← Chapters

လောကဦးပညာရှိ ဆယ်ပါး

Vol. 72 Ch. 761

လောကဦးပညာရှိ ဆယ်ပါး

Vol. 72 Ch. 761

ကောင်းကင်တာအို အပြင်ဘက်က ပဋိပက္ခ ကောင်းကင်လမ်း။

အမှောင်ထုထဲက လူတစ်ယောက်ဟာ ပဋိပက္ခကောင်းကင်လမ်းကို ငုံ့ကြည့်နေပါတယ်။ ဒီလူက အစိမ်းရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင်းမြီးယပ်ကို ကိုင်ထားပါတယ်။ ဒီလူမှာ အတော်ရှည်တဲ့ မုတ်ဆိတ်မွေးတွေရှိပြီး အင်မော်တယ်ရောင်ဝါကို ထုတ်လွှတ်နေပါတယ်။

“ငါ့ရဲ့ ကောင်းကင်တာအိုကို ဘာလာလုပ်တာလဲ” ဟန်ကျွယ်ရဲ့ အသံဟာ ဝတ်ရုံစိမ်း တာအိုကျင့်ကြံသူရဲ့ နားထဲမှာ ရုတ်တရက် ပဲ့တင်ထပ်သွားပါတယ်။

ဒီမဟာတာအိုပညာရှိဟာ ပဋိပက္ခကောင်းကင်လမ်းမှာ ရပ်နေပေမဲ့ ရောင်ဝါကို ထိန်းချုပ်ပြီး ရုပ်သွင်ကို ကွယ်ဖျောက်ထားတာကြောင့် ကောင်းကင်တာအိုပညာရှိတွေဟာ သူ့တည်ရှိမှုကို အာရုံမခံမိကြပါဘူး။ ဒီလို ခိုးကြောင်ခိုးဝှက် လာတာက ရည်ရွယ်ချက်ကောင်းနဲ့တော့ မဟုတ်နိုင်ပါဘူး။

ဟန်ကျွယ်ဟာ ဒီမဟာတာအိုပညာရှိရဲ့ အချက်အလက်ကို စစ်ဆေးပြီးပါပြီ။

[လိုဏ်ဂူသခင် ချင်ဖုန်း: မဟာတာအို လောကဦးပဋိက္ခ ကနဦးအဆင့်၊ ရှန်တျန်သက်ရှိ၊ တာအိုဘိုးဘေးတပည့်၊ အနန္တဧကရာဇ်။]

‘လိုဏ်ဂူသခင် ချင်ဖုန်း... တော်တော်ထူးဆန်းတဲ့ နာမည်ပဲ’

လိုဏ်ဂူသခင် ချင်ဖုန်းက အပြုံးနဲ့ ပြန်ဖြေပါတယ် “ငါက ပဋိပက္ခမှာ လျှောက်သွားနေတဲ့ တာအိုကျင့်ကြံသူတစ်ဦးပါ၊ ငါ ဒီနေ့ ဒီကို ရောက်လာတာက ငါနေထိုင်ခဲ့တဲ့ နေရာဟောင်းက ဘယ်လောက် ပြောင်းလဲသွားပြီလဲဆိုတာကို လာကြည့်တာ၊ တာအိုရောင်းရင်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ဖြစ်မယ် ထင်တယ်၊ တကယ် အထင်ကြီးဖို့ ကောင်းတယ်၊ ကောင်းကင်တာအိုက တာအိုရောင်းရင်း လက်ထဲမှာ တော်တော်လေး တိုးတက်နေတာပဲ၊ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့တဲ့ ရွှေခေတ်လို့တောင် ပြောလို့ရတယ်”

ဟန်ကျွယ်က မေးလိုက်ပါတယ် “ခင်ဗျား ကြည့်ပြီးပြီမလား၊ နောက် ဘာလုပ်ဦးမှာလဲ”

မဟာတာအိုပညာရှိက ကောင်းကင်တာအိုအတွက် အရမ်း အန္တရာယ်များပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ သတိတစ်ချက် အလွတ်မခံပါဘူး။ လိုဏ်ဂူသခင် ချင်ဖုန်းသာ သူ့ကို မုန်းတီးမှုပြတာနဲ့ ဟန်ကျွယ်ဟာ လိုဏ်ဂူသခင် ချင်ဖုန်းကို ချက်ချင်း သတ်ပစ်မှာပါ။

“တာအိုရောင်းရင်းက ငါ့ကို တော်တော် သတိထားတာပဲ၊ ဒီအကြောင်းကြောင့်ပဲ ကောင်းကင်တာအိုက အခုလို တိုးတက်လာတာ ဖြစ်လိမ့်မယ်” လိုဏ်ဂူသခင် ချင်ဖုန်းဟာ သက်ပြင်းချလိုက်ပါတယ်။ လိုဏ်ဂူသခင် ချင်ဖုန်းဟာ ထိပ်သီးကျင့်ကြံသူတစ်ယောက်ရဲ့ အမူအရာတွေ အပြည့်အစုံ ရှိနေပါတယ်။

လိုဏ်ဂူသခင်ချင်ဖုန်းဟာ ဟန်ကျွယ်ကို တာအိုရောင်းရင်းလို့ ခေါ်နေပေမဲ့ သူ့လေသံက အငယ်တစ်ယောက်ကို စကားပြောနေသလိုမျိုးပါပဲ။ အသက်အရွယ်ချင်း ယှဉ်ရင် ဟန်ကျွယ်က အငယ်ဆိုပေမဲ့ ကျင့်ကြံမှုချင်း ယှဉ်ရင်တော့ ဟန်ကျွယ်က လိုဏ်ဂူသခင် ချင်ဖုန်းထက် ကြီးပါတယ်။

ပဋိပက္ခမှာ အဆင့်အတန်းကို သတ်မှတ်တာက ကျင့်ကြံမှုပါ။ အသက်အရွယ် မဟုတ်ပါဘူး။

လိုဏ်ဂူသခင် ချင်ဖုန်းက ရုတ်တရက် မေးလိုက်ပါတယ် “တာအိုရောင်းရင်းက တာအိုဘိုးဘေးကို ဘယ်လိုထင်လဲ”

“တာအိုဘိုးဘေးက ကောင်းကင်တာအိုကို အနှိုင်းမဲ့ အကျိုးဆောင်ထားတယ်၊ သူက ကောင်းကင်တာအို ကျင့်ကြံသူတွေရဲ့ ဘိုးဘေးပဲ၊ ဒီတော့ လေးစားတာပေါ့”

[လိုဏ်ဂူသခင် ချင်ဖုန်းသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်တစ်ပွင့်။]

ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ် ‘ဘာလဲဟ... ဒီကောင်က တာအိုဘိုးဘေး တပည့်မဟုတ်ဘူးလား...’

‘မင်းက ကိုယ့်ဆရာကို သစ္စာ ပြန်ဖောက်ချင်တာလား...’

ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်လိုက်ရတဲ့အခါ တိုက်ခိုက်လုနီး ဖြစ်သွားပါတယ်။ လိုဏ်ဂူသခင် ချင်ဖုန်း ကံကောင်းသွားတာက မုန်တီးမှု ကြယ်တစ်ပွင့်ပဲ ရှိနေလို့ပါ။ မဟုတ်လို့ကတော့ အခုအချိန်ဆို လိုဏ်ဂူသခင် ချင်ဖုန်းကို အစအနတောင် ရှာလို့ရတော့မှာ မဟုတ်ပါဘူး။

“ကြည့်ရတာ တာအိုဘိုးဘေးရဲ့ ဆန္ဒက ပြည့်ဝသွားပုံပဲ” လိုဏ်ဂူသခင် ချင်ဖုန်းဟာ သက်ပြင်းချပြီး ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထိန်းပြီး လိုဏ်ဂူသခင် ချင်ဖုန်း ထွက်ခွာသွားတာကို ကြည့်နေလိုက်ပါတယ်။ မုန်းတီးမှု ကြယ်တစ်ပွင့်က မကျေမနပ် ဖြစ်ရုံတင်ပါ။ ဒါကြောင့် ကျိန်စာတိုက်ဖို့လည်း မလိုသလို သတ်ဖို့လည်း မလိုပါဘူး။

ဟန်ကျွယ်ဟာ သွေးဆာနေတဲ့ လူသတ်သမား မဖြစ်ချင်ပါဘူး။

ဟန်ကျွယ်ဟာ လိုဏ်ဂူသခင် ချင်ဖုန်းရဲ့ ရောင်ဝါ လုံးဝ ပျောက်ကွယ်သွားတဲ့အခါ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်က တကယ်ပဲ ကောင်းကင်တာအိုကို ပြန်လာကြည့်ရုံတင်လား... ဒါဆို ဘာဖြစ်လို့ ကောင်းကင်တာအိုကို မကြည့်ဘဲ ပဋိပက္ခ ကောင်းကင်လမ်းကို စိုက်ကြည့်နေရတာလဲ... ဒီကောင် တစ်ခုခုကို လာစစ်ဆေးတာ ဖြစ်ရမယ်’

အရေးအကြီးဆုံးကတော့ လိုဏ်ဂူသခင် ချင်ဖုန်းဟာ သူ့နာမည်ကို မပြောရဲတာပါ။ ကျိန်စာတိုက်ခံရမှာကို ကြောက်နေတဲ့ပုံ ရှိပါတယ်။

ဟန်ကျွယ်ဟာ အကြောင်းရင်းကို စဉ်းစားမရတာကြောင့် ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “လိုဏ်ဂူသခင် ချင်ဖုန်းက ကောင်းကင်တာအိုကို ဘာလာလုပ်တာလဲ”

[သက်တမ်း ၁၆၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။

ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ မှောင်မိုက်တဲ့ ကမ္ဘာတစ်ခုကို ရောက်သွားပါတယ်။ မြေကြီးက ခြောက်သွေ့နေပြီး ဘယ်အရပ်ကိုပဲကြည့်ကြည့် တိုတောင်းလှတဲ့ မြက်ပင်တစ်စုနှစ်စုကိုပဲ တွေ့မြင်နိုင်ပါတယ်။ လေထဲမှာတော့ မီးလျှံတွေ ပေါလောမျောနေပြီး သက်ရှိဆိုလို့ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မတွေ့ရပါဘူး။

ဟန်ကျွယ်ရဲ့ အကြည့်ဟာ ကျောက်စာတိုင်တစ်တိုင်ဆီကို ရောက်သွားပါတယ်။ ဒီကျောက်စာတိုင်ဟာ ပေတစ်‌ထောင် မြင့်မားပြီး အက်ကြောင်းတွေ ထပ်နေပါတယ်။ ဒီကျောက်စာတိုင်က ဒီကျယ်ပြောလှတဲ့ ကမ္ဘာမှာ တော်တော်လေးကို မထင်မရှား ရှိနေတာပါ။

ဟန်ကျွယ်ဟာ ကျောက်စာတိုင်ပေါ်က စာလုံးတချို့ကို သတိထားမိလိုက်ပါတယ်။ ဒါပေမဲ့ ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။

‘ထူးဆန်းလိုက်တာ... ဒီလောကမှာ မဟာတာအိုပညာရှိ ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ အရာတွေလည်း ရှိသေးတာပဲလား... ကြည့်ရတာ ဒီကျောက်စာတိုင်မှာ ကန့်သတ်စည်း ရှိနေတာ ဖြစ်ရမယ်’

ဒီအချိန်မှာပဲ ကျောက်စာတိုင်ရှေ့မှာ ရုပ်သွင်တွေ ပေါ်လာပါတယ်။ စုစုပေါင်း ရုပ်သွင်ကိုးခုပါ။ သူတို့အကုန်လုံးဟာ တာအိုကျင့်ကြံသူတွေ ဖြစ်ပြီး သူတို့ထဲက တစ်ယောက်ဟာ လိုဏ်ဂူသခင် ချင်ဖုန်း ဖြစ်ပါတယ်။ ခေါင်းဆောင်ကတော့ အရပ်ရှည်ရှည် တာအိုကျင့်ကြံသူတစ်ပါး ဖြစ်ပြီး လက်ထဲမှာ အရောင်လဲ့နေတဲ့ ကျောက်စိမ်းတောင်ဝှေးကို ကိုင်စွဲထားပါတယ်။

အရပ်ရှည်ရှည် တာအိုကျင့်ကြံသူက မေးလိုက်ပါတယ် “ကျွန်တော်တို့ကို ဘာလို့ စုစည်းတာလဲ”

ကျောက်စာတိုင်ကနေ ကျယ်ပြောနက်ရှိုင်းတဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ် “ကောင်းကင်တာအိုက ပြောင်းလဲသွားပြီ၊ ကံကြမ္မာက သမုဒ္ဒရာပြင်လို နက်နဲလာတယ်၊ ဘာလို့ ပြောင်းလဲသွားလဲဆိုတာ မင်းတို့တွေ ငါ့အတွက် စုံစမ်းပေးရလိမ့်မယ်”

တာအိုကျင့်ကြံသူကိုးပါးဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ အဲဒီနောက် တာအိုကျင့်ကြံသူတစ်ပါးက မနေနိုင်ဘဲ ပြောလိုက်ပါတယ် “စုံစမ်းတာပဲဆို... ကျွန်တော်တို့ အကုန်လုံးသွားဖို့ လိုလို့လား”

တခြား တာအိုကျင့်ကြံသူတွေကလည်း ဒီစကားကို ခေါင်းညိတ် ထောက်ခံကြပါတယ်။ ကောင်းကင်တာအိုက အလှမ်းဝေးလွန်းတဲ့အတွက် ကောင်းကင်တာအိုကိုသွားရင် ကျင့်ကြံတဲ့အချိန်တွေ လျော့နည်းကုန်မှာပါ။

“လိုတယ်၊ ကောင်းကင်တာအိုထဲကို စိမ့်ဝင်နိုင်ရင် အကောင်းဆုံးပဲ၊ ဒီကိစ္စက မဟာတာအို အနန္တကပ်ဘေးနဲ့ ပတ်သက်နေတယ်၊ အဲဒီလျှို့ဝှက်ဆန်းကြယ်ပြီး ဘာမှန်းမသိရတဲ့ လောကဦးနတ်ဘီလူးက ကောင်းကင်တာအိုမှာ မွေးဖွားကောင်း မွေးဖွားလာနိုင်တယ်၊ အဲဒါကြောင့် မင်းတို့တွေ ကောင်းကင်တာအိုကို မစောင့်ကြည့်လို့ မရဘူး” ကျယ်ပြောတဲ့အသံဟာ တဖြည်းဖြည်း တိုးညင်းသွားပါတယ်။

အရပ်ခပ်ရှည်ရှည် တာအိုကျင့်ကြံသူဟာ မျက်မှောင်ကြုတ်သွားပါတယ်။ တခြား တာအိုကျင့်ကြံသူတွေကလည်း မဟာတာအိုအနန္တကပ်ဘေးလို့ ကြားလိုက်ရတဲ့အခါမှာ အကုန်လုံး မျက်နှာပျက်ကုန်ကြပါတယ်။

ပုံရိပ်ယောင်ဟာ ကွဲကြေသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ် ‘ဒီကောင်တွေက တကယ်ကို မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတာပဲ’

ဟန်ကျွယ်ဟာ စနစ်ကို ထပ်မေးလိုက်ပါတယ် “အဲဒီ မဟာတာအိုပညာရှိ ကိုးပါးက ကောင်းကင်တာအိုထဲကို စိမ့်ဝင်နိုင်ပြီလား”

မဟာတာအိုပညာရှိတွေက နည်းလမ်း အများကြီးရှိတဲ့အတွက် ကောင်းကင်တာအိုထဲကို စိမ့်ဝင်ဖို့ ပင်မခန္ဓာကိုယ် မလိုပါဘူး။

[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[လောလောဆယ် မရှိပါ။]

“ခုနက ကျောက်စာတိုင်ကနေ ထွက်ပေါ်လာတဲ့ အသံပိုင်ရှင်က ဘယ်သူလဲ”

[သက်တမ်း ၅၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ကနဦးနတ်မင်း: မဟာတာအို အထွတ်အထိပ် နောက်ဆုံးအဆင့်၊ ပဋိပက္ခ၌ ပထမဆုံး မဟာတာအိုနတ်မင်း ဖြစ်သည်။ တာအိုဘိုးဘေးနှင့် တိုက်ခိုက်ဖူးပြီး ပြင်းထန်စွာ ဒဏ်ရာရရှိကာ ရှေးပျက်သုဉ်းနယ်မြေ၌ ချိပ်ပိတ်ခံခဲ့ရသည်။]

ကနဦး နတ်မင်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး နှစ်ပေါင်းများစွာ ချိပ်ပိတ်ခံရတာတောင် မဟာတာအို အထွတ်အထိပ် နောက်ဆုံးအဆင့်မှာ ရှိနေပါသေးတယ်။

‘တာအိုဘိုးဘေးက စွမ်းလှချည်လား...’ ဟန်ကျွယ်ဟာ စနစ်က တာအိုဘိုးဘေးကို တွက်ချက်နိုင်ပြီလား ဆိုတာကို ရုတ်တရက် သိချင်သွားပါတယ်။

“တာအိုဘိုးဘေး ဘယ်မှာရှိနေလဲ ဆိုတာကို ငါ သိချင်တယ်”

[တက်ဖက်လူ၏ ကံတရား၏ ပြန့်ကျဲနေပြီး အတိအကျ တွက်ချက်ရန် မဖြစ်နိုင်ပါ။]

‘ဒီစကားက ဘာကိုဆိုလိုတာလဲ... တာအိုဘိုးဘေးက အရာအားလုံးအသွင် ပြောင်းလဲပြီး အရာအားလုံးက ပဋိပက္ခမှာ ပျံ့နှံ့ တည်ရှိနေလို့လား...’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ တာအိုဘိုးဘေးကို အမြဲတမ်း ကြောက်နေခဲ့တာပါ။ တာအိုဘိုးဘေးက စနစ်ရဲ့ လက်ထဲကနေ အမြဲတမ်းလိုလို လွတ်နေတယ် မဟုတ်ပါလား။

အရေးအကြီးဆုံးကတော့ တာအိုဘိုးဘေး ပျောက်ကွယ်သွားတဲ့ အကြောင်းအရင်းနဲ့ တာအိုဘိုးဘေး ဘယ်သူ့ဆီကနေ ပုန်းနေတယ်ဆိုတာပါ။ တာအိုဘိုးဘေးက လောကဦး နတ်ဘီလူးဆီကနေ ပုန်းနေတာတောင် မဖြစ်နိုင်ပါဘူး။ တာအိုဘိုးဘေးသာ သက်ရှိထင်ရှား ရှိနေပြီး လောကဦး နတ်ဘီလူးကို သတ်ချင်တယ်ဆိုရင် ဟန်ကျွယ် သေတဲ့အကြိမ်က ရေတွက်လို့တောင်ရမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ တာအိုဘိုးဘေး သူ့ကို မသိကိန်းအဖြစ် ရွေးချယ်ခဲ့တာက သူက သာမန်မဟုတ်ဘူးဆိုတာကို မြင်လို့လို့ တွေးမိလိုက်ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ စနစ်ကြောင့်ပါ။ ဟန်ကျွယ်ရဲ့ ဇာစ်မြစ်က ဘာမှ မထူးခြားပါဘူး။

ဝိညာဉ်ရွှေ့ပြောင်း ခရီးနှင်တာက ဟန်ကျွယ် တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားဝိညာဉ်တွေလည်း တခြားကမ္ဘာတွေဆီ ခရီးနှင်တာပါပဲ။ ဝိညာဉ်ရွှေ့ပြောင်း ခရီးနှင်တာက ကံကောင်းလွန်းတဲ့ ဝိညာဉ်တစ်ခု ပြန်လည်မွေးဖွားခြင်း စက်ဝန်းကနေ လွတ်မြောက်ပြီး ဘာမှန်းမသိနိုင်တဲ့ တခြားကမ္ဘာဆီ ရောက်သွားတာပါ။ ဝိညာဉ်ရွှေ့ပြောင်း ခရီးနှင်တဲ့အကြောင်း ပြောရရင် စွမ်းအားကြီးပုဂ္ဂိုလ် တော်တော်များများက ဝိညာဉ်ရွှေ့ပြောင်း ခရီးနှင်တာကို ကြိုက်ကြပါတယ်။

ဟန်ကျွယ်ဟာ တာအိုဘိုးဘေး အကြောင်းကို စဉ်းစားမရတာနဲ့ ဆက်မစဉ်းစားတော့ဘဲ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

ဟန်ကျွယ်မှာ ကောင်းကင်တာအိုကို စိမ့်ဝင်လာမဲ့ မဟာတာအိုပညာရှိကိုးပါးကို ရှင်းပစ်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ တကယ်လို့ နည်းလမ်း မရှိခဲ့ရင်လည်း အမှောင်သခင်ကြီးကို ပြန်ပေါ်လာခိုင်းလိုက်မှာပါ။

ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က စကြဝဠာခန်းမမှာ ကောင်းကင်အရှင်ရွှမ်တု၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ချုံရှီလိုင်၊ ဖန်းလျန်နဲ့ ကျန်းကူရှင်းတို့ စုစည်းနေကြပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိလေးပါးကို ဝေ့ကြည့်ပြီး ပြောလိုက်ပါတယ် “ငါ ဒီနေ့ မင်းတို့လေးယောက်ကို သီးသန့် ခေါ်လိုက်ရတာက မင်းတို့ကို တာဝန်တစ်ခု ပေးစရာ ရှိလို့ပဲ”

“ဘာတာဝန်လဲ” ဂိုဏ်းချုပ်တျန်ကျွယ်က မေးလိုက်ပါတယ်။

ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ဒီအတောအတွင်း မဟာတာအို အနန္တကပ်ဘေးကို ဖြစ်ပေါ်စေမဲ့ လောကဦးနတ်ဘီလူးက ကောင်းကင်တာအိုမှာ မွေးဖွားလာလိမ့်မယ်လို့ ပဋိပက္ခမှာ ကောလဟာလတွေ ပျံ့နေတယ်၊ ဒါက ကျိန်းသေပေါက် ‌ထောင်ချောက်တစ်ခုပဲ”

“ဗုဒ္ဓဂိုဏ်း၊ ကောင်းကင်တာအိုဂိုဏ်း၊ ရှန်နန်းတော်နဲ့ ကျယ်ကျောင်းတော်တို့က ကောင်းကင်တာအိုရဲ့ ပါရမီရှင်တွေ စုစည်းထားတဲ့ နေရာတွေလို့ ပြောလို့ရတယ်၊ ငါ လီရွှမ်အောက်ကိုလည်း သတင်းပေးပြီးပြီ၊ ငါတို့တွေ တန်ပြန်သတင်းဖြန့်ပြီး ဒီကိစ္စကို ပဋိပက္ခဆီ ပြန်တွန်းပို့ရလိမ့်မယ်”

“ငါတို့တွေ တန်ပြန်ဖြန့်မဲ့ သတင်းက လောကဦး နတ်ဘီလူးကို ခုခံနိုင်တဲ့ ပါရမီရှင်ဆယ်ပါးက ကောင်းကင်တာအိုမှာ မွေးဖွားလာမဲ့ သတင်းပဲ၊ ဒီပါရမီရှင်ဆယ်ပါးက တာအိုဘိုးဘေး ရွေးချယ်ထားတဲ့ လောကဦးပညာရှိ ဆယ်ပါးပဲ”

တာအိုပညာရှိလေးပါးဟာ မှင်တက်သွားပါတယ်။

ဖန်းလျန်လည်း မျက်လုံးပြူးသွားပါတယ် “တကယ်ကြီးလား...”

ဖန်းလျန်ရဲ့ ဝိညာဉ်ဟာ ‌လောကဦးခေတ်ကို အကြိမ်ပေါင်းများစွာ ရွှေ့ပြောင်း ခရီးနှင်ခဲ့တာပါ။ ဒါပေမဲ့ လောကဦးပညာရှိ ဆယ်ပါးကို တစ်ခါမှ မကြားခဲ့ဖူးပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters