← Chapters

ပဋိပက္ခ အောက်ခြေ

Vol. 78 Ch. 825

ပဋိပက္ခ အောက်ခြေ

Vol. 78 Ch. 825

၀.၁၀၈ နဟုတံရှိတဲ့ ကြယ်တွေကို သန့်စင်ဖို့က အချိန်အများကြီးလိုပါတယ်။ ဟန်ကျွယ်က မဟာတာအိုပညာရှိ ဆိုရင်တောင် လွယ်လွယ်လေး လုပ်ဆောင်လို့ရတဲ့ အရာ မဟုတ်ပါဘူး။ ကြယ်တိုင်းကို အသွင်ပြောင်းလဲဖို့က အချိန်လိုပါတယ်။ ဟန်ကျွယ်လုပ်နိုင်တာ ၀.၁၀၈ နဟုတံရှိတဲ့ ကြယ်တွေကို တစ်ချိန်တည်း သန့်စင်တာပါ။

အန္တိမမူလ မဟာတာအိုက ဟန်ကျွယ်နဲ့ ပဲ့တင်ထပ်လာပါတယ်။ ဟန်ကျွယ်ဟာ စကားလုံးနဲ့ ဖော်ပြဖို့ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုကို ဝင်ရောက်သွားပါတယ်။ ဒီအခြေအနေက ပျော်ရွှင်မှုကို စွဲလမ်းသွားသလိုမျိုး ဆိုပေမဲ့ အိပ်မက်တစ်ခုလိုပါပဲ။ ဒီအခြေအနေမှာ ဟန်ကျွယ်ရဲ့ စိတ်ဟာ နစ်မြုပ်သွားပြီး စိတ်စွမ်းအားတွေ တော်တော်လေး ကုန်သွားပါတယ်။

အချိန်တစ်ခု ရောက်သွားတဲ့အခါမှာတော့...

ဟန်ကျွယ်ဟာ ၀.၁၀၈ နဟုတံရှိတဲ့ ကြယ်တွေ အကုန်လုံးကို သူတို့ရဲ့ ပထမဆုံး အသွင်ပြောင်းလဲမှု ပြီးတဲ့အထိ သန့်စင်ပြီးသွားပါတယ်။ ဒီတော့မှ ဟန်ကျွယ်ရဲ့ သိစိတ်လည်း ပြန်နိုးလာပါတယ်။

ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုက အများကြီး တိုးတက်သွားတာကို ရှာတွေ့သွားပါတယ်။ ကြယ်တွေ အားကောင်းအောင် လုပ်တာက ဟန်ကျွယ်ရဲ့ တန့်နေတဲ့ ကျင့်ကြံမှုကို တိုးတက်သွားစေပါတယ်။

‘ဒါက လမ်းမှန်ပဲ’

ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို စစ်ကြည့်လိုက်တဲ့အခါ နှစ်လေးသောင်းကျော် ကုန်ဆုံးသွားတာကို တွေ့လိုက်ရပါတယ်။

ဒီတစ်ခါ ကျင့်ကြံမှု တိုးတက်တာက ဟန်ကျွယ်ရဲ့ အရင် နှစ်ငါးသောင်း ဂူအောင်းကျင့်ကြံတာထက် အများကြီး ပိုပါတယ်။ အဆင့်မထိုးဖောက်ခင်က ကျင့်ကြံမှုအလျင်ထက်တောင် ပိုမြန်နေပါသေးတယ်။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ မကျင့်ကြံဘဲ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ မျက်စိစုံမှိတ်ပြီး ကျင့်ကြံမှုကိုချည်းပဲ အာရုံမစိုက်နိုင်ပါဘူး။ သူ့လူတွေ တစ်ခုခုဖြစ်မှာ စိုးလို့ပါ။

မကြာခင်မှာပဲ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်ကို တစ်ခုခု ဖြစ်သွားလို့ပါပဲ။

[သင့်သား ဟန်ထော်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ အသိမ်းခံရပြီး ဝိညာဉ်မှာ ပဋိပက္ခ အောက်ခြေ၌ ဖိနှိပ်ခံလိုက်ရ၏။]

[သင့်မိတ်ဆွေ ယီတျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ အသိမ်းခံရပြီး ဝိညာဉ်မှာ ပဋိပက္ခ အောက်ခြေ၌ ဖိနှိပ်ခံလိုက်ရ၏။]

‘ဒီနှစ်ကောင် ဒုက္ခ ထပ်ရောက်ပြန်ပြီလား...’

တာအိုအရှင်သခင်တို့ သုံးယောက်နဲ့ မတူတာက ဟန်ထော်တို့နှစ်ယောက်ဟာ ပဋိပက္ခ အောက်ခြေမှာ ဖိနှိပ်ခံလိုက်ရတာပါ။

‘ပဋိပက္ခ အောက်ခြေက ဘာလဲ’ ဟန်ကျွယ်ဟာ ပဟေဠိ ဖြစ်သွားပါတယ်။

ပဋိပက္ခက အာကာသ တစ်ခုတည်း မဟုတ်ပါဘူး။ အချိန်-အာကာသ အလွှာတွေက အထပ်လိုက် တည်ရှိချင်မှ တည်ရှိနေမှာပါ။ အပြိုင်တည်ရှိနိုင်သလို တစ်ခုနဲ့တစ်ခု အရမ်းဝေးကွာပြီးတော့လည်း တည်ရှိနေပါတယ်။

ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်ပေမဲ့ ပဋိပက္ခအောက်ခြေက ဘယ်နေရာမှာ ရှိနေလဲဆိုတာကို တွက်ချက်လို့ မရပါဘူး။

ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောလိုက်ပြီးနောက် ဟန်ထော်ကို အိပ်မက်ပေးလိုက်ပါတယ်။ အိပ်မက်နယ်မြေက မြို့ရိုးထက်မှာပါ။

ဟန်ထော်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် မှင်တက်သွားပါတယ်။ သားအဖနှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ပြီး တိတ်ဆိတ်သွားပါတယ်။

ဟန်ထော်က အရင် စကားစလိုက်ပါတယ် “အဖေ... ကျွန်တော် အဆင်ပြေပါတယ်၊ မစိုးရိမ်ပါနဲ့”

ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “မင်း ဘာလို့ ငါ့ကို မဆင့်ခေါ်တာလဲ”

“ကျွန်တော်ကြောင့် ဖြစ်တဲ့ ပြဿနာကို ကျွန်တော် ဘာသာပဲ ဖြေရှင်းချင်လို့ပဲ၊ နောက်ပြီး ကျွန်တော် မသေသေးဘူးလေ၊ ယီတျန်ကလည်း ကျွန်တော်ကို အဖော်ပြုပေးနေတာပဲ”

ဟန်ကျွယ်ဟာ ဘာပြန်ပြောရမှန်း မသိတော့ပါဘူး ‘ကောင်စုတ်လေး... ယီတျန်က သူ့ကို အဖော်ပြုပေးနေတယ်လို့ ပြောနိုင်သေးတယ်’

“တကယ်ပြောတာ၊ ကျွန်တော်က အခု ပဋိပက္ခ အောက်ခြေမှာ၊ ဒီနေရာမှာ စွမ်းအားပိုကြီးလာနိုင်တဲ့ နည်းလမ်းကို ကျွန်တော် ရှာတွေ့ထားတယ်၊ ကျွန်တော်ကို ဖိနှိပ်ထားတဲ့လူက ကျွန်တော်ကို သတ်ချင်ရင် ကျွန်တော် သေသွားတာ ကြာပြီ၊ ဒါက ကံအခွင့်အလမ်းတစ်ခု ဖြစ်နိုင်တယ်” ဟန်ထော်က အလေးအနက် ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ထော်က နှစ် ၂၀,၀၀၀ ကျော်အောင် ဖိနှိပ်ခံထားရတာဆိုတော့ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေတော့ မဟုတ်ပါဘူး။

“ကောင်းပြီလေ” ဟန်ကျွယ်လည်း မတတ်နိုင်တဲ့ လေသံနဲ့ ပြန်ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဟန်ထော်ကို ကယ်ထားတာ တစ်ခါ မကတော့ပါဘူး။ ဒါပေမဲ့ ဟန်ထော်ဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမဲ့အစား ဟန်ကျွယ်ကို ရှောင်လာပါတယ်။ ဟန်ထော်တင် မဟုတ်ပါဘူး။ တခြားသူ့တပည့်တွေလည်း အတူတူပါပဲ။

“အဖေ... ကျွန်တော်အတွက် မစိုးရိမ်ပါနဲ့၊ ကျွန်တော့်ကိုယ် ကျွန်တော် ကာကွယ်နိုင်ပါတယ်”

ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့ပြီး ခေါင်းခါလိုက်ပါတယ်။ အဲဒီနောက် အိပ်မက်ကို တစ်ခါတည်း အဆုံးသတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ် “ဒီကောင်စုတ်လေးက ငါ့ခံစားချက်ကို ဘယ်တော့မှ ဂရုစိုက်မှာလဲ၊ အမြဲတမ်း ဒုက္ခတောထဲ ခုန်ဆင်းပြီး ငါ့အကူအညီကို မလိုချင်ဘူး၊ ငါက မစိုးရိမ်ဘဲ ဘယ်လိုလုပ် နေနိုင်မှာလဲ” ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် မိဘတွေရဲ့ ဘဝကို ရုတ်တရက် နားလည်သွားပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ကြည့်လိုက်ပါတယ်။

ချင်လင်းက အခုထိ တာအိုပညာရှိအတု မဖြစ်သေးပါဘူး။ ဒါပေမဲ့ ကောင်းကင်တာအို အနန္တကပ်ဘေးကတော့ စတင်ခဲ့ပါပြီ။ ဖိနှိပ်ခံထားခဲ့ရတဲ့ ကျင့်ကြံသူတွေဟာ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာပြီး ကံတရား အထောက်အပံ့ဂိုဏ်းတွေကို တိုက်ခိုက်ကြပါတယ်။ ရန်သူမရှိတဲ့ ကံတရား အထောက်အပံ့ဂိုဏ်းက မရှိသလောက်ပါပဲ။

ရန်ပွဲဖြစ်ရင် ငြိမ်းချမ်းရေး အဓွန့်ရှည် တည်တံ့ဖို့အတွက် တစ်ဖက်က နစ်နာရတာချည်းပါပဲ။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ ရန်ငြိုးတွေ ဖြစ်တည်လာပါတယ်။

ကံတရား အ‌ထောက်အပံ့ဂိုဏ်းတွေက သက်ရှိအကုန်လုံးထက် စွမ်းအား အများကြီး ကြီးနေရင် ကိစ္စမရှိပါဘူး။ သက်ရှိအကုန်လုံးက ဆက်ပြီးတော့ သည်းခံနေဦးမှာပါ။

ဒါပေမဲ့ အခု ကောင်းကင်တာအိုကနေ ပဋိပက္ခကို လမ်းပွင့်သွားပါတယ်။ ဒီအခြေအနေမှာ ကျင့်ကြံသူတွေဟာ ပိုလွတ်လပ်လာပြီး စွမ်းအားပိုကြီးလာကြပါတယ်။ ဒီအခါမှာ ကျင့်ကြံသူတွေဟာ အလိုလို မောက်မာလာကြပါတယ်။ ငြိမ်းချမ်းရေး အဓွန့်ရှည်အောင် ကြိုးပမ်းတဲ့လူတွေက ကံတရား အထောက်အပံ့ဂိုဏ်းတွေ ဖြစ်တဲ့အတွက် သူတို့ဟာ ကောင်းကင်တာအို အနန္တကပ်ဘေးရဲ့ မျက်စိ ဖြစ်လာပါတယ်။

အကုန်လုံး ခြုံကြည့်ရင်တော့ မဆိုးလှပါဘူး။ ပြီးခဲ့တဲ့ ကပ်ဘေးတွေထက်စာရင် အများကြီး သက်သာလှပါတယ်။ ပြီးခဲ့တဲ့ ကပ်ဘေး မတိုင်ခင်က အင်မော်တယ်ကမ္ဘာလောက်တောင် အထိအခိုက် မရှိပါဘူး။

‘ကောင်းကင်တာအိုက ဆက်ပြီးတော့ စွမ်းအားကြီးလာဖို့ လိုတယ်၊ ဒီလိုမှပဲ ကောင်းကင်တာအိုထဲက သက်ရှိတွေ ကောင်းကောင်းမွန်မွန် နေထိုင်နေမှာ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

ကောင်းကင်တာအိုမှာသာ လုံလောက်တဲ့ အင်အားရှိမယ်ဆိုရင် ပဋိပက္ခက ရင်းမြစ်တွေကို ကောင်းကင်တာအိုဆီ သယ်ဆောင်နိုင်မှာပါ။ ပြဿနာတွေကို ပဋိပက္ခဆီ လွှဲပြောင်းမှပဲ ကောင်းကင်တာအိုက တကယ် ငြိမ်းချမ်းရေး ရရှိမှာပါ။

ဟန်ကျွယ်ဟာ လျှောက်ကြည့်ပေမဲ့ ကျန်းကျွယ်ရှီလိုမျိုး ပါရမီရှင်ကို မတွေ့ရတဲ့အတွက် နည်းနည်း နောင်တရသွားပါတယ်။ ပါရမီရှင်တွေ စုဆောင်းတာက ဟန်ကျွယ်အတွက်တော့ အပန်းဖြေမှုတစ်ခုပါပဲ။ သူ စုဆောင်းထားတဲ့ ပါရမီရှင်တွေ ကြီးပြင်းလာပြီး ကိုယ်ပိုင်နယ်မြေကို အုပ်စိုးကြရင် တော်တော် ကြည့်လို့ ကောင်းမှာပါ။

ခုနစ်ရက် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြယ်တွေကို ဆက်ပြီးတော့ သန့်စင်ပါတယ်။

ကောင်းကင်တာအိုထဲက စွမ်းအားကြီးပုဂ္ဂိုလ် အများစုဟာ ပဋိပက္ခမှာ ခြေဆန့်နေကြပြီး တာအိုပညာရှိအများစုကလည်း ကျင့်ကြံအားထုတ်ရင်း အလုပ်များနေကြပါတယ်။ ကောင်းကင်အရှင် ရွှမ်တုတောင် သူ့အာဏာတွေကို ခွဲဝေပေးလာတဲ့အတွက် တာအိုပညာရှိ အသစ်တွေ ပိုပိုပြီးတော့ လှုပ်ရှားလာပါတယ်။

တဖြည်းဖြည်းနဲ့ တာအိုပညာရှိဟောင်းတွေဟာ တာအိုပညာရှိ အသစ်တွေလောက် နာမည်မကြီးတော့ပါဘူး။ ကောင်းကင်တာအို ပြန်မစခင်တုန်းကလိုမျိုး ချုံရှီလိုင်က ဘိုးဘေးရှီတျန်ထက် နာမည်ပိုကြီးနေသလိုပေါ့။

တိတ်ဆိတ်ဂိုဏ်းရဲ့ တိုးတက်မှုက ချောချောမွေ့မွေ့ပါပဲ။ ဟန်ကျွယ် ကိုယ်ပွားရဲ့ ကူညီမှုနဲ့ တပည့်တချို့ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲ ဝင်ရောက်ကြပြီး တချို့က ထွက်ခွာသွားကြပါတယ်။

လီရွှမ်အောက်နဲ့ ဟန်ဇွေတျန်လည်း တိတ်ဆိတ်ဂိုဏ်းရဲ့ ခေါင်းဆောင်ကြီးတွေ ဖြစ်လာကြပါတယ်။ တစ်ယောက်က တိတ်ဆိတ်ဂိုဏ်းရဲ့ အပြင်မျက်နှာ ဖြစ်ပြီး တစ်ယောက်က အတွင်းမျက်နှာပါ။

တိတ်ဆိတ်ဂိုဏ်းကနေ တပည့်တချို့ ထွက်သွားတာတောင် တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့် အရေအတွက် သန်းတစ်ရာကျော် ရှိပါတယ်။

လီရွှမ်အောက်ဟာ ဟန်ကျွယ်ရဲ့ အတွေးအခေါ်ကို ဆက်ပြီးတော့ ထိန်းသိမ်းထားဆဲပါ။ တိတ်ဆိတ်ဂိုဏ်းဟာ အမြဲတမ်း သိုသိုသိပ်သိပ် နေပါတယ်။ ဒါပေမဲ့ ဂိုဏ်းအကုန်လုံးနဲ့ အဆက်အသွယ်ရှိပြီး တာအိုပညာရှိတွေ မျက်နှာသာပေးတာကို ခံရပါတယ်။ အတွေ့အကြုံရှိတဲ့ ကျင့်ကြံသူတွေက တိတ်ဆိတ်ဂိုဏ်းဟာ ကောင်းကင်တာအိုရဲ့ နံပါတ်တစ်ဂိုဏ်းဆိုတာ သိကြပါတယ်။

ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းဟာ ကံတရား အထောက်အပံ့ကို မစုဆောင်းပါဘူး။ ဒါကြောင့် တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ကံတရား အထောက်အပံ့ မရှိပါဘူး။

အချိန်တစ်ခု ကြာသွားတဲ့အခါမှာတော့...

ဟန်ကျွယ်ဟာ ထပ်နိုးလာပါတယ်။ ၀.၁၀၈ နဟုတံရှိတဲ့ ကြယ်တွေဟာ ထပ်ပြီးတော့ အသွင်ပြောင်းလဲသွားတဲ့အတွက် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ အများကြီး ထပ်တိုးသွားပါတယ်။ ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို စစ်ကြည့်လိုက်တဲ့အခါ နှစ်ပေါင်း ၈၇,၀၀၀ ကျော် ကုန်ဆုံးသွားပြီ ဆိုတာကို တွေ့လိုက်ရပါတယ်။

အချိန်က တကယ်ကို အကုန်မြန်လွန်းပါတယ်။

ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှု ရလဒ်ကို စမ်းသပ်ချင်တဲ့အတွက် အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။ ပြိုင်ဘက်က ဓားရူးတာအိုပညာရှိ ငါးထောင်ပါ။ ဟန်ကျွယ်ဟာ အစွမ်းကုန် ထုတ်တိုက်တဲ့အခါ ဓားရူးတာအိုပညာရှိ ငါးထောင်ကို အသာလေး ဖိနှိပ်လိုက်နိုင်ပါတယ်။

ဒုတိယအကြိမ် အသွင်တူ လက်ရည်စမ်းပွဲမှာတော့ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ အရေအတွက်ကို ငါးထောင်ကနေ ခုနစ်ထောင်အထိ တိုးလိုက်ပါတယ်။ ဒီပွဲမှာတော့ ဟန်ကျွယ်ဟာ တိုက်နိုင်ရုံပဲ ရှိပါတယ်။ ဒါပေမဲ့ ရေရှည်မှာတော့ ဟန်ကျွယ် နိုင်နိုင်ခြေ ရှိပါတယ်။

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ တစ်သောင်းကို ထပ်ပြီးတော့ စိန်ခေါ်ပါတယ်။ အခြေအနေက အရမ်းခက်ခဲပေမဲ့ ဟန်ကျွယ် ပြန်တိုက်နိုင်ပါသေးတယ်။

ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲ ဒါဇင်ကျော် တိုက်ခိုက်ပြီးတဲ့ နောက်မှာတော့ မျက်လုံးဖွင့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။

“မရသေးဘူး၊ ဒီလောက်နဲ့ မလုံလောက်သေးဘူး၊ နတ်အာဏာရှင် စစ်သူကြီးတွေက ဓားရူးတာအိုပညာရှိတွေထက် စွမ်းအားပိုကြီးမှာပဲ၊ ငါ ဓားရူးတာအိုပညာရှိ တစ်သောင်းကို အနိုင်ယူနိုင်ရင်တောင် နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို အနိုင်ယူနိုင်ဖို့က မသေချာဘူး၊ ငါ ဓားရူးတာအိုပညာရှိ တစ်သောင်းကို တစ်ချက်တည်း သတ်ပစ်နိုင်တဲ့ စွမ်းအားရှိဖို့ လိုတယ်၊ ဒီတော့မှ ငါ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို စိတ်အေးလက်အေး ရင်ဆိုင်နိုင်မှာ”

ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ပြတ်သားသွားပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ နှစ်သောင်းကို စိန်ခေါ်ကြည့်ပါတယ်။

အဲဒီနောက်...

ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို မျက်လုံးပွင့်သွားပြီး ကြက်သီးဖြန်းဖြန်း ထသွားပါတယ်။

‘တော်တော် ကြောက်ဖို့ကောင်းတာပဲ’

ဟန်ကျွယ်ဟာ မဟာတာအို အထွတ်အထိပ်အဆင့်ကို အရင်ဆုံး ထိုးဖောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကြယ်တွေကို ဆက်ပြီးတော့ သန့်စင်ပါတယ်။

ဒီအချိန်မှာပဲ...

[ဓားရူးတာအိုပညာရှိသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိဆိုတဲ့ နာမည်ကို တွေ့လိုက်ရတဲ့အခါ အန်ချင်စိတ် ပေါက်သွားပါတယ်။ ဒီကမ္ဘာမှာ ဟန်ကျွယ်က ဓားရူးတာအိုပညာရှိ အကြောင်းကို အသိဆုံး ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပေမဲ့ အိပ်မက်ကို လက်ခံဖို့ ရွေးချယ်လိုက်ပါတယ်။ ဓားရူးတာအိုပညာရှိနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ရင် ဓားရူးတာအိုပညာရှိဆီသွားပြီး ဓားရူးတာအိုပညာရှိကို ပုံတူကူးနိုင်မယ် မဟုတ်ပါလား။

[တစ်နဟုတံသည် တစ်နောက်တွင် သုည ၃၅ လုံး ရှိသည်။]

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters