နတ်ဘီလူးများ၏ ကပ်ဘေး
Vol. 78 Ch. 828
ဟန်ကျွယ်ရဲ့ တာအိုပညာရှိအာရုံဟာ သန္ဓေသားလောင်းရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားပြီး လောကဦးနတ်ဘီလူး သွေးစည်းကို ချိပ်ပိတ်ဖို့ ပြင်လိုက်ပါတယ်။
“ဝုန်း...”
ဟန်ကျွယ်ဟာ တုန်တက်သွားပြီး မျက်လုံးကျဉ်းသွားပါတယ်။ ကြီးမားတဲ့ အင်အားတစ်ခုဟာ သန္ဓေသားလောင်းကနေ ထွက်ပေါ်လာပြီး ဟန်ကျွယ်ရဲ့ တာအိုပညာရှိအာရုံကို ခုခံပါတယ်။
“ဒီကောင်လေး...”
ဟန်ကျွယ်ဟာ နည်းနည်း စိတ်တိုသွားပါတယ် ‘ငါက မင်း သွေးစည်းကို ဖိနှိပ်ရုံပါ၊ မင်းပဲ အပြင်ထွက်ချင်နေတာ မဟုတ်ဘူးလား...’
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းလိုက်ပြီး ထပ်ကြိုးစားပါတယ်။
ရှင်းဟုန်ရွှမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆို့တော့ ဗိုက်နာလာလို့ပါ။ ဒါပေမဲ့ တာအိုပညာရှိ ဖြစ်တဲ့အတွက် နာကျင်မှုကို မကြောက်ပါဘူး။
သန္ဓေသားလောင်းက ဟန်ကျွယ်ရဲ့ တာအိုပညာရှိအာရုံကို ဆက်ပြီးတော့ ခုခံတဲ့အတွက် ဟန်ကျွယ်လည်း ရွေးချယ်စရာ မရှိဘဲ ဓမ္မစွမ်းအားကို သုံးလိုက်ရပါတယ်။
အချိန်အတန်ကြာတဲ့အခါမှာတော့...
ဟန်ကျွယ်ဟာ သူလုပ်နေတာတွေကို ရပ်လိုက်ပါတယ် “သူ့သွေးစည်းက မရိုးရှင်းဘူး၊ သူ တကယ် မွေးဖွားချင်တယ်ဆိုရင် သူ့သွေးစည်းကို ချိပ်ပိတ်မှရမယ်၊ ဒါပေမဲ့ မွေးဖွားပြီးရင် ပါရမီရှင်ဖြစ်တော့မှာ မဟုတ်ဘူး”
ရှင်းဟုန်ရွှမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “မဖြစ်မနေ ချိပ်ပိတ်ရမှာလား”
“ဟုတ်တယ်၊ မဟုတ်ရင် ကပ်ဘေး ဖြစ်လာလိမ့်မယ်၊ ဒီကိစ္စကို မင်း ဘယ်သူ့ကိုမှ ပြောလို့မရဘူး၊ ဒီကလေးကိုလည်း မပြောနဲ့”
ရှင်းဟုန်ရွှမ်ဟာ တိတ်ဆိတ်သွားပါတယ်။ ရှင်းဟုန်ရွှမ်ဟာ သူ့သားက သာမန်မဟုတ်ဘူးဆိုတာကို ခန့်မှန်းမိတာ ကြာပါပြီ။
“ဒါဆိုလည်း ထပ်ပြီး စောင့်ရအောင်၊ ကျွန်မ အတွေးများနေတာလည်း ဖြစ်နိုင်တာပဲ” ရှင်းဟုန်ရွှမ်က ခပ်တိုးတိုး ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး သူ့သားရဲ့ အသိဉာဏ်ကို တိတ်တဆိတ် ချိပ်ပိတ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအတိုင်းထားလိုက်ရင် သူ့သားက မမွေးဖွားခင်ကတည်းက မြေခွေးအိုကြီး ဖြစ်နေမှာစိုးလို့ပါ။
ရှင်းဟုန်ရွှမ်ဟာ မတ်တတ်ရပ်ပြီး ထွက်ခွာသွားပါတယ်။
ရှင်းဟုန်ရွှမ် ထွက်သွားတဲ့အခါ ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ လောကဦး နတ်ဘီလူးအဖြစ် ဆက်ရှိနေရင် ငါ့သားက သာမန်အတိုင်း မမွေးဖွားနိုင်ဘူးလား”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မှန်ပါသည်။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘ဒီလိုဆိုမှတော့ ငါ မင်းကို နောက်ထပ် နှစ်ရှစ်သန်း ပျိုးထောင်မယ်၊ လောကဦးပဋိပက္ခ မဟာဖန်တီးမှု အပိုင်းအစ ကိုးစ စုံရင်တော့ မင်း မွေးဖွားလာနိုင်မှာပါ’
နှစ်တစ်သိန်း ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားဟာ သုံးလေးဆ ထပ်တိုးသွားပြီး ၀.၁၀၈ နဟုတံရှိတဲ့ ကြယ်တွေကလည်း ထပ်ပြီးတော့ အသွင်ပြောင်းလဲသွားပါတယ်။
ဟန်ကျွယ်ဟာ သူရဲ့ ကျင့်ကြံမှုရလဒ်ကို တော်တော်လေး ကျေနပ်အားရပါတယ်။ ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်ဖို့ ဘယ်လောက်လိုသေးလဲ မသိပေမဲ့ အနည်းဆုံးတော့ မျှော်လင့်ချက်ရှိလာပြီ မဟုတ်ပါလား။
ပဋိပက္ခမှာ မဟာတာအိုပညာရှိချုပ်က လက်ချိုးရေလို့ ရပါတယ်။ မဟာတာအိုပညာရှိ အများစုတောင် ဒီအဆင့်ရှိနေတာကို မသိကြပါဘူး။ ပဋိပက္ခမှာ မဟာတာအိုပညာရှိ အရေအတွက်ကလည်း တစ်ထောင်ကျော်တာ မဟုတ်ပါဘူး။
ဟန်ကျွယ် ကြယ်သန့်စင်တာကို ရပ်လိုက်တာက ကောင်းကင်တာအို အပြင်ဘက်မှာ ရင်းနှီးတဲ့ရောင်ဝါတစ်ခု ပေါ်လာလို့ပါ။ ဒီရောင်ဝါပိုင်ရှင်က ပဋိပက္ခနတ်ဘီလူး ဟုန်စဲ့မင်ယွင် ဖြစ်ပါတယ်။
ဟုန်စဲ့မင်ယွင်ဟာ ကောင်းကင်တာအို အပြင်ဘက်မှာ စောင့်နေတာ နှစ် ၂,၀၀၀ ကျော်သွားပါပြီ။ ဟုန်စဲ့မင်ယွင်ဟာ အမှောင်တားမြစ်နယ်မြေမှာ ဟန်ကျွယ်ကို စောင့်ရင်း တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။
ဟုန်စဲ့မင်ယွင်ဟာ ဟန်ကျွယ် ပျံသန်းလာတာကို အာရုံခံမိတဲ့အတွက် မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ်။
“မင်း ဘာလို့ ထပ်လာတာလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟုန်စဲ့မင်ယွင် ကောင်းကင်တာအိုနားကို ရောက်လာကတည်းက အာရုံခံမိပါတယ်။ ဒါပေမဲ့ မတွေ့ချင်တဲ့အတွက် ထွက်မတွေ့တာပါ။ ဒါပေမဲ့ ဟုန်စဲ့မင်ယွင်က ဇွဲရှိရှိနဲ့ နှစ် ၂,၀၀၀ ကျော်အောင် စောင့်တဲ့အတွက် ဟန်ကျွယ်မှာ ထွက်တွေ့ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။
“ဘာဖြစ်လို့လဲ တာအိုရောင်းရင်းဟန်... ဘာဖြစ်လို့ ကျွန်မကို ဒီလောက်တောင် သတိထားနေရတာလဲ၊ ကျွန်မ ကောင်းကင်တာအိုကို မတိုက်ခိုက်သလို ရှင့်ကိုလည်း အကောက်မကြံပါဘူး”
ဟန်ကျွယ်ဟာ ဆိတ်ဆိတ်ပဲ နေလိုက်ပါတယ်။ ဟုန်စဲ့မင်ယွင်က ဆက်ပြောပါတယ် “ထားလိုက်ပါတော့၊ အလုပ်ကိစ္စပဲ ပြောရအောင်၊ နတ်အာဏာရှင် စစ်သူကြီးတွေလို့ခေါ်တဲ့ ကြောက်မက်ဖွယ် အုပ်စုတစ်စု ပဋိပက္ခနက်ထဲမှာ ပေါ်လာတယ်၊ သူတို့ကို တစ်စုံတစ်ခုကို ရှာနေပုံရတယ်၊ သူတို့ကို ခုခံတဲ့ ပဋိပက္ခ နတ်ဘီလူးတစ်ပါးဆို တစ်ခါတည်း အသတ်ခံလိုက်ရတယ်၊ အဲဒီပဋိပက္ခ နတ်ဘီလူးရဲ့ ရုပ်နာမ်နှစ်ပါးစလုံး ပျက်သုဉ်းသွားတာ”
‘ဒီလောက်တောင် ကြမ်းတာလား...’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီနတ်အာဏာရှင် စစ်သူကြီးတွေက စစ်ဆေးတာကို အကြောင်းပြပြီး ပဋိပက္ခကို ရှင်းချင်တာလား’
“ကျွန်မ မဟာရှေးဟောင်း နတ်ဘီလူးကို ဒီအကြောင်းမေးဖို့ သူ့နယ်မြေဆီ သွားသေးတယ်၊ ဒါပေမဲ့ သူက မဟာရှေးဟောင်းနယ်မြေမှာ မရှိတော့ဘူး၊ သူတင်မကဘူး၊ သူ့နောက်လိုက်တွေလည်း ရှာမတွေ့ဘူး”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဟုန်စဲ့မင်ယွင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ဒီအဘိုးကြီးက တစ်ခုခုကို ကြိုသိထားလို့ တစ်နေရာရာမှာ သွားပုန်းနေတာ ဖြစ်ရမယ်၊ ကျွန်မ တာအိုရောင်းရင်းဟန်ကို လာရှာတာက နတ်အာဏာရှင် စစ်သူကြီးတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဆွေးနွေးချင်လို့ပဲ”
“မင်း အဲဒီ နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ စွမ်းအားနဲ့ အရေအတွက်ကို သိလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“မဟာတာအိုပညာရှိ... နတ်အာဏာရှင် စစ်သူကြီးတစ်ပါးရဲ့ စွမ်းအားက ထိပ်တန်း မဟာတာအိုပညာရှိတစ်ပါးစာ ရှိတယ်၊ နောက်ပြီး ကြောက်ဖို့အကောင်းဆုံးက သူတို့ရဲ့ အရေအတွက်ပဲ၊ သူတို့အရေအတွက်က တစ်သောင်းနီးပါး ရှိတာဆိုတော့ ပဋိပက္ခမှာ ပြိုင်ဘက်ကင်းတယ်လို့ ပြောလို့ရတယ်၊ ကျွန်မတို့တွေ ခုခံတာကို လက်လျှော့ရင်လျှော့ မဟုတ်ရင်လည်း သူတို့ကို တစ်ယောက်တည်း ရင်ဆိုင်လို့ မဖြစ်ဘူး”
ဟန်ကျွယ်က ထပ်မေးလိုက်ပါတယ် “ငါတို့တွေ မခုခံရင် အသက်ရှင်မှာလား” စိုးရိမ်မှုအပြည့်ပါပဲ။
“ပဋိပက္ခသက်ရှိတွေကတော့ အသက်ရှင်တယ်၊ ဒါပေမဲ့ ပဋိပက္ခ နတ်ဘီလူးတစ်ပါးက နတ်အာဏာရှင်စစ်သူကြီးတစ်ပါးနဲ့ တွေ့တွေ့ချင်း အသတ်ခံလိုက်ရတယ်၊ နောက်ပြီး မဟာရှေးဟောင်း နတ်ဘီလူးကလည်း ပျောက်သွားတယ်ဆိုတော့...” ဟုန်စဲ့မင်ယွင်ရဲ့ မျက်နှာဟာ
“အင်း... ပန်ကူးကလည်း ပျောက်နေတာ အတော်ကြာပြီ၊ မင်းရော ဒါကို ထူးဆန်းတယ်လို့ မထင်မိဘူးလား”
“ကျွန်မအထင် လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတစ်ခုက ပဋိပက္ခ နတ်ဘီလူးတွေ အကုန်လုံးကို ရှင်းပစ်ဖို့ ကြံစည်နေတာ ဖြစ်ရမယ်”
ဟန်ကျွယ်ဟာ မျက်မှောင် ပိုကြုတ်သွားပြီး ရုတ်တရက် နားလည် သဘောပေါက်သွားပါတယ် ‘ဟုတ်တယ်... ဒါ ဖြစ်နိုင်တယ်၊ ပဋိပက္ခ နတ်ဘီလူးတွေ လောကဦး နတ်ဘီလူး ဖြစ်လာနိုင်တာကို ပဋိပက္ခသိစိတ်က ကျိန်းသေပေါက် သိမှာပဲ၊ အရင်တုန်းကလည်း ပန်ကူး ကြိုးစားခဲ့ဖူးတာပဲ... ပဋိပက္ခသိစိတ်က လောကဦး နတ်ဘီလူးကို ရှာမတွေ့လို့ ဖြစ်နိုင်ခြေရှိတဲ့ ပဋိပက္ခ နတ်ဘီလူးတွေကို ရှင်းပစ်ချင်တာ ဖြစ်ရမယ်’
လောကဦး နတ်ဘီလူးက ပဋိပက္ခ သက်ရှိအဖြစ် မွေးဖွားမယ်ဆိုရင်တောင် စွမ်းအားကြီးလာဖို့ အချိန်အများကြီး ယူရမှာပါ။ မဟာတာအိုပညာရှိချုပ်နဲ့ မဟာတာအိုပညာရှိတွေသာ လောကဦး နတ်ဘီလူးအဖြစ် ပြောင်းလဲမယ်ဆိုရင် ခြိမ်းခြောက်မှုက တော်တော်ကြီးမားမှာပါ။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဓားရူးတာအိုပညာရှိက မဟာတာအို အထွတ်အထိပ်အဆင့်ကို မရောက်ခင် နတ်အာဏာရှင် စစ်သူကြီးတစ်ပါးကို အနိုင်ယူနိုင်စွမ်း ရှိမယ်လို့ထင်လား”
ဟုန်စဲ့မင်ယွင်က ပြန်ပြီးတော့ စပ်စုပါတယ် “မဟာတာအို အထွတ်အထိပ်က ဘာကို ပြောတာလဲ၊ မဟာတာအိုပညာရှိ အထက်က အဆင့်လား”
ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ အဖြေပြန်ပေးလိုက်ပါတယ်။
ဟုန်စဲ့မင်ယွင်ဟာ အတွေးနက်သွားတဲ့အတွက် ဟန်ကျွယ်ဟာ ချောင်းဟန့်ပြီး ဟုန်စဲ့မင်ယွင်ကို နိုးလိုက်ပါတယ်။
“နိုင်မှာပေါ့၊ ဓားရူးတာအိုပညာရှိက မဟာတာအိုပညာရှိတွေထဲမှာ ထိပ်တန်းတည်ရှိမှုပဲ၊ ကျွန်မ သိသလောက်ဆိုရင် အဲဒီ ရုပ်နာမ်နှစ်ပါး ပျက်သုဉ်းသွားတဲ့ ပဋိပက္ခ နတ်ဘီလူးက နတ်အာဏာရှင် စစ်သူကြီးနှစ်ပါးနဲ့ အရင်တိုက်ခိုက်တာ၊ ပြီးတော့မှာ အုပ်စုလိုက် ဝိုင်းတိုက်တာ ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရတာ”
“နတ်အာဏာရှင် စစ်သူကြီးတွေက ဒီလောက် စွမ်းအားကြီးမှတော့ မင်း ဘာဖြစ်လို့ ငါ့ကို လာရှာနေသေးတာလဲ၊ သူတို့တွေ ပဋိပက္ခ နတ်ဘီလူးတွေကို တကယ် ရှင်းပစ်ချင်တာ မဟုတ်ဖို့ မျှော်လင့်ရမှာပဲ၊ အချိန်ရောက်လာရင် မခုခံနဲ့”
ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူးတွေ ပိုသေဖို့ ဆန္ဒရှိနေတဲ့လူပါ။ ပဋိပက္ခ နတ်ဘီလူးတွေနဲ့ လောကဦးနတ်ဘီလူးကို မွေးရာပါရန်သူ မဟုတ်ပါလား။
ဟုန်စဲ့မင်ယွင်ရဲ့ မျက်နှာဟာ ဇီးရွက်လောက်ပဲ ရှိပါတော့တယ် “တာအိုရောင်းရင်းဟန်... တာအိုရောင်းရင်းဟန်က တကယ်ပဲ ကိုယ့်အသက်ကို နတ်အာဏာရှင် စစ်သူကြီးတွေလက်ထဲ အပ်မလို့လား၊ ကျွန်မ တာအိုရောင်းရင်းဟန်ကို လာရှာတာက အတူပူးပေါင်းပြီး ခုခံချင်လို့ မဟုတ်ဘူး၊ သူတို့ကို ခုခံတာက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ၊ ကျွန်မက တာအိုရောင်းရင်းဟန်နဲ့ ပုန်းချင်ရုံပါ၊ တာအိုရောင်းရင်းဟန်ရဲ့ တာအိုစက်ကွင်းက လျှို့ဝှက်ဆန်းကြယ်ပြီး တွက်ချက်လို့မရဘူး၊ တာအိုရောင်းရင်းဟန်ဆိုရင် သူတို့ကို ရှောင်နိုင်လောက်မှာပါ”
‘သူ့ရဲ့ ရည်ရွယ်ချက်က ဒါကိုး...’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ နှာခေါင်းရှုံ့လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “အဲဒါက အထူးစီမံထားတဲ့ ကန့်သတ်စည်းတစ်ခုသာသာပါ၊ တာအိုစက်ကွင်းက ကောင်းကင်တာအိုထဲမှာပဲ ရှိသေးတာဆိုတော့ နတ်အာဏာရှင် စစ်သူကြီးတွေနဲ့ တွေ့ရင် ပုန်းလို့ရမှာ မဟုတ်ဘူး”
ဟုန်စဲ့မင်ယွင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ကျွယ်က ဆက်ပြောပါတယ် “နောက်ပြီး မင်း ငါ့တာအိုစက်ကွင်းထဲကို ဝင်ချင်ရင် ငါ့ဆီမှာ အညံ့ခံဖို့လိုတယ်၊ မင်း ငါ့ကို ဒုက္ခမပေးနိုင်အောင် နည်းလမ်းတချို့ သုံးရလိမ့်မယ်၊ မဟုတ်ရင် ငါ မင်းကို စိတ်မချဘူး”
ဟုန်စဲ့မင်ယွင်က မဟာတာအိုပညာရှိအပြင် ပဋိပက္ခ နတ်ဘီလူးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဟုန်စဲ့မင်ယွင်ကိုသာ အညံ့ခံလာအောင် လုပ်နိုင်မယ်ဆိုရင် တိုက်ခိုက်ရေးကောင်းသမား တစ်ယောက် တိုးသွားမှာပါ။
ဟုန်စဲ့မင်ယွင်ဟာ ဟန်ကျွယ်စကားကြောင့် မျက်မှောင် ကြုတ်သွားပါတယ်။
“ပြန်သွားပြီး သေချာစဉ်းစားချည်၊ ပြီးတော့မှ ငါ့ကို လာရှာချည်” ဟန်ကျွယ်ဟာ စကားဆုံးတာနဲ့ တာအိုဘုံကျောင်းကို ပြန်ပါတယ်။
ဟုန်စဲ့မင်ယွင်ဟာ တစ်ခဏနေပြီးနောက် ထွက်ခွာသွားပါတယ်။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ နတ်အာဏာရှင် စစ်သူကြီးတွေ ဟုန်စဲ့မင်ယွင် ပြောတဲ့ ပဋိပက္ခ နတ်ဘီလူးကို သတ်တာ မြင်ချင်တယ်”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘တော်တော်ဈေးကြီးတာပဲ’
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟင်းလင်းပြင်ထဲမှာ ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဒီနေရာမှာ အလင်းနက်တွေက ဟင်းလင်းပြင်နဲ့ အပြိုင် တည်ရှိနေပါတယ်။ ဟန်ကျွယ်ရှေ့မှာတော့ မရေမတွက်နိုင်တဲ့ ကြယ်တွေကို လွှမ်းအုပ်ထားတဲ့ ဧရာမ အရိုးခြောက်ကြီးကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို အာရုံခံမိတဲ့အတွက် နောက်လှည့်ကြည့်လိုက်တဲ့အခါ အမှောင်ထုထဲမှာ အားကောင်းတဲ့ အလင်းရောင်တစ်ခု ပေါ်လာပြီး အရှိန်အဟုန်နဲ့ ပျံသန်းလာတာကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းပြီး သေချာစိုက်ကြည့်လိုက်တဲ့အခါ ဒီအားကောင်းတဲ့ အလင်းရောင်ထဲမှာ စွမ်းအားကြီးပုဂ္ဂိုလ် အများကြီးကို တွေ့လိုက်ရပါတယ်။ ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေက ပုကျိုးနတ်တောင်ထက် မြင့်မားပြီး ဘေးချင်းယှဉ် ရင်ဘောင်တန်း လျှောက်လှမ်းလာကြပါတယ်။ သူတို့ရဲ့ ရုပ်သွင်က သံချပ်ကာလိုမျိုး ရှိပြီး ဗိုလ်ကျလွန်းလှပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။