တိတ်ဆိတ်ဂိုဏ်း၏ စုစည်းမှု
Vol. 79 Ch. 833
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ရောက်ပြီးနောက် အတွေးထဲ နစ်မြောသွားပါတယ်။ ဟန်ကျွယ်ဟာ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကြောင့် တခြားလူတွေ ခံစားရမဲ့ ဖိအားကို လျစ်လျူရှုမိခဲ့ပါတယ်။ ဟန်ကျွယ်တောင် ဖိအားကြီး ခံစားရတဲ့အတွက် တခြားလူတွေဆို ပြောမနေပါနဲ့။
‘ဒါလည်း ကောင်းတာပဲ၊ ငါ တာအိုပညာရှိတွေကို စမ်းသပ်လို့ရတယ်’
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ရဲ့ အဓိကပန်းတိုင်က အဆင့်ထိုးဖောက်ဖို့ ဖြစ်နေတုန်းပါပဲ။ တတ်နိုင်သလောက်မြန်မြန် အဆင့်ထိုးဖောက်မှာသာ ဟန်ကျွယ်ဟာ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို ရင်ဆိုင်ဖို့ ယုံကြည်ချက် ရှိမှာပါ။
တာအိုပညာရှိတွေ အတွက်ကတော့ ထွက်ပြေးသွားလည်း ကိစ္စမရှိပါဘူး။ အသစ်တစ်ယောက် ထပ်ခန့်လိုက်ရုံပေါ့။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ကြယ်တွေကို ဆက်သန့်စင်ပါတယ်။ ဟန်ကျွယ် အဆင့်မထိုးဖောက်တာက နှစ် ၇၀၀,၀၀၀ ရှိခဲ့ပါပြီ။
ဟန်ကျွယ်အတွက် အချိန်က အရမ်းကို အကုန်မြန်သွားပါတယ်။ သက်ရှိတွေရဲ့ လေးငါးခြောက်ခေတ်က ဟန်ကျွယ်အတွက် မျက်တောင်တစ်ခတ်ပါပဲ။
အင်မော်တယ်ကမ္ဘာမှာ သူရဲကောင်းဆန်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ပါရမီရှင်တွေ ပိုပြီးတော့ ပေါ်ထွန်းလာပါတယ်။
ဟန်ကျွယ်ရဲ့ တပည့်ရင်းတွေကတော့ အနန္တကမ္ဘာမြင်ကွင်းကျယ်မှာ မကြာခဏ စုဝေးကြပါတယ်။ ဒီစုဝေးပွဲကို ငရဲကြက်နက်က ဦးစီးတာပါ။ ငရဲကြက်နက်ဟာ အပြင်ထွက်ပြီး တစ်ခါမှ မလေ့ကျင့်ပေမဲ့ တပည့်ရင်းတွေထဲမှာ အဆင့်မသေးပါဘူး။
တပည့်ရင်းတွေဟာ အနန္တကမ္ဘာ မြင်ကွင်းကျယ်ထဲမှာ စုဝေးပြီး နတ်အာဏာရှင် စစ်သူကြီးတွေ အကြောင်း ဆွေးနွေးကြပါတယ်။
“တာအိုပညာရှိတစ်သောင်း... ဒါက မလွန်လွန်းဘူးလား... ဒီအင်အားကို ငါတို့ ကောင်းကင်တာအိုက ဘယ်လိုလုပ်ပြီး တားဆီးနိုင်မှာလဲ”
“ဟုတ်တယ်၊ ဒီသတင်းက ပြန့်သွားတာ ကြာပြီ၊ ကောင်းကင်တာအိုသက်ရှိ တော်တော်များများက ကောင်းကင်တာအို ကံတရား အထောက်အပံ့ကနေ လွတ်မြောက်ဖို့ နည်းလမ်းရှာနေကြတယ်”
“ဒါက ကောင်းကင်တာအို သမိုင်းမှာ အကြီးမားဆုံး ကပ်ဘေးပဲ”
“ဒါဆို ငါတို့တွေ ဘာလုပ်ကြမလဲ”
“ငါလည်း မသိဘူး၊ ဆရာသခင်က ဘာမှမပြောသေးဘူး”
“မစိုးရိမ်နဲ့၊ ဆရာသခင်သာ ကြောက်ရင် ထွက်ပြေးတာ ကြာပြီ”
“အဓိကက ငါတို့တွေ ထွက်ပြေးလို့ မလွတ်တာပဲ၊ နတ်အာဏာရှင် စစ်သူကြီးတွေ ဘယ်ရောက်ရောက် ထောက်လှမ်းမထားတဲ့ သက်ရှိရှိရင် သူတို့ရှေ့မှာ ချက်ချင်း ပေါ်လာတာတဲ့”
လူတိုင်းဟာ တစ်ယောက်တစ်ပေါက် ဆွေးနွေးကြပါတယ်။
ကျိုးဖန်က ပြုံးလိုက်ပါတယ် “ဘာမှမဖြစ်ဘူး၊ အချိန်ကျရင် ဆရာသခင်ရဲ့ တာအိုစက်ကွင်းဆီ ပြန်ရုံပေါ့၊ ဆရာသခင်ရဲ့ တာအိုစက်ကွင်းက နတ်အာဏာရှင် စစ်သူကြီးတွေကို ဟန့်တားနိုင်လောက်တယ်”
ချူရှီရန်က ပြောလိုက်တယ် “မင်းတို့တွေ ငါရဲ့ ဗုဒ္ဓကမ္ဘာကို လာလို့ရတယ်”
လီရွှမ်အောက်က နှာခေါင်းရှုံ့လိုက်ပါတယ် “ဒီအကြောင်းပြောရရင် ကောင်းကင်တာအိုထဲမှာ ဒီအတောအတွင်း ကန့်ကွက်မှုတွေ ရှိလာတယ်၊ တချို့က ဂိုဏ်းချုပ်ကို ကောလဟာလလွှင့်ပြီး အပုပ်ချကြတယ်၊ နတ်အာဏာရှင် စစ်သူကြီးတွေက ကောင်းကင်တာအိုကို ပစ်မှတ်ထားတာ မဟုတ်ဘဲ ပဋိပက္ခ နတ်ဘီလူးတွေကို ပစ်မှတ်ထားတာဆိုပြီးတော့လေ”
စုချီဟာ နှာမှုတ်သံပြုလိုက်ပါတယ် “ဟွန်း... တချို့တာအိုပညာရှိတွေ တာအိုဟောကြားတဲ့နေရာမှာ မဟုတ်တာတွေ လျှောက်ပြောတာကို ငါလည်း ကြားထားတယ်”
တာအိုအရှင်သခင်ဟာ မျက်တောင်တစ်ချတ် ခတ်လိုက်ပါတယ် “အဲဒီ တာအိုပညာရှိတွေ ရူးသွားတာလား၊ သူတို့ကိုယ်သူတို့ မသေနိုင်ဘူးလို့ ထင်နေကြတာလား”
ကောင်းကင်အရှင်ရွှမ်တုက နတ်အာဏာရှင် စစ်သူကြီးတွေ ကောင်းကင်တာအိုကို ပစ်မှတ်ထားတဲ့ သတင်း မပေါက်ကြားအောင် လုပ်ဆောင်ဖို့ တာအိုပညာရှိတွေကို ညွှန်ကြားခဲ့ပေမဲ့ ဒီကိစ္စက ကြီးမားလွန်းတဲ့အတွက် တချို့တာအိုပညာရှိတွေဟာ မနေနိုင်ဘဲ သူတို့ရဲ့ တပည့်တွေကို ပြောပြကြပါတယ်။ ဒီလိုနဲ့ ဒီသတင်းက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အထက်မှာ ပျံ့နှံ့လာပါတယ်။
“တော်တော် ရယ်ဖို့ကောင်းတာပဲ၊ ငါတို့ဂိုဏ်းချုပ်ကြောင့်သာ မဟုတ်ရင် ကောင်းကင်တာအို ပျက်စီးသွားတာ ကြာပြီ၊ ဒီကောင်တွေက ဘဝမေ့သွားပြီနဲ့တူတယ်” ကျန်းယီက အထင်အမြင်သေးစွာ ပြောလိုက်ပါတယ်။
ငရဲကြက်နက်ဟာ လီတောက်ခုံးကို ကြည့်ပြီး မေးလိုက်ပါတယ် “ပထမ အစောင့်အရှောက်... ဘာလို့ ဘာမှမပြောတာလဲ၊ ဒီအတောအတွင်း ရှုံဟွာတွေ အခြေအနေ ဘယ်လိုရှိလဲ”
လီတောက်ခုံးဟာ ခေါင်းခါလိုက်ပါတယ် “ငါတို့တွေ သေမင်းတံခါးဝမှာ ရုန်းကန်ပြီး နေရာတကာမှာ လိုက်ပုန်းနေရတယ်၊ ဒါပေမဲ့ နတ်အာဏာရှင် စစ်သူကြီးတွေ ပေါ်လာတာက ရှုံဟွာတွေကို တော်တော်လေး ဖိအားလျော့သွားစေတယ်”
လီရွှမ်အောက် အကြံဝင်ပေးပါတယ် “အားလုံးပဲ... ဘာလို့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ပြန်မလာကြတာလဲ၊ ငါတို့တွေ တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အားကို စုစည်းပြီး နတ်အာဏာရှင် စစ်သူကြီးတွေကို အတူတူ ခုခံကြရအောင်”
တခြားတပည့်တွေက ခေါင်းညိတ်လိုက်ကြပါတယ်။
ကျိုးဖန်နဲ့ ချူရှီရန်လည်း ခေါင်းညိတ်လိုက်ကြပါတယ်။ သူတို့အင်အားစုတွေကို နတ်အာဏာရှင် စစ်သူကြီးတွေနဲ့ ရင်ဆိုင်စေတာက သေမင်းတံခါးဝထဲ ခုန်ဆင်းခိုင်းတာနဲ့ အတူတူပါပဲ။ သူတို့အကုန်လုံးက ကောင်းကင်တာအို သက်ရှိတွေ မဟုတ်ပါလား။
သူတို့တွေဟာ ဟန်ကျွယ် မလိမ်ဘူးလို့ ယုံကြည်ထားကြပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတွေက ပဋိပက္ခ နတ်ဘီလူးတွေကိုသာမက ကောင်းကင်တာအို သက်ရှိတွေကိုပါ ပစ်မှတ်ထားနေတာပါ။
စန့်ချွမ်အဂ္ဂကမ္ဘာဟာ ရောင်စုံအလင်းရောင်တွေနဲ့ ပြည့်နေပြီး တိုက်အလွှာတွေဟာ အချင်းချင်းထပ်ကာ ဟင်းလင်းပြင်ကို တောက်ပတဲ့ အလင်းရောင် ပေးနေပါတယ်။
ရန်ချဲ့ဟာ ဟင်းလင်းပြင်ထဲကနေ ပျံသန်းလာပြီး စန့်ချွမ်အဂ္ဂကမ္ဘာထဲကို တစ်ခါတည်း တန်းဝင်လိုက်ပါတယ်။ ရန်ချဲ့ဟာ အမြင့်ဆုံး တိုက်ထဲ ပျံဝင်လိုက်တဲ့အခါ တောက်ပတဲ့ ကမ္ဘာတစ်ခုဆီ ရောက်သွားပါတယ်။
ရန်ချဲ့ဟာ ရှေ့ကို ဆက်ပျံသန်းတဲ့အခါ ဧရာမနန်းတော်ကြီး တစ်ဆောင်ရှေ့ ရောက်သွားပါတယ်။ နန်းတော်ရှေ့မှာ ခမ်းနားထည်ဝါတဲ့ ရုပ်တုနှစ်ခု တည်ရှိနေပြီး သူတို့မျက်လုံးတွေက အရမ်းကို တောက်ပလှပါတယ်။
ရန်ချဲ့ဟာ တံခါးရှေ့မှာ ဒူးထောက်လိုက်ပါတယ် “သုံးပါးအရှင်... ကောင်းကင်တာအိုက ကျွန်တော် ရန်ချဲ့ အလည်လာပါတယ်”
တံခါး ပွင့်သွားတဲ့အတွက် ရန်ချဲ့ဟာ ခန်းမထဲကို စိတ်လှုပ်ရှားစွာ ဝင်လိုက်ပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ ချုံရှီလိုင်ဟာ သူ့တာအိုစက်ကွင်းထဲ တရားထိုင်နေပါတယ်။ ရုတ်တရက်ဆိုသလို ချုံရှီလိုင်ရှေ့မှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ကျဲ့ယင်ပါ။
ချုံရှီလိုင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ကျဲ့ယင်ကို တွေ့လိုက်ရတဲ့အတွက် မျက်မှောင်ကြုတ်သွားပါတယ်။
ကျဲ့ယင်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “နတ်အာဏာရှင် စစ်သူကြီးတွေက တားဆီးလို့မရဘူး၊ မင်း အနောက်ဂိုဏ်းကို ပြန်လာချင်စိတ် ရှိလား”
ချုံရှီလိုင်ဟာ တိတ်ဆိတ်နေပါတယ်။
ကျဲ့ယင်က ထပ်ပြောပါတယ် “နတ်အာဏာရှင် စစ်သူကြီးတိုင်းက မဟာတာအို ပညာရှိတွေကို စိုးမိုးနိုင်တဲ့ ပြိုင်ဘက်ကင်း တည်ရှိမှုတွေ၊ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းက ဘာလဲဆိုတာကို မင်း နားလည်သင့်တယ်၊ ဒါက ပဋိပက္ခရဲ့ အထွတ်အထိပ် စွမ်းအားပဲ၊ နတ်ဘီလူးတွေနဲ့ ကောင်းကင်တာအိုကို ရှင်းလင်းသုတ်သင်တာက ပြောင်းလဲဖို့ မဖြစ်နိုင်တဲ့ ယေဘုယျ အခြေအနေပဲ၊ မင်း ကောင်းကင်တာအိုမှာ ဆက်နေရင် အသက်ဆုံးတာပဲ အဖတ်တင်လိမ့်မယ်၊ တချို့ ကောင်းကင်တာအိုပညာရှိတွေဆို လွတ်လမ်း ရှာနေကြပြီ၊ ငါ မင်းကို လာရှာတာက အရင်တုန်းက ခင်မင်ရင်းနှီးမှုတွေကြောင့်ပဲ”
ချုံရှီလိုင်က မေးလိုက်ပါတယ် “မင်းလည်း ကောင်းကင်တာအိုကပဲ၊ နတ်အာဏာရှင် စစ်သူကြီးတွေက မင်းကို ပစ်မှတ်မထားဘူးလို့ ဘာလို့ အတပ်ပြောနိုင်ရတာလဲ”
ဒီတစ်ခါမှာတော့ ကျဲ့ယင်ဟာ တိတ်ဆိတ်သွားပါတယ်။ ချုံရှီလိုင်ဟာ အလျင်မလိုတဲ့အတွက် ကျဲ့ယင်ဆီက အဖြေကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။
ကျဲ့ယင်က ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ် “အဆုံးသတ် အပျက်အစီး နတ်ဘုံက ကောင်းကင်တာအို ကံတရား အထောက်အပံ့နဲ့ ဖြတ်တောက်လိုက်တာ ကြာပြီ၊ ငါတို့က ကောင်းကင်တာအို သက်ရှိတွေ မဟုတ်တော့ဘူး၊ မင်း ကောင်းကင်တာအိုနဲ့ ဟန်ကျွယ်ကို ဘာဖြစ်လို့ ဒီလောက်ထိ သစ္စာရှိနေလဲဆိုတာ ငါ နားမလည်ဘူး၊ မင်း သေချာတွေးပြီးရင် ငါ့ကို လာရှာချည်... နတ်အာဏာရှင် စစ်သူကြီးတွေက ကောင်းကင်တာအိုကို ချဉ်းကပ်လာပြီ၊ မင်းမှာ အချိန်သိပ်မကျန်တော့ဘူး”
အဲဒီနောက် ကျဲ့ယင်ဟာ မီးခိုးလိုမျိုး လွင့်ပါးပျောက်ကွယ်သွားပါတယ်။
ချုံရှီလိုင်ဟာ မျက်နှာသေနဲ့ ရှိနေပေမဲ့ စိတ်ထဲမှာတော့ နှာခေါင်းရှုံ့လိုက်ပါတယ် ‘ငါက ဟန်ကျွယ်ကို သစ္စာရှိနေတာ၊ မင်းစကားလောက်နဲ့ စိတ်ယိုင်စရာလား... ဘယ်တာအိုပညာရှိက ကောင်းကင်တာအိုကနေ ထွက်ပြေးချင်လဲဆိုတာ ငါ ကြည့်ဦးမယ်’
ချုံရှီလိုင်ဟာ မျက်တောင်ခတ်လိုက်ပြီး ဟန်ကျွယ်ကို အကျိုးဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက် ချုံရှီလိုင်ဟာ ချက်ချင်း မတ်တတ်ရပ်ပြီး တခြားတာအိုပညာရှိတွေဆီ သွားလည်ပါတယ်။
.....
ရေအိုင်ဘေးက ဇရပ်တစ်ဆောင်။
“ဘာ... မင်းတို့တွေက ကောင်းကင်တာအိုကို ပြန်ချင်တယ်၊ မင်းတို့ကောင်တွေ ရူးသွားပြီလား” လောင်တန်ရဲ့ မျက်နှာမှာ စိတ်ပျက်ခြင်း ဒေါသထွက်ခြင်းတွေ ရောယှက်သွားပါတယ်။
တာအိုအရှင်သခင်က အခိုင်အမာ ပြောလိုက်ပါတယ် “ကောင်းကင်တာအိုက ပြဿနာတက်နေပြီဆိုတော့ တိတ်ဆိတ်ဂိုဏ်းတပည့်အနေနဲ့ ပြန်သင့်တာ သဘာဝပဲ”
ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီကလည်း ခေါင်းညိတ်လိုက်ပါတယ်။ သူတို့တွေဟာ ကောင်းကင်တာအိုကနေ ထွက်ခွာလာခဲ့တာ အတော်ကြာသွားပြီဆိုပေမဲ့ သူတို့ရဲ့ဘဝကို ဘယ်တော့မှ မမေ့ခဲ့ပါဘူး။
လောင်တန်ဟာ သူ့ဒေါသကို နှိပ်ကွပ်လိုက်ပါတယ် “နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းက ကောင်းကင်တာအိုကို ဖျက်ဆီးပြီး ပဋိပက္ခ နတ်ဘီလူးတွေကို သတ်ဖြတ်ချင်နေတာ၊ မင်းတို့ ကောင်းကင်တာအိုဆီ ပြန်ရင် သေလိမ့်မယ်၊ မင်းတို့တွေက လွတ်လပ်မှုအဆင့်ကို ရောက်နေပြီဆိုတော့ စွမ်းအားကြီးပုဂ္ဂိုလ်လို့ ပြောလို့ရတယ်၊ ဒါပေမဲ့ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းရှေ့မှာ ပုရွက်ဆိတ်သာသာပဲ ရှိမှာ၊ ငါ့ရဲ့ ပင်မခန္ဓာကိုယ်တောင် နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို ယှဉ်နိုင်တာ မဟုတ်ဘူး”
တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ဟာ တိတ်ဆိတ်သွားကြပေမဲ့ သူတို့မျက်လုံးတွေကတော့ လုံးဝကို ခိုင်မာပြတ်သားနေကြပါတယ်။ သူတို့တွေဟာ သေမှာကို ဘယ်တုန်းကမှ မကြောက်ခဲ့ပါဘူး။
အတန်ကြာတဲ့အခါမှာတော့...
“နတ်အာဏာရှင် စစ်သူကြီးတစ်ပါးက ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို ကြည့်ချင်သေးတယ်” ကျန်းယီက နှာခေါင်းရှုံ့ပြီး ပြောလိုက်ပါတယ်။
လောင်တန်ဟာ မျက်နှာပြောင်းသွားပါတယ်။
ကျောက်ရွှမ်ယွမ်က ကြိမ်းမောင်းလိုက်ပါတယ် “အဘိုးကြီး... ခင်ဗျားက ကျုပ်တို့ကို အလွတ်မပေးချင်တဲ့ သဘောလား”
လောင်တန်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “သွားကြမယ်၊ မင်းတို့ကို ငါကိုယ်တိုင် အဖော်ပြုပေးမယ်၊ မင်းတို့ ဒီလောက်တောင် သစ္စာရှိနေတဲ့ တိတ်ဆိတ်ဂိုဏ်းချုပ်က ဘယ်လိုလူလဲဆိုတာကို ငါ ကြည့်ချင်သေးတယ်”
တာအိုအရှင်သခင်တို့ သုံးဦးဟာ တဟားဟား ရယ်မောလိုက်တဲ့အတွက် စကားဝိုင်းဟာ ချက်ချင်းဆိုသလို စိုပြည်သွားပါတယ်။ အဲဒီနောက် ကျောက်ရွှမ်ယွမ်ဟာ ဟန်ကျွယ်အကြောင်းကို စပြီးတော့ ကြွားပါတော့တယ်။
တစ်ချိန်တည်းမှာပဲ မဟာတာအိုမျှော်စင်နဲ့ ဗုဒ္ဓကမ္ဘာတို့ဟာ ကောင်းကင်တာအိုဆီ ဦးတည်လာနေကြပါတယ်။ ကျိုးဖန်နဲ့ ချူရှီရန်တို့ဟာ သူတို့အင်အားစုတွေကို တစ်ပါတည်း ခေါ်ဆောင်လာတာမလို့ အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေပါတယ်။
ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံနေတုန်းမလို့ သူ့တပည့်တွေ ဘာလုပ်နေတယ် ဆိုတာကို မသိပါဘူး။
နောက်ထပ် နှစ်ငါးသောင်း ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီးနောက် ယုံကြည်ချက် ပိုရှိသွားပါတယ်။ သူ့ဓမ္မစွမ်းအားက ထပ်ပြီးတော့ တိုးတက်သွားတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး ဓားရူးတာအိုပညာရှိ တစ်သောင်းကို စိန်ခေါ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အဆင့်မတက်ပေမဲ့ ဒီနှစ်တွေမှာ ကြယ်တွေကို သန့်စင်ခဲ့တာကြောင့် သူ့ဓမ္မစွမ်းအားတွေကို ပိုပိုအားကောင်းလာခဲ့ပါတယ်။ ဒါကြောင့် ဟန်ကျွယ် ထုတ်ဖော်တဲ့ နတ်ဘီလူးဓမ္မရုပ်တု တစ်ထောင်ကျော်ကလည်း ပိုပြီးတော့ စွမ်းအားကြီးလာပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။