လောကဦးပဋိပက္ခ မဟာဖန်တီးမှု
Vol. 77 Ch. 817
ခရမ်းရောင်ဘီးဟာ လျင်မြန်စွာ ဆင်းသက်ပြီး ထျန်ကျန့်ကို ချုပ်နှောင်လိုက်ပါတယ်။ ထျန်ကျန့်ဟာ အားကုန်ရုန်းပေမဲ့ ခရမ်းရောင်ဘီးရဲ့ ချုပ်နှောင်မှုကနေ လွတ်အောင် ရုန်းမထွက်နိုင်ပါဘူး။
ဒါပေမဲ့ ထျန်ကျန့်ဟာ အနိုင်ရဖို့ ဘာမဆိုလုပ်ရဲတဲ့လူ ဖြစ်တဲ့အတွက် သူ့ခန္ဓာကိုယ်ကို ထားခဲ့ပြီး တာအိုပညာရှိ ဝိညာဉ်နဲ့ ကျန်းကျွယ်ရှီရဲ့ နောက်ကျောကို ရောက်သွားပါတယ်။
“ဟမ်...” ထျန်ကျန့်ဟာ အေးစက်စွာ နှာမှုတ်သံပြုပြီး သူ့လက်ဝါးကို ရိုက်ထုတ်လိုက်ပါတယ်။ ထျန်ကျန့်ရဲ့ လက်ဝါးဟာ ကြယ်တွေနဲ့ ပြည့်နှက်နေတဲ့ စကြဝဠာတစ်ခုလိုပါပဲ။ ဒီလက်ဝါးဟာ ကျန်းကျွယ်ရှီကို ထိမှန်သွားပြီး ကျန်းကျွယ်ရှီရဲ့ ဝတ်ရုံကို တဖျတ်ဖျတ် ခတ်သွားစေပါတယ်။
နောက်တစ်စက္ကန့်မှာပဲ ထျန်ကျန့်ဟာ သူ့ဓမ္မစွမ်းအားတွေ စုပ်ယူခံလိုက်ရတာကို ရှာတွေ့သွားပါတယ် ‘ဘာဖြစ်သွားတာလဲ...’
ဒီအချိန်မှာပဲ ကျန်းကျွယ်ရှီဟာ နောက်လှည့်လာပြီး လက်ဝါးရိုက်ချက် ထုတ်လိုက်ပါတယ်။ ထျန်ကျန့်ရဲ့ မျက်လုံးထဲမှာ ကျန်းကျွယ်ရှီရဲ့ လက်ဝါးရိုက်ချက်က နှေးကွေးလွန်းပါတယ်။ ဒါပေမဲ့ ထျန်ကျန့်ဟာ သူ့ခန္ဓာကိုယ်ကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်စွမ်း မရှိသလိုမျိုး ဖြစ်သွားတဲ့အတွက် ဒီလက်ဝါးရိုက်ချက်ကို မရှောင်နိုင်ပါဘူး။
ထျန်ကျန့်ဟာ ကျန်းကျွယ်ရှီရဲ့ လက်ဝါးရိုက်ချက် ထိမှန်တာကို ဒီအတိုင်း ကြည့်နေရပါတယ်။ ထျန်ကျန့်ဟာ ကျန်းကျွယ်ရှီရဲ့ လက်ဝါးထဲမှာလည်း စကြဝဠာတစ်ခု ပါဝင်နေတာကို မြင်လိုက်ရပါတယ်။
“ဝုန်း...”
ထျန်ကျန့်ဟာ ကြောက်မက်ဖွယ် ခရမ်းရောင် ဓမ္မစွမ်းအားရဲ့ လွှမ်းမိုးမှုကြောင့် ချက်ချင်းဆိုသလို ဖျက်ဆီးခံလိုက်ရပါတယ်။ ဓမ္မစွမ်းအားတွေက လွင့်ပါး ပျောက်ကွယ်သွားတဲ့အခါ ဟင်းလင်းပြင်ထဲမှာ လက်ကျန်ဝိညာဉ်တစ်စပဲ ကျန်ရှိပါတော့တယ်။
ကျန်းကျွယ်ရှီဟာ ထျန်ကျန့်ကို မသတ်ဘဲ ကောင်းကင်တာအိုဘက် လှည့်ကြည့်လိုက်ပါတယ်။
တာအိုပညာရှိတွေဟာ ဒီတိုက်ပွဲကို ကြည့်ပြီး အံ့ဩမှင်တက်သွားကြပါတယ် ‘ဒီလောက် မြန်မြန် ပြီးသွားတာလား...’
“ဟမ်... ငါ တိုက်မယ်”
ရန်ချဲ့ဟာ ကောင်းကင်တာအိုကနေ ချက်ချင်း ပျံထွက်သွားပါတယ်။ ဒါပေမဲ့ ရန်ချဲ့ဟာ အသက်ရှူကြိမ် သုံးကြိမ် မပြည့်ခင်မှာပဲ ရှုံးနိမ့်သွားပါတယ်။
ရွှီတုတောက်၊ လီထိုက်ကူ၊ ဟန်ယွီ၊ ထိုက်စုတျန်၊ လောကဦးပဋိပက္ခ ဗုဒ္ဓနဲ့ တခြားတာအိုပညာရှိ အသစ်တွေ တစ်ယောက်ပြီး တစ်ယောက် ထွက်တိုက်ပေမဲ့လည်း အကုန်လုံး ရှုံးနိမ့်ပြီး ပြန်လာရပါတယ်။ လီထိုက်ကူရဲ့ တိုက်ပွဲက အရှည်ကြာဆုံးပါ။ ဒါပေမဲ့ အသက်ရှူကြိမ် ဆယ်ကြိမ်တောင် မပြည့်လိုက်ပါဘူး။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။
ကျန်းကျွယ်ရှီဟာ ဆန်းကြယ်စွမ်းအား အကုန်လုံးနဲ့ ဓမ္မစွမ်းအား အကုန်လုံးကို ရောင်ပြန်ဟပ်နိုင်ပါတယ်။ နောက်ပြီး ဒါက အလင်းပြန်သလိုမျိုး ရိုးရှင်းတဲ့ဟာ မဟုတ်ပါဘူး။ ကျန်းကျွယ်ရှီ တိုက်ခိုက်လိုက်တဲ့ အခါတိုင်း သူ့ပတ်ဝန်ကျင်က အချိန်-အာကာသ မဟာတာအိုစွမ်းအား နှစ်ပါး လှိုင်းထသွားတာကို ဟန်ကျွယ် ခံစားမိပါတယ်။ ဒါက လျှော့တွက်လို့မရတဲ့ စွမ်းအားပါ။
‘ဒီကောင်လေး ဒီလောက် မောက်မာနေတာ အံ့ဩစရာ မရှိတော့ပါဘူး’
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို အသံလွှင့်ပြီး စကားပါးလိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုရဲ့ မျက်နှာဟာ ထူးဆန်းသွားပြီး တခြားတာအိုပညာရှိတွေကို ပြောလိုက်ပါတယ် “ထားလိုက်တော့... သူ့ကို သွားခွင့်ပေးလိုက်”
တခြားတာအိုပညာရှိတွေဟာ တအံ့တဩ ဖြစ်ကုန်ပါတယ်။ သွားတိုက်ဖို့ ပြင်နေတဲ့ ကောင်းကင်အရှင်ဝူဖာကလည်း ကောင်းကင်အရှင်ရွှမ်တုကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပါတယ် “ဒီကောင်ကို ဒီအတိုင်း လွှတ်ပေးလိုက်မှာလား... ဒီလိုသာ လွှတ်ပေးလိုက်ရင် ကောင်းကင်တာအိုရဲ့ ဂုဏ်သိက္ခာက ဘယ်ရောက်သွားမလဲ”
ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်အရှင်ဝူဖာကို ချက်ချင်း အသံလွှင့်ပြီး စကားပြောလိုက်ပါတယ်။ ချက်ချင်းဆိုသလို တိမ်ဖုံးနေတဲ့ ကောင်းကင်အရှင်ဝူဖာရဲ့ မျက်နှာမှာ အပြုံးပေါ်လာပါတယ် “ဒါဆိုလည်း ထားလိုက်ပါတော့... ငါလို အကြီးတစ်ယောက်က အငယ်တစ်ယောက်နဲ့ ပြိုင်တိုက်လို့ မသင့်ပါဘူးလေ”
တခြားတာအိုပညာရှိတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ် ‘ဘာဖြစ်သွားတာလဲ... ကောင်းကင်အရှင်ဝူဖာက ဘာဖြစ်လို့ ဒီလောက်မြန်မြန် ပြောင်းလဲသွားရတာလဲ’
ကျန်းကျွယ်ရှီဟာ လက်သီးဆုပ်ပြီး ကောင်းကင်တာအိုကို ဦးညွှတ်လိုက်ပါတယ်။ အဲဒီနောက် တစ်ဖက်လှည့်ပြီး ထွက်ခွာကာ အမှောင်ထုထဲမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပါတယ်။
ကောင်းကင်တာအိုထဲက တာအိုပညာရှိအတုတွေနဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေဟာ ဒီမြင်ကွင်းကို ကြည့်ပြီး ကျန်းကျွယ်ရှီရဲ့ နာမည်က သူတို့နှလုံးသားထဲမှာ ကမ္ပည်းတင်သွားပါတယ်။
ဟန်ကျွယ် ကောင်းကင်အရှင်ရွှမ်တုကို တားလိုက်တာက ကျန်းကျွယ်ရှီကို အပြင်မှာ ဒုက္ခခံစေဖို့ပါ။ နောက်ပြီး ကောင်းကင်အရှင် ဝူဖာနဲ့ ကောင်းကင်အရှင် ရွှမ်တုသာ တိုက်ခိုက်မယ်ဆိုရင် ကျန်းကျွယ်ရှီနဲ့ ကောင်းကင်တာအိုရဲ့ ဆက်ဆံရေးက ကျိုးပျက်သွားနိုင်ပါတယ်။
“ကောင်လေး... မင်း ဘာလုပ်နိုင်မလဲဆိုတာ ငါ မြင်ချင်သေးတယ်” ဟန်ကျွယ်ဟာ တီးတိုး ရေရွတ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ပျင်းရိငြီးငွေ့လှတဲ့ ကျင့်ကြံမှုလမ်းစဉ်မှာ ဒီလိုကိစ္စတွေကပဲ သူ့ကို အပျင်းပြေစေတာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။
ကျန်းကျွယ်ရှီကိစ္စကို တာအိုပညာရှိတွေက ဖုံးကွယ်ထားတဲ့အတွက် နှစ်ထောင်ချီ ကြာတဲ့အခါ သက်ရှိအားလုံး ဒီကိစ္စကို မေ့လျော့သွားကြပါတယ်။
တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးကာ နှစ်သုံးထောင်ကျော် ကြာသွားပါတယ်။
[သင်သည် အသက် နှစ်သန်း ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှ ချက်ချင်းထွက်၍ လောကဦး နတ်ဘီလူး နာမည်ကို ဖြန့်ကြက်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် မဟာတာအို အစောင့်တစ်ယောက်အား ရရှိမည်။]
[၂။ မူလရည်ရွယ်ချက် မပျက် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် လောကဦး အပိုင်းအစ တစ်စအား ရရှိမည်။]
‘လောကဦး အပိုင်းအစ... နောက်ဆုံးတော့ အသစ်အဆန်းတစ်ခု ပေါ်လာပြီပဲ’ ဟန်ကျွယ်ဟာ တုံ့ဆိုင်းခြင်းမရှိ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် လောကဦး အပိုင်းအစ တစ်စအား ဆုလာဘ်အဖြစ် ရရှိပါသည်။]
[လောကဦး အပိုင်းအစ: လောကဦးအပိုင်းအစ ကိုးစအား စုစည်းမိလျှင် လောကဦးပဋိပက္ခ မဟာဖန်တီးမှုကို ရရှိနိုင်သည်။]
ဟန်ကျွယ်ဟာ ပဟေဠိ ဖြစ်သွားပါတယ် ‘လောကဦးပဋိပက္ခ မဟာဖန်တီးမှုက ဘာများပါလိမ့်...’
[လောကဦးပဋိပက္ခ မဟာဖန်တီးမှု: ကျင့်စဉ်များ၊ ကမ္ဘာများ၊ မျိုးနွယ်စုများနှင့် အရာအားလုံးကို ဖန်တီးနိုင်သည်။]
‘အရာအားလုံးကို ဖန်းတီးနိုင်တယ်... လန်းလှချည်လား...’
“ဒါဆို ငါ လောကဦးပဋိပက္ခ မဟာဖန်တီးမှုနဲ့ ဖန်တီးရှင်သခင် အဆင့်ရှိတဲ့ အစောင့်ကို ဖန်တီးလို့ရလား”
[မရပါ။ လောကဦးပဋိပက္ခ ဖန်တီးမှုသည် တည်ရှိမှုများကိုသာ မွေးဖွားနိုင်သည်။ ထိုမွေးဖွားလာသော တည်ရှိမှုအားလုံးသည် တဖြည်းဖြည်း ကြီးထွားလာရန် လိုအပ်သည်။ ထို့အပြင် သင့်ကျင့်ကြံမှုထက် မြင့်မားသော တည်ရှိမှုများကို မဖန်တီးနိုင်ပါ။]
ဟန်ကျွယ်ဟာ နှုတ်ခမ်းတွန့်သွားပါတယ် ‘ဒါဆို ဘာသုံးစားလို့ရမှာလဲ...’
“ဒါဆို ငါ ဖန်တီးတဲ့ မျိုးနွယ်စုက တစ်ယောက်တည်းလား၊ အရေအတွက် အများကြီးလား”
[မျိုးနွယ်စုတစ်စုအား ပြန်မျိုးပွားနိုင်သော တည်ရှိမှုတစ်ခု ဖြစ်သည်။]
ဟန်ကျွယ်ဟာ ဒီဟာကိုသုံးပြီး ပဋိပက္ခ နတ်ဘီလူး သုံးထောင် ဖန်တီးမဲ့ အကြံကို ဖျက်လိုက်ပါတယ်။ အဲဒီနောက် ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိသွားပါတယ်။
“လောကဦးပဋိပက္ခ မဟာဖန်တီးမှုနဲ့ ငါ့သွေးစည်းကို တိုးမြှင့်လို့ရလား”
ဟန်ကျွယ်သာ လောကဦး နတ်ဘီလူးအဆင့်ကို ကျော်လွန်သွားရင် သူ့သား မွေးဖွားလာနိုင်မှာပါ။
[တိုးမြှင်၍ ရသည်။]
ဒီအဖြေကို မြင်လိုက်ရတဲ့ အခါမှာ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ်။
‘လောကဦးပဋိပက္ခ မဟာဖန်တီးမှုက တကယ် အထင်ကြီးဖို့ကောင်းတာပဲ’
ဒါပေမဲ့ ဟန်ကျွယ် သေချာ စဉ်းစားကြည့်တဲ့အခါ လောကဦး အပိုင်းအစက နှစ်တစ်သန်းတိုင်း ပေါ်လာရင်တောင် အပိုင်းအစ ကိုးခုစလုံး စုစည်းမိဖို့က နောက်ထပ် နှစ်သန်းချီ ကြာဦးမှာပါ။
ဟန်ကျွယ်ဟာ စိတ်ငြိမ်အောင် ထိန်းပြီး ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူကာ နတ်ဘီလူးချီအလုံး တစ်လုံးနဲ့ ပေါင်းစပ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
လောကဦးပဋိပက္ခ မဟာဖန်တီးမှုထက်စာရင် မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်ကို ထိုးဖောက်ဖို့က ဟန်ကျွယ်အတွက် ဦးစားပေးပါ။
.....
ဗုဒ္ဓကမ္ဘာရဲ့ နေဝင်ဆည်းဆာအချိန်။
ဘုံကျောင်းတွေဟာ တိမ်တွေပေါ်မှာ ပေါလောမျောပြီး တည်ရှိနေပါတယ်။ ဧရာမနန်းတော်ကြီး တစ်ဆောင်မှာ ဗုဒ္ဓတွေ စုဝေးနေကြပါတယ်။
ချူရှီရန်ဟာ ကြာပလ္လင်ပေါ်မှာ ထိုင်နေပြီး သူ့ရဲ့ ပေတစ်သန်းကျော် ရှည်လျားတဲ့ ခန္ဓာကိုယ်က အလွန်တရာ ခမ်းနားပြီး ကြီးကျယ် ထည်ဝါလှပါတယ်။ ဗုဒ္ဓတွေက သူ့ရှေ့မှာ ပုရွက်ဆိတ်လေးလို သေးငယ်လှပါတယ်။
ချူရှီရန်ရဲ့ ဘေးမှာ သူ့လို မြင့်မားတဲ့ ဗုဒ္ဓတစ်ပါး ထိုင်နေပါတယ်။ ဒီဗုဒ္ဓကတော့ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဖြစ်ပြီး လွတ်လပ် တာအိုပညာရှိအဆင့် ရှိပါတယ်။ ဗုဒ္ဓကမ္ဘာထဲ ဝင်လာပြီးနောက် နာမည်ကိုပါ ဗုဒ္ဓနာမည် ပြောင်းလိုက်တာ ဖြစ်ပါတယ်။
ချူရှီရန်က မေးလိုက်ပါတယ် “အဲဒီဒေါင်းက ထွက်မသွားသေးဘူးလား”
ဘုန်းကြီးတစ်ပါးက ပြန်ဖြေပါတယ် “သူက ရှန်ရှောင့်ကျန်းဝူဗုဒ္ဓကို စိန်ခေါ်ချင်နေတာ၊ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓနဲ့ မတိုက်ရရင် ထွက်မသွားဘူး ပြောနေတယ်”
ဗုဒ္ဓတွေဟာ ဒီအကြောင်းကို တိုးတိုးတိတ်တိတ် ဆွေးနွေးကြပါတယ်။
ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ မျက်လုံးဖွင့်ပြီး ခံစားချက် ကင်းမဲ့တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “သူ့ကို ဂရုမစိုက်နဲ့၊ သူ ဒီအထဲကို တိုးမဝင်ရဲဘူး၊ သူ့မှာ စိုးရိမ်စရာရှိနေတယ်”
ချူရှီရန်က ရှန်ရှောင့်ကျန်းဝူဗုဒ္ဓကို ကြည့်ပြီး မေးလိုက်ပါတယ် “သူက ဘာကို စိုးရိမ်တာလဲ”
“ကျွန်တော်ကို...”
“သူက မင်းကို ကြောက်တာလား၊ ဒါဆို ဘာဖြစ်လို့ မင်းကို စိန်ခေါ်တာလဲ”
“ကျွန်တော်က မတိုက်ချင်လို့ပါ”
ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ အပြင်မှာစောင့်နေတဲ့ ဒေါင်းက ဘာမှမဟုတ်သလိုမျိုး တည်တည်ငြိမ်ငြိမ် ပြန်ဖြေပါတယ်။
ဒီအချိန်မှာပဲ နှာမှုတ်သံတစ်သံ ထွက်ပေါ်လာပါတယ်။
“ဟွန်း... ရှန်ရှောင့်ကျန်းဝူ... မင်းက တော်တော် လေလုံးထွားတာပဲ၊ အရင် ကောင်းကင်တာအိုမှာတုန်းက မင်းငါ့ကို အနိုင်ယူနိုင်ခဲ့လို့လား”
ဒီဒေါင်းက တခြားဒေါင်းမဟုတ်ပါဘူး။ နတ်ဒေါင်းအရှင်ပါ။
“မင်းပြောတော့ ကောင်းကင်ရုံးတော်ထဲ ဝင်ချင်တယ်ဆို... ဘာဖြစ်လို့ ဗုဒ္ဓကမ္ဘာထဲ ရောက်သွားရတာလဲ၊ မင်းက မင်းစကားကို လျှာရိုးမရှိတိုင်း လျှောက်ပြောနေတာလား”
နတ်ဒေါင်းအရှင်ရဲ့ အသံဟာ သရော်သံ အပြည့်ပါပဲ။
ဗုဒ္ဓတွေဟာ တိတ်ဆိတ်သွားပြီး ဘယ်သူမှ ဝင်မပြောရဲကြပါဘူး။
ချူရှီရန်ဟာ မျက်နှာသေနဲ့ ထိုင်နေပြီး နတ်ဒေါင်းအရှင် ဘာပြောပြော ဒေါသမထွက်ပါဘူး။
ရှန်ရှောင့်ကျန်းဝူဗုဒ္ဓက ပြောလိုက်ပါတယ် “ငါ မင်းကို မနိုင်ခဲ့တာ အမှန်ပဲ၊ ဒါပေမဲ့ ငါ မင်းရဲ့ ငါးရောင်ခြယ် ရောင်ခြည်တန်းကို ချိုးဖျက်နိုင်ခဲ့တယ်၊ အဲဒါ မင်းကို အနိုင်ယူနိုင်ဖို့ ဘာလိုတော့လို့လဲ”
“ဝုန်း...”
ခန်းမ တံခါးဟာ ငါးရောင်ခြယ် ရောင်ခြည်တန်းကြောင့် ကျိုးပျက်သွားပြီး နတ်ဒေါင်းအရှင် ပေါ်လာပါတယ်။ နတ်ဒေါင်းအရှင်ဟာ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓကို စိုက်ကြည့်ပြီး အထင်အမြင်သေးစွာ ပြုံးလိုက်ပါတယ် “အခု ငါ ဝင်လာပြီ၊ ငါ မင်းကို ဂရုစိုက်တယ်လို့ ထင်နေတုန်းလား”
“နတ်ဒေါင်းအရှင်... ငါတို့တွေ ရန်သူလုပ်မှ ဖြစ်မှာလား”
နတ်ဒေါင်းအရှင် မောက်မာစွာ ပြောလိုက်ပါတယ် “ငါ့နောက်မှာ အမှောင်သခင်ကြီး ရှိတယ်၊ ဒါတောင် မင်းတို့တွေ လက်မခံနိုင်သေးဘူးလား၊ ဒီနေ့ကစပြီး ဗုဒ္ဓကမ္ဘာက အမှောင်သခင်ကြီး အပိုင်ပဲ၊ လက်မခံတဲ့လူ ဘယ်သူမဆို သေရမယ်”
“ရှန်ရှောင့်ကျန်းဝူ... ထွက်လာပြီး အပြင်မှာ ငါနဲ့ လာတိုက်ချည်၊ မင်းရဲ့ ဗုဒ္ဓကမ္ဘာက မဆိုင်တဲ့လူတွေကို မထိခိုက်စေနဲ့”
“မင်းက ဗုဒ္ဓကမ္ဘာမှာ ကောင်းမှုတွေ လုပ်နေလို့သာ မဟုတ်ရင် ငါ ဒီအထဲကို ထိုးဖောက်ဝင်လာတာ ကြာပြီ၊ မင်းကို ကြောက်တယ်များ ထင်နေတာလား၊ ဟာသပဲ...”
“ငါက မဟာတာအိုပညာရှိတွေကိုတောင် ဂရုစိုက်တာ မဟုတ်ဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။