← Chapters

အင်အားစုအားလုံး ရောက်ရှိလာခြင်း 

Vol. 165 Ch. 2349

အင်အားစုအားလုံး ရောက်ရှိလာခြင်း 

Vol. 165 Ch. 2349

ရီဖူရှင်းနှင့် အခြားလူများက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်ရောက်လာပြီးနောက် ပြင်ဆင်ရန် အလုပ်ရှုပ်နေခဲ့သည်။ သူတို့က အားနည်းသည့် ကျင့်ကြံသူများကို အာကာသခရီးသွားဝင်္ကပါနှင့် စီဝေ့ကြယ်ကမ္ဘာသို့ ပို့ဆောင်လိုက်သည်။

မူလဘုံက အပြောင်းအလဲကြီးနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ကောင်းကင်အာဏာစက်ဘုံက စီဝေ့ကြယ်ကမ္ဘာထက် ပို၍ အန္တရာယ်များပေသည်။ စီဝေ့ကြယ်ကမ္ဘာတွင် စီဝေ့မဟာအင်ပါယာ၏ စွမ်းအားများ ရှိနေပြီး ရီဖူရှင်းနှင့် သူ့အဖွဲ့က ခြိမ်းခြောက်ခံရလျှင်ပင် အင်အားစုများစွာက ကြယ်ကမ္ဘာကို ရဲတင်းစွာဖြင့် တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်သည် တိုက်ခိုက်ခံရရန် အလားအလာရှိပြီး ပိုမို အန္တရာယ်များပေသည်။

ယခင် တိုက်ပွဲအတွင်း ဆရာသခင်က အောက်ဘုံသို့ ဆင်းလာကာ အင်အားစုအားလုံးကို ဟန့်တားနိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်၌ မတူညီတော့ပေ။ မကြာခင်၌ မူလဘုံတစ်ခုလုံး မုန်တိုင်းထန်တော့မည် ဖြစ်သည်။ လောကအသီးသီးမှ ထိပ်သီးအင်အားစုများ ပါဝင်လာပြီး မဟာအင်ပါယာအဆင့် အင်အားစုများလည်း ဤတိုက်ပွဲ၌ တိုက်ရိုက်ပါဝင်လာပေလိမ့်မည်။ ထိုသို့သော နောက်ခံမျိုးနှင့် တစ်ဖက်အင်အားစုများက ဆရာသခင်ကို ဂရုစိုက်မည် မဟုတ်ပေ။ ဆရာသခင်က ဤတိုက်ပွဲတွင် ပါဝင်လာပေးပါက မှော်နက်လောက၊ နတ္ထိဘုံနှင့် နတ်ဆိုးလောကမှ မဟာအင်ပါယာအဆင့် ကျင့်ကြံသူများလည်း ပါဝင်လာပေလိမ့်မည်။

ထို့ကြောင့် ရီဖူရှင်းသည် သတိထားရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။

ရီဖူရှင်းဘက်၌ ပြင်ဆင်ရန် အလုပ်များနေစဥ် လောကအသီးသီးမှ ကျင့်ကြံသူများသည်လည်း အတူတူပင် ဖြစ်သည်။ ထိုအချိန်အတောအတွင်း မူလဘုံက အတော်လေး တိတ်ဆိတ်ငြိမ်သက်သွား​လေသည်။ မည်သည့်အင်အားစုကမှ ပြဿနာမရှာကြပေ။ အင်အားစုအချို့မှ ကျင့်ကြံသူများက မူလဘုံ၏ အဆုံးမဲ့ လေဟာနယ်အတွင်း ရှာဖွေနေကြဆဲ ဖြစ်သော်လည်း ပြဿနာအနည်းငယ်သာ ဖြစ်ပွားတော့သည်။

ထိုသည်မှာ မုန်တိုင်းမလာခင် ငြိမ်သက်နေခြင်းဖြစ်ကြောင်း လူတိုင်း နားလည်ထားသည်။ အင်အားစုများအားလုံးက စောင့်ဆိုင်းနေကြသည်။ မူလဘုံက ပြင်းထန်သော မုန်တိုင်းတစ်ခုနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ယခုတွင် အင်အားစုအားလုံးက ဂရုမစိုက်ဘဲ အလျင်စလို မလှုပ်ရှားရဲကြပေ။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ပိုမိုများပြားသော ကျင့်ကြံသူများက မူလဘုံသို့ ရောက်ရှိလာသည်။ ပထမဆုံးရောက်ရှိလာသည်မှာ ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများ ဖြစ်သည်။ သူတို့ထဲမှ အချို့က သည်မတိုင်ခင်က မူလဘုံသို့ ရောက်ရှိနေခဲ့ပြီးဖြစ်သော်လည်း သူတို့အင်အားစုများ၏ တစ်စိတ်တစ်ပိုင်းသာလျှင် ဖြစ်သည်။ သို့သော် စွန့်ပစ်ခံကလန် တိုက်ပွဲပြီးသွားသည့်နောက် သူတို့က အင်အားဖြည့်တင်းရုံမျှအပ ရွေးချယ်စရာ မရှိခဲ့ပေ။

ကောင်းကင်ဒေသမှ ဒွန်ဟောင်အင်ပါယာနန်းတော်ကလည်း နယ်မြေဆယ့်ရှစ်ခု၏ နယ်မြေသခင်အိမ်တော်သို့ အကူအညီထောက်ပံ့ရန် အမိန့်ပေးခဲ့သည်။ မဟာအင်ပါယာ၏ အမိန့်ဖြင့် နယ်မြေဆယ့်ရှစ်ခုမှ နယ်​မြေသခင်အိမ်တော်သည် နယ်မြေတစ်ခုစီမှ အင်အားစုများကို ဦးဆောင်ကာ မူလဘုံသို့ သွားရောက်ရန် အမိန့်ရရှိခဲ့ကြသည်။

ဤအမိန့်ကို လက်ခံရရှိပြီးနောက် သူတို့သည် နယ်မြေအသီးသီးအှ ထိပ်သီးအင်အားစုများကို သတင်းပို့ပြီးနောက် သူတို့၏ ကျင့်ကြံသူများကို မူလဘုံသို့ စေလွှတ်ခဲ့သည်။

တစ်ချိန်တည်းတွင် မူလဘုံ၏ မတူညီသော နေရာများ၌ မှော်နက်လောက၊ နတ္ထိဘုံနှင့် လူသားဘုံမှ ပို၍ များပြားသော ကျင့်ကြံသူများ ရောက်ရှိလာပေသည်။ လက်ရှိ မူလဘုံ၌ ရောက်နေကြသည့် ထိုကဲ့သို့သော အစွမ်းထက်အင်အားမျိုး မည်သည့်အခါကမှ မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။

မူလဘုံ၏ တစ်နေရာတွင် ပြင်းထန်သည့် နတ်ဆိုးစွမ်းအားများ လွှမ်းခြုံကာ အော်မြည်လာသည်။ ထို့နောက် ကောင်းကင်က စုတ်ဖြဲခံရသလို အက်ကြောင်းတို့ ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ် နတ်ဆိုးအငွေ့အသက်များနှင့် အနက်ရောင်တွင်းပေါက်တစ်ခု ပေါ်ပေါက်လာသည်။ တစ်ယောက်ပြီးတစ်ယောက်သော ပုံရိပ်များက ထိုနေရာမှ ပေါ်ထွက်လာပေသည်။ ရောက်ရှိလာသည့် ကျင့်ကြံသူများကို အဖွဲ့ဟု ခေါ်၍ မရတော့ဘဲ စစ်တပ်တစ်ခုဟု ခေါ်ရမည် ဖြစ်သည်။ ထိုသူတို့က နတ်ဆိုးလောကမှ စစ်တပ်ဖွဲ့များ ဖြစ်သည်။

ယနေ့တွင် မေ့ထန်လည်း ရောက်လာခဲ့သည်။ သူက နတ်ဆိုးလောကမှ ကျင့်ကြံသူများနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ပေသည်။ ရောက်ရှိလာသည့် စစ်တပ်ကို မြင်သောအခါ သူ့နှလုံးသားက ပြင်းထန်စွာ တုန်ယင်သွားပေသည်။

ထိုသည်ကို ကြည့်လျှင် နတ်ဆိုးအင်ပါယာက နတ်ဆိုးလောကမှ ကျင့်ကြံခြင်းအင်အားစုများကို စုစည်းရန် ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးပြီး မူလဘုံသို့ သူတို့၏ ကျင့်ကြံသူများကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

နတ်ဆိုးလောကမှ စစ်တပ်ကို ဦးဆောင်လာသည့် ကျင့်ကြံသူတွင် ထူးခြားလှသော အရှိန်အဝါ ရှိပေသည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသည့် အနက်ရောင်ဆံပင်က လေထဲတွင် ကခုန်နေခဲ့သည်။ သူ့မျက်နှာအသွင်အပြင်က ထွင်းထုထားသည့် ပန်းပုတစ်ခုကဲ့သို့ အလွန် ချောမောလှပပေသည်။ သို့သော် သူက မောက်မာဝင့်ကြွားသည့် သဏ္ဌာန်ရှိ၏။ သူ့အနက်ရောင်မျက်လုံးများက အနက်ရောင်တွင်းပေါက်များကဲ့သို့ နက်ရှိုင်းလှသည်။ သူ၏ ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ ထိုနေရာ၌ ရပ်နေသည့် သူက လောက၏ အရှင်သခင်ကဲ့သို့ ထင်မှတ်ရပေသည်။

မေ့ထန်က ရောက်ရှိလာသည့် ကျင့်ကြံသူထံ ချဥ်းကပ်သွားကာ သူက အရိုအသေပေးရင်း နှုတ်ဆက်လိုက်သည်။ "နတ်ဆိုးသူတော်စင်။"

မေ့ထန်က ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ နတ်ဆိုးလောကတွင် တံခါးပိတ်ကျင့်ကြံနေသည့် နတ်ဆိုးသူတော်စင်က ထွက်ခွာလာပြီး မူလဘုံသို့ အမှန်တကယ် ရောက်ရှိလာပေသည်။ နတ်ဆိုးအင်ပါယာ၏ အမိန့်ကြောင့်သာလျှင် နတ်ဆိုးသူတော်စင်က လှုပ်ရှားလာခြင်း ဖြစ်နိုင်ပေသည်။ နတ်ဆိုးအင်ပါယာသည်ပင် လက်ရှိ မူလဘုံအခြေအနေအပေါ် အလေးအနက်ထားနေသည်။

...

မူလဘုံရှိ ဗဟိုအင်ပါယာဘုံ၏ နတ္ထိအင်ပါယာဘုံအတွင်း ကောင်းကင်၌ တောက်ပသော အလင်းတန်းတစ်ခု လင်းလက်လာသည်။ ထို့နောက် လူတစ်စု ပေါ်ပေါက်လာသည်။ နတ္ထိအင်ပါယာဘုံ၏ နန်းတော်သခင်က ကိုယ်တိုင်ကိုယ်ကျ ထွက်လာကာ သူတို့ကို ကြိုဆိုခဲ့သည်။ နန်းတော်သခင်က အဖွဲ့ကို ဦးဆောင်လာသည့် ကျင့်ကြံသူအား အရိုအသေပြုကာ နှုတ်ဆက်လိုက်သည်။ ရောက်လာသူများက ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ ဖြစ်ပေသည်။ သူတို့က ဤနေရာသို့ စစ်တပ်များကို ဦးဆောင်၍ ဗဟိုအင်ပါယာဘုံသို့ ရောက်ရှိလာခဲ့သည်။

သူတို့အ​ပြင် ကောင်းကင်ဒေသမှ အင်အားစုအချို့နှင့် နယ်မြေသခင်အိမ်တော်တို့မှ ကျင့်ကြံသူများသည်လည်း ဗဟိုအင်ပါယာဘုံသို့ ရောက်ရှိလာခဲ့သည်။ အမှန်တွင် ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ မရောက်ခင် ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများစွာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ ဗဟိုအင်ပါယာဘုံသို့ ရောက်လာပြီးနောက် ကောင်းကင်ဒေသ၏ အင်အားစုများစွာက လည်း ဤနေရာသို့ အဆောတလျင် ရောက်လာကြပေသည်။ အဖွဲ့တစ်ဖွဲ့သည် ယခင်က ရှန်ကလန် ပိုင်ဆိုင်ခဲ့သော နေရာသို့ ရောက်ရှိလာခဲ့သည်။ တောက်ပသည့် မဟာလမ်းစဥ် နတ်အလင်းရောင်တို့က ထိုကျင့်ကြံသူများကို ဝန်းရံထားသည်။ ထိုလူများသည် အထက်ဘုံရှိ ရှန်ကလန်မှ လူများမှလွဲ၍ အခြားမဟုတ်ပေ။

ယခင်က အောက်ဘုံမှ ရှန်ကလန်အဖွဲ့သားများစွာ တိုက်ပွဲ၌ သေဆုံးခဲ့ရသည်။ ရှင်သန်ကျန်ရစ်ခဲ့သူများက နေရာမှ ထွက်ခွာသွားပြီး ကလန်က ပျက်စီးသွားခဲ့ပေသည်။ ယခု အထက်ဘုံမှ ရှန်ကလန်၏ ထိပ်သီးကျင့်ကြံသူများက သူတို့ပိုင်နယ်မြေသို့ ထပ်မံ ရောက်ရှိလာပေသည်။

အင်အားစုများစွာ ရောက်ရှိလာပြီး ဗဟိုအင်ပါယာဘုံကို မုန်တိုင်းထန်စေခဲ့သည်။ မကြာခင်၌ ကောင်းကင်အာဏာစက်ကျောင်းတော်ရှိ ရီဖူရှင်းက သူတို့ ရောက်ရှိလာသည့် သတင်းကို လက်ခံရရှိခဲ့ပေသည်။ သူက ချက်ချင်းပင် နန်ထျန်းနတ်ပြည်ထောင်၊ ယွမ်ယန်ကလန်၊ ထျန်းရှန်းကျောင်းတော်နှင့် ရှောင်ကလန်ကဲ့သို့ မဟာမိတ်အဖွဲ့များကို ဗဟိုအင်ပါယာဘုံမှ ခေတ္တ ထွက်ခွာရန် အမိန့်ပေးခဲ့သည်။ အားလုံးသော ထိုအင်အားစုများက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြောင်းရွှေ့လာသည်။ သူတို့က အစုလိုက်အပြုံလိုက် ပြောင်းရွှေ့လာပုံရသည်။

တစ်ချိန်တည်းတွင် ကောင်းကင်ဒေသမှ အင်အားစုများအနေနှင့် ဗဟိုအင်ပါယာဘုံသို့ ရောက်ရှိလာပြီး နတ္ထိဘုံမှ ကျင့်ကြံသူများစွာသည်လည်း အသင်္ချေဘုံသို့ ရောက်ရှိလာပေသည်။ နတ်ဆိုးလောကမှ အင်အားစုများသည်လည်း အထက်ကောင်းကင်ဘုံသို့ ရောက်ရှိလာသည်။

မှော်နက်လောက၏ အင်အားစုများအတွက်မူ သူတို့က ယခင်ကကဲ့သို့ လျှို့ဝှက်နယ်မြေဘုံ၌သာ ရှိနေဆဲ ဖြစ်ပေသည်။

လူသားဘုံမှ ကျင့်ကြံသူများကလည်း ဗဟိုအင်ပါယာဘုံသို့ လာရောက်ရန် ရွေးချယ်လိုက်ကာ ကောင်းကင်ဒေသ၏ ကျင့်ကြံသူများကလည်း တူညီသော ဘုံသို့သာ ရောက်ရှိလာပေသည်။

အင်အားစုများစွာက အချင်းချင်း အဆက်အသွယ် မရှိခဲ့သော်လည်း သူတို့သည် ယခု အချင်းချင်း မနှောက်ယှက်ဘဲ နားလည်သည့် အဆင့်သို့ ရောက်ရှိသွားပုံရသည်။ သို့သော် သူတို့က ဘုံတစ်ခုချင်းစီကို သိမ်းပိုက်ထားသည်မှာ တူညီပေသည်။ အဆုံးမှာတော့ တစ်လောကလုံးမှ စစ်တပ်များ စုစည်းလာသောအခါ အရေအတွက် များပြားလှသည့် ကျင့်ကြံသူများ စုစည်းလာသည့်အတွက် အခြေစိုက်စခန်းတစ်ခု ရွေးချယ်ရန် လိုအပ်ပေသည်။ မဟုတ်လျှင် တိုက်ပွဲ စလာသည့်အချိန်၌ သူတို့က တကွဲတပြားဖြစ်နေပါက အလွယ်တကူ ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။

မူလဘုံအတွင်း လက်ရှိအခြေအနေ နှင့် လောကအသီးသီးမှ ကျင့်ကြံသူများကြား တိုက်ပွဲက မည်သည့်အချိန် စတင်လိမ့်မည်ကို မည်သူမှ မသိပေ။

ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်း သတင်းများက ပျံ့နှံ့လာပြီး ကျောင်းတော်မှ ​ကျင့်ကြံသူများကို ပြင်းထန်သော ဖိအားခံစားမိစေသည်။ ဤတစ်ကြိမ်၌ သူတို့က သူတို့က အင်အားစု တစ်ခုနှစ်ခုတည်းနှင့် ရင်ဆိုင်ရခြင်း မဟုတ်ပေ။

လောကအသီးသီးမှ အင်အားစုများက ဘုံကိုးဘုံကို သိမ်းပိုက်ရန် ရောက်ရှိလာသည်။ သူတို့က အခြေစိုက်စခန်းချရန် နေရာတစ်ခုလိုအပ်သည့်အပြင် သူတို့တွင် ထိုသို့လုပ်ရန် နောက်ထပ်အကြောင်းပြချက် မရှိတော့ပေ။ ထိုသည်မှာ ကောင်းကင်ဒေသ၏ မူလဘုံအပေါ် အကြွင်းမဲ့ ထိန်းချုပ်မှုကို စိန်ခေါ်ရန် ဖြစ်သည်။ မူလဘုံ၏ အုပ်ချုပ်သူဖြစ်သော ရီဖူရှင်းအတွက်မူ သူ့ကို ကောင်းကင်ဒေသ အင်ပါယာနန်းတော်၏ အဖွဲ့ဝင်တစ်ယောက်အဖြစ်သာ မြင်ရပေသည်။

ထိုသို့သော အခြေအနေအောက်တွင် ဘုံကိုးဘုံက သူ့ထိန်းချုပ်နိုင်မှုထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူက မဟာမိတ်များအားလုံးကို ကောင်းကင်အာဏာစက်ဘုံသို့ ပြောင်းရွှေ့လာစေရန်သာ ကူညီပေးနိုင်သည်။ အခြားအပြင်ဘက်ဘုံများမှ ကျင့်ကြံသူများမှာမူ အချိန်မရွေး အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်ဟု ခံစားမိနေပေသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်တွင် ရီဖူရှင်းနှင့် အခြားကျင့်ကြံသူများ စုစည်းနေကြသည်။ အင်ပါယာနန်က ပြောလိုက်၏။ "လောကအသီးသီးက ကျင့်ကြံသူတွေက တိတ်တဆိတ် ရောက်ရှိလာပြီး မတူညီတဲ့ဘုံတွေကို သိမ်းပိုက်ထားကြတယ်။ သူတို့က မူလဘုံနဲ့ ကောင်းကင်ဒေသ မသက်ဆိုင်ဘူးဆိုတဲ့ သဘောတူညီချက် လုပ်ချင်နေတယ်။ သူတို့က နယ်မြေကို ပိုင်းခြားပစ်ချင်နေတယ်။"

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူက အင်အားစုအသီးသီး ထိုသို့ လုပ်ရသည့် ရည်ရွယ်ချက်ကို နားလည်ပေသည်။ ပရမ်းပတာမဖြစ်ခင် မူလဘုံ၌ အဆင့်မြင့်ဘုံကိုးဘုံလည်း ပါဝင်ခဲ့သည်။ ယခုတွင် ထိခိုက်မှုမရှိသေးဘဲ ကျန်ရှိနေသည်မှာ ဗဟိုအင်ပါယာဘုံ၊ ကောင်းကင်အာဏာစက်ဘုံ၊ အသင်္ချေဘုံ၊ အဆင့်မြင့်ကောင်းကင်ဘုံနှင့် တောင်တန်းဘုံတို့သာလျှင် ရှိတော့သည်။

ဗဟိုအင်ပါယာဘုံက ကောင်းကင်ဒေ၏ ထိန်းချုပ်ထားခြင်းကို ခံရပေသည်။ ကောင်းကင်အာဏာစက်ဘုံက ကောင်းကင်အာဏာစက်ကျောင်းတော်၏ ထိန်းချုပ်မှုအောက်၌ ရှိနေသည်။ နတ္ထိဘုံမှ ကျင့်ကြံသူများ အသင်္ချေဘုံကို ကျူးကျော်လာစဥ် နတ်ဆိုးလောကမှ ကျင့်ကြံသူများက အဆင့်မြင့်ကောင်းကင်ဘုံသို့ ကျူးကျော်လာပေသည်။ တောင်တန်းဘုံက ဗုဒ္ဓလောကမှ ကျင့်ကြံသူများနှင့် သက်ဆိုင်ပေသည်။ အခြားအင်အားစုများသည် အကြောင်းရင်းတချို့ကြောင့် ထိုနေရာကို မအုပ်ချုပ်နိုင်ခဲ့ပေ။

ဘုန်း…

ထိုအခိုက်အတန့်တွင် ကောင်းကင်မှ ကျင့်ကြံသူတစ်ယောက် ဆင်းသက်လာ၏။ ထိုသူက အဘိုးမာဖြစ်သည်။ သူက ရီဖူရှင်းထံသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ။" ရီဖူရှင်းက အဘိုးမာ၏ အမူအရာကို မြင်သောအခါ မေးလိုက်သည်။

"ရှန်းယိကုန်းမြေက ကျုပ်တို့ ကောင်းကင်အာဏာစက်ဘုံဆီ ရွေ့လာနေတယ်။" အဘိုးမာ တင်ပြလိုက်သည်။

"ရှန်းယိကုန်းမြေကလား။" ရီဖူရှင်း၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်သွားသည်။ "ကုန်းမြေတစ်ခုလုံး ရွေ့လာတာလား။"

"အင်း။" အဘိုးမာက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ "ကျုပ်ကတော့ ဒီထိန်းချုပ်မှုကို စွန့်ပစ်ခံကလန်ရဲ့ ကျင့်ကြံသူကနေ လုပ်နေတယ်လို့ သံသယရှိတယ်။"

ကျင့်ကြံသူအားလုံးက အံအားသင့်သွားကြသည်။ ကုန်းမြေတစ်ခုလုံး ရွေ့လာသည်လား။

အင်ပါယာနန်က ပြောလိုက်သည်။ "အရင်တုန်းက အဆုံးမဲ့လေဟာနယ်အတွင်း ရှန်းယိကုန်းမြေက လှည့်လည်သွားလာနေခဲ့တယ်။ အခု အဲဒါက မူလဘုံမှာ ပေါ်ပေါက်လာတယ်။ စွန့်ပစ်ခံကလန်ရဲ့ ကျင့်ကြံသူတွေက တကယ်ပဲ ရှန်းယိကုန်းမြေ ရွေ့လျားတဲ့နေရာကို တကယ် ထိန်းချုပ်နိုင်ပုံရတယ်။"

ကျင့်ကြံသူအားလုံးက ထူးဆန်းသည့် အမူအရာတို့ ထုတ်ဖော်ပြသလာသည်။ သူ ပြောသည်က အမှန်ဖြစ်လျှင် ရှန်းယိကုန်းမြေက ရည်ရွယ်ချက်ရှိရှိနှင့် ကောင်းကင်အာဏာစက်ဘုံသို့ ရွေ့လျားလာသည်လား။

သူတို့က ထိုအကြောင်းကို ဆွေးနွေးနေရင်း အနည်းငယ် အစွမ်းထက်သည့် အရှိန်အဝါများက ရုတ်တရက် ကောင်းကင်ထက်၌ ပေါ်ပေါက်လာသည်။ တောက်ပသည့် နတ်အလင်းများက လင်းလက်နေပြီး ကောင်းကင်အာဏာစက်ကျောင်းတော်အပြင်ဘက်၌ လူတစ်စု ပေါ်ပေါက်လာသည်။ ရောက်လာသူများထဲမှ တစ်ယောက်က ပြောလိုက်သည်။ "စွန့်ပစ်ခံကလန်က ရန်ဟောင်ရီဆီကို လာလည်ပါတယ်။"

ရီဖူရှင်းနှင့် အခြားလူများသာ်လည်း စွန့်ပစ်ခံကလန်၏ ရောက်ရှိလာမှုကို သိရှိပေသည်။ ရီဖူရှင်းက တုန့်ပြန်လိုက်သည်။ "စီနီယာတို့ ဝင်လာခဲ့ပါ။"

သူက ပြောလိုက်ပြီးနောက် စွန့်ပစ်ခံကလန်၏ ကျင့်ကြံသူများက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဝင်ရောက်လာပြီး  ရီဖူရှင်းနှင့် အခြားလူများရှိရာသို့ ရောက်ရှိလာသည်။

ရီဖူရှင်းက သူတို့ကို ကြိုဆိုရန် ထိုင်ခုံမှ ထလိုက်သည်။ သူက နှုတ်ဆက်လိုက်၏။ "စီနီယာတို့ ကောင်းကင်အာဏာစက်ကျောင်းတော်ကနေ ကြိုဆိုပါတယ်။"

All Chapters