← Chapters

အသက်ခြောက်သိန်းပြည့်ခြင်း၊ ပန်ကူး ပြန်မွေးဖွားလာခြင်း

Vol. 71 Ch. 753

အသက်ခြောက်သိန်းပြည့်ခြင်း၊ ပန်ကူး ပြန်မွေးဖွားလာခြင်း

Vol. 71 Ch. 753

နန်းတော်ထဲမှာ ဟန်ကျွယ်နဲ့ ဟွမ်ဇွမ်တျန်ဟာ မျက်နှာချင်းဆိုင်ပြီး ထိုင်နေပါတယ်။ ဟန်ကျွယ်က အိမ်ရှင်နေရာမှာ ထိုင်ပြီး တာအိုစက်ကွင်းရဲ့ အရှင်သခင်ဖြစ်တဲ့ ဟွမ်ဇွမ်တျန်ကတော့ ဧည့်သည်နေရာမှာ ထိုင်ပါတယ်။

ဟန်ကျွယ် မမေးခင်မှပဲ ဟွမ်ဇွမ်တျန်က စပြောပါတယ် “လွန်ခဲ့တဲ့ နှစ်နှစ်သောင်းကျော်က ကျွန်တော် ပဋိပက္ခထဲမှာ ကမ္ဘာတစ်ခု ဖန်တီးခဲ့တယ်...”

ဟွမ်ဇွမ်တျန်ဟာ စိတ်လှုပ်ရှားစွာ သူ့အကြောင်းတွေကို ပြောပါတယ်။ မိဘတွေရှေ့မှာ သူ့အောင်မြင်မှု အကြောင်း ပြောပြနေတဲ့ ကလေးငယ်လေး တစ်ယောက်လိုပါပဲ။

ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန် ပြောတာကို ဖြတ်မပြောဘဲ သေချာ နားထောင်ပါတယ်။

ဟွမ်ဇွမ်တျန်ဟာ သူ ကမ္ဘာ ဖန်တီးရခြင်းရဲ့ အကြောင်းရင်းကို စပြီးတော့ ပြောပြပါတယ်။ ဟွမ်ဇွမ်တျန် ကမ္ဘာ ဖန်တီးတာက မူလလောကဦးကြောင့်ပါ။ ဟန်ကျွယ်ဟာ မူလလောကဦး အကြောင်း သိထားပြီးပါပြီ။ ဒါက သူတို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်ပါ။

မူလလောကဦးရဲ့ ကူညီမှုကြောင့် ဟွမ်ဇွမ်တျန်ဟာ ပဋိပက္ခကမ္ဘာ ဖန်တီးလိုက်တာတောင် ကောင်းကင်တာအို ကံတရား အထောက်အပံ့ ပြတ်တောက်မသွားပါဘူး။ ဒီနှစ်တွေမှာ မူလလောကဦးရဲ့ ကူညီမှုကြောင့် ဟွမ်ဇွမ်တျန်ရဲ့ ကျင့်ကြံမှုဟာလည်း ပုံမှန် တိုးတက်လာပါတယ်။

“သခင် မစိုးရိမ်ပါနဲ့၊ ကျွန်တော် သခင်ကို အမြဲတမ်း သစ္စာရှိမှာပါ၊ သခင်ရဲ့ လမ်းညွှန်မှုကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီနေ့ ဒီနေရာကို ရောက်လာနိုင်ပါ့မလား”

ဟွမ်ဇွမ်တျန်ရဲ့ စကားက ဟန်ကျွယ်နားထဲမှာ ပျားသကာလို ချိုမြိန်လှပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန် ဘာလို့ ဒီနေရာကို ရောက်လာနိုင်လဲဆိုတာ ရုတ်တရက် နားလည်သွားပါတယ်။ ဟွမ်ဇွမ်တျန်ရဲ့ မျက်နှာသာပေးမှု လျော့မသွားသေးသမျှ ကာလပတ်လုံး ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန် ပြောသမျှကို ယုံကြည်လက်ခံပေးမှာပါ။

“ဂရုလည်းစိုက်ဦး၊ မင်း ဒီနေရာကို ဘယ်လိုရောက်လာလဲဆိုတာ မမေ့နဲ့၊ ဘယ်တော့မှ သတိမလွတ်စေနဲ့၊ ကောင်းကင်တာအိုပညာရှိတွေနဲ့ ဆက်ဆံရေးကောင်းကို ဆက်ထိန်းသိမ်းထားချည်၊ လက်ရှိ ကောင်းကင်တာအိုက စည်းလုံးညီညွတ်နေပြီ၊ ဒီကြိုးကို ဘယ်သူကိုင်ထားတယ် မင်းလည်း သိမှာပါ၊ မင်း အကူအညီလိုရင် တခြားတာအိုပညာရှိတွေကို အကူအညီတောင်းလို့ရတယ်၊ သီးသန့်မနေနဲ့၊ သီးသန့်နေရင် မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာနိုင်တယ်”

ဟွမ်ဇွမ်တျန်ဟာ ခေါင်းညိတ်လိုက်ပါတယ် “သခင်ရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အမြဲတမ်း မှတ်သားထားပါ့မယ်”

ဟွမ်ဇွမ်တျန်ဟာ ဒီကိစ္စကို နည်းနည်းတော့ ရိပ်မိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က ကိုယ်တိုင်မပြောတဲ့အတွက် ဟွမ်ဇွမ်တျန်ဟာ တခြားတာအိုပညာရှိတွေကို မယုံကြည်တာပါ။ အခု ဟန်ကျွယ်က အကူအညီလိုရင် တခြားတာအိုပညာရှိတွေကို အကူအညီတောင်းလို့ ရတယ်လို့ ပြောတဲ့အတွက် ဟွမ်ဇွမ်တျန်ဟာ တော်တော်လေး စိတ်သက်သာရာ ရသွားပါတယ်။

အဲဒီနောက် သူတို့နှစ်ယောက်ဟာ စကားဆက်ပြောကြပါတယ်။ အချိန်အများစုမှာ ဟွမ်ဇွမ်တျန်က သူ့အတွေ့အကြုံတွေကို ပြောပြပြီး ဟန်ကျွယ်က စိတ်ဝင်တစား ထိုင်နားထောင်ပါတယ်။

ဟန်ကျွယ် ထွက်သွားတဲ့အခါ ဟွမ်ဇွမ်တျန်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ကို အရမ်းသစ္စာရှိတယ်ဆိုပေမဲ့ ဟန်ကျွယ်ပေးတဲ့ ဖိအားက အရမ်းကို ကြီးမားလွန်းပါတယ်။

ဟွမ်ဇွမ်တျန်ရဲ့ စိတ်ထဲမှာ အသံတစ်သံ ထွက်ပေါ်လာပါတယ် “ဒီလူက မရိုးရှင်းဘူး၊ သူသာ ငါ့ကို တိုက်ခိုက်ချင်ရင် ငါ့ကို မင်းခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်နိုင်တဲ့ နည်းလမ်း ကျိန်းသေပေါက် ရှိလိမ့်မယ်”

ဟွမ်ဇွမ်တျန်က ဂုဏ်ယူစွာ ပြောလိုက်ပါတယ် “ဟုတ်တယ်လေ၊ မဟုတ်ရင် ကျွန်တော် သူ့နောက်ကို လိုက်ပါ့မလား”

ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ကို စသိကတည်းက ဟန်ကျွယ် ရှုံးနိမ့်တာ အခြေမလှဖြစ်တာကို တစ်ခါမှ မတွေ့ဖူးသေးပါဘူး။

တာအိုဘုံကျောင်းထဲကို ပြန်ရောက်တာနဲ့ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ အခုအချိန် ဟန်ကျွယ်မှာ ပန်းတိုင်တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ အမြန်ဆုံး အဆင့်တက်နိုင်ဖို့ပါ။

ဟန်ကျွယ် မျက်လုံးမှိတ်ပြီး ပြန်ဖွင့်လိုက်တာက ခေတ်တစ်ခေတ် ကုန်ဆုံးသွားသလိုပါပဲ။

ရှန်ပေါင် တာအိုကျင့်ကြံသူ ရှုံးနိမ့်သွားကတည်းက ဘယ်ထိပ်သီးကျင့်ကြံသူမှ ကောင်းကင်တာအိုကို နောက်ထပ် စိန်မခေါ်ရဲတော့ပါဘူး။ ကမ္ဘာသစ်တွေဟာ ကောင်းကင်တာအို ဘေးနားက အမှောင်တားမြစ်နယ်မြေထဲမှာ ဆက်တိုက်ပေါ်လာပါတယ်။ ဒီကမ္ဘာတွေ အကုန်လုံးကို ကောင်းကင်တာအို ကျင့်ကြံသူတွေ ဖန်တီးထားကြတာပါ။

တချို့ အရည်အချင်း နည်းပါးတဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေဟာ ကမ္ဘာတစ်ခု ဖန်တီးတာက တာအိုပညာရှိအတုအဆင့်ကို ရောက်စေနိုင်မှန်း ရှာတွေ့သွားကြတဲ့အတွက် အမှောင်တားမြစ်နယ်မြေကို ဦးတည်ပြီး ကမ္ဘာဖန်တီးတဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေ ပိုပိုများလာပါတယ်။

တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားပါတယ်။

မကြာခင်မှာပဲ ဟန်ကျွယ်ဟာ အသက် ခြောက်သိန်း ပြည့်သွားပါတယ်။

[သင်သည် အသက် ခြောက်သိန်းပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ဂူအောင်းကျင့်ကြံရာမှ ထွက်၍ လောကဦးနတ်ဘီလူး နာမည်ကို ဖြန့်ကြက်ပြီး မဟာတာအို အနန္တကပ်ဘေး ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ကျင့်ကြံအားထုတ်၍ ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်တဲ့ စနစ်ကပေးတဲ့ဆုက လျော့သွားတာကို ရှာတွေ့သွားပါတယ်။ အသက်ငါးသိန်းပြည့်တာက အသက်ခြောက်သိန်းပြည့်ထက် ပိုပြီးတော့ အဓိပ္ပာယ်ရှိတယ်နဲ့ တူပါတယ်။

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။

[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာတစ်ပါးအား ဆုလာဘ်အဖြစ် ရရှိပါသည်။]

[ပဋိပက္ခ အကောင်းစား ရတနာ ပဋိပက္ခစိန်လက်ကောက်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[ပဋိပက္ခစိန်လက်ကောက်: ခံစစ် အကောင်းစား ရတနာ၊ ပဋိပက္ခ အစဦး၌ မွေးဖွားလာသော အကောင်းစား ရတနာဖြစ်ပြီး အသန်မာဆုံး ခံစစ် အလင်း‌ရောင်ပါဝင်ကာ မဟာတာအိုအဆင့် တိုက်ခိုက်မှုများကို တားဆီးနိုင်သည်။]

‘နောက်ထပ် ခံစစ် အကောင်းစား ရတနာပါလား...’ ဟန်ကျွယ်ဟာ စိတ်နည်းနည်း ပျက်သွားပါတယ်။

ဒီပဋိပက္ခစိန်လက်ကောက်ကိုပါ ပေါင်းလိုက်ရင် ဟန်ကျွယ်မှာ ပဋိပက္ခ ခံစစ်ရတနာ သုံးပါး ရှိသွားပါပြီ။ ဘယ်သူက သူ့ခံစစ်ကို ချိုးဖျက်နိုင်ဦးမှာလဲ။

ဟန်ကျွယ်ဟာ ပဋိပက္ခစိန်လက်ကောက်ကို ချက်ချင်း ထုတ်ယူပြီး ကိုယ်ပိုင်ပစ္စည်း ပြုပါတယ်။ နှစ်တစ်ရာကြာတဲ့အခါမှာတော့ ပဋိပက္ခ စိန်လက်ကောက်က ဟန်ကျွယ်ကို သခင်အဖြစ် လက်ခံလိုက်ပါတယ်။

ပဋိပက္ခစိန်လက်ကောက်က ရွှေရောင်ပါ။ သူ့ရဲ့ မူလပုံစံက ရွှေ‌ရောင်လက်စွပ်ပါ။ ဝတ်ပြီးမှ ရွှေရောင်မီးလျှံစ နှစ်စ အသွင် ပြောင်းလဲပြီး လက်ကောက်ဝတ်ကို ရစ်ပတ်ကာ လက်ကောက် ဖြစ်သွားတာပါ။ တော်တော်လေး ကြည့်လို့ကောင်းတဲ့ ရတနာတစ်ပါးပါ။

ဟန်ကျွယ်ဟာ လောကဦး ကောင်းကင်ထောင်ထဲက ရှန်ပေါင် တာအိုကျင့်ကြံသူကို ကြည့်လိုက်ပါတယ်။ နှစ် ၁၂၀,၀၀၀ ကြာတာတောင် ရှန်ပေါင် တာအိုကျင့်ကြံသူကို ကျွန်ပြုလို့ မပြီးသေးပါဘူး။ ဟန်ကျွယ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူ နိုးလာမှာစိုးတဲ့အတွက် နှစ်တစ်သောင်းတိုင်း ချိပ်ပိတ်စည်း အသစ် ပြန်လုပ်ရပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူပြီး လောကဦးကမ္ဘာထဲက နတ်ဘီလူးချီအလုံး တစ်လုံးနဲ့ ပေါင်းစပ်လိုက်ပါတယ်။ ဒီတစ်ကြိမ်တော့ ဟန်ကျွယ်ဟာ ဖုန်းယောင် နတ်ဘီလူးကို ရွေးချယ်လိုက်ပါတယ်။

ပေါင်းစပ်မှု တည်ငြိမ်သွားတဲ့အခါ ဟန်ကျွယ်ဟာ သူ့အာရုံကို တခြားဆီ ရွှေ့လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအို လောကဦးပဋိပက္ခ အလယ်အဆင့်နဲ့ အရမ်းအရမ်းကို နီးကပ်နေပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အလျင်မလိုပါဘူး။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုရဲ့ တိုးတက်ပြောင်းလဲမှုကို အရင်ဆုံးကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီအတောအတွင်း ကောင်းကင်တာအိုထဲမှာ တာအိုပညာရှိအသစ်သုံးပါး ပေါ်လာပါတယ်။ ဒီသုံးပါးကတော့ လောကဦးပဋိပက္ခဗုဒ္ဓ၊ ကျန်းကူရှင်းနဲ့ လုံဟောင်ပါ။

လောကဦး ပဋိပက္ခဗုဒ္ဓ ဗုဒ္ဓ ဖြစ်လာနိုင်တာက ဟန်ကျွယ် ချုံရှီလိုင်ကို အသံလွှင့်ပြီး ညွှန်ကြားလိုက်လို့ပါ။ လောကဦးပဋိပက္ခဗုဒ္ဓက ဟန်ကျွယ်ရဲ့ အမိန့်နဲ့ ဗုဒ္ဓဂိုဏ်းထဲမှာ ပုန်းနေတဲ့ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာ မဟုတ်ပါလား။

လောကဦးပဋိပက္ခမိစ္ဆာက ဟန်ကျွယ်အတွက် အကျိုးမဆောင်ဘူးဆိုပေမဲ့ သူ့မျက်နှာသာပေးမှုက လျော့မသွားပါဘူး။

ကျန်းကူရှင်းကိုတော့ ကောင်းကင်အရှင်ဝူဖာက ရွေးချယ်လိုက်တာပါ။ ဒါကို ဟန်ကျွယ်ကို ထည့်စဉ်းစားပြီး ရွေးချယ်တယ်ဆိုတာ သိသာလှပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုထဲမှာ ကံတရား ဆက်နွှယ်မှု သိပ်မရှိပါဘူး။ ကျန်းကူရှင်းက ဒီရှားပါးလှတဲ့ ကံတရား ဆက်နွှယ်မှုတွေထဲက တစ်ခုပါ။

လုံဟောင်ကိုတော့ ဟန်ကျွယ်က ရွေးချယ်လိုက်တာပါ။

ဟန်ကျွယ်ကလွဲရင် လက်ရှိ ကောင်းကင်တာအိုမှာ ကောင်းကင်တာအိုပညာရှိ ဆယ့်ခြောက်ပါး ရှိသွားပါပြီ။ ဒါက အရင်ခေတ်ထက် အများကြီး ပိုများပါတယ်။

တာအိုပညာရှိအသစ်တွေဟာ ‌လောကဦး ခရမ်းရောင်ချီကို မှီခိုမှုသိပ်မရှိဘဲ တာအိုပညာရှိ ဖြစ်လာကြတာပါ။ လက်တွေ့ဖြစ်ရပ်က လောကဦး ခရမ်းရောင်ချီဆိုတာ အကြောင်းပြချက်တစ်ခုပဲဆိုတာ သက်သေပြလိုက်ပါတယ်။ အတိတ်မှာတုန်းက တာအိုပညာရှိအသစ်တွေ လုံးဝ မရှိခဲ့ပါဘူး။ ဒီလိုဖြစ်ရတာက ကောင်းကင်တာအို အားနည်းပြီး တာအိုပညာရှိအသစ်တွေကို ထပ်ပြီးတော့ မထမ်းဆောင်နိုင်တာပါ။

တာအိုပညာရှိအသစ်တစ်ပါး ပေါ်လာတိုင်း အင်မော်တယ်ကမ္ဘာက ကျင့်ကြံသူတွေကို စိတ်လှုပ်ရှားစေပါတယ်။ လောကမှာ တာအိုပညာရှိ မဖြစ်ချင်တဲ့လူက ကျင့်ကြံသူလို့ ပြောလို့မရပါဘူး။

ဟန်ကျွယ်ဟာ သက်ရှိမျိုးစုံရဲ့ အသွင်ကိုယူပြီး လျှောက်ကြည့်ပါတယ်။ ကောင်းကင်တာအိုရဲ့ အခြေအနေက အေးချမ်းနေတယ်လို့ ယူဆလို့ရပါတယ်။ တိတ်ဆိတ်ဂိုဏ်းက သိပ်ပြီးတော့ အင်အားမကြီးမားပေမဲ့ တည်ငြိမ်မှု အရှိဆုံးပါ။ ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းကို ကောင်းကင်တာအိုနဲ့ မပေါင်းစပ်ခိုင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလို့ပါ။

ဟန်ကျွယ်အနေနဲ့ တခြား အင်အားစုတွေကို မျှော်လင့်ချက်ပေးဖို့ လိုပါတယ်။ ဒါမှလည်း သူတို့တွေက ဆက်ကြိုးစားကြမှာပါ။

ဟန်ကျွယ်ကလည်း ကောင်းကင်တာအိုကို ဘယ်တုန်းကမှ ထိန်းချုပ်ချင်ခဲ့တာ မဟုတ်ပါဘူး။ အတိတ်မှာတုန်းက ကောင်းကင်တာအိုဟာ ဟန်ကျွယ်အတွက် ဒိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုက သူ့တပည့်တွေကို ကာကွယ်ပေးဖို့ပဲ မျှော်လင့်ပါတော့တယ်။

အတန်ကြာ လေ့လာသုံးသပ်ပြီးတာနဲ့ ဟန်ကျွယ်ဟာ စာစောင်တွေကို စစစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့မိတ်ဆွေ အသိုင်းအဝိုင်းထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စတစ်ခု ရှိနေတာကို မြင်ချင်နေတာပါ။

ဟန်ကျွယ်ရှေ့မှာ စာစောင်တွေ တစ်စောင်ပြီး တစ်စောင် ပေါ်လာပါတယ်။ တဒင်္ဂအတွင်း ဟန်ကျွယ်ဟာ စာစောင်သန်းချီကို ဖတ်ပြီးသွားပါတယ်။

စာတစ်စောင်က ဟန်ကျွယ်အာရုံကို ဖမ်းစားလိုက်ပါတယ်။

[သင့်ရန်သူ ပန်ကူးသည် အောင်မြင်စွာ ပြန်လည်မွေးဖွားလာပါပြီ။]

‘ပန်ကူး... ဒီကောင်က ပြဿနာရှာချင်တာလား...’

ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပြီး အတွေးနက်သွားပါတယ်။ ပန်ကူးရဲ့ သူ့အပေါ်ထားရှိတဲ့ မုန်းတီးမှုက သိပ်မရှိပါဘူး။ မကျေနပ်ရုံပဲလို့ ပြောလို့ရပါတယ်။

ဒါပေမဲ့ ပန်ကူးရဲ့ သမိုင်းကြောင်းက ကြီးမားလွန်းပါတယ်။ ပဋိပက္ခတစ်ခုလုံးက သူ့ကို အိပ်မက်ဆိုးလို သဘောထားပြီး အသက်ပြန်ရှင်လာမှာကို အသေကြောက်ကြတာပါ။ ဒါပေမဲ့ ပန်ကူးက အသက်ပြန်ရှင်မလာဘဲ ပြန်မွေးဖွားဖို့ ရွေးချယ်လိုက်ပါတယ်။

‘ပန်ကူးက ဘယ်လို ပြန်မွေးဖွားလာတာလဲ’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters