← Chapters

မယ်တော်ဂိုဏ်းတပည့်များ

Vol. 72 Ch. 769

မယ်တော်ဂိုဏ်းတပည့်များ

Vol. 72 Ch. 769

အနာဂတ် တာအိုပညာရှိက ဟန်ကျွယ် မျက်စိထဲမှာ ဘာမှ မဟုတ်ပါဘူး။ လက်ရှိ ကောင်းကင်တာအိုရဲ့ တိုးတက်ပြောင်းလဲမှုနှုန်းနဲ့ဆိုရင် အနာဂတ်မှာ ကောင်းကင်တာအိုပညာရှိတွေ အများကြီး ထွက်ပေါ်လာမှာပါ။

ဟန်ကျွယ်ဟာ ရှေ့ကို ဆက်လျှောက်ပြီး တောအုပ်ထဲကနေ လျင်မြန်စွာ ထွက်ခွာသွားပါတယ်။

တောအုပ်ထဲက ကလေးငယ်ဟာ ဝံပုလွေပေါ်ကနေ လှိမ့်ဆင်းလိုက်ပါတယ်။ ကလေးငယ်ဟာ အကြောင်းတချို့ကြောင့် တစ်စုံတစ်ခုကို မေ့သွားသလိုမျိုး ဆုံးရှုံးသွားသလိုမျိုး ခံစားလိုက်ရပါတယ်။ ကလေးငယ်ဟာ ဒီခံစားချက်ကို နားမလည်ပါဘူး။ ကလေးငယ်ဟာ ဒီခံစားချက်ကို ခပ်မြန်မြန်ပဲ မေ့ပျောက်သွားပြီး တောအုပ်ထဲက ယုန်ရိုင်းတစ်ကောင်ဆီ စိတ်ရောက်သွားပါတယ်။

ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မယ်တော်ဂိုဏ်းနားကို ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ချောက်ကမ်းပါးစွန်းမှာ ရောက်ပြီး တဟူးဟူးတိုက်ခိုက်နေတဲ့လေကို ခံစားပါတယ်။

ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ တောင်တန်းတွေပေါ်မှာ တည်ရှိနေတဲ့ မရေမတွက်နိုင်တဲ့ ကျောက်စိမ်း အဆောက်အဦးတွေကို တွေ့လိုက်ရပါတယ်။ အမျိုးသမီး ကျင့်ကြံသူတွေဟာ နေရာမျိုးစုံမှာ ကျင့်ကြံအားထုတ်နေကြပါတယ်။ တချို့က တောထဲမှာ တရားထိုင်ပြီး တချို့က ကောင်းကင်ယံမှာ တိုက်ခိုက်နေကြပါတယ်။ အကုန်လုံးက အင်မော်တယ်တွေ ချီတွေနဲ့ ပြည့်နှက်နေပြီး နတ်သမီးတွေလို လှပလှပါတယ်။

“အင်း... ကောင်းကောင်းမွန်မွန် တိုးတက်နေတာပဲ”

ဟန်ကျွယ်ဟာ ချီးကျူးလိုက်ပါတယ်။ လီယောင်၊ ဝူတောက်ကျန့်နဲ့ ထူလင်းအာတို့က ဂိုဏ်းချုပ်နေရာက ဆင်းသွားပြီဆိုပေမဲ့ မယ်တော်ဂိုဏ်းချုပ်က သူတို့တပည့်တွေ လက်ထဲမှာ ရှိနေပါသေးတယ်။ ဒါကြောင့် မယ်တော်ဂိုဏ်းက တိတ်ဆိတ်ဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုဆိုရင် မှားမယ် မထင်ပါဘူး။

ဒီအချိန်မှာ အမျိုးသမီးတပည့် တစ်စုဟာ တိမ်စီးပြီး ပျံသန်းလာပါတယ်။ ဝတ်ရုံဝါ အမျိုးသမီးက ဟန်ကျွယ်ကို စိန်းစိန်းဝါးဝါး လှမ်းကြည့်ပြီး အော်ပြောလိုက်ပါတယ် “ဒါက မယ်တော်ဂိုဏ်းရဲ့ နယ်မြေပဲ၊ ယောက်ျားတွေ ဝင်ခွင့်မပြုဘူး”

တခြား အမျိုးသမီး တပည့်တွေဟာ ဟန်ကျွယ်ရဲ့ ချောမောတဲ့ ရုပ်ရည်ကြောင့် မျက်တောင်မခတ် စိုက်ကြည့်ကြပါတယ်။

သူတို့တွေဟာ ဂိုဏ်းထဲမှာ တစ်ချိန်လုံး ကျင့်ကြံအားထုတ်နေတာ ဖြစ်တဲ့အတွက် ယောက်ျားတွေကို သိပ်မမြင်ရပါဘူး။ သူတို့တွေ အပြင်ထွက်ပြီး လေ့ကျင့်ရင်တောင် ဟန်ကျွယ်လို ချောမောတဲ့ ယောက်ျားမျိုးကို တစ်ခါမှ မတွေ့ဖူးပါဘူး။ ချက်ချင်းဆိုသလို အမျိုးသမီး တပည့်တွေဟာ ဟန်ကျွယ်ကို မြင်မြင်ချင်း ချစ်ကြိုက်သွားကြပါတယ်။

ဟန်ကျွယ်ဟာ ပြုံးပြီး ထွက်ခွာသွားပါတယ်။

“နေပါဦး... ရှင့်ရဲ့ တာအိုနာမည်ကို ပြောထားခဲ့ပါလား၊ ဂိုဏ်းမှာရှိတဲ့ စီနီယာတွေက ရှင့်ကို ဖိတ်ခေါ်ချင်ကောင်း ဖိတ်ခေါ်နိုင်တယ်” ဝတ်ရုံဖြူ အမျိုးသမီးတစ်ဦးက ပြောလိုက်ပါတယ်။ ဝတ်ရုံဖြူ အမျိုးသမီးဟာ ချောမောလှပတဲ့ မျက်နှာရှိပြီး သူရဲကောင်းဆန်းတဲ့ ရောင်ဝါ ရှိပါတယ်။ အမျိုးသမီး တပည့်တွေထဲမှာ ဒီအမျိုးသမီးက ထိပ်တန်းရုပ်ရည် ရှိပါတယ်။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ပြန်ပြောလိုက်ပါတယ် “ငါက ဖြတ်သွားရုံတင်ပါ”

ဟန်ကျွယ်ဟာ ဒီအမျိုးသမီးတွေကို စိတ်မဝင်စားပါဘူး။ ယောက်ျားနဲ့ မိန်းမ ပျော်ရွှင်မှုက ဟန်ကျွယ်ရဲ့ အတွေးတွေကို မသက်ရောက်နိုင်တော့ပါဘူး။ ဟန်ကျွယ်ရဲ့ မျက်လုံးထဲမှာ ဒီမိန်းမလှတွေက သာမန်မိန်းမတွေနဲ့ မခြားပါဘူး။

ဟန်ကျွယ် ထွက်သွားတဲ့အခါ အမျိုးသမီး တပည့်တွေဟာ သူတို့အချင်းချင်း စကားမပြောဘဲ မနေနိုင်ပါဘူး။

“အဲဒါ ဂျူနီယာလီရဲ့ အမှားပဲ၊ ဘာဖြစ်လို့ သူ့ကို မောင်းထုတ်လိုက်ရတာလဲ”

“အရမ်းချောတယ်... ငါ ဘာလုပ်သင့်လဲ၊ ငါ သူ့ကို မြင်မြင်ချင်း ချစ်မိသွားပြီ”

“သူ့ပုံစံ ကြည့်ရတာ သာမန်ကျင့်ကြံသူ မဟုတ်ဘူး၊ ပြဿနာ မရှာကြနဲ့”

“ကျွန်မတို့ မယ်တော်ဂိုဏ်းက သာမန်ဂိုဏ်းမှ မဟုတ်တာ၊ ကျွန်မတို့ စကားပြောလိုက်တဲ့ အချိန်မှာ သူရပ်သွားတယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် ဒီလူက ယဉ်ကျေးတဲ့လူဆိုတာ သိသာတယ်၊ ဟင်း... ဒါပေမဲ့ သူက ပြတ်ပြတ်သားသားပဲ ထွက်သွားတယ်”

“ဟုတ်တယ်၊ အမျိုးသား ကျင့်ကြံသူတွေက မယ်တော်ဂိုဏ်းကို ဖြတ်မိရင် အမူအရာ မပျက်တာ မရှိဘူး၊ သူ့လို တည်တည်ငြိမ်ငြိမ်နေနိုင်တဲ့ ယောက်ျားက အရမ်းရှားတယ်”

ဝတ်ရုံဖြူ အမျိုးသမီးဟာ သူ့သူငယ်ချင်းတွေ ပြောတာကို နားထောင်ပြီး ဟန်ကျွယ်ရဲ့ ကျောပြင်ကို လှမ်းကြည့်လိုက်ပါတယ်။ ဝတ်ရုံဖြူ အမျိုးသမီးဟာ ဟန်ကျွယ်ကို တော်တော်လေး သဘောကျသွားတာပါ။ သူမဟာ ဒီလိုမျိုး ဘယ်တုန်းကမှ မခံစားခဲ့ရပါဘူး။ ဟန်ကျွယ်က သူမ မြင်ဖူးတဲ့ ကံတရား အထောက်အပံ့ဂိုဏ်းက ပါရမီရှင်တွေနဲ့ လုံးဝကို မတူကွဲပြားနေတာပါ။

‘သူက ဘယ်သူလဲ’

ဟန်ကျွယ်ရှေ့မှာ မျက်နှာသာပေးတဲ့ အသိပေးချက်တွေ တစ်ခုပြီးတစ်ခု ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ဒီအသိပေးချက်တွေ အကုန်လုံးကို လျစ်လျူရှုလိုက်ပါတယ်။ နှစ်တွေကြာရင် သူ ဒီနေ့တွေ့ခဲ့တဲ့ မိန်းမအများစုက သူ့ကို မေ့သွားမှာပါ။ ဒီအမျိုးသမီးတွေ သူ့ကို မြင်မြင်ချင်း ချစ်ကြိုက်ကုန်တာ ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ယောက်ျားတချို့တောင် ဟန်ကျွယ်ကို မြင်မြင်ချင်း ချစ်ကြိုက်ကုန်ပါတယ်။

ဟန်ကျွယ်အတွက်တော့ သူတို့တွေ အကုန်လုံးက သူစိမ်းတွေပါ။ မျက်နှာသာပေးမှု ရှိလာတာနဲ့ ဟန်ကျွယ်ဟာ သူတို့တွေကို အခွင့်အရေး မပေးနိုင်ပါဘူး။ ဟန်ကျွယ်ဟာ သူ့အကြောင်းကို ကောင်းကောင်း သိပါတယ်။ တခြားလူတွေက သူ့ထက် သူ့မျက်နှာကို ကြိုက်ကြတာ မဟုတ်ပါလား။

တစ်ခါတွေ့ရုံနဲ့ ရတဲ့ မျက်နှာသာပေးမှုတွေက အားနည်းလွန်းပါတယ်။ အချိန်ရဲ့ တိုက်စားမှုဒဏ်ကို ခံနိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီး ဒီမျက်နှာသာပေးမှုတွေက ရာဂအပေါ် အခြေခံထားတာပါ။

ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို လျှောက်ကြည့်နေတုန်း ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က ပန်ကူးခန်းမမှာ ပန်ရှင်း၊ ကျင်းရှန်၊ ဧကရာဇ်ရှောင် ရှီတုတောက်နဲ့ ဂျိရှင်းရှန်တို့ စုဝေးနေကြပါတယ်။

တာအိုပညာရှိတွေဟာ ကိုယ့်အသိုင်းအဝိုင်းနဲ့ကိုယ် ရှိကြပါတယ်။ ဒီအုပ်စုကတော့ ပန်ရှင်းရဲ့ အသိုင်းအဝိုင်းပါ။

တာအိုပညာရှိတွေဟာ ဟန်ကျွယ်ရဲ့ စကားကို နားထောင်တယ်ဆိုပေမဲ့ အုပ်စုဖွဲ့တာကိုတော့ မရပ်ပါဘူး။ တိတ်ဆိတ်ဂိုဏ်းထဲမှာတောင် ဒီလိုမျိုး အုပ်စုလေးတွေ ရှိပါတယ်။ ရည်ရွယ်ချက်ချင်း မတူတဲ့အတွက် လိုချင်တာချင်းကလည်း ကွဲပြားကြတယ် မဟုတ်ပါလား။

ပန်ရှင်းက ဆဲဆိုလိုက်ပါတယ် “ခွီးတဲ့မှပဲ... ငါ သူတို့ကို အသေတိုက်ဖို့ ပြင်ဆင်ပြီးပြီ”

ရှီတုတောက်က စိုးရိမ်စွာ ပြောလိုက်ပါတယ် “စီနီယာဟန်က လောလောဆယ်မှာ ရှုံဟွာနဲ့ မတိုက်ခိုက်ဖို့ ပြောထားတယ်မလား”

ပန်ရှင်းဟာ ပြုံးလိုက်ပါတယ် “အရှုပ်အရှင်း မရှိရင်တောင် ငါတို့တွေ အသေတိုက်လို့ ရသေးတယ်၊ ဒီအတောအတွင်း ငါ ရှေးပျက်သုဉ်းနယ်မြေကနေ လွတ်မြောက်လာတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် တချို့ကို ဖမ်းထားတယ်၊ ငါတို့တွေ သူတို့ကို အသုံးချပြီး အခြေအနေကို နှောင့်ယှက်လို့ ရတယ်”

ကျင်းရှန်က ပြောလိုက်ပါတယ် “တကယ်တော့ ငါတို့တွေ အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေ ကောင်းကင်တာအိုထဲ ဝင်လာအောင် စည်းရုံးလို့ရတာပဲ၊ တာအိုရောင်းရင်းဟန် မဟာဟင်းလင်းပြင်ဝိညာဉ်ကို သိမ်းသွင်းသလိုမျိုးပေါ့”

မဟာဟင်းလင်းပြင်ဝိညာဉ်က မဟာတာအိုပညာရှိပါ။ ဟန်ကျွယ်ကို ပေါင်းလိုက်ရင် ကောင်းကင်တာအို ကာကွယ်တဲ့ မဟာတာအိုပညာရှိက နှစ်ပါး ဖြစ်သွားပါပြီ။ ဒါကြောင့် မဟာတာအိုပညာရှိအသစ် တစ်ပါးက ပုန်ကန်မှာကို စိုးရိမ်စရာ မလိုပါဘူး။

ဂျိရှင်းရှန်က ပြောလိုက်ပါတယ် “ဒါဆို ကျွန်‌တော်တို့တွေ ပဋိပက္ခကို သွားမယ်လို့ ဆိုလိုတာလား”

ဂျိရှင်းရှန်ဟာ ပဋိပက္ခကို တစ်ခါမှ မသွားဖူးတဲ့အတွက် ရင်နည်းနည်း ထိတ်နေပါတယ်။

ပန်ရှင်းက ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ငါ တစ်ယောက်တည်း အရင်ဆုံး သွားကြည့်မယ်၊ မင်းတို့တွေ ကျင့်ကြံသူတစ်ချို့ ရွေးချယ်ထားချည်၊ အချိန်ကျလာရင် သူတို့ကို အသုံးဝင်လာလိမ့်မယ်”

ရွှီတုတောက် မေးလိုက်ပါတယ် “တာအိုပညာရှိအောက် ကျင့်ကြံသူတွေက အစတေးခံတွေ မဟုတ်ဘူးလား”

ပန်ရှင်းဟာ ရွှီတုတောက်ကို တစ်ချက်ကြည့်လိုက်ပါတယ် “ရှုံးရဲမှ မြတ်မှာ၊ ဒီကိစ္စက အောင်မြင်သွားရင် သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ရုံတင် မဟုတ်ဘူး၊ ကောင်းကင်တာအိုကိုလည်း အင်အားကြီးလာစေလိမ့်မယ်”

ဧကရာဇ်ရှောင်ကလည်း ဝင်ပြောပါတယ် “ဟုတ်တယ်၊ ဒါက ကောင်းကင်တာအိုအတွက် အကျိုးဆောင်မှု အကြီးကြီးပဲ၊ တာအိုရောင်းရင်းဟန်က အလျင်စလို မတိုက်ခိုက်ဖို့ပဲ ပြောတာ၊ ရှုံဟွာတွေကို မဆန့်ကျင်ရဘူးလို့ မပြောထားဘူး”

ရွှီတုတောက်ဟာ မျက်မှောင်ကြုတ်သွားပေမဲ့ နောက်ဆုံးမှာတော့ ဘာမှမပြောတော့ပါဘူး။

တာအိုပညာရှိတွေက ကစားသမားတွေ ဖြစ်ပြီး သက်ရှိအားလုံးက ကစားရုပ်တွေ မဟုတ်ပါလား။ ကောင်းကင်တာအိုသာ အဆင်ပြေမယ်ဆိုရင် ဒီစတေးမှုတွေက ဘာမှမဟုတ်ပါဘူး။

ပန်ရှင်းက အသေးစိတ် ဆက်ရှင်းပြပါတယ်။ တာအိုပညာရှိလေးပါးဟာ ဂရုတစိုက် နားထောင်ပါတယ်။

.....

စကြဝဠာခန်းမ။

ကောင်းကင်အရှင်ရွှမ်တု၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ချုံရှီလိုင်၊ ဖန်းလျန်နဲ့ ကောင်းကင်အရှင်ဝူဖာတို့ကလည်း တစ်စုံတစ်ခုကို ဆွေးနွေးနေကြပါတယ်။

“ကမ္ဘာတစ်ရာ မဟာမိတ်ဖွဲ့တာက ကိစ္စသေးသေးလေး မဟုတ်ဘူး၊ ပြီးခဲ့တဲ့ ပွဲတွေနဲ့ မတူတာက ငါတို့တွေ ဒီပွဲမှာ အကုန်ထုတ်သုံးမှာ၊ အဲဒီပွဲကို ရှန်ပေါင် တာအိုကျင့်ကြံသူလည်း လာလိမ့်မယ်၊ သူက ကောင်းကင်တာအိုကို ပစ်မှတ်ထားနိုင်တယ်” ကောင်းကင်အရှင်ရွှမ်တုက အသံနှိမ့်ပြီး ပြောလိုက်ပါတယ်။

အဆုံးသတ် အပျက်အစီး နတ်ဘုံ ဖျက်ဆီးခံရပြီး မဟာတာအို နတ်စိတ်ဝိညာဉ် အသတ်ခံလိုက်ရတည်းကက ပဋိပက္ခဟာ ဝရုန်းသုန်းကား ဖြစ်သွားတာပါ။ စွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း တစ်ပါးပြီးတစ်ပါး ထွက်ပေါ်လာပြီး ကမ္ဘာတွေ ဖန်တီးကြပါတယ်။ ပုန်းလျှိုးကွယ်လျှိုးနေတဲ့ ကမ္ဘာတွေကလည်း လူမြင်ကွင်းမှာ ပြန်ပေါ်လာပါတယ်။

ရွှေခေတ်က ကောင်းကင်တာအိုတင် ရောက်တာ မဟုတ်ပါဘူး။ ပဋိပက္ခမှာပါ ရွှေခေတ်ရောက်တာပါ။

ကောင်းကင်အရှင်ဝူဖာက ပြောလိုက်ပါတယ် “ရှန်ပေါင် တာအိုကျင့်ကြံသူက ကောင်းကင်တာအိုကို ပစ်မှတ်မထားလောက်ဘူး၊ အဲဒီအစား ပံ့တောင် ပံ့ပိုးလောက်တယ်”

ဂိုဏ်းချုပ်တျန်ကျွယ်၊ ဖန်းလျန်နဲ့ ချုံရှီလိုင်တို့ကို ကောင်းကင်အရှင်ဝူဖာရဲ့ စကားကို ခေါင်းညိတ် ထောက်ခံကြပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ သူတို့လေးယောက်ကို ကြည့်ပြီး မျက်ခုံးလှုပ်သွားပါတယ်။

ကောင်းကင်အရှင်ရွှမ်တုကလည်း တစ်စုံတစ်ခုကို တွေးမိသွားပြီး အကြည့်ပြောင်းသွားပါတယ် “ဒီလိုဆိုရင် ငါတို့ငါးယောက် သွားကြမယ်၊ တခြားတာအိုပညာရှိတွေက ကောင်းကင်တာအိုကို စောင့်ကြပ်ကြလိမ့်မယ်”

တောင်ဘက်စွန်း ကောင်းကင်အရှင်က မေးလိုက်ပါတယ် “ငါတို့တွေ တခြားတာအိုပညာရှိတွေနဲ့ ဆွေးနွေးဖို့ မလိုဘူးလား”

ကောင်းကင်အရှင်ရွှမ်တုက ပြန်ဖြေလိုက်ပါတယ် “မလိုဘူး၊ ကောင်းကင်တာအိုက ပိုပိုပြီးတော့ အင်အားကြီးလာပြီ၊ ငါတို့တွေ ကိစ္စအားလုံးကိုသာ ဆွေးနွေး ဆုံးဖြတ်နေရရင် ပြီးတော့မှာ မဟုတ်ဘူး၊ တာအိုပညာရှိတွေကို ကိုယ့်ဘာသာ ဦးဆောင်ဖြေရှင်းခိုင်းတာ အကောင်းဆုံးပဲ”

တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ကောင်းကင်အရှင်ရွှမ်တုကို စိုက်ကြည့်ပြီး စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီကောင်က နောက်ဆုံးတော့ သူတော်ကောင်း မျက်နှာဖုံးကို ဆုတ်ဖြဲပြီး အာဏာအတွက် စတိုက်ခိုက်ပြီပဲ’

ပြီးခဲ့တဲ့နှစ်တွေမှာ ကောင်းကင်အရှင်ရွှမ်တုက ဘာမှမလိုချင်ခဲ့ပေမဲ့ တဖြည်းဖြည်း အာဏာရလာခဲ့ပါတယ်။ အခု ကောင်းကင်အရှင်ရွှမ်တုက တစ်ခုခုအတွက် တိုက်ခိုက်မယ်ဆိုရင် တခြားတာအိုပညာရှိတွေက ငြင်းမှာ မဟုတ်ပါဘူး။

“ဒါဆို ဒီကိစ္စကို ဒီလိုဆုံးဖြတ်ထားလိုက်မယ်၊ မင်းတို့တွေ ပါရမီရှင်တွေကို ကိုယ်စီ ရွေးချယ်ကြ၊ သူတို့ရဲ့ အရည်အချင်းက ထက်မြက်လေ ပိုကောင်းလေပဲ၊ ငါတို့တွေ ကောင်းကင်တာအိုရဲ့ အင်အားကို တခြားကမ္ဘာတွေ သိအောင် ပြရမယ်” ကောင်းကင်အရှင်ရွှမ်တု တစ်ချက်လွှတ် လေသံနဲ့ ပြောလိုက်ပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်အရှင်ဝူဖာရဲ့ စကားကို ကြားရပြီးနောက်ပိုင်းမှာ ယုံကြည်မှုအပြည့် ရှိသွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters