← Chapters

လောက၏ သူရဲကောင်းများကို လျှော့တွက်မိခြင်း

Vol. 140 Ch. 1947

လောက၏ သူရဲကောင်းများကို လျှော့တွက်မိခြင်း

Vol. 140 Ch. 1947

ကန်ရေက ကြည်လင် ချိုမြနေ၏။ အတန်ကြာ သောက်ပြီးနောက် ကျန်းရီတို့သုံးယောက် စတင် စိုးရိမ်လာကြသည်။ သူတို့သုံးယောက်စလုံးတွင် ရေသယ်ရန် အသုံးအဆောင်များ ပါမလာပေ။ ထို့ပြင် အိုအေစစ်အနီး၌ ဝင်ပေါက်လည်း မရှိချေ။ ထို့ကြောင့် သူတို့သုံးယောက် ဆက်သွားရပေဦးမည်။ အကယ်၍ သူတို့သာ ရေအနည်းငယ် ယူသွားနိုင်မည်ဆိုလျှင် များစွာပို၍ ကောင်းပေလိမ့်မည်။

နောက်ဆုံးတွင် ကျန်းရီသည် အကြံတစ်ခု ရလိုက်၏။ သူသည် အိုအေစစ်ထဲရှိ ထူးခြားသော သစ်ပင်တစ်မျိုးကို ခုတ်လိုက်၏။ ထိုသစ်ပင်၏ အသားက အလွန်သိပ်သည်းသည်။ ကျန်းရီသည် သူ့လက်ကို သုံးကာ ပင်စည်အလယ်ကို ဖောက်၍ ရေဘူးသုံးဘူး ပြုလုပ်လိုက်သည်။ ၎င်းနောက် ၎င်းရေဘူးများထဲတွင် ရေထည့်လိုက်ပေသည်။

ယင်းနောက် ကျန်းရီတစ်ယောက် အိုအေစစ်ထဲမှ မောင်းထုတ်ခံလိုက်ရ၏။ သူ ဆယ်ကီလိုမီတာအကွာတွင် စောင့်ကြပ်နေလိုက်သည်။ သခင်မလေးနှစ်ယောက်မှာမူ ရေချိုးရန် အဝတ်များချွတ်၍ ရေကန်ထဲ ဆင်းသွားကြသည်။ သူမတို့သည် ကိုယ်လုံးတီးနှင့် ရေကန်ဘေးတွင် မချိုးရဲကြပါ။ ထို့ကြောင့် ကန်ထဲတွင် ကိုယ်ကို ပွတ်သပ်ဆေးကြောပြီးသည်နှင့် အဝတ်များ ပြန်ဝတ်လိုက်ကြ၏။ ပြီးမှ ကောင်းကင်စွမ်းအားသုံးကာ ကိုယ်ပေါ်နှင့် အဝတ်များပေါ်မှ ရေများကို အငွေ့ပျံသွားစေလိုက်လေသည်။

သခင်မလေးနှစ်ယောက်၏ ရေချိုးမှုက အလွန်မြန်၏။ တစ်နာရီသာ ကြာခဲ့သည်။ သို့ပင်လျှင် သူမတို့နှစ်ယောက် အလွန်ရှက်ရွံ့နေကြသေးသည်။ သူမတို့သည် ယခုမှ ပထမဆုံးအကြိမ် ဟာလာဟင်းလင်းရေကန်ထဲတွင် ရေချိုးဖူးခြင်းဖြစ်သည်။ သူမတို့ အလွန်စိုးရိမ်နေကြသည်။ တစ်စုံတစ်ယောက် ရောက်လာမည်၊ ကျန်းရီက သူမတို့အား ချောင်းနေမည်ကို ကြောက်နေကြသည်။ သို့သော် ကျန်းရီက ထိုသို့ အောက်တန်းကျသော လုပ်ရပ်မျိုးကို လုပ်မည်မဟုတ်ကြောင်းတော့ သူမတို့ သိထားကြပေသည်။

“ရပြီ... ကျန်းရီ ရှင် အခု ပြန်လာလို့ရပြီ”

ယွင်ပင်းက အော်ပြောလိုက်သဖြင့် ကျန်းရီ အဝေးမှ ပြေးလာလိုက်၏။ ‌ရေချိုးပြီးခါစ မိန်းမလှနှစ်ယောက်၏ အလှက ပကတိအလှတရားပင်။ ထို့ပြင် သူမတို့၏ ရှက်ရွံ့မှုကြောင့် သူမတို့က ပို၍ပင် လှပကာ ဆွဲဆောင်မှု ရှိနေကြသည်။ ကျန်းရီ သူမတို့အလှကြောင့် မှင်တက်သွားလေသည်။

“ကောင်စုတ်... ရှင်က ဘာကြည့်နေတာလဲ”

ယွင်ပင်းသည် ကျန်းရီက သူမတို့နှစ်ယောက်ကို ငေးကြည့်နေကြောင်း တွေ့လိုက်၏။ သူမ မကျေမနပ်ဖြစ်သွားသလို ပျော်လည်း ပျော်သွားသည်။

ကျန်းရီက အလွန် မျက်နှာအရေထူသည်။ သူ ပြုံးကာ မရှက်သည့်ဟန်နှင့် လက်ဝှေ့ယမ်း၍ ပြောလိုက်လေ၏။

“သခင်မလေးတို့နှစ်ယောက် ရေချိုးပြီးကြပြီလား။ အဲ့ဒါဆို ကျွန်တော့်အတွက်လည်း စောင့်ပေဦး။ ဒီရက်ပိုင်းအတွင်း ကျွန်တော်လည်း ချွေးတွေသံတွေ ရွှဲနေတာ။ ရေချိုးချင်တယ်။ သခင်မလေးတို့ ဘာစောင့်နေတာလဲ။ ဘာလဲ... သခင်မလေးတို့က ခံ့ညားတဲ့ယောက်ျားတစ်ယောက် ရေချိုးတာကို ကြည့်ချင်လို့လား”

“ထွီ...”

ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့သည် တံတွေး ဖွဖွထွေး၍ လိပ်ပြာလေးနှစ်ကောင်အလား ထွက်သွားလိုက်ကြသည်။ ကျန်းရီလည်း ရေကန်ထဲ ခုန်ချလိုက်ပြီး ကိုယ်ဖော့နေလိုက်သည်။ သို့သော် သူ မျက်မှောင်ကြုတ်လျက် ခေါင်းကိုက်နေသေးသည်။ သူ ထွက်လမ်းတစ်ခုကို တွေ့ခဲ့ပြီဟု ထင်ခဲ့သော်လည်း အကြိမ်အနည်းငယ် လှည့်ပတ်ပြီးသည်အထိ ကန္တာရထဲတွင်သာ ရှိနေသေးသည်။ ဝင်ပေါက်ကိုလည်း မတွေ့ရသေးပေ။ မြေပုံထဲတွင် ပြောထားသည့် တောင်ထူးကိုးလုံးကိုလည်း မမြင်ရချေ။

မည်သို့ပင်ဖြစ်စေ ကျန်းရီတို့ အိုအေစစ်တစ်ခုသို့ ရောက်လာသည်မှာတော့ အမှန်ပင်။ ဤနေရာတွင် သူတို့ ရေငတ်ကာ သေတော့မည် မဟုတ်ချေ။ သို့သော် နောက်တစ်ထပ်သို့ ဝင်ပေါက်က ဤအိုအေစစ်တွင် ရှိမနေပါ။ သူတို့ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝင်္ကပါထဲတွင် ပိတ်မိနေပေပြီ။

‘ဝင်ပေါက်က ဘယ်မှာလဲ။ တခြား ဘာပြဿနာတွေ ရှိနေသေးတာလဲ။ ဒီအိုအေစစ်ထဲမှာ လူခြေရာလက်ရာတွေတော့ မရှိဘူး။ ခွမ်ဟူ၊ လင်းဖေးရှန်းနဲ့ တခြားသူတွေ အကုန်လုံးက တတိယထပ်ကို ရောက်သွားပြီလား’

ကျန်းရီ စိုးရိမ်ကာ ခေါင်းကိုက်နေသည်။ ဒုတိယထပ်က အလွန်ပူသည်။ သို့သော် ယခု ရေကန်ထဲတွင် စိမ်နေရ၍ ကျန်းရီ အတန်ငယ် သက်‌တောင့်သက်သာ ဖြစ်လာသည်။ တဖြည်းဖြည်းနှင့် ကျန်းရီ ရေထဲတွင် အိပ်ပျော်သွားလေသည်။

အိုအေစစ်အပြင်တွင် စောင့်နေကြသော ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့ စိုးရိမ်လာကြ၏။ ခြောက်နာရီကြာအောင် စောင့်ပြီးသည်အထိ ကျန်းရီက သူမတို့ကို မခေါ်သေးပေ။ ထို့ကြောင့် ကျန်းရီ တစ်ခုခု ဖြစ်နေပြီဟု သူမတို့ တွေးလိုက်ကြသည်။ မဟုတ်လျှင် ရေချိုးခြင်းက ထိုမျှမကြာသင့်သည် မဟုတ်လော။ သို့ဖြစ်ရာ သူမတို့ မည်သို့ အခြေအနေကို သွားမကြည့်ဘဲ နေနိုင်မည်နည်း။

နောက်ထပ်နှစ်နာရီ ကုန်ဆုံးသွားသည်။ ယွင်ပင်း ထိုင်မနေနိုင်တော့ပေ။ သူမ ဟယ်နုန်ယင်းကို ဆွဲခေါ်၍ ရေကန်ဆီ ပြန်ပြေးသွားလိုက်သည်။ ကျန်းရီက ကန်မျက်နှာပြင်ပေါ်တွင် ပက်လက်လှန်၍ ကိုယ်‌ဖော့ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို တွေ့လိုက်သောအခါ ယွင်ပင်း အလွန်ဒေါသထွက်သွားပြီး အံကြိတ်လိုက်လေသည်။

ဟယ်နုန်ယင်းသည် ကျန်းရီက ပြီးခဲ့သော အတောအတွင်း အလွန်စိတ်ဖိစီးနေခဲ့ကြောင်းကို သိ၏။ ထို့ကြောင့် သူမသည် ယွင်ပင်းကို ကျန်းရီအား မနှောင့်ယှက်ရန် ပြောလိုက်သည်။ ၎င်းနောက် သူမတို့နှစ်ယောက် မြက်ခင်းပြင်ပေါ်တွင် ထိုင်၍ မျက်လုံးမှိတ်ကာ အနားယူနေလိုက်ကြသည်။

နာရီနှစ်ဆယ်ကျော် အိပ်စက်ပြီးနောက် ကျန်းရီတစ်ယောက် လန်းလန်းဆန်းဆန်း နိုးထလာ၏။ သူ သစ်ပင်တစ်ပင်ဘေးရှိ မြက်ခင်းပြင်ပေါ်တွင် ထိုင်လျက် အိပ်ပျော်နေကြသော ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့ကို ကြည့်လိုက်သည်။ သူ ခပ်သဲ့သဲ့ပြုံးလိုက်ပြီး ခေါင်းအထက်ရှိ နေလုံးကို ထပ်မံကြည့်လိုက်လေသည်။

ဒုတိယထပ်တွင် အခြားမည်သည့်ပြဿနာမှ မရှိချေ။ တစ်ခုတည်းသော ပြဿနာမှာ ထိုခြစ်ခြစ်တောက်နေလုံးဖြစ်သည်။ အကယ်၍ သူတို့ ထွက်သွားလိုလျှင် ထိုနေလုံးကို မှီခိုရပေမည်။

ထိုနေလုံးက အလွန်သံသယဖြစ်စရာကောင်းသည်။

လင်းဖေးရှန်း၊ ခွမ်ဟူနှင့် အခြားသူများ၏ ဉာဏ်ရည်အရ သူတို့လည်း ထိုသံသယဖြစ်စရာကို ရှာတွေ့ပြီးလောက်ပေပြီ။ သို့သော် သူတို့ ဤအိုအေစစ်သို့ ရောက်မလာကြချေ။ ထို့ကြောင် ကျန်းရီ၏ ကောက်ချက်ချမှုက မှားနေခြင်း ဖြစ်နိုင်သည်။ လင်းဖေးရှန်း၊ ခွမ်ဟူနှင့် အခြားသူများကမူ မှန်မှန်ကန်ကန် ကောက်ချက်ချကာ တတိယထပ်သို့ ရောက်သွားလောက်ပေပြီ။

ကျန်းရီသည် ကန်မျက်နှာပြင်ပေါ်တွင် ကိုယ်ဖော့ကာ ‌မျောနေရင်း နေလုံးကို ကြည့်ကာ အကြိမ်ကြိမ် တွေးတောသုံးသပ်နေ၏။ နှစ်နာရီကြာပြီးနောက် သူ့မျက်လုံးများ အရောင်လက်လာသည်။ သူ ကန်ထဲမှ ထွက်လိုက်ပြီး ရယ်လိုက်လေ၏။

“အဲ့လိုကိုး။ မိန်းမလှလေးနှစ်ယောက် ထကြတော့။ ဝင်ပေါက်ကို သွားရှာကြမယ်”

ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့ မျက်လုံးဖွင့်လာပြီး ကျန်းရီကို ကြည့်လိုက်ကြ၏။ သို့သော် သူမတို့ ချက်ချင်း အကြည့်လွှဲလိုက်ကြသည်။ ယွင်ပင်းကလည်း ဒေါသသံလေးနှင့် အော်သည်။

“ကောင်စုတ်...”

“အာ...”

ထိုအခါမှ ကျန်းရီ သူ့ကိုသူ ပြန်ကြည့်ကာ ရှက်သွား၏။ သူ့ဝတ်စုံက ရေစိုနေသေးဆဲဖြစ်ရာ သူ့ခွကြားနေရာတွင် ဖုထစ်နေပေသည်။

ရွှီ...

ကျန်းရီ သူ့ကိုယ်ထဲတွင် ကောင်းကင်စွမ်းအား လှည့်ပတ်လိုက်ပြီး ဝတ်စုံပေါ်မှ ရေများကို အငွေ့ပျံသွားစေလိုက်၏။ ထို့နောက် နီမြန်းနေသော မျက်နှာနှင့် ပြောလိုက်သည်။

“ကျွန်တော် တောင်းပန်ပါတယ် သခင်မလေးတို့။ ကျွန်တော် ရိုင်းပြဖို့ မရည်ရွယ်ပါဘူး”

“ရှင် ရိုင်းဖို့ မရည်ရွယ်မှန်းတော့ သိတာပေါ့...”

ယွင်ပင်းက မျက်လုံးပင့်၍ ပြော၏။

“ဒါပေမဲ့ ရှင် တမင်လုပ်တာ မဟုတ်လား”

ကျန်းရီ ခါးသက်သက် ပြုံးလိုက်ပြီး မည်သို့မှ ဆက်ရှင်းပြမနေတော့ပေ။ စကားတိုက်ပွဲတွင် သူ မိန်းမများကို နိုင်မည် မဟုတ်ပါ။ သူ အဝေးသို့ လျှောက်သွားလိုက်ချိန်တွင် ဟယ်နုန်ယင်းက ခပ်သွက်သွက် လှမ်းပြောသည်။

“သစ်သားရေဘူးတွေ ယူသွားဦးလေ”

“မလိုတော့ပါဘူး။ ကျွန်တော့်ကို ယုံပါ”

ကျန်းရီသည် နောက်ပင် ပြန်လှည့်မကြည့်ဘဲ အရှေ့သို့သာ ဆက်ပြေးသွားလိုက်၏။ ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့ ရွေးချယ်စရာ မရှိတော့ဘဲ အနောက်မှ လျင်မြန်စွာ လိုက်သွားလိုက်ရသည်။ ဤတစ်ခေါက်တွင် ကျန်းရီသည် သူမတို့နှစ်ယောက်ကို စက်ဝိုင်းပုံ လှည့်ပတ်၍ ခေါ်မသွားတော့ပေ။ ထိုအစား သူ တစ်ဖြောင့်တည်း ပြေးနေသည်။ သို့သော် ကီလိုမီတာငါးထောင် ပြေးပြီးနောက် သူ နောက်ပြန်လှည့်ပြေးသည်။ ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့လည်း သူ့နောက်မှ လိုက်ကြရပြန်သည်။ နောက်သို့ ကီလိုမီတာငါးထောင် ပြန်ပြေးလိုက်သော်လည်း သူတို့ အိုအေစစ်ကို ပြန်မတွေ့ရတော့ပေ။

“ဆက်သွားမယ်”

ကျန်းရီသည် ဟယ်နုန်ယင်းတို့ကို ခေါ်၍ ထပ်မံ၍ နောက်ပြန်လှည့်ပြန်၏။ သူတို့ တစ်ဖြောင့်တည်း ပြေးသည်။ ကီလိုမီတာငါးထောင် ပြေးပြီးနောက် သူတို့ နောက်ပြန်လှည့်ကြပြန်သည်။ ထိုသို့ ခုနစ်ကြိမ် လုပ်ပြီးနောက် ယွင်ပင်းက ရုတ်တရက် အော်ပြောလိုက်၏။

“ဟိုမှာ တောင်ကိုးလုံး”

“ရှာတွေ့ပြီ”

ဟယ်နုန်ယင်း အလွန်စိတ်လှုပ်ရှားသွားသည်။ ထိုတောင်များအပေါ်တွင် သဲဝါများ ရှိမနေပါ။ ထို့ကြောင့် ၎င်းတို့က တတိယထပ်သို့ ဝင်ပေါက်ဖြစ်ကြောင်း ထင်ရှားသည်။ ဟယ်နုန်ယင်းသည် ကျန်းရီကို စိတ်ဝင်တစားကြည့်၍ မေးလိုက်သည်။

“ကျန်းရီ... ရှင် ဘယ်လို သုံးသပ်ခဲ့တာလဲ”

“ကျွန်တော်တို့ခေါင်းအထက်က နေလုံးက အစီအရင်ကို ဖောက်ထွက်နိုင်မဲ့ နည်းလမ်းတစ်ခုပဲ”

ကျန်းရီ၏ ပုံစံက စိတ်ကြီးဝင်နေသည့်ပုံ မပေါ်ပါ။ ထိုအစား သူ သက်ပြင်းသဲ့သဲ့ချ၍ ပြောလိုက်သည်။

“ကျွန်တော်တို့က အစီအရင်တွေအကြောင်းကို မသိတာ နှမြောစရာပဲ။ မဟုတ်ရင် အစောကြီးကတည်းက သုံးသပ်နိုင်ခဲ့မှာ။ လင်းဖေးရှန်းရော ခွမ်ဟူရောက အစီအရင်တွေအကြောင်းကို သိကြတယ်။ သူတို့ တတိယထပ်ကို တက်သွားတာ ကြာလောက်ပြီ”

ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့ ရှက်ရွံ့သွားကြ၏။ သူမတို့နှစ်ယောက်စလုံး အမှန်ပင် အစီအရင်များအကြောင်းကို များစွာမသိကြပေ။ သူမတို့ ဒုတိယထပ်တွင် အချိန်များစွာ ဖြုန်းခဲ့မိသည်။ ခွမ်ဟူ၊ လင်းဖေးရှန်းနှင့် အခြားသူများက ယခုလောက်ဆို စတုတ္ထအထပ်သို့ပင် တက်သွားလောက်ပေပြီ။

ထင်ထားသကဲ့သို့ပင်...

ကျန်းရီတို့သုံးယောက် တောင်ကိုးလုံးအလယ်သို့ ရောက်သောအခါ ထိုနေရာရှိ အိုအေစစ်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းအိုအေစစ်ထဲတွင်လည်း ရေကန်ငယ်တစ်ကန် ရှိသည်။ ကန်ဘေးတွင်မူ ခြေရာများစွာ ရှိနေပေသည်။ ကျန်းရီ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး အခြားအဖွဲ့နှစ်ဖွဲ့က တတိယထပ်သို့ တက်သွားပြီဖြစ်ကြောင်း အလွယ်တကူ အတည်ပြုလိုက်လေသည်။

‘ဘယ်လောက် ရှက်စရာကောင်းလိုက်လဲ...’

ကျန်းရီ ရှက်သွားမိ၏။ သူက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်ပြီး ကောင်းကင်ဧကရာဇ်က သူ့ကို လမ်းညွှန်ချက်အချို့လည်း ပေးခဲ့သေးသည်။ သို့သော် အားလုံးက သူ့ကို ကျော်တက်သွားကြသည်။

ကျန်းရီသည် သူ့ကိုယ်သူ အလွန်ဉာဏ်ကောင်းသည်ဟု ထင်ထား၏။ သို့သော် မိမိထက် တော်သူများမှာ အမြဲရှိနေမည်သာ။ ထိုသခင်လေး၊ သခင်မလေးများက သုံးစားမရသူများ မဟုတ်ရုံသာမက ကိုယ်ပိုင်အားသာချက်များ ရှိကြသည်။ သူ လောကထဲမှ သူရဲကောင်းများကို လျှော့တွက်ခဲ့မိပေပြီ။

“တိုက်ခိုက်ဖို့ အသင့်ပြင်ထားတော့။ တတိယထပ်က အရမ်းအန္တရာယ်များတယ်။ အစီအရင်တွေ၊ မိစ္ဆာတွေ အများကြီးရှိတယ်။ ကျွန်တော်သာ သတိမထားရင် တတိယထပ်မှာ သေသွားနိုင်တယ်လို့ ကောင်းကင်ဧကရာဇ်က ပြောလိုက်တယ်”

ယဇ်စင်ကို တွေ့ပြီးနောက် ကျန်းရီ စင်ပေါ်သို့ ချက်ချင်း တက်မသွားပေ။ ထိုအစား သူ ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့ကို ကြည့်၍ အလေးအနက် ပြောလိုက်သည်။

“ရှင်တောင် သေသွားနိုင်တာလား”

ယွင်ပင်း လျှာထုတ်ကာ ရုတ်တရက် ပြောလိုက်၏။

“ကျွန်မ မလိုက်ဘဲနေရင်ရော။ ကျွန်မလိုက်လာရင် ရှင့်အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်စေလိမ့်မယ်။ လင်းဖေးရှန်းနဲ့ ခွမ်ဟူတို့က တတိယထပ်ကို တက်သွားတာ ကြာလှပြီ။ ကျန်းရီ... ရှင် မြန်မြန်မလုပ်ရင် ကောင်းကင်ဘုံခုံရုံးကို ရနိုင်မဲ့ အခွင့်အရေးကို ဆုံးရှုံးရလိမ့်မယ်။ ပြီးတော့ ဒီနေရာမှာက လုံခြုံပါတယ်။ ကောင်းကင်ဘုံခုံရုံးကို ဘယ်သူပဲရရ ကျွန်မက ပြန်ထွက်နိုင်မှာပဲ”

ကျန်းရီ တစ်ခဏမျှ တွေးတောလိုက်၏။ ယွင်ပင်း၏ စကားက အကြောင်းအကျိုးညီသည်။ ထို့ပြင် အကယ်၍ လူတစ်ယောက်က ကောင်းကင်ဘုံခုံရုံးထဲတွင် နှစ်တစ်ဝက်ကြာအောင် နေမည်ဆိုလျှင် အလိုလို အပြင်သို့ တည်နေရာပြောင်းရွှေ့ခံရမည်ဖြစ်ကြောင်း ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ပြောခဲ့သည်။ ယွင်ပင်းကလည်း ဤအိုအေစစ်တွင် ဘေးကင်းပေလိမ့်မည်။ သူမ အန္တရာယ်ကြုံရမည် မဟုတ်ပါ။

တတိယထပ်ကမူ အလွန်အန္တရာယ်များသည်။ ယွင်ပင်း၏ တိုက်ခိုက်စွမ်းအားက အမှန်ပင် အားနည်းသည်။ ကျန်းရီသည်လည်း သူက ယွင်ပင်းကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မှုမရှိရာ ခေါင်းညိတ် သဘောတူလိုက်သည်။ ဟယ်နုန်ယင်းသည် ယွင်ပင်း၏ လက်ကို ကိုင်၍ မှာစရာရှိသည်အချို့ကို မှာလိုက်၏။ ထို့နောက် သူမနှင့် ကျန်းရီတို့ ယဇ်စင်ပေါ် တက်လိုက်ကြသည်။

“ကျန်းရီ... မမနုန်ယင်းကို အဖော်ပြုပေးပါ...”

ထိုနှစ်ယောက် တည်နေရာပြောင်းရွှေ့သွားပြီးနောက် ယွင်ပင်း၏ မျက်နှာပေါ်တွင် နာကျင်သော အရိပ်အယောင်တစ်ခု ပေါ်လာ၏။ သူမ သက်ပြင်းချကာ ရေရွတ်လိုက်သည်။

“မမနုန်ယင်း... မမမှာ အချိန်အများကြီး မကျန်တော့ဘူး။ မမရဲ့ နောက်ဆုံးအချိန်မှာ ကျန်းရီကို အဖော်ပြုပေးခွင့် ပေးလိုက်ပါ”

***

All Chapters