ထူးခြားတဲ့ အမွေအနှစ်လား။
Vol. 165 Ch. 2359
တူညီစွာပင် ရှီးချီယောင်သည်လည်း ရီဖူရှင်းထံမှ ထွက်ပေါ်လာသော ခြိမ်းခြောက်မှုကို သတိပြုမိပေသည်။ သူ၏ မဟာလမ်းစဥ် ခန္ဓာကိုယ်က နတ်ဘုရားတစ်ပါးကဲ့သို့ပင် အလွန် လွှမ်းမိုးနိုင်စွမ်းရှိလှသည်။ ရီဖူရှင်းက အနီးကပ်လာလျှင် သူမအတွက် အလွန် အန္တရာယ်များပေလိမ့်မည်။
အနောက်အင်ပါယာ၏ မျက်လုံးများကို မျက်ဝန်းမှော်ပညာ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်နိုင်ပေသည်။ အကြည့်တစ်ချက်နှင့် ရီဖူရှင်းက မျက်ဝန်းမှော်ပညာနယ်မြေအတွင်း အပြည့်အဝ ကျရောက်သွားခဲ့၏။ မိုးစက်များက ပိုးချည်မျှင်များကဲ့သို့ ရှိနေပြီး မိုးစက်နတ်ဓားများက အဆုံးမဲ့ အလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့အားလုံးက ရီဖူရှင်းပေါ်သို့ ကျရောက်လာပြီး မိုးစက်တိုင်းတွင် ပြိုင်ဘက်ကင်းစွမ်းအားတို့ ပါဝင်နေသည်။ မိုးစက်များက ချည်မျှင်များအဖြစ် ပြောင်းလဲသွားကာ ၎င်းတို့၏ လမ်းကြောင်းအတွင်းမှ အရာအားလုံးကို ဖျက်ဆီးပစ်ရန် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။
မိုးစက်များ၏ ပေါင်းစပ်မှုနှင့် ဖွဲ့စည်းထားသည့် ဓားအလင်းတို့တွင် စိတ်ဝိညာဥ်ကိုပင် ဖျက်ဆီးပစ်နိုင်သော စွမ်းအားတို့ ပါဝင်နေပုံရသည်။ ဤလေဟာနယ်အတွင်း ရီဖူရှင်းက ရွှံနွံထဲတွင် နစ်မြုပ်ခံရသလို ခံစားမိခဲ့ပြီး အလွန် မသက်မသာ ခံစားခဲ့ရပေသည်။
ဘုန်း...
ပိုမိုတောက်ပသည့် နတ်အလင်းက ဥဒေါင်းနတ်ဘုရားပုံရိပ်အဖြစ် ရီဖူရှင်း၏ နောက်တွင် ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် လေထုထဲတွင် ပုံရိပ်များစွာ ဖြစ်တည်လာပြီး ထိုအချိန်အတွင်း ရီဖူရှင်းသည် နေရာအနှံ့ရှိနေသလို ထင်မှတ်ရပေသည်။
တဖြေးဖြေးနှင့် စည်းချက်ကျသည့် အော်မြည်သံတို့ ထွက်ပေါ်လာပြီး ၎င်းသည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် မိစ္ဆာနှိမ်နင်းခြင်းဗုဒ္ဓခွန်အားပင် ဖြစ်ပေသည်။ တစ်ချိန်တည်းတွင် ရီဖူရှင်း၏ ပုံရိပ်များစွာက ကောင်းကင်ထက်သို့ တပြိုင်နက် ညွှန်ပြလိုက်သည်။ ရုတ်တရက် ထွက်ပေါ်လာသည့် နတ်ဓားများစွာတွင် သန့်စင်သော သတ်ဖြတ်ခြင်း၏ အလွန် ထက်ရှသည့် အရှိန်အဝါတို့ သယ်ဆောင်ထားပေသည်။
မိုးစက်များဖြင့် ဖွဲ့စည်းထားသည့် ဓားအလင်းတို့က ဖြတ်သန်းထိုးဖောက်လာ၏။ သို့သော် တစ်ချိန်တည်းတွင် ရီဖူရှင်း၏ များပြားလှသည့် ပုံရိပ်များကလည်း ပျောက်ကွယ်သွားသည်။ ပုံရိပ်တစ်ခုသာလျှင် အရာအားလုံးကို ချိုးဖျက်ပြီး အထက်သို့ တဟုန်ထိုး ဆက်လက်တက်သွားခဲ့သည်။ မကြာခင်တွင် ၎င်းက မဟာလမ်းစဥ်နယ်မြေ၏ အဆုံးသို့ ရောက်ရှိ ပေါ်ပေါက်လာပေသည်။
ချက်ချင်းပင် မျက်ဝန်းမှော်ပညာ၏ လေဟာနယ်အတွင်း နတ်အလင်းတို့နှင့် ဝန်းရံထားသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ရှီးချီယောင်၏ ခန္ဓာကိုယ်မှ ခွဲထွက်လာသည့် စိတ်ဝိညာဥ်ဖြစ်ပြီး အနောက်အင်ပါယာ၏ မျက်လုံးများ နယ်မြေအတွင်း တိုက်ရိုက်ဝင်ရောက်သွားသည်။ ထို့ပြင် သူမ၏ လှပသော ပုံရိပ်အနောက်မှ အလွန် တောက်ပသည့် အင်ပါယာပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ၎င်းသည် မဟာအင်ပါယာ ပြန်လည်ဝင်စားလာပြီး မျက်ဝန်းမှော်ပညာနယ်မြေအတွင်း ဆင်းသက်လာသလို ထင်မှတ်ရပေသည်။
ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် သူ၏ စိတ်ထဲသို့ ကျူးကျော်လာသော မိုးစက်များကို ခံစားမိလိုက်ပြီး မိုးစက်တိုင်းက သူ၏ စိတ်ဝိညာဥ်ကို အပ်နှင့် ထိုးဆွနေသလို နာကျင်စေသည်။
ထို့ထက်ပို၍ ထိုလွှမ်းမိုးချုပ်ကိုင်နိုင်သော ခွန်အားသည် ရီဖူရှင်း တွေ့ကြုံခဲ့ဖူးသော အရာအားလုံးထက် သာလွန်နေပုံရသည်။ သူ၏ စိတ်၊ ခန္ဓာနှင့် သက်စောင့်ဟော်နန်းအတွင်းမှ လောကသည်ပင် မိုးစက်များဖြင့် ပြည့်နေခဲ့ပုံရသည်။ မိုးစက်များဖြင့် တစ်လောကလုံးကို ထိန်းချုပ်ထားပုံရပြီး သူက ထိုနယ်မြေအတွင်း လွှမ်းမိုးချုပ်ကိုင်မှုအောက် ကျရောက်နေသလို ထင်မှတ်ရပေသည်။
ရီဖူရှင်းက မော့ကြည့်လိုက်သည့်အခါ သူ့အထက်၌ ရပ်ပြီး သူ့ကို လက်ညှိုးညွှန်နေသည့် ရှီးချီယောင်ကို မြင်လိုက်ရသည်။ ရီဖူရှင်းသည် ပုန်းစရာမြေမရှိဘဲ မိုးရေထဲ၌ ရပ်နေရသလို ခံစားမိခဲ့ပေသည်။ ထိုအခိုက်အတန့်တွင် ရှီးချီယောင်က မဟာအင်ပါယာ၏ မျိုးဆက်မျှသာ မဟုတ်တော့ပေ။ သူမက နတ်အလင်းများဖြင့် ဝန်းရံခံထားရသည်။ သူမကိုယ်တိုင်က မဟာအင်ပါယာတစ်ပါး ဖြစ်နေသလို ထင်မှတ်ရပေသည်။ ထိုတိုက်ခိုက်မှုများကို ထုတ်လွှတ်သူက သူမသာ မဟုတ်တော့ဘဲ မဟာအင်ပါယာကိုယ်တိုင် ဖြစ်နေသလိုပင် ဖြစ်သည်။
၎င်းက ပုံရိပ်ယောင်ဖြစ်သည်မှာ ရှင်းလင်းသော်လည်း အလွန် စစ်မှန်မှုကို ခံစားမိစေပေသည်။ အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် သူမကို အရေးပါဆုံးဆက်ခံသူအဖြစ် လက်ခံထားခဲ့ကာ ထင်မှတ်ထားသလိုပင် သူမက ခန့်မှန်းထားသည်ထက် အားကောင်းသန်မာလှသည်။ သူမသည် အနောက်အင်ပါယာထံမှ အမွေရရှိခဲ့သော စွမ်းအားကို အောင်မြင်စွာ ပေါင်းစပ်ခဲ့ပြီးသား ဖြစ်နိုင်သည်။ အဆုံးမှာတော့ သူမက အနောက်အင်ပါယာ၏ မျိုးဆက်ဖြစ်ပြီး အစွမ်းထက်ဆုံး သွေးမျိုးဆက်ကို နိုးထစေနိုင်ခဲ့သည့်အတွက်ကြောင့် သူမဘိုးဘေးများ၏ အမွေအနှစ်ကို ပြည့်စုံစွာ ပေါင်းစပ်နိုင်သည်မှာ အံ့သြစရာမရှိတော့ပေ။
ထိုသို့သော အခြေအနေအောက်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်အပြင် သက်စောင့်ဟော်နန်းသည်ပင် အဆက်မပြတ် တိုက်ခိုက်ခံရပြီး သူက အချိန်မရွေး ဖျက်ဆီးခံရနိုင်သလို ခံစားရပေသည်။ သူ ဖန်တီးထားသည့် မဟာလမ်းစဥ်နတ်ခန္ဓာက မဖျက်ဆီးနိုင်သော ခန္ဓာကိုယ်ဖြစ်ပုံရသည်။ သို့သော် ထိုအန္တရာယ်ခံစားမှုက အလွန် စစ်မှန်လှပြီး သူက ထိုပုံရိပ်ယောင်ဖြင့် အသတ်ခံလိုက်ရနိုင်ပေသည်။
ဘုန်း...
ရီဖူရှင်း၏ သက်စောင့်ဟော်နန်းက အော်မြည်နေပြီး သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါတို့ ထုတ်လွှတ်နေသည်။ သက်စောင့်ဟော်နန်းကမ္ဘာမှ နတ်အလင်းများက ရုတ်တရက် ထွက်ပေါ်လာပြီး မိုးစက်များ၏ စွမ်းအားများထဲ အပြည့်အဝနစ်မြုပ်သွားပုံရသည်။
သက်စောင့်ဟော်နန်း၏ သက်စောင့်ဝိညာဥ်က ၎င်း၏ နတ်စွမ်းအားများ အားလုံးကို ထုတ်လွှတ်လာသောအခါ ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်မှ နတ်အလင်းတို့က ပို၍ပင် တောက်ပလာခဲ့သည်။ တစ်ချက်တွေးလိုက်သည့်အခါ သူ့ကို ဗဟိုပြုသည့် မဟာလမ်းစဥ်နယ်မြေတစ်ခု ဖြစ်ပေါ်လာပြီး ကျယ်ပြောသည့် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားကာ မိုးစက်များ၏ လောကကို ဝါးမြိုပစ်ရန် ကြိုးစားလာသည်။
ထို့နောက် အနောက်အင်ပါယာမျက်လုံးများနှင့် သက်ဆိုင်သည့် မဟာလမ်းစဥ်နယ်မြေအတွင်း အုပ်စိုးမှုကို ယှဥ်ပြိုင်ရန် နောက်ထပ် မဟာလမ်းစဥ်နယ်မြေတစ်ခု ပေါ်ပေါက်လာသည်။
သူမက ထိုစွမ်းအားကို စူးစမ်းလေ့လာသောအခါ ရှီးချီယောင်၏ မျက်လုံးများမှ နှိုင်းယှဥ်၍မရအောင် တောက်ပသော အလင်းတို့ ထွက်ပေါ်လာသည်။ သူမက ရီဖူရှင်းကို စိုက်ကြည့်လိုက်ပြီး ရီဖူရှင်းထံ၌လည်း ထူးခြားဆန်းကြယ်သော အမွေအနှစ်တို့ ရှိလိမ့်မည်ဟု ခန့်မှန်းမိလိုက်ပေသည်။ သူက အတိအကျ မည်သူဖြစ်သနည်း။
သို့သော် ယခုတွင် ထိုအကြောင်းကို တွေးနေရန် အချိန်မရှိပေ။ သူမ၏ လှပသော လက်များက အောက်ကို ညွှန်ပြလိုက်ပြီး ၎င်းသည် အနောက်အင်ပါယာနှင့် ပုံပန်းသဏ္ဌာန်ချင်း ဆင်တူပေသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းကလည်း ကောင်းကင်သို့ ညွှန်လိုက်သည်။ မဟာလမ်းစဥ်နယ်မြေအတွင်း အလင်းတန်းနှစ်ခု ပေါ်ပေါက်လာပြီး ထိုအလင်းတန်းနှစ်ခု ရောယှက်သွားသည့်အခါ အစွမ်းထက်လှသည့် စွမ်းအားတို့ ပေါက်ကွဲထွက်လာသည်။
ထိတ်လန့်ဖွယ် အလင်းတို့က လေဟာနယ်အတွင်း လင်းလက်လာ၏။ နောက်တခဏတွင် သူတို့နှစ်ယောက်လုံးက တပြိုင်တည်း ဆုတ်ခွာသွားကြပြီး အရာအားလုံးက ချက်ချင်း ပျောက်ကွယ်သွားသလို ထင်မှတ်ရသည်။
မိုးစက်များက ရီဖူရှင်းပေါ်သို့ ညင်သာစွာ ကျဆင်းနေဆဲ ဖြစ်သည်။ ထိုအဖြူရောင်ဆံပင်နှင့် ပုံရိပ်က အလွန် တိတ်ဆိတ်စွာနှင့် ထိုနေရာ၌ ရပ်နေခဲ့ပြီး မိုးစက်များအထက်တွင် ရပ်နေသည့် ရှီးချီယောင်ကို မော့ကြည့်လိုက်သည်။
အနောက်အင်ပါယာနန်းတော်၏ မင်းသမီးက အမှန်တကယ် နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့် ရှောင်းမုထက် အားကောင်းသန်မာလှပေသည်။
အနောက်အင်ပါယာနန်းတော်၏ မင်းသမီးရှီးချီယောင်သည်လည်း တူညီစွာပင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူမသည် ယခုလေးတင် ရီဖူရှင်း ထုတ်လွှတ်လိုက်သော စွမ်းရည်ကို ခွဲခြမ်းစိတ်ဖြာရန် အချိန်မရှိသော်လည်း သူမသည် ရီဖူရှင်း ပိုင်ဆိုင်သော စွမ်းရည်များ၏ စစ်မှန်သော သက်သေဖြစ်ကြောင်း သိရှိပေသည်။ သူ၏ အစစ်အမှန် မဟာလမ်းစဥ်နတ်ဝင်ရိုး ဖြစ်ပေသည်။
၎င်းက အချိန်တခဏလေးသာ ထွက်ပေါ်လာသည်မှာ နှမြောစရာ ဖြစ်သည်။ သို့သော် ထိုအချိန်ခဏအတွင်း ရှီးချီယောင်က တစ်ခုခုကို ခန့်မှန်းမိသွားပုံရလေသည်။
ရုတ်တရက် မိုးစက်များက ရပ်တန့်သွားပြီး လောကတစ်ခွင်လုံးတွင် မိုးစက်များက ထပ်မံမကျဆင်းလာတော့ပေ။ အရာအားလုံးက ရှီးချီယောင်၏ အတွေးတစ်ချက်နှင့်သာ ဖြစ်တည်နေပုံရလေသည်။ အောက်ဘက်ရှိ ကျင့်ကြံသူများက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး တိုက်ပွဲ၌ မည်သူ အနိုင်ရရှိသွားသည်ကို သိချင်နေကြသည်။
ကြည့်ရသည်မှာ မည်သည့် တိကျသေချာသော ရလဒ်မှ ထွက်ပေါ်မလာသေးပုံရသည်။
အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ အခြားသူများကဲ့သို့ သူတို့သည်လည်း နားမလည်နိုင်ပေ။ သို့သော် ရှီးချီယောင်က သူမ၏ စွမ်းအားများကို ရုတ်သိမ်းလိုက်ပြီး ဖြစ်သည်။ ရှင်းလင်းစွာပင် သူမက ဆက်လက်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့ပေ။
အနောက်အင်ပါယာ၏ မျက်လုံးများအောက်၌ မည်သည်တို့ ဖြစ်ပျက်ခဲ့သနည်း။
အနောက်အင်ပါယာ၏ မျက်လုံးများသည်ပင် ရီဖူရှင်းကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့သည်လား။
ထိုအခိုက်အတန့်တွင် အဖြူရောင်ဆံပင်နှင့် ပုံရိပ်က လေဟာနယ်အတွင်း ရပ်နေခဲ့ပြီး မည်သည့် ထိခိုက်ဒဏ်ရာမှ ရပုံမပေါ်ချေ။ သူ့ အသက်ရှုနှုန်းက တည်ငြိမ်ပြီး မည်သည့် ထိခိုက်မှုမှ မရှိပုံရလေသည်။
အနောက်ပင်လယ်နယ်မြေအတွင်း မည်သူမှ ရှီးချီယောင်ကို ပြိုင်မတိုက်နိုင်သည့်အတွက် သူ၏ ခွန်အားအလုံးစုံကို အသုံးပြုရန် မလိုအပ်ခဲ့ပေ။ အနောက်အင်ပါယာ၏ မျက်လုံးများက အနောက်အင်ပါယာနန်းတော်၏ ထိပ်တန်းပါရမီရှင် အချို့ကို ရိုက်ချနိုင်ရန် လုံလောက်ပေသည်။
သို့သော် မူလဘုံမှ ထိုနံပါတ်တစ် ထိပ်တန်းပါရမီရှင်က အနောက်အင်ပါယာ၏ မျက်လုံးတိုက်ခိုက်မှုကို အမှန်တကယ် ခုခံကာကွယ်နိုင်ခဲ့သည်လား။
ထို့ပြင် သိထားရမည်မှာ သူ့ကျင့်ကြံဆင့်က ရှီးချီယောင်ထက် နိမ့်နေသေးပေသည်။
ထိုရှုထောင့်မှ ကြည့်လျှင် ဤတိုက်ပွဲအတွင်း ရီဖူရှင်း၏ စွမ်းဆောင်ရည်က ပို၍ပင် အထင်ကြီးစရာ ကောင်းပေသည်။
သူ့ကို ရှီးချီယောင်ကပင် အနိုင်ယူနိုင်စွမ်း မရှိလေရာ သူက မည်သို့သော တည်ရှိမှုမျိုး ဖြစ်သနည်း။
ကောင်းကင်ဒေသမှ ထိုထိပ်သီးအားစုများသည် သူတို့၏ ကျောရိုးတလျှောက် တုန်လှုပ်သွားသည်ကို တူညီစွာ ခံစားလိုက်ရသည်။ ဟောက်ထျန်းကလန်၏ ဟွားကျွင့်လိုင်သည် ရီဖူရှင်း လက်ထဲတွင် တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့သော်လည်း ယခု ရှီးချီယောင်သည်ပင် သူ့ကို အနိုင်ယူရန် မဖြစ်နိုင်ခဲ့ပေ။ ဤရီဖူရှင်းက မည်သူဖြစ်သနည်း။ သူက မည်သို့သော လျှို့ဝှက်ချက်ကို ဆုပ်ကိုင်ထားသနည်း။ ရီဖူရှင်းအပေါ် သူတို့၏ စုံစမ်းစစ်ဆေးမှုအရ အရေးကြီးသည့် အချက်အလက်တချို့က အမြဲလိုလို ပျောက်ဆုံးနေခဲ့ပေသည်။ ဥပမာအားဖြင့် သူ၏ မွေးရပ်နေရာကဲ့သို့ အချက်အလက်မျိုး ဖြစ်သည်။ ဤပျောက်ဆုံးနေသည့် အချက်အလက်သည် တစ်စုံတစ်ရာကို တမင်သက်သက် ဖုံးကွယ်ထားကြောင်း ခန့်မှန်းမိစေသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်၌ ရှီးချီယောင်က အတောက်ပဆုံးပြုံးကာ အောက်ဘက်ရှိ ရီဖူရှင်းအား ကြည့်လိုက်သည်။ သူမက ပြောလိုက်၏။ "အင်ပါယာရီရဲ့ ဂုဏ်သတင်းက ထိုက်တန်ပါတယ်။ ဒီနေ့တိုက်ပွဲမှာ ချီယောင်က စိန်ခေါ်မှုကို အနိုင်မရခဲ့ပါဘူး။ ဒီလိုဆိုမှတော့ ကျွန်မ ကောင်းကင်အာဏာစက်မှာ ရန်ဟောင်ရီနဲ့အတူ ကျင့်ကြံဖို့ ဆန္ဒရှိပါတယ်။"
ရှီးချီယောင်၏ စကားလုံးများက အနောက်အင်ပါယာမှ ကျင့်ကြံသူများကို အံ့သြမှင်တက်သွားစေခဲ့သည်။ ဤတိုက်ပွဲအတွင်း မည်သည်တို့ ဖြစ်ပျက်ခဲ့သနည်း။
ရှီးချီယောင်က ကောင်းကင်အာဏာစက်ကျောင်းတော်၌ ရီဖူရှင်းနှင့်အတူ ကျင့်ကြံရန် သဘောတူခဲ့သည်လား။
အနောက်အင်ပါယာ၏ မျိုးဆက်ဖြစ်သည့် ထိပ်တန်းဆက်ခံသူ အနောက်အင်ပါယာနန်းတော်၏ မင်းသမီးက ကောင်းကင်အာဏာစက်ကျောင်းတော်တွင် ကျင့်ကြံတော့မည်လား။
ဤသည်က မည်သို့ ဖြစ်ရသနည်း။
"ချီယောင် အလျင်စလို မဆုံးဖြတ်ပါနဲ့။" အနောက်အင်ပါယာနန်းတော်မှ အကြီးအကဲတစ်ယောက်က ရှီးချီယောင်ကို စိတ်ချင်းဆက်သွယ်ကာ သတိပေးလိုက်သည်။ သူသည် ရှီးချီယောင်က သွေးပူနေသည့်အချိန်၌ အလျင်စလို ဆုံးဖြတ်ခြင်းပြုလိုက်မည်ကို စိတ်ပူနေခဲ့သည်။
"ကျွန်မမှာ အကြောင်းပြချက်ရှိပါတယ်။" ရှီးချီယောင်ကလည်း စိတ်ချင်းဆက်သွယ်ကာ ပြန်ဖြေလိုက်သည်။ ၎င်းက အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို တိတ်ဆိတ်သွားစေခဲ့သည်။ အနောက်အင်ပါယာနန်းတော်အတွင်း ရှီးချီယောင်၏ အဆင့်အတန်းက သံသယဖြစ်စရာ မရှိပေ။ သူမက ဆုံးဖြတ်ချက်ချပြီးခဲ့သည့်အပြင် အလေးအနက် ပြောနေခြင်းဖြစ်ရာ မည်သူကမှ သူမကို တားမြစ်နိုင်ခြင်း မရှိတော့ပေ။
ရီဖူရှင်း၏ အံ့အားသင့်မှုကလည်း အခြားသူများထက် မလျော့နည်းသလို သူက အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။ သူက ကောင်းကင်ထက်ရှိ ပုံရိပ်ကို မော့ကြည့်လိုက်သည်။ ရှီးချီယောင်က အမှန်တကယ်ပင် သူ့နောက်သို့ လိုက်ပါကာ ကောင်းကင်အာဏာစက်ကျောင်းတော်၌ ကျင့်ကြံချင်နေသည်လား။
"နတ်မိမယ်ချီယောင် တကယ် ပြောနေတာလား။" ရီဖူရှင်းက မေးလိုက်သည်။
သို့သော် ရှီးချီယောင်က အောက်ဘက်ကို လျှောက်သွားကာ ရီဖူရှင်းဘေးသို့ ရောက်လာခဲ့သည်။ ထို့နောက် သူမက အောက်ဘက်သို့ ဆက်လက်ဆင်းသွားကာ မြေပြင်ပေါ် ပြန်သွားရန် ပြင်နေသည်။ ရီဖူရှင်းက သူမနှင့် လိုက်ပါလာရင်း ရှီးချီယောင်က သူ့ကို ပြန်လှည့်ကြည့်ကာ ပြုံးလိုက်သည်။ "ကျွန်မက အင်ပါယာရီရဲ့ ကျင့်ကြံရေးနည်းစနစ်တွေကို မြင်တွေ့ချင်တယ်လို့ ပြောခဲ့တယ်။ အခု ဒီတိုက်ပွဲမှာ မြင်ခွင့်ရခဲ့တာ အရမ်း အထင်ကြီးမိပါတယ်။ အခုကစပြီး ကျွန်မ ကောင်းကင်အာဏာစက်ကျောင်းတော်မှာ ကျင့်ကြံဖို့ ဆန္ဒရှိပါတယ်။ အင်ပါယာရီက ကျွန်မကို အခွင့်အရေး ပေးဖို့ မငြင်းဆန်ဖို့ မျှော်လင့်ပါတယ်။"
သူတို့က အောက်ဘက်ရှိ ကောင်းကင်အာဏာစက်ကျောင်းတော် မြေပြင်သို့ ပြန်ရောက်လာကြသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်းမှ လူတိုင်းက ထိုအဖြစ်အပျက်ကြောင့် အလွန် အံ့အားသင့်သွားခဲ့ကြသည်။ ရှီးချီယောင်က အမှန်တကယ် ဤနေရာ၌ နေခဲ့ပြီး ကျင့်ကြံချင်နေခဲ့သည်လား။
ထိုသည်မှာ ရီဖူရှင်းသည်လည်း အနောက်အင်ပါယာနန်းတော်၌ ကျင့်ကြံရမည်ဟု ဆိုလိုသည်လား။
အနောက်အင်ပါယာနန်းတောခ၏ နတ်မိမယ်က အတော်လေး နားလည်ရခက်ခဲပေသည်။
သို့သော် သူမ၏ ခွန်အားက အမှန်တကယ် သာလွန်ကာ အစွမ်းထက်လှပေသည်။ ယခင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများသည် ရီဖူရှင်းက နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်ဖြစ်သူကိုပင် ထိုသို့သော အဆင့်မျိုးထိ ထုတ်ဖော်တိုက်ခိုက်သည်ကို မမြင်ဖူးခဲ့ကြပေ။ ရှီးချီယောင်၏ တိုက်ပွဲစွမ်းရည်က အမှန်တကယ်ပင် အားလုံးသော စိန်ခေါ်သူများထက် သာလွန်နေပေသည်။
သို့သော် ထိုရှုထောင့်မှကြည့်လျှင် ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျင့်ကြံသူများက သူမကို အတော်လေး လေးစားကြသည်။ ထိုသို့သော အမျိုးသမီးက အနာဂတ်တွင် ထူးခြားသော အောင်မြင်မှုများ ရရှိလိမ့်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ထိုအခိုက်အတန့်တွင် အဝေးမှ ပြင်းထန်သည့် အရှိန်အဝါများ ထွက်ပေါ်လာသည်။ ရုတ်တရက် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက ခေါင်းမော့လိုက်သည်နှင့် လေဟာနယ်ကို ဖြတ်သန်းလာသည့် ကျင့်ကြံသူအဖွဲ့က ကောင်းကင်အာဏာစက်ကျောင်းတော်၏ နယ်နိမိတ်သို့ ဝင်ရောက်လာသည်အား မြင်တွေ့လိုက်ရသည်။
ထိုအစွမ်းထက် ကျင့်ကြံသူများက ကောင်းကင်ဒေသ၏ ထိပ်သီးအင်အားစု အားလုံးမှ ဖြစ်ပြီး ရှေးဟောင်းနတ်ဘုရားကလန်တို့မှ လူများလည်း ပါဝင်သည်။ ထိုသို့သော အစွမ်းထက်နောက်ခံမျိုးနှင့် ကောင်းကင်အာဏာစက်ကျောင်းတော် ကျင့်ကြံသူများက သူတို့ကို တားဆီးရန် မတတ်နိုင်ဘဲ ကျောင်းတော်သို့ ဝင်ဖို့ရာ ခွင့်ပြုရန်သာ တတ်နိုင်ပေသည်။
"အနောက်အင်ပါယာနန်းတော်ရဲ့ နတ်မိမယ်ချီယောင်က ကောင်းကင်အာဏာစက်ကျောင်းတော်မှာ ကျင့်ကြံချင်နေတာလား။" တစ်စုံတစ်ယောက်က မေးလိုက်သည်။ သိသာစွာပင် ထိုကျင့်ကြံသူများက ရှီးချီယောင်နှင့် ရီဖူရှင်းကြားမှ စကားတို့ကို ကြားပြီး တိုက်ပွဲအား စောင့်ကြည့်နေရာမှ ရောက်လာကြခြင်း ဖြစ်သည်။
ရှီးချီယောင်က မည်သည့်အတွက်ကြောင့် ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်း ကျင့်ကြံရန် ရွေးချယ်လိမ့်မည်နည်း။ ရှီးချီယောင်က သူတို့၏ တိုက်ပွဲအတွင်း တစ်စုံတစ်ခုကို ခံစားမိခဲ့ခြင်းမှ မဟုတ်လျှင် ထိုသို့ ဆုံးဖြတ်လိမ့်မည် မဟုတ်ပေ။
အနောက်အင်ပါယာနန်းတော်ကဲ့သို့ သူတို့က ရီဖူရှင်း၏ အတိတ်ကို စုံစမ်းခဲ့ဖူးပြီး မဖော်ထုတ်နိုင်ခဲ့သည့် လျှို့ဝှက်ချက်အချို့ကြောင့် ရီဖူရှင်းနှင့် ပတ်သတ်၍ ပုံမှန်မဟုတ်သော တစ်စုံတစ်ရာ ရှိလိမ့်မည်ဟု ခန့်မှန်းထားကြပေသည်။
သူတို့သည် ရှီးချီယောင်က ရီဖူရှင်း၏ အနိုင်ယူခြင်းခံရသလိုနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဝင်ရောက်ချင်နေသည်ဟု တွေးထင်နေကြသည်။
"ဘာလို့လဲ။ ရှင့်မှာ တစ်ခုခု ပြောစရာရှိလို့လား။" ရှီးချီယောင်က စကားပြောလာသည့်သူကို ကြည့်ကာ တုန့်ပြန်လိုက်သည်။
"နတ်မိမယ်ချီယောင်က ကောင်းကင်အာဏာစက်ကျောင်းတော်မှာ ကျင့်ကြံချင်တာ ကျုပ်တို့နဲ့ မဆိုင်ပါဘူး။ ဒါကြောင့် ကျုပ်တို့က ဘယ်လိုလုပ် ထင်မြင်ချက်တစ်ခုခု ရှိရဲမှာလဲ။" ထိုလူက အပြုံးနှင့် ပြောလိုက်သည်။ "ကျုပ်တို့က သိချင်ရုံပါပဲ။ ရန်ဟောင်ရီက အရည်အချင်း ရှိပြီး အနောက်အင်ပါယာရဲ့ မျိုးဆက်ဖြစ်တဲ့ နတ်မိမယ်ချီယောင်ကိုတောင် အထင်ကြီးလေးစားစေခဲ့တယ်။ ကျုပ်တို့တွေးမိတာတော့ သူ့မှာ ထူးခြားဆန်းကြယ်တဲ့ အမွေအနှစ်တချို့ ပိုင်ဆိုင်ထားတာကြောင့် ဖြစ်ရမယ်။"