← Chapters

ပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ပါး

Vol. 74 Ch. 784

ပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ပါး

Vol. 74 Ch. 784

ဟန်ကျွယ်ဟာ ရှင်ယွီကို သတ်ပြီးတဲ့အခါ နတ်ဒေါင်းအရှင်ကို အိပ်မက်ပေးပြီး သတင်းပေးလိုက်ပါတယ်။

‘မြန်လှချည်လား’ နတ်ဒေါင်းအရှင်ဟာ မှင်တတ်သွားပါတယ်။ ပြီးခဲ့တဲ့ အိပ်မက်နဲ့ အခုအိပ်မက်က ဘယ်လောက်မှာ မကွာဘူး မဟုတ်ပါလား။

‘အမှောင်သခင်ကြီးက ငါ့နောက်ကိုလိုက်ပြီး ငါ့ကို တိတ်တိတ်လေး ကာကွယ်ပေးနေတာလား... မဖြစ်နိုင်ဘူး... ဒါမှမဟုတ်...’ နတ်ဒေါင်းအရှင်ဟာ အမှောင်သခင်ကြီးကို ကြည့်လေလေ ကြည်ညိုလေးစားလေလေ ဖြစ်သွားပါတယ်။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်း အဲဒီနေရာကနေ ထွက်ခွာပြီးတာနဲ့ နေရာတစ်ခုရှာ ကျင့်ကြံအားထုတ်ချည်၊ ငါ မင်းလို လိုအပ်လာရင် အချိန်မရွေး သတင်းပေးမယ်” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။

နတ်ဒေါင်းအရှင်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ နတ်ဒေါင်းအရှင် ဆေးဖိုတစ်ဖိုမှာ ချုပ်နှောင်ခံထားရတာ ဖြစ်သွားပါတယ်။ ဆေးဖိုထဲက အာကာသဟာ အလွန်တရာ ကျယ်ဝန်းပြီး မီးလျှံကမ္ဘာနဲ့ ပိုတူပါတယ်။

နတ်ဒေါင်းအရှင်ဟာ ကောင်းကင်ကို မော့ကြည့်ပြီး ငါးရောင်ခြည်တန်းကို ပစ်လွှတ်လိုက်ပါတယ်။ ငါးရောင်ခြည်တန်းဟာ ကောင်းကင်ကို ထိုးဖောက်ပြီး ထွက်ပေါက်တစ်ခု ပေါ်လာပါတယ်။ နတ်ဒေါင်းအရှင်ဟာ ချက်ချင်း ခုန်ထွက်လိုက်တဲ့အခါ ခန်းမတစ်ခုထဲမှာ ပေါ်လာပါတယ်။

ခန်းမက လူခြေတိတ်နေပါတယ်။ နတ်ဒေါင်းအရှင်ကလွဲရင် ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မရှိပါဘူး။ နတ်ဒေါင်းအရှင်ဟာ ပတ်ဝန်းကျင်ကို သတိကြီးစွာ လိုက်ကြည့်ပေမဲ့ ရှင်ယွီရဲ့ ရောင်ဝါကို မတွေ့ရပါဘူး။

ရှင်ယွီက ထွက်ပြေးသွားတာတော့ မဖြစ်နိုင်ပါဘူး။ မဟုတ်ရင် ဓမ္မရတနာရဲ့ စွမ်းအားက အရင်လို အားကောင်းနေဦးမှာပါ။ ရှင်ယွီ သေသွားလို့သာ ဆေးဖိုရဲ့ ကန့်သတ်စည်းက အားပျော့သွားပြီး နတ်ဒေါင်းအရှင် လွတ်အောင် ရုန်းနိုင်တာ ဖြစ်ပါတယ်။

“ဟမ်... မင်းပဲ နောက်ခံရှိတယ်လို့ ထင်နေတာလား၊ အခု ဘာတတ်နိုင်သေးလဲ” နတ်ဒေါင်းအရှင် မထီပြုံးနဲ့ ခန်းမကို လိုက်ကြည့်ပါတယ်။ အဲဒီနောက် သူဖိနှိပ်ခံထားခဲ့ရတဲ့ ဆေးဖိုကို ကောက်သိမ်းပြီး ခန်းမထဲက ထွက်သွားပါတယ်။

ရှင်ယွီရဲ့ လက်အောက်မှာ ကမ္ဘာတစ်ခု ရှိပါတယ်။ ဒီကမ္ဘာမှာ တာအိုပညာရှိတွေ မရှားပါဘူး။ နတ်ဒေါင်းအရှင်ဟာ ဒေါသထွက်နေတာမလို့ ဒီကမ္ဘာကို သတ်ဖြတ်ပြီး သူ့ဒေါသတွေ ပုံချလိုက်ပါတယ်။

လေးငါးဆယ်နာရီ အကြာမှာတော့ နတ်ဒေါင်းအရှင်ဟာ အမှောင်တားမြစ်နယ်မြေမှာ ပေါ်လာပါတယ် “ဟွန်း... မင်းတို့တွေ အပြစ်တင်ချင်ရင် နေရာမှားပြီး မွေးမိတာကိုပဲ အပြစ်တင်ကြ”

အဲဒီနောက် နတ်ဒေါင်းအရှင်ဟာ ငါးရောင်ခြည်တန်းအသွင် ပြောင်းလဲပြီး အမှောင်ထုထဲမှာ ပျောက်ကွယ်သွားပါတယ်။

ပုကျိုးနတ်တောင်။

သစ်ပင်အိုကြီးအောက်မှာ တရားထိုင်နေတဲ့ ဟန်ယွီဟာ ရုတ်တရက် မျက်လုံး ဖွင့်ကြည့်လိုက်တဲ့အခါ ချင်လင်းကို တွေ့လိုက်ရပါတယ်။ ချင်လင်းဟာ နတ်သံချပ်ကာနဲ့ နတ်လက်နက်ကို ကိုင်စွဲထားပြီး ဟန်ယွီမြင်ဖူးတဲ့ အင်မော်တယ်တွေထက်တောင် ရောင်ဝါ ပိုပြင်းနေပါတယ်။

အကြည့်ချင်း ဆုံသွားတဲ့အခါ နှစ်ယောက်စလုံး ပြုံးမိလိုက်ကြပါတယ်။

ချင်လင်းဟာ ဟန်ယွီရှေ့မှာ ဒူးထောက်လိုက်ပါတယ် “ကျေးဇူးမသိတတ်တဲ့ မြေးတပည့် ချင်လင်း ဆရာဘိုးဘိုးကို ဂါရဝပြုဖို့ ပြန်လာပါပြီ”

ချင်လင်းဟာ ဟန်ယွီကို ရှိခိုးလိုက်ပါတယ်။

အဝေးမှာရှိတဲ့ ဝတ်ရုံစိမ်းနဲ့ အမျိုးသမီးဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဒီမြင်ကွင်းကို တွေ့လိုက်ရတဲ့အတွက် စိတ်ထဲမှာ လန့်သွားပါတယ်။

ချင်လင်းက တစ်ချက်ကြည့်ရုံနဲ့ သာမန်မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။ ဝတ်ရုံစိမ်း အမျိုးသမီးဟာ ဟန်ကျွယ်ကလွဲရင် ချင်လင်းလောက် ကိုယ်ဟန်ကောင်းတဲ့လူကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဟန်ယွီတောင် ချင်လင်းရှေ့ အားနည်းပုံ ပေါ်နေပါတယ်။

ချင်လင်းဟာ ဝတ်ရုံစိမ်း အမျိုးသမီးသမီးကို သတိထားမိသွားပါတယ် “သူက...”

ဟန်ယွီဟာ ပြုံးလိုက်ပါတယ် “တောင်ပေါ်က ကျင့်ကြံသူပါ၊ သူ့ကို စိုးရိမ်စရာ မရှိဘူး၊ ဒါနဲ့ မင်း ဘာဖြစ်လို့ ပြန်လာတာလဲ၊ ဒီနှစ်တစ်သိန်းမှာ အဆင်ရောပြေရဲ့လား”

“ပြေပါတယ်” ချင်လင်းဟာ ဟန်ယွီကို ပြန်တွေ့ရတဲ့အတွက် အရမ်းစိတ်လှုပ်ရှားနေပါတယ်။

ဝတ်ရုံစိမ်းနဲ့ အမျိုးသမီးဟာ လန့်သွားပါတယ် ‘နှစ်တစ်သိန်း... မြေးတပည့်တောင် ဒီလိုဆိုရင် စီနီယာက အသက်ဘယ်လောက်တောင် ရှိနေပြီလဲ...’

ချင်လင်းဟာ သူ ပဋိပက္ခဆီ သွားတဲ့အချိန်ကစပြီး စပြောပါတယ်။ ဝတ်ရုံစိမ်းနဲ့ အမျိုးသမီးဟာ နားစွင့်ပြီး ဂရုတစိုက် နားထောင်ပါတယ်။

လေးငါးဆယ်ရက် အကြာမှာတော့...

ချင်လင်းဟာ ပြောလို့ ပြီးသွားပါတယ်။ ဟန်ယွီဟာ သက်ပြင်းချလိုက်ပါတယ်။ ဟန်ယွီဟာ ချင်လင်းက ဒီနှစ်တွေမှာ ဒီလိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဘဝကို နေထိုင်ရလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ဝတ်ရုံစိမ်း အမျိုးသမီးဟာ ချင်လင်းကို တလေးတစား ကြည့်လိုက်ပါတယ်။ ချင်လင်းနေရာမှာ သူမသာဆိုရင် အစောကြီးကတည်းက လက်လျှော့လိုက်မှာပါ။ ဝတ်ရုံစိမ်း အမျိုးသမီးဟာ သူမ သယ်ဆောင်ထားတဲ့ အမုန်းတရားက ဘာမှမဟုတ်ဘူးလို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။

နှစ်တွေလည်း ကြာပြီဖြစ်တဲ့အတွက် သူမရဲ့ ဆရာသခင်က ဘဝတစ်ခု ပြန်စနေလောက်ပါပြီ။ ပါရမီရှင်အဖြစ် ပြန်မွေးဖွားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ချင်လင်းဟာ ဝတ်ရုံစိမ်း အမျိုးသမီးကို ကြည့်ပြီး တုံ့ဆိုင်းသွားပါတယ်။

ဒါကြောင့် ချင်လင်းဟာ ဝတ်ရုံစိမ်း အမျိုးသမီးကို ချက်ချင်း တောင်အောက် ဆင်းခိုင်းလိုက်ပါတယ်။ ဝတ်ရုံစိမ်း အမျိုးသမီးဟာ နှုတ်ခမ်းမဲ့ပြီး တောင်ပေါ်ကနေ ချက်ချင်း ဆင်းသွားပါတယ်။

အဲဒီတော့မှ ချင်လင်းဟာ သူပြန်လာရတဲ့ အကြောင်းအရင်းကို ရှင်းပြပါတယ်။ ချင်လင်းက အနန္တကပ်ဘေး သားတော် ဖြစ်လာပြီး ဒုက္ခများတဲ့ ဘဝကို ရင်ဆိုင်ရတော့မယ်လို့ ကြားလိုက်ရတဲ့အတွက် ဟန်ယွီဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ချင်လင်းက တည်ငြိမ်စွာ ဆက်ပြောပါတယ် “ဆရာဘိုးဘိုး ကျိုးဖန်က ကျွန်တော်ကို ပြောထားတယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ထောက်ခံမှုကြောင့် တာအိုပညာရှိတွေက ကျွန်တော်ကို အကောက်ကြံရဲမှာ မဟုတ်ဘူးတဲ့”

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလို့ ကြားလိုက်ရတဲ့အခါ ဟန်ယွီ မျက်နှာပေါ်က စိုးရိမ်ပူပန်မှုတွေဟာ နေလာနှင်းပျောက် ဖြစ်သွားပါတယ်။

“ဒီလိုဆိုမှတော့ ငါ မင်းကို မတားတော့ပါဘူး” ဟန်ယွီဟာ ပြုံးလိုက်ပါတယ်။

ချင်လင်းလည်း ရယ်မောလိုက်ပါတယ်။

ဟန်ယွီဟာ သက်ပြင်းချလိုက်ပါတယ် “မင်းက ဒီလောက်ထိ စွမ်းအားကြီးနေလိမ့်မယ်လို့ ထင်မထားဘူး၊ ကြည့်ရတာ မင်းက ငါ့ထက်တောင် စွမ်းအားပိုကြီးလာပြီပဲ၊ မင်းကြီးပြင်းလာတာက ငါ့ကို တကယ်ပဲ ပျော်ရွှင်စေတယ်”

ချင်လင်းဟာ ခေါင်းကုတ်ပြီး ရယ်‌မောလိုက်ပါတယ် “ဟီးဟီး... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ကျွန်တော်ရဲ့ နှလုံးသားထဲမှာ ဆရာဘိုးဘိုးကသာ အရေးအကြီးဆုံးနဲ့ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ပဲ၊ ကျွန်တော် ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ဆရာဘိုးဘိုးက အမြဲတမ်း ကျွန်တော်ရဲ့ အကြီးအကဲ ဖြစ်နေဦးမှာပဲ”

“မင်း တော်တော် စကားတတ်လာတာပဲ”

“ဟီးဟီး...”

ခုနစ်လရှစ်လ အကြာမှာတော့ ချင်လင်းဟာ ပုကျိုးနတ်တောင်က ထွက်ခွာသွားပါတယ်။

ဟန်ယွီဟာ ချောက်ကမ်းပါးစွန်းမှာ ရပ်ပြီး ချင်လင်းထွက်သွားတာကို ကြည့်နေပါတယ်။ ဒီအချိန်မှာ ဟန်ယွီဟာ ချင်လင်းက တကယ် ကြီးပြင်းလာပြီလို့ ခံစားလိုက်ရပြီး ရင်ထဲမှာ ဟာလာ ဟင်းလင်းကြီး ဖြစ်သွားပါတယ်။

အနာဂတ်မှာ ချင်လင်းက သူ့ကို အရင်လို အဖော်ပြုနိုင်တော့မှာ မဟုတ်မှန်း ဟန်ယွီ သိပါတယ်။ သူတို့နှစ်ယောက် အတူနေနိုင်တဲ့အချိန်က ပိုပိုပြီး တိုတောင်းသွားမှာပါ။

ဟန်ယွီဟာ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ကို တွေးမိလိုက်ပါတယ်။ တိတ်ဆိတ်ဂိုဏ်းက ပါရမီရှင်ပေါင်း မရေမတွက်နိုင်အောင်ကို မွေးထုတ်ပေးခဲ့ပါတယ်။ အဲဒီထဲက တော်တော်များများဟာ ပဋိပက္ခထဲမှာ နာမည်တစ်ခုရအောင် ကြိုးစားနိုင်ခဲ့ကြပါတယ်။

‘ဘိုးဘေးကရော ငါ့လိုပဲ စိတ်ပျက် အားလျော့မှာလား... မဖြစ်နိုင်ဘူး’ ဟန်ယွီဟာ သူ့ရဲ့ အတွေးတိမ်မှုကို မရယ်မိဘဲ မနေနိုင်ပါဘူး ‘ငါက ဘယ်လိုလုပ်ပြီး ဘိုးဘေးကို ယှဉ်နိုင်မှာလဲ’

နောက်နှစ်တစ်ရာကျော်မှာ ချင်လင်းရဲ့ ပါရမီရှင်ဂုဏ်သတင်းက အင်မော်တယ်ကမ္ဘာမှာ မကြာခဏ ပေါ်လာပါတယ်။ ပထမ တာအိုပညာရှိတွေဟာ ချင်လင်းရဲ့ အရည်အချင်းက အထက်မြက်ဆုံးလို့ ပြောကြပါတယ်။ အဲဒီနောက် ချင်လင်းဟာ လူတိုင်းကို လိုက်စိန်ခေါ်ပြီး သူ့အစွမ်းအစကို သက်သေပြပါတယ်။

ဘယ်သူမှ ချင်လင်းကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ ချင်လင်းက လာသမျှလူတိုင်းကို အားသုံး ဖိနှိပ်တာချည်းပါပဲ။

တစ်ချိန်တည်းမှာပဲ ရှန်နန်းတော်ဟာ ရှကျစ်ဇွင်အတွက် စပြီးတော့ အရှိန်အဟုန် ဖန်တီးပေးပါတယ်။

ဒီလိုနဲ့ နှစ်ငါးထောင်အတွင်း ချင်လင်းနဲ့ ရှကျစ်ဇွင်ရဲ့ ဂုဏ်သတင်းဟာ အထွတ်အထိပ်ကို ရောက်ရှိသွားပါတယ်။ သူတို့နှစ်ယောက်ဟာ အင်မော်တယ်ကမ္ဘာက လူတိုင်းသိကြတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ ဖြစ်လာကြပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ ဒီပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ပါးဟာ ခွန်လွန်တောင်ထိပ်မှာ ရင်ဆိုင်တိုက်ခိုက်ဖို့ သဘောတူလိုက်တဲ့အတွက် အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။

မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေဟာ ဒီတိုက်ပွဲကို ကြည့်ဖို့ ရောက်လာကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတိုက်ပွဲမှာ အနိုင်ရသူဟာ တာအိုပညာရှိတွေထက် ကျော်လွန်ပြီး ကောင်းကင်တာအိုရဲ့ သမိုင်းမှာ အစွမ်းအထက်ဆုံး ပါရမီရှင်တစ်ပါး ဖြစ်လာလိမ့်မယ်လို့ ပြောထားလို့ပါပဲ။

ဒီလိုနဲ့ တိုက်ပွဲနေ့ကို ရောက်လာပါတယ်။ ဘီလီယံချီတဲ့ ကျင့်ကြံသူတွေဟာ ခွန်လွန်တောင်ကို ဝန်းရံပြီး အဝေးကနေ ကြည့်ရှုကြပါတယ်။ ဒီတိုက်ပွဲက တကယ်ကို ကြမ်းတမ်းတာပါ။ တိုက်ပွဲကို လာကြည့်တဲ့ ကျင့်ကြံသူအားလုံး ချင်လင်းနဲ့ ရှကျစ်ဇွင်က ပြိုင်ဘက်ကင်း ပါရမီရှင်ဆိုတာကို လက်မခံတဲ့လူ မရှိပါဘူး။

ဒါပေမဲ့ တိုက်ပွဲရလဒ်က ကျင့်ကြံသူ အကုန်လုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေပါတယ်။ ပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ပါးက လက်ရည်တူနေတဲ့အတွက် သေတဲ့အထိ တိုက်ခိုက်ပြီး အတူတူ ပျက်စီးသွားကြပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ လက်ဝှေ့ယမ်းပြီး ဝိညာဉ်နှစ်ခုကို ကာကွယ်လိုက်ပါတယ်။ သူတို့နှစ်ယောက်က အင်မော်တယ်ကမ္ဘာကို အကြီးအကျယ် ပျက်စီးမှု ဖြစ်စေပြီး ပွဲလာကြည့်တဲ့ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို မတော်တဆ ထိခိုက်စေတဲ့အတွက် ကောင်းကင်အရှင်ရွှမ်တုဟာ သူတို့နှစ်ယောက်ကို သေမျိုးကမ္ဘာမှာ ပြန်မွေးဖွားခိုင်းလိုက်ပါတယ်။

ခေတ်တစ်ခေတ်ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ပါးဟာ အတူသေဆုံးသွားကြပါတယ်။ ဒီတိုက်ပွဲက နှစ်ထောင်ချီခံတဲ့ ဒဏ္ဍာရီတစ်ခုပါ။ အင်မော်တယ်ကမ္ဘာတင် မကပါဘူး၊ အနန္တကမ္ဘာနဲ့ ပဋိပက္ခ ကောင်းကင်လမ်းကိုတောင် ပျံ့နှံ့သွားပါတယ်။

ချင်လင်းနဲ့ ရှကျစ်ဇွင်ဟာ ပန်ကူး၊ သုံးပါးအရှင်၊ တာအိုဘိုးဘေးနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ တာအိုပညာရှိလိုမျိုး ဒဏ္ဍာရီလာ နာမည်တွေ ဖြစ်ကုန်ပါတယ်။ သူတို့နှစ်ယောက်က တာအိုပညာရှိအဆင့်ကို မရောက်သေးပေမဲ့ သူတို့နှစ်ယောက်ရဲ့ အရည်အချင်းက ထိပ်ဆုံးကို ရောက်နေပြီ မဟုတ်ပါလား။ သူတို့သာ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေဆုံးရင် သူတို့ အနာဂတ်က အကန့်အသတ် မဲ့ပါတယ်။

ကျင့်ကြံသူ တော်တော်များများဟာ ဒီလိုပါရမီရှင်နှစ်ပါး သေဆုံးရတာက နောက်ထပ် ပန်ကူးနှစ်ယောက် ပေါ်လာမှာစိုးတဲ့အတွက် တာအိုပညာရှိတွေ လှုပ်ရှားလိုက်တာလို့ ယုံကြည်ကြပါတယ်။

ငရဲပြည်၊ ယမမင်းခန်း။

ရန်ထျန်တုန်းဟာ ဝိညာဉ်ချိန်းကြိုးနဲ့ ချည်နှောင်ခံထားရတဲ့ ချင်လင်းကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ် “မဆိုးဘူး.. မဆိုးဘူး... သူက သေသွားပြီဆိုပေမဲ့ တိတ်ဆိတ်ဂိုဏ်းအတွက် တိုက်ခိုက်တုန်းပဲ”

ချင်လင်းရဲ့ ကျောက်တုံးမျက်နှာဟာ ရန်ထျန်တုန်းရဲ့ စကားကြောင့် လှုပ်ရှားသွားပါတယ် “ယမမင်းက တိတ်ဆိတ်ဂိုဏ်းနဲ့ အဆက်အသွယ် ရှိနေတာာလား”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters