← Chapters

ရှင်ယွီ

Vol. 74 Ch. 783

ရှင်ယွီ

Vol. 74 Ch. 783

နောက်ထပ် နှစ်တစ်သောင်း ကုန်ဆုံးသွားပါတယ်။ နှစ်တစ်သောင်းက သေမျိုးတွေအတွက် အရမ်းကြာညောင်းပေမဲ့ တာအိုရယူထားသူတွေ အတွက်တော့ တစ်ရက်လိုပါပဲ။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဒီအတောအတွင်း ဟန်ကျွယ်ဟာ လောင်ဇီ အိပ်မက်ပေးတာကို မခံရပါဘူး။ လောင်ဇီက ကျန်းယီကို ဘယ်လို သဘောထားမလဲ ဆိုတာလည်း ဟန်ကျွယ် မသိပါဘူး။

ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးလိုက်ပါတယ်။

[သင့်သား ဟန်ထော်သည် လျှို့ဝှက်ဆန်းကြယ် သရဲတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၃၉၃၂

[သင့်မိတ်ဆွေ ယီတျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ ကျန်းယီသည် ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ပြီး ယန်အင်မော်တယ် ခန္ဓာကိုယ်ကို ကျင့်ကြံခဲ့၏။]

[သင့်တပည့် တာအိုအရှင်သခင်သည် လောကဦးကမ္ဘာ ပုံရိပ်ယောင်ထဲသို့ ဝင်ရောက်သွား၏။]

[သင့်တပည့် ကျောက်ရွှမ်ယွမ်သည် လောကဦးကမ္ဘာ ပုံရိပ်ယောင်ထဲသို့ ဝင်ရောက်သွား၏။]

[သင့်မြေးတပည့် ချူရှီရန်သည် ကိုးကွယ်သူ သန်းတစ်ရာ ကျော်သွားသောကြောင့် ကံတရား အထောက်အပံ့ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဖူစန်းသစ်ပင်သည် မူလအာကာသကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

ကျန်းယီက ကပ်ဘေးကနေ တကယ်ကို အကျိုးအမြတ်ရလိုက်တာပါ။ ဟန်ကျွယ်ဟာ လောင်ဇီကို ပိုပြီးတော့ သဘောကျသွားပါတယ်။ လောင်ဇီက တခြားတာအိုပညာရှိတွေနဲ့ မတူဘူး မဟုတ်ပါဘူး။ ကြည့်ရတာ လောင်ဇီက တကယ်ကို ခံစားချက်မရှိပုံပါပဲ။

တခြား မဟာတာအိုပညာရှိတွေသာဆိုရင် ဒီကိစ္စကို အကြောင်းပြပြီး ဟန်ကျွယ်ဆီ ရောက်လာမှာပါ။ အကျိုးအမြတ် မလိုချင်ဘူးဆိုရင်တောင် အနည်းဆုံး ဟန်ကျွယ်နဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်မှာပါ။

ဒါပေမဲ့ လောင်ဇီကတော့ ဒီလိုမဟုတ်ပါဘူး။ ဒီအကြောင်းကြောင့်လည်း လောင်ဇီက အဆုံးသတ် အပျက်အစီးနတ်ဘုံမှာရှိတဲ့ မဟာတာအိုပညာရှိတွေကို ခါချနိုင်ပြီး တာအိုရှာဖွေဖို့ အာရုံစိုက်နိုင်တာ ဖြစ်ပါလိမ့်မယ်။

ဟန်ကျွယ်ဟာ စာစောင်တွေ ဆက်ဖတ်တဲ့အခါ တခြားတပည့်တွေလည်း အခွင့်အရေးကိုယ်စီ ရရှိပြီး အဆင်ပြေနေကြတာကို တွေ့လိုက်ရပါတယ်။

နတ်ဒေါင်းအရှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရတာက ဟန်ကျွယ်ရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို အသိအမှတ် ပြုပါသေးတယ်။ နတ်ဒေါင်းအရှင်က ကျိန်စာနတ်ဘီလူးနောက်ကို နှစ်တစ်သိန်းကျော်အောင် တကောက်ကောက် လိုက်မနေခဲ့ရင် ကျိန်စာနတ်ဘီလူးက ဒီလောက်လွယ်လွယ်နဲ့ သေသွားမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် နတ်ဒေါင်းအရှင်ကို ဂရုစိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် အမှောင်သခင်ကြီး သရုပ်ကို သုံးပြီး အိပ်မက်ပေးလိုက်ပါတယ်။

အိပ်မက်နယ်မြေက လှပတဲ့ ကြယ်တာရာ ကောင်းကင်ပြင်ပါ။ ဂလက်ဆီက ခမ်းနားထည်ဝါလှပြီး အလင်းတန်းတွေက အလွှာလိုက် တည်ရှိနေပါတယ်။

နတ်ဒေါင်းအရှင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ အမှောင်သခင်ကြီးကို တွေ့လိုက်ရတဲ့အတွက် ကျေနပ်အံ့အားသင့်သွားပါတယ်။

“သခင်ကြီး... နောက်ဆုံးတော့ ပေါ်လာပြီပေါ့” နတ်ဒေါင်းအရှင်ဟာ စိတ်လှုပ်တရှားဆိုရင်း ဟန်ကျွယ်ရှေ့ကို လျှောက်လာပါတယ်။

“ကျိန်စာနတ်ဘီလူးက ဘာဖြစ်လို့လဲမသိဘူး၊ ပျောက်သွားတာ... အခုထိ ရှာလို့ကို မရဘူး” နတ်ဒေါင်းအရှင်ဟာ သုန်မှုန်စွာ ပြောလိုက်ပါတယ်။

“ရှာမနေတော့နဲ့၊ ကျိန်စာနတ်ဘီလူးက သေသွားပြီ”

“သေသွားပြီလား...”

နတ်ဒေါင်းအရှင်ဟာ မှင်တက်သွားပါတယ်။ နတ်ဒေါင်းအရှင်ဟာ ကျိန်စာနတ်ဘီလူးနောက်ကို တကောက်ကောက် လိုက်ခဲ့တာမလို့ ကျိန်စာနတ်ဘီလူးက ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို အသိဆုံးပါ။ ကျိန်စာနတ်ဘီလူးရဲ့ ဓမ္မစွမ်းအားက သာမန်ပဲရှိပေမဲ့ လွတ်မြောက်နိုင်စွမ်းကတော့ အရမ်းကောင်းပါတယ်။

‘အမှောင်သခင်ကြီးက ကိုယ်တိုင်လှုပ်ရှားလိုက်တာများလား...’ နတ်‌ဒေါင်းအရှင်ဟာ အံ့ဩတကြီး ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ မရှင်းပြဘဲ သိချင်တာကို မေးလိုက်ပါတယ် “မင်းကို ဒဏ်ရာရအောင် ဘယ်သူ လုပ်လိုက်တာလဲ”

နတ်ဒေါင်းအရှင်ဟာ ဒေါသထွက်သွားပြီး ဖြစ်ပျက်သမျှ အကြောင်းစုံကို ရှင်းပြပါတော့တယ် “ရှင်ယွီလိုခေါ်တဲ့ ကောင်ကြောင့်ပေါ့၊ သူက မဟာတာအိုပညာရှိ၊ ရှုံဟွာအင်အားစုထဲဝင်ပြီး တော်တော်လေး မောက်မာလာတယ်၊ သူက ကျွန်တော်ကို အညံ့ခံခိုင်းတာ အညံ့မခံလို့ဆိုပြီး တိုက်ခိုက်လိုက်တာ၊ အခု ကျွန်တော့်ကို သူဖိနှိပ်ထားတယ်”

‘ရှင်ယွီ...’ ဟန်ကျွယ်ဟာ ဒီနာမည်ကို တစ်ခါမှ မကြားဖူးပါဘူး။ ဒါကြောင့် ပြီးရင် ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်နဲ့ တွက်ချက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“အမှောင်သခင်ကြီး... သခင်ကြီး ရောက်လာမှတော့ ကျွန်တော်ကို ကယ်ပေးပါဦး၊ ဒီကောင်ကို မြန်မြန် တိုက်ခိုက်ပေးစမ်းပါ၊ ဒီကောင်က ကျွန်တော့်ကို နေ့တိုင်း နှိပ်စက်တယ်၊ ကျွန်တော် တကယ်ကို မခံစားနိုင်တော့ဘူး” နတ်ဒေါင်းအရှင်ဟာ ကူကယ်ရာမဲ့နေတဲ့ ကလေးငယ် တစ်ယောက်လိုပါပဲ။

မဟာတာအိုပညာရှိနဲ့ မတွေ့ရင် နတ်‌ဒေါင်းအရှင်ဟာ ဘယ်သူ့ကိုမှ မကြောက်တဲ့ တည်ရှိမှုပါ။ ဒါပေမဲ့ သူ့ရဲ့ အရည်အချင်းကြောင့်ပဲ နတ်ဒေါင်းအရှင်ဟာ မဟာတာအိုပညာရှိတွေ ပစ်မှတ်ထားတာကို မကြာခဏ ခံရပါတယ်။ သူ့အခြေအနေက လွတ်လပ် တာအိုပညာရှိတွေထဲမှာ အခက်ခဲဆုံးပါ။

မဟာတာအိုပညာရှိ နောက်ခံရှိတာနဲ့ နတ်ဒေါင်းအရှင်ဟာ အချိန်မရွေး မဟာတာအိုကို ရယူနိုင်ပါတယ်။ ဒါပေမဲ့ နတ်ဒေါင်းအရှင်ဟာ ခေါင်းမာပြီး ဘယ်သူ့ကိုမှ ခေါင်းမငုံ့ပါဘူး။

ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ရှင်ယွီဆီကနေ ဘာကြားထားတာ ရှိသေးလဲ”

နတ်ဒေါင်းအရှင်ဟာ တစ်ခဏတွေးတောပြီး ဖြေလိုက်ပါတယ် “မိစ္ဆာဘိုးဘေး အကြောင်း ပြောတာတော့ ကြားမိတယ်၊ သူပြောတာတော့ မိစ္ဆာဘိုးဘေးရဲ့ လက်အောက်မှာ ကောင်းကင်တာအိုက ပါရမီရှင်နှစ်ပါး ရှိတယ်တဲ့၊ အဲဒီပါရမီရှင်နှစ်ပါးက အရည်အချင်း ထက်မြက်ပြီး ကျွန်တော်ထက် မနိမ့်ကျဘူးတဲ့၊ သူပြောတာတော့ အဲဒီနှစ်ယောက်က ရှုံဟွာထဲ မကြာခင် ဝင်လာတော့မှာတဲ့၊ ကျွန်တော် အညံ့မခံရင် သူက ကျွန်တော်ရဲ့ တာအိုအသီးကို လုယူပြီး အဲဒီပါရမီရှင်နှစ်ပါးကို ပေးလိုက်မှာတဲ့”

“သောက်အဓိပ္ပာယ် မရှိတာတွေ၊ ကျွန်တော်ရဲ့ အရည်အချင်းကို ဘယ်သူမှ မဖိနှိပ်နိုင်ဘူး၊ ပဋိပက္ခ နတ်ဘီလူးတောင် ကျွန်တော်ရဲ့ အရည်အချင်းထက် မကျော်လွန်နိုင်ဘူး”

ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ရဲ့ သွေးနားထင် ရောက်နေတဲ့ စကားကို တိတ်ဆိတ်စွာပဲ နားထောင်လိုက်ပါတယ်။ နတ်ဒေါင်းအရှင်က စွမ်းအားကြီးပေမဲ့ ဟန်ကျွယ် အမြင်မှာတော့ အရည်အချင်း အရှိဆုံး မဟုတ်ပါဘူး။

ဒါပေမဲ့ ရှင်ယွီ ဟန်ထော်နဲ့ ယီတျန်ကို ပစ်မှတ်ထားနေတာက ဟန်ကျွယ်အတွက် သတင်းကောင်းတော့ မဟုတ်ပါဘူး “ငါ့ကို ရှင်ယွီရဲ့ ပုံရိပ်ပြစမ်း၊ ငါ မင်းအတွက် ဒီကိစ္စကို ကူရှင်းပေးမယ်”

နတ်ဒေါင်းအရှင်ဟာ ဟန်ကျွယ် ဒီလိုပြောမှာကို စောင့်နေတာပါ။ ဟန်ကျွယ်စကားကို ကြားတာနဲ့ နတ်ဒေါင်းအရှင်ဟာ လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်တဲ့အခါ သူ့ဘေးမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ ပုံရိပ်ကို သေချာမှတ်သားပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးပွင့်တာနဲ့ စနစ်ကို မေးလိုက်ပါတယ် “ငါ ရှင်ယွီကို တစ်ချက်တည်း သတ်နိုင်လား”

[သက်တမ်း ၁၅၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘ဒီတန်ဖိုးက...’ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ မတွက်ချက်တော့ပါဘူး။ ဒါပေမဲ့ အမှားမရှိရလေအောင် ဆက်ပြီးတော့ တွက်ချက်လိုက်ပါတယ်။

[သတ်နိုင်ပါသည်။]

ဟန်ကျွယ်ဟာ ပျင်းသွားပါတယ်။ သက်တမ်း ၁၅၀ ကို ဘာမဟုတ်တာလေးအတွက်နဲ့ ဖြုန်းလိုက်တာ မဟုတ်ပါလား။ ဒီတန်ဖိုးလောက်ကိုတော့ ဟန်ကျွယ်ဟာ မျက်စိမှိတ်ပြီး တစ်ချက်တည်း သတ်နိုင်ပါတယ်။

‘ငါ ဘာကို စိုးရိမ်ရမှာလဲ... မဟုတ်သေးဘူး... ငါ စိုးရိမ်သင့်တယ်... သတိဆိုတာက ပိုတယ်မှ မရှိတာ... ငါ ဒီနေ့ ဒီအချိန်အထိ အသက်ရှင်နေတာက သတိကြီးကြီးရှိလို့ပဲ... ငါ သတိကြီးတာကို အထင်မသေးသင့်ဘူး...’

ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ပြတ်သားသွားပြီး သတ်ဖြတ်ငွေ့တွေ ယှက်သမ်းသွားပါတယ်။

အမှောင်တားမြစ်ဇုန်ဟာ ဖန်တီးပြီးကတည်းက တစ်ခါမှ အသုံးမပြုရသေးတာပါ။ အခုတော့ အစွမ်းပြဖို့ အချိန်ကျလာပါပြီ။

ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးသရုပ်နဲ့ ရှင်ယွီကို တစ်ခါတည်း အိပ်မက်ပေးလိုက်ပါတယ်။

ရှင်ယွီဟာ ခရမ်းရင့်ရောင်ဝတ်ရုံကို ဝဝ်ဆင်ထားပြီး ပုလဲသရဖူကို ဆောင်းထားတာကြောင့် ဧကရာဇ်တစ်ပါးနဲ့ သွားတူနေပါတယ်။

ရှင်ယွီဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ် “မင်း ဘယ်သူလဲ”

ရှင်ယွီဟာ အိပ်မက်ထဲကို ဆွဲသွင်းမခံရခင်က ဆေးလုံး ဖော်စပ်နေတာပါ။ ဒါကြောင့် သူစိတ်လွင့်ပြီး ဒီထဲကို ရောက်မလာတာ သေချာပါတယ်။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “နတ်ဒေါင်းအရှင်ကို လွှတ်ပေးလိုက်၊ ဒီလိုဆို ငါ မင်းကို အသက်ချမ်းသာပေးမယ်”

ရှင်ယွီဟာ ဟန်ကျွယ်စကားကို ကြားရတဲ့အခါမှာ ဟားတိုက် ရယ်မောလိုက်ပါတယ် “ဟားဟား... နတ်ဒေါင်းအရှင်မှာ နောက်ခံ ရှိနေလိမ့်မယ်လို့ ထင်မထားဘူး၊ ဒါပေမဲ့ သူက ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်နေပြီ၊ အိပ်မက်မက်နေတာ ရပ်လိုက်တော့”

ရှင်ယွီဟာ အိပ်မက်ထဲက ခုန်ထွက်ချင်ပေမဲ့ ခုန်ထွက်လို့မရတာကို ရှာတွေ့သွားပါတယ် ‘ဒီလူက ငါ့ထက် စွမ်းအားကြီးပုံပဲ... ဒါပေမဲ့ ဘာဖြစ်လဲ၊ ဒါက အိပ်မက်တစ်ခုပဲဟာကို... သူ ငါ့ကို အိပ်မက်ထဲမှာ သတ်နိုင်မှာလား...’

ဟန်ကျွယ်ဟာ ရှင်ယွီကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်းက ရှုံဟွာ ဖြစ်သွားတာနဲ့ ဘာကိုမှ ကြောက်စရာ မလိုတော့ဘူးလို့ ထင်နေတာလား”

ရှင်ယွီဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ မင်း ရှုံဟွာထဲ ဝင်ချင်လည်း အဆင်ပြေတယ်၊ ရှုံဟွာက မင်းထင်ထားတာထက် ပိုပြီးတော့ စွမ်းအားကြီးတယ်၊ အနာဂတ်မှာ ရှုံဟွာက ပဋိပက္ခကို အုပ်စိုးလိမ့်မယ်၊ ရှုံဟွာ တည်ရှိမှုတွေရဲ့ နောက်ဆုံး အဓိပ္ပာယ်ဖြစ်တဲ့ အမှောင်ထုကို ဖန်တီးလိမ့်မယ်”

‘ဒီကောင်က အရူးပဲ’ ဟန်ကျွယ်ဟာ ရှင်ယွီနဲ့ လေကုန်ခံ စကားပြောမနေတော့ဘဲ အမှောင်တားမြစ်ဇုန်ကို တစ်ခါတည်း ထုတ်သုံးလိုက်ပါတယ်။

ချက်ချင်းဆိုသလို အိပ်မက်နယ်မြေတစ်ခုလုံး ပြင်းထန်စွာ ရှုံ့တွသွားပြီး အမှောင်ထုက သူတို့ကို ဝါးမျိုသွားပါတယ်။

ရှင်ယွီရဲ့ ရယ်သံဟာ ရပ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ပင်မခန္ဓာကိုယ်က အိပ်မက်ထဲမှာ ပေါ်လာတာကို ကြောက်လန့်ဖွယ်ရာ ရှာတွေ့သွားလို့ပါပဲ။ အတိအကျ ပြောရရင် အိပ်မက်က အစစ်အမှန် ဖြစ်သွားတာပါ။

ဟန်ကျွယ်ဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ထုတ်ယူပြီး ရှင်ယွီကို ခုတ်ချလိုက်ပါတယ်။ ရှင်ယွီဟာ အင်္ကျီလက်စကို အလိုလို ဝှေ့ယမ်းပြီး ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ခုခံလိုက်ပါတယ်။

“ဝုန်း...”

ပုဆိန် တစ်ချက်နဲ့တင် ဝတ်ရုံကွဲကြေပြီး ရှင်ယွီဟာ နှစ်ခြမ်း ခြမ်းခံလိုက်ရပါတယ်။ ပြင်းထန်လွန်းတဲ့ ဓမ္မစွမ်းအားက ရှင်ယွီရဲ့ ရုပ်နာမ်နှစ်ပါးစလုံးကို တစ်ချက်တည်း သုတ်သင်လိုက်ပါတယ်။ ရှင်ယွီဟာ မဟာတာအိုပညာရှိ ဖြစ်ပေမဲ့ ဟန်ကျွယ်ရဲ့ အစွမ်းကုန် တိုက်ချက်တစ်ချက် မခုခံနိုင်ရှာပါဘူး။

ဟန်ကျွယ်ဟာ ပုဆိန်ကို နောက်တစ်ခါ ထပ်ဝှေ့ယမ်းလိုက်ပါသေးတယ်။

တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။

“ပြိုင်ဘက်ကင်းတာက တကယ် ပျင်းဖို့ကောင်းတာပဲ၊ နောက်တစ်ခါ တစ်ချက်တည်း သတ်မိပြန်ပြီ၊ ပြန်ပြောဖို့ အတွေ့အကြုံဆိုလို့ ဘာမှကို မရှိပါလား...” ဟန်ကျွယ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။

ဒီအဆင့်မှာ တစ်စက္ကန့်က အရမ်းကြာညောင်းပါတယ်။ ဒီတစ်စက္ကန့်အတွင်း ဟန်ကျွယ်ဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို တစ်ဘီလီယံကျော်အောင် ဝှေ့ယမ်းနိုင်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters