မဟာတာအိုကံတရား နတ်အခွင့်အာဏာ၏ ကံတရား
Vol. 79 Ch. 832
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ သူ့ကို ဆင့်ခေါ်တဲ့ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ရှိရာကို ပျံသန်းရင်း တစိမ့်စိမ့် တွေးတောလိုက်ပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ သူ့ဦးတည်ရာကို မရောက်ခင်ကတည်းက ပန်ကူးရဲ့ ကြောက်မက်ဖွယ် ရောင်ဝါကို ခံစားလိုက်ရပါတယ်။
ရှန်ပေါင်တာအိုကျင့်ကြံသူရဲ့ အလျင်ဟာ ပိုပြီးတော့ နှေးသွားပါတယ်။ ပန်ကူးက ဟန်ကျွယ်လို သူ့ကို ရှင်သန်ဖို့လမ်း ပေးမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်နဲ့ယှဉ်ရင် ပန်ကူးရဲ့ ဂုဏ်သတင်းက ပိုကြမ်းပါတယ်။ ပန်ကူးက ခေတ်တစ်ခေတ်ကို သတ်ဖြတ်ပြီး သူ့ဂုဏ်သတင်းကို တည်ဆောက်ခဲ့တာ မဟုတ်ပါလား။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ရုတ်တရက်ဆိုသလို ပြန်လှည့်ချင်စိတ် ပေါက်သွားပါတယ် ‘ငါအခုထိ အတိတ်က ကိစ္စတွေကို မမေ့သေးဘူး၊ ဒီကိစ္စတွေကို ဘယ်လောက်မှ ကြာသေးတာလည်း မဟုတ်ဘူး၊ အတိတ်မှာတုန်းကလည်း ငါ စတေးခံ ဖြစ်ခဲ့တာပဲ၊ အခုလည်း ဒီအတိုင်း ထပ်ဖြစ်ခံဦးမှာလား...’
ရှန်ပေါင်တာအိုကျင့်ကြံသူဟာ ရုတ်တရက် ပြန်လှည့်လိုက်ပါတယ်။ ရုတ်တရက်ဆိုသလို ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ဟာ ဖျက်ဆီးခံရပြီး လက်ကျန်ဝိညာဉ်တစ်စပဲ ကျန်ရှိပါတော့တယ်။ ရှန်ပေါင်တာအိုကျင့်ကြံသူဟာ ချက်ချင်း ထွက်ပြေးပြီး အာကာသအကြား ပျောက်ကွယ်သွားပါတယ်။
လေးငါးဆယ်လ အကြာမှာတော့ ကောင်းကင်တန်ခိုးဟာ ပျောက်ကွယ်သွားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပန်ကူးရဲ့ လှုပ်ရှားမှုက အဆုံးသတ်သွားပြီ ဆိုတာကို သိနိုင်ပါတယ်။
ဟန်ကျွယ်ဟာ မော့ကြည့်လိုက်ပေမဲ့ စစ်ပွဲကိုရော စစ်ပွဲရလဒ်ကိုရော တွက်ချက်လို့လည်း မရသလို ထောက်လှမ်းလို့လည်း မရပါဘူး။ ဟန်ကျွယ်ဟာ စနစ်နဲ့ သက်တမ်းသုံးပြီး တွက်ချက်ကြည့်လို့ ရပေမဲ့ ဒီလောက်ထိ မလိုဘူးလို့ ခံစားလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက လောလောဆယ်မှာ သူ့ကို မသက်ရောက်နိုင်ဘူး မဟုတ်ပါလား။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။
တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိတွေကို စုဝေးပြီး နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ အန္တရာယ်အကြောင်း ရှင်းပြလိုက်ပါတယ်။ တာအိုပညာရှိတွေဟာ ထိတ်လန့်သွားကြပါတယ်။ အတန်ကြာ ဆွေးနွေးပြီးတဲ့နောက်မှာတော့ တာအိုပညာရှိတွေဟာ ပဋိပက္ခဆီ ထွက်သွားကြတဲ့ ကောင်းကင်တာအို သက်ရှိတွေကို ပြန်ခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမဲ့ ကောင်းကင်တာအို သက်ရှိတွေ အကုန်လုံးကို ပြန်ခေါ်ဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် တာအိုပညာရှိတွေဟာ အကောင်းဆုံးဖြစ်အောင်ပဲ ကြိုးစားရပါတယ်။ တာအိုပညာရှိတွေဟာ တခြားအင်အားစုတွေ အခွင့်အရေးယူမှာစိုးတဲ့အတွက် ဒီကိစ္စကို သိုသိုသိပ်သိပ်လုပ်ဖို့ စီစဉ်ထားပါတယ်။
နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ ကြောက်မက်ဖွယ် ဂုဏ်သတင်းက ပဋိပက္ခမှာ ပျံ့နှံ့နေပါပြီ။ ကောင်းကင်တာအိုက ဒီလိုအင်အားကို မခုခံနိုင်ဘူးဆိုရင် နိဂုံးချုပ်သွားမှာပါ။
ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်က ဘာမှမလှုပ်ရှားသေးတဲ့အတွက် တာအိုပညာရှိတွေဟာ အထိတ်တလန့် မဖြစ်ကြပါဘူး။ ဟန်ကျွယ် ထွက်မပြေးသမျှ ကာလပတ်လုံး ကောင်းကင်တာအိုလုံခြုံတယ်လို့ တာအိုပညာရှိဟောင်းတွေက အကြွင်းမဲ့ ယုံကြည်ထားကြပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နှစ်တစ်သိန်း ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟုန်စဲ့မင်ယွင်က သူ့ကို စောင့်နေတာ အတော်ကြာသွားပါပြီ။ နောက်ဆုံးမှာတော့ မဟာတာအို လောကဦး ပဋိပက္ခ နောက်ဆုံးအဆင့် ဟုန်စဲ့မင်ယွင်ဟာ ဟန်ကျွယ်ရဲ့ ကျေးကျွန်တစ်ယောက် လုံးဝ ဖြစ်သွားပါပြီ။
ဟန်ကျွယ်က အမိန့်ပေးလိုက်ပါတယ် “ပြန်သွားပြီး မင်းရဲ့ကမ္ဘာကို ဒီနေရာ ယူလာခဲ့ချည်”
ဟုန်စဲ့မင်ယွင်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ ဟုန်စဲ့မင်ယွင်ကလည်း ဟန်ကျွယ်ရဲ့ ဒီအမိန့်ကို စောင့်ဆိုင်းနေတာပါ။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ဟုန်စဲ့မင်ယွင်ကို ကောင်းကင်တာအို အပြင်ဘက် ပို့လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ပန်ကူးသည် မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာနှင့် ကံတရား ဖြတ်လိုက်သောကြောင့် ကံတရား အထောက်အပံ့ များစွာ လျော့ကျသွား၏။]
[သင့်မိတ်ဆွေ ချုံရှီလိုင်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ လမ်းညွှန်ပြသမှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ပန်ကူးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၉
[သင့်မိတ်ဆွေ ပန်ကူးသည် ဖျက်ဆီးခံရပြီး ရုပ်နာမ်နှစ်ပါးစလုံး ပျက်စီးကာ သူ့စိတ်ဆန္ဒမှာလည်း သူ့မူလသို့ ပြန်ရောက်ရှိသွား၏။]
[သင့်မိတ်ဆွေ ရှန်ပေါင် တာအိုကျင့်ကြံသူသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွား၏။]
[သင့်တပည့် ကျိုးဖန်သည် လွတ်လပ်မှုအဆင့်သို့ ရောက်ရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်တပည့် စုချီသည် သေခြင်း မဟာတာအိုကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
ပန်ကူးက ပျက်စီးသွားတယ်ဆိုပေမဲ့ တကယ် ပျက်စီးသွားတာ မဟုတ်ပါဘူး။ ပြန်မွေးဖွားလာတဲ့ ခန္ဓာကိုယ်ပဲ ပျက်စီးသွားတာပါ။
‘မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာနဲ့ ကံတရား ဖြတ်လိုက်တယ်... ကံတရား အထောက်အပံ့က ဘယ်နှမျိုးတောင် ရှိနေတာလဲ’ ဟန်ကျွယ်ဟာ တော်တော်လေး သိချင်စိတ်သွားပါတယ်။ ကပ်ဘေးထိန်းချုပ်သူကလည်း ကံတရား အထောက်အပံ့ တစ်မျိုးပါ။ နတ်အခွင့်အာဏာကလည်း ကံတရား အထောက်အပံ့ တစ်မျိုးပါပဲ။ ကြည့်ရတာ ကံတရားကလည်း ကံတရား အထောက်အပံ့ နောက်တစ်မျိုးနဲ့ တူပါတယ်။
ဟန်ကျွယ်ဟာ တခြားလူတွေရဲ့ ကံတရားကို တွက်ချက်ဖို့ ကြိုးစားကြည့်တဲ့အခါ သက်ရှိအားလုံးရဲ့ ကံတရားကို တွက်ချက်လို့ ရနေပါသေးတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ပန်ကူး ဘာလုပ်လိုက်တယ်ဆိုတာကို နားမလည်နိုင်တော့ပါဘူး။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်တဲ့အခါ အများစုက အဆင့်ထိုးဖောက်ပြီး အခွင့်အရေးရတာတွေ ဖြစ်နေပါတယ်။ ဟန်ကျွယ် အချိန်ယူ စဉ်းစားဖို့တန်တဲ့ သတင်းအချက်အလက်တွေကိုတော့ မတွေ့ရပါဘူး။
ပဋိပက္ခက ဒီနှစ်တစ်သိန်းမှာ တည်ငြိမ်နေခဲ့ပါတယ်။ ပန်ကူးကလွဲရင် ဟန်ကျွယ်ဟာ တခြား ပဋိပက္ခနတ်ဘီလူးတွေရဲ့ အရိပ်အယောင်ကို တစ်စွန်းတစ်စတောင် မတွေ့ရပါဘူး။
ဟန်ကျွယ်ဟာ မုန်တိုင်းတစ်ခုရဲ့ အငွေ့အသက်ကို ခံစားမိလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ပန်းတိုင်က ကျင့်ကြံအားထုတ်ဖို့ ဖြစ်နေတုန်းပါ။
နှစ်တစ်သိန်းကြာအောင် သန့်စင်ပြီးတဲ့နောက်မှာတော့ လောကဦးကမ္ဘာထဲက ကြယ်တွေဟာ ပိုပြီးတော့ အားကောင်းလာပါတယ်။ လောကဦးကမ္ဘာတစ်ခုလုံး ဝိုးတိုးဝါးတား လောကဦးချီတွေနဲ့ ပြည့်နှက်သွားပြီး ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ဒီဝိုးတိုးဝါးတား လောကဦးချီတွေက စေးကပ်သွားမှာပါ။
ဟန်ကျွယ်ဟာ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်ပါတယ် ‘ဒီဝိုးတိုးဝါးတား လောကဦးချီတွေ အဆုံးစွန်ထိ စုစည်းသွားရင် အာကာသတစ်ခု ဖြစ်တည်လာမှာလား... ဒါက ပဋိပက္ခ ဖြစ်တည်လာတဲ့ ပုံစံမျိုးလား... ဒါ ဖြစ်နိုင်တယ်... ရေရှည်ကျရင် ဒီဝိုးတိုးဝါးတား လောကဦးချီတွေက လောကဦးအာကာသ ဖြစ်တည်သွားနိုင်တယ်၊ ဒီလိုဆိုရင် ငါက လောကဦးပဋိပက္ခကို ဖန်တီးလိုက်တာ ဖြစ်မသွားဘူးလား...’
ဟန်ကျွယ်ဟာ နှလုံးခုန် မြန်သွားပါတယ် ‘ဒီလိုဆို ငါ့မှာ လုံလောက်တဲ့ စွမ်းအားရှိတာနဲ့ ပဋိပက္ခတစ်ခုလုံးကို ငါ့ဝိညာဉ်ထဲ စုပ်ယူပြီး လောကဦးပဋိပက္ခအဖြစ် အသွင်ပြောင်းနိုင်သွားမှာလား...’
ဒါပေမဲ့ ဒီလိုလုပ်တာက ဟန်ကျွယ်အတွက် ဘာအကျိုးမှ မရှိပါဘူး။ ဟန်ကျွယ်ဟာ လောကဦး အာကသာ ဖြစ်တည်လာတာက သူ့ကျင့်ကြံမှုကို ဘယ်လိုသက်ရောက်မယ်မှန်း မသိသေးပါဘူး။ နောက်ကျလို့ ကိုယ်တိုင်ကြုံမှပဲ သိရမှာပါ။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို မော့ကြည့်လိုက်ပါတယ်။ အင်မော်တယ်ကမ္ဘာဟာ အနန္တကပ်ဘေးကြောင့် ဝရုန်းသုန်းကား ဖြစ်နေပါပြီ။ အနန္တကမ္ဘာကတော့ တည်တည်ငြိမ်ငြိမ် ရှိနေပါသေးတယ်။
ချင်လင်းက တာအိုပညာရှိအတု ဖြစ်လာပါတော့မယ်။ ဒါကြောင့် နောက်နှစ်ငါးသောင်းအတွင်း အင်မော်တယ်ကမ္ဘာမှာ ဧရာမ စစ်ပွဲကြီးတစ်ပွဲ ဖြစ်ပေါ်လာတော့မှာပါ။ ဒီစစ်ပွဲက သက်ရှိအားလုံးရဲ့ အမုန်းတရားတွေ ပုံချရာဖြစ်လာပြီး သက်ရှိအားလုံးကို ရန်ငြိုးရန်စတွေကနေ နိုးထစေမှာပါ။
ဆိုးရွားတဲ့ အခြေအနေကို ကြုံတွေ့ရမှာသာ လူတွေဟာ ငြိမ်းချမ်းရေးကို သတိရလာပြီး ငြိမ်းချမ်းရေး အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းကြမှာပါ။
အရာအားလုံးက အစီအစဉ်အတိုင်း သွားနေပါတယ်။ ကောင်းကင်တာအိုက အတွင်းအပြင် ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထင်ရပေမဲ့ အများကြီး သက်ရောက်မှုတော့ မရှိပါဘူး။ ဟန်ကျွယ်သာ နတ်အာဏာရှင် စစ်သူကြီးတွေကို ခုခံနိုင်ရင် တာအိုပညာရှိတွေက ကောင်းကင်တာအိုထဲမှာရှိတဲ့ သက်ရှိတွေကို ဖိနှိပ်ဖို့ လုံလောက်ပါတယ်။
ဒီလိုဆို ဝရုန်းသုန်းကား အခြေအနေက ချက်ချင်း ငြိမ်သက်သွားမှာပါ။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ဆီ သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ စကြဝဠာခန်းမထဲကို ဝင်လိုက်ပါတယ်။ စကြဝဠာခန်းမထဲမှာ ကောင်းကင်အရှင်ရွှမ်တုပဲ ရှိနေပါတယ်။
ဟန်ကျွယ် ပေါ်လာတာကို တွေ့တာနဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ် “တာအိုရောင်းရင်းဟန်... အခြေအနေက သိပ်မကောင်းဘူး”
“ဘာဖြစ်လို့လဲ”
“ပန်ကူး သေသွားပြီ၊ ပန်ကူးက ပဋိပက္ခ နတ်ဘီလူးတွေကို အသက်ပြန်သွင်းတယ်ဆိုပေမဲ့ ပဋိပက္ခ နတ်ဘီလူး သုံးထောင်လုံးကို အသက်ပြန်သွင်းတာ မဟုတ်ဘူး၊ ပဋိပက္ခ နတ်ဘီလူးတွေက နတ်အာဏာရှင် စစ်သူကြီးတွေကို မယှဉ်နိုင်ဘူး၊ အခု နတ်အာဏာရှင် စစ်သူကြီးတွေ အကြောင်းက ပဋိပက္ခကို ပျံ့နှံ့သွားပြီ၊ ပြောကြတာတော့ နတ်အာဏာရှင် စစ်သူကြီးတွေက ပဋိပက္ခ နတ်ဘီလူး အကုန်လုံးကို သတ်ပစ်မှာတဲ့၊ တာအိုပညာရှိတချို့က နတ်အာဏာရှင် စစ်သူကြီးတွေ ကောင်းကင်တာအိုကို ပစ်မှတ်ထားတာက တာအိုရောင်းရင်းကြောင့်လို့ ထင်နေကြတယ်...”
ကောင်းကင်အရှင်ရွှမ်တုက ဆက်မပြောတော့ပါဘူး။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒါဆို မင်းကရော ဘယ်လိုထင်လဲ”
“ငါကတော့ တာအိုရောင်းရင်းဟန်ကို ယုံကြည်တယ်၊ တာအိုရောင်းရင်းဟန်ရဲ့ ကျင့်ကြံမှုနဲ့ ကောင်းကင်တာအိုကို မလိုအပ်တော့တာ ကြာပြီ၊ ဒါပေမဲ့ သာမန်တာအိုပညာရှိတွေ ဖြားယောင်းခံရတာကလည်း ပုံမှန်ပဲ၊ သူတို့မှ တာအိုရောင်းရင်းဟန် အကြောင်းကို မသိကြတာကို”
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ ဆိုလိုရင်းကို နားလည်သွားပါတယ်။
တာအိုပညာရှိအသစ်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကောင်းကင်အရှင်ရွှမ်တုဟာ ဒီအခြေအနေကို အသုံးချပြီး တာအိုပညာရှိ အသစ်တွေကို ဖိနှိပ်ချင်နေတာပါ။
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းက ဘယ်သူ့ကို သံသယရှိလဲ”
“ကျင်းရှန်၊ ရွှီတုတောက်၊ ရန်ချဲ့၊ လောကဦးပဋိပက္ခ ဗုဒ္ဓ၊ သူတို့တွေက ဒီအတောအတွင်း တခြားကမ္ဘာတွေနဲ့ တော်တော်လေး အဆက်အသွယ်ပြုလာတယ်”
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တု စကားကြောင့် တိတ်ဆိတ်သွားပါတယ်။ ရွှီတုတောက်က လုံးဝ ယုံကြည်လို့ ရပေမဲ့ တခြား တာအိုပညာရှိသုံးပါးကတော့ ဒီလို မဟုတ်ပါဘူး။ လောကဦးပဋိပက္ခ ဗုဒ္ဓက ဟန်ကျွယ်ရဲ့ သူလျှို့ဆိုပေမဲ့ သူ့ခံစားချက်ကို လွယ်လင့်တကူ ပြောင်းလဲနိုင်တာမလို့ ယုံကြည်ဖို့ မကောင်းပါဘူး။
“ငါ နားလည်ပြီ၊ ကောင်းကင်တာအိုကို ဆက်ပြီးတော့ ထိန်းသိမ်းချည်၊ တစ်ယောက်ယောက်က ထွက်သွားချင်ရင် တားစရာ မလိုဘူး၊ ထွက်သွားအောင် ပိုအားပေးသင့်တယ်၊ ဒါပေမဲ့ တစ်ယောက်ယောက်က ဒါကို အသုံးချပြီး ကောင်းကင်တာအိုကို နှောင့်ယှက်လာရင်တော့ ဘာလုပ်ရမလဲဆိုတာ မင်း သိပါတယ်” ဟန်ကျွယ်က ခံစားချက် ကင်းမဲ့စွာ ပြောလိုက်ပါတယ်။
ကောင်းကင်တာအိုရဲ့ အစွမ်းထက်တဲ့ တာအိုပညာရှိတွေဟာ ဟန်ကျွယ် ထိန်းချုပ်မှုအောက်မှာပါ။ ဒီလိုအခြေအနေမှာ တာအိုပညာရှိအသစ်တွေ ပြဿနာရှာတာက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပါပဲ။
ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် ကောင်းကင်အရှင်ရွှမ်တုဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်ပါတယ် “တာအိုရောင်းရင်းဟန်... နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းအတွက် ဘယ်လိုအစီအစဉ်တွေရှိလဲ”
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပါတယ် “အချိန်ရှိပါသေးတယ်၊ အထိတ်တလန့် ဖြစ်စရာ မလိုပါဘူး”
ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းညိတ်လိုက်ပြီး တစ်ခဏ တုံ့ဆိုင်းကာ ထပ်မေးလိုက်ပါတယ် “တာအိုရောင်းရင်းဟန်... ငါ့ဆရာကို သွားရှာဖို့ လိုလား”
‘လောင်ဇီ...’ ဟန်ကျွယ်ဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ် “သူက အလကား ကူညီမှာ မဟုတ်ဘူးမလား”
ကောင်းကင်အရှင်ရွှမ်တုက ချက်ချင်း ပြန်ဖြေပါတယ် “ငါက ဒီအတိုင်း မေးလိုက်ရုံပါ၊ တာအိုရောင်းရင်းဟန် ယုံကြည်ချက်ရှိတယ်ဆိုရင် ငါ ဆရာကို သွားရှာဖို့ မလိုပါဘူး”
“သူ့ကို လောလောဆယ် သွားမရှာနဲ့ဦး”
“နားလည်ပါပြီ”
စကားခဏ ထပ်ပြောပြီးတာနဲ့ ဟန်ကျွယ်ဟာ စကြဝဠာခန်းမကနေ ထွက်ခွာလာခဲ့ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ သူ စကားမှားသွားကို စိုးရိမ်နေခဲ့တာပါ။ ကောင်းကင်အရှင်ရွှမ်တုမှာ ရွေးချယ်စရာ မရှိပါဘူး။ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ရဲ့ ယုံကြည်ချက်က ဘယ်ကနေ လာလဲဆိုတာကို မသိပါဘူး။
ကောင်းကင်အရှင်ရွှမ်တုရဲ့ အမြင်အရ မဟာတာအိုပညာရှိတစ်သောင်းက ပြိုင်ဘက်ကင်းတဲ့ အင်အားပါ။ လောင်ဇီလာကူညီရင်တောင် အသုံးဝင်နိုင်ခြေ သိပ်မရှိပါဘူး။ အများဆုံး ရွမ်လိန့်ကျောင်းတော်ကို ကယ်နိုင်လောက်ရုံပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။