← Chapters

ပင်မခန္ဓာကိုယ်နဲ့ ကိုယ်ပွား

Vol. 74 Ch. 782

ပင်မခန္ဓာကိုယ်နဲ့ ကိုယ်ပွား

Vol. 74 Ch. 782

“ကျန်းယီကို လောကဦးဆေးလုံး သောက်ခိုင်းတဲ့ တာအိုကျင့်ကြံသူအိုကြီးက ဘယ်သူလဲ”

[သက်တမ်း ၃၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[လောင်တန်: မဟာတာအို အထွတ်အထိပ် ကနဦးအဆင့်၊ လောင်ဇီ၏ ဓမ္မရုပ်တု၊ အနန္တဧကရာဇ်၊ ဓားတာအို ဓားစိတ်ဝိညာဉ်။]

‘လောင်ဇီရဲ့ ဓမ္မရုပ်တုလား...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘လောင်ဇီက ဘာလိုချင်တာလဲ... ငါ့ကို ထပ်ပြီးတော့ အကောက်ကြံချင်တာလား...’

လောင်တန်ရဲ့ ကျင့်ကြံမှုနဲ့ တာအိုအရှင်သခင်တို့သုံးဦးနဲ့ ဟန်ကျွယ်ကြားက ဆက်ဆံရေးကို မသိစရာအကြောင်း မရှိပါဘူး။ ချက်ချင်းဆိုသလို ဟန်ကျွယ်ရဲ့ မျက်လုံးထဲကနေ သတ်ဖြတ်ငွေ့တွေ လျှံထွက်လာပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ အရေးအကြီးဆုံးက ကျန်းယီကို ကယ်တင်ဖို့ပါ။ ဒါပေမဲ့ ကိုယ်တိုင်သွားကယ်ဖို့က မဖြစ်နိုင်ပါဘူး။ အရမ်းအန္တရာယ် များလွန်းပါတယ်။

ဟန်ကျွယ်ဟာ အဝေးကို လှမ်းကြည့်လိုက်ပါတယ်။ ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကန့်သတ်စည်း တစ်ခုကြောင့် ဟန်ကျွယ်ဟာ တိုက်ပွဲကို မမြင်နိုင်ပါဘူး။ ဒါပေမဲ့ တာအိုအရှင်သခင်တို့သုံးဦးရဲ့ ရောင်ဝါကိုတော့ အာရုံခံစားနိုင်ပါတယ်။

အထူးသဖြင့် ကျန်းယီရဲ့ ရောင်ဝါက တော်တော်လေးကို သောင်းကျန်းနေပါတယ်။

ဟန်ကျွယ် လန့်သွားပါတယ်။

ကန့်သတ်စည်း အပြင်ဘက်မှာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ရှိပါတယ်။ သူက မဟာတာအိုနဲ့ တန်းတူ တည်ရှိမှုတစ်ခု ဖြစ်နိုင်ပါတယ်။ သူ့ရောင်ဝါက တော်တော်လေး စွမ်းအားကြီးပါတယ်။ ဟန်ကျွယ်ဟာ ဒီပုဂ္ဂိုလ်ကို ထိုးဖောက်မမြင်နိုင်ပါဘူး။

ကြောက်ဖို့ကောင်းတဲ့ နေမီးလျှံစစ်ဟာ ကန့်သတ်စည်းကို ရုတ်တရက် ထိုးဖောက်ပြီး အထွတ်အထိပ် တည်ရှိမှုတွေကို ဝါးမျိုလိုက်ပါတယ်။ ပြင်းထန်တဲ့ မီးလျှံက အာကာသကို လောင်ကျွမ်းပြီး လောကဦး ဟင်းလင်းပြင် ပေါ်လာတဲ့အထိ အာကာသအလွှာတွေကို ကွဲကြေသွားစေပါတယ်။

နောက်ဆုံးတော့ ဟန်ကျွယ်ဟာ ကျန်းယီကို တွေ့မြင်လိုက်ရပါတယ်။

ကျန်းယီဟာ မီးလျှံလူသား ဖြစ်နေပါပြီ။ ကျန်းယီဟာ လူသားခန္ဓာကိုယ် ရှိနေသေးပေမဲ့ ခေါင်းကတော့ ရွှေကျီးကန်းခေါင်းပါ။ ကျောမှာလည်း မီးတောင်ပံတွေ ပေါက်နေပြီး သူ့အရပ်က တိုင်းတာလို့မရအောင် မြင့်မားလှပါတယ်။ အထွတ်အထိပ် တည်ရှိမှုတွေတောင် သူ့ရှေ့မှာ ပုရွက်ဆိတ်လိုပါပဲ။

ကျန်းယီ ဒေါသတကြီး ဟိန်းဟောက်လိုက်တဲ့အခါ အဆုံးမဲ့ နေမီးလျှံစစ်တွေဟာ အရပ်ဆယ်မျက်နှာကို ပျံ့နှံ့သွားပါတယ်။ ကောင်းကင်တာအိုမှာရှိနေတဲ့ ဟန်ကျွယ်ရဲ့ မျက်လုံးတွေတောင် စပ်ဖျဉ်းစပ်ဖျဉ်း ဖြစ်သွားပါတယ်။

‘ဒီမီးလျှံက ကြမ်းလှချည်လား...’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ လန့်သွားပါတယ် ‘ပဋိပက္ခမတိုင်ခင်တုန်းက ရှိခဲ့တဲ့ လောကဦး နတ်ဘီလူးက ဘယ်‌လောက်တောင် စွမ်းအားကြီးတာလဲ... ဒီလောက်စွမ်းအားကြီးရင် ဘာဖြစ်လို့ သေသွားသေးတာလဲ...’

ဟန်ကျွယ်ဟာ ခေါင်းရှုပ်သွားပြီး နည်းနည်း ဝမ်းနည်းသွားပါတယ်။

ရူးသွပ်နေတဲ့ ကျန်းယီကို အထွတ်အထိပ် တည်ရှိမှုတွေဟာ ဘယ်လိုမှ ဟန့်တားနိုင်ခြင်း မရှိပါဘူး။ ကျန်းယီဟာ အရပ်မျက်နှာတစ်ခုကို အကြောက်အရွံ့မရှိ ပြေးသွားပါတယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ ကြယ်တွေ အာကာသတွေဟာ နေမီးလျှံစစ်ရဲ့ လောင်ကျွမ်းမှုကြောင့် အမှုန့်တောင် မကျန်ပါဘူး။

လောင်တန်ဟာ တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်ကို ခေါ်ပြီး အာကာသ ဂယက်ထဲ ဝင်လိုက်ပါတယ်။

ကျောက်ရွှမ်ယွမ်က စိုးရိမ်တကြီး မေးလိုက်ပါတယ် “ကျန်းယီ ဘယ်မှာလဲ... သူ့ကို ဒီအတိုင်း ပစ်ထားခဲ့မလို့လား”

လောင်တန်ဟာ ကျိန်ဆဲလိုက်ပါတယ် “ပစ်မထားခဲ့လို့ မင်းက ဘယ်လိုလုပ်ချင်လို့လဲ၊ ငါတို့တွေ မီးသွေးတုံး ဖြစ်မသွားတာပဲ ကျေးဇူးတင်ရမယ်၊ ခွီးတဲ့မှပဲ... လောကဦးဆေးလုံးရဲ့ စွမ်းအားက ဒီလောက်ထိ ကြမ်းလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး”

လောင်တန်ဟာ တကယ် ကြောက်သွားတာပါ။ လောကဦးဆေးလုံးသာ ဒီလောက်ကြမ်းနေရင် တကယ့် လောကဦး နတ်ဘီလူးက ဘယ်လောက်ထိ ကြမ်းမလဲဆိုတာ တွေးကြည့်လို့တောင် မရပါဘူး။

ဒီထက်ပိုပြီး အရေးကြီးတာက လောကဦး နတ်ဘီလူး မွေးဖွားပြီးပြီဆိုတာကို သိလိုက်ရတာပါ။ ဒီတိုက်ပွဲက ပဋိပက္ခကို ကျိန်းသေပေါက် အုတ်အော်သောင်းနင်း ဖြစ်စေမှာပါ။ လျှို့ဝှက်ဆန်းကြယ်တဲ့ လောကဦး နတ်ဘီလူးက ဒီတိုက်ပွဲကို ကြည့်ချင်ကောင်း ကြည့်နေနိုင်ပါတယ်။

လောကဦးနတ်ဘီလူးရဲ့ ပစ်မှတ်ဖြစ်မှာကို တွေးပြီး လောင်တန်ဟာ ကျောရိုးထဲ စိမ့်တက်သွားပါတယ်။ ဒူးတွေလည်း မခိုင်ချင်တော့ပါဘူး။

တာအိုအရှင်သခင်ဟာ အံကြိတ်ပြီး မေးလိုက်ပါတယ် “ဆေးစွမ်း ပြယ်သွားရင် သူ ဘာဖြစ်မှာလဲ၊ သေမှာလား”

တာအိုအရှင်သခင်ဟာ ဆေးစွယ်ပြယ်သွားရင် ကျန်းယီ ဘယ်လိုဖြစ်မလဲဆိုတာကို မတွေးရဲပါဘူး။

လောင်တန်ဟာ တိတ်ဆိတ်နေတာကြောင့် တာအိုအရှင်သခင်ဟာ ဒေါသတကြီး ထပ်ပြောလိုက်ပါတယ် “ပြန်သွားကြမယ်၊ ကျွန်တော်တို့တွေ သူ့ကို ဒီအတိုင်းထားမခဲ့နိုင်ဘူး”

ကျောက်ရွှမ်ယွမ်ကလည်း ဝင်ပြောပါတယ် “အဘိုးကြီး... ခင်ဗျားက ကျွန်တော်တို့ ညီအစ်ကိုတွေကို ဒုက္ခပေးလိုက်တာပဲ၊ ခင်ဗျားက ကောင်းကောင်းမွန်မွန် သေရမှာ မဟုတ်ဘူး၊ ကျွန်တော်တို့ကို အခု ပြန်ပို့ပေး”

လောင်တန်ဟာ တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်ကို မယုံနိုင်စွာ ကြည့်လိုက်ပါတယ် “မင်းတို့တွေ ရူးသွားပြီလား... မင်းတို့ ပြန်သွားရင် သေရုံပဲရှိမှာ”

“ကျွန်တော်တို့ သုံးယောက်က သေအတူ ရှင်အတူပဲ” တာအိုအရှင်သခင်က ပြတ်သားစွာ ပြန်ပြောလိုက်တဲ့အတွက် လောင်တန်ဟာ ဘာမှပြန်မပြောနိုင်တော့ပါဘူး။

“သေချင်ယောင် ဆောင်မနေနဲ့” ကျောက်ရွှမ်ယွမ်က ထပ်ပြီးတော့ တွန်းအားပေးလိုက်ပါတယ်။

တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်ဟာ လောင်တန်ရဲ့ ဓမ္မစွမ်းအားထဲမှာ ရှိနေတာကြောင့် မလှုပ်ရှားနိုင်ပါဘူး။ မဟုတ်ရင် အစောကြီးကတည်းက ပျံထွက်သွားပါပြီ။

လောင်တန်ဟာ အံကြိတ်လိုက်ပါတယ် “ငါ မင်းတို့သုံးယောက်နဲ့တွေ့တာ တကယ်ကို ကံမကောင်းတာပဲ၊ ထားလိုက်ပါတော့... အဲဒီကောင်လေးကို ကယ်ဖို့ ငါ စွန့်စားမယ်”

လောင်တန်ဟာ လက်သင်္ကေတတွေ ပြုလိုက်တဲ့အခါ ဓမ္မစွမ်းအား ထိုးထွက်လာပြီး အလင်းတံခါးတစ်ခု ထွက်ပေါ်လာပါတယ်။ ချက်ချင်းဆိုသလို အလင်းတံခါးထဲကနေ ရုပ်သွင်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာပါတယ်။ ဒီရုပ်သွင်က လောင်တန်နဲ့ တစ်ပုံစံတည်းပါပဲ။ ဒါပေမဲ့ ဒီရုပ်သွင်က မိုးကာဝတ်ရုံအစား တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ကိုယ်ဟန်က လုံးဝကို တစ်မူထူးခြားနေပါတယ်။ မျက်နှာကလည်း လုံးဝကို ခံစားချက် ကင်းမဲ့နေပါတယ်။

လောင်တန်ဟာ မျက်နှာပူပူနဲ့ပဲ အရှက်မရှိ ပြောလိုက်ပါတယ် “လူတစ်ယောက်ကို ကယ်ဖို့ ကူညီဦး... သူက နောက်မှာ.. မင်း သူ့ကို ခံစားနိုင်မှာပါ”

အလင်းတံခါးထဲကနေ ထွက်လာတဲ့ ရုပ်သွင်ဟာ လောင်တန်ရဲ့ ပင်မခန္ဓာကိုယ် လောင်ဇီပါ။

လောင်ဇီဟာ မျက်နှာသေနဲ့ မေးလိုက်ပါတယ် “ဒီကိစ္စက မင်းကြောင့်လား”

“အဟွတ်... အဟွတ်...” လောင်တန်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

လောင်ဇီဟာ နောက်ထပ် စကားတစ်လုံးမဆိုဘဲ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။ ဒီတော့မှ လောင်တန်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

ကျောက်ရွှမ်ယွမ်က သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ် “ခုနက ဘယ်သူလဲ၊ ခင်ဗျားရဲ့ အစ်ကိုလား”

“ဟွန်း... ငါတို့နှစ်ယောက်က ပင်မခန္ဓာကိုယ်နဲ့ ကိုယ်ပွားလို တစ်ယောက်တည်းပဲ”

“ဒါဆို ခင်ဗျားက ကိုယ်ပွားလား”

“ဘာဖြစ်လို့ ငါက ကိုယ်ပွားဖြစ်ရမှာလဲ၊ သူကမှ ငါ့ကိုယ်ပွား... မစိုးရိမ်ပါနဲ့၊ သူရှိနေမှတော့ မင်းညီအစ်ကို ဘေးကင်းပြီ”

“ပင်မခန္ဓာကိုယ်က ကိုယ်ပွားလောက် မစွမ်းဘူး... ဒီလောက်တောင် ကြွားချင်ရင်လည်း တခြားဟာ ကြွားပါလား”

“ကောင်စုတ်လေး မင်းငါ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာလား”

ကျောက်ရွှမ်ယွမ်ဟာ တိတ်ဆိတ်သွားပါတယ်။

ဒီလိုနဲ့ အကုန်လုံး တိတ်ဆိတ်သွားပါတယ်။

တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်ဟာ ကျန်းယီအတွက် စိုးရိမ်နေလို့ ဘာမှမပြောပါဘူး။ လောင်တန်ကလည်း ရှက်လို့ ဘာမှမပြောဘဲ ငြိမ်နေတာပါ။

တခြားတစ်ဖက်မှာတော့...

ဟန်ကျွယ်ဟာ အလွန်အားကောင်းတဲ့ ရောင်ဝါတစ်ခုက တိုက်ပွဲဆီ ချဉ်းကပ်လာတာကို ခံစားမိလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ရဲ့ အကြည့်ဟာ ကန့်သတ်ခံရပြီး တိုက်ပွဲကို ထောက်လှမ်းလို့ မရတော့ပါဘူး။

‘ဘာလဲဟ...’ ဟန်ကျွယ်ဟာ စာစောင်တွေကို ချက်ချင်း စစ်ဆေးကြည့်လိုက်ပါတယ်။

[သင့်မိတ်ဆွေ ကျန်းယီသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ ကျန်းယီ၏ ဝိညာဉ်သည် ကုပ်သွေးစုပ်ခံရပြီး သေခါနီး ဖြစ်သွား၏။]

[သင့်မိတ်ဆွေ ကျန်းယီ၏ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ ကယ်တင်မှုကြောင့် လက်ကျန်ဝိညာဉ် လုံခြုံသွား၏။]

‘ကျန်းယီ အကယ်ခံလိုက်ရတာလား... ဒီလူက ဘယ်သူများပါလိမ့်...’

ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။

[သက်တမ်း ၉၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘များလှချည်လား...’

ဆက်တွက်မယ်။

ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[လောင်ဇီ: မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်၊ တာအိုဖြတ်ကျော် ဆရာကြီး၊ ပန်ကူး၏ ဝိညာဉ်နှစ်၊ တာအိုဘိုးဘေး၏ တပည့်ရင်း၊ ဓားတာအိုဖန်တီးရှင်၊ ကျောင်းတော်တစ်ရာ၏ ဘိုးဘေး၊ အနန္တဧကရာဇ်၊ ရွမ်လိန့်ကျောင်းတော် ဘိုးဘေး၊ မဟာတာအို တည်ထောင်သူ။]

‘ဘယ်လောက်တောင်... အထင်ကြီးဖို့ ကောင်းလိုက်လဲ...’

ဟန်ကျွယ်ဟာ တကယ်လန့်သွားတာပါ။ ဟန်ကျွယ်ဟာ လောင်ဇီက အရမ်း စွမ်းအားကြီးလိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။ ဒီဟာက မင်လင်း မယ်တော်ထက်တောင် စွမ်းအားပိုကြီးနေပါသေးတယ်။

ကောင်းကင်အရှင်ရွှမ်တုက အဆုံးသတ် အပျက်အစီး နတ်ဘုံကို ခုခံနိုင်တယ်လို့ ယုံကြည်ချက်ရှိခဲ့တာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ဒီလိုမျိုး ကြီးမားတဲ့နောက်ခံရှိနေတာကြောင့် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ပထမတော့ လောင်ဇီက သူ့ကိုတစ်ခုခုလုပ်ဖို့ ကြံစည်နေတယ်လို့ ထင်ပြီး တော်တော်လေး မကျေမနပ် ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ လောင်ဇီက ကျန်းယီကို ကယ်လိုက်တဲ့အခါမှာတော့ ဒီမကျေနပ်မှုတွေက နေလာနှင်းပျောက် ဖြစ်သွားပါတယ်။

‘ဒီတိုက်ပွဲပြီးရင် ကျန်းယီကို လောကဦးနတ်ဘီလူးလို့ ထင်ကုန်ကြရင် ဘယ်လိုလုပ်မလဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ကျန်းယီအတွက် သောက ရောက်သွားပါတယ်။

လောင်ဇီက ကျန်းယီဟာ လောကဦး နတ်ဘီလူး မဟုတ်ဘူးဆိုတာကို ကျိန်းသေပေါက် သိမှာပါ။ ဒါပေမဲ့ ကျန်းယီကို ကာကွယ်မလား၊ ကာကွယ်ချင်ရင်တောင် ကာကွယ်နိုင်ပါ့မလား ဆိုတာကတော့ မသေချာသေးပါဘူး။

မကြာခင်မှာ တိုက်ပွဲ ပြီးဆုံးသွားပါတယ်။ ဟန်ကျွယ် ထပ်ကြည့်လိုက်တဲ့အခါ လောင်ဇီကို မတွေ့ရတဲ့အပြင် အထွတ်အထိပ် တည်ရှိမှုကိုလည်း မတွေ့ရတော့ပါဘူး။

ဟန်ကျွယ်ရဲ့ စိတ်လေးလံမှုဟာ လုံးဝ ကင်းပျောက်သွားပါတယ်။ လောကဦး နတ်ဘီလူး စွမ်းအားက ပျောက်ကွယ်သွားပြီ မဟုတ်ပါလား။

ဒီအချိန်မှာပဲ ရှင်းဟုန်ရွှမ်က ပြောလာပါတယ် “ယောက်ျား... သားလေးက တိတ်သွားပြီ”

ဒီတော့မှ ဟန်ကျွယ်ဟာ သတိပြန်ဝင်လာပါတယ် “အင်း... ဒီကိစ္စကို ဘယ်သူကိုမှ မပြောနဲ့၊ ဒီကိစ္စ မဖြစ်ခဲ့သလိုဘဲ သဘောထားလိုက်”

ရှင်းဟုန်ရွှမ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ အကြောင်းရင်းကို မမေးမြန်းပါဘူး။ သူ့သားက နှစ်တွေ ဒီလောက်ကြာတာတောင် မမွေးသေးတဲ့အတွက် သာမန်မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ကပ်ဘေးတွေကို ဆွဲဆောင်ကောင်း ဆွဲဆောင်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို နှစ်သိမ့်ပေးပြီး တာအိုဘုံကျောင်းဆီ ပြန်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ စာအိတ်ကိုဖွင့်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျန်းယီတို့သုံးယောက်နဲ့ ပတ်သက်ပြီး နောက်ထပ် စာစောင်တွေ ထပ်မရသေးပါဘူး။

ဟန်ကျွယ်လည်း ဘာမှမတတ်နိုင်ဘဲ လက်လျှော့လိုက်ရပါတယ် ‘ထားလိုက်ပါတော့ ဆက်ပြီး ကျင့်ကြံတာပဲ ကောင်းပါတယ်လေ...’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters