လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်
Vol. 71 Ch. 752
‘မဟာတာအို အနန္တကပ်ဘေး ဖြစ်ပေါ်လာအောင် လှုံ့ဆော်ရမယ်... ဒီစနစ်က ပျက်သွားတာလား...’
အရင်တုန်းကလည်း စနစ်က ဒီလိုမျိုးပုံစံတူတဲ့ ရွေးချယ်မှုတွေ ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပေးတဲ့ဆုက ဒီလောက်ထိ မများပါဘူး။
ဟန်ကျွယ်ဟာ ကြာကြာမတွေးဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာတစ်ပါးအား ဆုလာဘ်အဖြစ် ရရှိပါသည်။]
[ပဋိပက္ခ အကောင်းစား ရတနာ မဟာရှေးဟောင်း နတ်သရဖူကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[မဟာရှေးဟောင်း နတ်သရဖူ: ခံစစ် ပဋိပက္ခ အကောင်းစား ရတနာ၊ မဟာရှေးဟောင်းနတ်မင်း သေဆုံးသောအခါ သူ့ဦးခေါင်းမှ မဟာရှေးဟောင်း နတ်သရဖူ ဖြစ်ပေါ်လာခဲ့ပြီး မဟာတာအိုအဆင့်ရှိ တိုက်ခိုက်မှုများကို ခုခံနိုင်သော အသန်မာဆုံး ခံစစ်စွမ်းအား ရှိ၏။]
‘ကောင်းတယ်... နောက်ထပ် ခံစစ် အကောင်းစား ရတနာပဲ’
ဟန်ကျွယ်ဟာ မဟာရှေးဟောင်း နတ်သရဖူကို ချက်ချင်း ထုတ်ယူပြီး ကိုယ်ပိုင်ပစ္စည်း ပြုပါတယ်။
မဟာရှေးဟောင်း နတ်သရဖူက ခရမ်းရောင်ပါ။ သရဖူပေါ်မှာ ရုပ်တုနှစ်ရုပ်တု ရှိပြီး သရဖူရဲ့ ဘေးနှစ်ဖက်မှာ ဦးချိုလို တည်ရှိနေပါတယ်။ ရုပ်တုနှစ်ရုပ်တုစလုံးက ဗိုလ်ကျစိုးမိုးလွန်းပြီး ရက်စက်တဲ့အသွင်အပြင် ရှိပါတယ်။
နှစ် ၈၀ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မဟာရှေးဟောင်း နတ်သရဖူကို အောင်မြင်စွာ သန့်စင်ပြီး ကိုယ်ပိုင်ပစ္စည်း ပြုနိုင်ခဲ့ပါတယ်။
သရဖူကို ဝတ်ဆင်လိုက်တဲ့အခါ ဟန်ကျွယ်ဟာ ပိုချောသွားသလို ပိုလည်း ခံ့ညားသွားပါတယ်။ ရှေးဟောင်း ဒဏ္ဍာရီတွေထဲက နတ်ဘုရားတွေရဲ့ ဘုရင်လိုပါပဲ။
ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားပြီး ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ဘယ်နတ်ဘီလူးကို မွေးဖွားရမလဲဆိုတာ စပြီးတော့ စဉ်းစားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ခေါင်းရှုပ်မခံချင်တာကြောင့် ဒုတိယမြောက် နတ်ဘီလူးဖြစ်တဲ့ ကျို့ယင်နတ်ဘီလူးကိုပဲ ရွေးချယ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ကျို့ယင်နတ်ဘီလူးချီနဲ့ ပေါင်းစပ်လိုက်ပါတယ်။ ပေါင်းစပ်တဲ့ဖြစ်စဉ် တည်ငြိမ်သွားတော့မှ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကိုတော့ ဘယ်မှာ သုံးရမလဲဆိုတာ ဟန်ကျွယ် သေချာစဉ်းစားဖို့ လိုပါတယ်။
ဟန်ကျွယ် ကျိန်စာတိုက်တဲ့ အကြိမ်က တော်တော်နည်းသွားပါပြီ။ ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ကောင်းကင်ဖွင့်လှစ်ပုဆိန်မှာ သုံးဖို့ စဉ်းစားလိုက်ပါတယ်။ ကောင်းကင်ဖွင့်လှစ်ပုဆိန်က ဘယ်လောက်ထိ စွမ်းအားကြီးလာနိုင်လဲဆိုတာကို မြင်ချင်တာလည်း ပါပါတယ်။
လောကဦးနတ်ဒေါသကို ပဋိပက္ခ အကောင်းစား ရတနာအဆင့် ကျော်လွန်သွားတဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်နဲ့ ပေါင်းသုံးလိုက်ရင် ဘယ်လိုစွမ်းအားမျိုး ထွက်ပေါ်လာမလဲဆိုတာက တကယ်ကို မြင်ချင်စရာပါ။
ဓားရူးတာအိုပညာရှိနဲ့ တိုက်ခိုက်အပြီးမှာ ဟန်ကျွယ်ဟာ သူ့စွမ်းအားကို နည်းနည်း မကျေမနပ် ဖြစ်သွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ချင်နေတာပါ။
ကျိန်စာစွမ်းအားအတွက်ကတော့ လက်ရှိအချိန်မှာ သူ့ထက် စွမ်းအားကြီးတဲ့ တည်ရှိမှုတွေကို သေအောင် ကျိန်စာတိုက်ဖို့က အတော် ခက်သွားပါပြီ။
ရာသီစက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားပါတယ်။
ဟန့်မျိုးနွယ်စုရဲ့ တိုက်ခိုက်မှု ကျရှုံးပြီးကတည်းက ကောင်းကင်တာအိုရဲ့ တိုးတက်ပြောင်းလဲမှုဟာ တစ်ဟုန်ထိုး ဖြစ်လာပါတယ်။ တာအိုပညာရှိတွေကလည်း လှုံ့ဆော်ခံရပြီး ကောင်းကင်အရှင်ရွှမ်တုနဲ့ ၁၀၀ ရာခိုင်နှုန်း ပူးပေါင်းကာ ကျင့်ကြံမှုကို အာရုံစိုက်လာကြပါတယ်။
ဒီအကြောင်းကြောင့် နာမည်ကျော် ပုဂ္ဂိုလ်တွေ ပိုပိုပေါ်လာပြီး စွမ်းအားပိုကြီးလာကြပါတယ်။
ပဋိပက္ခကိုသွားတဲ့ ကျင့်ကြံသူတွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိအကြောင်းကို နေရာတိုင်းမှာ ဖြန့်ကြက်ကြပါတယ်။ ဒါ့အပြင် မဟာတာအို နတ်စိတ်ဝိညာဉ်ကလည်း တကယ်သေသွားတာ ဖြစ်တဲ့အတွက် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ဂုဏ်သတင်းဟာ ပိုပိုကြီးမားလာကာ ကောင်းကင်တာအို ကျင့်ကြံသူတွေကို ကောင်းကင်တာအိုသား ဖြစ်ရတာ ဂုဏ်ယူသွားစေပါတယ်။
ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကလည်း အပေါ်ကို လုံးဝ ထိုးတက်သွားပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နှစ်ငါးသောင်း ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ ပိုပိုနီးလာပါပြီ။ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ အခွင့်အရေးကို နောက်ဆုံးမှာ မြင်တွေ့လိုက်ရပြီ ဖြစ်တဲ့အတွက် ရင်ထဲမှာ တော်တော်လေး ထိရှသွားပါတယ်။ မိုးကောင်းကင်က ကြိုးစားသူတွေကို စိတ်မပျက်စေပါဘူး။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က ကောင်းကင်အရှင်ရွှမ်တုဟာ သူ့ဆီ အသံလွှင့်ပြီး ဂူအောင်းကျင့်ကြံမှုပြီးရင် စကြဝဠာခန်းမဆီ လာခဲ့ဖို့ တောင်းဆိုထားလို့ပါ။
ဟန်ကျွယ်ဟာ ပထမဆုံး ဒုတိယ တာအိုစက်ကွင်းဆီ သွားပြီး ကျို့ယင်နတ်ဘီလူးကို လွှတ်ပေးကာ မုရုံချီလက်ထဲ အပ်လိုက်ပါတယ်။
ဒီအတောအတွင်း ဟန်မင်ကလည်း လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်လာပါပြီ။ သွေးသား နတ်ဘီလူးနဲ့ ဟင်းလင်းပြင် နတ်ဘီလူးကလည်း တာအိုပညာရှိအတု ဖြစ်လာကြပါပြီ။ တခြား နတ်ဘီလူးတွေကလည်း အကုန်လုံး တိုးတက်လာကြပါတယ်။ ဒါပေမဲ့ တာအိုပညာရှိဖြစ်လာပြီး နောက်ပိုင်း အဆင့်တက်ဖို့က လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ လီယောင်နဲ့ စကားခဏပြောပြီး ပင်မတာအိုစက်ကွင်းကို ပြန်ကာ စကြဝဠာခန်းမဆီ ခုန်ဝင်လိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ မျက်လုံးပွင့်လာပြီး ဟန်ကျွယ်ကို တွေ့တာနဲ့ တခြားတာအိုပညာရှိတွေကို အသံလွှင့်ပြီး ဖိတ်ခေါ်လိုက်ပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဧကရာဇ်ရှောင်၊ ကောင်းကင်အရှင်ဝူဖာ၊ ချုံရှီလိုင်၊ ဖန်းလျန်၊ ဟွမ်ဇွမ်တျန်၊ ကျင်းရှန်၊ ပန်ရှင်း၊ ရွှီတုတောက်၊ စုချီနဲ့ လီထိုက်ကူတို့ဟာ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြပါတယ်။
ဟန်ကျွယ်ကိုတွေ့တာနဲ့ သူတို့အားလုံးဟာ တလေးတစား ဦးညွှတ်ကြပါတယ်။ ဟန့်မျိုးနွယ်စု တိုက်ပွဲပြီးတဲ့နောက် တာအိုပညာရှိတွေဟာ ဟန်ကျွယ်ဆီမှာ လုံးဝ အညံ့ခံသွားကြပါပြီ။ ဟန်ကျွယ်ရဲ့ သူ့ကျေးကျွန် တာအိုပညာရှိတွေလည်း ထပ်ပြီးတော့ သရုပ်ဆောင်စရာ မလိုတော့ပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းအသာ ညိတ်လိုက်ပြီး ဘာမှမပြောပါဘူး။ ဘာပဲဖြစ်ဖြစ် ကောင်းကင်တာအို ခေါင်းဆောင်က ကောင်းကင်အရှင်ရွှမ်တု ဖြစ်နေတုန်းပါ။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို တစ်ခါမှ မစီမံဖူးပါဘူး။ အတိတ်တုန်းက မစီမံခဲ့သလို နောက်လည်း စီမံအုပ်ချုပ်မှာ မဟုတ်ပါဘူး။
ဒါကြောင့် ကောင်းကင်တာအိုကို စီမံအုပ်ချုပ်အတွက် ကောင်းကင်အရှင်ရွှမ်တုထက် သင့်တော်တဲ့လူ မရှိပါဘူး။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “မကြာသေးခင်က ရှီတုတောက်နဲ့ လီတောက်ခုံးရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ဟာ ဖြတ်တာက်ခံလိုက်ရတယ်၊ ဒီတာအိုပညာရှိ နှစ်နေရာက အခုလွတ်နေတယ်၊ နောက်ပြီး ဒီအတောအတွင်း ကောင်းကင်တာအိုကလည်း အားကောင်းလာတော့ နောက်ထပ် တာအိုပညာရှိ တစ်နေရာ ပေါ်လာတယ်၊ အဲဒီတော့ လောလောဆယ် တာအိုပညာရှိ သုံးနေရာ လွတ်နေတယ်၊ မင်းတို့ ဘယ်သူကို ထောက်ခံချင်လဲ”
တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို ကြည့်လိုက်ကြပါတယ်။ ဒီကိစ္စမှာ တိတ်ဆိတ်ဂိုဏ်းရဲ့ ပထမ အစောင့်အရှောက် လီတောက်ခုံး ပါနေတယ် မဟုတ်ပါလား။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဒီကိစ္စကို မင်းတို့ဘာသာ ဆုံးဖြတ်ချည်၊ လီတောက်ခုံးအတွက်တော့ မစိုးရိမ်နဲ့၊ ဘာလုပ်ရမလဲဆိုတာ ငါ သိတယ်”
ဟန်ကျွယ်ရဲ့ စကားကြောင့် တာအိုပညာရှိတွေဟာ စိတ်သက်သာရာ ရသွားကြပြီး ဘယ်သူကို တာအိုပညာရှိနေရာ ပေးရမလဲဆိုတာ စပြီးတော့ ဆွေးနွေးကြပါတယ်။
ဟန်ကျွယ်ဟာ ပျင်းသွားတာနဲ့ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
ဒီအစည်းအဝေးက ပျင်းဖို့ကောင်းတယ်ဆိုပေမဲ့ ဟန်ကျွယ် မတက်လို့ မဖြစ်ပါဘူး။ ဒီလို အစည်းအဝေးတက်မှသာ သူက အခွင့်အာဏာရှိတဲ့ လူတစ်ယောက်လို့ တခြား တာအိုပညာရှိတွေရဲ့ စိတ်ထဲမှာ စွဲမြဲနေမှာပါ။
ဟန်ကျွယ်ဟာ အနာဂတ်မှာ ကောင်းကင်တာအို အကြီးအကျယ် ပြောင်းလဲသွားတာကို မမြင်ချင်ပါဘူး။ တာအိုပညာရှိအသစ်တွေက သူ့စကား နားမထောင်ဘဲ ပြဿနာရှာချင်ရင် တော်တော်လေး ကရိကထ များမှာပါ။ နောက်ပြီး ဒီအစည်းအဝေး တက်တာက သူ့ကျင့်ကြံမှုကို ဘယ်လောက်မှ နှောင့်နှေးစေတာ မဟုတ်ပါဘူး။
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်တပည့် ကျိုးဖန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၇၈၉၀၀၀၂
[သင့်သား ဟန်ထော်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၈၉၀၂၁၄၃
[သင့်တပည့် တာအိုအရှင်သခင်သည် လျှို့ဝှက်ဆန်းကြယ် ကာလဒေသ ဒိုင်မေးရှင်းတစ်ခုသို့ ဝင်ရောက်သွားသည်။]
[သင့်တပည့် ကျောက်ရွှမ်ယွမ်သည် လျှို့ဝှက်ဆန်းကြယ် ကာလဒေသ ဒိုင်မေးရှင်းတစ်ခုသို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ ကျန်းယီသည် လျှို့ဝှက်ဆန်းကြယ် ကာလဒေသ ဒိုင်မေးရှင်းတစ်ခုသို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ လောကဦး ကောင်းကင်အရှင်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် မိုးမြေကို ခွဲပြီး ပဋိပက္ခကမ္ဘာကို ဖန်တီးခဲ့သောကြောင့် ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဓားရူးတာအိုပညာရှိသည် ဓားတာအို ဆန်းကြယ်စွမ်းအား တစ်ပါးကို သုံးသပ်နားလည်ပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
စာစောင်တွေက အရင်အတိုင်း စိတ်လှုပ်ရှားဖို့ ကောင်းနေတုန်းပါ။ ဟန်ကျွယ်သာ သူသိချင်တာတစ်ခုကို မေးလိုက်ပါတယ် “လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တွေ အကုန်လုံးက ငါ့ထက် စွမ်းအားကြီးတဲ့ လူတွေချည်းပဲလား”
ဟန်ကျွယ်က အခုဆိုရင် မဟာတာအိုပညာရှိ ဖြစ်နေပါပြီ။ သူ့ထက် စွမ်းအားကြီးတဲ့လူက လက်ချိုးရေလို့ ရနေပါပြီ။
[လွတ်လပ်မှုအဆင့်ကို ရောက်ပြီး သင်နှင့် ကံတရား မရှိလျှင် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်အဖြစ် စနစ်က သတ်မှတ်သည်။]
‘ဒီလိုကိုး...’
ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိတွေက လေလွင့်ခွေးတွေလိုမျိုး အများကြီး ရှိနေတယ် ထင်တာပါ။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်တဲ့အခါ ဟွမ်ဇွမ်တျန်က ပဋိပက္ခကမ္ဘာ တည်ထောင်တာကို တွေ့သွားပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို တစ်ချက်မကြည့်ဘဲ မနေနိုင်ပါဘူး။ ဟွမ်ဇွမ်တျန်က တကယ်ကို အကွက်ကြီး ရွှေ့လိုက်တာပါ။ ဒါပေမဲ့ ကောင်းကင်တာအိုနဲ့ ကံတရား အထောက်အပံ့ မပြတ်တောက်သေးပါဘူး။
ဟန်ကျွယ်ရဲ့ အကြည့်ကို ခံစားမိတဲ့ ဟွမ်ဇွမ်တျန်ဟာ ချက်ချင်း ခါးဆန့်ပြီး မျက်လုံးနဲ့ အရိုအသေ ပြုပါတယ်။
ဟန်ကျွယ်ဟာ နောက်ပြီးကျရင် ဟွမ်ဇွမ်တျန်နဲ့ စကားပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟွမ်ဇွမ်တျန်ရဲ့ ဆရာသခင် ဂိုဏ်းချုပ်တျန်ကျွယ်ကလည်း သူ့လူပဲ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ အပိုတွေ လုပ်မနေချင်တော့ပါဘူး။
အဲဒီနောက်ပိုင်း စာစောင်တွေကလည်း စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ နှစ်သောင်းချီ ကြာသွားပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ရဲ့ မိတ်ဆွေတွေ အကုန်လုံး လှုပ်ရှားကြတာချည်းပါပဲ။
တစ်နာရီကြာတဲ့အခါမှာတော့ တာအိုပညာရှိနေရာကို ဘယ်သူ့ပေးရမလဲဆိုတာ ဆုံးဖြတ်ပြီးသွားကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ဒီအတောအတွင်း ပဋိပက္ခ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက စားသောက်ပွဲတော် ကျင်းပပြီး ကမ္ဘာသခင်တွေကို သူ့နဲ့ မိတ်ဆွေဖွဲ့ဖို့ ဖိတ်ခေါ်ထားတယ်၊ အနာဂတ်မှာ ကျရောက်လာမဲ့ မဟာတာအို အနန္တကပ်ဘေးကိုလည်း ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဆွေးနွေးကြမယ်တဲ့၊ မင်းတို့တွေ ဒီကိစ္စကို ဘယ်လိုထင်လဲ”
ချုံရှီလိုင်က ပထမဆုံး စပြောပါတယ် “ဒီကိစ္စက အဆင်ပြေပါတယ်၊ ကောင်းကင်တာအို အင်အားနဲ့ဆိုရင် ပဋိပက္ခကမ္ဘာတွေထဲမှာ ခေါင်းဆောင် ဖြစ်လာနိုင်လောက်တယ်၊ သူတို့က အကာအကွယ်ရယူဖို့ ကောင်းကင်တာအိုကို ကျိန်းသေပေါက် ဖိတ်ခေါ်မှာပဲ၊ မဟုတ်ရင် လွတ်လပ်တာအိုပညာရှိက ဒီပွဲတော်ကို ဦးစီးပါ့မလား”
ကောင်းကင်အရှင်ဝူဖာဟာ ချုံရှီလိုင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်းစကားက ဘာကြီးလဲ၊ လွတ်လပ် တာအိုပညာရှိက အားနည်းတယ်လို့ ဆိုလိုချင်တာလား”
ချုံရှီလိုင်ဟာ သူ စကားမှားသွားပြီမှန်း သိတဲ့အတွက် ရွေးချယ်စရာ မရှိဘဲ ချက်ချင်း ပါးစပ်ပိတ်လိုက်ရပါတယ်။
တခြားတာအိုပညာရှိတွေကလည်း သူတို့အမြင်ကို ထုတ်ပြောကြပါတယ်။ ဒါကြောင့် မဲစနစ်နဲ့ ဆုံးဖြတ်ကြပါတယ်။ ဟန်ကျွယ်ကတော့ ဝင်မပါပါဘူး။
နောက်ဆုံးမှာတော့ ပန်ရှင်း၊ ဂိုဏ်းချုပ် တျန်ကျွယ်နဲ့ ဖန်းလျန်တို့ သွားရောက်ဖို့ ရွေးချယ်ခံရပါတယ်။ ပန်ရှင်းက လွတ်လပ် တာအိုပညာရှိ ဖြစ်တဲ့အတွက် ကောင်းကင်တာအိုရဲ့ ဩဇာအာဏာကို ရည်ညွှန်းပါတယ်။ ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ တာဝန်က ညှိုနှိုင်းဖို့ ဖြစ်ပြီး ဖန်းလျန်ကတော့ တခြားကမ္ဘာတွေနဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်ဖို့ တာဝန်ယူရပါတယ်။
ဆွေးနွေးတာ ပြီးတာနဲ့ တာအိုပညာရှိတွေဟာ ထွက်ခွာသွားကြပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “တာအိုရောင်းရင်းဟွမ်... စကားခဏပြောဖို့ ငါ မင်းတာအိုစက်ကွင်းဆီ လိုက်ခဲ့လို့ရမလား”
ဟွမ်ဇွမ်တျန်ဟာ ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။ တခြားတာအိုပညာရှိတွေကတော့ မကြားချင်ယောင် ဆောင်နေကြပါတယ်။
ဒီအတောအတွင်း ဟွမ်ဇွမ်တျန်က တကယ်ကို နည်းနည်းလေး လျှို့ဝှက်ဆန်းကြယ်လာတာပါ။ ပဋိပက္ခကိုလည်း မကြာခဏ သွားလာပါတယ်။ ဒါကြောင့် တခြားတာအိုပညာရှိတွေရဲ့ အမြင်မှာ ဟန်ကျွယ်က ဟွမ်ဇွမ်တျန်ကို သင်ခန်းစာပေးတော့မယ်လို့ ထင်နေကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ တိတ်တဆိတ် သက်ပြင်းချလိုက်ပါတယ် ‘တော်သေးတယ်... ဟန်ကျွယ် ရှိနေပေလို့...’
ကောင်းကင်အရှင်ရွှမ်တုဟာလည်း ဟွမ်ဇွမ်တျန် သစ္စာဖောက်သွားမှာကို စိုးရိမ်နေခဲ့တာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။