← Chapters

နှစ်သုံးသန်းအလို

Vol. 78 Ch. 829

နှစ်သုံးသန်းအလို

Vol. 78 Ch. 829

ဟန်ကျွယ်ဟာ နတ်အာဏာရှင် စစ်သူကြီး တစ်သောင်းကို အဝေးကနေကြည့်ရင်း မျက်မှောင်ကြုတ်သွားပါတယ်။

ပုံရိပ်ယောင်ထဲမှာတောင် နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းရဲ့ ရောင်ဝါက ဟန်ကျွယ်ကို ထိတ်လန့်သွားစေပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းရဲ့ စုပေါင်းရောင်ဝါက တကယ်ကို ဖိနှိပ်လွန်းတာပါ။

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ တစ်သောင်းနှစ်ထောင်နဲ့ ရင်ဆိုင်တုန်းကလည်း ဒီလိုမျိုး ရောင်ဝါကို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ ရောင်ဝါက နတ်ဘုရားရဲ့ ရောင်ဝါလိုမျိုး စကားနဲ့ ဖော်ပြလို့ရတဲ့အရာ မဟုတ်ပါဘူး။

နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းဟာ ရင်ဘောင်တန်းပြီး လျှောက်လှမ်းလာကြပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတိုင်းဟာ ပုကျိုးနတ်တောင်ထက် ပိုမြင့်မားပါတယ်။ ပုကျိုးနတ်တောင် တစ်သောင်း ဘေးချင်းယှဉ်ပြီး ရှေ့ကို တွန်းတိုက်သွားမယ်ဆိုရင်တောင် ဘယ်အရာကမှ တားဆီးလို့ရနိုင်မှာ မဟုတ်ပါဘူး။ နတ်အာဏာရှင် စစ်သူကြီးတွေကတော့ ပြောမနေပါတော့နဲ့.

ဧရာမအရိုးခြောက်ဟာ မဆိုစလောက် တုန်ခါသွားပြီး မရေမတွက်နိုင်တဲ့ ကြယ်တွေဟာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပါတယ်။

“မင်းတို့တွေ ဒီကို ဘာလို့ ရောက်လာတာလဲ” အသံနက်ကြီးဟာ ဟင်းလင်းပြင်တစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။

ဒါပေမဲ့ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းဟာ ဘာမှ အဖြေပြန်မပေးဘဲ ရှေ့ကိုသာ ဆက်ချီတက်ပါတယ်။ မကြာခင်မှာပဲ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းဟာ ဟန်ကျွယ်ကို ကျော်ဖြတ်ပြီး ဧရာမအရိုးခြောက်ဆီ ဆက်လျှောက်ပါတယ်။

ဟန်ကျွယ်ဟာ နတ်အာဏာရှင်စစ်သူကြီးတွေ သူ့ကို ဖြတ်သွားတဲ့အခါ အားကောင်းတဲ့ အပူဓာတ်ကို ခံစားလိုက်ရပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတွေက သက်ရှိတွေဖြစ်ဟန် မတူပါဘူး။ ဓမ္မစွမ်းအားကနေ ဖြစ်တည်လာတဲ့ အဆင့်မြင့် တည်ရှိမှုတစ်ခုနဲ့ တူပါတယ်။

ဧရာမအရိုးခြောက်ကြီးဟာ နတ်အာဏာရှင် စစ်သူကြီးတွေ ချဉ်းကပ်လာတဲ့အခါ တုန်ယင်သွားပါတယ်။ အဲဒီနောက် လက်မြှောက်ပြီး နတ်အာဏာရှင် စစ်သူကြီးတွေကို ရိုက်ပုတ်လိုက်ပါတယ်။ ဒီလက်က ကြီးလွန်းတဲ့အတွက် ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး အဆုံးမရှိတဲ့ အာကာသလျှပ်စီးတွေကို သယ်ဆောင်လာပါတယ်။

နတ်အာဏာရှင် စစ်သူကြီးနှစ်ပါးဟာ ပျံထွက်လာပြီး သူတို့ရဲ့ စစ်လှံတွေကို ဝှေ့ယမ်းလိုက်တဲ့အခါ ကြောက်မက်ဖွယ် နတ်စွမ်းအား ထွက်ပေါ်လာပြီး ဒီဧရာမလက်ကြီးရဲ့ အရိုးတွေကို ကွဲကြေသွားစေပါတယ်။

ဧရာမအရိုးခြောက်ကြီးပေါ်က မရေမတွက်နိုင်တဲ့ ကြယ်တွေဟာ အလင်းရောင်ပြင်းကို ထုတ်လွှတ်ပြီး ရုပ်သွင်တစ်ခုအဖြစ် ခပ်မြန်မြန် ခဲသွားပါတယ်။ ဒီရုပ်သွင်က ပဋိပက္ခ နတ်ဘီလူးပါ။

ပဋိပက္ခနတ်ဘီလူးဟာ နောက်ထပ် လက်တစ်ဖက်ကို ခဲပြီး ခန္ဓာကိုယ်ပေါ်က အလင်းရောင်ပြင်းကို လက်ဝါးပြင်ထက် စုစည်းလိုက်ပါတယ်။ အဲဒီနောက် အလင်းရောင်ဝဲဟာ လျင်မြန်စွာ ကျယ်ပြန့်သွားပြီး ဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းမိုးသွားပါတယ်။

အလင်းရောင်ဝဲက ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ် စုပ်အားဟာ အာကာသကို စုတ်ပြဲသွားစေပါတယ်။ ဟန်ကျွယ်ဟာ ဝဲကတော့ထဲက သွေးသံရဲရဲ ပါးစပ်ကို မသဲမကွဲ မြင်လိုက်ရပါတယ်။ ဒီပါးစပ်က ဖော်ပြလို့မရအောင် ပုံမဲ့လွန်းပြီး တော်တော် ကြောက်ဖို့ကောင်းပါတယ်။

ရုတ်တရက်ဆိုသလို နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းဟာ ရှေ့ကို စုပြုံတက်လာပါတယ်။ ဒီမြင်ကွင်းက အရမ်းကို ထိတ်လန့်ဖို့ကောင်းပါတယ်။ ပုကျိုးနတ်တောင်ထက် မြင့်မားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်သောင်းက ပဋိပက္ခ နတ်ဘီလူးဆီ အပြေးချီတက်သွားတာ မဟုတ်ပါလား။

နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းပေါ်က အလင်းရောင်ဟာ စစ်လှံတစ်စင်းအဖြစ် စုစည်းပြီး ပဋိပက္ခကို ခွဲကာ အလင်းရောင်ဝဲကို တစ်ချက်တည်း ကွဲကြေသွားစေပါတယ်။

“ပဋိပက္ခရဲ့ ပြဿနာကောင်... သေစမ်း...” ဩဇာပါတဲ့ အသံကျယ်ကြီးဟာ ဟင်းလင်းပြင်ကို တုန်ခါသွားစေပါတယ်။ ဟန်ကျွယ်ရဲ့ တာအိုနှလုံးသားလည်း ထခုန်မတတ် ဖြစ်သွားပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို အားကောင်းတဲ့ အလင်းရောင် ဖြာထွက်လာပြီး ဟန်ကျွယ်ရဲ့ မြင်ကွင်းကို အုပ်ဆိုင်းသွားပါတယ်။

ပုံရိပ်ယောင်လည်း ကွဲကြေသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး တိုက်ပွဲဖိအားကို ပြန်တွေးကြည့်လိုက်ပါတယ်။ နောက်ဆုံးအချိန်မှာ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းဆီက ပေါက်ကွဲထွက်လာတဲ့ ရောင်ဝါဟာ ဓားရူးတာအိုပညာရှိ တစ်သောင်းခွဲရဲ့ ပူးပေါင်းအားနဲ့ သွားညီနေပါတယ်။

‘ငါ ထင်တော့ ထင်သားပဲ... ဒီနတ်အာဏာရှင် စစ်သူကြီးတစ်သောင်းက မရိုးရှင်းပါဘူးလို့၊ ဒီကောင်တွေက သာမန် မဟာတာအိုပညာရှိတွေ နှိုင်းယှဉ်လို့ရတဲ့အရာ မဟုတ်ဘူး’

“နတ်အာဏာရှင် စစ်သူကြီးတစ်သောင်း ကောင်းကင်တာအိုကိုရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို‌ မေးလိုက်ပါတယ်။

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[နှစ်သုံးသန်း။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ နှစ်သုံးသန်းက နည်းနည်းတော့ တိုတောင်းလွန်းပါတယ်။ နတ်အာဏာရှင် စစ်သူကြီး တစ်သောင်းသာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို တိုက်ခိုက်ရင် ကောင်းကင်တာအိုကို ကျိန်းသေပေါက် သက်ရောက်မှာပါ။

ဒါကြောင့် ဟန်ကျွယ်ဟာ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တိုက်ပွဲရလဒ်ကတော့ စောင့်ကြည့်ရမှာပါ။ တကယ်လို့ ပဋိပက္ခသိစိတ်က ကိုယ်တိုင် တိုက်ခိုက်ရင်တော့ ဟန်ကျွယ်ဟာ တာအိုစက်ကွင်းထဲ ဝင်ပုန်းမှာပါ။ အဲဒီအချိန်ရောက်ရင်တော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ဂရုစိုက်အားမှာ မဟုတ်တော့ပါဘူး။

အဲဒီမတိုင်ခင်တော့ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို တတ်နိုင်သလောက် တိုးတက်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ လက်ရှိစွမ်းအားနဲ့ နတ်ဏာရှင် စစ်သူကြီးတစ်သောင်းကို တစ်ချက်တည်း သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး လောကဦးကမ္ဘာထဲက ကြယ်တွေကို ဆက်ပြီးတော့ သန့်စင်ပါတယ်။

လျှို့ဝှက်ဆန်းကြယ်တဲ့ အာကာသတစ်ခု။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ နတ်အလင်းရောင်တွေ ဖြာထွက်နေတဲ့ ရုပ်သွင်ကြီးတစ်ခုရှေ့ ဒူးထောက်နေပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခမ်းနားထည်ဝါလွန်းတဲ့ ဒီရုပ်သွင်ကို မော့တောင် မကြည့်ရဲတဲ့အထိ လေးစားလွန်းပါတယ်။

“မဟာတာအို အနန္တကပ်ဘေးက စတင်နေပြီ၊ ဒါပေမဲ့ ဒီအချိန်က အကြီးအကျယ် ဝရုန်းသုန်းကား ဖြစ်ရမဲ့အချိန် မဟုတ်သေးဘူး” ပုံရိပ်ယောင်လား အစစ်အမှန်လား ခွဲခြားလို့မရတဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခပ်တိုးတိုး မေးလိုက်ပါတယ် “ကျွန်တော်တို့လို သာမန်သက်ရှိတွေက မဟာတာအို အနန္တကပ်ဘေး စတင်ပြီး ပဋိပက္ခနတ်ဘီလူးတွေနဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ သောင်းကျန်းရင် ကပ်ဘေးကို ဘယ်လိုဖြတ်ကျော်ရမလဲဆိုတာ သိချင်ပါတယ်”

ပုံရိပ်ယောင်လား အစစ်အမှန်လား ခွဲခြားလို့မရတဲ့ အသံဟာ ထပ်မံထွက်ပေါ်လာပါတယ် “ပြောဖို့ခက်တယ်”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ နှလုံးနှစ်သွားပါတယ်။ ဒီမသိနိုင်တဲ့ တည်ရှိမှုတောင် သူ့ကို ရှင်သန်ဖို့ အခွင့်အရေးလေးတစ်ခု မပေးနိုင်ဘူး မဟုတ်ပါလား။

“ကစားပွဲက စတင်ခဲ့ပြီ၊ သက်ရှိအားလုံးက နယ်ရုပ်တွေပဲ၊ လောကဦးနတ်ဘီလူးရဲ့ တည်ရှိမှုက အဲဒီလောက် အရေးမကြီးတော့ဘူး”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မှင်တက်သွားပါတယ် ‘လောကဦး နတ်ဘီလူးက အရေးမကြီးတော့ဘူး...’ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပန်ကူး၊ ရှုံဟွာနဲ့ ပဋိပက္ခနတ်ဘီလူးတွေကို ရုတ်တရက် တွေးမိပြီး ချောက်ချားသွားပါတယ်။

“လောကဦးနတ်ဘီလူးက မဟာတာအို အနန္တကပ်ဘေးရဲ့ သော့ချက် မဟုတ်ဘူးလား” မိစ္ဆာ ကောင်းကင်ဧကရာဇ်က မေးလိုက်ပါတယ်။

“အခုက ဝရုန်းသုန်းကားခေတ်၊ လောကဦးနတ်ဘီလူးက ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ပဋိပက္ခရဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ကိုင်လှုပ်နိုင်မှာ မဟုတ်ဘူး၊ မိစ္ဆာ ကောင်းကင်ဧကရာဇ်... မင်း ရွေးချယ်မှု လုပ်သင့်နေပြီ၊ ဒီလို ဝရုန်းသုန်းကားခေတ်မှာ မင်း ဘက်မှားပြီး ရပ်တာနဲ့ ပျက်စီးဖို့က ကျိန်းသေသွားလိမ့်မယ်”

“ကျွန်‌တော် စီနီယာကို ရွေးချယ်လို့ရမလား”

“ငါက ကပ်ဘေးထဲ မဝင်တော့တာ ကြာပြီ၊ အရာအားလုံးရဲ့ တိုက်ပွဲက င့ါအတွက် အဓိပ္ပာယ်မရှိဘူး၊ ပဋိပက္ခ ဖျက်ဆီးခံရရင်တောင် ငါက ဆက်ပြီးတော့ ရှိနေဦးမှာပဲ၊ မင်း သွားတော့”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တိတ်ဆိတ်သွားပါတယ်။

အတန်ကြာတဲ့အခါမှာတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မတ်တတ်ရပ် ဦးညွှတ်ပြီး ထွက်ခွာသွားပါတယ်။ ခြေဆယ်လှမ်း လှမ်းပြီးတဲ့နောက် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရုတ်တရက် ရပ်ပြီး မေးလိုက်ပါတယ် “ကျွန်တော်ရဲ့ ကံကြမ္မာက ပြောင်းသွားပြီလား”

“မဟာတာအိုရဲ့ ကံကြမ္မာက ထောက်လှမ်းလို့ရတာ မဟုတ်သလို အတိအကျ ရှိနေတာလည်း မဟုတ်ဘူး၊ ယေဘုယျအခြေအနေပေါ် မူတည်ပြီး လိုက်ပြောင်းလဲနေတာ၊ အခုမင်းက မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့ အခွင့်အရေးကို မျက်နှာချင်းဆိုင် တွေ့နေတယ်”

ဒီစကား ကြားလိုက်ရတဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တုံ့ဆိုင်းခြင်းမရှိ ရှေ့ကို ဆက်လျှောက်ပြီး လျင်မြန်စွာ ပျောက်ကွယ်သွားပါတယ်။

သက်ရှိအားလုံးက သူတို့ဘဝနဲ့ သူတို့ပါ။ အင်မော်တယ်တွေက နှစ်လေးငါးဆယ်တစ်ရာကို တစ်ခါတည်း ဂူအောင်းကျင့်ကြံကြပြီး တာအိုပညာရှိတွေကတော့ နှစ်တစ်သောင်းကို တစ်ခါတည်း ကျင့်ကြံကြပါတယ်။

ဒီလိုနဲ့ နှစ်တစ်သိန်းဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ရဲ့ မျက်လုံးတွေက ကြယ်ပေါင်း ဘီလီယံချီ ပုန်းအောင်းနေတယ်လို့ ထင်သွားရပါတယ်။ မျက်လုံးတွေက ဝိညာဉ်ပြတင်းပေါက် မဟုတ်ပါလား။

ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ထပ်တိုးသွားပါတယ်။ လောကဦးကမ္ဘာထဲက ကြယ်တွေဟာ နောက်တစ်ခါ ထပ်ပြီးတော့ အသွင်ပြောင်းလဲသွားတဲ့အတွက် ၀.၁၀၈ နဟုတံရှိတဲ့ ကြယ်တွေဟာ အတော်များပြားတဲ့ ဝိုးတိုးဝါးတား လောကဦးချီကို စပြီးတော့ ထုတ်လွှတ်လာပါတယ်။ လောကဦးကမ္ဘာဟာ လောကကြီး ဖန်တီးမှု မတိုင်ခင်က အရာအားလုံး မသဲမကွဲ ဖြစ်နေသလိုမျိုး ခရမ်းရောင်မြူခိုးတွေ ဝေနေပါတယ်။

“ငါ လမ်းတွေ့ပြီနဲ့ တူတယ်” ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။ ဒီတစ်ခါ အသွင်ပြောင်းလဲမှုက ဟန်ကျွယ်ကို ဦးတည်ရာ တွေ့သွားစေပြီး ပိုပြီးတော့ ယုံကြည်မှု ရှိသွားစေပါတယ်။ မဟာတာအို အထွတ်အထိပ် အဆင့်ကို ထိုးဖောက်ဖို့ လက္ခဏာတွေ မပြသေးပေမဲ့ အနည်းဆုံးတော့ မျှော်လင့်ချက် ရှိသွားပါပြီ။

ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲ လုပ်ဆောင်ချက်ကို သုံးပြီး ကောင်းကင်တာအို ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်တဲ့အခါ ဟုန်စဲ့မင်ယွင်ကလွဲပြီး တခြားစွမ်းအားကြီး ရန်သူတွေကို မတွေ့ရပါဘူး။

ဟုန်စဲ့မင်ယွင် ကောင်းကင်တာအိုကို ပြန်ရောက်လာတာ နှစ်နှစ်ထောင် ရှိသွားပါပြီ။ ကြည့်ရတာ ဆုံးဖြတ်ချက် ချပြီးသွားပုံပါပဲ။

“ငါ အပြင်ထွက်ပြီး ဟုန်စဲ့မင်ယွင်ကို သွားဖမ်းရင် အန္တရာယ်ရှိနိုင်လား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟုန်စဲ့မင်ယွင်က ပဋိပက္ခသိစိတ်ရဲ့ နယ်ရုပ်ဖြစ်မှာကို စိုးရိမ်နေတာပါ။

[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မရှိပါ။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ထိုင်ရာက ထလိုက်ပါတယ်။ အဲဒီနောက် အကောင်းစား ရတနာတွေ အကုန်လုံးကို အသက်သွင်းလိုက်တဲ့အခါ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ တလက်လက် တောက်ပသွားပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဟုန်စဲ့မင်ယွင်ရှေ့ကို ခုန်လိုက်ပါတယ်။

ဟုန်စဲ့မင်ယွင်ဟာ မျက်လုံးဖွင့်ပြီး ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ် “နောက်ထပ် ပဋိပက္ခနတ်ဘီလူးတစ်ပါး ဖျက်ဆီးခံလိုက်ရပြီ” ဟုန်စဲ့မင်ယွင်ရဲ့ အသံဟာ တုန်ယင်နေပါတယ်။

“အဲဒါဆို မင်း ဆုံးဖြတ်ချက်ကရော...”

“ကျွန်မ ရှင့်ကို အညံ့ခံမယ်၊ ရှင်ဘာလုပ်လုပ် ကျွန်မခံမယ်” ဟုန်စဲ့မင်ယွင်က လေးလေးနက်နက် ပြောလိုက်ပါတယ်။ အဲဒီနောက် ဟုန်စဲ့မင်ယွင်ဟာ ရုတ်တရက် ပြုံးလိုက်ပါတယ် “ရှင်ရဲ့ တာအိုလက်တွဲဖော် လုပ်ရရင် ပိုကောင်းတာပေါ့”

ဟန်ကျွယ်ဟာ ရုတ်တရက် လက်ဝါးရိုက်ချက် ထုတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မဟာချုပ်နှောင်လက်ဝါးနဲ့ ဟုန်စဲ့မင်ယွင်ကို ချုပ်နှောင်လိုက်တာ ဖြစ်ပါတယ်။ ဟုန်စဲ့မင်ယွင်ဟာ ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ ဟန်ကျွယ်ရဲ့ အကျဉ်းသား ဖြစ်သွားရပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ဟုန်စဲ့မင်ယွင်ကို တာအိုဘုံကျောင်းထဲ ခေါ်သွားပြီး လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်လိုက်ပါတယ်။

ဟုန်စဲ့မင်ယွင်ရဲ့ သမင်မျက်လုံးတွေဟာ ပြူးကျယ်သွားပြီး ဟန်ကျွယ်ကို မျက်တောင်မခတ် စိုက်ကြည့်လိုက်ပါတယ်။

“အချိန်နည်းနည်းတော့ စောင့်ရမယ်၊ မစိုးရိမ်ပါနဲ့၊ ငါ မင်းကို ထိခိုက်အောင် မလုပ်ပါဘူး”

ဟန်ကျွယ်ရဲ့ သာမန်ကာလျှံကာ စကားကို ကြားလိုက်ရတဲ့အခါမှာ ဟုန်စဲ့မင်ယွင်ဟာ သက်သာရာ ရသွားသလို စိတ်ထဲမှာလည်း အံ့ဩတကြီး ဖြစ်သွားပါတယ်။ ဟုန်စဲ့မင်ယွင်ဟာ ဟန်ကျွယ်က စွမ်းအားကြီးမှန်း သိပေမဲ့ ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။

ဟုန်စဲ့မင်ယွင်ဟာ ဟန်ကျွယ်ရဲ့ လက်ဝါးရိုက်ချက်ကို တကယ် ရှောင်တိမ်းချိန် မရလိုက်တာပါ။ နောက်ပြီး ဒီချိပ်ပိတ်ပညာရပ်က ဘာပညာရပ်လဲဆိုတာကို ဟုန်စဲ့မင်ယွင် မသိပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters