← Chapters

ကုန်းမြေများ မဟာမိတ်ဖွဲ့ခြင်း

Vol. 165 Ch. 2350

ကုန်းမြေများ မဟာမိတ်ဖွဲ့ခြင်း

Vol. 165 Ch. 2350

ရီဖူရှင်းက စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များအား နေရာများတွင်ထိုင်ရန် ဖိတ်ကြားသည်။ သူသည် သူတို့အား ဂုဏ်ပြုပွဲကျင်းပပေးလိုသည်။

ဧည့်သည်များအား နေရာချထားပြီးသည်တွင် ရီဖူရှင်းက စွန့်ပစ်ခံကလန်မှ လူများအား ပြောသည် “အကြီးအကဲတို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာလည်တဲ့အပေါ် ကျုပ် နည်းနည်းတော့ အံ့အားသင့်ရပါတယ်”

“ကျုပ်က အင်ပါယာရီနဲ့ ဆွေးနွေးစရာနည်းနည်းရှိလို့ ရောက်လာတာပါ” စွန့်ပစ်ခံကလန်မှ အကြီးအကဲက ပြောသည်။ သူသည်ကား စွန့်ပစ်ခံကလန်မှ မဟာအကြီးအကဲ စစ်ခုန်းနန် ဖြစ်သည်။ စစ်ခုန်းမိသားစုသည် ယခင်က ရှန်းယိကုန်းမြေ၏အင်အားကြီးကလန်တစ်ခုဖြစ်ကာ နောက်ပိုင်း စွန့်ပစ်ခံကလန် တည်ဆောင်သောအခါ စစ်ခုန်းမိသားစုသည် သူတို့၏ကိုယ်ပိုင်ကလန်ကို ဖျက်သိမ်းကာ စွန့်ပစ်ခံကလန်နှင့် ပူးပေါင်းခဲ့သည်။ သူတို့သည် ရှန်းယိကုန်းမြေကို ကာကွယ်သော စောင့်ရှောက်သူများ ဖြစ်လာကြသည်။

“ကျွန်တော် နားထောင်နေပါတယ် အကြီးအကဲ” ရီဖူရှင်းက ပြောသည်။

“ရှန်းယိကုန်းမြေဟာ မူလဘုံကို ဆိုက်ကပ်လာခဲ့တယ်။ မင်းသမီးဒွန်ဟောင်ကလည်း အဲဒီနေ့မှာ ရောက်လာပြီးတော့ စွန့်ပစ်ခံကလန်ကို မူလဘုံရဲ့အစိတ်အပိုင်းဖြစ်ဖို့ ဖိတ်ခေါ်တယ်။ ဒီအခြေအနေမှာ ရှန်းယိကုန်းမြေဟာလည်း ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ အတူတူပါပဲ။ မူလဘုံဟာ ခက်ခဲတဲ့ကာလတစ်ခုကို ကျော်ဖြတ်နေရပြီးတော့ ထိပ်သီးအင်အားစုတွေအတော်များများက ဒီမှာ လာပြီး ခြေရှုပ်နေကြတယ် ကြားတယ်။ ကျုပ်တို့က ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ဘေးနားကို ရွှေ့ပြောင်းလိုကြတယ်။ ဒီနည်းနဲ့ ကျုပ်တို့က အချင်းချင်း ကူညီနိုင်မယ်လို့ ယုံကြည်တယ်။ အင်ပါယာရီအနေနဲ့ ဘယ်လိုထင်လဲ” စစ်ခုန်းနန်က မေးသည်။

စစ်ခုန်းနန်၏စကားကိုကြားလျှင် ရီဖူရှင်း အံ့အားသင့်သွားသည်။ သူက ပြောသည် “စွန့်ပစ်ခံကလန်ရဲ့အင်အားက ကောင်းကင်အာဏာစက်ကျောင်းတော်ထက် သာလွန်တယ်။ တကယ်လို့ အကြီးအကဲတို့က ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ မဟာမိတ်ဖွဲ့ချင်တယ်ဆိုရင် ကျုပ်တို့က ကျေးဇူးတင်မိမှာပါ။ ကျုပ်တို့က တခြားအတွေး ဘယ်လိုလုပ် ရှိနိုင်မှာလဲ”

ကောင်းကင်အာဏာစက်ကျောင်းတော်သည် ထိပ်သီးအင်အားစုများနှင့်ယှဉ်ပါက အင်အားနည်းနေသေးသည်။ ယခု စွန့်ပစ်ခံကလန်က သူတို့နှင့် မဟာမိတ်ဖွဲ့လိုသည်။ ဤသို့သော မဟာမိတ်ဖြင့် ဆိုပါက ကျောင်းတော်၏အင်အားမှာလည်း သိသိသာသာ အားကောင်းလာပေလိမ့်မည်။

“အင်ပါယာရီက မငြင်းဘူးဆိုမှတော့ အကောင်းဆုံးဖြစ်သွားတာပေါ့။ ပြီးတော့ ကျုပ်မှာ တခြားတောင်းဆိုမှုတစ်ခု ရှိသေးတယ်” စစ်ခုန်းနန်က ဆက်ပြောသည်။

“ကျေးဇူးပြုပြီးတော့ ပြောပါ” ရီဖူရှင်းက တိုက်တွန်းသည်။

“ရှန်းယိကုန်းမြေဟာ အမှောင်ထုထဲမှာ နှစ်ပေါင်းများစွာ ရွေ့လျားနေခဲ့တယ်။ ဒီအတွက် ကျုပ်တို့ အဓိကထားကျင့်ကြံတာက ခုခံနည်းနစ်တွေပဲ။ အင်ပါယာရီက ဒါနဲ့ပတ်သက်ပြီး သတိထားမိမယ်လို့ ယူဆတယ်။ မျိုးဆက်ပေါင်းများစွာ ကျုပ်တို့က တိုက်ခိုက်ရေးပိုင်းမှာ အားနည်းကြတယ်။ အချိန်အများစုမှာ ကျုပ်တို့ဟာ ခန္ဓာကိုယ်သန်မာအောင် ကျင့်ကြံတာနဲ့ ခုခံရေးပိုင်းမှာပဲ အားထုတ်ကြတယ်။ ဒါပေမဲ့ အခုက အရာအားလုံး ကွဲပြားခြားနားသွားပြီလေ။ အင်ပါယာရီက ကျုပ်တို့ တန်ခိုးရှင်တွေကို တိုက်ခိုက်ရေးနည်းစနစ်တွေ သင်ကြားပေးစေချင်ပါတယ်” စစ်ခုန်းနန်က ရှင်းပြသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများ အံ့အားသင့်သွာ,းသည်။ သူတို့က စွန့်ပစ်ခံကလန်၏စွမ်းအားကို မြင်တွေ့ခဲ့ကြရ၏။ ယခု စွန့်ပစ်ခံကလန်က ရီဖူရှင်းကို အကူအညီတောင်းနေသည်။ သို့သော်လည်း စွန့်ပစ်ခံကလန်၏အားနည်းချက်ကိုလည်း သူတို့ မြင်ကြသည်။

သူတို့၏ယခင် အခြေအနေကို တွေးကြည့်မည်ဆိုပါက ရှန်းယိကုန်းမြေသည် အမြဲတမ်းအားဖြင့် သဘာဝဘေးရန်များကိုသာ ရင်ဆိုင်ခဲ့ကြရကာ တကယ့် တန်ခိုးရှင်များနှင့် တိုက်ခိုက်ခဲ့ရခြင်း မရှိပေ။ ထို့ကြောင့် အချိန်     အများစုတွင် သူတို့သည် ခုခံမှုပိုင်းကိုသာ အထူးအလေးပေး ကျင့်ကြံခဲ့ကြရသည်။ မျိုးဆက်ပေါင်းများစွာ ထိုအလေ့အထကို လက်ဆင့်ကမ်းလာခြင်းက သူတို့အား ဤသို့သော ကြီးကြီးမားမား အားနည်းချက်ကို ဖြစ်ပေါ်စေခဲ့၏။

ယခု အတိတ်မှ အခြေအနေနှင့် လက်ရှိအခြေအနေကား အလွန်ကွာခြားသွားပြီဖြစ်သည်။ သူတို့ တကယ့် တန်ခိုးရှင်များနှင့် တိုက်ခိုက်ရမည့် အခြေအနေရောက်သောအခါ ထိုအားနည်းချက်ကြီးအား အချိန်မှီပြင်ဆင်ထားရန် လိုပေသည်။

“ဒါက ပြဿနာမရှိဘူး။ ကျုပ်က စွန့်ပစ်ခံကလန်အကြီးအကဲတွေကို တိုက်ခိုက်ရေးပညာရပ်တွေ သင်ကြားပေးပါ့မယ်။ ဒီနည်းနဲ့ အကြီးအကဲတွေက ငယ်သားတွေကို ဆက်ပြီး ပို့ချပေးနိုင်တာပေါ့။ ကျုပ်အမြင်အရ စွန့်ပစ်ခံကလန်ရဲ့ ကိုယ်ကာယပိုင်းနဲ့ ကျင့်ကြံစွမ်းအားတွေဟာ သာန်မန်ထက် အားကောင်းတယ်။ ဒါကြောင့် တိုက်ခိုက်ရေးပိုင်းမှာလည်း အချိန်တိုအတွင်း အားကောင်းလာလိမ့်မယ်” ရီဖူရှင်းက ထပ်ပြောသည်။

စွန့်ပစ်ခံကလန်သည် ယခင်က သူတို့အား မလိုအပ်ခဲ့ပေ။ ယခုကား အရာအားလုံး ကွဲပြားခြားနားသွားပြီ ဖြစ်သည်။ သူတို့၏တိုက်ခိုက်ရေးစွမ်းရည်တိုးတက်ရန်အတွက် စွန့်ပစ်ခံကလန်က ပိုမို၍ လိုလားပေသည်။

“ဒီလိုဆိုရင် ကျုပ်က အင်ပါယာရီကို ကျုပ်တို့ လျှို့ဝှက်နယ်မြေရဲ့ ကျင့်ကြံနည်းစနစ်တွေနဲ့ အပြန်အလှန် အလဲအလှယ် လုပ်ပါ့မယ်။ ဒါပေမဲ့ ဒါဟာ တချို့တဝက်ပဲ ဖြစ်ကြောင်း အင်ပါယာရီ နားလည်မယ်လို့ မျှော်လင့်ပါတယ်” စစ်ခုန်းနန်က ဆက်ပြောသည်။

“နားလည်ပါပြီ။ ကျုပ်တို့ ဒါကို နောက်မှ ပြောကြတာပေါ့။ အကြီးအကဲက စွန့်ပစ်ခံကလန်က အကြီးအကဲတွေကို ကောင်းကင်အာဏာစက်ကျောင်းတော်သို့ စေလွှတ်ပေးပါ။ ကျုပ်က သူတို့ကို တိုက်ခိုက်ရေးနည်းစနစ်တွေ သင်ယူနိုင်တဲ့နေရာတွေကို ပို့ဆောင်ပြီးတော့ လေ့ကျင့်သင်ကြားပေးပါ့မယ်။ အကြာခင် သူတို့က စွန့်ပစ်ခံကလန်က လူတွေကို ပြန်ပြီး သင်ကြားပို့ချနိုင်မှာပါ” ရီဖူရှင်းက ပြောသည်။

သူသည် မူလဘုံကို မထိန်းချုပ်ခင်က ထျန်ရှင်းကျောင်းတော်မှ ကျမ်းစာအုပ်များစွာကိုလည်း ပိုင်ဆိုင်ခဲ့သည်။ ထို့အပြင် စီဝေ့ကောင်းကင်၊ လေးမျက်နှာကျေးရွာနှင့် တခြားထိပ်သီးကျင့်ကြံခြင်းအဖွဲ့များမှ ပညာရပ်များမှာလည်း ကောင်းကင်အာဏာစက်ကျောင်းတော်၌ တည်ရှိ၏။ သူတို့အတွက် စွန့်ပစ်ခံကလန်ကို ပြန်လည်ဝေမျှပေးနိုင်သော ပညာရပ်များမှာ အဆင်သင့်ရှိပေသည်။

စွန့်ပစ်ခံကလန်သည် အလွန်အားကောင်းလွန်းကာ ကောင်းကင်အာဏာစက်ကျောင်းတော်အတွက် ကြီးမားသော အကူအညီကို ရစေသည်။ ထို့ကြောင့် သူသည် စွန့်ပစ်ခံကလန်ကို ပိုမိုသန်မာအောင် သေချာပေါက် ကူညီလိုပေ၏။

“ကောင်းပါပြီ။ ဒါဆို ကျုပ်တို့က အင်ပါယာရီကို အကူအညီတောင်းရဦးမှာပဲ” စစ်ခုန်းနန်က ခေါင်းညိတ်သည်။ ရီဖူရှင်းက သူတို့ကို ကူညီမည်ဆိုမှတော့ သူ့တွင် ယုံကြည်ချက် ရှိ၍ ဖြစ်သည်။ ထိုနေ့က စွန့်ပစ်ခံကလန်သည် ရီဖူရှင်း၏တိုက်ခိုက်ရေးစွမ်းအားကို မြင်ပြီးဖြစ်သည်။ သူ၏ကိုယ်ကျင့်စရိုက်နှင့်ဆိုပါက ဤသို့သော မိတ်ဆွေမျိုးကို စွန့်ပစ်ခံကလန်က သေချာပေါက် မဟာမိတ်ဖွဲ့ရဲပေသည်။ ထို့ကြောင့်ပင် သူက ရှန်းယိကုန်းမြေအား ကောင်းကင်အာဏာစက်ကျောင်းတော်ဘေးသို့ ရွေ့လျားအခြေချစေခြင်းဖြစ်သည်။

စွန့်ပစ်ခံကလန်သည် အလွန်အားကောင်းသော်လည်း ယမန်နေ့က ဖြစ်ပျက်ခဲ့သည်များအရ သူတို့သည် တကိုယ်တည်း နေ၍ မရကြောင်း နားလည်ခဲ့ကြသည်။ ယခု ကောင်းကင်အာဏာစက်ကျောင်းတော်သညလ်ညး သူတို့နှင့် ဆင်တူသော အခြေအနေနှင့် ကြုံတွေ့ခဲ့ရ၏။ ထို့ကြောင့် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် မဟာမိတ်ဖွဲ့ခြင်းက အလွန်ကောင်းမွန်သော မိတ်ဖက်ကို ပိုင်ဆိုင်နိုင်ပေမည်။

“အကြီးအကဲက အရမ်းယဉ်ကျေးလွန်းပါပြီ” ရီဖူရှင်းက ခွက်ကိုမြောက်ကာ ပြောသည်။

ကောင်းကင်ထက်တွင် ကျယ်လောင်သော လေလှိုင်းသံများ ထွက်ပေါ်လာသည်။ အားလုံးက အဝေးကို လှမ်းကြည့်ကြလျှင် ကောင်းကင်အာဏာစက်ကျောင်းတော်ဘက်သို့ ဧရာမပုံသဏ္ဌာန်ကြီးတစ်ခု ရွေ့လျားလာနေသည်ကို မြင်ရ၏။

ထိုအခိုက်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများသည် အလွန်အမင်း အံ့အားသင့် ထိတ်လန့်နေကြသည်။ ကမ္ဘာမြေသည် သိမ့်သိမ့်တုန်နေကာ ကောင်းကင်မှ လေလှိုင်းသည် ပြင်းထန်စွာ လှုပ်ခတ်နေ၏။

“အဲဒါ ဘာလဲ…” အားလုံးက အလွန်ဝေးသော အရပ်မှ တစ်စုံတစ်ခု ရွေ့လျားနေသည်ကို မြင်ကြသည်။

တချို့စွမ်းအားမြင့် တန်ခိုးရှင်များသည် ကောင်းကင်ထက်ကို တက်ကာ အဝေးကို ကြည့်ကြသည်။

“အဲဒါက ကုန်းမြေတစ်ခုပဲ” တစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောသည်။ ကုန်းမြေတစ်ခုသည် ကောင်းကင်အာဏာစက်ဘုံဘက်သို့ ရွေ့လျားနေသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်ထဲတွင် ရီဖူရှင်းနှင့် တခြားလူများကလည်း ထိုဧရာမကုန်းမြေကြီးကို ကြည့်နေကြ၏။

စွန့်ပစ်ခံကလန်သည် သူတို့၏ကုန်းမြေတစ်ခုလုံးကို သယ်ဆောင်လာခဲ့သည်။

နောက်ဆုံးတွင် ကျယ်လောင်သော အသံများ အဆက်မပြတ်ကြားရကာ ကမ္ဘာမြေကြီးသည် ပြင်းထန်စွာ တုန်ခါသွား၏။ အရာအားလုံး ငြိမ်သက်သွားသောအခါ ကောင်းကင်အာဏာဘုံဘေး၌ နောက်ထပ် ကုန်းမြေတစ်ခု ပေါ်လာသည်။ ၎င်းကား ရှန်းယိကုန်းမြေဖြစ်သည်။

“မင်း တစ်ခေါ်လောက် သွားကြည့်မလား” စစ်ခုန်းနန်က မေးသည်။

“သေချာတာပေါ့။ အကြီးအကဲနေနဲ့လည်း ကျွန်တော်နဲ့အတူ လိုက်ပါလာမယ့်လူတွေကို ရွေးချယ်လို့ ရတာပေါ့” ရီဖူရှင်းက ပြုံးလျှက် ခေါင်းညိတ်သည်။ သူတို့က ထရပ်ကာ ထွက်ခွာလာကြ၏။ မကြာခင် သူတို့သည် ကောင်းကင်အာဏာစက်ဘုံနှင့် ရှန်းယိကုန်းမြေတို့အကြားနယ်စပ်စည်းသို့ ရောက်လာသည်။

ကုန်းမြေနှစ်ခုသည် ဘေးချင်းယှဉ်တည်ရှိနေခြင်းက လူအများကို ထူးဆန်းအံ့ဩစေသည်။ တန်ခိုးရှင်များအားလုံးကလည်း တစ်ဘက်စီမှ အချင်းချင်း ကြည့်နေကြ၏။ ဘာဖြစ်နေသနည်း။

ကုန်းမြေတစ်ခုသည် ကောင်းကင်မှ ကျဆင်းလာခဲ့ကာ ကောင်းကင်အာဏာစက်ဘုံဘေး၌ လာရောက်တည်ရှိသည်။

“အခုကစပြီးတော့ ရှန်းယိကုန်းမြေဟာ ကောင်းကင်အာဏာစက်ဘုံနဲ့အတူ အမှီသဟဲပြု နေထိုင်လိမ့်မယ်။ စွန့်ပစ်ခံကလန်ဟာလည်း ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့မဟာမိတ်ဖွဲ့ပြီးတော့ အနာဂတ်မှာ အချင်းချင်း ကူညီသွားမယ်” ရီဖူရှင်းက အားလုံးကို ကြေညာလိုက်သည်။ ဤတွင် ပတ်ဝန်းကျင်မှ တန်ခိုးရှင်များအားလုံး ထိတ်လန့်သွားကြ၏။

ရှန်းယိကုန်းမြေ၊ စွန့်ပစ်ခံကလန်။

ဤသည်က လတ်တလော နာမည်ကြီးနေသည့် စွန့်ပစ်ခံကလန်လား။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် မဟာမိတ်ဖွဲ့လိုက်သည်လား။

“ကျုပ်တို့ ဟိုဘက်ခြမ်းကို တစ်ခေါက် သွားကြည့်ရအောင်” တန်ခိုးရှင်တချို့က ပြောကာ ရှန်းယိကုန်းမြေဘက်ကို သွားကြသည်။ ထို့အတူ ရှန်းယိကုန်းမြေဘက်မှလည်း တန်ခိုးရှင်များသည် ကောင်းကင်အာဏာစက်ဘုံဘက်သို့ လှမ်းလာကြသည်။ သူတို့က ကုန်းမြေကို စူးစမ်းရှာဖွေလိုကြ၏။

ရီဖူရှင်းတို့က ဖြစ်ပျက်နေသည်များကို ကြည့်နေကြသည်။ အရာအားလုံးက သဘာဝအတိုင်း လိုက်လျောညီထွေ ဖြစ်ပျက်သွားပေလိမ့်မည်။

“သွားကြမယ်” စစ်ခုန်းနန်က ပြောကာ သူတို့အုပ်စု စွန့်ပစ်ခံကလန်ဘက်သို့ ဦးတည်လိုက်ကြသည်။

တချိန်တည်းတွင် ရှန်းယိကုန်းမြေရောက်လာသည့်အကြောင်း ဘုံကိုးခုလုံးသို့ ပျံ့နှံ့သွား၏။ ဤနည်းဖြင့် တခြားသော ထိပ်သီးအင်အားစုများသည်လည်း ထိုသတင်းကို ကြားသိကြရသည်။ အများအပြားမှာ ထိုသတင်းကို သဘောမကျကြပေ။ နောက်ဆုံးတွင် ရီဖူရှင်းသည်သာ အကျိုးအမြတ်ကို ရရှိသူ ဖြစ်လာသည်။

All Chapters