← Chapters

ဓားမိုးရွာခြင်း 

Vol. 165 Ch. 2357

ဓားမိုးရွာခြင်း 

Vol. 165 Ch. 2357

ရီဖူရှင်းက ရှီးချီယောင်၏ စကားလုံးများကို ကြားသောအခါ သူက သူမအား ပြုံးပြရင်း ပြောလိုက်သည်။ "နတ်မိမယ်ချီယောင် ခင်ဗျားက ကျုပ်ကို စစ်ဆေးချင်နေတယ်လို့ ဆိုလိုတာလား။"

ရှီးချီယောင်၏ ကျင့်ကြံခြင်းက ဟောက်ထျန်းကလန်မှ ဟွားကျွင့်လိုင်နှင့် တူညီသောအဆင့်တွင် ရှိကြပေသည်။ သူမက အဆင့်ရှစ်ရန်ဟောင်တစ်ပါး ဖြစ်သည်။ သို့သော် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ၏ သဘောထားအရဆိုလျှင် ရှီးချီယောင်၏ ကျင့်ကြံခြင်းက ဟွားကျွင့်လိုင်ထက် ပို၍ အားကောင်းလိမ့်မည် ဖြစ်သည်။ ကံမကောင်းစွာနှင့် ရီဖူရှင်းသည် ကောင်းကင်ဒေသမှ ထိုပြိုင်ဘက်ကင်းပုဂ္ဂိုလ်များအကြောင်း အနည်းငယ်သာ သိရှိထားသည်။

သူတို့ နှစ်ယောက်လုံးက ရှေးဟောင်းနတ်ဘုရားကလန်မှ ကျင့်ကြံသူများဖြစ်သော်လည်း သူတို့ကြားတွင် မတူညီမှုများ သေချာပေါက် ရှိပေလိမ့်မည်။ အဆုံးမှာတော့ ရှီးချီယောင်က အနောက်အင်ပါယာ၏ တိုက်ရိုက်မျိုးဆက်ဖြစ်ပြီး အနောက်အင်ပါယာနန်းတော်၏ ပထမဆက်ခံသူလည်း ဖြစ်သည်။

ရီဖူရှင်းသည် နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်ဖြစ်သည့် ရှောင်းမုနှင့် ယှဥ်လျှင် သူမ၏ စွမ်းရည်က မည်သို့ ဖြစ်မည်ကို သိချင်မိပေသည်။

ရီဖူရှင်းကလည်း သူမ၏ စွမ်းရည်ကို စမ်းသပ်ချင်နေသည်။ သူက ကောင်းကင်ဒေသမှ ထိပ်သီးအဆင့်ပုဂ္ဂိုလ်၏ တိုက်ပွဲစွမ်းရည်ကို သိချင်နေပေသည်။

အနောက်အင်ပါယာနန်းတော်၏ ကျင့်ကြံသူများက စိတ်အနှောက်အယှက်ဖြစ်သော အမူအရာတို့နှင့် ရှိနေခဲ့သည်။ ထင်ထားသလိုပင် မူလဘုံ၏ ထိုထိပ်သီးပါရမီရှင်က အလွန် မောက်မာလှသည်။ သူတို့ ယခင်က သူ့အကြောင်း အရာအားလုံးကို စုံစမ်းခဲ့ဖူးသည်။ ရီဖူရှင်း၏ တိုးတက်မှု လမ်းကြောင်း တလျှောက်တွင် သူ၏ မျိုးဆက်အတွင်း၌ သူ့ထက် သာလွန်နိုင်သူ မည်သူမှ မရှိလုနီးပါးပင် ဖြစ်သည်။ သူက အလွန်ရဲတင်းစွာ ပြုမူနေသည်မှာ အံ့သြစရာမရှိတော့ပေ။

"ဒီလိုဆိုရင်တော့ ကျွန်မကလည်း ရန်ဟောင်ရီရဲ့ စွမ်းရည်ကို စမ်းသပ်ဖို့ ဆန္ဒရှိပါတယ်။" ရှီးချီယောင်က ပြောလိုက်သည်။ သူမက လှပသော မျက်လုံးများနှင့် ရီဖူရှင်းကို ကြည့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို နတ်အလင်းတို့ ဝန်းရံလာသည်။ ရီဖူရှင်း၏ ပုံရိပ်က လင်းလက်သွားသည်။ သူက ချက်ချင်းပင် လေဟာနယ်ကို ​ဖြတ်သန်းသွားပြီး ကောင်းကင်အမြင့်၌ ပေါ်ပေါက်လာသည်။

ရှီးချီယောင်က ခေါင်းကို မော့ကာ ကြည့်လိုက်ပြီး ရှေ့သို့ ခြေလှမ်းလိုက်သည်။ နတ်အလင်းက လင်းလက်လာကာ သူမသည်လည်း အထက်သို့ တက်သွားခဲ့သည်။ ခဏချင်းအတွင်း သူတို့နှစ်ယောက်က မြေပြင်ထက်မှ အလွန် မြင့်မားသော ​နေရာတွင် ပေါ်ပေါက်လာသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျင့်ကြံသူများကလည်း ကောင်းကင်သို့ တူညီစွာ တက်သွားခဲ့ကြသည်။ ကျောင်းတော်မှ ကျင့်ကြံသူများအ​ပြင် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများလည်း ရှိနေခဲ့သည်။ သူတို့က မတူညီသော နေရာတွင် ရပ်နေကာ ကောင်းကင်ရှိ ပုံရိပ်နှစ်ခုကို မော့ကြည့်နေကြသည်။

ရီဖူရှင်းနှင့် ရှီးချီယောင်က မျက်နှာချင်းဆိုင်ကာ ရပ်နေခဲ့ကြ၏။ သူတို့၏ ပုံရိပ်များက ကြည့်ရန်ပင် အလွန် တောက်ပနေခဲ့သည်။ ရီဖူရှင်း၏ မဟာလမ်းစဥ် နတ်ခန္ဓာက တောက်ပလင်းလက်လာသည်။ ရှီးချီယောင်က မြင့်မြတ်ကာ ခမ်းနားကြီးကျယ်သည့် ပြိုင်ဘက်ကင်း နတ်မိမယ်တစ်ပါးကဲ့သို့ပင် ဖြစ်သည်။ သူမ၏ အရှိန်အဝါက နှိုင်းယှဥ်၍ပင် မရချေ။ သူမ ခန္ဓာကိုယ်ကို နတ်အလင်းများနှင့် လွှမ်းခြုံထားကာ လူအများကို သူမအား တိုက်ရိုက်မကြည့်ရဲရအောင် ဖြစ်စေသည်။ သူမက စစ်မှန်သော နတ်ဘုရားမတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။

ရှီးချီယောင်သည် အနောက်အင်ပါယာ၏ ပညာအမွေအနှစ်များကို ဆက်ခံနိုင်သည့် စွမ်းဆောင်ရည်အရှိဆူံး ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ အတိတ် ထောင်စုနှစ်များ၌ပင် အနောက်အင်ပါယာနန်းတော်တွင် သူမကဲ့သို့ သူမျိုး တစ်စုံတစ်ယောက်မှ မပေါ်ပေါက်ခဲ့ဖူးပေ။ သူမသည် ၎င်းစွမ်းအားကို နိုးထစေနိုင်သည့် အသန်မာဆုံးလူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူမက အနောက်အင်ပါယာနန်းတော်၏ ပထမဆက်ခံသူအဖြစ် အချိန်ကြာရှည်စွာ ရပ်တည်နိုင်ခြင်း ဖြစ်သည်။ လက်ရှိ အနောက်အင်ပါယာနန်းတော်တွင် သူမ၏ နေရာကို စိန်ခေါ်နိုင်သူ မည်သူမှ မရှိပေ။

သူမ မည်သည့်နေရာကို သွားသည်ဖြစ်စေ သူမအား လိုက်လံစောင့်ရှောက်ပေးသော ကျင့်ကြံသူများစွာ ရှိသည်။ သူမကို ကာကွယ်ပေးရန် အနောက်အင်ပါယာနန်းတော်၏ ကျင့်ကြံသူများစွာ သူမနှင့် လိုက်ပါလာပေလိမ့်မည်။ ဤတစ်ကြိမ်၌ သူမက အောက်ဘုံသို့ ရောက်လာခဲ့သည်။ ဆိုလိုသည်မှာ အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများလည်း မူလဘုံသို့ ရောက်ရှိလာသည်ဟု ဖြစ်ပေသည်။

"နတ်မိမယ်ချီယောင် ကျုပ်တို့ စတော့မလား။" ရီဖူရှင်းက ပြောလိုက်သည်။ သူက အလွန် ယဥ်ကျေးနေပုံရသည်။

"ရန်ဟောင်ရီ ရှင့်ရဲ့ ကျင့်ကြံဆင့်က ကျွန်မထက် နိမ့်တယ်။ ရှင် အရင် စလိုက်ပါ။" ရှီးချီယောင်က ပြန်ဖြေလိုက်သည်။ သူတို့၏ စကားအသွားအလာကို ကြည့်လျှင် အခြားလူများသည် သူတို့က မည်မျှ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူအထင်ကြီးနေကြောင်း မြင်နိုင်ပေသည်။ သူတို့က အရင်ဆုံးလှုပ်ရှားရန် တစ်ဖက်လူအား အခွင့်အရေး ပေးချင်နေကြသည်။

အဝေးမှ ကျင့်ကြံသူများ၏ နတ်အာရုံတို့က သူတို့ပေါ်သို့ ကျရောက်လာသည်။ အောက်ဘက်ရှိ ကျင့်ကြံသူများသည် အနီးတွင် ရှိနေသည်မှာ သူတို့သာလျှင် မဟုတ်ကြောင်း သိကြပေသည်။ အနောက်အင်ပါယာနန်းတော်မှ ကောင်းကင်အာဏာစက်ဘုံသို့ လာရောက်ခြင်းက ဗဟိုအင်ပါယာဘုံမှ ကျင့်ကြံသူများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပေသည်။ အများစုက ရောက်ရှိလာပြီးဖြစ်သော်လည်း သူတို့က လူမြင်ကွင်းမှ ရှောင်တိမ်းနေကာ လူလုံးထွက်မပြခြင်းသာ ဖြစ်ကြသည်။

စွန့်ပစ်ခံကလန်အား ဆန့်ကျင်တိုက်ခိုက်သည့် တိုက်ပွဲအတွင်း ရီဖူရှင်းက လွှမ်းမိုးနိုင်သော စွမ်းအားဖြင့် ဟွားကျွင့်လိုင်ကို ဖိနှိပ်နိုင်ခဲ့သည်။ ယခု သူက အနောက်ပင်လယ်နယ်မြေ၏ ထိပ်တန်းအဆင့်ကျင့်ကြံသူဖြစ်သော အနောက်အင်ပါယာနန်းတော်၏ မင်းသမီး ရှီးချီယောင်ကို ဆန့်ကျင်တိုက်ခိုက်နိုင်လိမ့်မည်လား။

"ဒီလိုဆိုရင် တစ်ချိန်တည်း အတူတူ တိုက်ကြတာပေါ့။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။  သူ ပြောပြီးသည်နှင့် မဟာလမ်းစဥ် ဖိအားက ကျယ်ပြောသော လေဟာနယ်တစ်ခွင်ကို လွှမ်းခြုံကာ ကောင်းကင်အား ဖုံးလွှမ်းသွားသည်။ သဏ္ဌာန်မဲ့မုန်တိုင်းတစ်ခုက ကျယ်ပြောသည့် နယ်မြေတွင် ဖြစ်ပေါ်လာ၏။ ဓားများ၏ အော်မြည်နေသော အသံကို ကြားလိုက်ရကာ ဓားစွမ်းအားများက လေဟာနယ်တစ်ခွင်တွင် လှည့်ပတ်လာပေသည်။

ရှီးချီယောင်ကလည်း သူမ၏ အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်သည်။ ဤအရှိန်အဝါတို့က ရီ​ဖူရှင်းနှင့် မရင်းနှီးလှပေ။ ၎င်းသည် ထက်ရှသည့် စွမ်းအားများ ပါဝင်နေပြီး ဖျက်ဆီး၍မရနိုင်ပုံပေါ်သည့် ယင်စွမ်းအား ဖြစ်ပေသည်။ သူသည် ယခင်က ထိုကဲ့သို့သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် ပြိုင်ဘက်မျိုး မတွေ့ကြုံခဲ့ရဖူးပေ။

ရှီးချီယောင်က အမှန်တကယ် ပြိုင်ဘက်ကင်းပေသည်။

ကောင်းကင်နှင့်မြေကြီးက စိုထိုင်းလာပုံရသည်။ ကောင်းကင်ထက်တွင် ရီဖူရှင်း စုစည်းထားသည့် ဓားစွမ်းအားများက မိုးစက်မိုးဖွဲများအဖြစ် ဖြစ်ပေါ်ကျဆင်းလာပေသည်။ နောက်တခဏတွင် သူ၏ ဓားစွမ်းအားများက မိုးစက်မိုးဖွဲများကဲ့သို့ အမှန်တကယ် ကျဆင်းလာသည်။

ရီဖူရှင်းထံ၌ ထူးဆန်းသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူက လက်ကို ဆန့်ထုတ်လိုက်လျှင် မိုးစက်များက သူ့လက်ပေါ်သို့ ကျဆင်းလာသည်။ ၎င်းတို့က သူ၏ အရေပြားကို အမှန်တကယ် ဖြတ်ရှသွားပြီး သူ့လက်ဝါးထက်၌ အက်ကြောင်းတစ်ခု ပေါ်ပေါက်လာသည်။ ၎င်းတို့က မိုးစက်များအဖြစ် ဆက်လက်ကျဆင်းလာနေပြီး သူ့လက်ဝါးတို့က တဖြေးဖြေး အနီရောင်သို့ ပြောင်းလဲသွားသည်။ သွေးများထွက်လာပြီး သူက နာကျင်မှုအနည်းငယ်ကို ခံစားလိုက်ရသည်။

"ဓားမိုးရွာတာလား။" ရီဖူရှင်းက ရေရွတ်လိုက်သည်။

မိုးစက်များက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာနေခဲ့ပြီး အဝတ်အစားများကို ထိုးခွင်းကာ သူ့အရေပြားပေါ် တိုက်ရိုက်ဆင်းသက်လာသည်။ သူက ဆူးနှင့် ထိုးခံရသကဲ့သို့ အလွန် မသက်မသာ ခံစားခဲ့ရပေသည်။

သူက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို နားလည်သဘောပေါက်ပြီး လမ်းစဥ်ခန္ဓာ ဖွဲ့စည်းနိုင်ခဲ့စဥ်မှ စ,ကာ ရီဖူရှင်း၏ အသွေးအသား ခန္ဓာကိုယ်က အလွန် အစွမ်းထက်ခဲ့ပေသည်။ တူညီသော ကျင့်ကြံဆင့်မှ ထိပ်သီးပုဂ္ဂိုလ်များသည်ပင် သူ့ ခန္ဓာကိုယ်၏ ခုခံကာကွယ်နိုင်စွမ်းကို မထွင်းဖောက်နိုင်ပေ။ သူတို့၏ အစွမ်းထက်တိုက်ခိုက်မှုက သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာခဲ့သည်အခါ သူ့ကို သက်ရောက်စေခဲ့ခြင်း မရှိပေ။

သို့သော် ထိုမိုးစက်များက သူ့ အရေပြားကို အမှန်တကယ် ထိုးဖောက်ကာ သူ့ကို နာကျင်မှုခံစားရအောင် လုပ်နိုင်ပေသည်။ ထိုမိုးစက်များအတွင်းမှ စွမ်းအားက မည်မျှ အားကောင်းကြောင်း လူတိုင်း ခန့်မှန်းနိုင်ကြပေလိမ့်မည်။

ထင်ထားသလိုပင် ၎င်းက သူခံစားမိခဲ့သည့်အတိုင်း ဖြစ်သည်။ ယင်စွမ်းအားအရှိန်အဝါက ဖျက်ဆီး၍ မရနိုင်သော ခံစားမှုကို ပေးစွမ်းပေသည်။ ဤမိုးစက်များသည် ကျောက်တုံးကိုပင် ဖြတ်သန်းဝင်ရောက်နိုင်သော ရေများကဲ့သို့ ဖြစ်သည်။ ၎င်းက ရှီးချီယောင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည့် လမ်းစဥ်အမျိုးအစားနှင့် စွမ်းအားသဏ္ဌာန်ဖြစ်ပေသည်။

ရီဖူရှင်းက ရှီးချီယောင်ကို တစ်ဖန်မော့ကြည့်လိုက်သည့်အခါ သူက ပို၍ အလေးအနက်ဖြစ်လာခဲ့သည်။ သူသည် ယခင်ကကဲ့သို့  ပေါ့ပေါ့ပါးပါး ရှိမနေတော့ပေ။ သူတို့  အပြန်အလှန်မတိုက်ခိုက်ရသေးခင်၌ပင် သူသည် ရှီးချီယောင်က မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ခံစားမိခဲ့ပြီး ဖြစ်သည်။ သူမက ရှောင်းမုထက်ပင် သူ့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။

မျှော်လင့်ထားသလိုပင် ကောင်းကင်​ဒေသမှ အထူးချွန်ဆုံး ပုဂ္ဂိုလ်များကို လျှော့တွက်၍ မရနိုင်ပေ။ အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက ရှီးချီယောင်နှင့် ပတ်သတ်၍ အလွန် ယုံကြည်ချက်ရှိနေသည်မှာ အံ့သြစရာ မရှိတော့ချေ။ သူတို့က ရီဖူရှင်းကိုပင် အနောက်အင်ပါယာနန်းတော်သို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ကြသေးသည်။

ဘုန်း...

ရုတ်တရက် အလွန် အစွမ်းထက်သော ဓားစွမ်းအားများက ကောင်းကင်၌ စုစည်းလာသည်။ ဓားစွမ်းအားများက လှည့်ပတ်လာကာ ရီဖူရှင်း၏ ပုံရိပ် အနီးဝန်းကျင်၌ မဟာလမ်းစဥ်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ယင်းသည် သူ့ခန္ဓာကိုယ်အတွင်း မိုးစက်များ မဝင်ရောက်နိုင်အောင် တားဆီးပေးထားသည်။ ယင်းတို့က ဓားစွမ်းအားများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ သူက မဟာလမ်းစဥ် တိုက်ခိုက်ရေးစွမ်းအားတို့ကို ထုတ်လွှတ်လိုက်သည့်အခါ မိုးစက်များက သူ့ကို မထိနိုင်တော့ပေ။

ကြောက်မက်ဖွယ် ဓားစွမ်းအားတို့က လေဟာနယ်ကို ဖြတ်သန်းလွှမ်းခြုံလာ၏။ ချက်ချင်းပင် ဓားစွမ်းအားတို့က ကောင်းကင်၌ ပြည့်နှက်လာသည်။ သန်းချီသည့် ဓားများစွာ ပါဝင်နေသည့် ကြောက်မက်ဖွယ် ဓားချီမုန်တိုင်းတစ်ခုက ရှီးချီယောင်ထံ တိုးဝင်လာသည်။ သို့သော် ရှီးချီယောင်က မည်သည့် တုန်လှုပ်မှုမှ မရှိဘဲ ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

တစ်ချိန်တည်းတွင် ကောင်းကင်မှ မိုးစက်များစွာ ရွာကျလာပေသည်။ ရုတ်တရက် အနီးဝန်းကျင်၌ မိုးများ စတင် ရွာကျလာသည်။ မရေတွက်နိုင်သော မိုးစက်များက ကောင်းကင်မှ ကျဆင်းလာကာ အော်မြည်နေသည့် ဓားစွမ်းအင်များပေါ် ကျရောက်လာ၏။ မိုးစက်များက ဓားများကို ထွင်းဖောက်သွားသည်။ မရေတွက်နိုင်သော မိုးစက်များက အံ့သြထိတ်လန့်ဖွယ် ဓားချီမုန်တိုင်းပေါ်သို့ တိုက်ရိုက်သွန်းလောင်းလာပေသည်။ မရေတွက်နိုင်သော ဓားများ၏ အော်မြည်သံက ဖြတ်သန်းထိုးဖောက်သွားသော်လည်း ရှီးချီယောင်အနီးသို့ မချဥ်းကပ်နိုင်ခဲ့ပေ။

မိုးက ပို၍ သည်းထန်စွာ ရွာသွန်းလာသည်။ သေချာပေါက် ၎င်းက သာမန်မိုး မဟုတ်ပေ။ ယင်းက ရှီးချီယောင်၏ မဟာလမ်းစဥ်နယ်မြေ ဖြစ်ပေသည်။

ဘုန်း...

ရီဖူရှင်း၏ ပုံရိပ်ကို ဗဟိုပြု၍ ကြယ်ကမ္ဘာတစ်ခု ပေါ်ပေါက်လာသည်။ ကြယ်များစွာက သူ့ကို ဝန်းရံထားပြီး ကျယ်ပြောသည့် လေဟာနယ်ကို လွှမ်းခြုံထား၏။ မဟာလမ်းစဥ်၏ တုန်ခါသံကိုပင် ကြားနိုင်ကြပေသည်။ ကြယ်များအားလုံးတွင် ပြိုင်ဘက်ကင်းစွမ်းအားတို့ ပါဝင်နေသည်။

အမျိုးမျိုးသော ကြယ်များ၏ နတ်အလင်းတို့က ရီဖူရှင်း ပုံရိပ်အနီးတွင် စုစည်းလာသည်။ ရှီးချီယောင်က ထိုမြင်ကွင်းကို မြင်သည့်အခါ ရီဖူရှင်းအား စွမ်းရည်စုစည်းဖို့ရာ အခွင့်အရေး ပေးရန် အစီအစဥ်မရှိခဲ့ပေ။ သူမ၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားသည်။ သူတို့နှစ်ယောက် တိုက်ပွဲစတင်ချိန်မှ စ,ကာ ဤသည်က သူမ၏ ပထမဆုံး လှုပ်ရှားမှု ဖြစ်လေသည်။ ယခင်က သူမသည် ထိုနေရာ၌သာ တိတ်ဆိတ်စွာ ရပ်နေခဲ့ပေသည်။

ဤနတ်မိမယ်က ပြိုင်ဘက်ကင်းလှသည့် ကျက်သရေတို့နှင့် ရှေ့သို့ ခြေလှမ်းလာသည်။ သူမက သွယ်လျလှပသည့် လက်တို့ကို မြှောက်လိုက်သည်။ ချက်ချင်းပင် အနီးဝန်းကျင်ရှိ မိုးစက်ကန့်လန့်ကာက သူမ၏ လက်အတိုင်း လှုပ်ရှားသွားသည်။ မရေတွက်နိုင်သော မိုးစက်များက စုစည်းလာကာ ဓားသဏ္ဌာန် ဖွဲ့တည်လာသည်။ မိုးမှ ဖွဲ့စည်းလာသော ဓားများတွင် မည်သည့်စွမ်းအားမှ ရှိနေပုံမရပေ။

ရှီးချီယောင်က ရှေ့သို့ ညွှန်လိုက်ပြီး များပြားလှသော ဓားမိုးများက ကြယ်များထံသို့ တည့်မတ်စွာ ထိုးဖောက်သွားခဲ့သည်။

ကြယ်များက ကြီးမားလှပြီး မိုးစက်များဖြင့် ဖွဲ့စည်းထားသည့် မိုးဓားများ၏ သက်ရောက်ခြင်းကို ခံရမည့်ပုံမပေါ်ပေ။ သို့သော် မိုးဓားများက ကြယ်တစ်ခုပေါ်သို့ ကျဆင်းလာသောအခါ ၎င်းတို့က ကြယ်၏ တစ်နေရာတည်းသို့ ဆက်တိုက်ထိုးနှက်နေခဲ့သည်။ ပိုမိုအံ့အားသင့်ဖွယ် ကောင်းသည်မှာ မိုးစက်များက ပိုမိုစုစည်းလာသည်နှင့် မိုးစက်ဓားက ပို၍ ကြီးမားလာသည်။ တဖြေးဖြေးနှင့် ၎င်းသည် ကောင်းကင်မြစ်မှ ရေတံခွန်တစ်ခုနှင့် ဆင်တူသည့် နတ်ဓားတစ်လက် ဖြစ်တည်လာသည်။ ယင်းက ပြင်းထန်သည့်အသံတို့ကို ထုတ်လွှတ်နေသည်။

ဘုန်း…

ဓားက ကြယ်အတွင်း ဖြေးညင်းစွာ ထိုးဖောက်လာသည်။ ထို့နောက် ဝါးကို ပိုင်းဖြတ်လိုက်သကဲ့သို့ နတ်ရေတံခွန်ဓားက ကြယ်အတွင်း ထိုးဖောက်သွားကာ အတွင်းသို့ အရူးအမူး တိုးဝင်သွားပေသည်။ ချက်ချင်းပင် ကြယ်က ပြိုကျသွားကာ ဖျက်ဆီးခံလိုက်ရသည်။

၎င်းက ကြယ်တစ်ပွင့်တည်းသာ ဖြစ်ပျက်ခဲ့သည် မဟုတ်ပေ။ ရီဖူရှင်းအနီးတွင် စုစည်းနေသော ကြယ်များက ထိုမိုးဓားများ၏ တိုက်ခိုက်မှုမှ ဖျက်ဆီးခံလိုက်ရသည်။ တစ်ခုပြီးတစ်ခုသော ကြယ်များက ပေါက်ကွဲပျက်စီးသွားခဲ့သည်။ ရီဖူရှင်းက တိုက်ခိုက်ရန်အတွက် ပြင်ဆင်ဖို့ရာ အခွင့်အရေးပင် မရခဲ့ပေ။

ရှီးချီယောင်က အလွန် ထူးချွန်ပုံပေါ်သည်။ သူမက ခေါင်းကို ငုံ့ကာ ရီဖူရှင်းအား ကြည့်လိုက်သည်။ သူ့အနီးမှ ကြယ်များအားလုံးက ကွဲကြေပျက်စီးသွားခဲ့ပြီး ခုခံကာကွယ်မှု မရှိတော့ပုံရသည်။ သို့သော် ရှီးချီယောင်သည် ဓားမိုးများဖြင့် ဝန်းရံခံထားရဆဲ ဖြစ်သည်။ သူမက ခမ်းနားထည်ဝါပုံပေါ်နေပေသည်။

"ရန်ဟောင်ရီ ဂရုစိုက်ပါ။" ရှီးချီယောင်က လှပသော အကြည့်တို့နှင့် ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်သည်။ သူမ ခန္ဓာကိုယ်ကို နတ်အလင်းတို့ဖြင့် ဝန်းရံထားသည်။ သူတို့ တိုက်ခိုက်နေစဥ်အတွင်း နတ်အလင်းများက ယခင်ကထက်ပင် ပိုမို တောက်ပလာပုံရသည်။ သူမက ထိုစကားလုံးများကို ပြောပြီးသည်နှင့် အောက်ဘက်သို့ လက်ချောင်း ညွှန်လိုက်သည်။ ချက်ချင်းပင် မရေတွက်နိုင်သော မိုးစက်များက ကောင်းကင်မှ ကျဆင်းလာကာ ရီဖူရှင်းထံ တိုက်ရိုက်တိုးဝင်လာ၏။ ပြင်းထန်စွာ ကျဆင်းလာနေသည့် မိုးများက ဖျက်ဆီး၍မရနိုင်သော ဓားများအဖြစ် ဖွဲ့စည်းသွားကာ ကောင်းကင်တွင် မျောလွင့်လာပြီး သူ့ထံသို့ တိုးဝင်လာ၏။

ဤတိုက်ခိုက်မှုက အစွမ်းထက်သော်လည်း ရှီးချီယောင်က ရီဖူရှင်းကို သေချာသိရှိထားပေသည်။ မူလဘုံ၏ ထိုထိပ်သီးအဆင့် ပုဂ္ဂိုလ်သည် ရှောင်းမုနှင့် ဟွားကျွင့်လိုင်ကဲ့သို့ ပြိုင်ဘက်ကင်း ဂုဏ်ယူရသော ကောင်းကင်သားတော်များကို အနိုင်ယူခဲ့ပေသည်။ သူက ထိုတိုက်ခိုက်မှုအား ခုခံကာကွယ်နိုင်ခြင်းမရှိဘဲ သုတ်သင်သတ်ဖြတ်ခြင်း ခံရလိမ့်မည် မဟုတ်ပေ။ ရီဖူရှင်းက ထိုမျှထိ အားနည်းခြင်း မရှိပါချေ။

သို့သော် သူ့အတွက် သူမကို အနိုင်ယူရန်မှာ သေချာပေါက် လွယ်ကူလိမ့်မည် မဟုတ်ပေ။

All Chapters