နားလည်သဘောပေါက်ခြင်း
Vol. 165 Ch. 2353
စွန့်ပစ်ခံကလန်၏ ကြီးမားသော လေဟာနယ် နယ်မြေအတွင်း စွန့်ပစ်ခံကလန်မှ အစွမ်းထက် ရန်ဟောင်များစွာက စုစည်းနေခဲ့သည်။
စစ်ခုန်းနန်နှင့် စွန့်ပစ်ခံကလန်မှ စီနီယာအနည်းငယ်လည်း ထိုနေရာ၌ ရှိနေခဲ့သည်။ သူတို့က တစ်နေရာတည်းတွင် ရပ်နေခဲ့ပြီး ရှေ့တည့်တည့်ကို ကြည့်လိုက်သည်။ တူညီသော ကျင့်ကြံဆင့်၌ ရှိနေသည့် ရန်ဟောင်ကိုးယောက်ကလည်း ထိုနေရာတွင် ရှိနေခဲ့သည်။ သူတို့အားလုံးက ကြောက်မက်ဖွယ် အရှိန်အဝါတို့နှင့် အဆင့်ရှစ်ရန်ဟောင်များ ဖြစ်ကြသည်။
သူတို့ကြားတွင် နောက်ထပ် အဖြူရောင်ဆံပင်နှင့် ပုံရိပ်တစ်ခု ရှိနေခဲ့သည်။ ၎င်းက ရီဖူရှင်း ဖြစ်သည်။
ရက်အနည်းငယ်ခန့် လျှို့ဝှက်နယ်မြေတွင် ကျင့်ကြံခဲ့ပြီးနောက် ရီဖူရှင်းက ကျောက်ဆောင်ဝင်္ကပါကို အဆင့်မြှင့်ရန် ကြိုးစားချင်ခဲ့သည်။ ဤသည်မှာ သူတို့၏ ပထမဆုံး အတွေ့အကြုံ ဖြစ်သည်။
စွန့်ပစ်ခံကလန်က ရီဖူရှင်းအပေါ် မြင့်မားသော သဘောထား ရှိသည်။ ဤသည်မှာ သူတို့ကလန်၏ စွမ်းရည်ကို အဆင့်သစ်တစ်ခုသို့ ရောက်ရှိစေပေလိမ့်မည်။ ကျင့်ကြံသူများက သိသာထင်ရှားစွာ လေးနက်နေခဲ့သည်။ စစ်ခုန်းနန်နှင့် အခြားစီနီယာကျင့်ကြံသူများ အားလုံးလည်း ရှိနေခဲ့သည်။
"စီနီယာတို့ ကျေးဇူးပြုပြီး ဝင်္ကပါအစီအရင်ကို အသက်သွင်းလိုက်ပါ။" ရီဖူရှင်းက ပြောလိုက်သည်။ ရန်ဟောင်ကိုးယောက်က ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူတို့က ကောင်းကင်ရှိ မတူညီသော နေရာများတွင် ရပ်နေခဲ့သည်။ မဟာလမ်းစဥ်အရှိန်အဝါတို့က သူတို့၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး နတ်အလင်းတို့ တောက်ပလင်းလက်လာသည်။ သူတို့၏ ခန္ဓာကိုယ်များမှ အစွမ်းထက်သည့် စွမ်းအားတို့ ထုတ်လွှတ်လာ၏။
ချက်ချင်းပင် ရှေးဟောင်းနတ်ဘုရားများ၏ ပုံရိပ်ယောင်တို့က ပေါ်ပေါက်လာပြီး ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းသွားသည်။ ၎င်းတို့က ရန်ဟောင်စွမ်းအားများ၏ လွှမ်းမိုးမှုအောက်တွင် သဟဇာတဖြစ်မှုတို့ ဖြစ်တည်လာ၏။ ထို့နောက် သူတို့က အတူတကွ ချိတ်ဆက်ပြီး လေဟာနယ်ကို အလုံပိတ်တံတိုင်းခတ်လိုက်သကဲ့သို့ လုပ်ဆောင်လိုက်ကြသည်။
မဟာလမ်းစဥ် စည်းချက်မျိုးကဲ့သို့ တည်ငြိမ်သော အသံတစ်ခုက ပဲ့တင်ထပ်လာသည်။ လေဟာနယ်က ရုတ်တရက် ထူးထူးခြားခြား ထိတ်လန့်ကြောက်ရွံ့ဖွယ် ဖြစ်လာခဲ့သည်။ အလွန် လျင်မြန်စွာဖြင့် ကျောက်ဆောင်ဝင်္ကပါ ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက တိုက်ပွဲဝင်္ကပါမှ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ကို ချိပ်ပိတ်လိုက်လိုက်၏။
ရီဖူရှင်းက တိုက်ပွဲဝင်္ကပါအတွင်း ရပ်ကာ လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။ မဟာလမ်းစဥ် နတ်အလင်းတို့က သူ့ကို ဝိုင်းရံလာကာ လှံရှည်မှ ကြောက်မက်ဖွယ် စွမ်းအားများ ထုတ်လွှတ်လာ၏။ သူ၏ ခန္ဓာကိုယ်အတွင်းမှ မဟာလမ်းစဥ် အသံများက အော်မြည်နေခဲ့သည်။ ရီဖူရှင်း၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားလိုက်ကာ သူက လျှပ်စီးတစ်ခုကဲ့သို့ တိုးဝင်သွားသည်။ သူက စစ်နတ်ဘုရားကဲ့သို့ လက်ထဲမှ လှံရှည်ကို တည့်မတ်စွာ ထိုးဖောက်လိုက်သည်။
ဘန်း...
ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ ပုံရိပ်ယောင်များက ပေါက်ကွဲကာ ပေါက်ကွဲထွက်သွားခဲ့ပေသည်။ လှံရှည်က ကျောက်ဆောင်ဝင်္ကပါပေါ်သို့ ထိုးဖောက်လာခဲ့သည်။ ချက်ချင်းပင် ကျောက်ဆောင်ဝင်္ကပါကို အသက်သွင်းခဲ့သည့် ကျင့်ကြံသူများက သူတို့၏ မျက်လုံးများကို မှိတ်လိုက်ကြသည်။ သူတို့၏ စွမ်းအားများက တသားတည်းဖြစ်သွားခဲ့ပြီး မဟာလမ်းစဥ် နတ်အလင်းတို့က တောက်ပလာခဲ့သည်။ တိုက်ပွဲဝင်္ကပါ၏ ခုခံကာကွယ်ခြင်းစွမ်းအားများ အားလုံးက ရီဖူရှင်း လှံထိုးစိုက်လာသည့် နေရာသို့ စုစည်းလာပြီး ထိုးဖောက်မရနိုင်အောင် ဖြစ်လာစေသည်။
၎င်းက ကျောက်ဆောင်ဝင်္ကပါ၏ အင်အားပင် ဖြစ်သည်။ ကျောက်တုံးဝင်္ကပါ၏ ခုခံကာကွယ်ရေးစွမ်းအားက တစ်နေရာတည်းကိုသာ အာရုံစိုက်နိုင်ပြီး ကျောက်တုံးတစ်ခုအဖြစ် ဖျက်ဆီး၍ မရနိုင်အောင် ဖြစ်လာစေသည်။
"တိုက်ခိုက်ဖို့ ကြိုးစားကြည့်။" ရီဖူရှင်းက ပြောလိုက်သည်။ ကျင့်ကြံသူတစ်ယောက်က သူ့လက်ကို မြှောက်ကာ ရိုက်ချလိုက်သည်။ ကြီးမားသည့် လက်ဝါးတစ်ချက်က ရီဖူရှင်းထံ တိုးဝင်လာသည်။ သို့သော် တစ်ချိန်တည်းတွင် ကျောက်ဆောင်ဝင်္ကပါ အပေါ်၌ အနာအဆာများ ဖြစ်ပေါ်လာသည်။ တိုက်ခိုက်လိုက်သည့် ကျင့်ကြံသူရှိရာဘက်တွင် ကြီးမားသည့် အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ ကျင့်ကြံသူတစ်ယောက် တိုက်ခိုက်လိုက်ခြင်းက ဝင်္ကပါ၏ မျှခြေကို တိုက်ရိုက် ပျက်ပြားစေခဲ့သည်။
ဘန်း...
ရီဖူရှင်း၏ လှံရှည်က ထိုးဖောက်သွားကာ လက်ဝါးရိုက်ချက်ကို ပြိုကွဲသွားစေခဲ့သည်။ သူက တိုက်ပွဲဝင်္ကပါကို ကြည့်လိုက်ပြီးနောက် ခြေလှမ်းလိုက်သည်။ သူသည်လည်း တိုက်ပွဲဝင်္ကပါနှင့် ပေါင်းစပ်သွားကာ ၎င်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပုံရသည်။
ရီဖူရှင်းက လက်ကို ယမ်းလိုက်ပြီး သူ့ရှေ့တွင် ကု့ချင်းတစ်ခု ပေါ်ပေါက်လာကာ မဟာလမ်းစဥ် ကု့ချင်းကြိုးများ ပေါ်ပေါက်လာ၏။ သူက ဂီတနုတ်တချို့ကို တီးခတ်လိုက်သည်။ တေးဂီတသံထွက်ပေါ်လာသည်နှင့် လူတိုင်း၏ နှလုံးသားများက စည်းချက်အတိုင်း လိုက်လံ ခုန်ပေါက်သွားခဲ့သည်။ ဂီတနုတ်တစ်ခုချင်းစီတိုင်းက သူတို့ နှလုံးသားများကို လွှမ်းမိုးနိုင်သည့် စွမ်းအားများ ဖြစ်ပေါ်လာသည်။
ရီဖူရှင်းက ရှန့်ရင်းမဟာအင်ပါယာ၏ အမွေအနှစ်ကို ဆက်ခံသောအခါ ထို မဟာအင်ပါယာ ဖန်တီးခဲ့သော တေးသွားများစွာကိုလည်း လက်ခံရခဲ့သည်။ ထိုတေးသွားများက သူဖန်တီးထားသည့် ပျောက်ဆုံးခြင်းနတ်ဘုရားတေးသွားကဲ့သို့ မဟုတ်သော်လည်း ၎င်းတို့က အမွေအနှစ်များ ဖြစ်နေဆဲ ဖြစ်သည်။ အဆုံးမှာတော့ ရှန့်ရင်းမဟာအင်ပါယာက သူ၏ အချိန်အခါ၌ ထိပ်သီးတေးသွားဆရာသခင်တစ်ပါး ဖြစ်သည်။
သူ ဖန်တီးထားသည့် တေးသွားများက သံသယဖြစ်ဖွယ်ကောင်းလောက်အောင် ကြီးမြတ်လှပေသည်။
တေးသွားတစ်ခုကို တီးခတ်လိုက်သည်နှင့် ဂီတနုတ်များက လေထဲတွင် ကခုန်နေခဲ့သည်။ ကု့ချင်းအသံက သာယာချိုမြိန်ပေသည်။ ၎င်းတွင် ကျင့်ကြံသူများ၏ စိတ်ဝိညာဥ်စွမ်းအင်များကို တသားတည်းဖြစ်စေရန် လုပ်ဆောင်ပေးသည့် မှော်စွမ်းအင်တစ်ခု ပါဝင်သည်။ သူတို့ကို ကြည့်ရသည်မှာ ဂီတနှင့်တသားတည်း ဖြစ်သွားပုံရလေသည်။
တဖြေးဖြေး ဂီတက လေဟာနယ်၏ တစ်လက်မချင်းစီတိုင်းကို လွှမ်းမိုးသွားခဲ့သည်။ တိုက်ပွဲဝင်္ကပါအတွင်းရှိ ကျင့်ကြံသူအားလုံး၏ စိတ်ဝိညာဥ်စွမ်းအားများက ဂီတနှင့် ပေါင်းစပ်သွားခဲ့သည်။ သူတို့၏ စွမ်းအားများက ဂီတသံစဥ် စည်းချက်နှင့်အတူ တသားတည်း ဖြစ်သွားခဲ့သည်။
အဝေးတွင်ရှိနေသည့် စစ်ခုန်းနန်နှင့် အခြားကျင့်ကြံသူများက တိုက်ပွဲဝင်္ကပါအတွင်း ဖြစ်ပျက်နေသည့် အရာများကို စူးစမ်းလေ့လာနေခဲ့သည်။ တိုက်ပွဲဝင်္ကပါအတွင်း ဖြစ်ပျက်နေသည့် အပြောင်းအလဲများကို ခံစားမိသည့်အခါ သူတို့၏ အကြည့်များက ပြောင်းလဲသွားခဲ့သည်။ သူတို့က ကု့ချင်း၏ သံစဥ်မုန်တိုင်းကို ခံစားမိနိုင်ပေသည်။ ဤတေးသွားမုန်တိုင်းက မှော်ဂီတတေးသွား၏ သဏ္ဌာန်မဲ့မုန်တိုင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းက ကျောက်ဆောင်ဝင်္ကပါကို ဝန်းရံထားပြီး တသားတည်း ဖြစ်သွားခဲ့သည်။ တေးဂီတက ကျောက်ဆောင်ဝင်္ကပါနှင့် အပြည့်အဝ ပေါင်းစပ်သွားသလို ထင်မှတ်ရပေသည်။ ကျင့်ကြံသူများက ထိုအဖြစ်အပျက်ကြောင့် ထိတ်လန့်အံ့အားသင့်သွားခဲ့သည်။
"သူက ရှန့်ရင်းမဟာအင်ပါယာရဲ့ အမွေအနှစ်တွေကို ဆက်ခံခဲ့ရတယ်လို့ ကြားမိတယ် ဟုတ်တယ်မလား။" စွန့်ပစ်ခံကလန်မှ စီနီယာတစ်ယောက်က မေးလိုက်သည်။
"အင်း.. ကောလာဟလတွေအရတော့ ရှန့်ရင်းမဟာအင်ပါယာက သူ့ခေတ်အခါမှာ ထိပ်သီးမှော်ဂီတပညာရှင်တစ်ယောက် ဖြစ်ခဲ့တယ်။" စစ်ခုန်းနန်က ရှင်းပြလိုက်သည်။ "ဒီလောကကြီးမှာ တေးသွားလမ်းစဥ်ကို ကျွမ်းကျင်တဲ့ ကျင့်ကြံသူက နည်းနည်းလေးပဲ ရှိတယ်။ အဲဒီလမ်းစဥ်ကို အဆင့်မြင့်တဲ့အထိ ကျင့်ကြံနိုင်ခဲ့တဲ့သူက ပိုတောင် နည်းသေးတယ်။ တစ်စုံတစ်ယောက်က ဂီတမှာ ဒီလောက်ထိ အောင်မြင်မှုရနိုင်တာလဲ ရှားပါးတယ်။ ရီဖူရှင်းက ရှန့်ရင်းမဟာအင်ပါယာရဲ့ အမွေအနှစ်တွေကို ဆက်ခံမရခင်ကတည်းက ဂီတမှော်ပညာမှာ အရမ်း ထူးချွန်တယ်။"
အခြားကျင့်ကြံသူများကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့က ဂီတကို တိတ်ဆိတ်စွာ ဆက်လက်နားထောင်နေခဲ့သည်။ ကျောက်ဆောင်ဝင်္ကပါက ဂီတ၏ ပံ့ပိုးပေးမှုကြောင့် ပို၍ပင် ပြီးပြည့်စုံလာပုံရလေသည်။ အရာအားလုံးက တစ်စုတစ်စည်းတည်း ပေါင်းစပ်သွားပုံရသည်။
ဂီတက ပိုမိုပြင်းထန်လာသည်နှင့် ကျင့်ကြံသူကိုးယောက် ထုတ်လွှတ်သည့် ဝိညာဥ်စွမ်းအားတို့ကလည်း ပြင်းထန်လာပေသည်။ နတ်အလင်းတို့က တောက်ပလင်းလက်လာ၏။ ကျောက်ဆောင်ဝင်္ကပါအတွင်း အရှိန်အဝါက ပို၍ ကြောက်မက်ဖွယ် ကောင်းလာပေသည်။ ရှေးဟောင်းနတ်ဘုရားများ အားလုံးက ရွှေရောင်အလင်းများနှင့် တောက်ပနေခဲ့သည်။ တိုက်ပွဲဝင်္ကပါအတွင်း ကျင့်ကြံသူများက သူတို့၏ ကိုယ်ပိုင်ခံစားချက်များ ပျောက်ဆုံးသွားပြီး သဟဇာတဖြစ်စွာ ပူးပေါင်းသွားသလို ထင်မှတ်ရသည်။
ဘုန်း...
ကြောက်မက်ဖွယ် အရှိန်အဝါက အပြင်ဘက်သို့ ဖြန့်ကျက်လာခဲ့သည်။ ကျင့်ကြံသူအားလုံးက တစ်ချိန်တည်း လှုပ်ရှားလာကြပေသည်။ သူတို့က ရှေ့သို့ ကြည့်လိုက်ပြီး သူတို့လှုပ်ရှားမှုများကို အချိန်ကိုက်ပြုလုပ်လိုက်ကြသည်။ ရှေးဟောင်းနတ်ဘုရားများ၏ ပုံရိပ်များကလည်း တစ်ချိန်တည်းတွင် လက်များကို မြှောက်လိုက်ကာ လက်ဝါးရိုက်ချက်များက အောက်ဘက်သို့ ကျဆင်းလာသည်။ မဟာလမ်းစဥ်က ပြင်းထန်စွာ တုန်ခါလာသည်ကို ကြားလိုက်ရသည်။ ကျောက်ဆောင်ဝင်္ကပါအတွင်း လက်ဝါးပုံရိပ်များစွာ ပေါ်ပေါက်လာပြီး အောက်ဘက်သို့ ကျဆင်းလာသည်။
ဤမြင်ကွင်းသည် စစ်ခုန်းနန်နှင့် အခြားကျင့်ကြံသူများကို ထက်ရှသော အကြည့်များ ဖြစ်ပေါ်လာစေသည်။ သူတို့က ကျောက်ဆောင်ဝင်္ကပါ၏ တိုက်ခိုက်ရေးနည်းစနစ်များ ထုတ်လွှတ်နိုင်သော ပဏာမပုံစံကို မျက်မြင်တွေ့ခဲ့ရပေသည်။
ကျောက်ဆောင်ဝင်္ကပါမှ အစွမ်းထက်အရှိန်အဝါက ထွက်ပေါ်နေဆဲ ဖြစ်သည်။ထို့နောက် ဒုတိယမြောက် တိုက်ခိုက်မှုလှိုင်းက ပေါက်ကွဲထွက်လာပေသည်။ ရှေးဟောင်းနတ်ဘုရားများက အသက်ဝင်လာသလိုပင် ဖြစ်သည်။ သူတို့အားလုံးက တိုက်ခိုက်မှုများကို တစ်ချိန်တည်း ထုတ်လွှတ်လာသည်။ သူတို့ တိုက်ခိုက်လာသည့် စွမ်းအားတို့က ထိတ်လန့်အံ့အားသင့်ဖွယ်ပင် ဖြစ်သည်။
တဖြေးဖြေးနှင့် သူတို့က ဆက်လက်တိုက်ခိုက်နေသော်လည်း သူတို့၏ တိုက်ခိုက်မှုများက ယခင်ကကဲ့သို့ သဟဇာတမဖြစ်တော့သလ်ု ထင်မှတ်ရသည်။ ၎င်းက ဖရိုဖရဲဖြစ်လာပုံပေါ်သည်။
"ကျရှုံးသွားပြီလား။" ထို့ကြောင့် ထိုမြင်ကွင်းကို မြင်သည့်အခါ စစ်ခုန်းနန် ရှိနေသည့်နေရာမှ စွန့်ပစ်ခံကလန် အကြီးအကဲများက ရေရွတ်လိုက်ကြသည်။
အနီးဝန်းကျင်ရှိ ကျင့်ကြံသူများက ကျောက်ဆောင်ဝင်္ကပါကို စိုက်ကြည့်နေကြ၏။ စစ်ခုန်းနန်က မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး ခေါင်းကို ယမ်းငါ ပြောလိုက်သည်။ "မဟုတ်ဘူး။ တိုက်ခိုက်မှုတွေက ဖရိုဖရဲဖြစ်နေပုံပေါ်ပေမယ့် သူတို့က စည်းချက်အတိုင်း လိုက်လုပ်နေကြတုန်းပဲ။ ရှေးဟောင်းနတ်ဘုရားတွေရဲ့ တိုက်ခိုက်မှုက တစ်နေရာမှာ အားကောင်းသွားရင် တခြားတစ်နေရာက တိုက်ခိုက်မှုက ပိုအားကောင်းလာတယ်။"
တိုက်ခိုက်မှုများက ထပ်ကာ ထပ်ကာ ကျဆင်းလာသည်။ ရုတ်တရက် ကျောက်ဆောင်ဝင်္ကပါအတွင်း ကြီးမားသည့် လက်ဝါးရိုက်ချက်တစ်ခု ပေါ်ပေါက်လာသည်။ ထိုစွမ်းအားက ထိတ်လန့်အံ့သြဖွယ် ကောင်းလှပေသည်။ ကြည့်ရသည်မှာ ရှေးဟောင်းနတ်ဘုရားများ၏ ပုံရိပ်များထဲက တစ်ယောက်ထံမှ စွမ်းအားများ ပေါက်ကွဲထွက်လာပုံရပေသည်။ ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်က ခေါင်းအစခြေအဆုံး တောက်ပနေခဲ့ပြီး လောကလွှမ်းမိုးခြင်းစွမ်းအားတို့ ပါဝင်နေသည်။ ကျင့်ကြံသူများ၏ စွမ်းအားတို့က ရှေးဟောင်းနတ်ဘုရား၏ ပုံရိပ်အတွင်း ပေါင်းစပ်သွားကာ ထိတ်လန့်အံ့အားသင့်ဖွယ် တိုက်ခိုက်ရေးစွမ်းအားများကို ပေါက်ကွဲထွက်လာစေသည်။
တိုက်ခိုက်မှုက ကျဆင်းလာသည့်အခါ ကောင်းကင်နှင့် မြေကြီးက ပြိုကျသွားသလို ထင်မှတ်ရသည်။ ၎င်းသည် ယခင်က မည်သည့် တိုက်ခိုက်မှုထက်မဆို သာလွန်လှသည်။
"အောင်မြင်ပြီ။" ဒီမြင်ကွင်းကို မြင်သည့်အခါ စစ်ခုန်းနန်က ရေရွတ်လိုက်သည်။ ကျောက်ဆောင်ဝင်္ကပါက အပြည့်အဝ စုစည်းမိသွားပုံရသည်။ ၎င်းက ခုခံကာကွယ်မှုသာမက တိုက်ခိုက်မှုတွင်ပါ ပြည့်စုံသွားပုံရသည်။ သူတို့က တိုက်ပွဲဝင်္ကပါအတွင်းမှ မတူညီသော စွမ်းအားများကို သူတို့ လိုချင်သလို စုစည်းပြီး တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်ပေသည်။
သူတို့က ကျောက်ဆောင်ဝင်္ကပါကို ကြည့်လိုက်သည်။ ၎င်းက ယခု ပြီးပြည့်စုံသွားပြီ ဖြစ်သည်။ ယခင်နှင့်ယှဥ်လျှင် ဤသည်က ကြီးမားသော အပြောင်းအလဲ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
တိုက်ပွဲဝင်္ကပါအတွင်းမှ အဆင့်ရှစ်ရန်ဟောင်များသည်လည်း ၎င်းကို ခံစားမိပေသည်။ သူတို့အားလုံးက စိတ်လှုပ်ရှားနေကြသည်။ ချက်ချင်းပင် သူတို့၏ စွမ်းအားများက ပျံ့နှံ့သွားပြီး တိုက်ပွဲဝင်္ကပါက ချက်ချင်း လွင့်စင်ပပျောက်သွားသည်။ ကု့ချင်းတီးခတ်နေသည့် အသံက ရပ်တန့်သွားပြီး ကျောက်ဆောင်ဝင်္ကပါကလည်း ၎င်းနှင့်အတူ ပျောက်ကွယ်သွားကာ ရီဖူရှင်းနှင့် ရန်ဟောင်ကိုးယောက်သာ ထိုနေရာ၌ ရပ်နေခဲ့ခြင်းဖြစ်ပုံရသည်။
ရန်ဟောင်များက ရီဖူရှင်းကို ကြည့်သောအခါ သူတို့၏ မျက်လုံးများက ထိတ်လန့်အံ့အားသင့်ဖွယ် ကောင်းလောက်အောင် လင်းလက်တောက်ပနေခဲ့သည်။ သူတို့က အောင်မြင်ရန် မမျှော်လင့်ထားခဲ့ပေ။ ယခုအချိန်၌ သူတို့သည် ယခင်က သူတို့၏ ကြိုးစားမှုထက် ပို၍ တိုးတက်လာကြောင်း ရှင်းလင်းစွာ ခံစားမိနိုင်ပေသည်။ ထိုသဟဇာတဖြစ်မှုက သူတို့ကို တသားတည်း ဖြစ်လာသလို ခံစားရအောင် ပြုလုပ်ပေးနေခဲ့သည်။
"ရန်ဟောင်ရီ။" စစ်ခုန်းနန်နှင့် အခြားလူများက ရီဖူရှင်းထံ လျှောက်လာရင်း ပြုံးလိုက်ကြသည်။ စစ်ခုန်းနန်က ပြောလိုက်၏။ "ပထမဆုံးကြိုးစားမှုမှာတင် အောင်မြင်သွားမယ်လို့ ထင်မထားမိဘူး။ ခင်ဗျားရဲ့ ဂီတစွမ်းရည်က တကယ့်ကို ပြောင်မြောက်ပါပေတယ်။
"ကျုပ်တို့ အခုထိ အောင်မြင်ဖို့ ဝေးနေတုန်းပဲ။" ရီဖူရှင်းက သဘောမတူစွာဖြင့် ခေါင်းကိုယမ်းလိုက်သည်။ ဤသည်မှာ ကျန်သူများကို ကြောင်အသွားစေခဲ့သည်။ သူတို့က အောင်မြင်ရန် ဝေးကွာနေသေးသည်လား။
ယခု သူတို့က မအောင်မြင်ခဲ့သေးသည်လား။
ရီဖူရှင်းက ရှင်းပြလိုက်သည်။ "အခု ကျင့်ကြံသူကိုးယောက်က ကျုပ်ရဲ့ ဂီတနဲ့ အလယ်အလတ်လောက်ပဲ ပေါင်းစည်းနိုင်သေးတယ်။ အဲဒါကို အောင်မြင်မှုလို့ ခေါ်လို့ရနိုင်ပေမယ့် စွန့်ပစ်ခံကလန်က စီနီယာတွေအနေနဲ့ သူတို့ရဲ့ စွမ်းအားတွေကို ဂီတလမ်းညွှန်မှုမပါဘဲ အောင်မြင်အောင် ပေါင်းစပ်နိုင်ဖို့ မျှော်လင့်တယ်။ မဟုတ်ရင် ခင်ဗျားတို့က တေးသွားကိုပဲ အမြဲ မှီခိုနေရလိမ့်မယ်။"
"ဒီလိုဆိုရင် ရန်ဟောင်ရီကပဲ ကျောက်ဆောင်ဝင်္ကပါကို ပြင်ဆင်ပေးပါဦး။" စစ်ခုန်းနန်က အပြုံးနှင့် ပြောလိုက်သည်။ သို့သော် သူသည် ရီဖူရှင်း၏ စကားများမှနေ၍ ခရီးရှည်ကြီး ဆက်ရလိမ့်ဦးမည်ကို နားလည်ထားသည်။ ရီဖူရှင်း၏ အကြံအစည်က ဖြစ်နိုင်ချေရှိပုံရလေသည်။
အပိုင်း(၂၃၅၄): သတင်းအချက်အလက်
ရီဖူရှင်းက ကျောက်ဆောင်ဝင်္ကပါကို ပြောင်းလဲရန် ကြိုးစားပြီးနောက် ထွက်မသွားခဲ့ပေ။ ထို့အစား သူက စွန့်ပစ်ခံကလန်၌ နေထိုင်ရင်း သူ့ကိုယ်သူ တိုးတက်စေရန် ကြိုးစားနေခဲ့၏။
သူ၏ ပုံမှန်အခြေအနေတွင် သူသည် အဆင့်ရှစ်ရန်ဟောင်များမှ ဖွဲ့စည်းထားသော ကျောက်ဆောင်ဝင်္ကပါကို အဆင့်မြှင့်ရန်သာလုပ်ဆောင်နိုင်ပေသည်။ ပိုမိုမြင့်မားသော အဆင့်မှ ကျောက်ဆောင်ဝင်္ကပါကို တိုးတက်အောင် လုပ်နိုင်ရန်မှာ ပိုမိုအစွမ်းထက်သည့် အခြေအနေတွင် ရှိရန် လိုအပ်သည့်အတွက်ကြောင့် သူက ထူးခြားသည့် နည်းလမ်းတချို့ လိုအပ်ပေလိမ့်မည်။
တစ်နေ့တွင် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများ ကု့ချင်းသံစဥ်ကို ချိုးဖျက်ကာ စွမ်းအားများကို အောင်မြင်စွာ ပေါင်းစပ်နိုင်ရန် မျှော်လင့်သော်လည်း ၎င်းက အချိန်နှင့် လေ့ကျင့်မှုများစွာ လိုအပ်ပြီး အချင်းချင်းကြားတွင် အကြွင်းမဲ့ ယုံကြည်မှုများ ရှိရန် လိုအပ်ပေသည်။ ၎င်းက တစ်ရက်နှစ်ရက်နှင့် လုပ်ဆောင်နိုင်မည့်အရာမျိုး မဟုတ်ပေ။
တစ်ချိန်တည်းတွင် ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူအချို့ကိုပါ ကျောက်ဆောင်ဝင်္ကပါနှင့် သူတို့၏ စိတ်ဝိညာဥ်စွမ်းအားကို သန့်စင်ရန်အတွက် နှစ်ခုလုံးအား ကျင့်ကြံစေခဲ့သည်။
ထိုအချိန်တွင် စွန့်ပစ်ခံကလန်အတွင်း လိုဏ်ဂူထဲရှိ ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲမှ မဟာလမ်းစဥ်တို့က အော်မြည်နေခဲ့သည်။ ထိုနတ်ခန္ဓာမှ အနန္တအက္ခရာများ ပျံသန်းထွက်လာကာ အလွန် တောက်ပသည့် အလင်းတို့ကို ဖန်တီးထားပေသည်။ သူ့အနီးမှ ထိုအက္ခရာများမှ မဟာလမ်းစဥ်နတ်အလင်းတို့ကလည်း ပေါင်းစပ်သွားကာ ရီဖူရှင်း၏ ခန္ဓာကိုယ်အား ရုတ်တရက် ကြီးမားကျယ်ပြန့်လာစေသည်။ တစ်ချိန်တည်းတွင် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ပုံရိပ်က အစွမ်းထက် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းများ ပါဝင်နေသည့် ဗုဒ္ဓတိုက်ပွဲသဏ္ဌာန်ကဲ့သို့ပင် ဖြစ်ပေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မဟာလမ်းစဥ် နတ်အလင်းတို့နှင့် တောက်ပနေခဲ့ပြီး ထိုတိုက်ပွဲသဏ္ဌာန်အထက်တွင် မဟာလမ်းစဥ်စွမ်းအားများက လှည့်ပတ်နေခဲ့သည်။
ဤသည်က ကျောက်တုံးတိုက်ပွဲသဏ္ဌာန်ပင် ဖြစ်သည်။ စွန့်ပစ်ခံကလန်မှ ဘိုးဘေးများက ကန်းကျင်းစွမ်းအားနှင့် လေဟာနယ်ကို ပေါင်းစပ်ကာ ဖျက်ဆွး၍မရနိုင်အောင် ပြိုင်ဘက်ကင်းသည့် ဤအစွမ်းထက် တိုက်ပွဲသဏ္ဌာန်ကို ဖန်တီးခဲ့သည်။ ၎င်းက ကျောက်ဆောင်ဝင်္ကပါ၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ သူက ကျောက်ဆောင်ဝင်္ကပါကို တိုးတက်အောင် ကု့ချင်းသံအား အသုံးပြုရန် ကြိုးစားခဲ့သော်လည်း သူ့ကိုယ်သူ ထိုဝင်္ကပါအတွင်းမှ ဖယ်ထုတ်ထားရမည် ဖြစ်သည်။ သူက အနာဂတ်တွင် တိုက်ပွဲများ ဖြစ်ပေါ်လာပါက ဝင်္ကပါအတွင်း ပါဝင်ရန် လိုအပ်နိုင်သည်ဟု ဆုံးဖြတ်ထားသောကြောင့် ဤတိုက်ပွဲသဏ္ဌာန်အား ကျင့်ကြံရန်အတွက် လိုအပ်နေခြင်းသာ ဖြစ်သည်။ ထို့နောက် သူက တိုက်ပွဲဝင်္ကပါ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပြီး တိုက်ခိုက်မှုအတွင်း ပေါင်းစပ်မှုက အလုပ်ဖြစ်နိုင်မည် ဖြစ်သည်။
ကျောက်ဆောင်ဝင်္ကပါတွင် အဆင့်ကိုးဆင့် ရှိသည်။ ပထမသုံးဆင့်က ကျင့်ကြံရန် လွယ်ကူပြီး အလယ်သုံးဆင့်သည်လည်း ခက်ခဲသည်ဟု ဆုံးဖြတ်၍ မရနိုင်ပေ။ သူတို့အဆင့်မှ ကျင့်ကြံသူများအတွက် ၎င်းတို့ကို ကျင့်ကြံရန် မခက်ခဲပါချေ။ စိန်ခေါ်မှုများက နောက်ဆုံးသုံးဆင့်၌ အများဆုံးဖြစ်ကာ ပြီးပြည့်စုံသည့် တိုက်ပွဲသဏ္ဌာန်ကို ဖော်ထုတ်ရန် အစွမ်းထက် ဝိညာဥ်စွမ်းအားတို့ကို လိုအပ်ပေသည်။ စွမ်းအားနှင့် တိုက်ပွဲသဏ္ဌာန်က တစ်ခုတည်းကဲ့သို့ ပြီးပြည့်စုံစွာ ပေါင်းစပ်ရမည် ဖြစ်သည်။ ကျင့်ကြံခြင်း၏ အမြင့်ဆုံး ကန့်သတ်ချက်တွင် တစ်စုံတစ်ယောက်သည် ရှေးဟောင်းနတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲနိုင်ပြီး ၎င်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်သည်။
ယခင်က ကျောက်ဆောင်ဝင်္ကပါအတွင်း တိုက်ပွဲဝင်္ကပါတွင် ပါဝင်ခဲ့သည့် ထိုကျင့်ကြံသူများသည် တိုက်ပွဲဝင်္ကပါကို အဆင့်မြှင့်ရန် သူတို့၏ ကိုယ်ပိုင်တိုက်ပွဲသဏ္ဌာန််အား အစွမ်းထက်ဆုံး အခြေအနေထိ ထုတ်ဖော်နိုင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် သူတို့က ကျင့်ကြံခြင်း၌ ထိပ်ဆုံးထိ မရောက်သေးသည့်အတွက်ကြောင့် သူတို့အတွက် အလွန် အန္တရာယ်ရှိပေသည်။
စွန့်ပစ်ခံကလန်၏ လျှို့ဝှက်နယ်မြေအတွင်း လိုဏ်ဂူထဲ၌ လူများစွာ ရှိခဲ့သော်လည်း ရီဖူရှင်းက ထိုလိုဏ်ဂူအတွင်းမှ အခြားကျင့်ကြံရေးနည်းလမ်းများကို သိပ်စိတ်မဝင်စားခဲ့ပေ။ သူက များပြားလှသော စွမ်းရည်များကို ကျွမ်းကျင်ပြီး မဟာအင်ပါယာများ၏ အမွေအနှစ်တို့ကို ဆက်ခံနိုင်ခဲ့သည်။ ထို့ကြောင်် အခြားနည်းလမ်းနှင့် စွမ်းရည်များက သူ့အတွက် မည်သည့် အဓိပ္ပါယ်မှ မရှိခဲ့ပေ။ သူသည် ယခုအချိန်၌ စွမ်းအားများအားလုံးကို တိုးတက်လာစေရန်သာ လုပ်ဆောင်ချင်ပေသည်။
သူ့အတွက် ကျောက်ဆောင်ဝင်္ကပါကို တိုးတက်စေရန် ကူညီခြင်းက အောင်မြင်မှုဟု သတ်မှတ်နိုင်ပေသည်။ ထိပ်သီးအဆင့် ရန်ဟောင်မှ ဖွဲ့စည်းထားသည့် တိုက်ပွဲဝင်္ကပါသည် တစ်ယောက်ချင်း တိုက်ခိုက်ရာမှ ထွက်ပေါ်လာသည့် တိုက်ခိုက်ရေးစွမ်းရည်ထက်များစွာ သာလွန်ပေသည်။
သူက ကျင့်ကြံနေစဥ် အခြားအင်အားစုများကလည်း ပျင်းရိမနေပေ။ ဤကုန်းမြေသို့ လာသော ထိပ်သီးအင်အားစုများမှ ထိုလူများက မည်သို့ ထိုမျှ အလွယ်တကူ လက်လွှတ်ပေးနိုင်ပါမည်နည်း။ ရီဖူရှင်းက ကုန်းမြေ၏ အုတ်မြစ် ဖျက်ဆီးခံလိုက်ရခြင်းမှ ရှောင်ရှားရန် ကြိုးစားနေခဲ့သော်လည်း ထိုအပြင်လူများ၌ ထိုကဲ့သို့ စိုးရိမ်ပူပန်မှုများ မရှိပေ။ သူတို့က ရိုးရှင်းစွာပင် ဂရုစိုက်ခြင်း မရှိချေ။
အသင်္ချေဘုံနှင့် အထက်ကောင်းကင်ဘုံ နှစ်ခုလုံးက ပြင်းထန်စွာ ဖျက်ဆီးခံရခြင်းကို ကြုံတွေ့ခဲ့ရပေသည်။ နတ္ထိဘုံနှင့် နတ်ဆိုးလောကမှ ကျင့်ကြံသူများက လက်ရှိတွင် ဘုံနှစ်ခု၏ လျှို့ဝှက်ချက်များကို လုယက်ထားခဲ့သည်။ ဗဟိုအင်ပါယာဘုံကလည်း အလွန် တိတ်ဆိိတ်နေခဲ့၏။
ကောင်းကင်ဒေသမှ ကျင့်ကြံသူများ ထိုနေရာ၌ ရှိနေသောကြောင့် မင်းသမီးဒွန်ဟောင်ကလည်း အင်ပါယာစစ်တပ်နှင့်အတူ ထိုနေရာတွင် ရှိနေခဲ့သည်။ ကောင်းကင်ဒေသ၏ မည်သည့် အင်အားစုကမှ ရူးသွပ်စွာ မပြုမူရဲကြဘဲ လူသားဘုံမှ ကျင့်ကြံသူများသည်လည်း ဆန္ဒရှိသလို ပျက်စီးမှုများ ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ပေ။
ယနေ့ မူလဘုံအတွင်း အဆင့်မြင့်အင်ပါယာဘုံကိုဘုံတွင် ဗဟိုအင်ပါယာဘုံ၊ ကောင်းကင်အာဏာစက်ဘုံနှင့် တောင်တန်းဘုံသာလျှင် အကောင်းအတိုင်း ကျန်ရှိနေဆဲ ဖြစ်ပေလိမ့်မည်။ တောင်တန်းဘုံက ဗုဒ္ဓစွမ်းအားများကြောင့် အထက်ဘုံအတွင်း သတိထားရမည့် တစ်စုံတစ်ရာဖြစ်နေဆဲ ဖြစ်ကာ မည်သည့် ကျင့်ကြံသူကမှ သူတို့ကို အလွယ်တကူ ထိရဲလိမ့်မည် မဟုတ်ပေ။
ယနေ့တွင် စွန့်ပစ်ခံကလန်၏ လျှို့ဝှက်နယ်မြေအတွင်း အဘိုးမာက ရီဖူရှင်းကို လာရှာခဲ့သည်။
"ဦးလေးမာ ကျောင်းတော်မှာ တစ်ခုခု ဖြစ်လို့လား။" ရီဖူရှင်းက အဘိုးမာ လာနေသည်ကို မြင်သောအခါ မေးလိုက်သည်။
"ဘာမှတော့မဟုတ်ပါဘူး။ ဒါပေမယ့် မကြာသေးခင်က လူတချို့ ကျောင်းတော်ကို လာပြီး မင်းကို တွေ့ဖို့ မေးတယ်။" အဘိုးမာက တုန့်ပြန်လိုက်သည်။
ရီဖူရှင်းက မျက်ခုံးအသာပင့်လိုက်သည်။ တစ်စုံတစ်ယောက်က သူ့ကို တွေ့ချင်နေသည်လား။
အဘိုးမာက သူ့ကို ကိုယ်တိုင်ကိုယ်ကျ သတင်းလာပေးခဲ့သည့်အတွက် ထိုလူ၏ အဆင့်အတန်းက သာမန်မဟုတ်ခြင်းသာ မဟုတ်လျှင် အဘိုးမာနှင့် အခြားလူများက ထိုလူများကို ချက်ချင်း ငြင်းဆန်လိုက်မည်ဖြစ်ပြီး သူ့အား လာရှာမည် မဟုတ်ပေ။
သူက ရီဖူရှင်း၏ စိတ်ကို ဖတ်လိုက်သလိုမျိုး အဘိုးမာက ပြောလိုက်သည်။ "အရှင်ထိုက်ရွှမ်က သူတို့ကို မင်း ကျင့်ကြံနေပြီး လာလည်တဲ့သူတွေကို ရက်အနည်းငယ် ကြာမှ ပြန်လာဖို့ ပြောခဲ့တယ်။ ဒါပေမယ့် အဲဒီလူတွေက ရန်လိုလွန်းပြီး အတင်းအကျပ် လုပ်နေခဲ့တယ်။ အစွမ်းထက် ကျင့်ကြံသူတွေပါတာကြောင့် ကျုပ်တို့ သူတို့ကို မရပ်တန့်နိုင်ခဲ့ဘူး။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်း ကော့တေးကို တည့်တည့်ဝင်လာပြီး မင်းပြန်လာတဲ့အထိ စောင့်နေမယ်လို့ ပြောတယ်။"
"ဒါပေမယ့် သူတို့က အမုန်းတရားကြောင့် လာတာတော့ ဟုတ်ပုံမရဘူး။ အတင်းအကျပ် ထိုးဖောက်ဝင်လာပေမယ့် ဘယ်သူ့ကိုမှ မနာကျင်စေခဲ့ဘူး။" အဘိုးမာက ဆက်ပြောလိုက်သည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ တစ်ဖက်လူက ကျောင်းတော်မှ ကျင့်ကြံသူများကို ဒဏ်ရာရစေခဲ့လျှင် အဘိုးမာက ထိုမျှ လွယ်ကူသော သဘောထားဖြင့် ရောက်လာလိမ့်မည် မဟုတ်ပေ။ သို့ဆိုလျှင်ပင် ထိုလူများက ကောင်းကင်အာဏာစက်ကျောင်းတော်ကို ထိုးဖောက်ဝင်ရောက်လာသည့်အတွက် အနည်းငယ် စည်းကျော်သွားခဲ့ပြီဖြစ်ကာ အလွန်လည်း မောက်မာလှပေသည်။
"ဘယ်သူတွေလဲ။" ရီဖူရှင်းက မေးလိုက်သည်။ သူက စကားပြောရင်း အပြင်သို့ လျှောက်ထွက်လာခဲ့၏။ ရှင်းလင်းစွာပင် သူသည် အဘိုးမာ ဤနေရာသို့ လာရသော အကြောင်းရင်းကို နားလည်ပေသည်။ သူတို့က ဤအခြေအနေကို ကိုင်တွယ်ရန် မဖြစ်နိုင်ဘဲ သူ ပြန်သွားရန် လိုအပ်ပေသည်။
"ကောင်းကင်ဒေသရဲ့ ရှေးဟောင်းနတ်ဘုရားကလန် အနောက်ပင်လယ်နယ်မြေက အနောက်အင်ပါယာနန်းတော်ရဲ့ ခေါင်းဆောင်။" အဘိုးမာက တုံ့ပြန်လိုက်သည်။ "အရင်က စွန့်ပစ်ခံကလန်နဲ့ တိုက်ပွဲမှာ သူတို့လည်း ပါဝင်ခဲ့တယ်။"
ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး ထိုအင်အားစုများနှင့် ပတ်သတ်သည့် အကြောင်းအချို့ကို ပြန်တွေးလိုက်သည်။ ထိုအချိန်တွင် အနောက်အင်ပါယာနန်းတော်၏ ခေါင်းဆောင်က လွှမ်းမိုးနိုင်သော ခွန်အားများနှင့် အဆင့်ရှစ်ရန်ဟောင်တစ်ပါး ဖြစ်သည်။ သူက စကားနည်းသော လူတစ်ယောက်ဖြစ်ပြီး အဓိပ္ပါယ်မရှိသည့် ထွေရာလေးပါး မပြောတတ်ပေ။ ထိုလူက ဤတစ်ကြိမ်၌ သူ့လူများခေါ်ကာ ကောင်းကင်အာဏာစက်ကျောင်းတော်သို့ မည်သည့်အတွက်ကြောင့် ရောက်လာကြောင်း သိချင်မိပေသည်။
သို့သော် ယခု အနောက်အင်ပါယာနန်းတော်က သူနှင့် မည်သည့် ကိစ္စရှိသနည်း။
ရီဖူရှင်းက လျှို့ဝှက်နယ်မြေမှ ထွက်မသွားခင် စွန့်ပစ်ခံကလန်မှ လူများကို နှုတ်ဆက်လိုက်ပြီး ကျောင်းတော်မှ အခြားလူများကို ပြန်လိုက်ရန် မမေးတော့ဘဲ အဘိုးမာနှင့်အတူ ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ထွက်ခွာသွားခဲ့ပေသည်။ အဆုံးမှာတော့ ယခု ကုန်းမြေနှစ်ခုက ဘေးချင်းယှဥ်ကာ တည်ရှိနေပြီဖြစ်သည့်အတွက် စွန့်ပစ်ခံကလန်၌ ကျင့်ကြံနေသည့် ကျောင်းတော်မှ အခြားလူများကို အနှောက်အယှက် ပေးရန် မလိုပေ။ ဤကဲ့သို့ ပြဿနာမျိုးက သူတစ်ယောက်တည်း ကိုင်တွယ်ရန် လုံလောက်ပြီ ဖြစ်သည်။
ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်း ကျောင်းတော်မှ ကျင့်ကြံသူများက ကော့တေးတဝိုကလတွင် စုစည်းနေကြပေသည်။ ကော့တေးအပြင်ဘက်ခြံဝန်းအတွင်း လူတစ်စုက တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ခေါင်းဆောင်လာသည့်လူက ကော့တေးအတွင်း တစ်ခုခုကို စိတ်ဝင်စားနေပုံရသည်။ လွတ်လပ်စွာ လှုပ်ရှားနေသော လူက ထိုနေရာကို အနောက်အင်ပါယာနန်းတော်မှ တစ်နေရာရာ ဖြစ်နေသလို ယူဆထားပုံရသည်။ သူတို့သည် အနည်းငယ်မျှပင် ထူးခြားမှုကို မပြသခဲ့ပေ။
ထိုအချိန်တွင် သူတို့ထဲမှ တစ်ယောက်မှအဝေးသို့ ကြည့်ကာ ပြောလိုက်သည်။ "သူ ဒီကို ရောက်နေပြီပဲ။"
အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက တစ်နေရာသို့ ကြည့်လိုက်ပြီး အဝေးမှ အသံတစ်ခုကို ကြားလိုက်ရသည်။ "အနောက်အင်ပါယာနန်းတော်က ကျုပ်တို့ဆီလာလည်တာကို ကိုယ်တိုင် မကြိုဆိုခဲ့ရဘူး။ ခွင့်လွှတ်ပေးပါ။"
ထိုစကားလုံးများ ထွက်ပေါ်လာပြီးနောက် ရီဖူရှင်း၏ ပုံရိပ်က ကျောင်းတော် အထက်ကောင်းကင်တွင် ပေါ်ပေါက်လာပြီးနောက် ကော့တေးအတွင်း ဆင်းသက်လာကာ သူနှင့် မျက်နှာချင်းဆိုင်မှ ကျင့်ကြံသူအဖွဲ့ကို ကြည့်လိုက်သည်။
အနောက်အင်ပါယာနန်းတော်မှ ကိုယ်စားလှယ်အဖွဲ့က အလွန် အားကောင်းလှသည်။ သူတို့ စွန့်ပစ်ခံကလန်သို့ ရောက်လာသောအခါ သူက သူတို့ကို အနီးကပ်မလေ့လာဖြစ်ခဲ့ပေ။ သို့သော် ယခု သူက ရှေးဟောင်းနတ်ဘုရားကလန်၏ စွမ်းအားကို ပြန်လည်အကဲဖြတ်ကြည့်ခဲ့ပြီး ၎င်းက အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သူ့မျက်လုံးများက တစ်ဖန် ကိုယ်စားလှယ်ဖြစ်သူထံ ရောက်ရှိသွားခဲ့သည့်အခါ အမျိုးသမီး တစ်ယောက်ကို မြင်လိုက်ရသည်။ သို့သော် သူမက အလွန် ချောမောပြီး ကျားမ မကွဲပြားသည့် အဝတ်အစားကို ဝတ်ဆင်ထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမ၏ ဆွဲဆောင်မှုရှိပြီး သွယ်ပျောင်းသည့် ကိုယ်ဟန်အမူအရာကို ထိန်းမထားနိုင်ခဲ့ပေ။
ရီဖူရှင်းက စွန့်ပစ်ခံကလန်နှင့် နောက်ဆုံးတိုက်ပွဲတွင် ဤအမျိုးသမီး မပါဝင်ခဲ့သည်ကို သတိထားမိလိုက်သည်။ ဤအမျိုးသမီးက ကျိန်းသေ ထူးချွန်သူ ဖြစ်ရပေမည်။
သို့သော် သူက ထိုအမျိုးသမီးကို ကြည့်လိုက်သောအခါ သူမကလည်း သူ့အား တူညီစွာ လေ့လာနေသည်ကို မြင်လိုက်ရသည်။ "အောက်ဘုံကနေ လာတဲ့ ရီဖူရှင်းက အင်ပါယာရှားဘုံရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ အင်ပါယာရှားဘုံကို ကျင့်ကြံဖို့ ဝင်ရောက်ခဲ့တယ်။ ပြီးတော့ သူက သွေးနဂါးဘုံကနေ ကောင်းကင်အာဏာစက်ဘုံကို ပြောင်းရွှေ့ခဲ့တယ်။ နောက်ပိုင်း သူ့နာမည်က ဘုံကိုးဘုံတစ်ခွင်မှာ ကျော်ကြားလာပြီး မူလဘုံရဲ့ အုပ်ချုပ်သူ ဘုရင်ဖြစ်လာတယ်။"
ရီဖူရှင်း၏ မျက်လုံးများက အနည်းငယ် ထက်ရှသွားသည်။ တစ်ဖက်လူက သူ့အား စစ်ဆေးနေသည်လား။
ရီဖူရှင်း၏ အမူအရာကို မြင်သောအခါ တစ်ဖက်လူသည် သူ အနည်းငယ် မကျေနပ်ဖြစ်သွားကြောင်း သိရှိလိုက်သည်။ သူမက ရှင်းပြလိုက်သည်။ "အင်ပါယာရီ ဒါကို အံ့အားသင့်စရာမလိုအပ်ဘူး။ စွန့်ပစ်ခံကလန်တိုက်ပွဲမှာ အင်ပါယာရီရဲ့ စွမ်းဆောင်မှုက ရှေးဟောင်းနတ်ဘုရားကလန်က လူတွေကို အနိုင်ယူနိုင်လောက်အောင် အံ့သြဖို့ကောင်းပြီး နတ်ဆိုးအင်ပါယာရဲ့ တိုက်ရိုက်တပည့် ရှောင်းမုကို အနိုင်ယူနိုင်ခဲ့တယ်လို့လည်း ပြောနိုင်တယ်။ ဒီလိုမျိုး ဒဏ္ဍာရီပုဂ္ဂိုလ်ကို ဘယ်လိုလုပ် လျစ်လျူရှုနိုင်ပါ့မလဲ။ ပြီးတော့ အနောက်အင်ပါယာနန်းတော်တစ်ခုတည်း မဟုတ်ဘူး။ အခု ရန်ဟောင်ရီရဲ့ ကျင့်ကြံရေးအတွေ့အကြုံက ကောင်းကင်ဒေသအတွင်း ကျင့်ကြံသူတွေကို နည်းနည်း ပိုပြီး ရှင်းလင်းလာစေတယ်။ အဆုံးမှာတော့ ဘယ်အရာကမှ လျှို့ဝှက်ချက်မရှိဘူးမလား။ အရာအားလုံးမှာ သဲလွန်စဆိုတာ ကျန်ခဲ့တာပဲ။"