← Chapters

ဆန်းကြယ်စွမ်းအား သင်ပေးခြင်း

Vol. 78 Ch. 827

ဆန်းကြယ်စွမ်းအား သင်ပေးခြင်း

Vol. 78 Ch. 827

ကျိုးဖန်ဟာ မော့ဖူချိုကို နိုင်အောင် မပြောနိုင်တဲ့အတွက် မတတ်နိုင်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ် “အစ်ကိုမော့ တာအိုရယူပြီးရင် ကျွန်တော် အစ်ကိုမော့ကို ကောင်းကင်တာအိုဆီ ခေါ်သွားပေးမယ်”

“ကောင်းပြီ”

မော့ဖူချိုဟာ ဟန်ကျွယ်နဲ့ တွေ့ရဖို့ မျှော်ကြည့်မိလိုက်ပါတယ်။ အဲဒီနောက် မော့ဖူချိုဟာ မော့ကျူနဲ့ မော့မိသားစုကို ရုတ်တရက် တွေးမိလိုက်ပါတယ်။ နှစ်နှစ်သန်းတောင် ကျော်သွားပြီ ဖြစ်တဲ့အတွက် သူတို့တွေ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ကျသွားတာ ကြာလောက်ပါပြီ။

မော့ဖူချိုဟာ ဒီအကြောင်းကိုတွေးရင်း သက်ပြင်းချမိလိုက်ပါတယ်။

ကျိုးဖန်ဟာ မော့ဖူချိုက ဟန်ကျွယ် အကြောင်းကို ထပ်ပြောမှာစိုးတဲ့အတွက် စကားလမ်းကြောင်း လွှဲတဲ့အနေနဲ့ လက်တလော ဖြစ်ပျက်နေတဲ့ ပဋိပက္ခက စိတ်ဝင်စားစရာ အကြောင်းတွေကို ပြောပါတယ်။

မော့ဖူချိုလည်း ပဋိပက္ခက အကြောင်းအရာတွေကို စိတ်ဝင်တစား နားထောင်ပါတယ်။

ကျိုးဖန်ဟာ သက်ပြင်းရှည်ကြီးချလိုက်ပါတယ်။ အဲဒီနောက် မဟာတာအိုမျှော်စင်ရဲ့ လုပ်ဆောင်ချက်တွေကို စပြီးတော့ ပြောပါတယ်။

အနန္တကမ္ဘာ မြင်ကွင်းကျယ်။

တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ဟာ တစ်ချိန်တည်း ပေါ်လာပါတယ်။

ငရဲကြက်နက်က အော်ပြောလိုက်ပါတယ် “မင်းတို့သုံးယောက် ထပ်ပြီးတော့ အဆော်ခံရပြန်ပြီလား”

ကျောက်ရွှမ်ယွမ်ဟာ ငရဲကြက်နက်ကို ဝါးစားမတတ် စိုက်ကြည့်ပြီး ကြိမ်းမောင်းလိုက်ပါတယ် “မင်းစကားက ဘာလဲ၊ ငါတို့က အခွင့်အရေးအတွက် တိုက်ခိုက်နေတာ၊ ဒီအတောအတွင်း ငါတို့ရဲ့ ကျင့်ကြံမှုတွေ အများကြီး တိုးလာတယ်”

ကျန်းယီကလည်း ဂုဏ်ယူစွာ ပြောလိုက်ပါတယ် “စိတ်တော့မကောင်းဘူး၊ ငါက လွတ်လပ် တာအိုပညာရှိ ဖြစ်သွားပြီ”

အနန္တကမ္ဘာ မြင်ကွင်းကျယ်ထဲက တခြားလူတွေဟာ ကျန်းယီနား စုပြုံလာကြပါတယ် “တကယ်ကြီးလား”

“တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်ကရော... သူတို့လည်း လွတ်လပ် တာအိုပညာရှိ ဖြစ်သွားပြီလား”

“ဖြစ်တော့ မဖြစ်သေးဘူး၊ ဒါပေမဲ့ မကြာခင် ဖြစ်တော့မှာ၊ နောက်တစ်ခါ ငါတို့တွေ ဒီထဲ ထပ်လာရင် ကျိန်းသေပေါက် လွတ်လပ် တာအိုပညာရှိ ဖြစ်နေလောက်ပြီ”

“တကယ်ကို အံ့ဩဖို့ကောင်းတာပဲ၊ ဒီကျင့်ကြံမှုအလျင်က လီတောက်ခုံးထက်တောင် မြန်သေးတယ်”

“မြန်တာပေါ့၊ ငါတို့က တိတ်ဆိတ်ဂိုဏ်းရဲ့ ဝန်ကို ထမ်းရမှာလေ”

“ဟီးဟီး... ငါလည်း လိုက်မီတော့မှာပါ”

အနန္တကမ္ဘာ မြင်ကွင်းကျယ်ဟာ တစ်ယောက်တစ်ပေါက်နဲ့ စည်ကားသိုက်မြိုက်နေပါတယ်။ ကျိုးဖန်ဟာ အနန္တကမ္ဘာ မြင်ကွင်းကျယ်ထဲမှာ ပေါ်လာပေမဲ့ ဒီစကားဝိုင်းကို ကြားတဲ့အခါမှာ ချက်ချင်း ပြန်ပျောက်သွားပါတယ်။

ကွမ်းပုပိုင်ဟာ ပြုံးလိုက်ပါတယ် “တစ်ယောက်တော့ စိတ်ညစ်စရာ ရှိသွားပြီနဲ့ တူတယ်”

တာအိုအရှင်သခင် ပြောလိုက်ပါတယ် “အရင်တုန်းက သူက ရှေ့ဆုံးကနေ လျှောက်နေခဲ့တာကို”

အရင်တုန်းက ကျိုးဖန်ဟာ လေလုံးအထွားဆုံး ဖြစ်တဲ့အတွက် တခြားတပည့်တွေကို အံတကြိတ်ကြိတ် ဖြစ်စေခဲ့ပါတယ်။ တကယ်တော့ သူတို့တွေက ကစားနေကြတာပါ။ ဘာပဲဖြစ်ဖြစ် သူတို့တွေက တစ်ဂိုဏ်းတည်းသားတွေ ဖြစ်တဲ့အတွက် တစ်ယောက် ဒုက္ခရောက်ရင် ကျန်တစ်ယောက်က ကျိန်းသေပေါက် ကူညီမှာပါ။

လူတိုင်းဟာ ပြုံးလိုက်ပြီး ကျိုးဖန်ကို ဆက်ပြီးတော့ မလှောင်ပြောင်တော့ပါဘူး။

ကျောက်ရွှမ်ယွမ်က မေးလိုက်ပါတယ် “ချူရှီရန်ရော ဘယ်ရောက်နေလဲ၊ သူ ဒီကြားထဲ လာသေးလား”

ရွှင်ချန်းအန်းက ပြန်ဖြေပါတယ် “အဲဒီကောင် ဒီအတောအတွင်း တော်တော်လေး လျှို့ဝှက်နေတယ်၊ အနန္တကမ္ဘာ မြင်ကွင်းကျယ်ကို မလာတာလည်း အတော်ကြာပြီ”

တာအိုအရှင်သခင်တို့ သုံးဦးဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ကွမ်းပုပိုင်ဟာ ကျန်းယီရှေ့ လျှောက်သွားပါတယ် “အသွင်တူ လက်ရည်စမ်းပွဲထဲမှာ လက်ရည်စမ်းရအောင်၊ ငါ လွတ်လပ်တာအိုပညာရှိရဲ့ အစွမ်းကို မြည်းစမ်းကြည့်ချင်လို့”

ကျန်းယီဟာ ပြုံးလိုက်ပါတယ်။ အစွမ်းပြဖို့ အခွင့်အရေးရပြီ မဟုတ်ပါလား။

ချက်ချင်းဆိုသလို ကွမ်းပုပိုင်နဲ့ ကျန်းယီဟာ အနန္တကမ္ဘာ မြင်ကွင်းကျယ်ကနေ ပျောက်ကွယ်သွားပါတယ်။ တခြားတပည့်တွေလည်း တိုက်ပွဲရလဒ်ကို မျှော်လင့်ချက်အပြည့်နဲ့ စောင့်စားပါတယ်။

အချိန်ဟာ ပုံမှန် ကုန်ဆုံးသွားပါတယ်။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အရင်လိုမျိုး ကြယ်တွေကို သန့်စင်တဲ့နေရာမှာ လုံးဝ နစ်မြောသွားခြင်း မရှိတော့ဘဲ အချိန်ကို ထိန်းချုပ်နိုင်သွားပါတယ်။ ဟန်ကျွယ်ဟာ နှစ်ငါးသောင်း ပြည့်တဲ့အခါ နိုးထလိုက်ပါတယ်။

လောကဦးကမ္ဘာထဲက ကြယ်တွေဟာ အရင်ကထက် အများကြီး ပိုများပါတယ်။ ကောင်းကင်တာအိုနဲ့ ယှဉ်ရင်တောင် ကြယ်တွေထဲက စွမ်းအင်ဟာ ပြိုင်ဘက်ကင်းပါတယ်။

အခုဆိုရင် ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားဟာ ကြယ်တွေထဲကို အလိုလိုဝင်ရောက်ပြီး အလိုလို သန့်စင်ပါတယ်။ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်တဲ့အခါ စိတ်ဝင်စားဖို့ကောင်းတဲ့ စာတစ်စောင်ကို သွားတွေ့ပါတယ်။

[သင့်မိတ်ဆွေ ဓားရူးတာအိုပညာရှိသည် သင့်ရန်သူ ပန်ကူး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

‘မဆိုးဘူး... ဒီတစ်ခါ ပြင်းပြင်းထန်ထန် ဒဏ်ရာရမသွားဘူး၊ ကြည့်ရတာ ဓားရူးတာအိုပညာရှိက တကယ်ကို စွမ်းအားကြီးလာတာပဲ’

ဟန်ကျွယ်ဟာ ပန်ကူးအကြောင်းကို တော်တော်လေး သိချင်သွားပါတယ်။ အချိန်တွေ ကြာသွားပြီ ဖြစ်တဲ့အတွက် ပန်ကူးရဲ့ ဒဏ်ရာတွေက သက်သာသွားလောက်ပါပြီ။ ဒဏ်ရာတွေ ပြန်ကောင်းသွားတာတောင် ငြိမ်နေတာက နည်းနည်းတော့ ထူးဆန်းပါတယ်။ အမှောင်သခင်ကြီးကို ကြောက်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

‘မဟုတ်သေးဘူး... ပန်ကူးက အမှောင်သခင်ကြီးကို ကြောက်ပါ့မလား... မဟုတ်မှလွဲရော အထက်က ညွှန်ကြားချက်ကို စောင့်နေတာ ထင်တယ်’

ဒါက ဟန်ကျွယ်အတွက်တော့ သတင်းကောင်းပါ။ ဟန်ကျွယ်ဟာ မဟာတာအို အထွတ်အထိပ် အဆင့်ကို တက်နိုင်သလောက် မြန်မြန် ထိုးဖောက်ချင်နေတာ မဟုတ်ပါလား။ ဒီလိုအချိန်မှာ ပဋိပက္ခက တည်ငြိမ်လေလေ ဟန်ကျွယ်အတွက် ပိုကောင်းလေလေပါပဲ။

အဆင့်ထိုးဖောက်ပြီးရင်တော့ ဟန်ကျွယ်ဟာ ပဋိပက္ခ ဘာပဲဖြစ်ဖြစ် ဂရုမစိုက်တော့ပါဘူး။ ဒါပေမဲ့ ပဋိပက္ခမှာ မုန်တိုင်းထန်ရင် ဟန်ကျွယ်အတွက် ပိုကောင်းပါတယ်။ မဟာတာအို အထွတ်အထိပ် စွမ်းအားကို စမ်းသပ်နိုင်ပြီး အစွမ်းပြဖို့ အခွင့်အရေးရမယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ကြည့်ပေမဲ့ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ စာစောင်ကို မတွေ့ရတော့ပါဘူး။ စာစောင်တွေကို ဖတ်ပြီးတဲ့အခါ ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီကို ရုတ်တရက် တွေးမိလိုက်ပါတယ်။

ကျန်းကျွယ်ရှီရဲ့ သူ့အပေါ် မျက်နှာသာပေးမှုက နှစ်တွေ ဒီလောက်ကြာတာတောင် လျော့မသွားသေးပါဘူး။ ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ကျန်းကျွယ်ရှီဆီ အိပ်မက်ထဲကနေ သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ အိပ်မက်ကို ပုံရိပ်ယောင်အသွင် ပြောင်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အဘိုးအိုကြီးပုံစံနဲ့ ပုံရိပ်ယောင်ထဲမှာ ပေါ်လာပါတယ်။

ကျန်းကျွယ်ရှီဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ အဘိုးကြီးအသွင် ပြောင်းထားတဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် အံ့ဩမှင်တက်သွားပါတယ်။

“ဆရာသခင်...” ကျန်းကျွယ်ရှီဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။ အဲဒီနောက် ကျန်းကျွယ်ရှီရဲ့ ခံစားချက်တွေဟာ ထိုးထွက်လာပါတယ်။ ဒါပေမဲ့ ကျန်းကျွယ်ရှီဟာ သူ့ခံစားချက်တွေကို ပေါက်ကွဲမထွက်အောင် ကောင်းစွာ ထိန်းချုပ်လိုက်ပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “တပည့်... အဆင်ပြေရဲ့လား”

ကျန်းကျွယ်ရှီဟာ ရုတ်တရက် နိုးထသွားပါတယ် ‘ဒါ ဘယ်နေရာလဲ... ငါ အာရုံခံလို့ မရပါ့လား... အစစ်အမှန် မဟုတ်ဘူးဆိုတော့ ပုံရိပ်ယောင်လား... ငါက ငါ့ဆရာသခင်ကို တော်တော် သတိရနေတာပဲ’

ကျန်းကျွယ်ရှီဟာ စိတ်သက်သာရာ ရသွားပြီး ဟန်ကျွယ်ကို သူ့စိတ်ကူးထဲက ဆရာသခင်ထင်ကာ စကားပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“မဆိုးပါဘူး ဆရာသခင်၊ ဒီနှစ်တွေမှာ...” ကျန်းကျွယ်ရှီဟာ သူ့အတိတ်ကို စပြီးတော့ ပြောပြပါတယ်။ ဟန်ကျွယ်ကလည်း စိတ်ရှည်လက်ရှည် နားထောင်ပါတယ်။

အတော်အတန် ကြာသွားတဲ့အခါမှာတော့ ကျန်းကျွယ်ရှီဟာ သူ့အတွေ့အကြုံတွေကို ပြောပြလို့ ပြီးသွားပါတယ်။ ဟန်ကျွယ် သိထားသလိုပဲ ကျန်းကျွယ်ရှီဟာ ဘိုးဘေးရှီတျန်ရဲ့ ချုပ်နှောင်မှုကို ခံထားရတုန်းဖြစ်ပြီး အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်နေပါတယ်။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်းအတွက် တော်တော် ခက်ခဲခဲ့မှာပဲ၊ ကောင်းကင်တာအိုကနေ ထွက်ခွာပြီးရင် သတိမလွတ်စေနဲ့၊ တစ်တောင်ထက် တစ်တောင် ပိုမြင့်တယ်ဆိုတဲ့ စကားကို စိတ်ထဲမှာ စွဲနေအောင် မှတ်ထားချည်၊ တာအိုပညာရှိတွေက ကောင်းကင်တာအိုရဲ့ ထိပ်ဆုံးပဲ ရှိတာ”

ကျန်းကျွယ်ရှီဟာ မချိပြုံး ပြုံးလိုက်ပါတယ် “ကျွန်တော် တကယ်ကို စိတ်လိုက်မာန်ပါ လုပ်မိခဲ့တာ”

“ဆရာက မင်းကို အမြဲတမ်း ကြည့်နေမယ်၊ ဆရာ မင်းလုပ်နိုင်တယ်ဆိုတာကို ယုံကြည်တယ်၊ အခု ဆရာ မင်းကို ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးမယ်၊ တကယ်လို့ သေခြင်းရှင်ခြင်း အခြေအနေကို ကြုံရင် ဒီဆန်းကြယ်စွမ်းအားကို သုံးလို့ရတယ်”

ကျန်းကျွယ်ရှီဟာ တိတ်ဆိတ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဆင့်ခေါ်ပညာရပ်ကို ချက်ချင်း သင်ကြားပေးလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ သေရေးရှင်ရေး မဟုတ်ရင် ဒီဆန်းကြယ်စွမ်းအားကို အသုံးမပြုဖို့လည်း အထပ်ထပ် မှာကြားလိုက်ပါတယ်။

ကျန်းကျွယ်ရှီဟာ ခေါင်းညိတ်လိုက်ပါတယ်။

အဲဒီနောက် အိပ်မက်ဟာ ကွဲကြေသွားပါတယ်။

ကျန်းကျွယ်ရှီလည်း ရုတ်တရက် နိုးသွားပြီး သူက တောင်ထိပ်မှာ ထိုင်လျက် ရှိနေသေးတာကို သတိပြုမိသွားပါတယ်။ ကျန်းကျွယ်ရှီဟာ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။

“ဆန်းကြယ်စွမ်းအားကို သုံးသပ်နားလည်တာက ဆရာသခင်ကို အိပ်မက် မက်စေလိမ့်မယ်လို့ ထင်မထားဘူး၊ ဘဝပေါင်းတစ်သိန်းကျော်အောင် အတွေ့အကြုံရှိတဲ့ ငါက ဘာဖြစ်လို့ တစ်စုံတစ်ယောက်ကို ဒီလောက်ထိ သတိရနေရတာလဲ၊ ဘာဖြစ်လို့လဲ...” ကျန်းကျွယ်ရှီဟာ တစ်ကိုယ်တည်း ရေရွတ်ရင်း မျက်လုံးတွေ မှုန်ဝါးသွားပါတယ်။

ကျန်းကျွယ်ရှီဟာ အိပ်မက်ထဲမှာ ဟန်ကျွယ် သင်ပေးခဲ့တဲ့ ဆန်းကြယ်စွမ်းအားကို သူ့ဘာသာ သုံးသပ်နားလည်ထားတဲ့ ဆန်းကြယ်စွမ်းအားလို့ ထင်နေပါတယ်။ ဒီနှစ်တွေမှာ ကျန်းကျွယ်ရှီဟာ ဆန်းကြယ်စွမ်းအားမျိုးစုံကို ဖန်တီးခဲ့ပါတယ်။ တကယ်တော့ ကျန်းကျွယ်ရှီဟာ ဒီအကျဉ်းထောင်ကနေ ဖောက်ထွက်ဖို့အတွက် လိုအပ်တဲ့ လက်နက်ကိရိယာတွေကို ပြင်ဆင်နေတာပါ။

ကျန်းကျွယ်ရှီဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်ကျင့်ကြံပါတယ်။ ဒီနေရာက ကျင့်ကြံရတာ အဆင်ပြေပေမဲ့ ကျန်းကျွယ်ရှီကို သက်သောင့်သက်သာ မဖြစ်စေပါဘူး။ ကျန်းကျွယ်ရှီဟာ သူ့ဘဝရဲ့ ကံကြမ္မာကို သူ့လက်ထဲမှာပဲ ကိုင်ထားချင်ပါတယ်။

.....

တာအိုဘုံကျောင်းထဲက ရှင်းဟုန်ရွှမ်ဟာ မျက်လုံးဖွင့်ပြီး သူ့ဝမ်းဗိုက်ကို တို့ထိလိုက်ပါတယ်။ အဲဒီနောက် ရှင်းဟုန်ရွှမ်ဟာ မသိမသာ မျက်မှောင်ကြုတ်သွားပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဒီနှစ်တွေမှာ သန္ဓေသားလောင်းက လှုပ်ရှားလာတာကို ခံစားမိပါတယ်။ လှုပ်ရှားလာတယ် ဆိုတာက အသိဉာဏ် ရှိလာတာကို ပြနေပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။ ရှင်းဟုန်ရွှမ်ဟာ သူ့သားကို ဘယ်တော့မှ မမွေးဖွားရင် ကျင့်ကြံမှုအကူပစ္စည်းအဖြစ် သုံးလို့ရမှန်း သိပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက သူ့သားအပေါ် မတရားရာ ကျလွန်းပါတယ်။

‘ငါ သူ့ကို အတင်းမွေးဖွားသင့်လား...’

ဒါပေမဲ့ ရှင်းဟုန်ရွှမ်ဟာ အိပ်မက်ထဲမှာ အနာဂတ် ရှင်းဟုန်ရွှမ် ပြောခဲ့တဲ့ စကားတွေကို ပြန်တွေးမိသွားပါတယ်။ ဒါကြောင့် သူမ တာအိုဘုံကျောင်းထဲက ထွက်ပြီး ဟန်ကျွယ်ဆီ သွားလည်ပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ကြည့်နေတုန်းမလို့ အားလပ်နေပါတယ်။ ဒါကြောင့် ရှင်းဟုန်ရွှမ်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။

“ကြိုမွေးဖွားချင်တာလား... မရဘူး၊ ဒီကလေးက သာမန်အတိုင်း မွေးဖွားဖို့လိုတယ်၊ မဟုတ်ရင် သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူး” ဟန်ကျွယ်က အလေးအနက် သတိပေးလိုက်ပါတယ်။

“ဘာဖြစ်လို့လဲ၊ ကန့်သတ်စည်း ရှိနေလို့လား”

ဟန်ကျွယ်ဟာ ကသိကအောက် ဖြစ်သွားပြီး ရှင်းဟုန်ရွှမ်ရဲ့ မေးခွန်းကို ဘယ်လို ပြန်ဖြေရမလဲ မသိတော့ပါဘူး။

ဟန်ကျွယ်က ဘာမှ ပြန်မဖြေတဲ့အတွက် ရှင်းဟုန်ရွှမ်ဟာ ပိုပြီးတော့ စိုးရိမ်သွားပါတယ် “ဒီနှစ်တွေမှာ သူက ပိုပိုပြီးတော့ လှုပ်ရှားလာတယ်၊ စောစော မွေးဖွားပေးဖို့ မိန်းမကို တောင်းပန်နေသလိုပဲ”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ရှင်းဟုန်ရွှမ်ရဲ့ ဝမ်းဗိုက်ကို ကြည့်လိုက်တဲ့အခါ သန္ဓေသားလောင်းက တကယ်လှုပ်ရှားနေတယ် ဆိုတာကို သွားတွေ့ပါတယ်။ သန္ဓေသားလောင်းက အသိဉာဏ်ရှိလာပါပြီ။ ဒါပေမဲ့ တော်တော်လေး အားနည်းနေသေးတဲ့အတွက် လွတ်လွတ်လပ်လပ် မတွေးခေါ်နိုင်သေးပါဘူး။

ဒီကလေးကို မွေးဖွားချင်တယ်ဆိုရင် သူ့ရဲ့ သွေးစည်းကို အရင်ဆုံး ချိတ်ပိတ်ဖို့ လိုပါတယ်။

“ငါ့ဘေးမှာ လာထိုင်ချည်” ဟန်ကျွယ်က ညင်သာစွာ ပြောလိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters