← Chapters

ပဋိပက္ခကို ကိုင်လှုပ်သော နတ်အခွင့်အာဏာ

Vol. 78 Ch. 830

ပဋိပက္ခကို ကိုင်လှုပ်သော နတ်အခွင့်အာဏာ

Vol. 78 Ch. 830

ဘာပဲဖြစ်ဖြစ် ဟုန်စဲ့မင်ယွင်က မဟာတာအိုပညာရှိ ဖြစ်တဲ့အတွက် အချိန်တိုအတွင်း ကျွန်ပြုလို့ရမှာ မဟုတ်ပါဘူး။ ဟုန်စဲ့မင်ယွင်က ငြိမ်နေပေမဲ့ ဟန်ကျွယ်ဟာ သတိလက်လွတ် မနေရဲပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စိတ်ဝင်တစား စစ်ဆေးပါတယ်။

အချိန်တော်တော် ကြာသွားတဲ့အခါမှာတော့...

ဟုန်စဲ့မင်ယွင်က မနေနိုင်ဘဲ မေးလိုက်ပါတယ် “တာအိုရောင်းရင်းဟန်... မဟာရှေးဟောင်း နတ်ဘီလူးက ဘယ်နေရာမှာ ပုန်းနေတယ်လို့ထင်လဲ၊ ဒီအတောအတွင်း ကျွန်မ နတ်အာဏာရှင် စစ်သူကြီးတွေ အကြောင်းကို လိုက်စုံစမ်းကြည့်တာ သူတို့ပေါ်လာတာ အတော်ကြာသွားပြီဆိုတာကို သိလိုက်ရတယ်၊ သူတို့က ပဋိပက္ခတစ်ခုလုံးကို လိုက်ထောက်လှမ်းမှာ၊ သူတို့လက်ကနေ ပုန်းဖို့နေရာရှိမှာ မဟုတ်ဘူး”

ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ငါလည်း သေချာမသိဘူး၊ မဟာရှေးဟောင်း နတ်ဘီလူးက သွေးနားထင် ‌ရောက်နေတာလည်း ဖြစ်နိုင်တာပဲ”

ဟုန်စဲ့မင်ယွင်ဟာ ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်ပါတယ် “မဟာရှေးဟောင်း နတ်ဘီလူးက နတ်ဘီလူးတွေ ပူးပေါင်းဖို့ အဆိုပြုတုန်းက တော်တော်လေး တက်ကြွနေခဲ့တာ၊ အခုတော့ နတ်အာဏာရှင် စစ်သူကြီးတွေကို ကြောက်လွန်းလို့ အရိပ်အယောင်တောင် မမြင်ရတော့ဘူး၊ တခြားနတ်ဘီလူးတွေကို သတင်းတောင် မပေးရဲဘူး”

ဘာပဲဖြစ်ဖြစ် မဟာရှေးဟောင်း နတ်ဘီလူးက ပဋိပက္ခ နတ်ဘီလူးတွေထဲမှာ အစွမ်းအထက်ဆုံးပါ။ ဒီလိုမျိုး အစွမ်းအထက်ဆုံး ပဋိပက္ခ နတ်ဘီလူးက ရန်သူအသံ ကြားတာနဲ့ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးသွားတာက နတ်အာဏာရှင် စစ်သူကြီးတွေ ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတယ်ဆိုတာကို သက်သေပြနေပါတယ်။

“ဟုတ်တယ်၊ မဟာရှေးဟောင်း နတ်ဘီလူးက ငကြောက်ပဲ” ဟန်ကျွယ်ဟာ ဟုန်စဲ့မင်ယွင်ရဲ့ စကားကို ထောက်ခံလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ တခြား ပဋိပက္ခ နတ်ဘီလူးတွေကို သတင်းပေးပြီး အတူတူ ပြင်ဆင်သင့်ပါတယ်။ သူတို့အကုန်လုံးက ပန်ကူးကို အတူတူ ရင်ဆိုင်ခဲ့တာ ဖြစ်တဲ့အတွက် သေအတူရှင်မကွာ မိတ်ဆွေတွေလို့ ပြောလို့ရပါတယ်။

ဟန်ကျွယ်ဟာ မဟာရှေးဟောင်း နတ်ဘီလူးကို ပိုပြီးတော့ အထင်သေးသွားပါတယ်။

“ဟုတ်တယ်၊ ဒါနဲ့ တာအိုရောင်းရင်းဟန်ရဲ့ တာအိုစက်ကွင်းက နတ်အာဏာရှင် စစ်သူကြီးတွေကို ဟန့်တားနိုင်ပါ့မလား” ဟုန်စဲ့မင်ယွင်က မေးခွန်းထုတ်လိုက်ပါတယ်။

ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ဟန့်တားနိုင်တယ်၊ ငါတို့က မိသားစုတွေ ဖြစ်သွားပြီဆိုတော့ ငါ မင်းကို ဖုံးကွယ်မထားတော့ဘူး၊ ဒီတာအိုစက်ကွင်းက နတ်အာဏာရှင် စစ်သူကြီးတွေကို ဟန့်တားနိုင်တယ်၊ ဒါပေမဲ့ နတ်အာဏာရှင် စစ်သူကြီးတွေ အပြင်မှာ တပ်ချရင် ငါတို့တွေ ဒီအထဲမှာပဲ ထာဝရနေရလိမ့်မယ်”

ဟုန်စဲ့မင်ယွင်ဟာ ပြုံးလိုက်ပါတယ် “ဘာမှမဖြစ်ဘူး၊ ဒီအထဲမှာလည်း ကျင့်ကြံအားထုတ်လို့ရတာပဲ” ဟုန်စဲ့မင်ယွင်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်ပါတယ် “ကျွန်မ လက်အောက်မှာ ကမ္ဘာတစ်ခု...”

“ငါတို့တွေ ဒီကိစ္စကို နောက်မှ ပြောကြမယ်” ဟန်ကျွယ်က ဖြတ်ပြောလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟုန်စဲ့မင်ယွင်ကို အောင်အောင်မြင်မြင် ကျွန်ပြုနိုင်မှ ကျန်တာတွေကို ဆက်စဉ်းစားမှာပါ။

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ အာကာသတစ်ခု ဖွင့်လှစ်ပြီး ကမ္ဘာတစ်ခုကို ဖွက်ထားဖို့က မခက်ပါဘူး။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ဒီလိုမျိုးနည်းနဲ့ ကာကွယ်ဖို့ စဉ်းစားဖူးပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ရင် ‌ပဋိက္ခ ကောင်းကင်လမ်း ပြတ်တောက်သွားမှာပါ။

ဒါ့အပြင် တာအိုဘိုးဘေးနဲ့ ပန်ကူးက ကောင်းကင်တာအိုကို အသုံးချပြီး တာအိုစက်ကွင်းထဲ ဝင်လာနိုင်ခြေ ရှိပါတယ်။ ဒီလိုသာဆိုရင် ဟန်ကျွယ်အတွက် တော်တော်လေး အန္တရာယ်များသွားပါပြီ။ ဒါပေမဲ့ ကမ္ဘာတစ်ခုတည်းဆိုရင် ဟန်ကျွယ်အတွက် ဘာပြဿနာမှ မရှိပါဘူး။

ဟုန်စဲ့မင်ယွင်ဟာ ဘာမှ ထပ်မပြောတော့ဘဲ ဟန်ကျွယ်ကို တိတ်တဆိတ် စိုက်ကြည့်ပါတယ်။

စာစောင်တွေကို ဖတ်ပြီးတာနဲ့ ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာကို အကဲခတ်လိုက်ပါတယ်။ လေးငါးရက် အကဲခတ်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ စပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

ဟုန်စဲ့မင်ယွင်ဟာ ဟန်ကျွယ် ကြယ်တွေကို သန့်စင်ရာက ထုတ်လွှတ်တဲ့ ရောင်ဝါကြောင့် လန့်သွားပါတယ်။

‘ဒါက ဘာအဆင့်လဲ၊ သူ ပြောတဲ့ မဟာတာအို အထွတ်အထိပ် ဆိုတာလား’ ဟုန်စဲ့မင်ယွင်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ ဟုန်စဲ့မင်ယွင်ဟာ သူ့အနာဂတ်အတွက် စိုးရိမ်ပူပန်ခြင်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် နတ်အာဏာရှင် စစ်သူကြီးတွေ သတ်တာကို ခံရတာထက်စာရင် ပိုကောင်းမှာပါ။

နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းရဲ့ လုပ်ဆောင်ချက်တွေက ပဋိပက္ခမှာ တောမီးလို ပျံ့နှံ့သွားပါတယ်။ သတင်းပြန့်တာက နတ်အာဏာရှင် စစ်သူကြီးတွေ လှုပ်ရှားတာထက် ပိုမြန်ပါတယ်။

မှောင်မိုက်တဲ့ ကောင်းကင်ပြင်မှာ မိုးကြီး ရွာသွန်းတဲ့အခါ မြူခိုးတွေ ဝေလာပါတယ်။ ဧရာမ ရေအိုင်ကြီးဘေးမှာ ဇရပ်တစ်‌ဆောင် ရှိနေပြီး ဇရပ်ဘေးမှာတော့ လူ‌လေးယောက် ငါးမျှားနေပါတယ်။ ဒီလူလေးယောက်က လောင်တန်၊ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ ဖြစ်ပါတယ်။

“ဒီနတ်အာဏာရှင် စစ်သူကြီးတွေက ဘယ်ကနေ လာတာလဲ၊ သူတို့တွေက မဟာတာအိုပညာရှိ တစ်သောင်းကို ကိုယ်စားပြုတာတဲ့၊ ဒါက တော်တော်လေးကို ယုတ္တိမဲ့လွန်းတယ်” ကျောက်ရွှမ်ယွမ်က သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ်။

တာအိုအရှင်သခင်ဟာ လောင်တန်ကို ကြည့်လိုက်ပါတယ် “စီနီယာ... ကျွန်တော်တို့ကို ပြောပြပါ”

လောင်တန်ဟာ နှာမှုတ်သံ ပြုလိုက်ပါတယ် “ဟင်း... ဒါက ယုတ္တိမရှိတာ မဟုတ်ဘူး၊ အတိအကျ ပြောရရင် သူတို့တွေက မဟာတာအိုပညာရှိတွေထက် စွမ်းအားပိုကြီးတယ်၊ တစ်ယောက်ချင်း ယှဉ်ရင် နတ်အာဏာရှင် စစ်သူကြီးတွေက မဟာတာအိုပညာရှိတွေထဲမှာတောင် ထိပ်တန်းအဆင့်ရှိတယ်၊ နောက်ပြီး နတ်အာဏာရှင် စစ်သူကြီးတွေက သက်ရှိတွေ မဟုတ်ဘူး၊ ပဋိပက္ခရဲ့ အထွတ်အထိပ် နိယာမ၊ သူတို့က ဝရုန်းသုန်းကားရင်းမြစ် ပေါ်လာမှပဲ ထွက်ပေါ်လာကြတာ၊ ဒါကြောင့်လည်း ပဋိပက္ခက ထာဝရ တည်ရှိနိုင်တာ... ဒီတစ်ခါ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်း ပေါ်လာတာက လောကဦး နတ်ဘီလူးကို ရှာဖွေဖို့ ဖြစ်လိမ့်မယ်”

ကျန်းယီက သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ် “လောကဦး နတ်ဘီလူးက ဘယ်လောက်ပဲ စွမ်းအားကြီးကြီး မဟာတာအိုပညာရှိ တစ်သောင်းကို မယှဉ်နိုင်ဘူးဆိုရင် ပဋိပက္ခကို ခြိမ်းခြောက်နိုင်ဦးပါ့မလား၊ ဒီလိုဆိုရင် လောကဦးနတ်ဘီလူးက မဟာတာအို အနန္တကပ်ဘေးကို ဖြစ်ပေါ်စေလိမ့်မယ်လို့ ဘာလို့ပြောကြတာလဲ”

လောင်တန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “တကယ်တော့ ငါလည်း ဒီကိစ္စကို နားမလည်ဘူး၊ သေချာ ပြန်စဉ်းစားကြည့်တော့ လောကဦးနတ်ဘီလူးက မဟာတာအို အနန္တကပ်ဘေးကို ဖြစ်ပေါ်စေလိမ့်မယ်လို့ ဘယ်သူပြောခဲ့လဲဆိုတာ ငါ မသိဘူး၊ နောက်ပြီး လောကဦး နတ်ဘီလူးက ဘယ်လောက် စွမ်းအားကြီးလဲဆိုတာလည်း ငါ မသိဘူး၊ ပြီးခဲ့တဲ့ လောကဦးဆေးလုံးကို ကြည့်ရင် လောကဦး နတ်ဘီလူးက စွမ်းအားကြီးတာ အမှန်ပဲ၊ ဒါပေမဲ့ အဲဒီလောက်ထိ ပြိုင်ဘက်ကင်းအောင် စွမ်းအားကြီးနေတာ မဟုတ်ဘူး”

တာအိုအရှင်သခင်ဟာ ခေါင်းခါလိုက်ပါတယ် “ပြောစရာ လိုသေးလို့လား၊ လောကဦး နတ်ဘီလူးက ပစ်မှတ်တစ်ခုပဲဟာ”

လောင်တန်ဟာ တိတ်ဆိတ်သွားပြီး ငါးမျှားတံကို စိုက်ကြည့်ရင်း တစ်စုံတစ်ခုကို တွေးတောလိုက်ပါတယ်။

ကျောက်ရွှမ်ယွမ်က မေးလိုက်ပါတယ် “ကျွန်တော်တို့က ဘာကို စောင့်နေကြတာလဲ၊ ဘယ်တော့မှ ကျွန်တော်တို့ကို ကောင်းကင်တာအိုဆီ ပြန်ခွင့်ပြုမှာလဲ၊ ကျန်တဲ့လူတွေကို ကျွန်တော်ရဲ့ ကျင့်ကြံမှုအကြောင်း ကြွားချင်နေပြီ”

လောင်တန်ဟာ မျက်လုံးပင့်တက်သွားပြီး ကျောက်ရွှမ်ယွမ်ကို ဆူပါတော့တယ် “မင်းစကားက ဘာကြီးလဲ၊ လွှတ်ပေးရမယ် ဟုတ်လား၊ ငါ မင်းတို့ ညီအစ်ကိုသုံးယောက်နောက်ကို လိုက်မိတာ တကယ်ကို မဟာအမှားကြီးပဲ၊ မကြာခဏ ဒုက္ခရောက်ရတယ်၊ မင်း အဲဒီလောက် ပြန်ချင်နေရင် ပြန်သွားချည်”

လောင်တန်ဟာ ပြောလေလေ ဒေါသထွက်လေလေပါပဲ။ လောကဦးဆေးလုံးက ပျက်စီးသွားတာတောင် လောင်တန်ဟာ ကျေးဇူးကြွေး တင်နေပါသေးတယ်။ ဒီအကြွေးကိုဆပ်ဖို့ ဒီနှစ်တွေမှာ လောင်တန်ဟာ တာအိုအရှင်သခင်တို့ သုံးဦးနောက်ကို လိုက်ပြီး ကယ်ဆယ်နေရတာကြောင့် ဒုက္ခတော်တော်လေး တွေ့ခဲ့ရပါတယ်။ တာအိုအရှင်သခင်တို့သုံးဦးက ရန်သူ တော်တော်များတာပါ။ ဒီတောင် ကူညီခဲ့တာတောင် နောက်ဆုံးမှာ ကျောက်ရွှမ်ယွမ်က သူ့ကို အကောင်းမမြင်ပါဘူး။

“အဘိုးကြီး... ခင်ဗျားက တော်တော် စိတ်ကြီးတာပဲ၊ လောင်ဇီမှာ ဘာဖြစ်လို့ ခင်ဗျားလိုမျိုး ကိုယ်ပွားရှိနေရတာလဲ”

“ဟမ်... ငါက ကိုယ်ပွား မဟုတ်ဘူး”

“ဟုတ်တယ်၊ ဟုတ်တယ်... ကျွန်တော်တို့သာ ကိုယ်ပွားတွေ... ဟုတ်ပြီလား”

ကျောက်ရွှမ်ယွမ်က ပြုံးစိစိနဲ့ ပြောလိုက်ပါတယ်။ ပြောရင်းဆိုရင်း ကျောက်ရွှမ်ယွမ်ဟာ သူ့ငါးမျှားတံကို ဝှေ့ယမ်းလိုက်တဲ့အတွက် လောင်တန်ရဲ့ ငါးမျှားကြိုးကို သွားထိမိပြီး လောင်တန်ကို ဒေါသထွက်သွားစေပါတယ်။

ဒီအချိန်မှာပဲ ဖိအားကြီးတစ်ခု ဆင်းသက်လာတဲ့အတွက် လောင်တန်တို့လေးယောက်ဟာ ထိတ်လန့်သွားပြီး ချက်ချင်းဆိုသလို မော့ကြည့်လိုက်ကြပါတယ်။

တာအိုဘုံကျောင်းထဲက ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်ပြီး မော့ကြည့်လိုက်ပါတယ်။ ဟုန်စဲ့မင်ယွင်ကတော့ သတိလစ်နေပြီး ဟန်ကျွယ်က သူမရဲ့ ဝိညာဉ်ကို ချိပ်ပိတ်ထားပါတယ်။

ဟန်ကျွယ်ရဲ့ အကြည့်ဟာ အတားအဆီး အကာအကွယ်တွေကို ထိုးဖောက်ပြီး ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက် တာအိုပညာရှိတွေရဲ့ တာအိုစက်ကွင်းအထက် ရွှေရောင်တိမ်လွှာတွေဆီ ရောက်သွားပါတယ်။ ရွှေရောင်တိမ်လွှာတွေဟာ အပြင်းအထန် ထကြွလာပြီး ကောင်းကင်တစ်ခုလုံးကို ကောင်းကင်တန်ခိုး လွှမ်းမိုးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းပြီး တွက်ချက်ကြည့်လိုက်တဲ့အခါ ကောင်းကင်တာအိုက လှုံ့ဆော်ခံရတာကို သွားတွေ့ပါတယ်။ ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ဟာ ဆူပွက်လာပြီး ထူးဆန်းလာပါတယ်။ ဒီလို အခြေအနေမျိုးကို ဟန်ကျွယ် ပထမဆုံး မြင်ဖူးတာပါ။

ဟန်ကျွယ်ဟာ ဒီဖြစ်ရပ်ရဲ့ အကြောင်းရင်းကို စဉ်းစားလို့ မရပါဘူး။ ဟန်ကျွယ်ဟာ ရွေးချယ်စရာ မရှိတာကြောင့် အသွင်တူ လက်ရည်စမ်းပွဲကို သုံးပြီး ကောင်းကင်တာအို ပတ်လည်ကို စစ်ဆေးကြည့်လိုက်ပေမဲ့ ရန်သူတစ်ယောက်ကိုမှ မတွေ့ရပါဘူး။

‘မဟာတာအိုပညာရှိချုပ်က တိုက်ခိုက်တာများလား...’

ဟန်ကျွယ်ဟာ ကောင်းကင်တာအိုအထက်ကို ထပ်ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်ရဲ့ အကြည့်ကာ အာကာသအလွှာများစွာကို ထိုးဖောက်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဘယ်ရန်သူကိုမှ မတွေ့ရပါဘူး။

“ဘာဖြစ်လို့ ဒီလိုနိမိတ် ဖြစ်ပေါ်လာရတာလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။

[သက်တမ်း ၉၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဒါက လောင်ဇီရဲ့ တန်ဖိုးပါ။

ဆက်တွက်မယ်။

ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိပ်‌ယောင်ထဲ ဝင်သွားပါတယ်။

ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ မြူတွေဆိုင်းနေတဲ့ ကောင်းကင်ပြင်ဆီ ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ အောက်ငုံ့ကြည့်လိုက်တဲ့အခါ ပင်လယ်ကို မမြင်ရသလို ကုန်းမြေကိုလည်း မမြင်ရပါဘူး။ အပေါ်ကို မော့ကြည့်ပြန်တော့လည်း နေလနဲ့ ကြယ်တွေ ရှိမနေပါဘူး။

ရှေ့မှာတော့ တန်ခိုးစွမ်းအားကြီးမားပြီး ခမ်းနားထည်ဝါတဲ့ ရုပ်သွင်တစ်ခု ရှိနေပါတယ်။ ဒီရုပ်သွင်ဟာ ခန္ဓာကိုယ် အထက်ပိုင်း ဗလာကျင်းနေပြီး ဧရာမပုဆိန်နဲ့တူတဲ့ ဓားမကြီးတစ်ချောင်းကို ကိုင်စွဲကာ တိမ်နံရံကို ဆက်တိုက် ခုတ်ပိုင်းနေပါတယ်။

ဓားခုတ်ချက်တိုင်းမှာ တိမ်တွေ မြူခိုးတွေဟာ သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး သူ့ရုပ်သွင်ကို အရပ်ပိုမြင့်သွားစေပါတယ်။

‘ပန်ကူးပါလား... သူ ဘာလုပ်နေတာလဲ’

ဟန်ကျွယ်ဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ပန်ကူးကို စိုက်ကြည့်လိုက်ပါတယ်။ ပန်ကူးရဲ့ ကျောဘက် ကြွက်သားတွေက တကယ်ကို ထွားကြိုင်းတာပါ။ တောင်တွေ စီတန်းထားသလိုမျိုး မားမားမတ်မတ်နဲ့ ဘာကိုမှ မကြောက်ပါဘူး။

မမြင်ရတဲ့ တိမ်နံရံဟာ အလင်းရောင်တွေ ဖြာထွက်လာပြီး ပန်ကူးရဲ့ အထက် တိမ်နံရံမှာ ရုပ်သွင်တစ်ခု ထပ်ပေါ်လာပါတယ်။ ဒီရုပ်သွင်က ပန်ကူးထက် ပိုကြီးမားပြီး ပိုကြည့်ကောင်း ပိုထည်ဝါပါတယ်။

မင်လင်းမယ်တော်။

“ပန်ကူး... နတ်အခွင့်အာဏာကို နှောင့်ယှက်ရဲတာလား” မင်လင်းမယ်တော်ရဲ့ အသံက နှစ်တစ်သိန်းရေခဲလို အေးစက်လွန်းလှပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters