← Chapters

ဘိုးဘေးရှီတျန်ကို အိပ်မက်ပေးခြင်း

Vol. 75 Ch. 797

ဘိုးဘေးရှီတျန်ကို အိပ်မက်ပေးခြင်း

Vol. 75 Ch. 797

‘ဘာဖြစ်လို့ ဒီလိုဖြစ်ရတလဲ၊ ငါ သူရောက်လာတာကို လုံးဝ အာရုံမခံမိဘူး’ သိကျန်းဟာ စိတ်ထဲမှာ တုန်လှုပ်သွားပါတယ်။ ဟန်ကျွယ်က သူတို့နားကို ဘယ်သူမှ သတိမထားမိအောင် ချဉ်းကပ်နိုင်တယ်ဆိုရင် သူတို့ကို လုပ်ကြံဖို့ကလည်း လွယ်လွယ်လေးပါ။ မသေဘူးဆိုရင်တောင် အနည်းဆုံးတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရမှာပါ။

သိကျန်းဟာ ဟန်ကျွယ် မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်နဲ့ တိုက်ခိုက်တဲ့ မြင်ကွင်းကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ ဟန်ကျွယ်က သူတို့ဘိုးဘေးမှော်ပညာရှိတွေထက် ပိုကြမ်းလွန်းတယ် မဟုတ်ပါလား။

ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး လက်သီးဆုပ်ကာ ဂါရဝပြုလိုက်ပါတယ်။ အဲဒီနောက် အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်တဲ့အခါ သူ့ဘေးမှာ ကော်ဇောတစ်ချပ် ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ ဂိုဏ်းချုပ်တျန်ကျွယ်ဘေးမှာ ထိုင်လိုက်ပြီး ဘိုးဘေးမှော်ပညာရှိတွေကို ထိုင်ဖို့ လက်ပြလိုက်ပါတယ်။

“ဧကရီဟုတ်ထို... မတွေ့တာ ကြာပြီနော်” ဟန်ကျွယ်ဟာ သူရင်းနှီးတဲ့လူကို နှုတ်ဆက်ရင်း တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပါတယ်။

ဧကရီဟုတ်ထိုဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ နှစ်တွေ အတော်ကြာသွားပြီ၊ ဒါပေမဲ့ နှစ်တွေ ဘယ်လောက်ကြာကြာ တာအိုရောင်းရင်းဟန်ကတော့ အရင်အတိုင်းပဲနော်၊ တာအိုရောင်းရင်းဟန်ရဲ့ အရည်အချင်းက ပဋိပက္ခနတ်ဘီလူးတွေထဲမှာ အထက်မြက်ဆုံး ဖြစ်လောက်တယ်”

တခြား ဘိုးဘေးမှော်ပညာရှိတွေဟာ ဘာမှမပြောပေမဲ့ ဟန်လုပ်ပြုံးလိုက်ပါတယ်။ ဘာပဲပြောပြော ဟန်ကျွယ်ရဲ့ ရုပ်ရည်က ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးကို မှင်တက်သွားစေတာ အမှန်ပါ။

ဟန်ကျွယ်ဟာ ဧကရီဟုတ်ထိုနဲ့ စကားခဏပြောပြီးနောက် မှော်မျိုးနွယ်စုရဲ့ ရည်ရွယ်ချက်ကို မေးလိုက်ပါတယ်။

ဧကရီဟုတ်ထိုဟာ သိကျန်းကို ကြည့်လိုက်ပါတယ်။ သိကျန်းက အလေးအနက် ပြောလိုက်ပါတယ် “ငါတို့တွေ မဟာမှော်ပညာရှိတချို့ကို ကောင်းကင်တာအိုထဲ စေလွှတ်ပြီး အဖေရဲ့ စိတ်ဆန္ဒကို ရှာဖွေစေချင်တယ်၊ ရှာတွေ့တာနဲ့ ငါတို့တွေ ထွက်သွားမယ်၊ ငါတို့တွေ စည်းမျဉ်းတွေကို သိတယ်၊ ငါတို့တွေ ကောင်းကင်တာအိုထဲ မဝင်ဘူး၊ ဒီမှာပဲ စောင့်မယ်”

သိကျန်းဟာ ဒီစကားပြောရတာ နည်းနည်းတော့ စိတ်မချမ်းသာလှပါဘူး။ တစ်ခါတုန်းက သူတို့လည်း ကောင်းကင်တာအိုသားတွေပါ။ ကောင်းကင်တာအိုကို ပြန်လာတာက သူတို့အတွက် အိမ်ပြန်သလိုမျိုး ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အခုတော့ သူတို့က ကောင်းကင်တာအိုအတွက် ဧည့်သည်တွေ ဖြစ်နေပါပြီ။ နောက်ပြီး ကောင်းကင်တာအိုကို ဖန်တီးခဲ့တာက သူတို့အဖေ ပန်ကူးမဟုတ်ပါလား။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ပန်ကူးရဲ့စိတ်ဆန္ဒ၊ အဲဒါ ဘာကိုပြောတာလဲ၊ သူ့မျိုးဆက်တွေကို ပြောတာလား”

သိကျန်းက ခေါင်းခါလိုက်ပါတယ် “ငါတို့တွေ အဖေရဲ့ မျိုးဆက်တွေကို မထိဘူး၊ အဖေရဲ့ စိတ်ဆန္ဒကိုတော့ ငါတို့လည်း သေချာမသိသေးဘူး၊ ရှာကြည့်ရမှာပဲ”

ဟန်ကျွယ်ဟာ ပါးစပ်ပိတ်ပြီး စနစ်ကို စိတ်ထဲကနေ မေးလိုက်ပါတယ် “သိကျန်းပြောတာ အမှန်တွေပဲလား”

[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[အမှန်ဖြစ်သည်။]

“ပန်ကူးရဲ့ စိတ်ဆန္ဒက ဘာလဲ”

[သက်တမ်း ၁ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ပန်ကူး၏ စိတ်ဆန္ဒ: ပန်ကူး လောကကြီးကို ဖန်တီးစဉ်က ချန်ရစ်ထားခဲ့သော အသိဉာဏ် တစ်စွန်းတစ်စ ဖြစ်ပြီး ကောင်းကင်တာအိုတွင် ချိပ်ပိတ်ထား၏။ မဟာတာအိုပညာရှိချုပ်သာလျှင် ပန်ကူးစိတ်ဆန္ဒ၏ အရိပ်အယောင်ကို တွေ့မြင်နိုင်လိမ့်မည်။]

‘ဒီလိုလား... ဒါဆို ကောင်းကင်တာအို စိတ်ဝိညာဉ်က ပန်ကူးရဲ့ စိတ်ဆန္ဒများလား...’

သေချာတွေးကြည့်ရင် အဓိပ္ပာယ် မရှိတာတော့ မဟုတ်ပါဘူး။ ကောင်းကင်တာအိုထဲမှာ ပန်ကူးရဲ့မျိုးဆက်တွေ အများကြီး ပေါ်လာတာက ပန်ကူးချန်ထားခဲ့တဲ့ နည်းလမ်းကလွဲပြီး တခြားအကြောင်းအရင်း မရှိနိုင်ပါဘူး။

ဘာပဲဖြစ်ဖြစ် မှော်မျိုးနွယ်စုရဲ့ ကျင့်ကြံမှုက နိမ့်ပါးလွန်းတဲ့အတွက် ပန်ကူးရဲ့ စိတ်ဆန္ဒကို ရှာတွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။

ဟန်ကျွယ်က ဘာမှပြန်မပြောတဲ့အတွက် ဘိုးဘေးမှော်ပညာရှိတွေရဲ့ နှလုံးသားဟာ ရေမွန်းသွားပါတယ်။ ဘိုးဘေးမှော်ပညာရှိတွေဟာ ဟန်ကျွယ်က ငြင်းတော့မယ်လို့ တွေးလိုက်ကြတာပါ။

ဂိုဏ်းချုပ်တျန်ကျွယ်ကတော့ မသိမသာ ပြုံးမိလိုက်ပါတယ်။ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ဘိုးဘေးမှော်ပညာရှိတွေကို သိပ်ကြည်တာ မဟုတ်ပါဘူး။ ဒါကြောင့် ဘိုးဘေးမှော်ပညာရှိတွေ အဆင်မပြေလေလေ ပျော်လေလေပါပဲ ‘မင်းတို့တွေ စောစောတုန်းက ဒီလိုမဟုတ်ပါဘူး... ဘာလို့ အခုကျမှ တိတ်ဆိတ်နေရတာလဲ’

ဟန်ကျွယ်ဟာ မော့ကြည့်လိုက်တဲ့အခါ ဘိုးဘေးမှော်ပညာရှိတွေ လန့်နေတာကို တွေ့လိုက်ရတဲ့အတွက် ပြုံးမိလိုက်ပါတယ် “ရတယ်၊ ငါက ပန်ကူးရဲ့ စိတ်ဆန္ဒအကြောင်းကို တွေးနေတာ၊ ဒါပေမဲ့ ငါ နားမလည်နိုင်သေးဘူး၊ ဘာပဲဖြစ်ဖြစ် မင်းတို့တွေ မဟာမှော်ပညာရှိကို ကောင်းကင်တာအိုထဲ လွှတ်လို့ရတယ်”

ဘိုးဘေးမှော်ပညာရှိဟာ ကျေနပ်အံ့အားသင့်သွားပြီး ဟန်ကျွယ်ကို ချက်ချင်း ကျေးဇူးတင်ကြပါတယ်။ မျက်နှာသာပေးတဲ့ အသိပေးချက်တွေလည်း ဟန်ကျွယ် မြင်ကွင်းထဲမှာ စီတန်းပြီး ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ ဒီအသိပေးချက်တွေကို လျစ်လျူရှုပြီး ဂိုဏ်းချုပ်တျန်ကျွယ်ကို ကြည့်လိုက်ပါတယ် “ဒီတာအိုရောင်းရင်းတွေကို မင်းပဲ ဆက်ပြီးတော့ ဧည့်ခံလိုက်ပါ”

ဂိုစ်းချုပ်တျန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

ကိစ္စပြီးတာနဲ့ ဟန်ကျွယ်ဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ခန်းမထဲက ထွက်ခွာသွားပါတယ်။

ဧကရီဟုတ်ထိုဟာ ဟန်ကျွယ်ကို ကြည့်ရင်း တုံ့ဆိုင်းသွားပါတယ်။ မဟာမှော်ပညာရှိတွေကလည်း ဟန်ကျွယ်ကို လေးစားစွာ ကြည့်လိုက်ပါတယ်။ ဘိုးဘေးမှော်ပညာရှိ ၁၂ ပါး ဒီလောက်လန့်တာကို သူတို့တွေ ပထမဆုံးအကြိမ် မြင်ဖူးကြတာပါ။

‘ကောင်းကင်တာအို ဒီလောက်မြန်မြန် အင်အားကြီးလာတာ အံ့ဩစရာ မရှိတော့ပါဘူး၊ ဒီလို စွမ်းအားကြီးပုဂ္ဂိုလ် စောင့်ရှောက်တဲ့ ဘယ်ကမ္ဘာမဆို ဒီလောက်မြန်မြန် တိုးတက်မှာပဲ’

ဟန်ကျွယ်ဟာ ဧည့်ကြိုနန်းတော်က ထွက်ခွာပြီးတာနဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ ဘိုးဘေးမှော်ပညာရှိတွေ စိတ်လိုက်မာန်ပါ မလုပ်ရဲဘူးဆိုတာကို ယုံကြည်ပါတယ်။ တကယ်လို့ လုပ်ရဲရင်လည်း ဟန်ကျွယ်က သူတို့ကို သင်ခန်းစာကောင်းကောင်း ပေးပစ်မှာပါ။

အခုအချိန်မှာ ဟန်ကျွယ်က ဘဝင်မြင့်ဖို့ အရည်အချင်း ရှိနေပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့ရဲ့ မာနကို နှလုံးသားထဲမှာပဲ သိမ်းထားပြီး ဘယ်တော့မှ အပြင်မထုတ်ပါဘူး။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်ထပ် နှစ်ငါးသောင်း ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ် မျက်လုံးဖွင့်လိုက်ပြီး လှမ်းကြည့်လိုက်တဲ့အခါ မှော်မျိုးနွယ်စု မရှိတော့တာကို တွေ့လိုက်ရပါတယ်။ မဟာမှော်ပညာရှိတွေ ပန်ကူးရဲ့ စိတ်ဆန္ဒကို ရှာမတွေ့တာ အသိသာကြီးပါ။

ဟန်ကျွယ်ဟာ ဘိုးဘေးမှော်ပညာရှိတွေ ဘယ်လိုခံစားရလဲဆိုတာကို ဂရုမစိုက်ပါဘူး။ ကောင်းကင်တာအိုကို မသက်ရောက်ရင် အရာအားလုံး အဆင်ပြေပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးလိုက်ပါတယ်။

[သင့်တပည့် တာအိုအရှင်သခင်သည် စန့်ချွမ်အဂ္ဂကမ္ဘာသို့ ဝင်ရောက်သွား၏။]

[သင့်တပည့် တာအိုအရှင်သခင်သည် စန့်ချွမ်အဂ္ဂကမ္ဘာသို့ ဝင်ရောက်သွား၏။]

[သင့်မြေးတပည့် ချူရှီရန်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကို ခံရပြီး ဝိညာဉ် အကျဉ်းချခံလိုက်ရ၏။]

[သင့်သား ဟန်ထော်သည် နတ်ဆိုးလမ်းစဉ်သို့ ကျရောက်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်တပည့် ကျိုးဖန်သည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်မိတ်ဆွေ ရှီတုတောက် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ သိကျန်းသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

‘တိုက်ခိုက်တာတွေ များလှချည်လား...’

တာအိုအရှင်သခင်တို့ သုံးယောက်က လောင်တန်နောက် လိုက်သွားတာ ဖြစ်တဲ့အတွက် စန့်ချွမ်အဂ္ဂကမ္ဘာဆီ ‌ရောက်သွားတာ အံ့ဩစရာတော့ မရှိပါဘူး။ ဒါပေမဲ့ ဘိုးဘေးရှီတျန်၊ လီတောက်ခုံးနဲ့ ရှီတုတောက်တို့က ကောင်းကင်ရုံးတော်နဲ့ မဟာတာအိုမျှော်စင်ကို တိုက်ခိုက်နေတာကတော့ ထူးဆန်းပါတယ်။

ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးသရုပ်နဲ့ ရှီတုတောက်နဲ့ လီတောက်ခုံးက ဘိုးဘေးရှီတျန်ရဲ့ အမိန့်နာခံတာကို သိထားခဲ့ပါတယ်။ သူတို့သုံးယောက်က ရှုံဟွာအစေခံတွေကို ခေါ်ဆောင်ပြီး ရှုံဟွာအင်အားစု ကြီးမားအောင် နေရာတကာမှာ တိုက်ခိုက်နေတာပါ။

ရှုံဟွာရဲ့ တိုက်ခိုက်မှုက ကြမ်းတယ်လို့ ထင်ရပေမဲ့ နောက်ခံမရှိတဲ့ ကျင့်ကြံသူတွေကို လိုက်တိုက်တာပါ။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အဆက်အသွယ် ကျယ်ပြန့်ပေမဲ့ ပဋိပက္ခက အဆုံးမဲ့လောက်ကို ကျယ်တာပါ။ ကောင်းကင်ရုံးတော်က စွမ်းအားကြီးပေမဲ့ သူတို့ရဲ့ စစ်ပွဲတွေက ပဋိပက္ခထဲမှာ တိုက်ပွဲသေးသေးလေးတွေပါ။

သူတို့ အားကိုးလို့ရတဲ့ မဟာမိတ်က မဟာတာအိုမျှော်စင်ပဲ ရှိပါတယ်။ မဟာတာအိုမျှော်စင်ကလည်း ကောင်းကင်ရုံးတော်ပဲ ရှိတာပါ။ ဒါကြောင့် ရှုံဟွာက ဒီအင်အားစုနှစ်စုကို အနိုင်ကျင့်နေတာပါ။

ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် ဘိုးဘေးရှီတျန်ရဲ့ အိပ်မက်ထဲကို သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဘိုးဘေးရှီတျန် ဒီလို အခြေအနေမျိုး ရောက်သွားတာက သူ့ရဲ့ အမှောင်သခင်ကြီးဆိုတဲ့ သရုပ်ကြောင့်ပါ။ ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်က သူ့ကို အမှောင်သခင်ကြီးမှန်း သိလား မသိဘူးလားဆိုတာကို မသေချာပါဘူး။ ဘာပဲဖြစ်ဖြစ် ဘိုးဘေးရှီတျန်က သူ့အပေါ် အကာင်းမြင်စိတ် ရှိနေတုန်းပါ။

ကပ်ဘေး မတိုင်ခင်တုန်းက ကောင်းကင်ရုံးတော် တစ်ခုလုံးမှာ ဟန်ကျွယ်လေးစားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က ဘိုးဘေးရှီတျန်ပဲ ရှိပါတယ်။

ဟန်ကျွယ်ဟာ အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုပြီး သူ့ရဲ့ ခန္ဓာစစ်နဲ့ ဘိုးဘေးရှီတျန်ကို သွားတွေ့ပါတယ်။ အိပ်မက်နယ်မြေက အရင် တာအိုဟောကြားတာ နားထောင်ခဲ့တဲ့ မဟာအန္တိမခန်းမပါ။

ဘိုးဘေးရှီတျန်ဟာ မျက်လုံးဖွင့်လိုက်တဲ့ တောက်ပတဲ့ခန်းမကို တွေ့လိုက်ရတဲ့အတွက် ငေးမောသွားပါတယ်။ မဟာအန္တိမခန်းမက ဖွင့်လှစ်တိုင်းမှာ အရမ်းစည်ကားခဲ့ပါတယ်။ တာအိုရှာဖွေသူတွေဟာ ခန်းမထဲမှာထိုင်ပြီး သူ့ကို တလေးတစား ကြည့်နေကြပါတယ်။

တာအိုနားထောင်သူ ထောင်ချီဟာ ပျောက်ကွယ်သွားပြီး လူတစ်ယောက်ပဲ ကျန်နေခဲ့ပါတယ်။

ဘိုးဘေးရှီတျန်ဟာ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ နှစ်ယောက်စလုံးရဲ့ မျက်နှာတွေက တည်ငြိမ်လွန်းပါတယ်။

ဟန်ကျွယ်ဟာ လက်သီးဆုပ်ပြီး ဦးညွှတ်လိုက်ပါတယ် “လွန်ခဲ့တဲ့ နှစ်တစ်သန်းက ဘိုးဘေး သင်ကြားပေးခဲ့တဲ့ ကံတရား မဟာတာအိုက ကျွန်တော်ကို အများကြီး အကျိုးဖြစ်ထွန်းစေခဲ့တယ်”

ဘိုးဘေးရှီတျန်ဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ် “မင်းက အရင်လို သတိကြီးနေတုန်းပဲ၊ ကျင့်ကြံမှု ဒီလောက် မြင့်မားနေတာတောင် အခုထိ ကံတရား မဟာတာအိုကို မကျင့်ကြံသေးဘူး၊ ဘယ်လိုလုပ်ပြီး ကံတရား မဟာတာအိုကနေ အကျိုးအမြတ်ရသွားတာလဲ”

ဟန်ကျွယ်က ယဉ်ကျေးရုံ ပြောလိုက်တာပါ။ ဒါကြောင့် ဘိုးဘေးရှီတျန်ရဲ့ မေးခွန်းကို ဘယ်လို ပြန်ပြောရမှန်း မသိတော့ပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters