ပဋိက္ခသိစိတ်၏ အာရုံစိတ်မှု
Vol. 76 Ch. 810
“ဒီနေရာမှာ ကိုယ်ပွားပဲ ရှိတဲ့လူတွေ မင်းတို့ရဲ့ ခန္ဓာစစ်တွေကို ချက်ချင်းစေလွှတ်ကြ၊ ပန်ကူးကို တစ်ခါတည်း အသေသတ်ပြီး သူ့ခေတ် ကုန်ဆုံးသွားပြီဆိုတာကို ပြရမယ်” မဟာရှေးဟောင်း နတ်ဘီလူးဟာ ခန်းမထဲက နတ်ဘီလူးအကုန်လုံးကို အကဲခတ်ပြီး လေးလေးနက်နက် ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မဟာရှေးဟောင်းနတ်ဘီလူးက သူ့ကို ပြောနေမှန်း သိလိုက်ပါတယ်။
ဒီနေရာကို ပဋိပက္ခ နတ်ဘီလူးတချို့ပဲ ကိုယ်ပွားတွေ စေလွှတ်ကြတာပါ။ အများစုက ခန္ဓာစစ်တွေနဲ့ လာကြတာ ဖြစ်ပါတယ်။ သူတို့နေရာမှာ သူတို့နေရင် ပန်ကူး အသတ်ခံရမှာကို ကြောက်တာကြောင့်ပါ။
ဒီလိုနဲ့ နတ်ဘီလူးတွေဟာ မဟာရှေးဟောင်း နတ်ဘီလူးရဲ့ ဦးဆောင်မှုအောက်မှာ နန်းတော်ထဲက ပျံထွက်သွားကြပါတယ်။ ဟန်ကျွယ်လည်း အခြေအနေကို အခွင့်ကောင်းယူပြီး ပန်ကူးရဲ့ စွမ်းအားကို ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နှစ်တစ်သောင်း ကြာတဲ့အခါမှာတော့...
ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ သွားပြီး မိုးကြိုးသွားနတ်ဘီလူးကို လွှတ်ပေးကာ မုရုံချီလက်ထဲ အပ်လိုက်ပါတယ်။ မုရုံချီဟာ နောက်ထပ် နတ်ဘီလူးတစ်ပါးကို အဖော်ရလိုက်တဲ့အတွက် ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ မုရုံချီနဲ့ မိုးကြိုးသွား နတ်ဘီလူး ထွက်သွားတဲ့အခါ ဒုတိယ တာအိုစက်ကွင်းကို ကြည့်လိုက်ပါတယ်။
“ဒီနှစ်တွေမှာ နတ်ဘီလူးတွေက တော်တော်လေး စိတ်မရှည် ဖြစ်လာကြတယ်၊ သူတို့အကုန်လုံး ပန်ကူးရဲ့ ခြိမ်းခြောက်မှုကို ခံစားမိကြတယ်” လီယောင်သာ ညင်သာစွာ ပြောလိုက်ပါတယ်။
လီယောင်လည်း ဒီကြောက်ရွံ့မှုကို ခံစားရပါတယ်။ ပန်ကူးရဲ့ နာမည်က သွေးစည်းထဲကနေ သူမရဲ့ စိတ်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး ကြောက်ရွံ့မှုရဲ့ အကြောင်းရင်းကို သိစေပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “အခုရော အဆင်ပြေသွားပြီလား”
လီယောင်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ဒီကိစ္စအတွက် မုရုံချီကို ကျေးဇူးတင်ရမယ်၊ ရှင်ရဲ့ မြေးတပည့်က တကယ်ကို အရည်အချင်းရှိတာ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ သူက မုရုံချီကို တန်ဖိုးအထားဆုံး မဟုတ်ပါလား။
ဝူတောက်ကျန့်က မေးလိုက်ပါတယ် “သခင်... ပန်ကူးက ကျွန်မတို့ကို ရှာတွေ့သွားမှာလား...”
“ရှာတွေ့နိုင်တယ်၊ ဒါပေမဲ့ သူ ဒီတာအိုစက်ကွင်းထဲကို ဝင်မလာနိုင်ဘူး”
ပန်ကူးမှာ နတ်ဘီလူးတွေကို ခြေရာခံနိုင်စွမ်းရှိတာ အသိသာကြီးပါ။ ဒုတိယ တာအိုစက်ကွင်းထဲကို မထောက်လှမ်းနိုင်ရင်တောင် နတ်ဘီလူးတွေရှိတဲ့ အရပ်ကို အာရုံခံမိမှာပါ။ ဒါက နတ်ဘီလူးတွေကြားထဲမှာ ရှိနေတဲ့ ပဲ့တပ်ထပ်မှုပါ။
ဝူတောက်ကျန့်ဟာ တာအိုစက်ကွင်းရဲ့ အရံအတား အစီအမံနဲ့ ပတ်သက်ပြီး စပ်စုချင်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကို မမေးရဲပါဘူး။
လီယောင်ဟာ ပြုံးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ကောင်းကင်ပြိုကျရင်တောင် ဂိုဏ်းချုပ်က ထမ်းထားလိမ့်မယ်၊ ပန်ကူးက ငါတို့ရန်သူ မဟုတ်ဘူး၊ ငါတို့ရန်သူက အနာဂတ်မှာပဲ ရှိသေးတယ်”
နတ်ဘီလူး အများစုက တာအိုပညာရှိအဆင့်ကို ရောက်နေကြပါပြီ။ ဒါပေမဲ့ လွတ်လပ် တာအိုပညာရှိတော့ မဖြစ်သေးပါဘူး။
“ဟုတ်တယ်... မင်းတို့တွေ ငါ့အတွက် အလုပ်လုပ်ပေးချင်ရင် အနည်းဆုံး မဟာတာအိုပညာရှိ အဆင့်ကို ရောက်ဖို့လိုတယ်”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ကံဆိုးချင်တော့ ဟန်ကျွယ်ဟာ မုတ်ဆိတ်မွေး မရှိပါဘူး။ မဟုတ်ရင် ပြုံးရင်း မုတ်ဆိတ်မွေးကို သပ်တာက တော်တော်လေး ကြည့်လို့ကောင်းမှာပါ။ တကယ်တော့ ဟန်ကျွယ် လိုချင်ရင် မုတ်ဆိတ်မွေးကို ချက်ချင်း ဖန်တီးလို့ ရပါတယ်။
ဟန်ကျွယ်ဟာ သူ့မိန်းမနှစ်ယောက်နဲ့ စကား ခဏပြောပြီးနောက် ပင်မ တာအိုစက်ကွင်းဆီ ပြန်ကာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဓားရူးတာအိုပညာရှိသည် ဓားတာအိုထဲ ဝင်ရောက်ပြီး ဓားတာအို၏ အဓိပ္ပာယ်စစ်ကို သိမြင်နားလည်သွား၏။]
[သင့်သား ဟန်ထော်သည် လွတ်လပ်မှု လောကဦး ပဋိပက္ခအဆင့်သို့ ရောက်ရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ယီတျန်သည် လွတ်လပ်မှု လောကဦး ပဋိပက္ခအဆင့်သို့ ရောက်ရှိပြီး ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]
[သင့်တပည့် တာအိုအရှင်သခင်သည် ပဋိပက္ခ နတ်ဘီလူး အလောင်းထဲသို့ ဝင်ရောက်သွား၏။]
[သင့်တပည့် ကျောက်ရွှမ်ယွမ်သည် ပဋိပက္ခ နတ်ဘီလူး အလောင်းထဲသို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ ရှန်ပေါင် တာအိုကျင့်ကြံသူသည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်ရန်သူ ခုနစ်ပါးတာအိုပညာရှိသည် အသက်ပြန်ရှင်လာ၏။]
[သင့်ရန်သူ ဓားရူးတာအိုပညာရှိသည် သူ့မဟာတာအိုနှင့် ဓားတာအိုကို ပေါင်းစပ်ပြီး မဟာတာအို အထွတ်အထိပ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွား၏။]
‘ဓားရူးတာအိုပညာရှိက မဟာတာအိုပညာရှိချုပ် ဖြစ်သွားပြီ... ဒါက ဖျက်ဆီးပြီး ပြန်တည်ဆောက်တာလား... ဟင်း...’ ဟန်ကျွယ်ဟာ သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။ ဓားရူးတာအိုပညာရှိက တကယ်ကို စွမ်းအားကြီးတယ် မဟုတ်ပါလား။
ဟန်ထော်နဲ့ ယီတျန်ကလည်း မဟာကံတရား အထောက်အပံ့ရှိတဲ့လူတွေလို့ ပြောလို့ရပါတယ်။ ဟန်ကျွယ် တပည့်တွေထက်ဦးပြီး လွတ်လပ် တာအိုပညာရှိအဆင့်ကို ရောက်သွားပါတယ်။ ကျင့်ကြံသူအများစုက သက်စွန့်ဆံဖျား အခွင့်အရေးလိုက်ရှာတာ အံ့ဩစရာ မရှိတော့ပါဘူး။
ဟန်ကျွယ်ဟာ ခုနစ်ပါး တာအိုပညာရှိ အသက်ပြန်ရှင်လာတာကို သတိထားမိလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ခုနစ်ပါး တာအိုပညာရှိကို မျက်စိထဲ မထည့်တော့ပါဘူး။ ခုနစ်ပါး တာအိုပညာရှိက သူ့နေရာ သူသိပြီး အေးဆေးနေရင်တော့ ဟန်ကျွယ်က ဂရုစိုက်မှာ မဟုတ်ပါဘူး။ မဟုတ်လို့ကတော့ ဟန်ကျွယ်က ခုနစ်ပါး တာအိုပညာရှိကို တစ်ချက်တည်း အပြတ်ရှင်းပစ်မှာပါ။
ဟန်ကျွယ် ခုနစ်ပါး တာအိုပညာရှိကို မသတ်တာက တံခါးလာခေါက်တာစောင့်ပြီး လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်ချင်တာကြောင့်ပါ။ တာအိုပညာရှိတွေနဲ့ မတူတာက မဟာတာအိုပညာရှိတွေဟာ ပြုစုပျိုးထောင်ဖို့ အရမ်းကို ခက်ခဲလွန်းပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ပြီးတော့ ဖတ်ရှုပါတယ်။ ပန်ကူး ပေါ်လာတာက ဟန်ကျွယ်ရဲ့ မိတ်ဆွေတွေကို ခြေငြိမ်သွားစေပြီး အရင်လို အဆော်မခံရစေတော့ပါဘူး။ ပန်ကူးက တကယ်ကို ကြမ်းတာပါ။ သူ့လွှမ်းမိုးမှုက သမိုင်းမှာ နံပါတ်တစ်လို့ ပြောလို့ရပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေ ဖတ်ပြီးတာနဲ့ သိစိတ်ကို ကိုယ်ပွားနဲ့ နေရာလဲလိုက်ပါတယ်။ ဒီအချိန်မှာ ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ တခြားနတ်ဘီလူးတွေနဲ့ ပန်ကူးကို တိုက်ဖို့ သွားနေတာပါ။ ပဋိပက္ခ အဆုံးမဲ့တဲ့အတွက် ပန်ကူးကိုရှာဖို့က အချိန်အတိုင်းအတာတစ်ခု လိုအပ်ပါတယ်။ နောက်ပြီး ပန်ကူးကလည်း ပုန်းနေတဲ့ပုံ ရှိပါတယ်။
[ဓားရူးတာအိုပညာရှိသည် သင့်အား အိပ်မက်ပေးလိုက်၏။ လက်ခံမည်လော။]
ရုတ်တရက် ရောက်လာတဲ့ အသိပေးချက်က ဟန်ကျွယ်ရဲ့ အတွေးတွေကို နှောင့်ယှက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ ဓားရူးတာအိုပညာရှိရဲ့ အိပ်မက်ကို လက်ခံရင် အန္တရာယ် ရှိနိုင်လား”
ဓားရူးတာအိုပညာရှိက မဟာတာအိုပညာရှိချုပ် ဖြစ်သွားပြီ ဖြစ်တဲ့အတွက် အရင်လိုမျိုး ပေါ့ပေါ့လေး သဘောထားလို့ မဖြစ်ပါဘူး။
[သက်တမ်း ၄၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မရှိပါ။]
ဟန်ကျွယ်ဟာ အိပ်မက်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အိပ်မက်နယ်မြေက သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့တဲ့ လောကဦး ဟင်းလင်းပြင်ပါ။
ဓားရူးတာအိုပညာရှိဟာ အရင်ပုံစံအတိုင်းဆိုပေမဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အသွင်ပြောင်းလဲသွားပါပြီ။ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေက ဓားရူးတာအိုပညာရှိရဲ့ မျက်လုံးထဲမှာ ယှက်ဖြာနေပါတယ်။
ဓားရူးတာအိုပညာရှိဟာ ပြုံးလိုက်ပါတယ် “ငါ စွမ်းအား ပိုကြီးလာပြီ၊ မင်း ငါ့ကို မယှဉ်နိုင်လောက်တော့ဘူး”
“ဒါဆို ခင်ဗျားက တကယ်ကို စွမ်းအားကြီးလာတာပေါ့”
“ပန်ကူးနဲ့ မတိုက်နဲ့၊ သူ့နောက်မှာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ရှိနေတယ်၊ သူ့ကို ဒီအတိုင်း အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ပန်ကူး ဒီတစ်ခေါက် အသက်ပြန်ရှင်လာတာက ပဋိပက္ခရဲ့ အာဏာကို ပြန်ထိန်းကျောင်းဖို့ပဲ၊ လောကဦး နတ်ဘီလူးအတွက်လည်း ဖြစ်နိုင်တယ်၊ အခုလို ဖရိုဖရဲဖြစ်နေတဲ့ အချိန်အခါက လောကဦး နတ်ဘီလူး ကြီးပြင်းလာဖို့ အခွင့်အခါကောင်းပဲ”
ဟန်ကျွယ်က မတတ်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ငါလည်း သူနဲ့ မတိုက်ချင်ပါဘူး၊ ဒါပေမဲ့ ငါ အဲဒီလိုလုပ်လို့ ရပါ့မလား”
“ကောင်းကင်တာအိုထဲမှာနေရင် မင်း လုံခြုံလောက်မှာပါ”
“ခင်ဗျားက ပန်ကူး လက်ကနေ လွတ်အောင် ပြေးနိုင်ခဲ့တယ်နော်၊ သူက ခင်ဗျားကို ပြဿာနာ လာမရှာဘူးလား”
“အင်း... ငါ သူနဲ့ နှစ်ခါ တိုက်ပြီးပြီ၊ ငါ့ကိုယ်ငါ သက်သေပြလိုက်တာလို့ ပြောလို့ရတယ်၊ သူ့ကို မတားရင် ငါ့ကို ပြဿနာလာမရှာဘူးလို့ ပန်ကူးက ကတိပေးသွားတယ်”
ဓားရူးတာအိုပညာရှိရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ် ‘ပန်ကူးက တကယ်ကို နယ်ရုပ်ပါလား...’
ဓားရူးတာအိုပညာရှိက ဆက်ပြောပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ တာအိုပညာရှိ... ငါ မင်းကို တရားနည်းလမ်းကျကျ အနိုင်ယူပြမယ်၊ မသေနဲ့ဦး”
အဲဒီနောက် အိပ်မက်ဟာ ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ပန်ကူးရဲ့ လှုပ်ရှားမှုကို ထောက်ပံ့နေတဲ့ အကြီးမားဆုံးနောက်ခံက ဘယ်သူလဲ”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ပဋိပက္ခသိစိတ်: ကျင့်ကြံမှုမသိ၊ ပဋိပက္ခ နတ်မင်း၊ မဟာတာအိုအထက်၊ နိယာမနှင့် အာဏာစက်၊ ပြော၍မရသည့် နာမည်။]
‘လက်စသတ်တော့ ဒီကောင်ကိုး...’ ဟန်ကျွယ်ရဲ့ နှလုံးဟာ ရေထဲစုံးစုံးမြုပ်သွားပါတယ်။ ပဋိပက္ခသိစိတ်က သူသိတဲ့ အစွမ်းအထက်ဆုံး တည်ရှိမှု မဟုတ်ပါလား။
ပဋိပက္ခသိစိတ်နဲ့ သတင်းအချက်အလက်က သိပ်မများပါဘူး။ ဒါပေမဲ့ အမည်နာမတိုင်း ဘွဲ့တိုင်းက အရမ်းအရမ်းကို အရေးကြီးလှပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို ထပ်မေးလိုက်ပါတယ် “ငါ ပန်ကူးကို အနိုင်ယူလိုက်ရင် ပဋိပက္ခသိစိတ်က ငါ့ကို တိုက်ခိုက်မှာလား”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မတိုက်ခိုက်ပါ။ သို့သော် သင့်အား အာရုံစိုက်လာလိမ့်မည်။]
‘အာရုံစိုက်လာမယ်...’ ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို တွေးမိသွားပါတယ် ‘ပဋိပက္ခသိစိတ်က ပဋိပက္ခ နတ်ဘီလူးတွေထဲမှာ လောကဦး နတ်ဘီလူး ရှိနေလိမ့်မယ်လို့ ခန့်မှန်းမိလို့ ပန်ကူးနဲ့ စမ်းသပ်နေတာများလား...’
ဟန်ကျွယ်ရဲ့ ခန့်မှန်းချက်က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဓားရူးတာအိုပညာရှိကို မသတ်ဘဲ လွှတ်ပေးလိုက်တာ အကောင်းဆုံး သက်သေပါပဲ။ အစွမ်းအထက်ဆုံး ပဋိပက္ခ နတ်ဘီလူးကို လောကဦး နတ်ဘီလူးကလွဲပြီး ဘယ်သူက အနိုင်ယူနိုင်မှာလဲ။
ဟန်ကျွယ်ဟာ ဘေးကျပ်နံကျပ် ဖြစ်သွားပါတယ်။ ဒီအတိုင်းဆို ပန်ကူးကို တိုက်ဖို့က မဖြစ်နိုင်တော့ပါဘူး။ တာအိုစက်ကွင်းရဲ့ ကာကွယ်မှု ရှိနေရင်တောင် ဟန်ကျွယ် ဘယ်သူဆိုတာ ပေါ်သွားတာနဲ့ ပြဿနာတွေ တသီကြီး တက်လာမှာပါ။ ပဋိပက္ခတစ်ခုလုံးက သူ့တာအိုစက်ကွင်း၊ သူ့တပည့်တွေ သူ့မိတ်ဆွေနဲ့ သူ့မျိုးဆက်တွေကို ပစ်မှတ်ထားလာမှာပါ။
ဟန်ကျွယ်က သူနဲ့ ပတ်သက်တဲ့လူ အားလုံးကို တာအိုစက်ကွင်းထဲ ရွှေ့လို့ရပေမဲ့ သူတို့အကုန်လုံးကို တာအိုစက်ကွင်းထဲမှာ တစ်ချိန်လုံး ချုပ်နှောင်ထားဖို့ဆိုတာက လုံးဝကို မဖြစ်နိုင်တဲ့အရာပါ။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ် ‘စာအုပ်လေးရေ... ငါ မင်းကိုပဲ အာကိုးရတော့မယ်...’ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်ပါတယ် ‘ဟင်း.. ငါမင်းကို ဒီလိုမျိုး အားကိုးရဦးလိမ့်မယ်လို့ ထင်မထားခဲ့ဘူး... မင်းက တကယ့်ကို ငါရဲ့ တန်ဖိုးဖြတ်လို့မရတဲ့ ရတနာလေးပဲ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။