အန္တိမကျင့်စဉ်၊ မွေးရာပါ မဟာဖန်တီးသူ
Vol. 77 Ch. 816
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ စကြဝဠာခန်းမ။
တာအိုဟောကြားနေတဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုဟောကြားနေတာကို ရုတ်တရက် ရပ်လိုက်တဲ့အတွက် တာအိုနားထောင်နေတဲ့ ကျင့်ကြံသူသောင်းချီဟာ မျက်လုံးဖွင့်လိုက်ကြပါတယ်။
“အင်း... ဒါ ဘာရောင်ဝါလဲ”
“တစ်ယောက်ယောက်က ကောင်းကင်ဘဝဂ် တာအိုအသီးကို ရသွားတာနဲ့ တူတယ်”
“ကောင်းကင်ဘဝဂ် တာအိုအသီးက ဘာဖြစ်လို့ ဒီလောက်တောင် ရုတ်ရုတ်သဲသဲ ဖြစ်စေတာလဲ”
“မဟုတ်ဘူး၊ ကောင်းကင်ဘဝဂ် အဆင့်တင် မဟုတ်လောက်ဘူး”
“ငါ ဒီလူရဲ့ ကံတရား အထောက်အပံ့ကို တွက်ချက်လို့ မရဘူး”
တာအိုရှာဖွေသူတွေဟာ အချင်းချင်း ဆွေးနွေးကြပါတယ်။ သူတို့ကျင့်ကြံမှုက မနိမ့်ပါဘူး။ သူတို့တွေဟာ အဆင့်ထိုးဖောက်နေတဲ့ ကျန်းကျွယ်ရှီကို တစ်ချက်တည်းနဲ့ မြင်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ကျန်းကျွယ်ရှီရဲ့ အတိတ်ကို မတွက်ချက်နိုင်ပါဘူး။
တာအိုရှာဖွေသူတစ်ဦးဟာ ကောင်းကင်အရှင်ရွှမ်တုကို မော့ကြည့်ပြီး မေးလိုက်ပါတယ် “ဒီလူက ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား”
ကောင်းကင်အရှင်ရွှမ်တုက ဖြေလိုက်ပါတယ် “ဒီအကြောင်း ပြောရရင် ဒီလူက ငါတို့ ရွမ်လိန့်ကျောင်းတော်နဲ့ ဆက်ဆံရေးရှိတယ်၊ သူ့နာမည်က ကျန်းကျွယ်ရှီ၊ တစ်ချိန်က သူ့ညီ ကျန်းတုကူးနဲ့အတူ ရွမ်လိန့်ကျောင်းတော်ထဲ ဝင်ရောက်ခဲ့ဖူးတယ်၊ အကြောင်းတချို့ကြောင့် သူက ရွမ်လိန့်ကျောင်းတော်ကနေ ထွက်ခွာသွားပြီး လောကကြီးထဲမှာ သေဆုံးသွားခဲ့တယ်”
ကောင်းကင်အရှင်ရွှမ်တုလည်း ပဟေဠိ ဖြစ်နေပါတယ်။ အရင်က သူ ကျန်းကျွယ်ရှီကို မမှတ်မိခဲ့ပါဘူး။ အခုမှ မှတ်မိတာ ဖြစ်တဲ့အတွက် ကျန်းကျွယ်ရှီက မရိုးရှင်းဘူးဆိုတာ နားလည်လိုက်ပါတယ်။
ကျန်းကျွယ်ရှီက ဒီဘဝမှာ အသက်နှစ်ထောင်ပဲ ရှိသေးတာဆိုပေမဲ့ သူ့ဝိညာဉ်က တော်တော်အိုနေပါပြီ။
ဒီထက်ပိုပြီး အရေးကြီးတာက ကောင်းကင်အရှင်ရွှမ်တုဟာ ကျန်းကျွယ်ရှီက ဘယ်လိုလုပ် ဆက်တိုက် အဆင့်ထိုးဖောက်ပြီး ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ကို တစ်နေ့တည်းနဲ့ ရောက်နိုင်တာဆိုတာကိုပါ။
‘ဒါက တာအိုရောင်းရင်းဟန် လိုချင်တဲ့ ထိပ်တန်း ပါရမီရှင်ပဲ...’ ကောင်းကင်အရှင်ရွှမ်တုဟာ ကျန်းကျွယ်ရှီကို တပည့်အဖြစ် လက်ခံချင်သွားပါတယ်။
စကြဝဠာခန်းမတင် မဟုတ်ပါဘူး။ တခြား တာအိုပညာရှိတွေရဲ့ တာအိုစက်ကွင်းတွေကလည်း ကျန်းကျွယ်ရှီ အကြောင်းကို ဆွေးနွေးနေကြပါတယ်။
ကျန်းကျွယ်ရှီက နှစ်ပေါင်း ၁ ထရီလီယံ သည်းခံပြီး လောကကြီးကို ကိုင်လှုပ်လိုက်တာပါ။ တာအိုပညာရှိအကုန်လုံးက ကောင်းကင်အရှင်ရွှမ်တုလိုပါပဲ။ သူတို့တွေဟာ ကျန်းကျွယ်ရှီကို မသိပေမဲ့ ကျန်းကျွယ်ရှီကို မရမက လိုချင်နေကြပါတယ်။
ဒီလိုမျိုး အဆင့်ထိုးဖောက်တာက ရှေးခေတ်ကစလို့ တစ်ခါမှ မရှိခဲ့ပါဘူး။ ဒါကိုမှ ပါရမီရှင်လို့ မပြောရင် ဘယ်ဟာကို သွားပြောရမှာလဲ။
ကျန်းကျွယ်ရှီကို ဘယ်သူမှ မနှောင့်ယှက်ကြပါဘူး။
ဆယ်ရက်ကြာတဲ့အခါမှာတော့ ကျန်းကျွယ်ရှီဟာ တာအိုပညာရှိအတုအဆင့်ကို တစ်ခါတည်း ထိုးဖောက်နိုင်သွားပါတယ်။ ဒါပေမဲ့ ကျန်းကျွယ်ရှီဟာ ဒီနေရာမှာတင် မရပ်ပါဘူး။
ကျန်းကျွယ်ရှီကြောင့် အင်မော်တယ်ကမ္ဘာတစ်ခုလုံးရဲ့ စိတ်ဝိညာဉ်ချီ ပါးသွားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျန်းကျွယ်ရှီရဲ့ အဆင့်ထိုးဖောက်မှုက ဘယ်လောက်ထိ ကြီးကျယ်တယ်ဆိုတာကို သိနိုင်ပါတယ်။
ဟန်ကျွယ်လည်း ကျန်းကျွယ်ရှီကို အာရုံစိုက်နေပါတယ်။
‘ဒီကောင်လေးက မဟာတာအိုကို ဆုပ်ကိုင်မိထားတာလား... မဟုတ်ဘူး... ဒါ မဟာတာအို စွမ်းအား မဟုတ်ဘူး၊ ကျင့်စဉ်တစ်ခုပဲ၊ ဘယ်လို ကျင့်စဉ်မျိုးက ဒီလောက်ထိ စွမ်းအားကြီးတာလဲ’
ကျင့်စဉ်တွေက လောကဦးပဋိပက္ခ တာအိုအသီးကို ရပြီးရင် အရေးမကြီးတော့ပါဘူး။ တာအိုပညာရှိတွေက မဟာတာအိုကိုပဲ သုံးသပ်နားလည်ရတာပါ။ ဒါကြောင့် ဘယ်တာအိုပညာရှိမှ ကျင့်စဉ်တွေနဲ့ အချိန်ကုန်မခံပါဘူး။ ဒါကြောင့် ဒီလောက်စွမ်းတဲ့ ကျင့်စဉ်ကို ဟန်ကျွယ်ဟာ ပထမဆုံးအကြိမ် မြင်ဖူးတာပါ။
“ကျန်းကျွယ်ရှီက ဘယ်လိုကျင့်စဉ်မျိုးကို ကျင့်ကြံတာလဲ”
[သက်တမ်း ၅၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဒီတန်ဖိုးက မဟာတာအိုပညာရှိချုပ်နဲ့ သွားညီနေပါပြီ။ ဒါပေမဲ့ စိတ်ဝင်စားနေတဲ့ ဟန်ကျွယ်ဟာ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
[ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှု ကျင့်စဉ်: အန္တိမကျင့်စဉ်၊ ကျန်းကျွယ်ရှီ ကောင်းကင်တာအို ဖန်တီးမှုကို သုံးသပ်နားလည်စဉ်၌ သုံးသပ်နားလည်ခဲ့သော ကျင့်စဉ်ဖြစ်သည်။ ဘဝပေါင်းတစ်သောင်း ပြန်လည်မွေးဖွားပြီးနောက် ကျင့်ကြံမှုအား ဖိနှိပ်ပြီး အရည်အချင်းအား တိုးတက်စေနိုင်သည်။ အကန့်အသတ်မရှိသော ကျင့်စဉ်ဖြစ်သည်။]
‘အန္တိမကျင့်စဉ်...’ ဟန်ကျွယ်ဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ် ‘တော်တော် အထင်ကြီးဖို့ကောင်းတာပဲ’
ဟန်ကျွယ်ဟာ မနေနိုင်ဘဲ ထပ်မေးလိုက်ပါတယ် “ကျန်းကျွယ်ရှီက ဘာဖြစ်လို့ ဒီလိုကျင့်စဉ်မျိုးကို သုံးသပ်နားလည်နိုင်ရတာလဲ”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ဖန်တီးမှု ကံကြမ္မာသည် ဖော်ပြ၍ မကုန်ုနိုင်ပါ။ ပဋိပက္ခသိစိတ်၊ ပန်ကူး၊ တာအိုဘိုးဘေး၊ ကျန်းကျွယ်ရှီနှင့် တခြားသူများတွင် မဟာဖန်တီးမှု အရည်အချင်း ရှိသည်။]
နားမလည်နိုင်တဲ့ ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီရဲ့ အရည်အချင်းလို့ပဲ သတ်မှတ်လိုက်ပါတယ်။
‘ဒီကောင်လေးက တော်တော် အထင်ကြီးဖို့ ကောင်းတာပဲ၊ ပဋိပက္ခသိစိတ်၊ ပန်ကူးနဲ့ တာအိုဘိုးဘေးကိုတောင် တကယ်ကြီး ယှဉ်နိုင်တယ်’
လေးငါးဆယ်လ အကြာမှာတော့...။
ကျန်းကျွယ်ရှီဟာ ကိုယ့်စွမ်းကိုယ်စနဲ့ တာအိုကို ရယူပြီး တစ်ခါတည်း လောကဦးပဋိပက္ခ တာအိုအသီးကို ရရှိကာ လောကတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ အလွန်များပြားလှတဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့က ကျန်းကျွယ်ရှီရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင်သွားပြီး အဆုံးမဲ့ပင်လယ်မှာ မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ် မြင်ကွင်းထဲမှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[မွေးရာပါ ကံတရား အထောက်အပံ့ရှိသူအား ရှာဖွေတွေ့ရှိထားသည်။ မူလဇစ်မြစ်အား စစ်ဆေးနေသည်။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး ချက်ချင်း စစ်ဆေးလိုက်ပါတယ်။
[ကျန်းကျွယ်ရှီ: လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ကနဦးအဆင့်၊ မွေးရာပါ မဟာဖန်တီးရှင်၊ ကောင်းကင်တာအို မဟာဧကရာဇ်၊ သေခြင်းရှင်ခြင်း မဟာဧကရာဇ်၊ ပြန်လည်မွေးဖွားခြင်း မဟာဧကရာဇ်၊ အန္တိမဖန်တီးရှင်။ သင်က သူ့ကို အဖော်ပြုခဲ့သောကြောင့် ကျန်းကျွယ်ရှီသည် သင့်အပေါ် အကောင်းမြင်စိတ် ရှိနေ၏။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]
ဟန်ကျွယ်ဟာ နှလုံးလှုပ်သွားပါတယ် ‘ဒီကောင်က တကယ်ကို စနစ်ရဲ့ အသိအမှတ်ပြုမှု ရလောက်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်အဖြစ် ကြီးပြင်းလာတာပဲ... တကယ်တော်တဲ့ ကောင်ပဲ’
ဒီကံတရား အထောက်အပံ့ နာမည်တွေက ရိုးရှင်းတဲ့နာမည်တွေ မဟုတ်ပါဘူး။ ဒီဘွဲ့နာမည်တွေက ဟန်ကျွယ် တွေ့ဖူးတဲ့ ဘွဲ့နာမည်တွေ မဟုတ်ပါဘူး။
လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အဆင့်ကို ရောက်ရှိပြီးနောက် ကျန်းကျွယ်ရှီရဲ့ အဆင့်ထိုးဖောက်မှုဟာ အဆုံးသတ်သွားပါတယ်။ စိတ်ဝိညာဉ်ချီက ကျန်းကျွယ်ရှီနားမှာ အရင်လို မစုဆောင်းတော့ပါဘူး။
တာအိုပညာရှိတွေကို တုန်လှုပ်စေတဲ့ ကိစ္စတစ်ခု ဖြစ်ပေါ်လာပါတယ်။
အဲဒါကတော့ ကျန်းကျွယ်ရှီဟာ အင်မော်တယ်ကမ္ဘာကနေ ကောင်းကင်တာအိုရဲ့ နှင်ထုတ်တာကို မခံရတာပါ။
‘မဖြစ်နိုင်ဘူး... သူက ကောင်းကင်တာအိုပညာရှိတောင် မဟုတ်ဘူး၊ ကောင်းကင်တာအိုပညာရှိ ဆိုရင်တောင် ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်ကို နှင်ထုတ်ခံရမှာပဲ...’
တောင်ထိပ်ပေါ်က ကျန်းကျွယ်ရှီဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပါတယ်။ ခရမ်းရောင်ဘီးက ကျန်းကျွယ်ရှီရဲ့ ခေါင်းထက်မှာ ပေါလောမျောနေပါတယ်။ ဒီခရမ်းရောင်ဘီးက ကျန်းကျွယ်ရှီ ရှိနေတဲ့ ကျွန်းထက် ပိုကြီးပြီး သူ့ဘာသာ လည်ပတ်ကာ တလက်လက် တောက်နေပါတယ်။
ကျန်းကျွယ်ရှီဟာ သူ့လက်တွေကို ကြည့်ပြီး ပြုံးလိုက်ပါတယ်။ နောက်ဆုံးတော့ သူ့ရဲ့ နှစ်ပေါင်းများစွာ ကျင့်ကြံမှုက အောင်မြင်ခဲ့ပြီ မဟုတ်ပါလား။
လက်ရှိ ကောင်းကင်တာအိုမှာ ကျန်းကျွယ်ရှီထက် အသက်ကြီးတဲ့ တည်ရှိမှုက လက်ချိုးရေလို့ ရပါတယ်။ တချို့ တာအိုပညာရှိတွေကလည်း ကျန်းကျွယ်ရှီရဲ့ အငယ်လို့ ယူဆလို့ရပါတယ်။
“မိုးကောင်းကင်က ကြိုးစားတဲ့လူတွေကို စိတ်မပျက်စေဘူးပဲ၊ အခုအချိန်ကစပြီး ငါ့မှာ အကန့်အသတ် မရှိတော့ဘူး” ကျန်းကျွယ်ရှီဟာ တစ်ကိုယ်တည်း ရေရွတ်ရင်း မတ်တတ်ရပ်လိုက်ပါတယ်။
အဲဒီနောက် ကျန်းကျွယ်ရှီဟာ အတွေးတစ်ချက်နဲ့ အနန္တကမ္ဘာကို လွှမ်းခြုံ ကြည့်လိုက်ပါတယ်။ သက်ရှိအားလုံးက ကျန်းကျွယ်ရှီရဲ့ မျက်လုံးထဲကို ဝင်လာပါတယ်။ အကြောင်းအရင်း တချို့ကြောင့် ကျန်းကျွယ်ရှီဟာ သူ့အတွက် စတေးခဲ့တဲ့ သူ့ဆရာသခင်ဟောင်း တာအိုကျင့်ကြံသူအိုကြီးကို တွေးမိလိုက်ပါတယ်။
ကျန်းကျွယ်ရှီရဲ့ နှလုံးသားမှာ အံ့အားသင့်မှု မရှိဘဲ မကုန်ဆုံးနိုင်တဲ့ နောင်တတွေပဲ ရှိနေပါတယ်။ ကျန်းကျွယ်ရှီဟာ တာအိုကျင့်ကြံသူအိုကြီးရဲ့ ဝိညာဉ် ဘယ်လိုရှာရှာ ရှာလို့မတွေ့ပါဘူး။
‘သူက ငါ့အတွက် တကယ် စတေးသွားပုံပဲ၊ သူ့ရုပ်နာမ်နှစ်ပါးစလုံး ပျက်စီးသွားတာ ဖြစ်ရမယ်... တာအိုပညာရှိက မတတ်နိုင်ဘူးဆိုရင် ငါ တာအိုပညာရှိအဆင့်ကို ကျော်လွန်အောင် ကျင့်ကြံမယ်’
ကျန်းကျွယ်ရှီဟာ ကောင်းကင်ကို မော့ကြည့်ပြီး ခရမ်းရောင် သက်တန့်အတွင် ပြောင်းလဲကာ ကောင်းကင် ၃၃ ဘုံကို ထိုးဖောက် ကောင်းကင်တာအိုရဲ့ ထိပ်ဆုံးကို ရောက်ရှိသွားပါတယ်။ ကျန်းကျွယ်ရှီဟာ အောက်ငုံ့ကြည့်ပြီး မျက်လုံးမှိတ်ကာ သူ့ကျင့်ကြံမှုကို တိတ်တဆိတ် အာရုံခံလိုက်ပါတယ်။
ဒီအချိန်မှာပဲ ကျန်းကျွယ်ရှီဘေးကို ရုပ်သွင်တွေ ရောက်လာပါတယ်။ ဒီရုပ်သွင်တွေက ကောင်းကင်တာအိုပညာရှိတွေကလွဲပြီး ဘယ်သူတွေ ဖြစ်နိုင်ဦးမှာလဲ။
လီထိုက်ကူက အပြုံးနဲ့ ပြောလိုက်ပါတယ် “တာအိုရောင်းရင်းက တကယ်ကို စွမ်းအားကြီးတာပဲ၊ တာအိုကို တစ်နေ့တည်းနဲ့ ရယူနိုင်တယ်၊ တကယ်ကို ဘယ်တုန်းကမှ မဖြစ်ဖူးခဲ့တဲ့ အရာပဲ”
ရန်ချဲ့က ထူးဆန်းစွာ ပြုံးလိုက်ပါတယ် “ဒီအရည်အချင်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ကျော်လွန်နိုင်လောက်တယ်” ဒီအရောက်မှာ ရန်ချဲ့ဟာ မကျေနပ်တဲ့ အကြည့်တွေ အများကြီးကို ခံစားမိတာကြောင့် ချက်ချင်း ပါးစပ်ပိတ်လိုက်ပါတယ်။
‘သေစမ်း... မင်းတို့တွေ အကုန်လုံးက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ခွေးတွေလား... ငါက အရည်အချင်းရှိတဲ့လူကို သာမန်ကာလျှံကာ ချီးကျူးရုံပဲ ရှိသေးတယ်၊ မင်းတို့က ငါ့ကို အကြည့်နဲ့ သတ်လို့ရရင် သတ်မဲ့ပုံပဲ’
ရန်ချဲ့ဟာ မကျေမနပ် ဖြစ်သွားပါတယ်။ ရန်ချဲ့ဟာ အားကြိုးမာန်တက် ကြိုးစားပေမဲ့ တာအိုပညာရှိ အသိုင်းအဝိုင်းထဲကို ဝင်မဆံ့နိုင်သေးပါဘူး။
ကောင်းကင်အရှင်ရွှမ်တုလည်း ပေါ်လာပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ကျန်းကျွယ်ရှီကို စိုက်ကြည့်ပြီး ပြုံးလိုက်ပါတယ် “ရွမ်လိန့်ကျောင်းတော်က ဒီလိုမျိုး ပါရမီရှင် မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ ထင်မထားဘူး၊ ဒါက ရွမ်လိန့်ကျောင်းတော်ရဲ့ ကံကောင်းမှုပဲ”
ကျန်းကျွယ်ရှီဟာ မျက်လုံးဖွင့်ပြီး ကောင်းကင်အရှင်ရွှမ်တုကို တစ်ချက် ကြည့်လိုက်ပါတယ် “ငါက ရွမ်လိန့်ကျောင်းတော် ကောင်းကင်တာအိုတို့နဲ့ မပတ်သက်တာ အတော်ကြာပြီ၊ မစိုးရိမ်ပါနဲ့၊ ငါ အင်မော်တယ်ကမ္ဘာကို ဝင်နိုင်တယ်ဆိုရင်တောင် ဒီမှာ မနေပါဘူး၊ ငါက မဟာတာအိုကို ဆက်ပြီးတော့ လိုက်စားမှာ”
စကားဆုံးတာနဲ့ ကျန်းကျွယ်ရှီဟာ တုံ့ဆိုင်းမှုမရှိဘဲ ထွက်ခွာသွားပါတယ်။
တာအိုပညာရှိတွေဟာ မှင်တက်သွားကြပါတယ် ‘သူက ဒီလိုပဲ ထွက်သွားမှာလား...’
“မင်းက ကောင်းကင်တာအိုရဲ့ ကြင်နာမှုကို ပြန်မပေးဆပ်တော့ဘူးလား” ကောင်းကင်အရှင်ဝူဖာက နှာခေါင်းရှုံ့လိုက်ပါတယ်။
ကျန်းကျွယ်ရှီဟာ ရပ်ပြီး ပြောလိုက်ပါတယ် “နောက်ကျလို့ ကောင်းကင်တာအို ပြဿနာတက်ရင် ငါ ကျိန်းသေပေါက် ပြန်လာခဲ့မယ်”
ဂျိရှင်းရှန်က ပြောလိုက်ပါတယ် “ထျန်ကျန့်... သူ့ကျင့်ကြံမှုကို သွားစမ်းချည်”
ဂျိရှင်းရှန်ရဲ့ အမိန့်ကြောင့် ထျန်ကျန့်ဟာ ကျန်းကျွယ်ရှီဆီ ချက်ချင်း ပျံသန်းသွားပါတယ်။ ကျန်းကျွယ်ရှီဟာ လှည့်တောင် မကြည့်ဘဲ ပြောလိုက်ပါတယ် “အပြင်ထွက်ပြီး တိုက်မယ်၊ ဒီမှာဆိုရင် သက်ရှိတွေကို အလန့်တကြား ဖြစ်စေလိမ့်မယ်၊ မင်းတို့အကုန်လုံး တိုက်လို့ရတယ်၊ ငါလည်း ငါ့စွမ်းအားကို စမ်းချင်နေတာ”
ကျန်းကျွယ်ရှီရဲ့ လေသံက တည်ငြိမ်ပေမဲ့ မိုးထိအောင် ဘဝင်မြင့်လွန်းပါတယ်။
တာအိုဘုံကျောင်းထဲက ကြည့်နေတဲ့ ဟန်ကျွယ်တောင် ရုတ်တရက် မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင် ဘယ်လိုလုပ်ပြီး ဒီလောက် ပြောင်းလဲသွားရတာလား၊ လမ်းလွဲသွားပြီလား... ဒီလိုဆိုရင် တည်တည်ငြိမ်ငြိမ် မရှိသေးဘူး...’
ကျန်းကျွယ်ရှီနဲ့ ထျန်ကျန့်ဟာ အမှောင်တားမြစ်နယ်မြေဆီ ရောက်သွားပါတယ်။ မျက်နှာချင်းဆိုင်ပြီးနောက် ထျန်ကျန့်က အရင်စတိုက်ပါတယ်။ ထျန်ကျန့်ဟာ လက်ဝါးနှစ်ဖက်ကို ရိုက်ထုတ်လိုက်တဲ့အခါ သူ့ဓမ္မစွမ်းအားက မိုးကောင်းကင်မျိုးနွယ်စုရဲ့ မရေမတွက်နိုင်တဲ့ ကောင်းကင်စားသားရဲတွေ အသွင် ပြောင်းလဲသွားပြီး အမှောင်တားမြစ်နယ်မြေကို တားဆီးမရတဲ့အရှိန်အဟုန်နဲ့ ချီတက်သွားပါတယ်။
ကျန်းကျွယ်ရှီဟာ အင်္ကျီလက်စကို တစ်ချက်ဝှေ့ယမ်းပြီး ထျန်ကျန့်ရဲ့ ဓမ္မစွမ်းအား အကုန်လုံးကို ချေဖျက်လိုက်ပါတယ်။ အဲဒီနောက် ဘယ်လက်နဲ့ တံဆိပ်တစ်ခု ဖြစ်ပေါ်စေပြီး ရှေ့ကို တွန်းထုတ်လိုက်ပါတယ်။ ခရမ်းရောင်ဘီးကလည်း ရုတ်ခြည်းဆိုသလို အာကာသကို ထိုးဖောက်ပြီး ထျန်ကျန့်ရဲ့ ခေါင်းပေါ် ရောက်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။