← Chapters

ကောင်းကင်တာအိုကို ကာကွယ်သော ပန်ကူး

Vol. 79 Ch. 831

ကောင်းကင်တာအိုကို ကာကွယ်သော ပန်ကူး

Vol. 79 Ch. 831

တန်ခိုးစွမ်းအားကြီးမားတဲ့ မင်လင်းမယ်တော်ဟာ သက်ရှိအားလုံးကို မျက်စိထဲမထည့်တဲ့ နတ်ဘုရားတစ်ပါးရဲ့ မာနတရားကို ထုတ်ပြလိုက်ပါတယ်။ ဒါပေမဲ့ သူမအောက်က ပန်ကူးဟာ မော့တောင်မကြည့်ဘဲ သူ့ရှေ့က တိမ်နံရံကို ဆက်ပြီးတော့ ဓားနဲ့ ခုတ်ပိုင်းပါတယ်။

“ပန်ကူး... မင်း မရပ်ဘူးဆိုရင် မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး” မင်လင်းမယ်တော်ရဲ့ အသံက ဒေါသအပြည့်ပါပဲ။

ဒီအချိန်မှာ မင်လင်းမယ်တော်ရဲ့ ဘယ်ညာနှစ်ဖက်မှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ပေါ်လာပြီး ပန်ကူးကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ကြပါတယ်။

“ငါ မဟာတာအို နတ်စိတ်ဝိညာဉ်တွေပေါ် တင်ထားတဲ့ အကြွေးကို ပြန်ပေးဆပ်ပြီးပြီ၊ အခု နတ်အာဏာရှင် စစ်သူကြီးတွေက ပဋိပက္ခ နတ်ဘီလူးတွေကို သတ်ဖြတ်နေတာဆိုတော့ ငါ ခုခံရမှာပဲ”

“ဒီနေ့ ငါ ပန်ကူးက အထွတ်အထိပ် နိယာမကို ဖြတ်တောက်ပစ်မယ်”

“ဒီပဋိပက္ခက မင်းတို့တွေ စိတ်တိုင်းကျလုပ်လို့ရတဲ့ ကျားခုံ မဟုတ်ဘူး”

“ဒီပဋိပက္ခကို မင်းတို့ပဲ ပိုင်တာ မဟုတ်ဘူး၊ သက်ရှိအားလုံး ပိုင်တယ်”

ပန်ကူးဟာ ဒေါသတကြီး အော်ဟစ်ရင်း သူ့လက်ထဲက ဓားမကို လက်နှစ်ဖက်နဲ့ ကိုင်မြှောက်လိုက်ပါတယ်။ ပန်ကူးရဲ့ ကြွက်သားတွေဟာ တင်းရင်းသွားပြီး ခွန်အားတွေ ပေါက်ကွဲ ထွက်လာပါတယ်။

မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ ပန်ကူးဆီ လက်ဝှေ့ယမ်းလိုက်ပါတယ်။ ကြီးမားထည်ဝါလှတဲ့ ပန်ကူးဟာ မဟာတာအို နတ်စိတ်ဝိညာဉ်တွေရှေ့မှာ ပုရွက်ဆိတ်လေးလိုပါပဲ။

ပန်ကူးဟာ ဓားမကို ကောင်းကင်ဆီ ဝှေ့ယမ်းလိုက်တဲ့အခါ ကြောက်မက်ဖွယ် ဓမ္မစွမ်းအားဟာ ကျောက်တောင်ကို အမှုန့်ချေနိုင်တဲ့ မုန်တိုင်းအလား ထွက်ပေါ်လာပြီး ကောင်းကင်မှာ တည်နေတဲ့ မဟာတာအိုနတ်စိတ်ဝိညာဉ်တွေကို လွှင့်စဉ်သွားစေပါတယ်။

ဟန်ကျွယ်အထက်က အဆုံးမဲ့ တိမ်ပင်လယ်ဟာလည်း ကောင်းကင်နှစ်ခြမ်း ကွဲသွားသလိုမျိုး အလွန်တရာ ကျယ်ပြောလှတဲ့ အဟကြီး ပေါ်လာပါတယ်။ ပန်ကူးဟာ တိမ်နံရံကို ဆက်ပြီး ခုတ်ပိုင်းပါတယ်။ ဓားချက်တိုင်းမှာ ပန်ကူးရဲ့ ရုပ်သွင်ဟာ ဆက်တိုက် မြင့်မားလာပါတယ်။

ဟန်ကျွယ်ဟာ ထူးဆန်းသွားပါတယ် ‘ပန်ကူးနဲ့ မင်လင်းမယ်တော်က ကွဲသွားပြီလား... အရင်တုန်းက သူတို့ပဲ ပန်ကူးကို ကူညီခဲ့တာ မဟုတ်ဘူးလား... နတ်အာဏာရှင် စစ်သူကြီးတွေက ပဋိပက္ခ နတ်ဘီလူးတွေကို သတ်ဖြတ်လို့ဆိုရင် သူလည်း အရင်တုန်းက ဒီလိုပဲလုပ်ခဲ့တာ မဟုတ်ဘူးလား...’

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ပန်ကူးက ဘယ်ဘက်မှာရပ်ပြီး ဘာလို့ ဒီလိုပြုမူနေရတာလဲဆိုတာကို နားမလည်နိုင်တော့ပါဘူး။

ပုံရိပ်ယောင်ဟာ ကွဲကြေသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး အတွေးနက်သွားပါတယ်။ ဟန်ကျွယ်ဟာ ဆက်တွက်ချက်ဖို့ ပြင်လိုက်ပေမဲ့ အသံတစ်သံကို နားထဲမှာ ကြားလိုက်ရပါတယ်။

“ဒီနေ့ ငါ ပန်ကူးက ငါ သတ်ခဲ့တဲ့ ပဋိပက္ခ နတ်ဘီလူးတွေကို အသက်ပြန်သွင်းမယ်၊ ပဋိပက္ခ နတ်ဘီလူးတွေက နတ်အာဏာရှင် စစ်သူကြီးတွေကို ခုခံပြီး နတ်စိတ်ဝိညာဉ်တွေရဲ့ နယ်ရုပ်ဘဝကနေ လွတ်မြောက်ဖို့ ငါ မျှော်လင့်တယ်...”

“မဟာတာအို နတ်စိတ်ဝိညာဉ်တွေရဲ့ ထိန်းချုပ်မှုကို တွန်းလှန်ပြီး ပဋိပက္ခအာဏာကို ပြန်တည်ဆောက်ကြမယ်၊ ပဋိပက္ခကို ပဋိပက္ခ နတ်ဘီလူးတွေက စိုးမိုးသင့်တယ်”

‘နတ်ဘီလူးတွေက အသက်ပြန်သွင်းလို့ ရသေးတာလား...’ ဟန်ကျွယ်ရဲ့ သွေးတွေ ဆူပွက်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က ပဋိပက္ခ နတ်ဘီလူး မဟုတ်ပါဘူး ‘မင်းတို့တွေ လူမှားခေါ်မိပြီ’

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပန်ကူးက ဒီလိုအချိန်မှာ နတ်စိတ်ဝိညာဉ်တွေကို ပုန်ကန်ပြီး စစ်ပွဲတစ်ခု စတင်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဒါပေမဲ့ ဒါကလည်း ထူးဆန်းတာတော့ မဟုတ်ပါဘူး။ နတ်အာဏာရှင် စစ်သူကြီးတွေက လောကဦး နတ်ဘီလူးကို ပစ်မှတ်ထားသင့်ရဲ့သားနဲ့ ပဋိပက္ခ နတ်ဘီလူးတွေကို လိုက်ပစ်မှတ်ထားနေတာ မဟုတ်ပါလား။

ဒီလိုအခြေအနေမှာ ပဋိပက္ခ နတ်ဘီလူးတစ်ပါးဖြစ်တဲ့ ပန်ကူး ဒီလိုလုပ်တာ သာမန်ပါပဲ။

ကြည့်ရတာ အရင်တုန်းက ပန်ကူးဟာ သရုပ်ဆောင်နေခဲ့ပုံပါပဲ။ ပန်ကူးဟာ တစ်ဖက်မှာလည်း လောကဦး နတ်ဘီလူးဖြစ်ချင်ပြီး တစ်ဖက်မှာလည်း ပဋိပက္ခ နတ်ဘီလူးတွေကို အသက်ပြန်သွင်းဖို့ ယုံကြည်ချက် ရှိနေပါတယ်။

‘ပဋိပက္ခ နတ်ဘီလူးတွေကို အသက်ပြန်သွင်းတဲ့ နည်လမ်းက ဘယ်လိုနည်းလမ်းများပါလိမ့်’ ဟန်ကျွယ်ဟာ နည်းနည်း မနာလို ဖြစ်သွားပါတယ်။

[ပန်ကူးသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာတဲ့ အသိပေးချက်ကို ကြည့်ပြီး မှင်တက်သွားပါတယ် ‘ဒီပန်ကူးက ဘာတွေးနေတာလဲ’

“ငါ ပန်ကူးရဲ့ အိပ်မက်ကို လက်ခံလိုက်ရင် အန္တရာယ်ရှိနိုင်လား”

[သက်တမ်း ၉၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[အန္တရာယ်မရှိပါ။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ပန်ကူးရဲ့ အိပ်မက်ကို လက်ခံဖို့ သဘောတူလိုက်ပါတယ်။

အိပ်မက်နယ်မြေဟာ ဟန်ကျွယ် အရင်တုန်းက ဝင်ရောက်ခဲ့တဲ့ ပုံရိပ်ယောင်ပါ။ နေရာတိုင်းမှာ ဘယ်ကိုကြည့်ကြည့် တိမ်တွေချည်းပါပဲ။

ပန်ကူးဟာ ဟန်ကျွယ်ရှေ့မှာရပ်ပြီး ဟန်ကျွယ်ကို ငုံ့ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပန်ကူးရှေ့မှာ ပုရွက်ဆိတ်လေးလိုပါပဲ။

ပန်ကူးက ပြောလိုက်ပါတယ် “ဒီနေ့ ငါက ပဋိပက္ခ နတ်ဘီလူးတွေအတွက်ပဲ မဖြစ်နိုင်တဲ့ လမ်းကြောင်းကို ဖောက်နေတာ မဟုတ်ဘူး၊ မင်းနဲ့ ကောင်းကင်တာအိုအတွက်လည်း ပါတယ်”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

“နတ်အာဏာရှင် စစ်သူကြီးတွေက ပဋိပက္ခ နတ်ဘီလူးတွေကိုပဲ သတ်မှာ မဟုတ်ဘူး၊ ကောင်းကင်တာအိုထဲက သက်ရှိတွေကိုလည်း သတ်ဖြတ်လိမ့်မယ်၊ ရှင်းအောင် ပြောရရင် နတ်အာဏာရှင် စစ်သူကြီးတွေက ကောင်းကင်တာအိုကို ဖျက်ဆီးလိမ့်မယ်၊ ကောင်းကင်တာအိုကို ကာကွယ်ဖို့ ငါ မင်းကို လိုအပ်တယ်၊ ကောင်းကင်တာအိုကို ဘယ်သူ အုပ်ချုပ်အုပ်ချုပ် အရေးမကြီးဘူး၊ အရေးကြီးတာက ကောင်းကင်တာအိုထဲက သက်ရှိတွေ ဆက်ပြီးတော့ ရှင်သန်နိုင်ဖို့ပဲ” ပန်ကူးဟာ ဟန်ကျွယ်ကို မျက်တောင်မခတ် စိုက်ကြည့်ရင်း မတိုးမကျယ် ပြောလိုက်ပါတယ်။

‘ဒီလိုကိုး... ပန်ကူးရဲ့ တကယ့်ပစ်မှတ်က ကောင်းကင်တာအိုပဲ၊ ကောင်းကင်တာအို တစ်ခုလုံးက ပန်ကူးရဲ့ သွေးစည်းဆိုတော့ ပန်ကူးက သူ့ကလေးတွေနဲ့ သူ့မျိုးဆက်တွေအတွက် တိုက်ခိုက်နေတာပဲ’

ဟန်ကျွယ်က ပြန်ပြောလိုက်ပါတယ် “ကျွန်တော် ကောင်းကင်တာအိုကို ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားမယ်၊ ဒါပေမဲ့ ကောင်းကင်တာအို ကာကွယ်ဖို့ ကျွန်တော် အရာအားလုံးကိုတော့ စွန့်လွှတ်မှာ မဟုတ်ဘူး”

ပန်ကူးဟာ ပြုံးလိုက်ပါတယ် “ငါ မင်းကို စောင့်ကြည့်နေတာ ကြာပြီ၊ မင်းက မင်းအတွက်ပဲလို့ အမြဲတမ်း ပြောပေမဲ့ ကောင်းကင်တာအို ဒုက္ခရောက်တိုင်း မင်း ဝင်ကယ်တာချည်းပဲ၊ ဒါကြောင့်လည်း မင်း ပန်ရှင်းကို သိမ်းသွင်းလိုက်တဲ့ ကိစ္စကို ငါ ဆက်ပြီးတော့ မလိုက်တော့တာ၊ မင်းက ကောင်းကင်တာအိုကို တကယ် အကျိုးဆောင်ခဲ့တာ”

ဟန်ကျွယ်ဟာ တည်ငြိမ်သလို ရှိပေမဲ့ စိတ်ထဲမှာတော့ ကသိကအောက် ဖြစ်သွားပါတယ်။ တကယ်တော့ ဟန်ကျွယ်က သူ့ကိုယ်ကျိုးအတွက်ပဲ လုပ်ခဲ့တာပါ။ ကောင်းကင်တာအိုကို ကယ်တင်ခဲ့တယ်ဆိုတာကလည်း သူလုပ်ဆောင်နိုင်တဲ့ အတိုင်းအတာထဲမှာ ရှိနေလို့ပါ။

“နတ်အာဏာရှင် စစ်သူကြီးတွေက နတ်အခွင့်အာဏာ အထွတ်အထိပ်ကို ကိုယ်စားပြုတယ်၊ သူတို့က ပဋိပက္ခထဲမှာ စွမ်းအားအကြီးဆုံး အင်အားစုပဲ၊ မင်း ပုံရိပ်ယောင်ကို ထိုးဖောက်မြင်ရင်တောင် သူတို့ကို ခုခံနိုင်မှာ မဟုတ်ဘူး၊ နတ်အခွင့်အာဏာရှင် စစ်သူကြီးတွေက တည်ရှိမှုအစစ်တွေကိုတောင် ဖျက်ပစ်နိုင်တယ်၊ ပဋိပက္ခ နတ်ဘီလူးတွေ အကုန်လုံး ပူးပေါင်းရင်တောင် နတ်အာဏာရှင် စစ်သူကြီးတွေကို ဟန့်တားနိုင်မှာ မဟုတ်ဘူး၊ သူတို့တွေ ကောင်းကင်တာအိုကို မရောက်အောင် ငါ အကောင်းဆုံး ကြိုးစားပြီး ဟန့်တားပေးမယ်”

“သူတို့ကို မင်း ဟန့်တားနိုင်ဖို့လည်း ငါ မမျှော်လင့်ပါဘူး၊ မင်း ကြိုတင်ပြင်ဆင်ထားဖို့ပဲ ငါ မျှော်လင့်တယ်၊ ကောင်းကင်တာအို သက်ရှိတွေက ပဋိပက္ခမှာ ရှိနေသမျှကာလပတ်လုံး နတ်အာဏာရှင် စစ်သူကြီတွေရဲ့ ဖျက်ဆီးမှုကနေ လွတ်မှာ မဟုတ်ဘူး၊ ကောင်းကင်တာအိုကို စုစည်းပြီး အချိန်မရွေး တိုက်ခိုက်ဖို့ ပြင်ဆင်ထားချည်၊ သေရမယ်ဆိုရင်တောင် မင်း အကောင်းဆုံး ကြိုးစားရလိမ့်မယ်” ပန်ကူးဟာ မီးလိုတောက်လောင်တဲ့ အကြည့်နဲ့ ပြောလိုက်ပါတယ်။

အဲဒီနောက် အိပ်မက်ဟာ ကွဲကြေသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲက‌နေ စနစ်ကို မေးလိုက်ပါတယ် “ပန်ကူးပြောတာ အမှန်တွေပဲလား”

[သက်တမ်း ၉၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[အမှန်ဖြစ်သည်။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ပန်ကူးကို ‌လေးစားသွားပါတယ်။ ပန်ကူးက သူထင်ထားသလို မဆိုးဘူး မဟုတ်ပါလား။

ပန်ကူးက တကယ်ကို စွမ်းအားကြီးတာပါ။ တာအိုစက်ကွင်း မရှိဘဲနဲ့ နတ်အာဏာရှင် စစ်သူကြီးတွေကို တိုက်ခိုက်ရဲပါတယ်။ နောက်ပြီး ရဲရင့်ရုံသာမက ပြတ်လည်း ပြတ်သားပါတယ်။ ဒါတောင် ဒီပန်ကူးက ပန်ကူးအစစ် မဟုတ်သေးပါဘူး။

‘ပန်ကူးက နတ်ဘီလူး ဘယ်လောက်များများကို အသက်ပြန်သွင်းနိုင်မလဲ မသိဘူး၊ သူတို့တွေ နတ်အာဏာရှင် စစ်သူကြီးတွေကို အချိန်ဆွဲနိုင်လေလေ ငါ့အတွက် ပိုကောင်းလေလေပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။

ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ မျှော်လင့်ချက်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်က တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ဟန်ကျွယ် နတ်အာဏာရှင် စစ်သူကြီး တစ်သောင်းကို ဖျက်ဆီးလိုက်ရင်တောင် ပန်ကူးက သူ့ဘက်ကနေ ရပ်တည်နိုင်ပါတယ်။ ပန်ကူးရဲ့ ပင်မခန္ဓာကိုယ်က ဘယ်လောက်ထိ စွမ်းအားကြီးလဲ ဆိုတာတော့ ဟန်ကျွယ် မသိသေးပါဘူး။ ပန်ကူးရဲ့ ပင်ခန္ဓာကိုယ်က ပဋိပက္ခ နတ်မင်းတွေနဲ့ ယှဉ်ပြိုင်နိုင်လောက်ပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို အသံလွှင့်ပြီး ပန်ကူးပေးတဲ့ အိပ်မက်အကြောင်း ပြောပြလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောင်းကင်အရှင်ရွှမ်တု ဘယ်လို စီစဉ်မလဲဆိုတာကိုတော့ ဟန်ကျွယ် စိတ်မဝင်စားပါဘူး။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ် မပါရင် ကောင်းကင်တာအိုက နတ်အာဏာရှင် စစ်သူကြီးတွေကို ရင်ဆိုင်နိုင်စရာအကြောင်း လုံးဝကို မရှိတာပါ။

ဟန်ကျွယ်ဟာ ဟုန်စဲ့မင်ယွင်ကို တစ်ချက် ကြည့်လိုက်ပါတယ်။ ဟုန်စဲ့မင်ယွင်ဟာ လောကဦးထောင်ထဲ ရောက်ထာ နှစ်နှစ်သောင်းပဲ ရှိသေးတာမလို့ ကျွန်ပြုတာကို ခံရဖို့ အဝေးကြီး လိုနေပါသေးတယ်။

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ မကျင့်ကြံဘဲ ကောင်းကင်တန်ခိုး ပြယ်သွားတာကို စောင့်ပါတယ်။ ဟန်ကျွယ်ဟာ ပန်ကူး ဘာလုပ်ချင်လဲဆိုတာကို မသိပါဘူး။

‘အထွတ်အထိပ် နိယာမကို ဖြတ်တောက်လိုက်တာက နတ်အာဏာရှင် စစ်သူကြီးတွေကို သက်ရောက်နိုင်လို့လား...’

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို သူ နတ်အာဏာရှင် စစ်သူကြီးတွေ အကြောင်း ဂဃနဏ မသိသေးတာကို သတိရသွားပါတယ်။

‘နတ်အာဏာရှင် စစ်သူကြီးတွေက မဟာတာအိုထဲမှာ မသေနိုင်ဘူးလား... မသေနိုင်တဲ့ မဟာတာအိုပညာရှိ တစ်သောင်း...’ ဟန်ကျွယ်ဟာ နှလုံးခုန်မြန်သွားပြီး သူ နတ်အာဏာရှင် စစ်သူကြီးတွေကို လျှော့တွက်မိပြီဆိုတာ သဘောပေါက်သွားပါတယ်။

ဟန်ကျွယ်ဟာ ပန်ကူး အပေါ်မှာပဲ မျှော်လင့်ချက် ထားလိုက်ရပါတယ် “ရောင်းရင်း... ကြိုးစားပြီး အဲဒီကောင်တွေကို သတ်ပစ်၊ နောက်ဆုံးကျရင် ငါ အဲဒီခေါင်းတွေကို စုဆောင်းပေးမယ်...” ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း ‌ရေရွတ်လိုက်ပါတယ်။

တခြားတစ်ဖက်မှာတော့ ပဋိပက္ခဟာ လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ အကုန်လုံးဟာ နေရာတစ်ခုတည်းကို အပြေးသွားကြပါတယ်။ ဒီအထဲမှာ ရှန်ပေါင် တာအိုကျင့်ကြံသူလည်း ပါပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ အာကာသအကြားမှာ ခရီးနှင်ရင်း မျက်မှောင်ကြုတ်လိုက်ပါတယ် ‘ပန်ကူးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ’

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ အခြေအနေကို နားမလည်နိုင်တဲ့အတွက် ဖြည်းဖြည်းပဲ ခရီးနှင်ပါတယ်။ ရှန်ပေါင်တာအိုကျင့်ကြံသူဟာ ဒီခရီးက အရမ်းအန္တရာယ်များတယ်လို့ ခံစားရတဲ့အတွက် သူ့အလျင်ကို လျှော့ချလိုက်တာ ဖြစ်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters