ရှီးချီယောင်
Vol. 165 Ch. 2356
ရီဖူရှင်းက အနောက်အင်ပါယာနန်းတော်မှ အမျိုးသမီးရန်ဟောင်ကို ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျားက ဘယ်သူလဲဆိုတာ မေးလို့ရမလား နတ်မိမယ်။"
"အနောက်အင်ပါယာနန်းတော်က ရှီးချီယောင်ပါ။" အမျိုးသမီးက ပြောလိုက်သည်။
"ရှီးချီယောင်" ရီဖူရှင်းက ရေရွတ်လိုက်သည်။ ရှီးချီယောင်နောက်တွင် ရှိနေသော အနောက်အင်ပါယာနန်းတော်မှ အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ "နတ်မိမယ်ချီယောင်က အနောက်အင်ပါယာရဲ့ မျိုးဆက်ဖြစ်ပြီး အနောက်အင်ပါယာနန်းတော်ရဲ့ ပထမဆက်ခံသူတစ်ယောက်ပဲ။"
ထိုအကြီးအကဲ၏ စကားကို ကြားသောအခါ ရီဖူရှင်း မျက်နှာထက် ထူးဆန်းသော အမူအရာ ဖြစ်ပေါ်လာသည်။ ယခင် စွန့်ပစ်ခံကလန်နှင့် တိုက်ပွဲအတွင်း သူက ရှီးချီယောင်ကို မမြင်ခဲ့ရပေ။ တိုက်ပွဲတွင် အခြားကျင့်ကြံသူတစ်ယောက် ပါဝင်ခဲ့၏။ သူမသည် ယခင်က မူလဘုံ၌ မရှိခဲ့ပုံရလေသည်။ မင်းသမီးဒွန်ဟောင် အမိန့်ပေးခဲ့ပြီးနောက် ကောင်းကင်ဒေသမှ အင်အားစုအသီးသီးက သူတို့ အဖွဲ့ဝင်များကို ပိုမို စေလွှတ်ခဲ့သည်။ ထို့နောက်မှသာ ရှီးချီယောင်က ဤနေရာသို့ လာရောက်ခဲ့ခြင်း ဖြစ်ရပေမည်။
ရှီးချီယောင်က အနောက်အင်ပါယာ၏ မျိုးဆက်ဖြစ်ပြီး အနောက်အင်ပါယာနန်းတော်၏ ပထမဆက်ခံသူဟု ပြောခဲ့သည်။ သူမ၏ အဆင့်အတန်းက အလွန် မြင့်မြတ်လှသည်။ ထိုသည်ကို ကြည့်လျှင် တစ်ဖက်လူက ဤကိစ္စအား အတော်လေး အရေးထားပုံရလေသည်။
အမှန်တွင် ရီဖူရှင်းက အနောက်အင်ပါယာနယ်မြေအတွင်း ရှီးချီယောင်၏ အဆင့်အတန်းအကြောင်း သိပ်မသိပေ။ ရှီးချီယောင်က ထိုနေရာ၌ နှစ်ပေါင်းများစွာ ကြာအောင် ကျော်ကြားခဲ့ပြီး ဖြစ်သည်။ သူမသည် ထူးခြားမြင့်မြတ်သည့် နောက်ခံဖြင့် မွေးဖွားခဲ့သည်။ သူမက အနောက်အင်ပါယာ၏ တိုက်ရိုက်မျိုးဆက် ဖြစ်သည်။ သူမက မိသားစု၏ အမွေအနှစ်ကို လက်ခံရရှိသောအခါ အနောက်အင်ပါယာ၏ သွေးမျိုးဆက်က နိုးထလာပြီး ၎င်းစွမ်းအားက အလွန် မြင့်မားသည့် စွမ်းဆောင်ရည်ကို ပိုင်ဆိုင်စေသည်။ သူမသည် ပြိုင်ဘက်ကင်းပါရမီကို ပြသခဲ့ပြီး အနောက်အင်ပါယာ ချန်ရစ်ခဲ့သည့် ပညာရပ်များကို သင်ယူရန် အသင့်တော်ဆုံးသူ ဖြစ်ခဲ့သည်။ ထို့ကြောင့် သူမက အနောက်အင်ပါယာနန်းတော်၏ ပထမဆက်ခံသူ ဖြစ်လာရခြင်း ဖြစ်သည်။
မူလဘုံအတွင်း ထိုကဲ့သို့သော ကြီးမားသည့် အပြောင်းအလဲမျိုး မရှိခဲ့လျှင် သူမကဲ့သို့ လူမျိုးက အောက်ဘုံသို့ ကိုယ်တိုင်ရောက်ရှိလာရန်မှာ မဖြစ်နိုင်ပေ။
အမျိုးမျိုးသော အဓိကလောကများအတွင်း ရုတ်ရုတ်သဲသဲ အခြေအနေများ ပြင်းထန်နေခဲ့သည်။ မူလဘုံအတွင်း မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေခဲ့သည်။ လောက၏ အပြောင်းအလဲများက မူလဘုံမှစတင်ကာ ကောင်းကင်ဒေသသို့ ပျံ့နှံ့သွားမည်ဟု ဟောကိန်းရှိခဲ့သည်။ ထို့ကြောင့် ကောင်းကင်ဒေသမှ အင်အားစုများစွာက ဤနေရာသို့ ရောက်ရှိနေခြင်း ဖြစ်ပေသည်။ အနောက်အင်ပါယာနန်းတော်၏ နတ်မိမယ်ဖြစ်ပြီး ပထမဆက်ခံသူ ဖြစ်သော သူမသည်လည်း ကိုယ်တိုင် ရောက်ရှိလာသည်။
သူမက မည်သည့်အတွက်ကြောင့် ရီဖူရှင်းကို ဖိတ်ကြားရသနည်းဆိုခြင်းမှာ အမှန်တကယ်၌ သူမက သူ့ကို စမ်းသပ်ချင်သောကြောင့် ဖြစ်သည်။ အနောက်အင်ပါယာနန်းတော်မှ ရီဖူရှင်းအပေါ် စုံစမ်းစစ်ဆေးမှုရလဒ်ကို အခြေခံပြီး သူတို့သည် ရီဖူရှင်း၏ နောက်ခံနှင့်ပတ်သတ်၍ သံသယဖြစ်ဖွယ် ကိစ္စရပ်များကို ရှာဖွေတွေ့ရှိခဲ့သည်။ သူ၏ မူလဇာစ်မြစ်က အောက်ဘုံရှိ ပြည်နယ်ကိုးခုမှ ဖြစ်သည်။ သို့သော် လက်ရှိ အချိန်ထိ သူ၏ ခရီးစဥ်တလျှောက်တွင် မရှင်းလင်းသည့် အပိုင်းများစွာ ရှိနေပေသည်။
အနောက်အင်ပါယာနန်းတော်၏ နတ်မိမယ်တစ်ပါးအနေနှင့် ရှီးချီယောင်က ကျင့်ကြံခြင်းလောက၏ ပါရမီအရည်အချင်းများကို ဖြတ်၍ မြင်နိုင်စွမ်းရှိသည်။ သာမန်လူများသည် ပြင်းထန် ခိုင်မာသော ဆန္ဒနှင့် ယုံကြည်မှုတို့ပေါ် မှီခို၍ ရှေ့ဆက်ရန် အခွင့်အရေး ရှာဖွေကြသော်လည်း သူတို့၏ ခရီးစဥ်တလျှောက် ချောမွေ့စွာ ဖြတ်သန်းနိုင်ရန်က မဖြစ်နိုင်ပေ။ ရီဖူရှင်းသည် ကောင်းကင်ဘုံ၏ ဂုဏ်ယူရသော သားတော်များစွာကို အောင်နိုင်ခဲ့ပြီး ယခုအခြေအနေသို့ ရောက်ရှိရန် လျင်မြန်စွာ တိုးတက်လာပေသည်။ သူက သာမန်လူတစ်ယောက် ဖြစ်ပုံမပေါ်ပေ။
ထိုသို့ဆိုလျှင် သူက အမှန်တကယ် အောက်ဘုံမှ လူတစ်ယောက် ဖြစ်သည့်ပုံ မပေါ်ချေ။
သူတို့၏ စုံစမ်းစစ်ဆေးမှုအရ ရီဖူရှင်း မွေးဖွားရာနေရာနှင့် အကြောင်းအရာတို့က အပြည့်အဝ ဖျက်ပစ်ခံထားရသည်။ သူ့လူငယ်ဘဝမှတ်တမ်းများက ထိုကဲ့သို့ ဖျက်ပစ်ခံထားရလေသည်။
ရီဖူရှင်းနှင့် ပတ်သတ်၍ လျှို့ဝှက်ဆန်းကြယ်မှုများစွာ ရှိနေပေသည်။ သူ့တွင် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များစွာ ရှိနေပုံရသည်။ သူက လေးမျက်နှာကျေးရွာနှင့် စီဝေ့ကြယ်ကမ္ဘာကို ထိန်းချုပ်ပြီး မဟာအင်ပါယာများစွာ၏ အမွေအနှစ်များကိုလည်း ရရှိပိုင်ဆိုင်ထားသေးသည်။ ထို့ကြောင့် ရှီးချီယောင်က ရီဖူရှင်းအား အနိုင်ယူရန် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်လာခြင်း ဖြစ်သည်။
ရီဖူရှင်းသည် အတွေးနက်နေသော အကြည့်တို့နှင့် ရှီးချီယောင်အား ကြည့်ကာ ပြောလိုက်သည်။ "နတ်မိမယ်ချီယောင် ဒါဆို ခင်ဗျားက ဘယ်လိုအခြေအနေမဆို သဘောတူမယ်လို့ ဆိုလိုတာလား။"
ရီဖူရှင်းက ရှီးချီယောင်ကို ကြည့်ကာ ပြုံးလိုက်သည်။ သူမ၏ အရှိန်အဝါက ထူးခြားဆန်းကြယ်လှ၏။ သူမ ပုံရိပ်အနီးတွင် သဏ္ဌာန်မဲ့အလင်းတို့ လင်းလက်နေပုံရသည်။ သူမအား နတ်အလင်းဖြင့် ဝန်းရံထားပုံရလေသည်။ သာမန်လူများသည် ထိုကဲ့သို့သော အရှိန်အဝါမျိုးရှိသည့် တစ်စုံတစ်ယောက်ထံ ချဥ်းကပ်ရဲလိမ့်မည် မဟုတ်ပေ။
ရှီးချီယောင်သည် ရီဖူရှင်း၏ အကြည့်တို့က သူမအား စစ်ဆေးကြည့်နေသည်ကို မြင်သောအခါ ထူးဆန်းသောအကြည့်တို့ ဖြစ်ပေါ်လာသည်။ အနောက်အင်ပါယာနန်းတော်၏ ကျင့်ကြံသူများက မျက်မှောင်ကြုတ်လိုက်ကြသည်။ ရီဖူရှင်းက နတ်မိမယ်နှင့် ပတ်သတ်၍ တစ်ခုခု တွေးနေသည်လား။
"ရန်ဟောင်ရီမှာ ဘာတောင်းဆိုချက်များရှိလို့လဲ။" ရှီးချီယောင်က မေးလိုက်သည်။ သူမ၏ အမူအရာက ပုံမှန်ဖြစ်နေပြီး တည်ငြိမ်ပုံပေါ်နေသည်။
ရီဖူရှင်းက ဖြေးညင်းစွာ ပြောလိုက်သည်။ "ကျုပ်တို့ မဟာမိတ်တွေ ဖြစ်လာမယ်ဆိုရင် စစ်မှန်တဲ့ရိုးသားမှုကို ပြသဖို့ လိုအပ်တယ်လေ။ နတ်မိမယ်ချီယောင်မှာ ထူးချွန်ထက်မြက်တဲ့ ပါရမီရှိတယ်။ ခင်ဗျား ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝင်ရောက်ပြီး အဖွဲ့ဝင်တစ်ယောက်အဖြစ် ကျင့်ကြံဖို့ ဆန္ဒရှိမလား သိချင်မိပါတယ်။ အနောက်အင်ပါယာနန်းတော်က ကျုပ်ကို အနောက်အင်ပါယာရဲ့ ပညာရပ်တွေ သင်ယူဖို့ ခွင့်ပြုမယ်ဆိုရင် ကျုပ်က နတ်မိမယ်ကို ဆိုးဆိုးဝါးဝါး အဆုံးသတ်စေမှာ မဟုတ်ဘူး။ ကျုပ်က ခင်ဗျားရဲ့ ကျင့်ကြံခြင်းကို လမ်းညွှန်ပေးပြီးတော့ ကျုပ် ရရှိထားတဲ့ မဟာအင်ပါယာတွေရဲ့ ပညာရပ်အမွေအနှစ်တွေကို သင်ယူနိုင်မယ့် အခွင့်အရေးလည်း ပေးပါမယ်။"
သူ ပြောပြီးသည်နှင့် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များမှ သဏ္ဌာန်မဲ့အရှိန်အဝါတို့ ထုတ်လွှတ်လာသည်။ သူတို့က မျက်မှောင်ကြုတ်လိုက်ပြီး အရှိန်အဝါများက ချက်ချင်း ပြင်းထန်လာသည်။
"အတင့်ရဲလှချည်လား။" အကြီးအကဲတစ်ယောက်က အေးစက်စွာ နှာမှုတ်ရင်း အပြစ်တင်ပြောဆိုလိုက်သည်။
နတ်မိမယ်ချီယောင်က အနောက်အင်ပါယာနန်းတော်မှ ပထမဆက်ခံသူ ဖြစ်သည်။ ရီဖူရှင်းက နတ်မိမယ်ကို ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဝင်ရောက်ကာ ကျင့်ကြံစေလိုသည်လား။ သူမက သူ၏ နောက်လိုက်တစ်ယောက် ဖြစ်လာရမည်လား။
သူသည် နတ်မိမယ်ကို အဆုံးသတ်၌ ဆိုးဆိုးဝါးဝါး မဆက်ဆံဘဲ ကျင့်ကြံခြင်း၌ပင် လမ်းညွှန်ပေးမည်ဟု ဆိုနေခဲ့သည်လား။
ရီဖူရှင်းက ထိုသို့သော မောက်မာမှုမျိုးနှင့် စကားပြောဆိုခဲ့သည်။
သို့သော် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများသည် မည်သည့် ပြဿနာမှ ကြီးကြီးမားမား မရှိသကဲ့သို့ လျစ်လျူရှုသည့် အမူအရာတို့နှင့် ရှိနေခဲ့သည်။ အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်း ကျူးကျော်လာခြင်း ဖြစ်သည်။ သူတို့သည် ရီဖူရှင်းကို အနောက်အင်ပါယာနန်းတော်၌ ကျင့်ကြံရန် ဝင်ရောက်စေချင်နေသည်။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် မဟာမိတ်ဖွဲ့ချင်နေကြ၏။ ထိုသို့ဆိုလျှင် သူတို့က ရီဖူရှင်း အကြံပြုသည့် အချက်နှင့် ပတ်သတ်၍ မည်သို့မှ ပြောရန် မလိုအပ်ပေ။ ရီဖူရှင်းက အနောက်အင်ပါယာနန်းတော်၌ ကျင့်ကြံရန် ဝင်ရောက်လျှင် နတ်မိမယ်ချီယောင်ကလည်း ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဝင်ရောက်နိုင်ရမည် ဖြစ်သည်။
မဟုတ်လျှင် ရီဖူရှင်းက တစ်ဖက်လူထက် နိမ့်ကျသည်ဟု ဆိုလိုလိုက်ခြင်း ဖြစ်နေမည် မဟုတ်ပါလား။
"ဒါက ဘယ်လို အတင့်ရဲတယ် ပြောလို့ရမှာလဲ။ ဖူရှင်းက မဟာအင်ပါယာ အများကြီးရဲ့ ဆက်ခံသူတစ်ယောက်ပဲ။ သူက နတ်ဆိုးအင်ပါယာရဲ့ တပည့်နဲ့ ရှေးဟောင်းနတ်ဘုရားကလန်ရဲ့ ဆက်ခံသူကို အနိုင်ယူနိုင်ခဲ့တယ်။ သူက ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ ကျောင်းအုပ်နဲ့ စီဝေ့အင်ပါယာနန်းတော်ရဲ့ နန်းတော်သခင်လည်း ဖြစ်တယ်။ သူက ဘယ်လိုလုပ် နတ်မိမယ်ချီယောင်ထက် နိမ့်ကျမှာလဲ။" ရန်ဟောင်ချန်းက ပြောလိုက်သည်။ သူ၏ အသံက မကျေမနပ်ဖြစ်နေပုံရသည်။ တစ်ဖက်လူက ဤနေရာသို့ ရောက်လာကတည်းက သူတို့က မည်သည့် စစ်မှန်မှုမှ မပြသခဲ့ပေ။ မဟာမိတ်ကို ဤသို့သော ပုံစံဖြင့် မည်ကဲ့သို့ ဖွဲ့ရပါမည်နည်း။ သူတို့က ရီဖူရှင်း ထိန်းချုပ်ထားသည့် စွမ်းအားများကို သူတို့အပိုင်အဖြစ် သိမ်းယူချင်နေသည်မှာ သေချာပေသည်။
"ဟွားကျွင့်လိုင်က နတ်မိမယ်ကို ဘယ်လို ယှဥ်နိုင်မှာလဲ။" အနောက်အင်ပါယာနန်းတော်မှ အကြီးအကဲတစ်ယောက်က အေးစက်စွာ သရော်လိုက်သည်။ ရီဖူရှင်းက စွန့်ပစ်ခံကလန်၏ နယ်မြေအတွင်း ဟောက်ထျန်းကလန်၏ ဆက်ခံသူ ဟွားကျွင့်လိုင်ကို အနိုင်ယူခဲ့သည်။ သို့သော် အနောက်အင်ပါယာနန်းတော်၏ ကျင့်ကြံသူများ မျက်လုံးထဲတွင် ဟွားကျွင့်လိုင်က ရှီးချီယောင်ကို ယှဥ်ရန် အရည်အချင်းမပြည့်မီပုံပေါ်လေသည်။
ရှီးချီယောင်က အနောက်အင်ပါယာနန်းတော်၏ ပထမဆက်ခံသူ ဖြစ်ပြီး အနောက်ပင်လယ်နယ်မြေမှ အသိအမှတ်ပြုထားသည့် ထိပ်တန်းပါရမီရှင် ဖြစ်သည်။ သူမက ထိပ်သီးအဆင့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာပြီး အနောက်ပင်လယ်နယ်မြေ၏ အုပ်ချုပ်သူဖြစ်လာရန် ကံကြမ္မာရှိလေသည်။
ဟောက်ထျန်းကလန်၏ ဆက်ခံသူက ဟွားကျွင့်လိုင် ဖြစ်သော်လည်း သူက ကလန်၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်သည်။ အနောက်ပင်လယ်နယ်မြေ၏ ထိပ်ဆုံးတွင် ရပ်တည်နေသော ရှီးချီယောင်ကို နန်ထျန်းနယ်မြေအတွင်း၌သာ ရပ်တည်နိုင်သည့် ဟွားကျွင့်လိုင်က ယှဥ်နိုင်မည် မဟုတ်ပေ။
"ဟွားကျွင့်လိုင်က ရီဖူရှင်း လက်အောက်မှာ ရှုံးနိမ့်ခဲ့သူကလွဲပြီး ဘာမှမဟုတ်ဘူး။ ဒါပေမယ့် ရီဖူရှင်းက ဟွားကျွင့်လိုင်ထက် ကျင့်ကြံဆင့်နိမ့်နေသေးတာတောင် သူ့ကို အနိုင်ယူနိုင်ခဲ့တာလေ။ အဲဒီလိုဆိုတော့ နတ်မိမယ်ချီယောင်က ဟွားကျွင့်လိုင်ထက်ပိုပြီး ထူးချွန်နေတာလား။" ရန်ဟောင်ချန်းက ပြန်ဖြေလိုက်သည်။ တစ်ဖက်လူ၏ လေသံက မောက်မာလှသောကြောင့် သူကလည်း သူ့စကားလုံးများကို ထိန်းချုပ်နေတော့မည် မဟုတ်ပေ။ ရီဖူရှင်းက စီဝေ့မဟာအင်ပါယာ၏ ဆက်ခံသူအဖြစ် ရွေးချယ်ခံခဲ့ရပြီး သူက အနောက်အင်ပါယာ၏ ဆက်ခံသူထက် နိမ့်ကျလိမ့်မည် မဟုတ်ပေ။
ရှေးခေတ်အချိန်က စီဝေ့မဟာအင်ပါယာသည် မဟာအင်ပါယာများထဲတွင် အားအကောင်းဆုံးတစ်ယောက် ဖြစ်ခဲ့သည်။ သူက အထွတ်အထိပ်တွင် ရပ်တည်နေသည့် တည်ရှိမှုတစ်ခု ဖြစ်ခဲ့၏။ မဟာအင်ပါယာများစွာက သူ့အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သည်။
ရန်ဟောင်ချန်းက သူ စကားပြောသည့်အခါ ထိန်းချုပ်မထားခဲ့ပေ။ အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် နတ်မိမယ်ချီယောင်က ပြိုင်ဘက်ကင်းသည်ဟု ယုံကြည်ကြသည်။ သို့သော် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက ထိုသို့မတွေးကြပေ။ နတ်မိမယ်ချီယောင်က မည်သို့ဖြစ်၍ ရီဖူရှင်းရှေ့၌ မောက်မာစွာပြုမူရန် အရည်အချင်း ပြည့်မီပါမည်နည်း။
"ကျွန်မ ရန်ဟောင်ရီရဲ့ အမြင်ကို ကြားချင်ပါတယ်။" ရှီးချီယောင်က ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။
ရီဖူရှင်းက သူမကို ကြည့်ကာ ပြောလိုက်သည်။ "ကျုပ်ရဲ့ အမြင်ကို ကျုပ် ပြောခဲ့ပြီးပြီ။ ကြည့်ရတာ နတ်မိမယ်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝင်ပြီး ကျုပ်နဲ့အတူ ကျင့်ကြံဖို့ ဆန္ဒမရှိဘူးထင်တယ်။"
ရှီးချီယောင်က ရီဖူရှင်း၏ စကားများကို ကြားသည့်အခါ ပြုံးလိုက်သည်။ သူမက ညှို့အားပြင်းသော မျက်နှာကို ပိုင်ဆိုင်ထားသည်။ အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက သူမ၏ အပြုံးကြောင့် ညှို့ယူခံလိုက်ရပေသည်။ ရှီးချီယောင်က ထိုသို့သော အပြုံးမျိုး ပြုံးခဲလှသည်။
ဤရီဖူရှင်းက အမှန်တကယ် ရဲတင်းလွန်းပေသည်။
"ရန်ဟောင်ရီက ထင်ထားသလိုပါပဲ။ ရှင်က ကျွန်မ ကြားထားမိသလို အတိအကျပါပဲ။" ရှီးချီယောင်က အပြုံးနှင့် ပြောလိုက်သည်။ "ရန်ဟောင်ရီ ရှင် ကျွန်မကို ရှင်နဲ့အတူ ကျင့်ကြံစေချင်တယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ အဖြေက ရှင့် အရည်အချင်းပေါ်မှာ မူတည်နေတယ်။"