← Chapters

အကြံအစည် 

Vol. 165 Ch. 2352

အကြံအစည် 

Vol. 165 Ch. 2352

လျှို့ဝှက်နယ်မြေအတွင်း ရီဖူရှင်းက တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။ သူက သိမ်မွေ့နက်နဲသော လေဟာနယ်တစ်ခုအတွင်း ရောက်နေသလို ထင်မှတ်ရသည်။ သူ၏ အနီးဝန်းကျင်၌ ရှေးဟောင်းနတ်ဘုရားများ ရှိနေသလိုပင် ဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားများ၏ ပုံရိပ်များက အလွန် အစွမ်းထက်ပုံရကာ ကောင်းကင်၌ ပြည့်နှက်နေသည်။ သူတို့၏ စွမ်းအားများက အံ့အားသင့်ဖွယ် ကောင်းလောက်အောင် တသားတည်းဖြစ်နေခဲ့ပြီး ဖြစ်တည်မှုတစ်ခုတည်း ဖြစ်လာသလို ထင်မှတ်ရပေသည်။

ကျောက်ဆောင်ဝင်္ကပါသည် တစ်စုံတစ်ယောက်၏ စွမ်းအားနှင့် ပေါင်းစပ်နိုင်ပြီး မဟာလမ်းစဥ်ခန္ဓာကိုယ်သည် ၎င်း၏ အန္တိမစွမ်းအားတို့ကို ထုတ်လွှတ်နိုင်စွမ်း ရှိသည်။ သို့သော် တစ်စုံတစ်ယောက်သည် ကျောက်ဆောင်ဝင်္ကပါအတွင်း၌ မကျင့်ကြံခင် ခန္ဓာကိုယ် သန့်စင်ခြင်းနည်းစနစ်ကို ကျင့်ကြံထားရန် လိုအပ်သည်။ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များက အထင်ကြီးလောက်ဖွယ်ပင် ဖြစ်သည်။

ထို့ပြင် ကျောက်ဆောင်ဝင်္ကပါ အသက်သွင်းရာတွင် ကျင့်ကြံသူများစွာက တသားတည်းဖြစ်နေရန် လိုအပ်ပေသည်။ ကျောက်ဆောင်ဝင်္ကပါကို အသက်သွင်းသည့် ကျင့်ကြံသူများ၏ စွမ်းအားတို့က တစ်ယောက်နှင့်တစ်ယောက် တသားတည်းဖြစ်လာစေရန် လိုအပ်ပေသည်။ ၎င်းက မလွယ်ကူလှပေ။ ပါဝင်မည့် အားလုံးသော ကျင့်ကြံသူများကြားတွင် အကြွင်းမဲ့ယုံကြည်မှုတို့ ရှိထားရန် လိုအပ်ပြီး အောင်မြင်ဖို့ရာ ထူးခြားသည့် ကျင့်ကြံရေးနည်းစနစ်တို့ လိုအပ်သည်။

ထိုသည်ကို ကြည့်လျှင် စွန့်ပစ်ခံကလန်မှ စီနီယာများအတွက် ကျောက်ဆောင်ဝင်္ကပါကို ဖန်တီးရန် အများကြီး အားထုတ်ရန် လိုအပ်ကြောင်း သိသာပေသည်။

အချိန်များက တဖြေးဖြေး ကုန်လွန်သွားခဲ့သည်။ ရီဖူရှင်းက တိတ်ဆိတ်စွာ လမ်းစဥ်ကို တွေးတောဆင်ခြင်နေခဲ့သည်။ အချိန်အတော်ကြာပြီး နောက်ဆုံးတွင် သူက မျက်လုံးများ ဖွင့်လာကာ သူ၏ စိတ်ဝိညာဥ်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက ကျောက်တုံးနံရံများကို ကြည့်လိုက်၏။ အရာအားလုံးက ပုံမှန်အဖြစ် ပြန်လည်ပြောင်းလဲသွားသလို ထင်မှတ်ရပေသည်။

သူက ပြန်လှည့်ထွက်ကာ လျှို့ဝှက်နယ်​မြေထဲမှ လျှောက်ထွက်သွားခဲ့သည်။ အပြင်ဘက်တွင် စစ်ခုန်းနန်က ထို​နေရာ၌ ရပ်စောင့်နေခဲ့သည်။ သူက တစ်ချိန်လုံး ရီဖူရှင်းကို စောင့်ဆိုင်းနေပုံရကာ ရီဖူရှင်း စွန့်ပစ်ခံကလန် လျှို့ဝှက်နယ်​မြေထဲ၌ ကျင့်ကြံနေစဥ် ရီဖူရှင်းအား အဖော်ပြုပေးနေခဲ့ပေသညိ။

"ကျောက်ဆောင်ဝင်္ကပါကို ဖွဲ့စည်းဖို့ ထူးခြားတဲ့ ကျင့်ကြံရေးနည်းစနစ် လိုအပ်တယ်မလား။ ကျုပ် တစ်ချက်လောက် ကြည့်လို့ ရနိုင်မလား။" ရီဖူရှင်းက စစ်ခုန်းနန်ကို မေးလိုက်သည်။

"ရတာပေါ့။" စစ်ခုန်းနန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ သူက ရီဖူရှင်းကို လျှို့ဝှက်နယ်မြေ အပြင်ဘက် နောက်တစ်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။

"ဒီလျှို့ဝှက်နယ်မြေက အရမ်း အန္တရာယ်များတယ်။ စွန့်ပစ်ခံကလန်က ကျင့်ကြံသူတွေတောင်မှ ဝင်သွားပြီး ဘာမှမဖော်ထုတ်နိုင်ခဲ့တဲ့သူတွေ ရှိတယ်။ ဒါပေမယ့် ကျောက်ဆောင်ဝင်္ကပါမှာ ကျင့်ကြံဖို့ ဆန္ဒရှိတဲ့ ကျင့်ကြံသူတွေလည်း အထဲကို သွားဖို့ လိုအပ်လိမ့်မယ်။ အထဲမှာ တစ်စုံတစ်ယောက်ရဲ့ အသွေးအသားနဲ့ စွမ်းအားတွေကို အားကောင်းသန်မာစေတဲ့ နည်းစနစ်တစ်ခု ရှိတယ်။ အဲဒါက လုပ်ဆောင်ဖို့အတွက် တိုက်ရိုက်အကျဆုံး နည်းလမ်းတစ်ခုပဲ။" စစ်ခုန်းနန်က ရှင်းလင်းလိုက်သည်။ "ဒါပေမယ့် ရန်ဟောင်ရီရဲ့စွမ်းရည်နဲ့ဆိုရင် ဒီနေရာကို ဝင်ရတာက ပြဿနာတစ်ခု ဖြစ်မှာမဟုတ်ပါဘူး။"

"ကောင်းပြီ။ အထဲကို သွားပြီး တစ်ချက်ကြည့်လိုက်မယ်။" ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက် သူက လျှို့ဝှက်နယ်မြေအတွင်း ခြေချလိုက်သည်။

အထဲသို့ ဝင်ရောက်လိုက်သည်နှင့် ရီဖူရှင်းက သူ့ပေါ်ကို လွှမ်းခြုံလာသည့် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားတို့ကို ခံလိုက်ရပေသည်။ ၎င်းသည် လေဟာနယ်ကို အက်ကွဲသွားစေသလို ထင်မှတ်ရပေသည်။ သူ့အနီးဝန်းကျင်၌ အက်ကြောင်းများ ရှိနေသလို ကပ်ဘေးအလင်းတို့လည်း ရှိနေခဲ့သည်။ လျှို့ဝှက်နယ်မြေအတွင်း မပြီးပြည့်စုံသော လေဟာနယ်တစ်ခု ချိပ်ပိတ်ခံထားရသလို ထင်မှတ်ရသည်။

အထဲတွင် ပုန်းကွယ် ရှောင်ဖယ်စရာ နေရာဟူ၍ မရှိပေ။

"ဒါက..." ရီဖူရှင်းကို နှလုံးသားထဲမှ တုန်ယင်လာစေမှုကို ခံစားလိုက်ရသည်။ သူ့ အသွေးအသားတို့က တုန်ယင်လာကာ သူ၏ မဟာလမ်းစဥ် ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ ဖျက်ဆီးခြင်း လေထုက သူ့ပုံရိပ်အား လွှမ်းခြုံထားသည်။ လေထုက ဓားသွားကဲ့သို့ ထက်ရှနေပြီး သူ့ခန္ဓာကိုယ်အား ဖျက်ဆီးပစ်ရန် ကြိုးစားနေခဲ့သည်။ လေထုနှင့် သူ၏ မဟာလမ်းစဥ်ခန္ဓာကိုယ်ကြား ပွတ်တိုက်မှုစွမ်းအားကြောင့် ဆူညံသံများ အမှန်တကယ် ထွက်ပေါ်လာပေသည်။

ဘုန်း...

တိုက်ခိုက်မှုတစ်ခုက သူ၏ စိတ်ဝိညာဥ်ကို တိုက်ရိုက်တိုက်ခိုက်လာသလို ထင်မှတ်ရပေသည်။ အနက်ရောင်မိုးကြိုးတစ်ခုက သူ၏ နတ်အာရုံသို့ တည့်မတ်စွာ တိုးဝင်လာသည်။ ၎င်းတွင် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားတို့ ပါဝင်နေ၏။

'ဒါက အဆုံးမဲ့အမှောင်နယ်မြေ ပုံရိပ်ယောင်အဖြစ် တည်ဆောက်ထားတာမလား။' ဟု ရီဖူရှင်းက တစ်လှမ်းချင်း လျှောက်လာ​နေရင်း တွေးလိုက်သည်။ ဤလျှို့ဝှက်နယ်မြေက အရာအားလုံးကို စုပ်ယူဝါးမြိုနိုင်သည့် အနက်ရောင်တွင်းပေါက်ကြီးကဲ့သို့ပင် ဖြစ်သည်။ သူက လေဟာနယ်သို့ ထို့ထက်ပို၍ ဝင်ရောက်လာသည်နှင့် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုက သူ့ထံသို့ တိုးဝင်လာပေသည်။ ၎င်းက အကန့်အသတ်မဲ့ပင် ဖြစ်သည်။

ရှန်းယိကုန်းမြေက အဆုံးမဲ့ အမှောင်ထုအတွင်း လှည့်လည်သွားလာနေခဲ့သည်။ ၎င်းက နေ့အလင်းကို မည်သည့်အခါမှ မမြင်တွေ့နိုင်ခဲ့ဘဲ ဘေးအန္တရာယ်များဖြင့်သာ အမြဲ ရင်ဆိုင်ခဲ့ရပေသည်။ ထို့ကြောင့် သူတို့က အဆုံးမဲ့အမှောင်ထုကို ပုံရိပ်ယောင်ပြုလုပ်ကာ စွန့်ပစ်ခံကလန်၏ ကျင့်ကြံသူများက လေ့ကျင့်ရန် ဤနေရာကို တည်ဆောက်ထားခြင်း ဖြစ်သည်။ ၎င်းသည် သူတို့ ဆန္ဒရှိသည့်အခါတိုင်း စွန့်ပစ်ခံကလန် လျှို့ဝှက်နယ်မြေအတွင်း အမှောင်ထုစွမ်းအားကို လေ့လာသင်ယူရန် ခွင့်ပြုပေးသည်။

ထိုနည်းလမ်းက ကောင်းမွန်သော နည်းစနစ်တစ်ခုကဲ့သို့ ထင်မှတ်ရသော်လည်း အလွန် ရက်စက်ကြမ်းတမ်းပေသည်။ စွန့်ပစ်ခံကလန်က သူတို့ အဖွဲ့ဝင်များအပေါ်၌ပင် ညှာတာခြင်း မရှိပေ။ သို့သော် သူတို့က ထိုကဲ့သို့ မလုပ်လျှင် အချိန်ကြာမြင့်စွာကပင် ဖျက်ဆီးခံခဲ့ရမည်ဖြစ်ကာ ယနေ့ထိတိုင် ရှင်သန်ကျန်ရစ်လိမ့်မည် မဟုတ်ပေ။

ဤနေရာအတွင်း၌ မည်သည်တို့ ရှိနေနိုင်သနည်းဟု ရီဖူရှင်းက တွေးလိုက်သည်။ သူ၏ စိတ်ဝိညာဥ်ကို မုန်တိုင်းက ထိုးဖောက်နိုင်စွမ်း မရှိနိုင်ပေ။ သူက ရှေ့ဆက်တိုးလာသည်နှင့် ပို၍ ကြောက်မက်ဖွယ် ကောင်းသော ဖျက်ဆီးခြင်းစွမ်းအားတို့က သူ၏ အသွေးအသားနှင့် စိတ်ဝိညာဥ်တို့ကို တိုက်ခိုက်လာခဲ့သည်။

တဖြေးဖြေးနှင့် သူ့အသွေးအသားတို့က နတ်အလင်းတို့ဖြင့် လင်းလက်တောက်ပလာကာ ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။ ၎င်းက မဟာလမ်းစဥ် နတ်ခန္ဓာကဲ့သို့ဖြစ်သည်။ သူ ထုတ်လွှတ်လိုက်သော စွမ်းအားကလည်း အလွန် အစွမ်းထက်သည့် အခြေအနေသို့ ရောက်ရှိနေခဲ့သည်။ ထို့နောက် သူက ရှေ့ဆက်တိုးရန် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။ သူက ထိုကဲ့သို့ နည်းစနစ်များကို ကျင့်သားရနေလျှင်ပင် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများက လျှို့ဝှက်နယ်မြေကို ဖြတ်သန်းရန် အလွန် ခက်ခဲနေလိမ့်မည် ဖြစ်သည်။

အမှောင်ထုမုန်တိုင်းကို ဖြတ်ကျော်လာပြီးနောက် သူက နောက်ထပ် လေဟာနယ်တစ်ခုဆီသို့ ဝင်ရောက်လာပေသည်။ ဤနေရာ၌လည်း ကျောက်တုံးနံရံတစ်ခု ရှိနေခဲ့၏။ ထိုအပေါ်တွင် ကျင့်ကြံရေးနည်းစနစ်တစ်ခုကို ရေးထွင်းထားသည်။ ၎င်းက လူတစ်ယောက်၏ အသွေးအသားနှင့် စိတ်ဝိညာဥ်တို့ကို လေ့ကျင့်နိုင်သော နည်းစနစ်တစ်ခု ဖြစ်သည်။ အနက်ရောင်တွင်းပေါက်ကြီးအတွင်းမှ မုန်တိုင်းနှင့် ဆက်စပ်မှုကို အသုံးပြု၍ ၎င်းသည် တစ်စုံတစ်ယောက်၏ အသွေးအသားနှင့် စွမ်းအားတို့ကို အလွန် အစွမ်းထက်အောင် လေ့ကျင့်ပေးနိုင်သည်။

ဆိုလိုသည်မှာ ကျောက်ဆောင်ဝင်္ကပါအား အသက်သွင်းနိုင်သည့် ကျင့်ကြံသူများ အားလုံး ယခင်က ဤနေရာသို့ ရောက်ရှိလာဖူးသည်ဟူ၍ ဖြစ်သည်။

ရီဖူရှင်းက သူ့မျက်လုံးများကို မှိတ်ကာ စတင်ကျင့်ကြံလိုက်သည်။ အချိန်တစ်ခုကြာပြီးနောက် သူက နေရာမှာ ထွက်ခွာသွားပြီး စစ်ခုန်းနန်နှင့် တစ်ခါ ပြန်တွေ့ဆုံခဲ့သည်။

"ဘယ်လိုခံစားရလဲ။" စစ်ခုန်းနန်က ရီဖူရှင်းကို မေးလိုက်သည်။

ရီဖူရှင်းက မှတ်ချက်ချလိုက်သည်။ "စွန့်ပစ်ခံကလန်ရဲ့ စီနီယာတွေက ဒီလောက် ကောင်းတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို ဖန်တီးနိုင်တာ အရမ်း လေးစားဖို့ကောင်းတယ်။ ဒါပေမယ့် သူတို့က အဲဒီနည်းစနစ်တွေကို ဖန်တီးပြီးတော့ စီနီယာတွေက တခြားကျင့်ကြံရေးနည်းလမ်းတွေကို အသုံးပြုလို့ မရခဲ့ဘူး။ သူတို့က ဒီနည်းစနစ်ကို ရှန်းယိကုန်းမြေမှာ အခက်အခဲ ကြုံလာတဲ့အခါနဲ့ ကုန်းမြေကို ကာကွယ်ဖို့အတွက် အသုံးပြုရုံပဲ တတ်နိုင်ခဲ့တယ်။ ဒါက ​ဖြုန်းတီးနေသလိုပဲ။"

"ရန်ဟောင်ရီ ဘာကိုဆိုလိုတာလဲ။" စစ်ခုန်းနန်က မေးလိုက်သည်။

ရီဖူရှင်းက ရှင်းပြလိုက်သည်။ "ကျောက်ဆောင်ဝင်္ကပါမှာ ထိတ်လန့်ဖွယ် ခုခံကာကွယ်ရေးစွမ်းအားကို ပိုင်ဆိုင်ထားတယ်။ စွန့်ပစ်ခံကလန်က ဝင်္ကပါအစီအရင်ရဲ့ ခုခံကာကွယ်ရေးနဲ့ တခြားတိုက်ခိုက်ရေး နည်းစနစ်တွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် အဲဒီလို ပေါင်းစပ်မှုက အရမ်း အစွမ်းထက်လိမ့်မယ်။ ခင်ဗျားတို့ အရင်ကလိုမျိုး နောက်ထပ် တိုက်ပွဲတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရရင် အသက်တွေကို စတေးဖို့ လိုအပ်လိမ့်မှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် ကောင်းကင်ဒေသက ရှေးဟောင်းနတ်ဘုရားကလန်ရဲ့ ကျင့်ကြံသူတွေကို တိုက်ရိုက် ဟန့်တားပေးနိုင်လိမ့်မယ်။"

"ကျောက်ဆောင်ဝင်္ကပါအတွက် လိုအပ်ချက်တွေက အရမ်း မြင့်မားလွန်းတယ်။ တိုက်ပွဲဝင်္ကပါထဲက ကျင့်ကြံသူတွေက သူတို့ရဲ့ စွမ်းအားတွေ တသားတည်းဖြစ်အောင် လုပ်ဖို့ လိုအပ်တယ်။ သူတို့ တစ်ယောက်ချင်း တိုက်ခိုက်ရင် တိုက်ပွဲဝင်္ကပါရဲ့ ဟန်ချက်ကို ဖျက်ဆီးပစ်လိုက်လိမ့်မယ်။ ကျောက်ဆောင်ဝင်္ကပါကို ဖန်တီးတဲ့ စီနီယာတွေက တိုက်ခိုက်ရေး နည်းစနစ်တွေကို မဖန်တီးခဲ့ဖူးဘူး။ ရန်ဟောင်ရီရဲ့ စိတ်ထဲမှာ အကြံအစည်တစ်ခုခု ရှိနေတာလား။" စစ်ခုန်းနန်က ရီဖူရှင်း၏ စကားလုံးများကို ကြားသောအခါ ပြောလိုက်သည်။ သူက စဥ်းစားချင့်ချိန်နေသည့် အကြည့်တို့နှင့် ကြည့်လိုက်သည်။ သူက ရီဖူရှင်း၏ သဘောထားမှ တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။

"အင်း.." ရီဖူရှင်းက ခေါင်းညထတ်ကာ ပြန်ဖြေလိုက်သည်။ "အဲဒီ ကျင့်ကြံသူတွေက တသားတည်းဖြစ်အောင်ထိ ကျင့်ကြံနိုင်ခဲ့တာကြောင့် ကျောက်ဆောင်ဝင်္ကပါကို မွမ်းမံပြင်ဆင်ပြီး မဟာလမ်းစဥ် တိုက်ခိုက်ရေးနည်းပညာတွေကို ထုတ်ဖော်နိုင်မယ်လို့ ယုံကြည်တယ်။ အဲဒီနည်းလမ်းနဲ့ ကျောက်ဆောင်ဝင်္ကပါရဲ့ စွမ်းအားက နည်းနည်း ပိုပြီး တိုးတက်လာလိမ့်မယ်။"

စစ်ခုန်းနန်က ရီဖူရှင်း ပြောသည်ကို ကြားသောအခါ ထူးဆန်းသော အမူအရာတို့ ထုတ်ဖော်ပြလာခဲ့သည်။ သူက ပြောလိုက်၏။ "ကျုပ်တို့ တကယ်ပဲ အဲဒီလို လုပ်နိုင်ခဲ့ရင် စွမ်းရည်က တိုးတက်တာထက် ပိုလိမ့်မယ်။ ခုခံကာကွယ်ရေး ဝင်္ကပါအစီအရင်ဖြစ်တာကြောင့် ကျောက်ဆောင်ဝင်္ကပါက အမြဲတမ်း တိုက်ခိုက်ရေးစွမ်းရည် လစ်လပ်နေခဲ့တာ။ မင်းပြောသလို ပြောင်းလဲနိုင်စွမ်းရှိမယ်ရင် ဒီဝင်္ကပါရဲ့ စွမ်းအားက အများကြီး တိုးတက်လာလိမ့်မယ်။"

"ဖြစ်နိုင်ပါတယ်။" ရီဖူရှင်းက ပြောလိုက်သည်။

"ရန်ဟောင်ရီ အဲဒီလို လုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား။" စစ်ခုန်းနန်က မေးလိုက်သည်။

"ကျုပ် ကြိုးစားမှာပါ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

"ကောင်းပြီ။ ဒီလိုဆိုရင် ကျုပ်တို့ ခင်ဗျားကို အဲဒီလိုလုပ်ပေးဖို့ပဲ တောင်းဆိုရလိမ့်မယ်။" စစ်ခုန်းနန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကျုပ် လျှို့ဝှက်နယ်မြေ တိုက်ပွဲဝင်္ကပါထဲမှာ ရက်အနည်းငယ်လောက် ကျင့်ကြံလိုက််မယ်။" ရီဖူရှင်းက ပြောရင်း လျှို့ဝှက်နယ်မြေဆီသို့ ဦးတည်လိုက်သည်။ ထို့နောက် ကျင့်ကြံရန် တစ်ဖန် ဝင်ရောက်သွားပေသည်။

စစ်ခုန်းနန်က အပြင်ဘက်တွင် ရပ်နေခဲ့ပြီး ရီဖူရှင်း အထဲသို့ လျှောက်သွားသည်အား စောင့်ကြည့်နေခဲ့သည်။ သူ့မျက်လုံးများထဲ၌ မျှော်လင့်နေသော အကြည့်တို့ ရှိနေခဲ့သည်။ ရီဖူရှင်း ပြောခဲ့သလို ကျောက်ဆောင်ဝင်္ကပါတွင် အဆင့်မြင့်တိုက်ခိုက်ရေး နည်းပညာကို ထည့်ပေါင်းနိုင်လျှင် စွန့်ပစ်ခံကလန် တစ်ခုလုံး၏ စွမ်းရည်က နောက်ထပ် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ ထိုနည်းလမ်းနှင့် မူလဘုံ၏ လက်ရှိပရမ်းပတာကာလအတွင်း သူတို့၏ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သည့် စွမ်းရည်က ပိုမို မြင့်မားလာနိုင်ပေသည်။

All Chapters