← Chapters

အသက် ခုနစ်သိန်းပြည့်ခြင်း

Vol. 71 Ch. 759

အသက် ခုနစ်သိန်းပြည့်ခြင်း

Vol. 71 Ch. 759

ဟန်ကျွယ်ဟာ ရှီတုတောက်က ဘာမှ စောဒက မတက်တဲ့အတွက် စိတ်သက်သာရာ ရသွားပါတယ်။ အိပ်မက်ပြီးဆုံးသွားတဲ့အခါ ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် “ရှီတုတောက်က မဆိုးဘူး... ငါ သူ့ကို ပျိုးထောင်ပေးလို့ရတယ်၊ သူ့မှာ စိတ်ရှည်မှုနဲ့ ပြတ်သားမှုတွေ ရှိနေတယ်၊ သူ့အနာဂတ်က လုံးဝကို အကန့်အသတ်မဲ့ပဲ”

ဒါပေမဲ့ ဟန်ကျွယ်ဟာ ရှီတုတောက်ကို ပထမဆုံး နှစ်တစ်သိန်း စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရှီတုတောက်နဲ့ လီတောက်ခုံး နှစ်ယောက်စလုံးက ရှုံဟွာဖြစ်နေပါပြီ။ လောလောဆယ်မှာ သူတို့နှစ်ယောက် ဘာမှ မဖြစ်နိုင်သေးပါဘူး။

လက်ရှိမှာ ရှုံဟွာတွေက အကြောက်အလန့် မရှိပါဘူး။ ဘယ်အင်အားစုကမှ သူတို့ကို ဟန့်တားနိုင်စွမ်း မရှိပါဘူး။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကလည်း မလှုပ်ရှားကြသေးပါဘူး။

ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ သွားပြီး ဝူတောက်ကျန့်ကို လွှတ်ပေးလိုက်ပါတယ်။ သူတို့နှစ်ယောက် ပေါ်လာတာက လီယောင်ကို လန့်သွားစေပါတယ်။

လီယောင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဝူတောက်ကျန့်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း ပျော်ရွှင်သွားပါတယ်။ ဝူတောက်ကျန့်ဟာ မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်နဲ့ လီယောင်ကို တွေ့လိုက်ရတဲ့အတွက် ကြောင်တောင်တောင် ဖြစ်သွားပါတယ်။

ပေါင်းစပ်တဲ့ဖြစ်စဉ်မှာ ဟန်ကျွယ်က ကျင့်ကြံရင်းနဲ့ အလုပ်ရှုပ်နေတဲ့အတွက် ဝူတောက်ကျန့်ကို ဂရုမစိုက်အားပါဘူး။ ဒါကြောင့် ဝူတောက်ကျန့်ရဲ့ ဝိညာဉ်ဟာ နက်နက်ရှိုင်းရှိုင်းနဲ့ အိပ်ပျော်တဲ့ အခြေအနေကို ဝင်ရောက်သွားခဲ့ပါတယ်။

ဝူတောက်ကျန့်ဟာ ဟန်ကျွယ်နဲ့ လီယောင်ကို ကြည့်ပြီး ကြက်သေသေနေပါတယ်။ အဲဒီနောက် ဝူတောက်ကျန့်ဟာ သူမခန္ဓာကိုယ်အသစ်ကနေ လာတဲ့ အဆုံးမဲ့စွမ်းအားကို ခံစားလိုက်ရပါတယ်။ ဒီစွမ်းအားက အရင်ကထက် အများကြီး ပိုအားကောင်းပါတယ်။

‘ငါ မသေသေးဘူးပဲ... ငါ ပြန်မွေးဖွားသွားတာလား...’

“ပဋိပက္ခ နတ်ဘီလူး ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်” လီယောင်ဟာ ဝူတောက်ကျန့်ဆီ လျှောက်သွားပြီး ဝူတောက်ကျန့် လက်ကိုကိုင်ကာ အပြုံးနဲ့ ပြောလိုက်ပါတယ်။

လီယောင်နဲ့ ဝူတောက်ကျန့်ဟာ နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ပြီး မယ်တော်ဂိုဏ်းကို အတူတူ တည်ထောင်ခဲ့တာ ဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရမ်းကို ရင်းနှီးပါတယ်။

ဝူတောက်ကျန့်က တအံ့တဩ မေးလိုက်ပါတယ် “ကျွန်မက ဘယ်လိုလုပ်ပြီး ပဋိပက္ခ နတ်ဘီလူး ဖြစ်လာတာလဲ”

ဟန်ကျွယ်က ဝင်ဖြေလိုက်ပါတယ် “ငါ ကူညီလိုက်လို့ပေါ့... မင်းက ငါ့ဆီကို စွမ်းအားပိုကြီးချင်လို့ လာတာဆို”

ဝူတောက်ကျန့်ဟာ ပြစ်မျိုးမှဲ့မထင်တဲ့ မျက်နှာဟာ ချက်ချင်း နီရဲသွားပါတယ်။

“အခုကစပြီး ဒီမှာနေ...”

စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ပင်မ တာအိုစက်ကွင်းကို ပြန်ပါတယ်။

ဟန်ကျွယ် ထွက်သွားတာနဲ့ ဝူတောက်ကျန့်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး နဂိုအမူအရာကို ပြန်ရသွားပါတယ်။ ဝူတောက်ကျန့်ဟာ လီယောင်ကို ပြုံးပြပြီး စပ်စုပါတော့တယ် “သခင်က ဘယ်လိုလုပ်ပြီး လူတွေကို ပဋိပက္ခနတ်ဘီလူးဖြစ်အောင် ပြောင်းလဲပေးနိုင်ရတာလဲ၊ ပဋိပက္ခ နတ်ဘီလူးတွေက ပဋိပက္ခ ဒဏ္ဍာရီတွေထဲမှာ ထိပ်တန်း အရည်အချင်းရှိတဲ့ တည်ရှိမှုတွေမလား...”

လီယောင်ဟာ ဝူတောက်ကျန့်ကို ဒုတိယ တာအိုစက်ကွင်း အကြောင်း ပြောပြလိုက်ပါတယ်။ ဝူတောက်ကျန့်ဟာ သူမအပြင် တခြားလူတွေလည်း ပဋိပက္ခ နတ်ဘီလူး ဖြစ်လာတယ်လို့ သိလိုက်ရတဲ့အတွက် ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ် ‘သခင်ဆီမှာ လျှို့ဝှက်ချက် ဘယ်နှခုတောင် ရှိနေတာလဲ’

ဝူတောက်ကျန့်ဟာ ဒုတိယ တာအိုစက်ကွင်းကို နတ်အာရုံနဲ့ လွှမ်းမိုးလိုက်တဲ့အခါ သူ့ထက် မနိမ့်ကျတဲ့ အားကောင်းတဲ့ ရောင်ဝါတွေကို ခံစားမိလိုက်ပါတယ်။ ဒီအင်အားက တိတ်ဆိတ်ဂိုဏ်းထက် အများကြီး ပိုသန်မာပါတယ်။

ဝူတောက်ကျန့်ကို ဒုတိယ တာအိုစက်ကွင်းဆီ ပို့ပြီးတာနဲ့ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ဂူအောင်းကျင့်ကြံပါတယ်။

ကျင့်ကြံမှုက အဆုံးမရှိပါဘူး။ တာအိုပညာရှိတွေရဲ့ မျက်လုံးထဲမှာ အချိန်က ဘာမှမဟုတ်ပါဘူး။ အသက်ရှည်တာကလည်း တစ်ခါတစ်လေတော့ ပျင်းစရာ ကောင်းပါတယ်။

တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးကာ နှစ်တစ်သောင်း ကြာသွားပါတယ်။

[သင်သည် အသက် ၇၀၀,၀၀၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ဂူအောင်းကျင့်ကြံရာမှ ချက်ချင်းထွက်၍ လောကဦး နတ်ဘီလူးကို ဖြန့်ကြက်ကာ မဟာတာအို အနန္တကပ်ဘေး ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ကျင့်ကြံအားထုတ်၍ ပြဿနာများနှင့် ဝေးရာတွင် နေထိုင်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]

ဒီရွေးချယ်မှုနှစ်ခုက အသက်ခြောက်သိန်း ပြည့်တုန်းက အတိုင်းပါပဲ။ ဟန်ကျွယ်ဟာ နှစ်ခါ မစဉ်းစားဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။

[ပဋိပက္ခ အကောင်းစား ရတနာ နဂါးသုံးထောင် ဖဲကြိုးကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[နဂါးသုံးထောင် ဖဲကြိုး: ပဋိပက္ခ ခံစစ် အကောင်းစား ရတနာ၊ ပဋိပက္ခ ကောင်းကင်နဂါး သုံးထောင်၏ ကံတရား အထောက်အပံ့မှ ဖြစ်တည်လာခဲ့သည်။ အလွန့်အလွန် အားကောင်းသော ခံစစ်စွမ်းအား ပါဝင်ပြီး မဟာတာအိုအဆင့် တိုက်ခိုက်မှုများကို ကာကွယ် ဟန့်တားနိုင်သည်။ ကံတရားနှင့် အကုသိုလ်ကံ၏ ထိခိုက်မှုများကိုလည်း သီးခြားခွဲထုတ်နိုင်သည်။]

‘ကောင်းတယ်... နောက်ထပ် ခံစစ် အကောင်းစား ရတနာပါလား...’

‘ဒီအကောင်းစား ခံစစ်ရတနာ လေးပါးနဲ့ဆိုရင် မဟာတာအိုပညာရှိချုပ်တောင် ငါ့ကို တစ်ချက်တည်း သတ်နိုင်တော့မှာ မဟုတ်ဘူး’

ဟန်ကျွယ်ဟာ သူ့ယူဆချက် မှန်မမှန် သိရအောင် စနစ်ကို မေးလိုက်ပါတယ်။

[သက်တမ်း ၅၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မှန်ပါသည်။ သင် တစ်ချက်တည်း အသတ်မခံရနိုင်ပါ။]

ဟန်ကျွယ်ရဲ့ မျက်နှာဟာ ပြုံးယောင်သမ်းသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ နဂါးသုံးထောင် ဖဲကြိုးကို ထုတ်ယူပြီး ကိုယ်ပိုင်ပစ္စည်း ပြုလုပ်ပါတယ်။ ဒီသန့်စင်မှုက နှစ် ၈၀ ကြာပါတယ်။

နဂါးသုံးထောင် ဖဲကြိုးက ဟန်ကျွယ်ကို အလိုအလျောက် ရစ်ပတ်လိုက်ပါတယ်။ ဖဲကြိုးဟာ ဟန်ကျွယ်ရဲ့ လက်ကောက်ဝက်ကနေ လက်မောင်းကို ရစ်ပတ်သွားပြီး အစွန်းနှစ်ဖက်က ဟန်ကျွယ် ကျောဘက်ကို ရောက်သွားပါတယ်။ ရွှေရောင်အလင်းတွေ ဖြာထွက်လာပြီး ဟန်ကျွယ်ရဲ့ နောက်ဘက်မှာ နဂါးအရိပ်တွေ ထွက်ပေါ်လာပါတယ်။ နဂါးတွေဟာ လူးလွန့်နေပြီး သူတို့ရဲ့ ကြီးမားကျယ်ပြောတဲ့ တန်ခိုးစွမ်းအားက အပြင်ကို ဖြာထွက်လာပါတယ်။

ဟန်ကျွယ်ဟာ သူ့ကိုယ်သူ သေချာကြည့်လိုက်တဲ့အခါ ပိုပြီးတော့ အထင်ကြီးဖို့ ကောင်းလာတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်း အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး ဓားရူးတာအိုပညာရှိကို စိန်ခေါ်ပါတယ်။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ဓားရူးတာအိုပညာရှိကို စိတ်ကြိုက် တိုက်ခိုက်ခိုင်းပါတယ်။

ဓားရူးတာအိုပညာရှိဟာ တစ်နာရီကြာ တိုက်ခိုက်တာတောင် ဟန်ကျွယ်ရဲ့ ခံစစ်ကို မထိုးဖောက်နိုင်ပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်ဖွင့်လှစ် ပုဆိန်ကို ထုတ်ယူပြီး ဓားရူးတာအိုပညာရှိကို တစ်ချက်တည်း သတ်ပစ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သက်ပြင်းချလိုက်ပါတယ် ‘ဒီကောင်တွေ ငါ့ကို မယှဉ်နိုင်တော့ပါလား... ပျင်းဖို့ကောင်းလိုက်တာ...’

အဲဒီနောက် ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ရဲရဲတောက် နတ်ဘီလူးနဲ့ ပေါင်းစပ်လိုက်ပါတယ်။

......

ကျယ်ပြောတဲ့ခန်းမတစ်ခုမှာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဧရာမဆေးအိုးကြီးရှေ့ မတ်တတ်ရပ်နေပါတယ်။

ဟန်ထော်ဟာ ဆေးအိုးကြီးထဲက ဆူပွက်နေတဲ့ ဆေးရည်တွေထဲမှာ ထိုင်နေပါတယ်။ ဟန်ထော်ဟာ မျက်မှောင်ကြုတ်နေပြီး သူ့မျက်နှာကလည်း ဘီလူးမ အရှုံးပေးရပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ စိုးရိမ်တဲ့ မျက်လုံးတွေနဲ့ ဟန်ထော်ကို ကြည့်နေပါတယ်။

ဒီအချိန်မှာပဲ ဖုံးကွယ် မဟာတာအို နတ်ဘီလူးရဲ့အသံ ထွက်ပေါ်လာပါတယ် “မစိုးရိမ်နဲ့၊ ငါ သူ့ခန္ဓာကိုယ်ထဲက အာကာသစွမ်းအားကို ဖယ်ရှားပြီးပြီ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်က ညည်းတွားလိုက်ပါတယ် “ကျွန်တော်တို့တွေ သိကျန်းကို မယှဉ်နိုင်ပါဘူးလို့ ပြောခဲ့တယ်မလား၊ တခြားဘိုးဘေးမှော်ဆရာတွေပါ ပါလာတော့ ပိုဆိုးတာပေါ့၊ အထူးသဖြင့် အချိန်ဘိုးဘေးမှော်ပညာရှိ ကျူကျို့ယင်က လွတ်လပ်မှုအဆင့်က ပြိုင်ဘက်ကင်းတယ်”

ဖုံးကွယ် မဟာတာအို နတ်ဘီလူးဟာ တိတ်ဆိတ်နေပါတယ်။

အတန်ကြာတဲ့အခါမှာတော့...

ဖုံးကွယ် မဟာတာအို နတ်ဘီလူးဆီကနေ အသံထွက်ပေါ်လာပါတယ် “သိကျန်းက ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး၊ ကြည့်ရတာ ပန်ကူးရဲ့ အထောက်အပံ့က သူတို့ကို ကာကွယ်နေတဲ့ပုံပဲ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဒါဆို စီနီယာက ကျွန်တော်တို့ကို ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးနဲ့ ဆက်တိုက်ခိုင်းချင်သေးတာလား၊ ကျွန်တော်တို့သာ ဆက်တိုက်ရင် ကောင်းကင်ရုံးတော် ပျက်စီးသွားမှာ ကြောက်ရတယ်”

ဖုံးကွယ် မဟာတာအို နတ်ဘီလူးဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စကားကို သဘောမကျပါဘူး “စိတ်ပျက်ဖို့ ကောင်းလိုက်တာ... ထားလိုက်ပါတော့... အချိန်ကျလာရင် သိကျန်းကို ငါ့ဘာသာ ကြည့်ရှင်းလိုက်မယ်”

“စီနီယာရဲ့ နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်” မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ မျက်နှာဟာ ချက်ချင်း ပြုံးသွားပါတယ်။ ခုနက သူမဟုတ်တဲ့ အတိုင်းပါပဲ။

ဖုံးကွယ် မဟာတာအို နတ်ဘီလူးက ကိုယ်ထင်မပြတဲ့အတွက် သူ ဘယ်လိုမျက်နှာရှိနေလဲဆိုတာ မသိနိုင်ပါဘူး။

တစ်ခဏကြာတဲ့အခါမှာတော့ ဖုံးကွယ် မဟာတာအို နတ်ဘီလူးက ရုတ်တရက် မေးလိုက်ပါတယ် “ဒီအတောအတွင်း ဟန်ကျွယ် ဘာလုပ်နေလဲ၊ သူ ဘာလို့ အခုထိ မလှုပ်ရှားသေးတာလဲ”

လက်ရှိ ကောင်းကင်တာအိုက ပဋိပက္ခမှာ နေရာတစ်ခု ရသွားပါပြီ။ ဒါ့အပြင် ကောင်းကင်တာအိုရဲ့ တိုးတက်ပြောင်းလဲမှုကလည်း ကြမ်းလွန်းတဲ့အတွက် မကြာခင်မှာ အဆုံးသတ် အပျက်အစီး နတ်ဘုံကို ကျော်တက်သွားတော့မှာပါ။

“ဘာလုပ်ရမှာလဲ၊ ဂူအောင်းကျင့်ကြံနေမှာပေါ့၊ ကျွန်တော် သူ့အကြောင်းကို ကောင်းကောင်း သိတယ်” မိစ္ဆာ ကောင်းကင်ဧကရာဇ်က အပြုံးနဲ့ ဖြေလိုက်ပါတယ်။

ဖုံးကွယ် မဟာတာအို နတ်ဘီလူးက သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သူက ဘာဖြစ်လို့ ဒီလောက်တောင် ကြိုးကြိုးစားစား ကျင့်ကြံနေရတာလဲ၊ သူ့မှာ ဘာရည်မှန်းချက်မှလည်း ရှိပုံ မပေါ်ပါဘူး”

“ကျင့်ကြံတာက သူ့ရည်မှန်းချက်လေ”

“အချိန်တစ်ခုကြာရင် သူ့ကို သွားတွေ့ကြရအောင်”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဖုံးကွယ် မဟာတာအို နတ်ဘီလူးရဲ့ စကားကြောင့် မျက်မှောင်ကြုတ်သွားပါတယ် “စီနီယာက ဘာလိုချင်လို့လဲ၊ အခွင့်အရေးသုံးပြီး ဆွဲဆောင်မယ်လို့ စဉ်းစားနေရင် အခုကတည်းက လက်လျှော့လိုက်တာ ကောင်းလိမ့်မယ်၊ သူက ပြဿနာတက်မှာကို အကြောက်ဆုံးပဲ”

ဖုံးကွယ် မဟာတာအို နတ်ဘီလူးက မတတ်နိုင်တဲ့ လေသံနဲ့ မေးလိုက်ပါတယ် “မင်း ဘာလို့ သူ့အတွက်ပဲ ပြောပေးနေရတာလဲ၊ ငါလည်း မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်၊ မင်း ငါ့ကို ဘယ်လို ထင်နေတာလဲ”

“ကျွန်တော်တို့က သားအဖလိုပဲလေ၊ ဒီကိစ္စကို ရေးကြီးခွင်ကျယ်လုပ်ဖို့ လိုလို့လား”

“ဟီးဟီး...”

ခန်းမဟာ ပြန်တိတ်ဆိတ်သွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အကြည့်ဟာ ဟန်ထော်ဆီ ပြန်ရောက်သွားပါတယ်။

......

အမှောင်ထုထဲမှာ ခေါင်းတလားတစ်ခုက လျင်မြန်စွာ ရွှေ့လျားနေပါတယ်။ ခေါင်းတလားပေါ်မှာတော့ ရုပ်သွင်တစ်ခု ထိုင်နေပါတယ်။ ဟွမ်ဇွမ်တျန်ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။

ဟွမ်ဇွမ်တျန်ဟာ ရှေ့ကို လှမ်းကြည့်ပြီး မေးလိုက်ပါတယ် “ကျွန်တော်တို့တွေ ဘယ်သွားနေတာလဲ”

အသံတစ်သံဟာ ဟွမ်ဇွမ်တျန်ရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပါတယ် “ရှေးပျက်သုဉ်းနယ်မြေ”

“ဘာဖြစ်လို့လဲ အဲဒီကို သွားရတာလဲ”

“လောကဦးပဋိပက္ခ ကမ္ပည်းတိုင်ကို အသက်သွင်းဖို့ပဲ၊ အဲဒီကမ္ပည်းတိုင်က ပဋိပက္ခအစမှ မွေးဖွားလာခဲ့တဲ့ အကောင်းစား ရတနာ၊ ပန်ကူးရဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်ထက် မနိမ့်ကျဘူး၊ ဒီရတနာနဲ့ဆိုရင် မင်း တကယ်ကို အင်အားကြီးလာလိမ့်မယ်”

ဟွမ်ဇွမ်တျန်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန် အကြောင်းကို တော်တော်လေး သိပါတယ်။ ကောင်းကင်ဖွင့်လှစ်ပုဆိန်က ပန်ကူး ဂုဏ်အယူရဆုံး အကောင်းစား ရတနာ မဟုတ်ပါလား။

အတိတ်မှာတုန်းက ပန်ရှင်းဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို မှီခိုပြီး အဆုံးသတ် အပျက်အစီးနတ်ဘုံကနေ ထိုးဖောက်ထွက်နိုင်ခဲ့ပါတယ်။ အခုအချိန်အထိ ပန်ရှင်းရဲ့ အောင်မြင်မှုက ကြောက်ဖို့ကောင်းနေတုန်းပါ။

ဟွမ်ဇွမ်တျန်က မေးလိုက်ပါတယ် “ရှေးပျက်သုဉ်းနယ်မြေက အန္တရာယ်ရှိတယ်မလား”

မူလလောကဦးက ပြန်ဖြေပါတယ် “ငါ တွက်ချက်ပြီးပြီ၊ ဒီအတောအတွင်း ရှေးပျက်သုဉ်းနယ်မြေက နည်းနည်း အေးချမ်းနေလိမ့်မယ်၊ အဲဒီကြောက်မက်ဖွယ် တည်ရှိမှုတွေက ထွက်သွားကြပြီ၊ ရှေးပျက်သုဉ်းနယ်မြေကို ရောက်ရင် သင်္ချိုင်းကမ္ပည်းတိုင်တွေနဲ့ တံလျှပ်တွေကို ဝေးဝေးကရှောင်၊ သူတို့နားကို ယောင်လိုတောင် မကပ်မိစေနဲ့”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters