← Chapters

ဗုဒ္ဓစိတ်ဝိညာဉ်၊ ကျန်းကျွယ်ရှီ

Vol. 77 Ch. 812

ဗုဒ္ဓစိတ်ဝိညာဉ်၊ ကျန်းကျွယ်ရှီ

Vol. 77 Ch. 812

ပန်ကူး ဒဏ်ရာအကြီးကြီးရပြီး ထွက်ပြေးသွားတဲ့ သတင်းက ပဋိပက္ခမှာ တောမီးလို ပျံ့နှံ့သွားပါတယ်။ ဒါပေမဲ့ ပဋိပက္ခက ကျယ်ပြန့်လွန်းတဲ့အတွက် သတင်းပျံ့တာ နှေးတယ်လို့ ပြောလို့ရပါတယ်။

မဟာရှေးဟောင်း နတ်ဘီလူးကလည်း အကင်းပါးပါတယ်။ အမှောင်သခင်ကြီးကြောင့် မဟုတ်ရင် သူ ပန်ကူးကို ကျိန်းသေပေါက် ရှုံးမှာလို့ သတင်းဖြန့်ပါတယ်။ ဒါက အမှန်တရားဆိုပေမဲ့ ဒီကိစ္စက အမှောင်သခင်ကြီးကို ဆွဲထုတ်ပြီး လေပေါ် မြှောက်လိုက်တာပါ။ ဒီသတင်းကြောင့် ပန်ကူးက အမှောင်သခင်ကြီးကို ကျိန်းသေပေါက် သတိထားလာမှာပါ။

ကောင်းကင်ရုံးတော်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပန်ကူး ရှုံးနိမ့်တဲ့ သတင်းကို တိုက်ပွဲပြီးလို့ နှစ်တစ်ရာကျော်မှာပဲ သိလိုက်ရပါတယ်။

“အမှောင်သခင်ကြီး ထပ်ပေါ်လာပြန်ပြီ၊ ပန်ကူးတောင် သူ့ကျိန်စာကြောင့် ဒဏ်ရာရသွားတယ်ဆိုတော့ ဒီအမှောင်သခင်ကြီးက တော်တော်ကို စွမ်းအားကြီးတာပဲ... ဟင်း..” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သက်ပြင်းချရင်း မသိမသာ ပြုံးလိုက်ပါတယ်။

ခန်းမထဲမှာရှိတဲ့ မဟာစစ်သူကြီး သုံးပါးအနက် ဟိန်တျန် ကောင်းကင်စစ်သူကြီးက ပြောလိုက်ပါတယ် “အရှင်မင်းကြီး... ပန်ကူးက အချိန်တစ်ခုကြာအောင် အနားယူမှာပဲ၊ ဒီအတောအတွင်း ကျွန်တော်တို့တွေ ကောင်းကင်ရုံးတော်ရဲ့ နယ်မြေချဲ့ထွင်တဲ့ အစီအစဉ်ကို ဆက်ပြီးတော့ အကောင်အထည် ဖော်သင့်လား...”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပန်ကူးနဲ့ ပဋိပက္ခ နတ်ဘီလူးတွေကြားက တိုက်ပွဲကြောင့် ကောင်းကင်တပ်သားတွေ မတော်တဆ ဒဏ်ရာရမှာကို စိုးရိမ်ပြီး သူ့တပ်တွေကို နောက်ဆုတ် အနားယူဖို့ အမိန့်ပေးခဲ့ပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်က ပြန်ပြောလိုက်ပါတယ် “ဖြည်းဖြည်းပေါ့... အခြေအနေက သေချာ သိရသေးတာ မဟုတ်ဘူး၊ စောင့်ကြည့်ရအောင်... မနက်ဖြန်ကျ ပန်ကူးက ရွှင်ရွှင်လန်းလန်း ရှိနေရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလိမ့်မယ်၊ ပဋိပက္ခ နတ်ဘီလူးတွေရဲ့ တည်ရှိမှုက ငါတို့ ခန့်မှန်းလို့မရတဲ့ ကိစ္စပဲ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သက်ပြင်းထပ်ချလိုက်ပါတယ်။ အရင်တုန်းက သူ့မှာလည်း ပဋိပက္ခ နတ်ဘီလူးနှစ်ပါး ရှိခဲ့တယ် မဟုတ်ပါလား။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဒီအကြောင်းကို တွေးမိတိုင်း အမြဲတမ်း နောင်တရပါတယ်။ ကောင်းကင်ရုံးတော် နယ်မြေ အများကြီး မချဲ့ထွင်တာကလည်း ကောင်းကင်ရုံးတော်မှာ ပဋိပက္ခ နတ်ဘီလူး မရှိတော့တာကြောင့်ပါ။

နောက်ရွေးချယ် ခန့်အပ်ထားတဲ့ မဟာစစ်သူကြီးအသစ် နှစ်ပါးက ဟန်ထော်နဲ့ ယီတျန်ကို မမီတဲ့အပြင် အကောင်းဆုံးလည်း မကြိုးစားပါဘူး။ ဒါ့အပြင် ကောင်းကင်ရုံးတော်မှာရှိတဲ့ အင်မော်တယ် အကုန်လုံးက နယ်မြေ ဆက်ပြီး ချဲ့ထွင်တာကို ထောက်ခံကြတာ မဟုတ်ပါဘူး။ အင်မော်တယ် အများစုက ရှိနေတဲ့ အင်အားစုတွေကို မြဲမြံအောင် ဆုပ်ကိုင်တာက အရေးအကြီးဆုံးလို့ ခံယူထားကြပါတယ်။

ဟိန်တျန် ကောင်းကင်စစ်သူကြီးဟာ တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်ပါတယ် “အရှင်မင်းကြီး... ဗုဒ္ဓကမ္ဘာကို သိလား”

“သိတယ်လေ... ဗုဒ္ဓကမ္ဘာရဲ့ အရှင်က ထော်အာရဲ့ ဂိုဏ်းတူ တူလေးပဲ”

“မကြာသေးခင်က ဗုဒ္ဓကမ္ဘာမှာ အရည်အချင်းရှိတဲ့ ဗုဒ္ဓစိတ်ဝိညာဉ်တစ်ပါး မွေးဖွားလာတယ်၊ သူက မွေးဖွားပြီး နှစ် ၂၀၀,၀၀၀ မပြည့်ခင်မှာ တာအိုကို ရယူနိုင်ခဲ့တယ်၊ ဗုဒ္ဓဂိုဏ်းအရှင်က သူ့ကို အသိဉာဏ် လင်းလက်စေခဲ့တယ်ဆိုပေမဲ့ သူ့အရည်အချင်းက မေးခွန်းထုတ်စရာ မရှိဘူး၊ ဒီဗုဒ္ဓစိတ်ဝိညာဉ်က တိုက်ခိုက်ဖို့ မွေးဖွားလာတာ၊ သူက ပဋိပက္ခ နတ်ဘီလူးတွေနဲ့ ယှဉ်နိုင်တဲ့ ပဋိပက္ခသက်ရှိပဲ” ဟိန်တျန် ကောင်းကင်စစ်သူကြီး ဖြည်းဖြည်းချင်း ပြောလိုက်ပါတယ်။ ဟိန်တျန် ကောင်းကင်စစ်သူကြီးဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ဗုဒ္ဓကမ္ဘာရဲ့ ဆက်စပ်မှုကိုသိလို့ ဒီစကားပြောတာပါ။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟိန်တျန် ကောင်းကင်စစ်သူကြီးရဲ့ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပါတယ် “သူက အဲဒီလောက် စွမ်းအားကြီးတာလား”

“ဟုတ်တယ်၊ မဟာတာအို နတ်စိတ်ဝိညာဉ် ရှန်ပေါင် တာအိုကျင့်ကြံသူတောင် ကိုယ်တိုင်သွားလည်ပြီး ရတနာတစ်ပါး ပေးသွားတယ်လို့ ကြားတယ်”

“ဒါဆို ငါလည်း သွားကြည့်ဦးမယ်” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်လုံးကျဉ်းသွားပါတယ်။

ဟိန်တျန် ကောင်းကင်စစ်သူကြီးဟာ စကားပြောတာ ရပ်လိုက်ပါတယ်။ တခြား မဟာစစ်သူကြီး နှစ်ပါးကတော့ ဘာမှမပြောဘဲ ခေါင်းကို မသိမသာ ငုံံ့လိုက်ပါတယ်။

ဒီလိုနဲ့ နှစ် ၂၀,၀၀၀ ကုန်ဆုံးသွားပြီး ဟန်ကျွယ်ဟာ အသက် ၁.၈ သန်း နီးပါး ရှိသွားပါတယ်။

ပန်ကူးဟာ ဒဏ်ရာရပြီးကတည်းက ငြိမ်ချက်သား ကောင်းနေပါတယ်။ အနည်းဆုံး ဟန်ကျွယ်ရဲ့ မိတ်ဆွေတွေထဲမှာ ပန်ကူးအကြောင်းကို မကြားရတော့ပါဘူး။

ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ အဓိက အကြောင်းရင်းကတော့ မကြာသေးခင်က ချူရှီရန် ပေးခဲ့တဲ့ အိပ်မက်ကြောင့်ပါ။ အရေးကြီးတဲ့ကိစ္စ မဟုတ်တဲ့အတွက် ချူရှီရန်က ဖိတ်ခေါ်ပညာရပ် မသုံးဘဲ အိပ်မက်ပဲ ပေးတာပါ။

ဟန်ကျွယ်ဟာ ချူရှီရန်ဆီ အိပ်မက်ထဲကနေ သွားလည်ပါတယ်။

အိပ်မက်နယ်မြေ။

ချူရှီရန်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ပါတယ်။

“ဘာကိစ္စလဲ...” ဟန်ကျွယ်က မေးလိုက်ပါတယ်။

“ကျွန်တော်ရဲ့ ဗုဒ္ဓကမ္ဘာမှာ ပါရမီရှင်တစ်ပါး မွေးဖွားလာတယ်၊ သူ့စရိုက်ကိုက တိုက်ခိုက်ရတာ ဝါသနာပါတယ်၊ အဲဒါ မိစ္ဆာ ကောင်းကင်ဧကရာဇ်က သူ့ကို ပြုစုပျိုးထောင်ချင်နေတယ်၊ အဲဒါ ကျွန်တော် မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ယုံကြည်လို့ရလား...”

ချူရှီရန်ဟာ ချီတုံချတုံ ဖြစ်နေပါတယ်။ ချူရှီရန် မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ တောင်းဆိုချက်ကို တိုက်ရိုက် မငြင်းပယ်တာက မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော်ကို ကောင်းကောင်းမွန်မွန် ပျိုးထောင်ခဲ့တဲ့ သာဓက ရှိနေတာကြောင့်ပါ။

ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “မင်း ငါ့နာမည် ထည့်ပြောလို့ သူက ကတိပေးရင် ယုံကြည်လို့ရတယ်၊ အဓိကက မင်းရဲ့ ပါရမီရှင်ကို ပေးချင်တာ သေချာလား...”

ချူရှီရန်ဟာ မချိပြုံး ပြုံးလိုက်ပါတယ် “ကျွန်တော် မပေးလို့ မရဘူး၊ ဒီကောင်လေးက ငြိမ်ငြိမ်နေတာ မဟုတ်ဘူး၊ ဗုဒ္ဓဂိုဏ်းက တပည့်တွေနဲ့ အမြဲတမ်း လက်ရည်စမ်းပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ပစ်တာချည်းပဲ၊ သူ့ကို ဗုဒ္ဓကမ္ဘာမှာ ဆက်ထားတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး၊ ကျွန်တော် သူ့ရဲ့ စရိုက်ကို ဘယ်လို ပြင်ရမလဲဆိုတာ တကယ် မသိတော့ဘူး... မိစ္ဆာ ကောင်းကင်ဧကရာဇ်နောက် လိုက်သွားတာ ကောင်းပါတယ်၊ အတွေ့အကြုံရတာပေါ့”

“ဗုဒ္ဓကမ္ဘာက အဲဒီလိုမျိုး ပါရမီရှင်ကို ဘာဖြစ်လို့ မွေးဖွားနိုင်ရတာလဲ” ဟန်ကျွယ်ဟာ သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ်။

“မဟာတာအိုကြောင့် ဖြစ်တည်လာတဲ့ ကမ္ဘာမလို့ ထင်တာပဲ၊ ပဋိပက္ခက မဟာတာအိုသုံးထောင် ယှက်ဖြာပြီး တည်ရှိနေတဲ့ ကမ္ဘာမလား၊ အနာဂတ်မှာ ပဋိပက္ခ နတ်ဘီလူးထက် ကျော်လွန်တဲ့ တည်ရှိမှုတွေတောင် ပေါ်လာနိုင်တယ်၊ ကျွန်တော်ကတော့ ဖြစ်နိုင်တယ် ထင်တာပဲ”

ဟန်ကျွယ်ဟာ ချူရှီရန်ရဲ့ စကားကြောင့် ကောင်းကင်တာအိုကို တွေးမိလိုက်ပါတယ် ‘ကောင်းကင်တာအိုမှာ ဘာဖြစ်လို့ အဲဒီလိုမျိုး ပါရမီရှင် မပေါ်လာရတာလဲ’

ကောင်းကင်တာအိုမှာ ပါရမီရှင် အများကြီး ရှိပေမဲ့ ဟန်ကျွယ် မျက်လုံးထဲကို တစ်ယောက်မှ မဝင်ပါဘူး။ ကောင်းကင်တာအိုက မဟာတာအို မဟုတ်တဲ့အတွက် ဖန်တီးနိုင်စွမ်းမှာ နည်းနည်း လိုအပ်နေပုံပါပဲ။

စကားနည်းနည်း ထပ်ပြောပြီးနောက် အိပ်မက်ဟာ အဆုံးသတ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဒီကိစ္စကို စိတ်ထဲ မထားပါဘူး။ ဒါပေမဲ့ နေ့ဝက်အကြာမှာပဲ မိစ္ဆာ ကောင်းကင်ဧကရာဇ်က သူ့ကို အိပ်မက်ပေးလာပါတယ်။ အိပ်မက်ထဲမှာ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်ကို ကျေးဇူးတင်စကား‌ပြောပြီး ဗုဒ္ဓစိတ်ဝိညာဉ်ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်မယ်လို့ ကတိပေးပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဗုဒ္ဓကမ္ဘာကို ပါရမီရှင်တွေ ပြုစုပျိုးထောင်ဖို့ ကူညီပေးတယ်။ အဲဒီပါရမီရှင်တွေက ကောင်းကင်ရုံးတော်ရဲ့ နယ်မြေကို ချဲ့ထွင်ဖို့ ကူညီပေးတယ်။ ဒါက နှစ်ဖက်စလုံး အကျိုးအမြတ်ရတဲ့ အခြေအနေပါ။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဗုဒ္ဓစိတ်ဝိညာဉ်က သူ့ကို တစ်သက်လုံး အမှုထမ်းဖို့ မမျှော်လင့်ထားပါဘူး။

ဒါပေမဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကောင်းကင်ရုံးတော် အင်အားကြီးလာတာနဲ့အမျှ ကောင်းကင်ရုံးတော် တကယ်ပိုင်ဆိုင်တဲ့ ဗုဒ္ဓစိတ်ဝိညာဉ်က မကြာခင်မှာ ပေါ်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

အိပ်မက်ပြီးသွားတာနဲ့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုထဲကနေ ပြိုင်ဘက်ကင်း ပါရမီရှင်ကို ရှာဖွေလိုက်ပါတယ်။

ရှကျစ်ဇွင်နဲ့ တခြားတာအိုပညာရှိတွေက နည်းနည်း အားနည်းလွန်းပါတယ်။ အနည်းဆုံး ချင်လင်းလောက်တော့ အရည်အချင်း ရှိသင့်ပါတယ်။

အတန်ကြာ ရှာဖွေပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ တစ်ယောက် သွားတွေ့ပါတယ်။ ဒီတစ်ယောက်က ကောင်းကင်တာအို မျိုးနွယ်စုထဲမှာ မွေးဖွားလာပြီး အသက်သုံးရာအတွင်း အင်မော်တယ်ဧကရာဇ် အဆင့်ကို ရောက်ရှိခဲ့ပါတယ်။

အသက်သုံးရာတည်းနဲ့ အင်မော်တယ်ဧကရာဇ် ဖြစ်လာတာက နည်းနည်းနောနော အောင်မြင်မှု မဟုတ်ပါဘူး။ လက်ရှိ ကောင်းကင်တာအိုရဲ့ စိတ်ဝိညာဉ်ချီက အရင်ထက် သိပ်သည်းလာတယ်ဆိုပေမဲ့ အသက်သုံးရာတည်းနဲ့ အင်မော်တယ်ဧကရာဇ် ဖြစ်လာတာက လုံးဝကို ယုတ္တိမရှိတာပါ။ ဟန်ကျွယ် အသက်သုံးရာတုန်းက အင်မော်တယ်ဧကရာဇ် အဆင့်နဲ့ တော်တော်လေးကို အလှမ်းဝေးနေခဲ့တာပါ။

ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်တဲ့အခါ ဒီကလေးရဲ့ နောက်ခံကို သွားတွေ့ပါတယ်။

ဒီကလေးရဲ့ နာမည်က ကျန်းကျွယ်ရှီ ဖြစ်ပြီး ရွမ်လိန့်ကျောင်းတော် ကျန်းတုကူးရဲ့ အစ်ကို ဖြစ်ပါတယ်။ အမြဲတမ်း စွမ်းအားကြီးလာတဲ့ ကျန်းတုကူးနဲ့ မတူတာက ကျန်းကျွယ်ရှီဟာ နတ်မင်းအဆင့်ကို ရောက်ပြီးတာနဲ့ တရားထိုင်ရင်း သေဆုံးသွားပါတယ်။ ပြီးရင် ပြန်မွေးဖွားပြီး ပြန်ကျင့်ကြံပါတယ်။

ဒီလို တစ်ဘဝပြီး တစ်ဘဝ သံသရာလည်ရင်း ကျန်းကျွယ်ရှီရဲ့ အရည်အချင်းဟာ ဘဝတိုင်းမှာ နည်းနည်းစီ တိုးတက်လာပါတယ်။ အခုဆိုရင် ကျန်းကျွယ်ရှီဟာ အကြိမ်တစ်သိန်း ပြန်မွေးဖွားပြီး ကပ်ဘေး လေးငါးဆယ်ခုကို ကျော်ဖြတ်ပြီးပါပြီ။ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားတောင် သူ့ဝိညာဉ်ကို ဖျက်ဆီးနိုင်ခြင်း မရှိပါဘူး။

ကျန်းကျွယ်ရှီက နတ်မင်းအဆင့်ကို ရောက်ပြီးတာနဲ့ သေဆုံးတာ ဖြစ်တဲ့အတွက် စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ မြင်ကွင်းထဲကို ဘယ်တော့မှ ရောက်မလာပါဘူး။ ကျန်းတုကူးကလည်း သူ့အစ်ကို သေသွားတာ ကြာပြီလို့ လက်ခံထားပါတယ်။

ဒီဘဝမှာတော့ ကျန်းကျွယ်ရှီဟာ ကောင်းကင်ပေါ် ထိုးတက်မဲ့ပုံ ရှိပါတယ်။ ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီက အရင်အတိုင်း သေဦးမလားဆိုတာ စိတ်ဝင်စားသွားပါတယ်။

ဒါ့အပြင် တာအိုပညာရှိတွေကလည်း ကျန်းကျွယ်ရှီရဲ့ တည်ရှိမှုကို သတိထားမိပုံ မပေါ်ပါဘူး။ ကျန်းကျွယ်ရှီက ဟန်ကျွယ်ထက် သိုသိပ်လွန်းပြီး သူ့ကံတရား အထောက်အပံ့ကလည်း တော်တော်လေးကို ပါးလျပ်လှပါတယ်။

ဟန်ကျွယ်လိုမျိုး မဟာတာအိုပညာရှိက ပါရမီရှင်တွေကို တကူးတက မရှာဖွေဘူးဆိုရင် ကျန်းကျွယ်ရှီကို ရှာတွေ့ဖို့က လုံးဝ မဖြစ်နိုင်တဲ့အရာပါ။

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။

နှစ်တစ်သောင်းကြာလို့ ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ ကျန်းကျွယ်ရှီက ဘဝနှစ်ခု ပြန်မွေးဖွားပြီးပြီ ဆိုတာကို တွေ့လိုက်ရပါတယ်။ ကျန်းကျွယ်ရှီဟာ ဒီဘဝနှစ်ခုစလုံးမှာ ကျော်ကြားခြင်း မရှိပါဘူး။ တိတ်တဆိတ် ကျင့်ကြံပြီး သိုသိုသိပ်သိပ် သေဆုံးခဲ့ပါတယ်။ ကောင်းကင်တာအိုမှာ ကျန်းကျွယ်ရှီဆိုတာ မရှိတဲ့ အတိုင်းပါပဲ။

ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီကို တော်တော်လေး စိတ်ဝင်စားသွားပါတယ် ‘ဒီကောင် ဘာဖြစ်လို့ ဒီလိုလုပ်နေတာလဲ... သူ့အရည်အချင်း တိုးတက်အောင် ဆက်တိုက် ပြန်မွေးဖွားနေတာလား... ဒီလိုဆိုရင်တောင် သူ့အရည်အချင်းက မိုးလောက်မြင့်နေပါပြီ၊ ဘာလို့ မရပ်သေးတာလဲ...’

ဟန်ကျွယ်ဟာ ကိုယ်ပွားတစ်ခု ဖန်တီးပြီး ကျန်းကျွယ်ရှီ ထပ်မွေးဖွားရင် တပည့်အဖြစ် လက်ခံဖို့ စေလွှတ်လိုက်ပါတယ်။ နှစ်လေးထောင် ကြာတဲ့အခါ ကျန်းကျွယ်ရှီဟာ တောင်ကြားတစ်ခုမှာ အေးအေးချမ်းချမ်း သေဆုံးသွားပြီး သူ့ဝိညာဉ်က ငရဲပြည်ဆီ ဝင်ရောက်သွားပါတယ်။ ငရဲမင်းဟာ ကျန်းကျွယ်ရှီ ဝိညာဉ်ထဲက ကြောက်မက်ဖွယ်ရာ အရည်အချင်းကို တစ်စက်ကလးတောင် အာရုံမခံမိဘဲ သေမျိုးအဖြစ် ပြန်မွေးဖွားစေပါတယ်။ ဒီလိုနဲ့ ကျန်းကျွယ်ရှီ ဘယ်သူမှ မသိဘဲ ထပ်ပြီးတော့ ပြန်မွေးဖွားခဲ့ပါတယ်။

ဒီဘဝမှာတော့ ကျန်းကျွယ်ရှီဟာ တောရွာလေးတစ်ရွာမျာ မွေးဖွားခဲ့ပါတယ်။ သူ့မိဘတွေက သက်ရှိထင်ရှား ရှိနေသေးတဲ့အတွက် ကျန်းကျွယ်ရှီမှာ ညီအစ်ကိုမောင်နှမတွေ ရှိလာပါတယ်။

ကျန်းကျွယ်ရှီဟာ အခြေအနေမျိုးစုံကို ရင်ဆိုင်တွေ့ကြုံပြီးပါပြီ။ တော်ဝင်မိသားစုဘဝ၊ ဒုက္ခရောက်နေတဲ့ မိသားစုဘဝ၊ ချမ်းသာတဲ့ မိသားစုဘဝနဲ့ မ‌ကောင်းတာလုပ်တဲ့ မိသားစုဘဝ အကုန်လုံးကို ခံစားဖူးပါတယ်။ ဒါပေမဲ့ ကျန်းကျွယ်ရှီဟာ အမြဲတမ်း ကံတရား နှောင်ဖွဲ့တာကို မခံဘဲ တစ်ယောက်တည်း ကျင့်ကြံအားထုတ်ဖို့ နေရာတစ်နေရာကို ရှာဖွေနိုင်ခဲ့ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters