← Chapters

ရင်ဘောင်တန်း၍ ပြေးလွှားခြင်း

Vol. 140 Ch. 1948

ရင်ဘောင်တန်း၍ ပြေးလွှားခြင်း

Vol. 140 Ch. 1948

ယွင်ပင်းသည် သေရမည်ကို မကြောက်ပေ။ မဟုတ်လျှင် သူမ ဤနေရာသို့ လာခဲ့မည် မဟုတ်ပါ။ ကောင်းကင်ဘုံခုံရုံး၏ စတုတ္ထအထပ်နှင့် ပဉ္စမအထပ်တို့တွင် မရေမတွက်နိုင်သော ရတနာများ ရှိသည်ဟု ပြောကြသည်။ သို့ဖြစ်ရာ ယွင်ပင်းက မည်သို့ မလိုချင်ဘဲ ရှိပါမည်နည်း။

သို့သော် ယွင်ပင်းသည် ရတနာများထက် ကျန်းရီကို ပိုအရေးထားသည်။ အကယ်၍ သူမ ကျန်းရီနှင့် အချိန်ပို၍ ကုန်ဆုံးနိုင်လျှင် ပိုပျော်မည်သာ။ သို့သော် သူမ နေခဲ့ရန် ရွေးချယ်ခဲ့သည်။ ချစ်ခြင်းမေတ္တာက တစ်ကိုယ်ကောင်းမဆန်သင့်ပေ။ ဟယ်နုန်ယင်းကလည်း ကျန်းရီကို သဘောကျသည်။ ထို့ကြောင့် သူမ သူတို့နှစ်ယောက်ကိုသာ အတူသွားခွင့် ပေးလိုက်ပေသည်။

ယွင်ပင်းသည် ဟယ်နုန်ယင်းက အလွန်ခေါင်းမာသူဖြစ်ကြောင်း သိ၏။ သူမက ကျန်းရီကို မည်သည့်အခါတွင်မှ ဖွင့်ပြောမည် မဟုတ်ချေ။ ကျန်းရီက သူမကို ဖွင့်ပြောလာလျှင်ပင် သူမသည် သူ၏ခံစားချက်များကို လက်ခံမည် မဟုတ်ပါ။ ကျန်းရီက သူမ၏ ရောဂါကို ကုပေးမည်ဆိုလျှင်လည်း ခွင့်ပြုမည် မဟုတ်ပါ။

ဟယ်နုန်ယင်းက ထူးခြားသော မိန်းမတစ်ယောက်ဖြစ်သည်။ သူမ၏ နှလုံးသားက ဖြောင့်မတ်သည်။ သူမအတွက်နှင့် ကျန်းရီ၏ အင်အား၊ ဘဝသက်တမ်းတို့ လျော့ကျသွားရမည်ကို သူမ ခွင့်ပြုမည် မဟုတ်ပေ။ သူမသည် သူမ၏အသက်ကို ကယ်ရန်အတွက်နှင့် ကျန်းရီ၏ အသွေးအသားကို စုပ်ယူမည့်သူ မဟုတ်ချေ။

ထို့ကြောင့် ဟယ်နုန်ယင်း၏ တစ်ခုတည်းသော ရွေးချယ်မှုမှာ သေရန်သာ ရှိတော့သည်။ သူမ၏ ရောဂါအခြေအနေအရ သူမ ကြာရှည် ရှင်သန်နိုင်တော့မည် မဟုတ်ပါ။

ဟယ်နုန်ယင်းက ကျန်းရီကို အလွန်ချစ်ရာ ယွင်ပင်းက အဘယ်သို့ သူမအတွက် ကိစ္စများ လွယ်ကူသွားအောင် မလုပ်ပေးဘဲ နေနိုင်ပါမည်နည်း။ ဟယ်နုန်ယင်းကို သူမ၏ နောက်ဆုံးနေ့ရက်များတွင် ကျန်းရီနှင့်အတူ အချိန်ကုန်ဆုံးစေ၍ နောင်တမရှိဘဲ နေခွင့်ပေးလိုပေသည်။

***

ကျန်းရီနှင့် ဟယ်နုန်ယင်းတို့သည် ယွင်ပင်း၏ ရည်ရွယ်ချက်များကို မသိကြပေ။ သူတို့သည် ထိုအကြောင်းကို များစွာလည်း မတွေးတောနိုင်ကြပါ။ သူတို့ တတိယထပ်သို့ တက်လိုက်သည်နှင့် အင်အားကြီး ရန်သူများနှင့် ဆုံရလေသည်။

နှစ်ယောက်သား တောင်ကြားတစ်ခုထဲတွင် ထွက်ပေါ်လာသည်။ တောင်ကြားဘေးနှစ်ဘက်တွင် မက်စောက်သော တောင်နံရံများရှိသည်။ သူတို့နှစ်ယောက် တောင်နံရံများအပေါ် တက်နိုင်သော်လည်း မတက်ဝံ့ကြပေ။ သူတို့ တောင်ကြားထဲမှ ပျံ၍လည်း မထွက်ဝံ့ကြပါ။ ကောင်းကင်ထဲနှင့် တောင်နံရံများအပေါ်တွင် အကာအရံများ လင်းလက်နေသည်။ ဤနေရာမှ အကာအရံများက မည်မျှကြောက်မက်ဖွယ် ကောင်းသနည်း။ တွေးကြည့်၍ပင် မရနိုင်ချေ။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကပင် ကျန်းရီကို သတိပေးထား၍ သူတို့ ထိုအကာအရံများကို မထိဝံ့ကြပါ။ ဤနေရာမှ မိစ္ဆာရုပ်သေးရုပ်များကလည်း ကျောက်ဘီလူးများ မဟုတ်ဘဲ သံချပ်ဝတ်မိစ္ဆာဝံပုလွေအမျိုးအစား ဖြစ်သည်။ ဤမှ စက်ရုပ်သားရဲများက ကျန်းရီနှင့် ဟယ်နုန်ယင်းတို့၏ အမြင်ကို ဖွင့်ပေးလိုက်သည်။ ၎င်းတို့က မယုံနိုင်လောက်အောင် သန်မာကြပေသည်။

ထိုသံချပ်ဝတ်မိစ္ဆာဝံပုလွေများကို ထူးခြားသော သတ္တုတစ်မျိုးနှင့် ပြုလုပ်ထားခြင်းပင်။ ၎င်းတို့၏ ခန္ဓာကိုယ်များက ကြောက်မက်ဖွယ် ကောင်းလောက်အောင် မာကြောသည်။ ကိုယ်အတွင်းပိုင်းမှ အစီအရင်များကလည်း အလွန်စွမ်းအားကြီးသည်။ ၎င်းတို့သည် လေကဲ့သို့ လျင်မြန်ကြပြီး ၎င်းတို့၏ ခံနိုင်ရည်က တုန်လှုပ်ဖွယ်ကောင်းသည်။ ၎င်းတို့၏ ပါးစပ်များထဲမှ သွားများကိုလည်း သတ္တုဖြင့် လုပ်ထားခြင်းဖြစ်ပြီး ၎င်းတို့၏ လက်သည်းများမှာ လွန်စွာထက်ရှကြသည်။ ၎င်းတို့က တာအိုကောင်းကင်ဝိညာဉ်ရတနာများနှင့်ပင် ယှဉ်နိုင်ကြသည်။ အရေးအကြီးဆုံးအရာမှာ ၎င်းတို့က အလွန်များပြီး အဆုံးကို မမြင်ရခြင်းပင်။

ဝုန်း...ဝုန်း...ဝုန်း...

ကျန်းရီသည် လက်သီး အဆက်မပြတ်ထိုး၍ သံချပ်ဝတ်မိစ္ဆာဝံပုလွေများကို တစ်ကောင်ပြီးတစ်ကောင် လွင့်ပျံထွက်သွားစေနေသည်။ တစ်ချိန်တည်းမှာပဲ သူ ဆုတ်သွားလိုက်သည်။ ဟယ်နုန်ယင်းကလည်း မြန်နိုင်သမျှ အမြန်ဆုံး ဆုတ်နေသည်။ မကြာခဏဆိုသလို သူမသည် မြားအနည်းငယ် ပစ်လွှတ်၍ ကျန်းရီ၏ ဝန်အချို့ကို လျှော့ချပေးနေလေသည်။

“ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ဘယ်လိုလုပ် အဲ့လို ထူးဆန်းတဲ့အရာတွေကို လုပ်ထားတာလဲ”

ကျန်းရီ ဆွံ့အနေသည်။ ထိုသံချပ်ဝတ်မိစ္ဆာဝံပုလွေများက ဟယ်နုန်ယင်းနှင့် ကျန်းရီတို့ထက်ပင် မြန်သေးသည်။ သူတို့ မလွတ်မြောက်နိုင်ပေ။ ထို့ကြောင့် ကျန်းရီ ရွေးချယ်စရာ မရှိတော့ဘဲ တိုက်ခိုက်ရင်းသာ ဆုတ်နေရပေသည်။

ကျန်းရီ တိုက်ခိုက်လိုက်တိုင်း သံချပ်ဝတ်မိစ္ဆာဝံပုလွေများက လွင့်ပျံထွက်သွားနေကြသည်။ သို့သော် ၎င်းတို့သည် မြေပေါ်တွင် လိမ့်ပြီးနောက် ကျန်းရီနောက်သို့ ဆက်လိုက်ကြပြန်သည်။ ၎င်းတို့ လုံးဝ ဒဏ်ရာရမသွားကြချေ။

တော်သေးသည်မှာ တောင်ကြားက အလွန်မကျယ်၍ပင်။ မဟုတ်လျှင် ကျန်းရီသည် သံချပ်ဝတ်မိစ္ဆာဝံပုလွေများကို တစ်လှိုင်းပြီးတစ်လှိုင်း တားနိုင်မည် မဟုတ်ပါ။ ဟယ်နုန်ယင်းလည်း ပြဿနာအကြီးအကျယ် တက်သွားပေလိမ့်မည်။

ဝုန်း...ဝုန်း...ဝုန်း...

ကျန်းရီသည် သံချပ်ဝတ်မိစ္ဆာဝံပုလွေများ၏ လက်သည်းများနှင့် ထိမိတိုင်း ထက်ရှသော ဓားတစ်ချောင်းနှင့် အခုတ်ခံရသလို ခံစားနေရ၏။ သူ့လက်သီးနှစ်လုံးစလုံး နာကျင်နေပေသည်။

“ယန်ကိုးပါးကောင်းကင်ဧကရာဇ် မဟုတ်ဘူး။ မဟာဧကရာဇ်လူယွင်ပဲ ဖြစ်မယ်။ အဲ့မဟာဧကရာဇ်က အစီအရင်တွေကို လေ့လာရတာကို ကြိုက်တယ်။ ကောင်းကင်ဘုံခုံရုံးထဲက ရုပ်သေးရုပ်တွေက သူ ချန်ခဲ့တာပဲ ဖြစ်ရမယ်”

ဟယ်နုန်ယင်းက ပြေးနေရင်း ကျန်းရီကို ရှင်းပြ၏။ သူမ တစ်ခဏ စကားရပ်ပြီးနောက် ဆက်ပြောသည်။

“ကျန်းရီ... အဲ့အကြောင်းတွေ တွေးမနေနဲ့။ ဒီသံချပ်ဝတ်မိစ္ဆာဝံပုလွေတွေကို ကိုင်တွယ်ဖို့ နည်းလမ်းတစ်ခု မြန်မြန်စဉ်းစား။ သူတို့မှာ အားနည်းချက်တွေရှိလား ကြည့်လိုက်။ အဲ့သံချပ်ဝတ်မိစ္ဆာဝံပုလွေတွေက အရမ်းမြန်တယ်။ ကျွန်မတို့ လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး”

ကျန်းရီသည် တစ်ချိန်လုံး အားနည်းချက်ကို ရှာနေခဲ့သော်လည်း ထိုသံချပ်ဝတ်မိစ္ဆာဝံပုလွေများက အလွန်သေးငယ်ပြီး၊ အလွန်လျင်မြန်သည်။ ၎င်းတို့ကိုယ်ထဲမှ စွမ်းအားစီးဆင်မှုကလည်း အလွန်မြန်ပေသည်။ ကျန်းရီသည် တိုက်ခိုက်မှုများကို တစ်ခုပြီးတစ်ခု ခုခံနေရသည်။ သို့ဖြစ်ရာ စူးစမ်း၊ သုံးသပ်နေရမည့် အချိန် မည်သို့ရှိမည်နည်း။

‘လွတ်အောင်ပြေးရမှာလား’

ကျန်းရီ မျက်လုံးဝေ့လိုက်ပြီး စွမ်းအားအကြီးဆုံး အကွက်ကို သုံးရန် ဆုံးဖြတ်လိုက်သည်။ သူ မိုးမြေစွမ်းအားကို ကြာရှည် မသုံးနိုင်ပေ။ သုံးလိုက်လျှင် သူ့ခန္ဓာကိုယ်က အားနည်းသွားပေလိမ့်မည်။ ထို့ကြောင့် အားနည်းမလာခင် ထိုသံချပ်ဝတ်မိစ္ဆာဝံပုလွေများလက်မှ လွတ်အောင် ပြေးရပေမည်။

ကျန်းရီသည် ဟယ်နုန်ယင်းကို ကြည့်၍ အော်ပြောလိုက်၏။

“သခင်မလေးနုန်ယင်း... နောက်ကို နည်းနည်းဆုတ်လိုက်ပါ။ အနည်းဆုံး ကီလိုမီတာသုံးရာလောက် ဆုတ်လိုက်ပါ... မြန်မြန်”

“ကီလိုမီတာသုံးရာလား”

ဟယ်နုန်ယင်း မျက်တောင်ပုတ်ခတ်လိုက်၏။ ကျန်းရီက မည်သည်ကို သုံးတော့မည်ဖြစ်ကြောင်း သူမ မသိပေ။ သို့သော် သူမ ကျန်းရီကို အလွန်ယုံကြည်သည်။ ထို့ကြောင့် မြားအနည်းငယ် ပစ်လွှတ်လိုက်ပြီးနောက် အခြားမည်သည်ကိုမှ အရေးမစိုက်တော့ဘဲ နောက်ဆုတ်သွားလိုက်လေသည်။

“ရပြီ...”

ကျန်းရီသည် ဤတတိယထပ်တွင် ကောင်းကင်စိတ်အာရုံကို မသုံးနိုင်ပေ။ သို့သော် သိုလှောင်လက်စွပ်နှင့် လေဟာနယ်နတ်ဘုရားအသုံးအဆောင်များကို ပြန်သုံးလာနိုင်ပြီဖြစ်သည်။ သို့သော် အသံပို့လွှတ်၍ မရသေးသဖြင့် အော်ပြော၍သာ နေရသည်။

ကျန်းရီသည် ဟယ်နုန်ယင်း၏ အသံကို ကြားလိုက်သောအခါ သူ့နဝမမြောက်ကြယ်စက်လုံးထဲရှိ ရေခဲအရင်းအမြစ်ကို သူ့လက်ထဲတွင် အလုံးတစ်လုံးအဖြစ် စုလိုက်သည်။ သူ ရေခဲအရင်းအမြစ်ကို မပစ်လွှတ်ရသေးခင်မှာပင် ပတ်ဝန်းကျင်က စတင်အေးခဲလာသည်။ တောင်ကြားပတ်ပတ်လည်တွင် ထူထဲသော ရေခဲအလွှာများ ဖြစ်ပေါ်လာသည်။ ဘေးတောင်နံရံနှစ်ခုကလည်း အဆက်မပြတ် လင်းလက်လာပြီး ၎င်းတို့မှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစခု ထွက်လာလေသည်။

ကျန်းရီ ဝမ်းသာသွား၏။ သူ တောင်နံရံများကို မထိမိ၍ တော်သေးသည်။ ၎င်းတောင်နံရံများပေါ်ရှိ အကာအရံများက သူ့စွမ်းအားကို ပြန်ရောင်ပြန်ထုတ်နိုင်ပေသည်။

“ကျား...”

ကျန်းရီသည် မာန်သွင်း၍ ရေခဲအရင်းအမြစ်လုံးကို အရှေ့သို့ ပစ်လွှတ်လိုက်၏။ ရေခဲအရင်းအမြစ် ဖြတ်သွားသောနေရာတိုင်းတွင် အေးခဲသွားသည်။ သံချပ်ဝတ်မိစ္ဆာဝံပုလွေများ၏ ခန္ဓာကိုယ်များ လင်းလက်လာ၏။ ၎င်းတို့သည် ခန္ဓာကိုယ်များကို တွန့်လိမ်၍ လက်သည်းများကို ယမ်း၍ ရေခဲများကို နည်းနည်းချင်း ဖောက်နေကြသည်။

“သွား...”

ကျန်းရီသည် ငါးရောင်ခြယ်မီးတောက်များကို ထုတ်လွှတ်၍ သူ့အရှေ့ ရေခဲထုတွင် လိုဏ်ခေါင်းတစ်ခု အရည်ဖျော်လိုက်သည်။ ထို့နောက် သူ လျင်မြန်စွာ ပြန်ဆုတ်လိုက်သည်။ သူ သုံးကီလိုမီတာအကွာသို့ ရောက်သောအခါ ရေခဲအရင်းအမြစ်ကို ထပ်မံထုတ်၍ အရှေ့သို့ ပစ်လွှတ်လိုက်၏။ သူအရှေ့မှ နေရာက စတင်အေးခဲလာပေသည်။

“ရှီး... အေးလိုက်တာ။ ကျန်းရီက ဘာတွေလုပ်နေတာလဲ”

ကီလိုမီတာသုံးရာအကွာရှိ ဟယ်နုန်ယင်းသည် လေအေးများ တိုက်ခတ်လာသည်ကို ခံစားလိုက်ရ၏။ သူမ တစ်ကိုယ်လုံး တုန်ယင်လာသည်။ အလွန်အေးလွန်းသဖြင့် သူမ မခံနိုင်တော့ပေ။ ကောင်းကင်စွမ်းအားကို သုံး၍သာ တောင့်ခံ၍ အနောက်သို့ ထပ်ဆုတ်လိုက်ရလေသည်။

ဝှစ်...ဝှစ်...

ကျန်းရီသည် ဟယ်နုန်ယင်းကို လျင်မြန်စွာ မီလာ၏။ ဟယ်နုန်ယင်းက သူ့ကို စောင့်နေကြောင်း မြင်လိုက်သောအခါ သူ သူမ၏လက်ကို လျင်မြန်စွာ ဆွဲ၍ ပြေးသွားလိုက်သည်။ ရေခဲအရင်းအမြစ်က ပတ်ဝန်းကျင်ကို အေးခဲသွားစေနိုင်သော်လည်း သံချပ်ဝတ်မိစ္ဆာဝံပုလွေများကို မအေးခဲနိုင်ပေ။ ရုပ်သေးရုပ်များက လူသားများ မဟုတ်ချေ။ ရေခဲအရင်းအမြစ်က ၎င်းတို့အပေါ် များစွာ မသက်ရောက်နိုင်ပါ။ ထို သံချပ်ဝတ်မိစ္ဆာဝံပုလွေများက ရေခဲထုကို လျင်မြန်စွာ ထိုးဖောက်၍ ကျန်းရီတို့နောက်သို့ လိုက်လာကြပေသည်။

“ကျန်းရီ... ဘာလို့ ဒီလောက်အေးနေရတာလဲ”

ဟယ်နုန်ယင်း စိတ်မထိန်းနိုင်တော့ဘဲ ပြေးနေရင်းမှာပင် မေးလိုက်၏။ ကျန်းရီ သက်ပြင်းချလိုက်ပြီး ဟယ်နုန်ယင်းကို မလိမ်တော့ဘဲ အမှန်အတိုင်း ပြောပြလိုက်သည်။

“အစောက ကျွန်တော် ရေခဲအရင်းအမြစ်ကို သုံးပြီး ပတ်ဝန်းကျင်ကို အေးခဲသွားအောင် လုပ်လိုက်တာ။ မဟုတ်ရင် ကျွန်တော်တို့ သံချပ်ဝတ်မိစ္ဆာဝံပုလွေတွေလက်က လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး”

“ရေ... ရေခဲအရင်းအမြစ်လား”

ဟယ်နုန်ယင်းသည် သူမ နားကြားမှားသွားသည်ဟု ထင်လိုက်မိ၏။ သူမ ခပ်သွက်သွက် ပြန်မေးလိုက်သည်။

“ရေခဲအရင်းအမြစ်ဆိုတာ ရှင်သေချာလား။ ရှင့်မှာ ရေခဲအရင်းအမြစ် ရှိတာလား။ ရှင်က ရေခဲအရင်းအမြစ်ကို ထိန်းချုပ်နိုင်တာလား”

ကျန်းရီ များစွာ ရှင်းပြမနေတော့ဘဲ တိုတိုသာ ပြောလိုက်သည်။

“ကျွန်တော် သခင်မလေးကို နောက်မှ ပြောပြပါမယ်။ ကျွန်တော့်မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်။ သခင်မလေးရဲ့ သက်တမ်းအတွင်း အဲ့လျှို့ဝှက်တွေ အကုန်လုံးကို သိနိုင်မှာ မဟုတ်ဘူး”

“ကျွန်မ သက်တမ်းအတွင်းလား”

ဟယ်နုန်ယင်း၏လက်က ကျန်းရီ၏လက်ထဲတွင် ရှိနေဆဲပင်။ သူမသည် ကျန်းရီ၏ ‘သခင်မလေးရဲ့ သက်တမ်းအတွင်း’ဆိုသော စကားကို ကြားလိုက်ရသောအခါ ရင်တုန်သွားသည်။ သူမ၏မျက်ဝန်းများထဲတွင်လည်း ဝမ်းနည်းမှုများ ပြည့်နှက်သွားလေသည်။

ဟုတ်၏။

ထိုယောက်ျားက အလွန်ဆန်းကြယ်သည်။ သူက ဖြစ်ရပ်ဆန်းကြယ်များကို မပြတ် ဖန်တီးနေခဲ့သည်။ သူ့တွင် လျှို့ဝှက်ချက်များစွာ ရှိသည်။ သူမသည် ထိုလျှို့ဝှက်ချက်အားလုံးကို မည်သည့်အခါတွင်မှ သိနိုင်မည့်ပုံ မပေါ်ချေ။ ထိုလျှို့ဝှက်ဆန်းကြယ်မှုများကြောင့်လည်း သူမ ကျန်းရီအပေါ် စိတ်ဝင်စားမိခြင်းဖြစ်သည်။ ယခု သူမသည် လျှို့ဝှက်ဆန်းကြယ်မှုများအတွင်း နက်နက်ရှိုင်းရှိုင်း နစ်နေပြီဖြစ်၍ သူမကိုယ်သူမ ဆွဲမထုတ်နိုင်တော့ပေ။

လေက တဟူးဟူး တိုက်ခတ်နေပြီး ကျန်းရီနှင့် ဟယ်နုန်ယင်းတို့ လျင်မြန်စွာ ပြေးသွားနေကြသည်။ သူတို့အနောက် တောင်ကြားထဲတွင် ရာချီသော သံချပ်ဝတ်မိစ္ဆာဝံပုလွေများက ရေခဲထုကို ထိုးဖောက်၍ လိုက်လာကြသည်။ တောင်နံရံနှစ်ဘက်တွင်လည်း အစိမ်းရင့်ရောင်အလင်း လင်းလက်နေသည်။ တောင်ကြားက နက်ပြီး အဆုံးမရှိဟုပင် ထင်ရပေသည်။

သို့သော် ထိုအခိုက်တွင် ဟယ်နုန်ယင်းသည် ထူးဆန်းသော အတွေးတစ်ခုကို တွေးမိလိုက်၏။ ဤတောင်ကြားက အဆုံးမရှိလျှင် သူမနှင့် ကျန်းရီတို့က လက်ချင်းချိတ်၍ ဆက်ပြေးနေရပေမည်။ သို့ဆိုလျှင် မည်မျှကောင်းမည်နည်း။

ဟယ်နုန်ယင်းသည် ‘အချိန်ပြောင်းပြန်’ဟု ခေါ်သော အလွန်စွမ်းအားကြီးသည် အနှစ်သာရတစ်ခုကို သိမြင်နားလည်ထားသည်။ ယင်းအခိုက်တွင် သူမသည် သူမ သိမြင်နားလည်ထားသော အနှစ်သာရက ‘အချိန်ရပ်တန့်’ ဖြစ်နေလျှင် ကောင်းလိမ့်မည်ဟုပင် တွေးမိပေသည်။ သူမသည် ထိုအခိုက်အတန့်ကို ထာဝရ၊ ထာဝရ၊ ထာဝရ ရပ်တန့်ထားလိုလေသည်။

***

All Chapters