← Chapters

ဓားရူးတာအိုပညာရှိနှင့် ပန်ကူး

Vol. 76 Ch. 807

ဓားရူးတာအိုပညာရှိနှင့် ပန်ကူး

Vol. 76 Ch. 807

[၁။ ဂူအောင်းကျင့်ကြံရာမှ ထွက်၍ ခွန်အား နတ်ဘီလူးကို သတ်ဖြတ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]

ခွန်အား နတ်ဘီလူးက ပန်ကူးပဲ ဖြစ်နိုင်ပါတယ်။ ပန်ကူး ပြန်မွေးဖွားလာတာကို ဟန်ကျွယ် အတည်ပြုပြီးပြီ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ပန်ကူးကို ရန်စမိမှာ ကြောက်တဲ့အတွက် ခွန်အား နတ်ဘီလူးကို မဖန်တီးခဲ့တာပါ။ နောက်ဆုံး နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ ပန်ကူးဟာ ပြန်ထွက်ပေါ်လာပါတော့မယ်။

ဆုလာဘ်ချင်းက တူညီတဲ့အတွက် ဟန်ကျွယ်ဟာ တစ်စက်ကလေးတောင် မတုံ့ဆိုင်းဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူပြီး လောကဦးကမ္ဘာထဲက နတ်ဘီလူးချီအလုံး တစ်လုံးနဲ့ ပေါင်းစပ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပဋိပက္ခနက်ထဲကို လှမ်းကြည့်ပြီး ခွန်အား နတ်ဘီလူးရဲ့ ရောင်ဝါကို စပြီးတော့ ရှာဖွေပါတယ်။

အတော်အတန်ကြာတဲ့ အခါမှာတော့...

ဟန်ကျွယ်ဟာ အလွန်အားကောင်းတဲ့ ပဋိပက္ခနတ်ဘီလူးတစ်ပါးရဲ့ ရောင်ဝါကို ခံစားမိလိုက်ပါတယ်။ ဒီရောင်ဝါက သာမန်သက်ရှိတွေနဲ့ ကွဲပြားခြားနားပြီး ရက်စက်မှုတွေ ပြည့်နှက်နေတဲ့အတွက် အန္တရာယ် အငွေ့အသက်ကို ပေးနေပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ခွန်အား နတ်ဘီလူးရဲ့ တည်ရှိမှုကို မမြင်နိုင်ပါဘူး။ ကြည့်ရတာ သာမန်မဟုတ်တဲ့ ကာလ-ဒေသ ဒိုင်မေးရှင်းတစ်ခုမှာ ပုန်းအောင်းနေပုံပါပဲ။

ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။

တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးထပ်ဖွင့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝရန်သူတော်ကြီး ပေါ်လာသလိုမျိုး အလွန်ကြောက်ဖို့ကောင်းတဲ့ ခံစားချက်ကို ရလိုက်လို့ပါပဲ။

ဒီခံစားချက်က လက်ဆုပ်လက်ကိုင်ပြလို့ မရပေမဲ့ အလွန်တရာ တိကျပါတယ်။ အကြောင်းရင်းကို တန်းသိနေတာပါ။ ဟန်ကျွယ်တောင် ဒီလို ခံစားရရင် တခြားပဋိပက္ခနတ်ဘီလူးတွေဆို ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း ခံစားရမှာပါ။

‘ငါက လောကဦး နတ်ဘီလူးပါ... ဘာဖြစ်လို့ ဒီလောက်တောင် ကြောက်ရွံ့မှုကို ခံစားရတာလဲ’ ဟန်ကျွယ်ဟာ အံ့အားသင့်သွားပါတယ် ‘မဟုတ်မှလွဲရော... ပဋိပက္ခနတ်ဘီလူးနဲ့ လောကဦး နတ်ဘီလူးက ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်နဲ့ ဆက်စပ်နေတာများလား... ထားလိုက်ပါတော့... ဒါက ငါ့ကိစ္စမှ မဟုတ်တာ...’

ဟန်ကျွယ်ဟာ မျက်လုံးပြန်မှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။

မှောင်မိုက်တဲ့ အာကာသမှာ မြူခိုးတွေ မကုန်ဆုံးနိုင်အောင် ပျံ့နှံ့နေပါတယ်။ ရေကန်စွန်းမှာတော့ ဟန်ထော်နဲ့ ယီတျန်ဟာ တရားထိုင်ပြီး တိတ်တဆိတ် ကျင့်ကြံအားထုတ်နေပါတယ်။ ရုတ်တရက်ဆိုသလို သူတို့နှစ်ယောက်စလုံး တစ်ပြိုင်တည်း မျက်လုံးဖွင့်လိုက်ကြပါတယ်။

တစ်ချိန်တည်းမှာပဲ သူတို့ခန္ဓာကိုယ်ကနေ အလွန်ကြောက်ဖို့ကောင်းတဲ့ ရောင်ဝါ ထွက်ပေါ်လာပြီး သူတို့မျက်နှာတွေကလည်း ကြမ်းတမ်းလာပါတယ်။ အတောမသတ်နိုင်တဲ့ ဒေါသကလည်း သူတို့နှလုံးသားထဲကနေ မီးတောင် ပေါက်ကွဲသလို ထွက်ပေါ်လာပါတယ်။

သူတို့နှစ်ယောက်ဟာ ရှေ့တည့်တည့်ကို ဝါးစားမတတ် စိုက်ကြည့်လိုက်ကြပါတယ်။

အတော်အတန်ကြာသွားမှာပဲ ထိန်းချုပ်လို့မရတဲ့ ဒေါသဟာ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။

ယီတျန်ဟာ ဟန်ထော်ကို လှည့်ကြည့်ပြီး မေးလိုက်ပါတယ် “ခုနက ဘာကို ခံစားလိုက်ရလဲ”

ဟန်ထော်ရဲ့ မျက်လုံးတွေဟာ အေးစက်သွားပါတယ် “သတ်ဖြတ်ငွေ့... ဝိညာဉ် ပဲ့တင်ထပ်မှုကနေလာတဲ့ အရိုးထဲ စိမ့်တက်စေတဲ့ သတ်ဖြတ်ငွေ့...”

ယီတျန်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဟုတ်တယ်၊ ကံဆိုးတာက ငါတို့တွေ စွမ်းအားမကြီးတာပဲ၊ ငါတို့က အရည်အချင်းတောင် မမီသေးဘူး”

ဟန်ထော်ဟာ ယီတျန် ဘာပြောချင်တယ်ဆိုတာကို နားလည်လိုက်ပါတယ်။

ဒီအချိန်မှာပဲ သူတို့နှစ်ယောက်နောက်မှာ နတ်ဆိုးချီလုံးတစ်လုံး ပေါ်လာပြီး မိစ္ဆာဘိုးဘေးလို့ယွမ်အဖြစ် အသွင် ပြောင်းလဲသွားပါတယ်။

“မင်းတို့ ခံစားမိလား”

ဟန်ထော်နဲ့ ယီတျန်ဟာ နောက်လှည့်ကြည့်ပြီး ခေါင်းညိတ်ကာ အဖြေပေးလိုက်ပါတယ်။

“ပန်ကူး ပြန်မွေးဖွားလာပြီ၊ ပြီးခဲ့တဲ့ နတ်ဘီလူးစစ်ပွဲက ပြန်စတော့မယ်”

မိစ္ဆာဘိုးဘေးလို့ယွမ်ရဲ့ စကားကြောင့် ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်ပါတယ် “မဟာတာအို အနန္တကပ်ဘေးလား”

“မဟုတ်ဘူး... မဟာတာအို အနန္တကပ်ဘေးက လောကဦးနတ်ဘီလူး ပေါ်လာမှ ဖြစ်မှာ၊ ပန်ကူး ပေါ်လာတာက ပဋိပက္ခနတ်ဘီလူးတွေကို ဒုက္ခပေးဖို့၊ ပန်ကူးရဲ့ အစီအစဉ်က ပဋိပက္ခနတ်ဘီလူးတွေရဲ့ စွမ်းအားကို သူ့ကိုယ်ပိုင်ဖြစ်အောင်လုပ်ပြီး လောကဦးနတ်ဘီလူး မွေးဖွားလာမှာကို ကြိုတင် ပြင်ဆင်ထားချင်တာ”

“ဆိုလိုချင်တာက ကျွန်တော်တို့တွေ သူ့ရဲ့ ပစ်မှတ် ဖြစ်လာမှာပေါ့”

“ဟုတ်တယ်”

ဟန်ထော်နဲ့ ယီတျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

လို့ယွမ်က ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ် “ပဋိပက္ခနတ်ဘီလူး သုံးထောင်တောင် ပန်ကူးကို မယှဉ်နိုင်ခဲ့ဘူး၊ အခု ပဋိပက္ခ နတ်ဘီလူးတွေက တစ်ရာတောင် မပြည့်ဘူး၊ ပန်ကူးကို ဘယ်သူ ယှဉ်နိုင်မှာလဲ”

ဟန်ထော်က မေးလိုက်ပါတယ် “မဟာတာအို နတ်စိတ်ဝိညာဉ်တွေက ဒီအတိုင်း ထိုင်ကြည့်နေမှာလား”

လို့ယွမ်က ပြန်ဖြေပါတယ် “သူတို့က ဘာမှလုပ်မှာ မဟုတ်ဘူး၊ သူတို့သာ ထိုင်ကြည့်မနေရင် ပန်ကူးက ဒီလောက်ထိ နာမည်ကြီးနေမှာ မဟုတ်ဘူး၊ အကုန်လုံးက နတ်မင်းတွေရဲ့ ခေါင်းဆောင် သဘောအတိုင်းပဲ”

“နတ်မင်းတွေရဲ့ ခေါင်းဆောင်... သူက ဘယ်သူလဲ”

“ပြောလို့မရတဲ့ နာမည်”

ဟန်ထော်နဲ့ ယီတျန်ဟာ တိတ်ဆိတ်သွားပါတယ်။

လို့ယွမ်က ဆက်ပြောပါတယ် “ပန်ကူးပေါ်လာတာကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားတော့၊ တကယ့်ကို အစီအစဉ်ကောင်းပဲ... မဟာတာအို နတ်စိတ်ဝိညာဉ်တွေနဲ့ ရှုံဟွာအင်အားစုက ငါ့နောက် မလိုက်တာ အံ့ဩစရာ မရှိတော့ပါဘူး၊ သူတို့က ပန်ကူးပေါ်လာတာ စောင့်နေကြတာကိုး... ဒီကောင်တွေက ပန်ကူး စွမ်းအားကြီးလာပြီး ပဋိပက္ခကို ရှင်းပစ်တာ မြင်ချင်နေကြတာ၊ ပန်ကူးနဲ့ နောက်ပေါ်လာမဲ့ လောကဦး နတ်ဘီလူးက တစ်ယောက်ပဲ ရှင်သန်နိုင်မဲ့ သဘာဝ ရန်သူတော်ကြီးတွေပဲ”

ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ပန်ကူးပဲဖြစ်ဖြစ် လောကဦး နတ်ဘီလူးပဲဖြစ်ဖြစ် ဘယ်သူပဲနိုင်နိုင် ပဋိပက္ခကို ဒုက္ခပေးမှာပဲ၊ မဟာတာအို နတ်စိတ်ဝိညာဉ်တွေက နှစ်ဖက်စလုံး ဒဏ်ရာရတာကို မျှော်လင့်နေကြတာလား၊ သူတို့လို တည်ရှိမှုတွေက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်ဆိုရင်တောင် ချက်ချင်း ပြန်ကောင်းလာနိုင်တာကို... မဟာတာအို နတ်စိတ်ဝိညာဉ်တွေက ဒီအချက်လေးကိုတောင် မတွေးမိကြတာလား”

“ငါတို့သာ ခန့်မှန်းနိုင်ရင် လက်ရှိအခြေအနေကို ရောက်နေမှာ မဟုတ်ဘူး... ကိုယ့်ဘာသာ ကြိုးစားကျင့်ကြံကြ၊ ငါ ရှုံဟွာကို သွားရှာလိုက်ဦးမယ်၊ ဒီအတောအတွင်း မင်းတို့နှစ်ယောက် အပြင်မထွက်ကြနဲ့၊ ပန်ကူး ပေါ်လာရင် မင်းတို့တွေ သူ့ကို တားနိုင်တာ မဟုတ်ဘူး”

စကားဆုံးတာနဲ့ မိစ္ဆာဘိုးဘေးလို့ယွမ်ဟာ ပျောက်ကွယ်သွားပါတယ်။

ယီတျန်ဟာ ခေါင်းကုတ်ပြီး ပြောလိုက်ပါတယ် “ဘယ်သူက ဂရုစိုက်လို့လဲ၊ ဘာပဲဖြစ်ဖြစ် ငါတို့တွေ ပန်ကူးကို သတ်ဖို့ နည်းလမ်း ရှာရမယ်၊ ဒီကောင်က အခုမှ ပြန်မွေးဖွားလာတာ၊ ဘယ်လိုလုပ်ပြီး မွေးမွေးချင်း ပြိုင်ဘက်ကင်းနိုင်မှာလဲ”

ဟန်ထော်ဟာ အသက်အရှည်ကြီးသာ ရှူသွင်းပြီး ယီတျန်ကို ဘာမှ ပြန်မပြောပါဘူး။

.....

“ပဋိပက္ခနတ်ဘီလူးအားလုံး... မဟာရှေးဟောင်းနယ်မြေကို လာကြ”

ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ မဟာရှေးဟောင်း နတ်ဘီလူးရဲ့ အသံကို နားထဲမှာ ကြားလိုက်ရပါတယ်။ ဒီတစ်ခါကိစ္စက ပန်ကူးကြောင့်ဆိုတာ ဗေဒင်မေးကြည့်စရာ မလိုပါဘူး။ ဟန်ကျွယ်ဟာ ကိုယ်ပွားတစ်ခု ဖန်တီးပြီး မဟာ‌ရှေးဟောင်း နယ်မြေကို စေလွှတ်လိုက်ပါတယ်။ ပင်မခန္ဓာကိုယ်ကတော့ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

ဟန်ကျွယ်ဟာ အနည်းဆုံး နှစ်ငါးသောင်းပြည့်အောင် ဂူအောင်း ကျင့်ကြံအားထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။ နောက်ပြီး ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူးအစစ် မဟုတ်တဲ့အတွက် ပဋိပက္ခနတ်ဘီလူးတွေ အသတ်ခံရတာကို သောက်ဂရုမစိုက်ပါဘူး။

နှစ်တစ်ထောင် ကြာတဲ့အခါမှာတော့...

မဟာရှေးဟောင်းနယ်မြေမှာ ပဋိပက္ခနတ်ဘီလူးတွေဟာ ခန်းမတစ်ခုအတွင်း စုစည်းနေကြပါတယ်။ ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ မျက်နှာဟောင်းတွေထက် မျက်နှာသစ်တွေကို ပိုတွေ့လိုက်ရပါတယ်။ ဓားရူးတာအိုပညာရှိနဲ့ ဟုန်စဲ့မင်ယွင်တို့ဟာ ဟန်ကျွယ်ရဲ့ ဘယ်ညာနှစ်ဖက်မှာ ရှိနေပြီး ပေတစ်သောင်းလောက် ဝေးကွာပါတယ်။

ခန်းမထဲက လေထုဟာ အုံ့မှိုင်းနေပါတယ်။ အရင်က စကားများတဲ့ ရှေးဟောင်း ပဋိပက္ခနတ်ဘီလူးတွေဟာလည်း ဒီတစ်ခါမှာတော့ စကားတစ်ခွန်းမှ မဟကြပါဘူး။ ပန်ကူးရဲ့ နာမည်က နတ်ဘီလူးတွေအတွက် အထူးသဖြင့် ရှေးဟောင်း ပဋိပက္ခ နတ်ဘီလူးတွေအတွက်တော့ လုံးဝကို အိပ်မက်ဆိုးတစ်ခုပါ။

မဟာရှေးဟောင်း နတ်ဘီလူးဟာ ခေါင်းကိုက်သွားပါတယ်။ မဟာရှေးဟောင်း နတ်ဘီလူးဟာ အမှောင်သခင်ကြီးကို ရင်ဆိုင်ဖို့ ပြင်ဆင်နေတုန်းပါ။ အခုလိုမျိုး ပန်ကူးက ရုတ်တရက်ကြီး ထွက်ပေါ်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ မဟာရှေးဟောင်း နတ်ဘီလူးဟာ လက်မည်းကြီးတစ်ခုက သူ့ကို ပစ်မှတ်ထားနေတယ်လို့ ခံစားလိုက်ရပါတယ်။

“ပန်ကူးက ပြန်မွေးဖွားခါစပဲ ရှိသေးတာ၊ ဘာကြောက်စရာ ရှိလို့လဲ၊ ငါတို့တွေ သူ စွမ်းအားကြီးမလာခင် အမြန်ဆုံး ရှင်းပစ်ဖို့လိုတယ်” ဓားရူးတာအိုပညာရှိက အထင်သေးတဲ့လေသံနဲ့ ရုတ်တရက် ပြောလိုက်ပါတယ်။ ဓားရူးတာအိုပညာရှိဟာ လက်ရှိ ပဋိပက္ခ နတ်ဘီလူးတွေကို အထင်သေးတာ ထင်ရှားလှပါတယ်။ လက်ရှိ ပဋိပက္ခ နတ်ဘီလူးတွေကလည်း နတ်ဘီလူးတစ်ပါးရဲ့ ရှိသင့်ရှိထိုက်တဲ့ မာနတောင် မရှိတော့ဘူး မဟုတ်ပါလား။

“ပန်ကူးက အစွမ်းအထက်ဆုံး နတ်ဘီလူးအဖြစ် မွေးဖွားလာတာ မဟုတ်ဘူး၊ သူ့ဂုဏ်သတင်းက သတ်ဖြတ်ပြီး ရလာတာ၊ ငါတို့တွေ သင်ခန်းစာ ရပြီးပြီပဲ၊ သူ့ကို ကြောက်စရာ ဘာအကြောင်း ရှိသေးလို့လဲ” ဓားရူးတာအိုပညာရှိက ဝင့်ကြွားစွာ ပြောလိုက်ပါတယ်။ ပဋိပက္ခ နတ်ဘီလူးတွေထဲမှာ ပန်ကူးက မကြောက်ဆုံးက ဓားရူးတာအိုပညာရှိပဲ ဖြစ်ပါလိမ့်မယ်။

ရှေးဟောင်း နတ်ဘီလူးတစ်ပါးက သရော်လိုက်ပါတယ် “မင်း ဒီလောက်တောင် စွမ်းအားကြီးနေရင် ပန်ကူးကို ဘာဖြစ်လို့ မသတ်တာလဲ”

ဓားရူးတာအိုပညာရှိဟာာ ပြုံးလိုက်ပါတယ် “ငါ ပန်ကူးကို သတ်လိုက်ရင် မင်း ငါ့ကို ဘယ်လို ကျေးဇူးဆပ်မှာလဲ”

“ငါ မင်းအစေခံလုပ်မယ်”

“ကောင်းပြီလေ”

ဓားရူးတာအိုပညာရှိဟာ မတ်တတ်ရပ်ပြီး ခန်းမထဲက ထွက်ခွာသွားပါတယ်။ ဘယ်နတ်ဘီလူးမှ သူ့ကို မတားပါဘူး။

ဓားရူးတာအိုပညာရှိ ပျောက်ကွယ်သွားတဲ့အခါ ဟုန်စဲ့မင်ယွင်က ဟန်ကျွယ်ကို အသံလွှင့်စကား‌ ပြောလိုက်ပါတယ် “ရှင် သူ့ကို မတားတော့ဘူးလား”

“ငါနဲ့ သူနဲ့ အဲဒီလောက် မရင်းနှီးဘူး” ဟန်ကျွယ်ဟာ အသံလွှင့်ပြီး ပြန်ပြောလိုက်ပါတယ်။

“ဒါဆိုရင် သူက ရှင့်နားမှာ ဘာလို့ နှစ်ခါ ထိုင်တာလဲ”

“မင်း အတွေးလွန်နေတာ ဖြစ်ပါလိမ့်မယ်”

ဟုန်စဲ့မင်ယွင်ဟာ ဟန်ကျွယ်ကို တစ်ချက်ကြည့်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။

မဟာရှေးဟောင်း နတ်ဘီလူးက ပြောလိုက်ပါတယ် “ဒီလိုဆိုမှတော့ ငါတို့တွေ ပန်ကူးရဲ့ လက်ရှိ ကျင့်ကြံမှုကို သိရအောင် ဓားရူးတာအိုပညာရှိရဲ့ ရလဒ်ကို စောင့်ကြမယ်”

ပဋိပက္ခ နတ်ဘီလူးတွေဟာ ဘာကန့်ကွက်မှုမှ မရှိကြပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့တွေဟာ ဓားရူးတာအိုပညာရှိကိုလည်း မုန်းကြပါတယ်။ နတ်ဘီလူးတွေ စပြီးတော့ ကျင့်ကြံအားထုတ်ကြတဲ့အတွက် ခန်းမတစ်ခုလုံး အပ်ကျသံ ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားပါတယ်။

နှစ်ထောင်ချီ ကြာတဲ့အခါမှာတော့ နတ်ဘီလူးတွေဟာ တစ်စုံတစ်ခုကို အာရုံခံမိပြီး မျက်လုံးပွင့်လာကြပါတယ်။ ဟန်ကျွယ်လည်း အတူတူပါပဲ။

ပဋိပက္ခနတ်ဘီလူးတစ်ပါးဟာ စပြီးတော့ တိုက်ခိုက်လာပါတယ်။

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိက ပြန်မွေးဖွားခါစ ပန်ကူးကို အနိုင်ယူနိုင်လားဆိုတာ တော်တော်လေး သိချင်သွားပါတယ်။

အစီအစဉ်အတိုင်းဆိုရင် ဓားရူးတာအိုပညာရှိ ရှုံးမှာပါ။ မဟုတ်ရင် ပြန်မွေးဖွားလာတဲ့ ပန်ကူးက ဘာအဓိပ္ပာယ်မှ ရှိတော့မှာ မဟုတ်ပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters