အနောက်အင်ပါယာနန်းတော်
Vol. 165 Ch. 2355
ထိုအမျိုးသမီး၏ စကားများကို ကြားသောအခါ ရီဖူရှင်း မျက်လုံးများက အနည်းငယ် အေးစက်သွားသည်။ ကောင်းကင်ဒေသရဲ့ အင်အားစုတွေက သူ၏ နောက်ခံကို စစ်ဆေးနေကြသည်လား။
အမှန်တကယ်ပင် အခြားလူများက ဖော်ပြသလို သူ၏ ကျော်ကြားမှုမှတ်တမ်းကို အပြည့်အဝ ဖျက်ပစ်ရန်မဖြစ်နိုင်ပေ။ ကောင်းကင်အာဏာစက်ဘုံတစ်ခုတည်း၌ပင် သူ ပထမဆုံး ရောက်လာစဥ်က သွေးနဂါးဘုံမှ လာခြင်းဖြစ်ကြောင်း လူအနည်းငယ်ထက် ပို၍ သိကြပေသည်။ သွေးနဂါးဘုံမှ လာခဲ့သည့် မည်သူမဆို အင်ပါယာရှားဘုံမှ သူ၏ လှုပ်ရှားမှုများကို သိနိုင်ပေလိမ့်မည်။
သူတို့ အင်ပါယာရှားဘုံ၌ ရှိစဥ်အချိန်က သူ့သမိုင်းကို ထောက်လှမ်းရန်မှာ ခက်ခဲလိမ့်မည် မဟုတ်ဘဲ တစ်ဆင့်ပြီး တစ်ဆင့် စုံစမ်းရုံသာ ဖြစ်သည်။ သူတို့က လုံလောက်သည့် ဆုံးဖြတ်နိုင်စွမ်းရှိသရွေ့ သတင်းအချက်အလက်များ တူးဖော်ရန်မှာ ဖြစ်နိုင်ပေသည်။
သူတို့က တချို့ကို စုံစမ်းရန် စိတ်ဆုံးဖြတ်လိုက်သည်နှင့် ကောင်းကင်ဒေသအတွင်း ထိုထိပ်သီးအင်အားစုများသည် အလွန် လျှို့ဝှက်လွန်းသော ကိစ္စမျိုးမှ မဟုတ်လျှင် တစ်စုံတစ်ခုကို ရှာဖွေရန်မှာ သူတို့အတွက် ခက်ခဲလှသည့်အလုပ် မဟုတ်ပေ။
"ကြည့်ရတာ ရန်ဟောင်ရီက အဲဒီအကြောင်း အများကြီး အာရုံစိုက်တဲ့ပုံပဲ။ ဒါပေမယ့် ရန်ဟောင်ရီက အရမ်း မျက်စိဖမ်းစားနိုင်လွန်းတော့ ဒါက ရှောင်လွှဲလို့ မရနိုင်ဘူးဆိုတာ နားလည်မယ်လို့ ယုံကြည်ပါတယ်။ ရန်ဟောင်ရီက အောက်ဘုံက မိသားစုတွေနဲ့ ပတ်သတ်ဆက်နွယ်သူတွေကို ကောင်းကင်အာဏာစက်ကျောင်းတော်ဆီ ခေါ်လာတာပြီး စီဝေ့ကြယ်ကမ္ဘာဆီ ပို့လိုက်တယ်။ ဒီအချက်အလက်တွေမှာ ဖုံးကွယ်ထားတာ များများစားစား မရှိဘူးလေ။" အနောက်အင်ပါယာနန်းတော်မှ ပြိုင်ဘက်ကင်း ဧကရီ၏ လှပသော မျက်လုံးများက ရီဖူရှင်းကို တိုက်ရိုက် စိုက်ကြည့်နေခဲ့ပြီး သူ၏ မျက်လုံးများထဲမှ တစ်စုံတစ်ရာကို ရှာဖွေရန် ကြိုးစားနေသလို ထင်မှတ်ရပေသည်။
ရီဖူရှင်းက ခေါင်းကိုမော့ကာ သူမအား ကြည့်လိုက်သည်။ သူတို့က အချိန်အတော်ကြာ အကြည့်ချင်း ဆုံနေခဲ့သော်လည်း ရီဖူရှင်းက တည်ငြိမ်နေကာ မည်သည့်ခံစားချက်ကိုမှ မပြသခဲ့ပုံရသည်။ သူက အခြားသူများ မည်သို့ပြောပြော ဂရုမစိုက်ပုံရလေသည်။
"အနောက်အင်ပါယာနန်းတော်က ဒီကိုလာတာ ကျုပ်ကို ဒီအကြောင်း ပြောဖို့သက်သက်ပဲတော့ မဟုတ်ဘူးမလား။" ရီဖူရှင်းက ထိုအမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။ "ပြီးတော့လည်း ခင်ဗျားတို့အားလုံး ကောင်းကင်အာဏာစက်ကျောင်းတော်ကို အတင်းဝင်ရောက်လာတာ သိပ်ခင်မင်ရင်းနှီးတဲ့ပုံတော့ မဟုတ်ဘူးပေါ့။"
"ရန်ဟောင်ရီက စွန့်ပစ်ခံကလန်မှာ ကျင့်ကြံနေပြီး ဧည့်သည်တွေကို လက်ခံမတွေ့နိုင်ဘူး။ ကျွန်မတို့က ထူးခြားတဲ့ နည်းလမ်းတစ်ခုခုမှ မသုံးရင် ရန်ဟောင်ရီကို တွေ့နိုင်ပါ့မလား။" ထိုအမျိုးသမီးက တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီတစ်ကြိမ် ကျွန်မတို့ လာရောက်ရတာက ကောင်းကင်ဒေသရဲ့ ကျင့်ကြံသူတွေ ရှင့်ကို စစ်ဆေးနေတယ်ဆိုတာကို သတင်းပေးဖို့တင်မကဘူး။ ရန်ဟောင်ရီက ဒီလောက် လှိုင်းထန်စေခဲ့တာကြောင့် မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေကိုပါ ဆွဲဆောင်နိုင်ခဲ့ပြီလို့ သတိပေးချင်လို့ပဲ။ ပြီးတော့ ရန်ဟောင်ရီက မဟာအင်ပါယာတွေအများကြီးရဲ့ အမွေအနှစ်တွေကို ပိုင်ဆိုင်ထားတယ်။ အင်အားစုတွေ အားလုံးမှာ သူတို့ရဲ့ ကိုယ်ပိုင် စိတ်ကူးတွေ ရှိကြတယ်။"
"ပြီးတော့ စွန့်ပစ်ခံကလန်မှာတုန်းက အနောက်အင်ပါယာနန်းတော် အပါအဝင် ကောင်းကင်ဒေသရဲ့ ကျင့်ကြံသူတော်တော်များများကို ဆန့်ကျင်မိခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ မူလဘုံက ကောင်းကင်ဒေသရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုပေမယ့် ရန်ဟောင်ရီအနေနဲ့ ကောင်းကင်ဒေသရဲ့ အဲဒီအင်အားစုတွေနဲ့ ပတ်သတ်ပြီး ခံစားချက်တချို့ ရှိလိမ့်မယ်လို့ထင်တယ်။ အခု တခြားလောကရဲ့ ကျင့်ကြံသူတွေက အနီးကပ်စောင့်ကြည့်နေခဲ့ကြပြီး သူတို့က ရန်ဟောင်ရီ စိုးရိမ်နေသလိုမျိုး ဖော်ရွေတဲ့ သူမျိုးတွေ မဟုတ်ဘူး။ အနာဂတ်မှာ တစ်ခုခု ဖြစ်ခဲ့ရင် အင်အားစုဘယ်လောက်များများက ကောင်းကင်အာဏာစက်ကျောင်းတော်ဘက်မှာ ရပ်တည်လိမ့်မယ်လို့ထင်လဲ။ ကောင်းကင်ဒေသထဲက အဲဒီကျင့်ကြံသူတွေကရော လုပ်လိမ့်မယ်ထင်လား။"
ထိုအမျိုးသမီးက ဆက်ပြောလိုက်သည်။ သူမ ပြောသည်က အမှန်သာ ဖြစ်သည်။ မူလဘုံက ကောင်းကင်ဒေသ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း စစ်ပွဲတစ်ခု အမှန်တကယ် ဖြစ်ပွားခဲ့လျှင် ကောင်းကင်ဒေသမှ အခြားအင်အားစုများက ပါဝင်မတိုက်ခိုက်ခဲ့လျှင် ကံကောင်းခြင်းသာ ဖြစ်ပေသည်။
"အဲဒီလိုဆို အနောက်အင်ပါယာနန်းတော်အနေနဲ့ ကျုပ်ကို သတိပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒါက အနောက်အင်ပါယာနန်းတော်နဲ့ ဘာများသက်ဆိုင်လဲဆိုတာ နားမလည်နိုင်ဘူး။" ရီဖူရှင်းက ပြောလိုက်သည်။ တစ်ဖက်လူက သူနှင့်ပတ်သတ်သော အခြေအနေကို သတိပြုမိကာ တစ်ချိန်တည်းတွင် သတိပေးရန် လာရောက်ခဲ့သော်လည်း အနောက်အင်ပါယာနန်းတော်က မည်သည့်အတွက်ကြောင့် သူ့ကို သတိပေးရန် ဤကဲ့သို့ ဒုက္ခခံနေပေသည်။
မည်သည့်အတွက်ကြောင့် ထိုမျှ ဒုက္ခခံနေရပါသနည်း။
"ကောင်းကင်အာဏာစက်ကျောင်းတော်က ဘုံကိုးဘုံရဲ့ နှလုံးသားပဲ။ ပြီးတော့ မူလဘုံက ကောင်းကင်ဒေသရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်။ ယခု ရန်ဟောင်ရီရဲ့ အောင်မြင်မှုက မှတ်သားလောက်စရာပါပဲ။ အဆင့်ခုနစ်ရန်ဟောင်တစ်ပါးအနေနဲ့ ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ အထွတ်အထိပ်မှာ ရပ်တည်နိုင်တယ်ဆိုကတည်းက ဘယ်လိုကြည့်ကြည့် ရှင်က တကယ်ကို ထူးခြားပြောင်မြောက်သူတစ်ယောက်ပဲ။" ထိုအမျိုးသမီးက ဆက်ပြောလိုက်သည်။ ရီဖူရှင်း၏ ရှေ့ရှိ သူမထံမှ မဟာလမ်းစဥ်အရှိန်အဝါ ခပ်ရေးရေး ထွက်ပေါ်နေသည်။
ရီဖူရှင်း သူမကို ကြည့်လိုက်ရင်း တချို့ကို ခပ်ဝါးဝါး နားလည်သွားသည်။ တခဏကြာပြီးနောက်တွင် သူက ဆက်ပြောလိုက်၏။ "ဒါဆို အနောက်အင်ပါယာနန်းတော်အနေနဲ့ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဘာရည်ရွယ်ချက်နဲ့ ရောက်လာတာလဲ။"
"အရင်ကတော့ ကျွန်မက ရန်ဟောင်ရီကို ကောင်းကင်အာဏာစက်ကျောင်းတော် ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေကို လာပြောပြရုံပဲ။ ကျွန်မ ထင်တာတော့ ရန်ဟောင်ရီနဲ့ ကောင်းကင်အာဏာစက်ကျောင်းတော်နှစ်ခုလုံးက မိတ်ဆွေ လိုအပ်တယ် ထင်တယ်။ အနာဂတ်မှာ ရှင်တို့ သီးခြားရပ်တည်လို့ မရတာကြောင့် ကောင်းကင်ဒေသနဲ့ ပူးပေါင်းဖို့ လိုအပ်တယ်။" အမျိုးသမီးက ဆက်ပြောလိုက်သည်။ "ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ စွန့်ပစ်ခံကလန်က မဟာမိတ်ဖွဲ့လိုက်ပြီဆိုပေမယ့် စွန့်ပစ်ခံကလန်က မူလဘုံ လေဟာနယ်ကနေ လာတဲ့ ပြင်ပအင်အားစုတစ်ခုဖြစ်တာမို့ ကောင်းကင်ဒေသက စွန့်ပစ်ခံကလန်နဲ့ ပတ်သတ်ပြီး အတည်မပြုရသေးဘူး။ ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ စွန့်ပစ်ခံကလန်တို့က အစွမ်းထက်တယ်လို့ ဆုံးဖြတ်နိုင်ပေမယ့် လူတိုင်း ပူးပေါင်းထားတာကို ရင်ဆိုင်ဖို့တော့ ခက်ခဲလိမ့်မယ်။"
"အနောက်အင်ပါယာနန်းတော်က ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိတာလား။" ရီဖူရှင်းက သူမကို ကြည့်ကာ မေးလိုက်သည်။
"အနောက်အင်ပါယာနန်းတော်က အားလုံးရဲ့ အထက်မှာ တည်ရှိပြီး အနောက်ပင်လယ်နယ်မြေမှာ လွှမ်းမိုးနိုင်စွမ်းရှိတယ်။ အင်ပါယာရီ လိုချင်ရင် ကျွန်မတို့ မိတ်ဆွေတွေ ဖြစ်နိုင်ပါတယ်။ အနောက်အင်ပါယာနန်းတော်က ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ မဟာမိတ်ဖွဲ့ဖို့ အနောက်ပင်လယ်နယ်မြေရဲ့ တခြားအင်အားစုတွေကိုပါ သိမ်းသွင်းပေးမယ်။ ဒီလိုဆို ကောင်းကင်အာဏာစက်ကျောင်းတော်က ကောင်းကင်ဒေသ အနောက်ပင်လယ်နယ်မြေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်တယ်။ သဘောမတူနိုင်တဲ့ ကောင်းကင်ဒေသရဲ့ တခြားဒေသတွေက အင်အားစုတချို့ ရှိနိုင်ပေမယ့် သူတို့ လုပ်နိုင်တာ များများစားစား ရှိမှာ မဟုတ်ဘူး။ အထူးသဖြင့် မင်းသမီးဒွန်ဟောင်က ခေါင်းဆောင်ပြီး ရောက်လာတာမို့ ကောင်းကင်ဒေသထဲက တချို့ အင်အားစုတွေကို ထိန်းချုပ်ထားနိုင်မယ်။" အနောက်အင်ပါယာနန်းတော်မှ အမျိုးသမီးက ဆက်ပြောလိုက်သည်။
"ဒီလိုဆိုရင် နတ်မိမယ်ကို ကျေးဇူးအများကြီး တင်ပါတယ်။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ "ကောင်းကင်အာဏာစက်ကျောင်းတော်က မိတ်ဆွေများများ ဖွဲ့ချင်ပါတယ်။ အနောက်အင်ပါယာနန်းတော်နဲ့ အနောက်ပင်လယ်နယ်မြေက အင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့တာထက် ပိုကောင်းတာ ဘယ်ရှိပါ့မလဲ။ ကောင်းကင်အာဏာစက်ကျောင်းတော်က ဆန္ဒရှိတာထက် ပိုပါတယ်။ ကျုပ် ကိုယ်တိုင်ကလည်း နတ်မိမယ်နဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ချင်ပါတယ်။"
အနောက်အင်ပါယာနန်းတော်က အမှန်တကယ်ပဲ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် အလွယ်တကူ မဟာမိတ်ဖွဲ့ရန် ဆန္ဒရှိသည်လား။
အမှန်တကယ် ထိုသို့ ဖြစ်ခဲ့လျှင် သူက စိတ်ထဲထားမည် မဟုတ်ပေ။ အဆုံးမှာတော့ သူသည် တစ်ဖက်လူက သူ့အား လက်ကမ်းကူညီချင်သည်မှာ အမှန်တကယ်ဖြစ်ကြောင်း နားလည်ပေသည်။ ယနေ့ ကြုံတွေ့နေရသည့် အခြေအနေမှာ ကောင်းကင်အာဏာစက်ကျောင်းတော်အတွက် အရေးမလှသည်ကို သိနိုင်ပေသည်။
ရီဖူရှင်းက သူမကို အလွယ်တကူ သဘောတူလိုက်သည့်အခါ အနောက်အင်ပါယာနန်းတော်မှ အမျိုးသမီးက အံ့အားသင့်သွားခဲ့ပေသည်။ ဤလူက မည်သည့် အခြေအနေမဆို အကျိုးအမြတ် မည်သို့ယူရမည်ဖြစ်ကြောင်း ကောင်းကောင်း သိပေသည်။ အနောက်အင်ပါယာနန်းတော်က ကောင်းကင်အာဏာစက်ကျောင်းတော်ဘက်၌ ရပ်တည်မည်ဆိုလျှင် သူတို့က ကြီးစွာသော ဖိအားကို ခံနိုင်ရည်ရှိနိုင်ပြီး လက်ရှိ အခြေအနေက မည်သူ့ မည်သူထက်မှ သာမည်မဟုတ်ကြောင်း သူတို့ သိပေသည်။
မဟာမိတ်ဖွဲ့ခြင်းက မှန်ကန်သော်လည်း ထိုမျှထိ ရိုးရှင်းလိမ့်မည် မဟုတ်ပေ။
"ဒါဆို ရန်ဟောင်ရီက အနောက်အင်ပါယာနန်းတော်ကို ဝင်ပြီး ကျင့်ကြံဖို့ ဆန္ဒရှိလား။" ထိုအမျိုးသမီးက ရုတ်တရက် မေးလိုက်သည်။ ရီဖူရှင်းက အံ့သြမှင်တက်သွားလေသည်။ အနောက်အင်ပါယာနန်းတော်၌ ကျင့်ကြံရန်လား။
"နတ်မိမယ်က အတိအကျ ဘာကို ဆိုလိုချင်တာလဲ။" ရီဖူရှင်းက တစ်ဖက်လူကို ကြည့်ကာ မေးလိုက်သည်။
"အနောက်အင်ပါယာနန်းတော်က အနောက်ပင်လယ်နယ်မြေရဲ့ အရှင်သခင် ဖြစ်တဲ့ အနောက်အင်ပါယာဆီကနေ ဆက်ခံထားတဲ့ အမွေအနှစ်တွေ ရှိတယ်။ အနောက်အင်ပါယာရဲ့ အမွေအနှစ်က အင်ပါယာနန်းတော်မှာ ရှိတယ်။ ရန်ဟောင်ရီဆီမှာ မဟာအင်ပါယာတွေ အများကြီးရဲ့ အမွေအနှစ်တွေ ဆက်ခံထားရနာ သိပေမယ့် ဘယ်မဟာအင်ပါယာရဲ့ အမွေအနှစ်ကမှ အရမ်းပြောင်မြောက်နေတာမျိုး မရှိဘူး။ ရန်ဟောင်ရီအနေနဲ့ အနောက်အင်ပါယာနန်းတော်ကို ဝင်ရောက်ကျင့်ကြံဖို့ ဆန္ဒရှိတယ်ဆိုရင် နောက်ထပ် မဟာအင်ပါယာဆီကနေ အခွင့်အရေး ရလိမ့်မယ်။" အမျိုးသမီးက ဆက်ပြောလိုက်သည်။ "ထပ်ပြောရရင် အနောက်အင်ပါယာနန်းတော်က ရန်ဟောင်ရီကို မျှမျှတတ ဆက်ဆံမှာပါ။ ရန်ဟောင်ရီက ဘယ်လို အဆင့်အတန်း ဘယ်လိုအခြေအနေမျိုးပဲ လိုချင်လိုချင် စဥ်းစားပေးမယ်။"
ရီဖူရှင်း၏ နောက်ရှိ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက အနောက်အင်ပါယာနန်းတော်မှ ပြိုင်ဘက်ကင်း နတ်မိမယ်အား ကြည့်လိုက်ကြသည်။ သူတို့အားလုံးက အနောက်အင်ပါယာနန်းတော်မှ ဖော်ပြလာသည့် ရည်ရွယ်ချက်ကြောင့် အံ့အားသင့်သွားခဲ့ပေသည်။ သူတို့က ရီဖူရှင်းအား အနောက်အင်ပါယာနန်းတော်သို့ ဝင်ရောက်ကာ ကျင့်ကြံပြီး အနောက်အင်ပါယာနန်းတော်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာအောင် ဆွဲဆောင်ရန် သတ္တိရှိလှသည်။
ရီဖူရှင်း၏ အဆင့်အတန်းက ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ ယနေ့ သူက ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျောင်းအုပ်ဖြစ်ကာ စီဝေ့အင်ပါယာနန်းတော်၏ အရှင်သခင်လည်း ဖြစ်သည့်အပြင် တစ်ချိန်တည်းတွင် လေးမျက်နှာကျေးရွာ၏ ဆရာတစ်ပါးလည်း ဖြစ်သေးသည်။ စီဝေ့မဟာအင်ပါယာ၊ မဟာအင်ပါယာရှန်ကျားနှင့် ရှန့်ရင်းမဟာအင်ပါယာတို့၏ အမွေအနှစ်များကို ဆက်ခံထားသေးသည့်အပြင် မကြာသေးခင်က သူသည် မူလဘုံ၏ နယ်မြေများကို အုပ်ချုပ်သူလည်း ဖြစ်လာခဲ့သေးသည်။
မည်သို့သော အင်အားစုမျိုးက သူ့ကို သူတို့လက်အောက်၌ ကျင့်ကြံရန် သွေးဆောင်ရဲရသနည်း။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ ထိုလူများ၏ အမြင်အရ ဤကဲ့သို့သော တောင်းဆိုချက်မျိုးမှာ အရှင်ဒွန်ဟောင်၊ နတ်ဆိုးအင်ပါယာ၊ ဆိုးယုတ်မှုတို့၏အရှင်သခင်ကဲ့သို့သော ဖြစ်တည်မှုတို့မှ မဟုတ်လျှင် အခြားသော သူများက အရည်အချင်းမမီဟု ဖြစ်သည်။ မဟာအင်ပါယာမဟုတ်တော့သော လူများအတွက် သူတို့၏ အမွေအနှစ် တစ်ခုတည်းဖြင့် ရီဖူရှင်းအား သူ့လက်အောက်တွင် ကျင့်ကြံဖို့ရာ ဆွဲဆောင်ရန် မလုံလောက်ပါချေ။