဟိန်းဟောက်သံများ ဆူညံသွားသည်။ အသံများ၏အနောက်မှ ကြောက်မက်ဖွယ်ရာ ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များ အနီးကပ်လိုက်ပါလာသဖြင့် ပင်လယ်ပြင်ထက်ရှိ ဓားမရောင်များ၊ ဓားရောင်များ ပေါက်ကွဲကုန်‌တော့သည်။

နဂါးချီလင်နှင့် ရေချီလင်မှာ စိုးရိမ်ထိတ်လန့်လာကြသည်။ ရေချီလင် ချီလင်ပုတီးစေ့တစ်လုံး ထွေးထုတ်လိုက်သည့်အခါ ပတ်ပတ်လည်ရှိ ပင်လယ်ရေများ ‌မြောက်တက်လာပြီး ဒိုင်းအသွင်ဖွဲ့၍ နတ်ဘုရားတို့၏ ကောင်းကင်နတ်သိုင်းလှိုင်းများအား ကာဆီးလိုက်၏။

အခြားတစ်ဖက်တွင် နဂါးချီလင်က ပုတီးစေ့နှစ်လုံး ထွေးထုတ်သည်။ တစ်လုံးက မီးချီလင်ပုတီးစေ့ ဖြစ်ကာ နောက်တစ်လုံးက နဂါးပုတီးစေ့ ဖြစ်လေသည်။

ရေချီလင်က နဂါးချီလင်ဆီသို့ တစ်ချက်ကြည့်ရင်း သူ့ဘာသာသူ တွေးလိုက်၏။ ‘ဒီကောင့်ရဲ့ သွေးက ငါ့လောက် မျိုးမစစ်ဘူး... သူ့အစွမ်းအစတွေက ငါ့အောက် နိမ့်ကျမှာပဲ’

သူ ထိုသို့တွေးနေစဉ် နဂါးချီလင်၏ ပုတီးစေ့နှစ်စေ့အတွင်း၌ စုဝေးနေသော ချီ၊ သွေးနှင့် မှော်စွမ်းအင်တို့က အပြင်းအထန် အုံကြွလာသည်။ ပုတီးစေ့နှစ်စေ့သည် သုံးကိုက်မျှ ကျယ်ဝန်းလာပြီး မရေမတွက်နိုင်သော ကောင်းကင်အလင်းတန်းများ ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ရှိ အားလှိုင်းများကို ရေခဲရိုက်ပစ်လိုက်သည်။

ရေချီလင် မှင်သက်သွားတော့သည်။

ဓားရောင်များနှင့် ဓားမရောင်တို့သည် လော့ဝူရွှမ်နှင့် ပိုင်ချွီအာတို့၏ ကောင်းကင်နတ်သိုင်းများဆီမှ အကြွင်းအကျန်များ ဖြစ်ကြ၏။ အရှေ့ရှိ လူများဆီမှ ‌ကောင်းကင်နတ်သိုင်းလှိုင်းဂယက်တို့နှင့် ထိတိုက်သွားသည့်အခါ ပင်လယ်ရေပြင်တွင် လှိုင်းလုံးကြီးများ ဒေါသူပုန်ထသွားတော့သည်။

လေနှင့်လှိုင်းများ ငြိမ်သက်သွားသည့်အချိန်တွင် အရှေ့မှ မည်သည့်အသံမှ မကြားရတော့ပေ။

ချင်မူတို့ သတိထားအနေအထားဖြင့် ဆက်လျှောက်သွားကြရင်း များစွာမကြာလိုက်ဘဲ ပင်လယ်ပြင်ထက်၌ အလျားလိုက် မျောနေသော တိုင်လုံးတစ်လုံးကို မြင်တွေ့ရသည်။ တိုင်လုံး၏အပေါ်တွင် ထူးဆန်းသော အပြုံးများဖြင့် သူတို့ကို ကြည့်၍ မတ်တပ်ရပ်နေကြသော နတ်ဘုရားများ၊ မိစ္ဆာများ ရှိနေသည်။ သူတို့က ပြင်းထန်အားကောင်းသည့် နတ်တန်ခိုး၊ မိစ္ဆာတန်ခိုးတို့ ဖြန့်ကျက်လျက် ထွားထွားကြိုင်းကြိုင်း ခန္ဓာကိုယ်ကြီးများ ပိုင်ဆိုင်ထားကြ၏။

ရွေ့လျားနေသော မြူခိုးများကြောင့် သူတို့၏ခန္ဓာကိုယ်များမှာ မှုန်မှုန်ဝါးဝါး ဖြစ်နေကြလေသည်။

ပင်လယ်ပြင်ထက်တွင်မူ အစုလိုက်ဖွဲ့ထားပြီး ပင်လယ်ပြင်ထက်၌ မျောနေသည့် တိုင်လုံးကြီးဆီသို့ ကြည့်နေကြသော နတ်ဘုရားများနှင့် မိစ္ဆာများ ရှိကြသည်။

ချင်မူမှာ တိုင်လုံးပေါ်၌ ရပ်နေကြသူများ၏ ထူးထူးဆန်ဆန်း အပြုံးကြီးများကြောင့် ကြက်သီးမွေးညင်း ထသွား၍ နဂါးချီလင်ကို ရပ်ခိုင်းလိုက်သည်။ သူတို့က ပြုံးနေကြသော်လည်း မျက်နှာအမူအရာများက အသက်မပါသကဲ့သို့ တောင့်တောင့်ကြီး ဖြစ်နေသည်။

“သူတို့ ဘာလို့ပြုံးနေကြတာလဲ” ကောင်းကင်နတ်အရှင်ယွီက သိချင်စိတ်ဖြင့် စပ်စုသည်။

သူ့အသံ ထွက်လာသည့်အချိန်မှာပဲ တိုင်လုံးပေါ်ရှိ နတ်ဘုရားများ၊ မိစ္ဆာနတ်ဆိုးများက တိုင်လုံးကြီးနှင့်အတူ လေ‌ပေါ် မြောက်တက်သွားကြပြီး မြူခိုးအတွင်း ပျောက်ကွယ်သွားကြ၏။

“ဟီးဟီးဟီး...”

မြူခိုးထဲမှ နတ်ဘုရား၊ မိစ္ဆာတို့၏ စိတ္တဇရယ်သံများ ထွက်လာသည်။ အသံများက တစ်ချက်တစ်ချက် ဘယ်မှ၊ တစ်ချက်တစ်ချက် ညာမှ ထွက်လာသည်။ တစ်ချက်တစ်ချက် အရှေ့မှ ကြားရပြီး တစ်ချက်တစ်ချက် အနောက်မှ ကြားရသည်။

“ပင်လယ်ထဲမှာ မကောင်းဆိုးဝါးတွေ ရှိနေတယ်... ရန်သူကို တိုက်ခိုက်ဖို့ အားလုံး စည်းစည်းလုံးလုံး နေထားကြ” အုပ်စုဖွဲ့၍ ရပ်နေကြသော နတ်ဘုရားများ၊ မိစ္ဆာများက အော်ပြောနေကြသည်။

ချင်မူ စာပေသမားဆီသို့ ကြည့်လိုက်သည့်အခါ စာပေသမားက ပြောသည်။ “လူများလေ၊ ပစ်မှတ်ထားခံရလေပဲ... မကောင်းဆိုးဝါးတွေ သူတို့ကို သေချာပေါက် တိုက်ခိုက်လိမ့်မယ်... ငါတို့ကတော့ ဒီအခြေအနေကို အခွင့်အကောင်းယူပြီး ထွက်ပြေးနိုင်တယ်”

နတ်ဘုရားများ၊ မိစ္ဆာများမှာ သူ့စကားကို ကြားလျှင် အယုတ္တအနတ္တများ ဆဲဆိုကြသည်။ စာပေသမားက မြည်းကို စီး၍ သူတို့ဘေးမှ အေးအေးလူလူ ဖြတ်သွား၏။

ချင်မူလည်း နဂါးချီလင်နှင့် ‌ရေချီလင်ကို အနီးကပ် လိုက်သွားခိုင်းလိုက်ပြီး နောက်ပြန်လှည့်ကြည့်သည့်အခါ ထိုနတ်ဘုရားများ၊ မိစ္ဆာများ ဆဲဆိုနေကြသေးကြောင်း မြင်လိုက်ရသည်။

ထိုစဉ် မည်းမည်းအရိပ်ကြီးတစ်ခု မြူခိုးကြားမှ ထွက်လာသည်။ ၎င်း ဖြတ်သွားပြီးနောက်တွင် ပင်လယ်ပြင်မှာ ဗလာကျင်းနေချေပြီ။ စောစောက ဆဲဆိုနေခဲ့သော နတ်ဘုရားအားလုံး အစအနပင်မကျန် ပျောက်ကွယ်သွားတော့သည်။

ချင်မူ တုန်လှုပ်သွား၏။ သူက ကောင်းကင်နတ်အရှင်ယွီကို သူနှင့် နီးနီးကပ်ကပ် နေစေ၍ နဂါးချီလင်နှင့် ‌ရေချီလင်ကို မြည်းအနောက်မှ ကပ်လိုက်သွားစေသည်။

ပတ်ဝန်းကျင်မှ တဟီးဟီး ရယ်သံများ ထပ်မံထွက်ပေါ်လာပြီး ဤတစ်ကြိမ်တွင် သူတို့ကို လှည့်ပတ်နေကြသည်။ မြူများလည်း ပိုမိုသိပ်သည်းလာသည်။

ချင်မူ့မျက်ဝန်းထဲတွင် ကောင်းကင်အလင်းရောင် စုဝေးလာပြီး နဂါးငွေ့တန်းတစ်ခုနှင့် ကောင်းကင်ဘုံခုနစ်ဆင့်အသွင် ဖွဲ့တည်သွားသည်။ သူ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်သည့်အခါ အရှေ့၌ မျက်နှာများ ဘွားခနဲ ပေါ်လာ၏။

နဂါးချီလင်မှာ ဤကဲ့သို့အရာများကို အ‌ကြောက်ဆုံးဖြစ်၍ ကြောက်အားလန့်အား အော်ဟစ်မိလုဆဲဆဲ ဖြစ်သွားသည်။ မျက်နှာများက မြူခိုးများအကြား ပျံဝဲလျက် သူတို့ကို လှည့်ပတ်နေကြလေသည်။

ဤမျက်နှာများက စောစောက ဆဲဆိုနေသည့် နတ်ဘုရားများနှင့် မိစ္ဆာတို့၏ မျက်နှာများ ဖြစ်ပေသည်။

သူတို့၏မျက်နှာများက ထူးဆန်းစွာ ပြုံးနေကြပြီး ကြက်သီးထဖွယ် တဟီးဟီးရယ်သံများကလည်း အဘက်ဘက်မှ ထွက်လာနေသည်။

ရုတ်တရက် ချင်မူ့အနောက်၌ အမှောင်မုခ်ဝတစ်ခု ဖွဲ့တည်လာပြီး တံခါးပွင့်သွားသည်။ မျက်နှာများသည် မုခ်ဝထဲ စုပ်ယူခံလိုက်ရသော်လည်း လှည့်ပတ်ကခုန်နေဆဲ ဖြစ်၏။

ချင်မူ ရင်ထဲတွင် လေးလံသွားသည်။ “သူတို့က အလောင်းတွေပဲ အသက်မရှိတော့ဘူး”

သူ၏ကောင်းကင်အလိုတော်မုခ်ဝသည် အခြားသူများ၏ ဝိညာဉ်များနှင့် မူလဝိညာဉ်များကို စုပ်ယူနိုင်သော်လည်း ဤမျက်နှာများက ကောင်းကင်အလိုတော်မုခ်ဝကို ဖြတ်သန်းပြီးနောက်တွင်ပင် မည်သို့မျှ မဖြစ်သွားရာ ဝိညာဉ်များကင်းမဲ့နေပြီဟု ဆိုလို၏။

စာပေသမားက ကောင်းကင်အလိုတော်မုခ်ဝဆီသို့ တစ်ချက်ကြည့်ကာ တအံ့တဩ ပြောသည်။ “မင်းရဲ့ မုခ်ဝက တော်တော်လေး ဆန်းကြယ်မယ့်ပုံပဲ”

သူက ဗျပ်စောင်းတစ်ခု ထုတ်၍ နှစ်ချက်တီးလိုက်သည်။ သိပ်သည်းထူပိန်းနေသော မြူထဲမှ ခပ်အုပ်အုပ် ညည်းတွားသံတစ်ချက် ထွက်လာပြီး မျက်နှာများ ပုံပျက်ရှုံ့တွလာသည်။ လှည့်ပတ်နေခြင်း ရပ်တန့်သွား၏။

ထို့နောက် မြူထဲတွင် နေအသေးစားနှစ်လုံး မွေးဖွားလာသကဲ့သို့ တောက်ပလင်းထိန်သော အလင်းတန်းများ ဖြာထွက်လာသည်။ အလင်းရောင်ကား စူးနေ၏။

“ဟီးဟီး တကယ့်ပညာရှင်တစ်ယောက်ပဲ” နေနှစ်စင်းအနားမှ ခပ်ညှီညှီ အနံအသက်များ ထွက်လာသည်။

စာပေသမားက ကြိုးသုံးချောင်းကို ဆွဲပြီး ပြန်လွှတ်လိုက်သည်။ ဗျပ်စောင်းသံသည် ဒေါင်ခနဲ ကျယ်လောင်စွာ ပျံ့လွင့်သွားပြီး ဂီတသင်္ကေတသုံးခုက ကြိုးမျှင်တစ်မျှင် ဖွဲ့တည်လိုက်ကာ နေနှစ်လုံးစလုံးကို ငြှိမ်းသတ်လိုက်၏။ ခပ်လေးလေး ကျောက်တုံးများ ရေထဲ ကျသွားသကဲ့သို့ တဗွမ်းဗွမ်း မြည်သံများ ထွက်ပေါ်လာသည်။

ထို့နောက် ပတ်ဝန်းကျင်ရှိ မြူများ တဖြည်းဖြည်း ပါးလျသွားကာ အားလုံး သဲသဲကွဲကွဲ မြင်လာကြရသည်။

ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွီမှာ ပတ်ဝန်းကျင်ကို ကြည့်ရှုနေကြရင်း ရေမျက်နှာပြင်ထက်တွင် မျောနေသော ဧရာမလက်တံကြီးတစ်ချောင်းအား မြင်လိုက်ရ၏။ လက်တံကြီးပေါ်တွင် သုံးကိုက်မျှ ကျယ်သည့် စုပ်ခွက်များ ရှိနေပြီး စုပ်ခွက်တစ်ခုစီတွင် နတ်ဘုရားတစ်ယောက် သို့မဟုတ် မိစ္ဆာတစ်ယောက် ရှိနေသည်။

ဤနတ်ဘုရားများမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေကြပြီး အသက်ရှူ၍မဝသော အမူအရာများ ရှိကြသည်။

သူတို့က ညည်းတွားနေပြီး မျက်နှာများမှာ လျင်မြန်စွာ ပိန်ချုံးခြောက်ကပ်နေကြသည်။ သူတို့၏ရုပ်ခန္ဓာများလည်း ပိန်သထက် ပိန်လာကာ အလောင်းခြောက်များ ဖြစ်ကုန်ကြချေသည်။

မြည်းပေါ်ရှိ စာပေသမားက ဗျပ်စောင်းကို ချ၍ ခါကျက်ဥကို လှုပ်ယမ်းနေသည်။ မြည်းက ခါကျက်ဥနောက် လိုက်ရင်း ရှေ့ဆက်ပြေးသွား၏။

ချင်မူမှာ အလျင်အမြန် လိုက်သွားရသည်။ အလင်းရောင် ‌ပျောက်ကွယ်သွားသည့်နေရာသို့ ရောက်သည့်အခါ အရှေ့တွင် မိုင်တစ်ရာကျယ်သော ကျွန်းကြီးသဖွယ် ကြီးမားလှသည့် ခေါင်းလုံးလုံးကြီးတစ်ခေါင်းအား မြင်တွေ့ရသည်။ ခေါင်းကြီး၏ ထိပ်မှာ ပိုင်းဖြတ်ခံထားရ၍ ဦးနှောက်စများ ဟောင်းလောင်းပွင့်နေသည်။  မျက်လုံးကြီးနှစ်လုံးမှာလည်း ချွန်ထက်သော အရာဝတ္ထုဖြင့် လှီးဖြတ်ခံထားရသကဲ့သို့ ထင်ရ၏။

ပတ်ဝန်းကျင်တွင် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းအောင် တုတ်ခိုင်လှသည့် လက်တံကြီးများဆီမှ တွဲလောင်းကျနေကြသော နတ်ဘုရားများ၊ မိစ္ဆာများ၏ အလောင်းများ ဖွေးဖွေးလှုပ်နေပြီး သူတို့တွင် အရေခွံများသာ ကျန်တော့ချေသည်။

ဤသတ္တဝါကြီးဘေးမှ ချင်မူတို့ ဖြတ်လာပြီးနောက် ပင်လယ်ကမ်းစပ်ကို မြင်လိုက်ရသည်။ သူတို့အ‌ရှေ့တွင် တောင်တစ်လုံး ရှိနေပြီး အန္တရာယ်များသော အရှိန်အဝါနှစ်ခုက တောင်ထိပ်ကို လှည့်ဝိုက်နေသည်။

ချင်မူ နောက်ပြန်လှည့်ကြည့်ရာတွင် စောစောက သတ္တဝါကြီးသည် ပင်လယ်ထဲသို့ တအိအိ နစ်မြုပ်သွားပြီး အစအနမကျ ပျောက်ကွယ်သွားကြောင်း မြင်လိုက်ရသည်။

“ဒီနတ်ဘုရားတစ်ပိုင်းရဲ့ အစွမ်းအစတွေက အင်မတန် အင်အားကြီးပေမယ့် နောင်ကြီးက ဗျပ်စောင်းလေး တစ်ချက်နှစ်ချက်လောက် တီးပြီး သတ်နိုင်ခဲ့တယ်.... နောင်ကြီးရဲ့ ဗျပ်စောင်းသံစဉ်က လမ်းစဉ်အဆင့် ဝင်ရောက်နေပြီမလား... ဗျပ်စောင်းပညာမှာ နောင်ကြီးက တစ်လောကလုံးမှာ နံပါတ်ဘယ်လောက်လဲဗျ” ချင်မူ မေးလိုက်မိ၏။

စာပေသမားက အန္တရာယ်များသော အရှိန်အဝါနှစ်ခုကို မော့ကြည့်ရင်း ပြောသည်။ “ငါ့ရဲ့အထူးချွန်ဆုံး စွမ်းရည်တွေက ငါ အားစိုက်ထည့်တဲ့ ပညာရပ်လေးခုပဲ... အဲဒီစွမ်းရည်တွေကို တစ်လောကလုံးမှာ နံပါတ်တစ် ဒါမှမဟုတ် နံပါတ်နှစ်အဖြစ် သတ်မှတ်လို့ရတယ်... ငါ့ရဲ့ဒုတိယအဆင့်စွမ်းရည်တွေက လက်နက်တွေနဲ့ ပတ်သက်တယ်... ဟိုဟာသည်ဟာ လျှောက်လေ့ကျင့်ရင်း နည်းနည်းပါးပါး တတ်ထားတာမလို့ ဒုတိယအဆင့်စွမ်းရည်တွေကတော့ သာမန်ပါပဲ.. ငါ့ဗျပ်စောင်းကတော့ တစ်ခါ ရှုံးခဲ့ဖူးတယ်... ဇာမဏီနတ်မင်း ချီရှားယွီကို ရှုံးခဲ့တာ”

သူ့မျက်နှာ ညှိုးကျသွားသည်။ “အဲဒီအမျိုးသမီးရဲ့ အစွမ်းအစတွေက ထူးခြားတယ်... ဗျပ်စောင်းပညာမှာဆို ငါ့ထက်တောင် သာတယ်”

ချင်မူ ရင်ထဲတွင် ပြင်းထန်စွာ လှုပ်ခတ်သွား၏။

ဇာမဏီနတ်မင်းသည် ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းသမားတစ်ယောက် ဖြစ်၏။ သူနှင့် သိကြားဗုဒ္ဓ ဗုဒ္ဓဘုံမှ ထွက်ပြေးလာခဲ့တုန်းက သူမ၏ ဗျပ်စောင်းသံစဉ်များကို ကြားခဲ့ဖူးသည်။ ဇာမဏီနတ်မင်းက ‘အဖော်ရှာနေသော ဖုန့်ဟွမ်ငှက်ပျို’ တေးသွား တီးခတ်လျက် ကမ္ဘာလောကများကို ဖြတ်ကာ သူတို့နောက် လိုက်လာခဲ့သည်။ ထိုဂီတတေးသွားနှင့်တင် သိကြားဗုဒ္ဓကို ဒဏ်ရာအပြင်းအထန် ရသွားစေခဲ့၏။

စာပေသမားက ဗျပ်စောင်းသုံးလျက် သူမနှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း မသေခဲ့ပေ။ ဤအခြင်းအရာမှတစ်ဆင့် သူ့အစွမ်းအစကို မြင်တွေ့နိုင်သည်။

“အစတုန်းက ငါ့ဗျပ်စောင်းက နံပါတ်တစ် ဖြစ်မယ် ထင်ခဲ့ပေမယ့် အခု တွေးကြည့်တော့ စစ်တုရင်စွမ်းရည်ကမှ နံပါတ်တစ် ဖြစ်သင့်တာပဲ.... အစဉ်လိုက်က ဒီလို... စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီ၊ ဗျပ်စောင်း”

စာပေသမားသည် မြည်းကို တောင်ပေါ်သို့ တက်ခိုင်းလိုက်၏။ သူက ယပ်တောင်တဖျပ်ဖျပ် ခတ်လျက် အပြုံးတစ်ခုဖြင့် ပြောလေသည်. “ဂိုဏ်းသခင်ချင်၊ ဗျပ်စောင်းနဲ့ စစ်တုရင်မှာ မင်းနံပါတ်က ဘယ်လောက်လို့ ထင်လဲ”

ချင်မူ သက်ပြင်းချကာ ပြောလိုက်သည်။ “အဲဒီနှစ်ခုကို‌တော့ ကျွန်တော် ဘာမှမသိဘူး”

စာပေသမားက ပြုံးသည်။ “မဟာဂိုဏ်းသခင်ကြီးချင်က စွယ်စုံရသိုင်းပညာရှင်လို့ ထင်ထားတာ... မသိသေးတဲ့ အရာတွေ ရှိနေမယ် ထင်မထားဘူး”

ချင်မူ စုတ်တံတစ်ချောင်း ထုတ်၍ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “နောင်ကြီးရဲ့ လက်ရေးလှပညာက နံပါတ်နှစ်ဆိုတော့ ကျွန်တော့်အတွက် စာတစ်လုံး၊ နှစ်လုံးလောက် ရေးပေးလို့ရလား”

စာပေသမားက စုတ်တံကို မြှောက်လိုက်သည်။ “ဘာများ အပန်းကြီးတာမှတ်လို့... ဘာရေးပေးရမလဲ”

“ချင်ဖုန်းကျင့်လို့သာ ရေးလိုက်ပါ”

စာပေသမားက ချင်မူ့နာမည်ကို စာရွက်အပေါ်တွင် ချရေးပေးပြီး ချင်မူက စုတ်တံနှင့် စာရွက်ကို ပြန်ယူလိုက်သည်။ စာလုံးများကို အသေးစိတ် ကြည့်ပြီးနောက်တွင် သူ၏မျက်ဝန်းများ လှုပ်ခတ်သွား၏။ “ရွှင်ပျော်ပျော်ကျေးရွာက ဘယ်မှာလဲ”

စာပေသမားက ပြုံးလျက် ပြောလေသည်။ “ဂိုဏ်းသခင်ချင်ရဲ့ အတွေးတွေက တောင်ရောက်လိုက်၊ မြောက်ရောက်လိုက်ပဲနော်... ပညာရပ်လေးခုအကြောင်း ပြောနေရာကနေ ဘယ်လိုလုပ်ပြီး ရွှင်ပျော်ပျော်ကျေးရွာဆီ ရောက်သွားတာလဲ... မင်းကြောင့် ဇဝေဇဝါ ဖြစ်မိတယ်”

“နောင်ကြီး ရွှင်ပျော်ပျော်ကျေးရွာကို ရောက်ဖူးတယ်... အဲဒီကနေ ထွက်လာတာတောင် ဖြစ်လောက်တယ်”

ချင်မူ အိမ်ထောင်စုစာရင်းစာအုပ်ကို ထုတ်ပြီး သူ့နာမည်ရှိသော စာမျက်နှာဆီသို့ လှန်ပြလိုက်သည်။ “အဖေ့သင်္ဘောအပေါ်မှာ နောင်ကြီးရဲ့ လက်ရေးတွေကို မြင်ခဲ့ဖူးတယ်... ချင်မိသားစုစာရင်းစာအုပ်ထဲက နာမည်အတော်များများကို ‌နောင်ကြီး ရေးထားတာပဲ... ပြီးတော့ နောက်ဆုံးစာမျက်နှာမှာ အဖေက ကျွန်တော့်နာမည်ကို ရေးထားတာ... သူ့လက်ရေးက နောင်ကြီးလက်ရေးနဲ့ အင်မတန် ဆင်တယ်... သူက နောင်ကြီးဆီက ပန်းချီနဲ့ လက်ရေးလှပညာ သင်ခဲ့ရလို့ ‌နောင်ကြီးလက်ရေးအတိုင်း တုပရေးထားတာ သိသာတယ်... ‌နောင်ကြီးက ရွှင်ပျော်ပျော်ကျေးရွာကပဲ”

သူ့မှာ စိတ်လှုပ်ရှားလာတော့သည်။ “ကောင်းကင်ဆရာသခင်ကျစ်ရှီ... ရွှင်ပျော်ပျော်ကျေးရွာ ဘယ်မှာလဲ... ခိုင်ဧကရာဇ် အဲဒီမှာ ရှိလား မရှိဘူးလား... ပြီးခဲ့တဲ့ နှစ်နှစ်သောင်းအတွင်း သူ ဘာလို့ မပေါ်လာခဲ့တာလဲ”

စာပေသမားက တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။ “ခိုင်ဧကရာဇ်ရဲ့ မျိုးဆက်တွေက သာမန်လူတွေ မဟုတ်ဘူးပဲ... မှန်တယ် ငါ ချင်မိသားစုစာရင်းထဲက နာမည်အတော်များများကို ရေးခဲ့ပေမယ့် မင့်နာမည်ကိုတော့ မရေးခဲ့ဖူးဘူး... မင်းက မင့်နာမည်ကို ရေးခိုင်းပြီး ငါ့ကို အငိုက်ဖမ်းလိုက်တာပေါ့လေ... ငါလည်း ချင်ဟန်ကျန်းကို လက်ရေးလှနဲ့ ပန်းချီပညာ သင်ပေးခဲ့ဖူးတာ မေ့သွားတယ်”

သူမသည် သနားကရုဏာသက်နေသော မျက်ဝန်းများဖြင့် ချင်မူ့ကို ကြည့်ရင်း ခေါင်းခါ၏။ “မင်း ရွှင်ပျော်ပျော်ကျေးရွာဆီ သွားချင်မှာမဟုတ်ပါဘူး... ဒီစိတ်ကူးကို မေ့ပြီး ကောင်းကောင်းသာနေ.... မင်းက မဆိုးဘူး၊ ခိုင်ဧကရာဇ်ရဲ့ မျိုးဆက် ပီသတယ်... လွီကျန်း၊ သွားကြစို့”

သူမ ခါကျက်ဥကို လှုပ်ခါလိုက်သည်နှင့် မြည်းက နတ်ဘုရားစီရင်ရာစင်မြင့်ဖြစ်သော တောင်ထွတ်ဆီသို့ ခုန်တက်လိုက်သည်။ ထို့နောက် ကျယ်လောင်စွာ ဟီလိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ခါကာ မြည်းခေါင်းနတ်ဘုရားတစ်ပါးအသွင် ပြောင်းသွားလေသည်။

သူက ကြွက်သားအဖုအထစ်များ ထနေသော လက်ကြီးနှစ်ဖက်ကို ဆန့်ထုတ်ကာ နတ်ဘုရားစီရင်ရာစင်မြင့်ထက်ရှိ အန္တရာယ်များသည့် အရှိန်အဝါနှစ်ခုဆီသို့ လှမ်းဖမ်းဆွဲလိုက်သည်။

ဤအရှိန်အဝါနှစ်ခုက ဤကောင်းကင်နန်းဆောင်၏ နတ်ဘုရားစီရင်ရာဓားမ ဖြစ်သည်။ မြည်းက ၎င်းတို့ကို နဂါးနှစ်ကောင်သဖွယ် လွှဲယမ်းကာ တောင်ကို ရိုက်ခွဲလိုက်သည်။

နတ်ဘုရားစီရင်ရာစင်မြင့်မှာ နှစ်ခြမ်းကွဲသွားပြီး နီရဲနေသော သွေးများက တောင်ထဲမှ တရဟော စီးထွက်လာတော့သည်။ တခဏလေးအတွင်း နတ်ဘုရားစီရင်ရာစင်မြင့်သည် အ‌ရှေ့လမ်းကို ပိတ်ထားသည့် သွေးပင်လယ်တစ်စင်းအသွင် ပြောင်းသွားချေပြီ။

“ချင်ဖုန်းကျင့်... ဒါက မင်း ဝင်နိုင်တဲ့ နေရာမဟုတ်ဘူး.. ပြန်တော့”

စာပေသမား၏အသံက အရှေ့မှ ထွက်လာသည်။ “မင်းသာ ဉာဏ်မကောင်းလွန်းရင် ငါ မင်းကို အတွေ့အကြုံရဖို့ ခေါ်သွားပေးနိုင်သေးတယ်... ဒါပေမဲ့ မင်းက ဉာဏ်ကောင်းလွန်းတယ်... ပြန်တော့”

ချင်မူ အရှေ့သို့ ကြည့်လိုက်သည့်အခါ ကျယ်သထက် ကျယ်လာသော သွေးပင်လယ်ကိုသာ မြင်ရသည်။ အန္တရာယ်များသော အရှိန်အဝါအပိုင်းအစများက ပင်လယ်ထက်၌ ပြန့်ကြဲနေပြီး ထူးဆန်းသော မိစ္ဆာသဏ္ဍာန်များ၊ မကောင်းဆိုးဝါးသဏ္ဍာန်များ ဖွဲ့တည်ထားကြသဖြင့် ဖြတ်သန်းသွားရန် ခက်ခဲနေ၏။

ချင်မူ့တွင်လည်း နတ်ဘုရားစီရင်ရာဓားမတစ်လက် ရှိသောကြောင့် နတ်ဘုရားစီရင်ရာစင်မြင့်၏ မူလအစကို သိထားသည်။ နတ်ဘုရားစီရင်ရာစင်မြင့်သည် နတ်ဘုရားတို့၏ ချီနှင့်သွေးများကို စုပ်ယူနိုင်သော နဂါးဟန် ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားစီရင်ရာစင်မြင့်အား တုပထားခြင်း ဖြစ်၏။ တစ်စုံတစ်ယောက် နတ်ဘုရားစီရင်ရာစင်မြင့်အ‌ပေါ်တွင် ဒဏ်ရာသေးသေးလေး ရသွားလျှင်ပင် ကောင်းကင်ဓားမနှင့် နတ်တောင်ထွတ်က စုပ်ယူသွားလိမ့်မည်။

ချုံဧကရာဇ်ခေတ်က အကြမ်းဆုံးခေတ် ဖြစ်ကြောင်း ချိရှီ တစ်ခါ ပြောခဲ့ဖူးသည်။ ခေါင်းဖြတ်စီရင်ရန် ပို့လွှတ်ခံခဲ့ရသည့် နတ်ဘုရားများမှာ ရေတွက်၍ပင် မရခဲ့ပေ။ ထို့ကြောင့် ဤဓားအရှိန်အဝါနှစ်ခု မည်မျှကြောက်မက်ဖွယ်ရာကောင်းကြောင်း သိသာပေသည်။

‘ဒါပေမဲ့ ငါ့ကို တားဖို့ ဒီလောက်မလွယ်ဘူး’

ချင်မူက ထောင်ကျယ်အိတ်ထဲ လက်နှိုက်၍ ဘူးအသေးလေးတစ်ဘူး ထုတ်လိုက်သည်။ ဘူးအသေးလေးက ချလောက်ခနဲ ပွင့်လာ၏။

ဘူးအသေးလေး ပွင့်သွားသည့်အခါ ဧကရာဇ်ပလ္လင်အဆင့် ခေါင်းက စိတ်လှုပ်ရှားလာပြီး သွေးပင်လယ်ထက်ရှိ အရှိန်အဝါများကို စုပ်ယူနေတော့သည်။

ချင်မူက ချီစွမ်းအင်ဖြင့် ဘူးလေးကို အရှေ့တွင် မြှောက်၍ သွေးပင်လယ်အတွင်းသို့ လမ်းလျှောက်ဝင်သွားသည်။

ကောင်းကင်နတ်အရှင်ယွီလည်း ရေချီလင်နှင့်အတူ ချင်မူ့နောက်မှ လိုက်လာပြီး ချင်မူ၏ဘူးလေးက ဝေလငါးကြီးတစ်ကောင်သဖွယ် သွေးပင်လယ်ကြီးကို စုပ်ယူနေကြောင်း မြင်လိုက်ရသည်။ ၎င်း၏ချီနှင့်သွေးများက သိပ်သည်းသည်ထက် သိပ်သည်းလာ၏။ ဘူးလေးနှင့် တွဲဆက်နေသော အမြှေးပါးများလည်း သွေးကဲ့သို့ နီစွေးလာပြီး ခေါင်း၏မျက်လုံးများက စူးရဲသည်ထက် စူးရဲလာသည်။

နဂါးချီလင်မှာ ရင်တဒိန်းဒိန်း ခုန်နေပြီး ဘူးလေးကို မျက်ခြေမပြတ် ကြည့်နေသည်။ ရေချီလင်က ခပ်တိုးတိုး မေးလေသည်။ “ဘာလို့ ဒီဘူးကိုပဲ ကြည့်နေတာတုန်း”

နဂါးချီလင်မှာ တုန်ရီနေ၏။ “ဒီဘူး ဗိုက်ပြည့်သွားပြီလား ကြည့်နေတာ... ခင်ဗျားက စွမ်းအင်ဆေးလုံးတွေ မစားဖူးတော့ ဗိုက်ပြည့်တဲ့အရသာကို ဘယ်သိမလဲ... ဒီခေါင်းက ဗိုက်ပြည့်သွားတာနဲ့ စားတော့မှာ မဟုတ်ဘူး”

သူ ပြောနေစဉ် ဘူးလေးဆီမှ ‌ဂေ့ခနဲ လေချဉ်တက်သံ ထွက်လာသည်။

ချလောက်.... ဘူးလေးက ရုတ်တရက် ပိတ်သွားချေပြီ။

နဂါးချီလင်မှာ တစ်ကိုယ်လုံး အေးစက်သွားပြီး အော်ဟစ်တော့၏။ “သေပြီ”

ပင်လယ်ပြင်ထက်ရှိ အရှိန်အဝါများ တရှိန်ထိုး ပြေးဝင်လာသည်နှင့် ချင်မူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် သင်္ကေတအမှတ်အသားများ ဖွဲ့တည်လာ၏။ သူ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း ထုတ်လွှတ်တော့မည့်အချိန် အရှိန်အဝါများက ရုတ်တရက် ငြိမ်သက်သွားပြီး ပင်လယ်အောက်မှ အသံတစ်သံ ထွက်လာသည်။ “ဧည့်သည်တော်ရှင့်၊ အမိကမ္ဘာမြေက ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်... ကျေးဇူးပြုပြီး နောက်က လိုက်ခဲ့ပါ”

၎

င

၎

၎

All Chapters