← Chapters

ကောင်းကင်ဘဝဂ်အဆင့်အား တစ်နေ့တည်းနဲ့ ရောက်ရှိခြင်း

Vol. 77 Ch. 815

ကောင်းကင်ဘဝဂ်အဆင့်အား တစ်နေ့တည်းနဲ့ ရောက်ရှိခြင်း

Vol. 77 Ch. 815

ဟန်ကျွယ်ဟာ နှစ်သုံးသောင်း ဂူအောင်းကျင့်ကြံပြီးနောက် မျက်လုံးဖွင့်လိုက်ပါတယ်။ ဒီတစ်ခါက ကျန်းကျွယ်ရှီကြောင့် မဟုတ်ပါဘူး။ ကောင်းကင်အရှင်ရွှမ်တုက အသံလွှင့်ပြီး သတင်းပေးလာလို့ပါ။ ကျန်းကျွယ်ရှီကိုတော့ ဟန်ကျွယ်ဟာ ထပ်ပြီးတော့ ဂရုမစိုက်တော့ပါဘူး။ ရေစက်ကို စိုက်ပျိုးပြီး ဖြစ်တဲ့အတွက် အချိန်တန်ရင် အသီးသီးလာမှာပါ။

ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီက ဒီအတွေ့အကြုံတွေကို မေ့နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ထားပါတယ်။ တစ်နေ့ကျလို့ ကျန်းကျွယ်ရှီ မဖြေရှင်းနိုင်တဲ့ ပြဿာနာကြုံရင်တော့ ဟန်ကျွယ်က ကယ်တင်ရှင် ဝင်လုပ်မှာပါ။

ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ဆီ ခုန်တက်လိုက်ပါတယ်။ ကျင့်ကြံသူတွေရဲ့ ရောင်ဝါ တိုးလာတာကို ဟန်ကျွယ် ခံစားမိလိုက်ပါတယ်။ အနည်းဆုံး ကျင့်ကြံသူ တစ်သန်းက တာအိုပညာရှိတွေရဲ့ တာအိုစက်ကွင်း အသီးသီးမှာ ပျံ့နှံ့ တည်ရှိနေပါတယ်။ ဒါက ကောင်းကင်အရှင်ရွှမ်တုရဲ့ တာအိုပညာရှိ အပါးတစ်ရာ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာပါ။

ဟန်ကျွယ်ဟာ စကြဝဠာခန်းမဆီ လျှောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို တခြားအာကာသတစ်ခုမှာ တွေ့ဆုံပါတယ်။ ဒီနေရာက စကြဝဠာခန်းမဆိုပေမဲ့ အစစ်တော့ မဟုတ်ပါဘူး။ စကြဝဠာခန်းမ အစစ်မှာက တာအိုရှာဖွေသူ သောင်းချီ ကျင့်ကြံအားထုတ်နေကြပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ ပြုံးပြီး နှုတ်ဆက်လိုက်ပါတယ် “တာအိုရောင်းရင်းဟန်... ဒီနှစ်ထဲ ကျင့်ကြံအားထုတ်ရတာ ဘယ်လိုနေလဲ”

“အဆင်ပြေပါတယ်၊ မင်း ငါ့ကို ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး၊ ပြောစရာရှိမှာသာ ပြောစမ်းပါ”

“ဒီလိုပါ... နတ်တာအို ပွင့်သွားပြီး နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်က ပဋိပက္ခ သက်ရှိတွေကို အခွင့်အရေးပေးမယ်လို့ ကြော်ငြာလိုက်တယ်၊ သက်ရှိအားလုံး နတ်တာအိုကို စိန်ခေါ်ပြီး မဟာတာအို နတ်စိတ်ဝိညာဉ် ဖြစ်နိုင်တယ်တဲ့၊ မဟာတာအို နတ်စိတ်ဝိညာဉ်ကလည်း တစ်နေရာတည်း မဟုတ်ဘူး၊ ငါးနေရာတောင်.. တာအိုရောင်းရင်းဟန် သွားဖို့ စိတ်ကူးမရှိဘူးလား”

ကောင်းကင်အရှင်ရွှမ်တုဟာ ပြုံးလိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက ဟန်ကျွယ်ကို သွားစေချင်နေတယ်ဆိုတာ အသိသာကြီးပါ။

မဟာတာအို နတ်စိတ်ဝိညာဉ်တွေက ရိုးရှင်းတဲ့ တည်ရှိမှု မဟုတ်ပါဘူး။ အရင်တုန်းက ဟန်ကျွယ် မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါးကို သတ်ခဲ့တယ်ဆိုပေမဲ့ သူတို့က ပဋိပက္ခထဲမှာ အထွတ်အထိပ် တည်ရှိမှုတွေဖြစ်ပြီး ပဋိပက္ခအာဏာကို ချုပ်ကိုင်ထားပါတယ်။ ဒါ့အပြင် နတ်စိတ်ဝိညာဉ် ကံတရား အ‌ထောက်အပံ့ကို ရရှိမှာဖြစ်တာကြောင့် ကျင့်ကြံမှုကလည်း တစ်နေ့တစ်ခြား ဒီရေလို တိုးတက်လာမှာပါ။

အရေးအကြီးဆုံးကတော့ ဘယ်သူဘယ်ဝါဆိုတာ ပြောင်းလဲသွားတာပါ။

မဟာတာအို နတ်စိတ်ဝိညာဉ်တွေက သေမျိုးကမ္ဘာက ဧကရာဇ်၊ အင်မော်တယ်ကမ္ဘာက အင်မော်တယ် နတ်ဘုရားတွေလိုမျိုး အထွတ်အထိပ် အခွင့်အာဏာကို ရရှိထားသူတွေပါ။

ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ထားလိုက်ပါတော့ ငါ စိတ်မဝင်စားဘူး၊ အန္တရာယ်များလွန်းတယ်”

ကောင်းကင်အရှင်ရွှမ်တုဟာ ဝေခွဲမရ ဖြစ်သွားပါတယ် “တာအိုရောင်းရင်းဟန်က အခုထိ ဘေးအန္တရာယ် တွေ့မှာကို ကြောက်တုန်းလား”

ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်က ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆရာသခင် လောင်ဇီတောင် ရှုံဟွာ ၁၃ ပါးကို တစ်ပြိုင်နက်တည်း မသတ်နိုင်လို့ပါပဲ။ မဟာတာအို နတ်စိတ်ဝိညာဉ်ကို သတ်ဖို့ကတော့ ပိုလို့တောင် ဝေးပါသေးတယ်။

“ကြောက်တာပေါ့၊ တစ်‌တောင်ထက် တစ်‌တောင် ပိုမြင့်တယ်ဆိုတဲ့ စကားကို မကြားဖူးဘူးလား၊ တာအိုရောင်းရင်းရွှမ်... ငါတို့တွေ ဆက်ပြီးတော့ သတိကြီးကြီး ထားရမယ်၊ စိတ်လိုက်မာန်ပါ လျှောက်လုပ်လို့ မဖြစ်ဘူး၊ ကောင်းကင်တာအို ဒီအခြေအနေအထိ ရောက်လာဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး၊ ရှိသမျှနဲ့ ရောင့်ရဲတာ အကောင်းဆုံးပဲ၊ ထိုးထွက်နေရင် လေပြင်းတိုက်တာခံရပြီး ခါးကျိုးသွားလိမ့်မယ်”

ဟန်ကျွယ်ရဲ့ အဓိပ္ပာယ်ပါပါ ပြောလိုက်တဲ့ စကားကြောင့် ကောင်းကင်အရှင်ရွှမ်တုဟာ အတွေးနက်သွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ တခြားလူက ဒီစကားပြောလာရင် ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်က ပြောလာရင်တော့ မဖြစ်မနေ ဂရုစိုက်ရမဲ့ကိစ္စ ဖြစ်သွားပါပြီ။

ကောင်းကင်အရှင်ရွှမ်တုဟာ သေချာ ပြန်တွေးကြည့်တဲ့အခါ ဒီအတောအတွင်း သူ ဘဝင်မြင့်လာတာကို သွားတွေ့ပါတယ်။ သူတင် မဟုတ်ပါဘူး။ တခြား တာအိုပညာရှိတွေလည်း အတူတူပါပဲ။ သူတို့တွေဟာ အနီးအနားက ကမ္ဘာတွေနဲ့ မျက်နှာချင်းဆိုင်တဲ့အခါ နည်းနည်း မောက်မာလာပါတယ်။ ပဋိပက္ခရဲ့ အရှင်သခင်လိုမျိုး ကိစ္စတွေ အကုန်လုံးမှာ ဝင်ပါပြီး အကျိုးအမြတ် လိုချင်လာကြပါတယ်။

ဒါပေမဲ့ ပဋိပက္ခက အဆုံးမရှိလောက်တဲ့အထိ ကျယ်ပြန့်လွန်းပါတယ်။ ကောင်းကင်တာအို လွှမ်းမိုးထားတဲ့ ပိုင်နက်က အပြောကျယ်တဲ့ ပင်လယ်ကြီးထဲက ရေစက်တစ်စက်လောက်ပဲ ရှိပါတယ်။ စကားထဲ ထည့်ပြောဖို့ကို မတန်တဲ့ အထိပါပဲ။

မဟာတာအို နတ်စိတ်ဝိညာဉ် ငါးနေရာကို ပဋိပက္ခတစ်ခုလုံးက တိုက်ခိုက်ကြမှာပါ။ ကောင်းကင်တာအိုက ဒီလိုကိစ္စကြီးကို ဘယ်လိုလုပ်ပြီး သက်ရောက်နိုင်မှာလဲ။

ကောင်းကင်အရှင်ရွှမ်တုဟာ တွေးလေလေ ကြောက်လေလေ ဖြစ်လာပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒီနှစ်ထဲ ကောင်းကင်တာအိုမှာ ပါရမီရှင်တွေ မပေါ်ဘူးလား၊ ငါပြောချင်တာက လီတောက်ခုံးနဲ့ ယီတျန်လိုမျိုး ပါရမီရှင်တွေကိုပြောတာ”

“ပေါ်တယ်၊ ဒါပေမဲ့ သူတို့ကလည်း နည်းနည်း လိုနေတုန်းပဲ၊ တာအိုရောင်းရင်းဟန်ရဲ့ သားနဲ့ ယီတျန်ကို ယှဉ်လို့ မရသေးဘူး၊ ပြောရရင် သူတို့နှစ်ယောက်က တော်တော် ကံကောင်းတယ်၊ မကြာသေးခင်ကပဲ လွတ်လပ်မှုအဆင့်ကို ရောက်သွားပြီး ပဋိပက္ခထဲမှာ နာမည်တစ်ခု ရနေကြပြီ”

ဒီအကြောင်းပြောတဲ့အခါ ကောင်းကင်အရှင်ရွှမ်တုရဲ့ မျက်နှာဟာ နည်းနည်း ညှိုးငယ်သွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအိုက တစ်ခုခုလိုနေတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဘာလိုနေတယ်ဆိုတာကို ကောင်းကင်အရှင်ရွှမ်တု အာရုံမခံမိပါဘူး။

ကောင်းကင်တာအိုမှာ ပါရမီရှင်တွေ ပေါပေမဲ့ ဘယ်သူမှ ပြိုင်ဘက် မကင်းပါဘူး။ ကောင်းကင်တာအိုက ငြိမ်းချမ်းလွန်းလို့ သူတို့အရည်အချင်းတွေ ခြေချုပ်မိနေတာလည်း ဖြစ်နိုင်ပါတယ်။

ဝရုန်းသုန်းကား အချိန်မှာ သူရဲကောင်းတွေ ပေါ်ထွက်လာတာက အကြောင်းမဲ့ မဟုတ်ပါဘူး။ တချို့ ပါရမီရှင်တွေဟာ ရှေ့ကို ဆက်လျှောက်နိုင်ဖို့ ပတ်ဝန်းကျင်၊ လှုံ့ဆော်မှုနဲ့ စိတ်ခွန်အားတွေ လိုပါတယ်။

“ကောင်းကင်တာအို အနန္တကပ်ဘေးပြီးရင် ကောင်းကင်တာအိုထဲမှာ အချင်းချင်း ပြိုင်ဆိုင်မှုကို ခွင့်ပြုကြမလား” ကောင်းကင်အရှင်ရွှမ်တုက သတိထားပြီး မေးလိုက်ပါတယ်။

“လူသိရှင်ကြားလုပ်စရာ မလိုဘူး၊ ကံတရား အထောက်အပံ့ဂိုဏ်းတွေ ဝင်မပါရင် ပြီးတာပဲ၊ အခုအချိန်က အင်မော်တယ်တွေ ထွန်းတောက်ရမဲ့အချိန်ပဲ”

ဟန်ကျွယ်စကားကို ကြားရတဲ့အခါ ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် ကောင်းကင်အရှင်ရွှမ်တုဟာ ဗုဒ္ဓကမ္ဘာအကြောင်း ပြောပါတယ်။

ဗုဒ္ဓကမ္ဘာကို တော်တော်လေးကို တိုးတက်ပြောင်းလဲလာတာပါ။ အထူးသဖြင့် လွတ်လပ်မှုအဆင့် ရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ဝင်လာပြီးနောက်ပိုင်း ပဋိပက္ခသက်ရှိတွေကိုတောင် ဆွဲဆောင်နိုင်လာခဲ့ပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ ဗုဒ္ဓဂိုဏ်းရဲ့ အရှင်သခင်က ဟန်ကျွယ်ရဲ့ မြေးတပည့်မှန်း သိတာကြောင့် ဒီအကြောင်းပြောတဲ့အခါ သက်ပြင်းမချဘဲ မနေနိုင်ပါဘူး ‘ကောင်းကင်တာအိုမှာ ဒီလိုမျိုး ကံတရား အထောက်အပံ့ ကြီးကြီးမားမားရှိတဲ့ ထိပ်တန်းပါရမီရှင်တွေ ရှိရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ...’

တကယ်တော့ ကောင်းကင်တာအိုမှာက ထိပ်တန်းပါရမီရှင်တွေ မရှိတာ မဟုတ်ပါဘူး။ အကုန်လုံးနီးပါးက ဟန်ကျွယ် လက်ထဲ ရောက်သွားတာပါ။

အဲဒီနောက် စကားနည်းနည်းပါးပါး ဆက်ပြောပြီးနောက် ဟန်ကျွယ်ဟာ စကြဝဠာခန်းမကနေ ထွက်ခွာလာခဲ့ပါတယ်။

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ရဲ့ တာအိုစက်ကွင်းဆီ ရောက်သွားပါတယ်။ ဂျိရှင်းရှန်ရဲ့ တာအိုစက်ကွင်းထဲမှာ ကျင့်ကြံသူတွေ အများကြီးပါပဲ။ ကျင့်ကြံသူ အများစုက မိုးကောင်းကင်မျိုးနွယ်စုနဲ့ ကပ်ဘေးမျိုးနွယ်စုက ကျင့်ကြံသူတွေပါ။ ဟန်ကျွယ်နဲ့ ဂျိရှင်းရှန်ဟာ နန်းတော်ရဲ့ အနက်ရှိုင်းဆုံးကို ဝင်လိုက်ကြပါတယ်။

ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို မျက်နှာချင်းဆိုင်ရတဲ့အခါ ရင်တထိတ်ထိတ် ခုန်နေတုန်းပါပဲ။ သူနဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ ဆက်ဆံရေးက တည်ငြိမ်တယ်ဆိုပေမဲ့ ဂျိရှင်းရှန်ဟာ ဖန်းလျန်နဲ့ ပြိုင်တာ ရှုံးပြီးကတည်းက ဟန်ကျွယ်နဲ့ ဆယ်သွယ်မှု မရှိတော့တာပါ။ အဓိကကတော့ ဟန်ကျွယ်ကို မျက်နှာချင်းဆိုင်ဖို့ မျက်နှာပူလွန်းလို့ ဖြစ်ပါတယ်။

နောက်ပိုင်း ဂူအောင်းကျင့်ကြံတဲ့အခါ ဂျိရှင်းရှန်ဟာ သူ့အမှားကို သိမြင်လာပါတယ်။ ဒါပေမဲ့ သူနဲ့ ဖန်းလျန်က အရင်လိုမျိုး ပြန်မဖြစ်နိုင်တော့ပါဘူး။ တစ်ချိန်က အကောင်းဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ အခုတော့ သူစိမ်းတွေ ဖြစ်နေကြပါပြီ။ သူတို့နှစ်ယောက်ဟာ မျက်နှာချင်းဆိုင်တွေ့ရင်တောင် ခေါင်းညိတ်ပြရုံလောက်ပဲ ရှိပါတော့တယ်။

“ဆရာသခင်၊ ကျွန်တော်...” ဂျိရှင်းရှန်ဟာ ပါးစပ်ဟလိုက်ပေမဲ့ ဘာပြောရမှန်း မသိပါဘူး။

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို ကျင့်ကြံမှုနဲ့ မိုးကောင်းကင်မျိုးနွယ်စု အခြေအနေ အကြောင်း မေးမြန်းပါတယ်။ ဟန်ကျွယ်က အရင်အတိုင်းပဲ ဆက်ဆံတဲ့အတွက် ဂျိရှင်းရှန်ဟာ မသိမသာနဲ့ တည်ငြိမ် အေးချမ်းသွားပါတယ်။

သေချာတွေးကြည့်ရင် တကယ်ကို အဓိပ္ပာယ် မရှိတာပါ။ ဂျိရှင်းရှန်နဲ့ ဖန်းလျန်ရဲ့ အရှုပ်အရှင်းက ဟန်ကျွယ်ကို ဘယ်လိုလုပ်ပြီး သက်ရောက်နိုင်မှာလဲ။ ဟန်ကျွယ် မျက်လုံးထဲမှာ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲက ကလေးနှစ်ယောက် အရုပ်လုနေသလိုပါပဲ။

“ကောင်းကောင်းမွန်မွန် ကျင့်ကြံအားထုတ်ချည်၊ ငါ တာအိုပညာရှိ ဖြစ်သွားပြီဆိုပြီး ကျင့်ကြံတာ မလျှော့လိုက်နဲ့၊ မဟာတာအိုကို အမြန်ဆုံး တက်လှမ်းနိုင်အောင် ကျင့်ကြံအားထုတ်ချည်၊ ငါပြောတာ နားလည်လား...”

ဂျိရှင်းရှန်က စိတ်လှုပ်တရှား ပြန်ဖြေပါတယ် “နားလည်ပါတယ်”

‘ဆရာသခင်က ငါ့ကို ဒီလိုမျိုး မျှော်လင့်ချက် ရှိသေးတာလား...’

ဟန်ကျွယ်ဟာ ရုတ်တရက် သက်ပြင်းချလိုက်ပါတယ် “ဟင်း... ငါတို့နှစ်ယောက် အင်မော်တယ်တွေကို အတူတူ တိုက်ခိုက်ခဲ့တာ မှတ်မိသေးလား၊ အဲဒီတုန်းက မင်းက ငါ့ကို လမ်းအဆုံးထိ အဖော်ပြုလိမ့်မယ်လို့ ထင်ခဲ့တာ၊ ငါ မင်းအရည်အချင်းကို အမြင့်ကြီး တွေးထားခဲ့တာ၊ ဒါပေမဲ့ မင်းက အခွင့်အာဏာကို ရသွားတာနဲ့ စပြီးတော့ ပျက်စီးလာတာပဲ”

ဂျိရှင်းရှန်ဟာ အံ့အားလည်း သင့်သွားသလို ရှက်လည်း ရှက်သွားပါတယ်။ ဂျိရှင်းရှန်ဟာ ဟန်ကျွယ်က သူ့ကို ဒီလိုမျိုး အမြင့်ကြီး တွေးထားလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်က မိုးနဲ့မြေလို ကွာဟနေတဲ့အတွက် ဂျိရှင်းရှန်ကို ပိုပြီးတော့ ရှက်ရွံ့စေပါတယ်။

ဂျိရှင်းရှန်ဟာ ဟန်ကျွယ်အကြောင်း စဉ်းစားကြည့်တဲ့အခါ ဟန်ကျွယ်က တိတ်ဆိတ်ဂိုဏ်းကို သိပ်ဂရုမစိုက်တာ သွားတွေ့ပါတယ်။ ဒါပေမဲ့ ဒီလိုဂရုမစိုက်တာတောင် တိတ်ဆိတ်ဂိုဏ်းက ကောင်းကောင်းမွန်မွန် တိုးတက်နေတုန်းပါ။

‘ငါ လွှတ်ချသင့်ပြီလား...’ ဒီအတွေးက ဂျိရှင်းရှန်ရဲ့ စိတ်ထဲမှာ အမြစ်တွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဘာမှ ထပ်မပြောတော့ဘဲ ဂျိရှင်းရှန် တစ်ယောက်တည်းကို တာအိုဟောကြားပါတယ်။

နှစ်တစ်ရာ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဖန်းလျန်နဲ့ စုချီကို ရှာပြီး တာအိုဟောကြား ပေးပြန်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပြီး ဆက်ကျင့်ကြံပါတယ်။

တပည့်တွေနဲ့ အနေ ‌ဝေးမသွားအောင် မကြာမကြာ တာအိုဟောကြားပေးတာက မဖြစ်မနေ လိုအပ်တဲ့ ကိစ္စတစ်ခုပါ။ ဒီတစ်ခါ တာအိုဟောကြားမှုကနေ ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ရဲ့ စိတ်လှုပ်ရှားမှု ပျော်ရွှင်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဂျိရှင်းရှန်က အရင်လိုပဲ သူ့ကို ဆရာသခင်အဖြစ် သဘောထားနေတုန်းပါ။

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

နှစ်တစ်သိန်းက မျက်စိတစ်မှိတ်ပါပဲ။

ဟန်ကျွယ်ဟာ အသက်နှစ်သန်း ပြည့်ခါနီးသွားပါတယ်။ အသက်နှစ်သန်းပြည့်ရင် စနစ်က ရွေးချယ်စရာ ထပ်ပေးလောက်ပါတယ်။

ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ထုံးစံအတိုင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိလိုက်တာကြောင့် လှမ်းကြည့်လိုက်တဲ့အခါ ကောင်းကင်တာအို ကံတရား အထောက်အပံ့က အကြီးအကျယ် ပြောင်းလဲသွားတာကို တွေ့လိုက်ရပါတယ်။

ဒီပြောင်းလဲမှုက အင်မော်တယ်ကမ္ဘာ အပြင်ဘက်မှာရှိတဲ့ ကျွန်းတစ်ကျွန်းကနေ လာတာပါ။

ဒီပြောင်းလဲမှုရဲ့ ဇာစ်မြစ်ကတော့ ကျန်းကျွယ်ရှီပါ။

ကျန်းကျွယ်ရှီဟာ ကျွန်းပေါ်က တောင်ထိပ်တစ်ထိပ်ပေါ်မှာ ထိုင်နေပါတယ်။ ကျန်းကျွယ်ရှီရဲ့ ဓမ္မစွမ်းအား တိုးတက်လာတာနဲ့ တစ်ပြိုင်နက် သူ့ဝတ်ရုံကလည်း လူးလွန့်သွားပြီး ကောင်းကင်နိမိတ်က ပိုထင်ရှားလာပါတယ်။

မူလဆန်းကြယ် နတ်စွမ်းအား နှစ်ပါး။

မူလဆန်းကြယ် နတ်စွမ်းအား သုံးပါး။

ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်။

တစ်နေ့တည်းနဲ့ ကျန်းကျွယ်ရှီဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်သွားပါတယ်။ ကျန်ကျွယ်ရှီဟာ သူ့လက်တွေကို ဆက်တိုက် ဝှေ့ယမ်းတဲ့အခါ သူ့ပတ်လည်မှာ ထူးဆန်းတဲ့ နိမိတ်တစ်ခု ဖြစ်ပေါ်လာပါတယ်။ ထိုက်ချီပုံစံရှိတဲ့ ခရမ်းရောင် ဘီးတစ်ခုဟာလည်း ကျန်းကျွယ်ရှီရဲ့ မျက်ခုံးကြားမှာ ပေါ်လာပါတယ်။

“ဘဝပေါင်း တစ်သိန်းခွဲရဲ့ စုဆောင်းမှုတွေကို နှိုးထဖို့ အချိန်တန်ပြီ” ကျန်းကျွယ်ရှီဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။ ကျန်းကျွယ်ရှီရဲ့ မျက်ခုံးကြားက ခရမ်းရောင်ဘီးဟာ အလွန်လျင်မြန်စွာ လည်ပတ်လာပြီး မိုးမြေကြားက စိတ်ဝိညာဉ်ချီကို အရူးအမူး စုပ်ယူပါတော့တယ်။

အင်မော်တယ်ကမ္ဘာ တစ်ခုလုံးရဲ့ ကျယ်ပြောလှတဲ့ စိတ်ဝိညာဉ်ချီနဲ့ ရှန်တျန်ချီဟာ ခရမ်းရောင်ဘီးရဲ့ စုပ်ယူမှုကြောင့် တုန်လှုပ်သွားပါတယ်။ ကျန်းကျွယ်ရှီကို ဗဟိုထားပြီး အလွန်ကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာကာ မိုင်ပေါင်းဘီလီယံချီကို ဖုံးအုပ်သွားပြီး ကောင်းကင်ဘုံ ၃၃ ဘုံ တိုင်အောင် တုန်လှုပ်သွားစေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters