← Chapters

အသက်ကိုးသိန်း ပြည့်ခြင်း

Vol. 72 Ch. 763

အသက်ကိုးသိန်း ပြည့်ခြင်း

Vol. 72 Ch. 763

အမှောင်တားမြစ်နယ်မြေမှာ ကျွန်းတစ်ကျွန်း ပေါလောမျောနေပါတယ်။ ကျွန်းပေါ်မှာ တာအိုကျင့်ကြံသူကိုးပါး တရားထိုင်နေကြပြီး သူတို့ထဲမှာ ကောင်းကင်တာအို သွားခဲ့တဲ့ လိုဏ်ဂူသခင် ချင်ဖုန်းလည်း ရှိနေပါတယ်။

လိုဏ်ဂူသခင် ချင်ဖုန်းဟာ မျက်လုံးဖွင့်ပြီး ပြောလိုက်ပါတယ် “ငါတို့တွေ ဒီကနေ ထွက်သွားသင့်ပြီ၊ ကောင်းကင်တာအိုမှာ ဆက်နေလို့ ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး”

တခြားတာအိုကျင့်ကြံသူတွေကလည်း မျက်လုံးဖွင့်လိုက်ကြပါတယ်။

တာအိုကျင့်ကြံသူတစ်ပါးက နှာခေါင်းရှုံ့လိုက်ပါတယ် “ငါပြောခဲ့သားပဲ... ငါတို့တွေ မလာသင့်ပါဘူးလို့... ကောင်းကင်တာအိုကို ပဋိပက္ခနတ်ဘီလူးက စောင့်ကြပ်နေတာ၊ လောကဦးနတ်ဘီလူးက ပဋိပက္ခနတ်ဘီလူးရဲ့ ရန်သူပဲ၊ လောကဦးနတ်ဘီလူးသာ ကောင်းကင်တာအိုထဲမှာ မွေးဖွားလာရင် ကောင်းကင်တာအိုရဲ့ ပဋိပက္ခနတ်ဘီလူး သတ်တာကို ခံရမှာပဲ၊ အဲဒီအချိန်ကျရင် သူတို့ရဲ့ တိုက်ပွဲက ပဋိပက္ခကို အုတ်အုတ်ကျက်ကျက် ဖြစ်စေမှာပဲ၊ ဒီတော့ ငါတို့တွေ ကောင်းကင်တာအိုကို တစ်ချိန်လုံး စိုက်ကြည့်နေစရာ မလိုဘူး”

တခြားတာအိုကျင့်ကြံသူ တစ်ပါးကလည်း ပြောလိုက်ပါတယ် “ဟုတ်တယ်... ဒီပဋိပက္ခနတ်ဘီလူးက မဟာတာအို နတ်စိတ်ဝိညာဉ်နှစ်ပါးကိုတောင် ဆက်တိုက် အနိုင်ယူထားတာ၊ နောက်ပြီး မဟာတာအိုပညာရှိ ၁၄ ပါးကိုလည်း သတ်ထားသေးတယ်၊ သူက အစွမ်းအထက်ဆုံး ပဋိပက္ခ နတ်ဘီလူးလို့တောင် ပြောလို့ရတယ်”

“ဒါဆို သွားကြမယ်၊ ငါတို့တွေ ငါတို့ရဲ့ တာအိုစက်ကွင်းကို ဖွင့်လှစ်ကြရအောင်၊ ရှေးပျက်သုဉ်းနယ်မြေကို ပြန်သွားစရာမှ မလိုတာ”

“ဟုတ်တယ်၊ ကနဦးနတ်မင်းက တာအိုဘိုးဘေး လက်ချက် မိထားတော့ ဘာကြားကြား လန့်နေတာ၊ ငါတို့က သူ့ရဲ့ နယ်ရုပ်တွေမလား၊ ကောင်းကင်တာအိုကို စမ်းသပ်ဖို့ထားတဲ့ နယ်ရုပ်တွေလေ”

“ဒီလိုဆို ကနဦးနတ်မင်းကို အပြစ်ပြုမိမလား မသိဘူး”

“ဘာကြောက်စရာ ရှိလို့လဲ၊ တာအိုဘိုးဘေးက ပျောက်ပဲပျောက်နေတာ သေသွားတာ မဟုတ်ဘူး၊ ကနဦးနတ်မင်းက ‌ရှေးပျက်သုဉ်းနယ်မြေကနေ ထွက်ပြေးရဲမှာ မဟုတ်ဘူး”

တာအိုကျင့်ကြံသူတွေဟာ ထင်ရာမြင်ရာ ပြောဆိုကြပေမဲ့ အမြင်ကတော့ တူပါတယ်။ သူတို့အကုန်လုံး ကောင်းကင်တာအိုမှာ မနေချင်တော့ပါဘူး။

ဟန်ကျွယ်ရဲ့ အောင်မြင်မှုတွေက အထင်ကြီးဖို့ ကောင်းလွန်းပါတယ်။ အမှန်အတိုင်း ပြောရရင် တာအိုကျင့်ကြံသူတွေဟာ ဟန်ကျွယ်ကို လုံးဝ ရန်မစချင်တာပါ။ ဒါကြောင့်လည်း တာအိုကျင့်ကြံသူတွေဟာ ကောင်းကင်တာအိုထဲကို စိမ့်မဝင်ရဲကြတာပါ။

အရပ်ရှည်ရှည် တာအိုကျင့်ကြံသူက လိုဏ်ဂူသခင် ချင်ဖုန်းကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “မင်း အဲဒီ ပဋိပက္ခနတ်ဘီလူးကို ဘယ်လိုထင်လဲ”

လိုဏ်ဂူသခင် ချင်ဖုန်းက ပြန်ဖြေပါတယ် “ဒီလူက ရက်စက်တယ် ဆိုပေမဲ့ သတ်ဖြတ်ရတာကို မနှစ်မြို့ဘူး၊ ပဋိပက္ခကို အမြင်မကြည်ဘူး၊ ကျွန်တော် ကောင်းကင်တာအိုဆီ ရောက်ပြီး သိပ်မကြာလိုက်ဘူး၊ မောင်းထုတ် ခံရတာပဲ၊ နောက်ပြီး သူက တာအိုဘိုးဘေးကို တော်‌တော် လေးစားတယ်၊ ဒီအခြေအနေကနေ ကျွန်တော်တို့တွေ ကောက်ချက်တစ်ခု ချလို့ရတယ်... သူ့နောက်ခံက တာအိုဘိုးဘေး ဖြစ်နိုင်တယ်”

“ဒီအတောအတွင်း ကျွန်တော် ကောင်းကင်တာအို ကျင့်ကြံသူတွေကို စုစည်းပြီး ကောင်းကင်တာအိုရဲ့ ဒီနှစ်တစ်သန်းအတွင်း တိုးတက်ပြောင်းလဲမှုတွေကို ရှာဖွေထားတယ်၊ တာအိုဘိုးဘေး ပျောက်ကွယ်သွားတာကို သိပြီးနောက်ပိုင်း ကောင်းကင်တာအိုက စပြီးတော့ ပြိုလဲလာတယ်၊ အဲဒီနောက်ပိုင်း ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ပေါ်မလာခင်အထိ ကောင်းကင်တာအိုက အမှောင်သခင်ကြီး ကစားတာကို ခံခဲ့ရတယ်၊ ဒီပဋိပက္ခနတ်ဘီလူးက ကောင်းကင်တာအိုကို ကာကွယ်ဖို့ တာအိုဘိုးဘေး လွှတ်လိုက်တာ ဖြစ်ရမယ်”

“ကျွန်တော်တို့တွေ ကောင်းကင်တာအိုထဲ စိမ့်ဝင်တာနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိတင် မဟုတ်ဘူး၊ တာအိုဘိုးဘေးကိုပါ အပြစ်ပြုမိနိုင်တယ်”

အရပ်ခပ်ရှည်ရှည် တာအိုကျင့်ကြံသူဟာ မျက်နှာပျက်သွားပါတယ်။

အတန်ကြာတဲ့အခါမှာတော့...

အရပ်ခပ်ရှည်ရှည် တာအိုကျင့်ကြံသူဟာ ဆုံးဖြတ်ချက် ချလိုက်ပါတယ် “ကောင်းပြီ၊ ငါတို့တွေ နောက်ဆုတ်ကြမယ်၊ ငါတို့ မိုးကောင်းကင် တန်ခိုးရှင်ကိုးဖော်က နတ်မင်းတွေရဲ့ နောက်လိုက်ခွေး မဟုတ်ဘူး၊ ငါတို့တွေ သူတို့အတွက် အသက်ပေးစရာ မလိုဘူး”

တခြား တာအိုကျင့်ကြံသူတွေလည်း စိတ်သက်သာရာ ရသွားကြပါတယ်။ အဲဒီနောက် မိုးကောင်းကင် တန်ခိုးရှင်ကိုးဖော်ဟာ ချက်ချင်း ထွက်ခွာသွားကြပါတယ်။

ဟန်ကျွယ်ဟာ ဆန်းကြယ် ကံတရား စာအုပ်ကို သုံးပြီးကတည်းက ဆုံးရှုံးသွားတဲ့ သက်တမ်းတွေကို ပြန်ရဖို့အတွက် အားသွန်ခွန်စိုက် ကြိုးစား ကျင့်ကြံပါတယ်။ ဟန်ကျွယ် အဆင့်ထိုးဖောက်တာနဲ့ ဒီကုန်ဆုံးသွားတဲ့ သက်တမ်းတွေက ဘာမှ မဟုတ်တော့ပါဘူး။

အချိန်ဟာ တရွေ့ရွေ့ ကုန်ဆုံးသွားပါတယ်။

နောက်ထပ် နှစ်တစ်သိန်း ထပ်မံ ကုန်ဆုံးသွားပါတယ်။

[သင်သည် အသက်ကိုးသိန်း ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ဂူအောင်းကျင့်ကြံရာမှ ချက်ချင်း ထွက်၍ လောကဦး နတ်ဘီလူး နာမည်ကို ဖြန့်ကြက်ကာ မဟာတာအို အနန္တကပ်ဘေး ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပါ။ ဆုလာဘ်အဖြစ် တာအိုစက်ကွင်းကို အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ကြိမ် ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ကျင့်ကြံအားထုတ်၍ ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]

ပထမရွေးချယ်မှုက အရင်အတိုင်း မပြောင်းသေးပါဘူး။ ဟန်ကျွယ်ဟာ သက်ရှိအားလုံးက သူ့ကို ပဋိပက္ခ နတ်ဘီလူးလို့ ထင်အောင် သက်တမ်း တစ်ဝက်တောင် သုံးထားတာပါ။ ဘာကိစ္စနဲ့ လောကဦး နတ်ဘီလူးကို နာမည်ကျော်အောင် လုပ်ရမှာလဲ။

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။

‘နောက်ထပ် စွမ်းအားကြီးတဲ့ အကောင်းစား ရတနာတစ်ပါး ထပ်ရရင် ကောင်းမှာပဲ’

[ပဋိပက္ခ အကောင်းစား ရတနာ လောကစက္ခု လက်ကောက်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[လောကစက္ခု လက်ကောက်: ပဋိပက္ခ အကောင်းစား ရတနာ၊ ပဋိပက္ခ၌ တရှီကျဲ့ကမ္ဘာ စတင်ပေါ်ပေါက်သော အခါတွင် အကောင်းစား ရတနာအဖြစ် မွေးဖွားလာခဲ့သည်။ ကမ္ဘာများ၏ စွမ်းအားကို စုစည်းကာ ဖြစ်ပေါ်လာသော ကံတရား အထောက်အပံ့ အကောင်းစား ရတနာဖြစ်ပြီး မဟာတာအိုအဆင့် တိုက်ခိုက်မှုများကို ခုခံနိုင်သည်။]

‘နောက်ထပ် အကောင်းစား ခံစစ်ရတနာလားပဲလား...’

ဟန်ကျွယ်ဟာ အံ့အားသင့်ခြင်း မရှိသလို စိတ်ပျက်ခြင်းလည်း မရှိပါဘူး။ ဟန်ကျွယ်ဟာ လောကစက္ခု လက်ကောက်ကို ချက်ချင်းထုတ်ယူပြီး ကိုယ်ပိုင်ပစ္စည်း ပြုပါတယ်။ လောကစက္ခု လက်ကောက်ဟာ ရောင်စုံ ပုလဲ ၁၈ လုံးကို စက်ဝိုင်းပုံစံ တင်းတင်းကျပ်ကျပ် ဆက်သွယ်ထားတာပါ။

နှစ်ရှစ်ဆယ် ကြာတဲ့အခါမှာတော့ လောကစက္ခ လက်ကောက်ဟာ ဟန်ကျွယ်ကို သခင်အဖြစ် အသိအမှတ် ပြုသွားပါတယ်။

ပုလဲ ၁၈ လုံးဟာ ပြန့်ကျဲသွားပြီး ဟန်ကျွယ်ကို ဝိုင်းရံလိုက်ကြပါတယ်။ တစ်ခါတစ်လေ ပုလဲ ၁၈ လုံးက စက်ဝိုင်းပုံစံ ဆက်သွယ်နေပြီး တစ်ခါတရံမှာတော့ ကမ္ဘာတစ်ခု ဆင့်ကဲပြောင်းလဲတာကို ဖော်ပြတဲ့ တခြားပုံစံတွေအဖြစ် ပြန့်ကျဲသွားပါတယ်။

ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်‌ကျောက်တုံးကို ထုတ်ယူပြီး နတ်ဘီလူးချီအလုံး တစ်လုံးနဲ့ ပေါင်းစပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ သွားပြီး လွန်ခဲ့တဲ့ နှစ်တစ်သိန်းက ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ဖန်တီးထားခဲ့တဲ့ ရော့ရွှေနတ်ဘီလူးကို လွှတ်ပေးကာ မုရုံချီလက်ထဲ အပ်လိုက်ပါတယ်။

ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ကို ကြည့်ပြီး မစပ်စုဘဲ မနေနိုင်ပါဘူး “သခင် ဘာဖြစ်လို့ ပဋိပက္ခ နတ်ဘီလူးတွေကို ဆက်တိုက် ဖန်တီးနေရတာလဲ”

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို တစ်ချက်သာ ကြည့်ပြီး ဘာမှ ပြန်မဖြေပါဘူး။

လီယောင်က ပြောလိုက်ပါတယ် “မမေးသင့်တာကို မမေးနဲ့”

“ဟုတ်တယ်၊ အများကြီး သိတာက မင်းတို့အတွက် မကောင်းဘူး၊ တစ်ခါတစ်လေမှာ မင်း မပြောချင်ရင်တောင် အဲဒီသာလွန် တည်ရှိမှုတွေက မင်းတို့ရဲ့စိတ်ထဲက မှတ်ဉာဏ်တွေကို ဖမ်းယူနိုင်စွမ်း ရှိတယ်၊ အနာဂတ်မှာ မင်းတို့တွေ ငါ့ကို သစ္စာဖောက်ဖို့ ဖိအားပေးခံရတာကို မလိုချင်ဘူးမလား”

ဝူတောက်ကျန့်ဟာ ချက်ချင်း ခေါင်းခါလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ပြုံးပြပြီး ပင်မ တာအိုစက်ကွင်းကို ပြန်ပါတယ်။

ဝူတောက်ကျန့်က တအံ့တဩ ပြောလိုက်ပါတယ် “သခင်မှာ နောက်ထပ် အကောင်းစား ရတနာတစ်ပါး ရှိလာပြန်ပြီ၊ သခင်က အဲဒီရတနာတွေကို ဘယ်ကနေ ဘယ်လိုရလဲ မသိဘူး၊ သူက အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာ မဟုတ်ဘူးလား”

လောကစက္ခု လက်ကောက်က တစ်ချက်ကြည့်ရုံနဲ့ သာမန်မဟုတ်ဘူးဆိုတာ ကလေးတောင် သိပါတယ်။

လီယောင်က တည်ငြိမ်စွာပဲ ပြောလိုက်ပါတယ် “သူ အပြင်မထွက်ဘူးဆိုတာက မင်းအမြင်လေ၊ သူ့လို တည်ရှိမှုမျိုးက ကိုယ်တိုင် အပြင်ထွက်စရာမှ မလိုတာ၊ သူ့ဆီမှာ ပဋိပက္ခထဲကို တိုက်ရိုက်ဝင်ပြီး ဓမ္မရတနာတွေ ရှာဖွေနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်”

ဝူတောက်ကျန့်ဟာ လီယောင်စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။

.....

ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ် ထိုင်မိတဲ့အခါ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ်။ အဲဒါက သူ့ရဲ့ ဓမ္မရတနာဟောင်းတွေကို စနစ်ရဲ့ အာကာသထဲမှာ သိမ်းထားမဲ့အစား သူ့တပည့်တွေကို ပေးပစ်လိုက်ဖို့ပါ။

‘ဟုတ်တယ်... နောက်ကျရင် ငါ့တပည့်တွေကို ပေးလိုက်မယ်’

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။

တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးကာ မျက်တောင်တစ်ခတ်အတွင်း နှစ် ၇၀,၀၀၀ ကြာသွားပါတယ်။

ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့အသံကို ကြားလိုက်ရပါတယ် “တာအိုရောင်းရင်းဟန်... စကြဝဠာခန်းမကို လာခဲ့ပါဦး”

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး တာအိုပညာရှိ အာရုံကို ဖြန့်ကြက်လိုက်ပါတယ်။ ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်မှာ စွမ်းအားကြီး ရန်သူရဲ့ ရောင်ဝါကို အာရုံ မခံမိတော့မှ စကြဝဠာခန်းမကို ခုန်ဝင်လိုက်ပါတယ်။

အရင်အတိုင်းပဲ ဟန်ကျွယ် ရောက်လာမှ ကောင်းကင်အရှင်ရွှမ်တုဟာ အသံလွှင့်ပြီး တခြား ကောင်းကင်တာအိုပညာရှိတွေကို ခေါ်လိုက်ပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဧကရာဇ်ရှောင်၊ ကောင်းကင်အရှင်ဝူဖာ၊ ချုံရှီလိုင်၊ ဖန်းလျန်၊ ဟွမ်ဇွမ်တျန်၊ ကျင်းရှန်၊ ပန်ရှင်း၊ ရွှီတုတောက်၊ စုချီ၊ လီထိုက်ကူ၊ လောကဦးပဋိပက္ခ ဗုဒ္ဓ၊ ကျန်းကူရှင်းနဲ့ လုံဟောင်တို့ဟာ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြပါတယ်။

“ပထမဆုံးအနေနဲ့ ပြောရရင် ကောင်းကင်တာအိုမှာ နောက်ထပ် တာအိုပညာရှိ တစ်နေရာ ထွက်ပေါ်လာပြီ၊ ဒီတစ်ခါ ဘယ်သူ့ကို ပေးသင့်တယ်လို့ ထင်လဲ” ကောင်းကင်အရှင်ရွှမ်တုက မေးလိုက်ပါတယ်။

လောကဦး ခရမ်းရောင်ချီကို မလိုအပ်ပေမဲ့ တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်က တာအိုပညာရှိ ဖြစ်လာဖို့ဆိုရင် အရမ်း ခက်ခဲနေပါသေးတယ်။ ဒါကြောင့် တာအိုပညာရှိတွေရဲ့ အကူအညီကို ယူရပါတယ်။ ဒီအကြောင်းကြောင့် တာအိုပညာရှိနေရာကို ဘယ်သူ့ ပေးရမလဲဆိုတာက ကောင်းကင်တာအိုပညာရှိတွေရဲ့ လက်ထဲမှာပဲ ရှိနေပါသေးတယ်။

တာအိုပညာရှိတွေဟာ သူတို့လူတွေကို စပြီးတော့ ထောက်ခံကြပါတယ်။

ဟန်ကျွယ်ကတော့ စာအိတ်ကိုဖွင့်ပြီး စာစောင်တွေကို ဖတ်ကြည့်လိုက်ပါတယ်။

[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် သင့်ရန်သူ ကျိန်စာနတ်ဘီလူး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်သား ဟန်ထော်သည် ပဋိပက္ခ နတ်လက်နက်ကို ဖမ်းဆုပ်မိပြီး ကံတရား အ‌ထောက်အပံ့ များစွာ တိုးတက်သွား၏။]

[သင့်မြေးတပည့် ချူရှီရန်သည် ပဋိပက္ခ ကံတရားမြစ်သို့ ဝင်ရောက်ပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]

[သင့်မျိုးဆက် ဟန်ယွီသည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်ရန်သူ ပထမ ရှုံဟွာအရှင်သည် ကံတရား ဆန်းကြယ်စွမ်းအားတစ်ပါးကို ကျင့်ကြံ အားထုတ်နေ၏။]

ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ ဟွမ်ဇွမ်တျန်က နည်းနည်းမှ ဒဏ်ရာရထားတဲ့ပုံ မရှိပါဘူး။ အဲဒီအစား ပန်ရှင်းကသာ စိတ်လေလွင့်နေပါတယ်။

‘ပထမရှုံဟွာအရှင် ကံတရား ဆန်းကြယ်စွမ်းအားကို ကျင့်ကြံတာက ကျိန်စာတိုက်တာကို ရှောင်ချင်လို့လား...’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters