← Chapters

ပြိုင်ဘက်ကင်းတယ်ဆိုတာ

Vol. 71 Ch. 757

ပြိုင်ဘက်ကင်းတယ်ဆိုတာ

Vol. 71 Ch. 757

ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲ ပြီးဆုံးသွားတဲ့အခါ မျက်လုံးဖွင့်လိုက်ပါတယ်။

‘သေစမ်း... ကြမ်းလိုက်တာ...’

လောကဦးနတ်ဒေါသနဲ့ အန္တိမတာအိုရတနာဖြစ်တဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ပေါင်းလိုက်ရင် ဘယ်သူမှ ဟန်ကျွယ်ကို မတားဆီးနိုင်တော့ပါဘူး။ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာရှိတဲ့ လူတိုင်းကို တစ်ကိုယ်တော် စိန်ခေါ် တိုက်ခိုက်ပါတယ်။

စွမ်းလှပါတယ်ဆိုတဲ့ ဓားရူးတာအိုပညာရှိတောင် ဟန်ကျွယ်ရဲ့ တိုက်ချက်တစ်ချက်ကို မခံနိုင်ပါဘူး။

အထူးသဖြင့် နတ်ဘီလူး ၈၄၉ ပါးရဲ့ စွမ်းအားကို ကောင်းကင်ဖွင့်လှစ်ပုဆိန်နဲ့ ပေါင်းစပ် အသုံးပြုလိုက်တဲ့အခါ ဟန်ကျွယ်က ပြိုင်ဘက်ကင်းသွားပါတယ်။ ဟန်ကျွယ်ဟာ ဘဝင်မြင့်သွားပြီး မဟာတာအိုပညာရှိကိုတောင် ယှဉ်တိုက်နိုင်တယ်လို့ ခံစားသွားရပါတယ်။

‘မဟုတ်သေးဘူး... ငါ စိတ်ကူးယဉ်လွန်းနေပြီ၊ ဒီလိုသာ ဆက်သွားရင် ငါ့တာအိုနှလုံးသားတော့ မတည်မငြိမ် ဖြစ်တော့မယ်’

ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ထပ်ဝင်ပြီး ဓားရူးတာအိုပညာရှိ တစ်ရာကို စိန်ခေါ်လိုက်ပါတယ်။ တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးပွင့်လာပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ လုံးဝကို ငြိမ်ကျသွားပါတယ်။

‘ငါ တကယ် ပြိုင်ဘက်ကင်း မဖြစ်သေးဘူးပဲ’

ဟန်ကျွယ်ရဲ့ အမြင်မှာ ပြိုင်ဘက်ကင်းတယ်ဆိုတာက အဆင့်တူရင် ရန်သူ ဘယ်နှယောက်လာလာ အလွယ်လေး သတ်နိုင်ရမယ်လို့ ခံယူထားပါတယ်။ ရန်သူ အရေအတွက်က ပြိုင်ဘက်ကင်းတာကို သက်ရောက်နိုင်တဲ့ အကြောင်းအရင်း မဟုတ်ပါဘူး။

အဆင့်တူတဲ့ ရန်သူတွေ အကုန်လုံးကို အနိုင်မယူနိုင်ဘူးဆိုရင် ပြိုင်ဘက်မကင်းသေးဘူးလို့ ဟန်ကျွယ်က သူ့ကိုယ်သူ ခံယူထားပါတယ်။

ဟန်ကျွယ်ဟာ အာရုံပြောင်းဖို့ စာစောင်တွေကို စပြီးတော့ စစ်ဆေးလိုက်ပါတယ်။

[သင့်တပည့် တာအိုအရှင်သခင်သည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၉၀၀၀၂၃၂၄

[သင့်တပည့် ကျောက်ရွှမ်ယွမ်သည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၉၈၃၁၀၂၈၃

[သင့်မိတ်ဆွေ ကျန်းယီသည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၉၉၀၄၃၂၂၁

[သင့်ရန်သူ ကျိန်စာနတ်ဘီလူးသည် သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်သားဟန်ထော်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်သားဟန်ထော်သည် မဟာတာအို ဆန်းကြယ်စွမ်းအားတစ်မျိုးကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မြေးတပည့် ချူရှီရန်သည် မဟာတာအို ဖန်တီးရှင်ဗုဒ္ဓကို တည်ထောင်ပြီး လောကဦးပဋိပက္ခ တာအိုအသီးကို ရရှိကာ ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွ ရှန်ပေါင် တာအိုကျင့်ကြံသူသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်တပည့် ရန်ထျန်တုန်းသည် သင့်တပည့်စုချီ၏ သင်ကြားပြသမှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

စာစောင်တွေကို မြင်ပြီးနောက် ဟန်ကျွယ်ရဲ့ စိတ်ဟာ တည်ငြိမ်သွားပါတယ်။

‘ဒီသောက်သုံးမကျတဲ့ သုံးကောင်က တစ်ချိန်လုံး အဆော်ခံနေရတာပဲ၊ နှစ်သိန်းချီ ကြာတာတောင် အခုထိ တာအိုကို မရယူနိုင်သေးဘူး’

ဟန်ကျွယ်ဟာ သူတို့သုံးယောက် ဘာလိုချင်လဲဆိုတာကို နားမလည်နိုင်တော့ပါဘူး။ ချူရှီရန်ကတောင် သူတို့သုံးယောက်ကို ကျော်တက်ပြီး တာအိုပညာရှိ ဖြစ်သွားပါပြီ။

‘နေပါဦး... ဒါနဲ့ ဒီကောင်က ဘယ်လိုလုပ်ပြီး မဟာတာအိုကို ဖန်တီးနိုင်သွားရတာလဲ... ဗုဒ္ဓ မဟာတာအိုဆိုရင် ကျဲ့ယင်က ဘာဖြစ်လို့ အာရုံမခံမိတာလဲ... ဒါမှမဟုတ် ကျဲ့ယင်က မဟာတာအို ဗုဒ္ဓ မဟုတ်လို့များလား...’

ဟန်ကျွယ်ဟာ ချူရှီရန်ကို စိတ်ဝင်စားသွားပါတယ်။ တိတ်ဆိတ်ဂိုဏ်းတပည့်တွေထဲမှာ ချူရှီရန်က မဟာတာအိုကို ပထမဆုံး ဖန်တီးနိုင်ခဲ့သူ မဟုတ်ပါလား။ ဒါကြောင့် ဟန်ကျွယ်ဟာ ချူရှီရန်ကို အထင်မကြီးဘဲ မနေနိုင်ပါဘူး။

ဟန်ကျွယ်ဟာ ချူရှီရန်ရဲ့ အရည်အချင်းက သာမန်မဟုတ်ဘူးလို့ အမြဲတမ်း ခံစားခဲ့ရတာပါ။ ဒီအရည်အချင်းက ခန္ဓာကိုယ်ရဲ့ အရည်အချင်းကို ပြောတာ မဟုတ်ပါဘူး။ သဘောပေါက် နားလည်နိုင်စွမ်းမှာ တစ်မူထူးခြားတဲ့ အရည်အချင်း ရှိတာပါ။ ကျင့်ကြံမှုက ချူရှီရန်အတွက် ဘာမှ မခက်ပါဘူး။ ဒါကြောင့် ချူရှီရန်က ကျင့်ကြံမှုကို အထင်သေးတာပါ။

‘ချူရှီရန်က ငါ့တပည့်တွေထဲမှာ အအောင်မြင်ဆုံးတပည့် ဖြစ်လာမှာလား...’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးမိလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ချူရှီရန် မဟာတာအိုရပြီး လူတွေကို မကျင့်ကြံဖို့ လိုက်နားချနေတာကို မျက်စိထဲ မြင်ယောင်သွားပါတယ်။

ချူရှီရန်သာ တကယ် ပြိုင်ဘက်ကင်းရင် ဆရာဘိုးဘိုးဖြစ်တဲ့ သူတောင် ကျင့်ကြံမှုကို စွန့်လွှတ်မိကောင်း စွန့်လွှတ်မိနိုင်ပါတယ်။ ဒီဖြစ်နိုင်ခြေကို တွေးမိရုံနဲ့တင် ဟန်ကျွယ်ကို တုန်လှုပ်ချောက်ချားသွားစေပါတယ်။

‘မဖြစ်ဘူး... ငါ့ကို ချူရှီရန် လိုက်မီလို့ မဖြစ်ဘူး၊ ဒီကောင်လေးရဲ့ စိတ်က တစ်ခုခုမှားနေတာ’

ဟန်ကျွယ်က ဒီအတိုင်းပဲ လျှောက်တွေးလိုက်တာပါ။ ချူရှီရန်ရဲ့ အရည်အချင်းက ဘယ်လောက်ပဲမြင့်မြင့် လောကဦးနတ်ဘီလူးကို ယှဉ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ပါတယ်။ စာစောင်တွေက ပိုပိုပြီးတော့ စိတ်လှုပ်ရှားဖို့ ကောင်းလာပါတယ်။

ကောင်းကင်ရုံးတော်ကလည်း ဒီအတောအတွင်း တော်တော်လေး လှုပ်ရှားလာပါတယ်။ ကျိုးဖန်တောင် နေရာတိုင်းမှာ တိုက်ခိုက်လာပါတယ်။

ဟန်ကျွယ် စာစောင်တွေကို စိတ်ဝင်တစား ဖတ်နေတုန်းမှာပဲ ကောင်းကင်အရှင်ရွှမ်တုရဲ့ အသံကို ကြားလိုက်ရပါတယ် “တာအိုရောင်းရင်းဟန်... စကြဝဠာခန်းကို ခဏ လာခဲ့ပါဦး”

ဟန်ကျွယ်လည်း အရေးကြီးကိစ္စ မရှိတာနဲ့ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို ခုန်တက်ပြီး စကြဝဠာခန်းမထဲ ဝင်လိုက်ပါတယ်။ ဟန်ကျွယ်က စကြဝဠာခန်းမထဲကို တစ်ခါတည်း ဝင်လိုက်တာပါ။ တာအိုစက်ကွင်းရဲ့ အစီအမံက ဟန်ကျွယ်ကို ဘာမှမလုပ်နိုင်ပါဘူး။

ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ရဲ့ အကျင့်ကို သိနေပြီမလို့ ဘာမှမခံစားရပါဘူး။ မကြာခင်မှာပဲ တခြားတာအိုပညာရှိတွေလည်း ရောက်လာကြပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ကောင်းကင်အရှင်ဝူဖာ၊ ချုံရှီလိုင်၊ ဖန်းလျန်၊ ဟွမ်ဇွမ်တျန်၊ ကျင်းရှန်၊ ရွှီတုတောက်၊ စုချီ၊ လီထိုက်ကူ၊ လောကဦးပဋိပက္ခ ဗုဒ္ဓ၊ ကျန်းကူရှင်း၊ လုံဟောင်။

လုံဟောင်ဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ စိတ်အရမ်းလှုပ်ရှားသွားပြီး ချက်ချင်း ဒူးထောက်လိုက်ပါတယ်။

လောကဦးပဋိပက္ခ ဗုဒ္ဓကတော့ သူ့ကိုယ်သူ လုံးဝ ထိန်းချုပ်ထားပါတယ်။ လောကဦးပဋိပက္ခဗုဒ္ဓဟာ သူ့ကိုယ်သူ သူလျှိုတစ်ယောက်လို့ ခံယူထားတုန်းမလို့ ချုံရှီလိုင် သံသယမဝင်အောင် နေထိုင်ပါတယ်။

ကျန်းကူရှင်းကတော့ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါ ဘဝတစ်သက်တာ ကုန်ဆုံးသွားတယ်လို့ ခံစားလိုက်ရပါတယ်။ ကျန်ကူးရှင်းဟာ သူ ဘာကြောင့် တာအိုရယူနိုင်လဲဆိုတာကို သိပြီးပါပြီ။

ရှန်နန်းတော်က အလွန်တိုးတက်ပြီး ပါရမီရှင်တွေကို အရမ်း ဆွဲဆောင်နိုင်တာမလို့ အင်မော်တယ်ကမ္ဘာရဲ့ ထိပ်တန်းအင်အားစုဆယ်စု စာရင်းဝင်ပါတယ်။ ကျန်းကူရှင်းကလည်း တာအိုကို မရရှိခင်တုန်းက ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံရဲ့ ထိပ်တန်းမှာ ရှိနေတာပါ။ ဒါပေမဲ့ တာအိုပညာရှိနေရာက ဒီလောက်လွယ်လွယ် ရနိုင်တဲ့ နေရာ မဟုတ်ပါဘူး။ ဒီနေရာကို ချောင်းကြည့်နေတဲ့ တာအိုပညာရှိအတုတွေက နည်းတာ မဟုတ်ပါဘူး။

ကောင်းကင်အရှင်ဝူဖာဟာ ကျန်းကူရှင်းကို ရွေးချယ်ရတာက ကျန်းကူရှင်းနဲ့ ဟန်ကျွယ်ကြားက ကံတရားကို တန်ဖိုးထားလို့ ရွေးချယ်ရတာလို့ ကျန်းကူရှင်းကို ပေါ်တင်ပဲ ထုတ်ပြောထားပါတယ်။

အနာဂတ် ကောင်းကင်တာအိုက ဟန်မျိုးရိုးရဲ့ ကောင်းကင်တာအို ဖြစ်လာမှာပါ။ ကောင်းကင်အရှင်ဝူဖာဟာ ဟန်ကျွယ် လက်အောက်မှာ အထက်ကို တက်နိုင်ဖို့ ကျန်းကူရှင်းနဲ့ ပူးပေါင်းတာပါ။ ဘယ်နေရာပဲဖြစ်ဖြစ် အာဏာအတွက် တိုက်ခိုက်တာက နေရာတိုင်းမှာ ရှိပါတယ်။ သေမျိုးအင်ပါယာတွေက အဓိက သက်သေပဲ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ လုံဟောင်ကို မတ်တတ်ရပ်ဖို့ပြောပြီး ကျန်းကူရှင်းကို ခေါင်းညိတ်ပြလိုက်ပါတယ်။

လောကဦးပဋိပက္ခဗုဒ္ဓကိုတော့ ဟန်ကျွယ်ဟာ မသိချင်ယောင် ဆောင်နေလိုက်ပါတယ်။ ဒါကိုကြည့်ပြီး လောကဦးပဋိပက္ခဗုဒ္ဓဟာ ချက်ချင်း နားလည်သွားပါတယ် ‘သခင်က ငါ့ကို ဆက်ပြီးတော့ ဟန်ဆောင်ခိုင်းတာပဲ’

တာအိုပညာရှိတွေ နေရာယူပြီးတဲ့အခါ ကောင်းကင်အရှင်ရွှမ်တုရဲ့ မျက်နှာက လေးနက် တည်ကြည်သွားပါတယ် “ရှန်ပေါင် တာအိုကျင့်ကြံသူက မသေသေးဘူး၊ သူ ပြန်ပေါ်လာတယ်၊ မကြာသေးခင်က သူ့နယ်မြေကို အပိုင်စီးချင်တဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါးကို ရှန်ပေါင် တာအိုကျင့်ကြံသူက တိုက်ထုတ်လိုက်တယ်၊ ဒီတိုက်ပွဲက ပဋိပက္ခကိုတောင် လှန့်သွားစေတယ်”

တာအိုပညာရှိတွေ အကုန်လုံး ဟန်ကျွယ်ကို ကြည့်လိုက်ကြပါတယ်။

“စိုးရိမ်စရာမရှိဘူး၊ ရှန်ပေါင် တာအိုကျင့်ကြံသူက ကောင်းကင်တာအိုကို ထပ်တိုက်ခိုက်တော့မှာ မဟုတ်ဘူး”

ဟန်ကျွယ်ရဲ့ စကားကြောင့် တာအိုပညာရှိတွေဟာ ရင်ထဲက အလုံးကြီး ကျသွားကြပါတယ်။

ကောင်းကင်အရှင်ဝူဖာက ပြုံးလိုက်ပါတယ် “ငါသာ သူ့နေရာမှာဆိုရင်လည်း ပြန်လာရဲမှာ မဟုတ်ဘူး”

ချုံရှိလိုင်၊ ဂိုဏ်းချုပ်တျန်ကျွယ်နဲ့ ဖန်းလျန်တို့ဟာ အမှန်တရားကို နားလည်တာမလို့ ခေါင်းညိတ်လိုက်ကြပါတယ်။

ကောင်းကင်အရှင်ရွှမ်တုရဲ့ မျက်နှာလည်း ပျော့ပျောင်းသွားပါတယ်။

လီထိုက်ကူက ရုတ်တရက် မေးလိုက်ပါတယ် “စီနီယာဟန်... မဟာတာအိုပညာရှိတွေက သတ်လို့မရဘူးလား”

လီထိုက်ကူရဲ့ မေးခွန်းက တခြားတာအိုပညာရှိတွေလည်း မေးချင်‌နေတဲ့ မေးခွန်းပါ။

မဟာတာအိုအဆင့်က သူတို့အတွက် အရမ်းကို လျှို့ဝှက်ဆန်းကြယ်လွန်းပါတယ်။ ကောင်းကင်တာအိုထဲမှာ မဟာတာအိုအဆင့်နဲ့ ပတ်သက်ပြီး ဒဏ္ဍာရီတွေတောင် မရှိပါဘူး။

“မဟာတာအိုပညာရှိတွေက မသေနိုင် ဖျက်ဆီးလို့ မရနိုင်ဘူးလို့ ယူဆလို့ရတယ်၊ မင်းရဲ့ ဓမ္မစွမ်းအားက သူတို့ရဲ့ ဓမ္မစွမ်းအားကို မဖိနှိပ်နိုင်ဘူးဆိုရင် သူတို့ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါနဲ့ မဟာတာအိုပညာရှိအထက်မှာ တခြားအဆင့်တွေ ရှိသေးလား”

တာအိုပညာရှိတွေဟာ အလိုလို ခေါင်းခါလိုက်ကြပါတယ်။ တာအိုပညာရှိတွေက ဟန်ကျွယ်က မဟာတာအိုပညာရှိတွေထက် ဘာဖြစ်လို့ စွမ်းအားကြီးနေရလဲဆိုတာကို မတွေးတတ်ကြပါဘူး။

ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ပါဘူး။

ဒါကြောင့် ကောင်းကင်အရှင်ရွှမ်တုက ဟန်ကျွယ်နေရာမှာ ဝင်ပြောလိုက်ပါတယ် “ရှန်ပေါင် တာအိုကျင့်ကြံသူက ကောင်းကင်တာအိုကို မခြိမ်းခြောက်နိုင်ဘူးဆိုတော့ တခြားကိစ္စတွေ ပြောရအောင်၊ ဒါသတင်း ကောင်းကင်ရုံးတော်ရဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ် ငါ့ကို ပြောတာ၊ သူ ပြောတာတော့ ကောင်းကင်ရုံးတော်က ဓမ္မရတနာတွေ အချိန်တိုင်း မွေးဖွားနေတဲ့ လျှို့ဝှက်နယ်မြေတစ်ခုကို ရှာတွေ့ထားတယ်တဲ့၊ ရတနာတွေကလည်း အဆင့်မျိုးစုံပဲ၊ ဒါပေမဲ့ သူတို့မှာ စွမ်းအားကြီးတဲ့ လက်နက်ဝိညာဉ်တွေ ရှိတယ်၊ ကံကောင်းမှုနဲ့ ကံဆိုးမှုက အတူရှိနေတယ်၊ ကောင်းကင်ရုံးတော်က ဒီနယ်မြေကို ကောင်းကင်တာအိုရဲ့ အတူမျှဝေဖို့ ဆန္ဒရှိနေတယ်”

တောင်ဘက်စွန်း ကောင်းကင်အရှင်က ချက်ချင်း ပြောလိုက်ပါတယ် “ဘာလို့ မသွားရမှာလဲ၊ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ တာအိုရောင်းရင်းဟန်ရဲ့ ဆက်ဆံရေးကို ငါတို့တွေ သိနေကြတာပဲ၊ နောက်ပြီး ကောင်းကင်တာအိုမှာ ဓမ္မရတနာတွေက တကယ်ရှားတာ၊ လက်နက်လုပ်သူတွေရဲ့ သိမြင်နားလည်မှုက ကျင့်ကြံသူတွေ အဆင့်ထိုးဖောက်တာကို လိုက်မမီဘူး၊ ကောင်းကင်တာအိုရဲ့ ဓမ္မရတနာတွေက ပဋိပက္ခနဲ့ ယှဉ်ရင် တော်‌တော်လေး အားနည်းနေသေးတယ်”

တခြားတာအိုပညာရှိတွေကလည်း ခေါင်းညိတ် ထောက်ခံကြပါတယ်။

ဒီလိုနဲ့ ဒီကိစ္စဟာ ကန့်ကွက်မှုမရှိဘဲ ခပ်မြန်မြန် ပြီးသွားပါတယ်။

ကောင်းကင်အရှင်ရွှမ်တုက ဆက်ပြောပါတယ် “ဒီအတောအတွင်း ကောင်းကင်တာအိုထဲမှာ လူသားဧကရာဇ်တစ်ပါး ပေါ်လာတယ်၊ ဒီလူသားဧကရာဇ်က လူသားမျိုးနွယ်စုရဲ့ အင်အားကို သုံးပြီး ကောင်းကင်တာအိုကို စုစည်းချင်နေတယ်၊ ဒါက ကောင်းကင်တာအိုရဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မဲ့ပုံရှိတယ်၊ ဒီကိစ္စကို ဘယ်လိုထင်လဲ”

ရွှီတုတောက်က ပြောလိုက်ပါတယ် “ဖိနှိပ်လိုက်မယ်လေ၊ လူတွေရဲ့ နှလုံးသားက ခန့်မှန်းရခက်တယ်၊ ကျွန်တော်က လူသားဆိုပေမဲ့ လူတွေရဲ့ နှလုံးသားက ဘယ်လောက်ထိ ရက်စက်လဲဆိုတာကို ကောင်းကောင်းကြီး သိတယ်၊ ကောင်းကင်တာအိုက ငြိမ်းချမ်းနေတာ ကြာပြီ၊ လူသားတွေက တာအိုပညာရှိတွေရဲ့ ဂုဏ်သိက္ခာကို မေ့နေကြပြီ”

ဖန်းလျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါတို့တွေ တိုက်ရိုက်ဖိနှိပ်လိုက်ရင် လူသားမျိုးနွယ်စုထဲမှာရှိတဲ့ တစ်ယောက်ယောက်က ဒီကိစ္စကို အကြောင်းပြပြီး ပြဿနာ ပိုရှာလာလိမ့်မယ်”

လောကဦးပဋိပက္ခဗုဒ္ဓက အကြံဝင်ပေးပါတယ် “ဗုဒ္ဓဂိုဏ်းကို လူသားမျိုးနွယ်စုထဲ ပို့ပြီး ဗုဒ္ဓတရားတော်တွေ သင်ကြားခိုင်းရင်ရော...”

ချုံရှီလိုင်ဟာ လောကဦးပဋိပက္ခကို တစ်ချက်ကြည့်လိုက်ပါတယ် ‘ဒီကောင် မဆိုးဘူး၊ အခြေအနေကို အခွင့်ကောင်း ယူတက်တယ်’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters