← Chapters

ပြိုင်ဘက်ကင်း

Vol. 79 Ch. 834

ပြိုင်ဘက်ကင်း

Vol. 79 Ch. 834

ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဒါဇင်ကျော် တိုက်ခိုက်ပြီးနောက် မျက်လုံးဖွင့်ကာ ပြုံးလိုက်ပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိတစ်သောင်းကို လွယ်လင့်တကူ တိုက်ခိုက်နိုင်နေပြီဆိုပေမဲ့ တစ်ချက်တည်းတော့ မသတ်နိုင်သေးပါဘူး။

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ တစ်သောင်းကို တစ်ချက်တည်း အပြတ်ရှင်းပစ်ချင်တာပါ။ အဲဒီနောက် ဟန်ကျွယ်ဟာ ပျင်းရိလေးတွဲ့စွာ သမ်းဝေလိုက်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

ဒီအတောအတွင်း ပဋိပက္ခက ပြန်ပြီးတော့ သက်ဝင်လှုပ်ရှားလာပါတယ်။ ဟန်ကျွယ်ရဲ့ မိတ်ဆွေ တော်တော်များများလည်း တိုက်ခိုက်ခံရပါတယ်။ ဒါပေမဲ့ နတ်အာဏာရှင် စစ်သူကြီးတွေနဲ့ ပတ်သက်ပြီး တစ်စွန်းတစ်စတောင် မတွေ့ရပါဘူး။

စာစောင်တွေကို ဖတ်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “နတ်အာဏာရှင် စစ်သူကြီးတွေ ကောင်းကင်တာအိုဆီ ရောက်လာဖို့ ဘယ်လောက် လိုသေးလဲ”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[နှစ်နှစ်သန်းခန့် လိုသေးသည်။]

ဒီအချိန်က သိပ်မကြာပေမဲ့ သိပ်ပြီးတော့လည်း မတိုတောင်းပါဘူး။

ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် သူ့တပည့်တွေကို ဒီအကြောင်းပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့တပည့်တွေ နတ်အာဏာရှင် စစ်သူကြီးတွေနဲ့ အတွေ့စောပြီး အသတ်ခံရမှာကို စိုးရိမ်လို့ပါ။

ဟန်ကျွယ်ဟာ ပဋိပက္ခကို လှမ်းကြည့်လိုက်တဲ့အခါ သူ့တပည့်တွေ အကုန်လုံးက ကောင်းကင်တာအိုဆီ အပြေးလာနေတာကို တွေ့လိုက်ရပါတယ်။ ဗုဒ္ဓကမ္ဘာ၊ မဟာတာအိုမျှော်စင်... ကမ္ဘာတစ်ခုလုံး ရွေ့လျားနေတာပါ။ ဒီမြင်ကွင်းက တော်တော် အံ့ဩဖို့ ကောင်းပါတယ်။

ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ သူ့တပည့်တွေက ကောင်းကင်တာအိုမှာ ပြန်ဆုံဖို့ သဘောတူထားတာကို သွားတွေ့ပါတယ်။

ဟန်ကျွယ်ဟာ ပြုံးပြီး ရေရွတ်လိုက်ပါတယ် “ဒီကောင်တွေက သိတော့ သိတတ်သားပဲ”

တစ်ချိန်တည်းမှာပဲ ဒီအဖြစ်အပျက်ကနေ နတ်အာဏာရှင် စစ်သူကြီးတွေက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတယ်ဆိုတာကို ဟန်ကျွယ် သိလိုက်ပါတယ်။ အမြဲတမ်း စိတ်ထင်ရာ လျှောက်လုပ်နေတဲ့ သူ့တပည့်တွေတောင် ပြန်လာကြတယ် မဟုတ်ပါလား။

ဒီအကြောင်းကို တွေးမိတဲ့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး နတ်အာဏာရှင် စစ်သူကြီးတွေကို ကျိန်စာတိုက်ကာ အချိန်ဆွဲဖို့ ပြင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ကျိန်စာဟာ ပစ်မှတ်ကို ရှာမရပါဘူး။ ပဋိပက္ခမှာ နတ်အာဏာရှင် စစ်သူကြီးတွေ မတည်ရှိတဲ့ အတိုင်းပါပဲ။ ဟန်ကျွယ် သူ့စိတ်ထဲက နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ ပုံရိပ်ယောင်ကို ပြန်တွေးခေါ်တာတောင် အသုံးမဝင်ပါဘူး။

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ နတ်အာဏာရှင် စစ်သူကြီးတွေကို အခုအချိန် ရင်ဆိုင်တိုက်ရင် အနိုင်ရနိုင်ခြေ ရှိလား”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မရှိပါ။]

‘တိကျလှချည်လား...’ ဟန်ကျွယ်ရဲ့ နှလုံးဟာ တထိတ်ထိတ် ခုန်သွားပါတယ် ‘မဖြစ်ဘူး... ငါ အထွတ်အထိပ် အဆင့်ကို တတ်နိုင်သလောက် မြန်မြန် ထိုးဖောက်မှ ဖြစ်မယ်၊ မဟုတ်ရင် ငါ နတ်အာဏာရှင် စစ်သူကြီးတွေကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး’

အချိန်က နှစ်နှစ်သန်းတောင် ရှိသေးတဲ့အတွက် ဒီကြားထဲမှာ တစ်ခုခုသာ မဖြစ်ဘူးဆိုရင် ဟန်ကျွယ်အတွက် အထွတ်အထိပ်အဆင့်ကို ထိုးဖောက်ဖို့ အချိန်လုံလောက်ပါတယ်။ ဟန်ကျွယ် ကြောက်တာကလည်း ဒီကြားထဲ တစ်ခုခု ထဖြစ်မှာကိုပါ။

ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ကြည့်လိုက်ပြီး အခြေအနေတွေ ဝရုန်းသုန်းကား မဖြစ်တာ သေချာမှ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

“နတ်ဘီလူးအားလုံး... မဟာရှေးဟောင်း နယ်မြေကို အမြန်လာခဲ့ပါ”

မဟာရှေးဟောင်း နတ်ဘီလူးရဲ့ အသံဟာ ဟန်ကျွယ် စိတ်ထဲမှာ ပဲ့တင်ထပ်သွားပေမဲ့ ဟန်ကျွယ်ဟာ ဂရုမစိုက်ဘဲ လျစ်လျူရှုထားလိုက်ပါတယ် ‘မင်းတို့တွေ အရင်တိုက်နှင့်ကြ...’

မဟာရှေးဟောင်းနယ်မြေ။

မဟာရှေးဟောင်း နတ်ဘီလူးဟာ ခန်းမထဲက ပဋိပက္ခနတ်ဘီလူးတွေကို ဝေ့ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ နတ်ဘီလူးတချို့ ပျောက်နေတယ် မဟုတ်ပါလား။ ပြီးတော့ ဟန်ကျွယ်လည်း မလာပါဘူး။

မဟာရှေးဟောင်း နတ်ဘီလူးဟာ ဟန်ကျွယ်ကို နဂိုကတည်းက မကြည်တာပါ။ ဟန်ကျွယ်က မိစ္ဆာဘိုးဘေးနဲ့ ဟန်ထော်အကြောင်းကို လိမ်ထားတာလို့ ခံစားနေခဲ့ရလို့ပါ။

ဓားရူးတာအိုပညာရှိကတော့ ရောက်လာပါတယ်။ ပဋိပက္ခနတ်ဘီလူးတိုင်းရဲ့ မျက်နှာဟာ အလေးအနက် ဖြစ်နေပါတယ်။ သူတို့တွေဟာ သူတို့တွေ ဘာကို ရင်ဆိုင်ရတော့မယ် ဆိုတာကို သိရှိနေကြတယ် မဟုတ်ပါလား။

မဟာ‌ရှေးဟောင်း နတ်ဘီလူးက မတိုးမကျယ် ပြောလိုက်ပါတယ် “အားလုံးပဲ... ပန်ကူး ငါတို့အတွက် ဘာလုပ်ပေးခဲ့တယ်ဆိုတာကို မင်းတို့တွေလည်း သိပြီးလောက်ပါပြီ၊ ငါတို့တွေမှာ ထွက်ပြေးစရာ နေရာ မရှိမှတော့ ပြန်တိုက်ဖို့ပဲ ရှိတယ်၊ အရင်တုန်းက ငါ သွားပုန်းတာ မဟုတ်ဘူး၊ ဂူအောင်းကျင့်ကြံနေတာ၊ နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ တကယ့်ပစ်မှတ်ကို သိနေလို့ ဂူအောင်းကျင့်ကြံပြီး ကြိုပြင်ဆင်တာ”

“နတ်အာဏာရှင် စစ်သူကြီးတွေက လောကဦး နတ်ဘီလူးကို လိုက်ရှာနေတာ မဟုတ်ဘူး၊ ပဋိပက္ခ နတ်ဘီလူးတွေကို လိုက်ရှင်းနေတာ၊ ငါတို့တွေ သေသွားတာနဲ့ လောကဦး နတ်ဘီလူး ဖြစ်လာနိုင်တဲ့ အရည်အချင်းရှိသူကို ရှာတွေ့ဖို့ လွယ်သွားပြီ၊ လောကဦး နတ်ဘီလူးက ငါတို့ရဲ့ ကံတရား အထောက်အပံ့ မရှိဘဲ ကြီးပြင်းလာနိုင်မှာ မဟုတ်ဘူး”

“မူလ မဟာတာအို အနန္တကပ်ဘေးအရဆိုရင် လောကဦး နတ်ဘီလူးက အရင် ပန်ကူး လျှောက်ခဲ့တဲ့လမ်းကို လျှောက်ရမှာ၊ လောကဦး နတ်ဘီလူးက ငါတို့ရဲ့ ကံတရား အထောက်အပံ့ကို တက်နင်းပြီး လျင်လျင်မြန်မြန် စွမ်းအားကြီးလာမှာ၊ ပြီးရင် ဝရုန်းသုန်းကား ဖြစ်မယ်၊ မဟာတာအို စိတ်ဝိညာဉ်တွေက လောကဦး နတ်ဘီလူး စွမ်းအားကြီးမလာနိုင်အောင် လုပ်ဖို့ စီစဉ်ထားကြတယ်၊ အဲဒီအစီအစဉ်မှာ ငါတို့က စတေးခံတွေပဲ၊ မင်းတို့တွေ ဒါကို လက်ခံနိုင်ရဲ့လား...” မဟာရှေးဟောင်း နတ်ဘီလူးရဲ့ အသံက ဒေါသအပြည့်ပါပဲ။

မဟာ‌ရှေးဟာင်း နတ်ဘီလူးရဲ့ စကားဆုံးတဲ့အခါ ပဋိပက္ခ နတ်ဘီလူးတွေက လက်မခံကြောင်း တစ်ယောက်ပြီး တစ်ယောက် ပြောဆိုကြပါတယ်။

ဓားရူးတာအိုပညာရှိက ပြောလိုက်ပါတယ် “နတ်အာဏာရှင် စစ်သူကြီးတွေက ငါတို့ကို တကယ် ပစ်မှတ်ထားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ ဒါက ငါတို့ရဲ့ အင်အားနဲ့ ပတ်သက်နေလိမ့်မယ်၊ ငါတို့က မဟာတာအို နတ်စိတ်ဝိညာဉ်တွေရဲ့ အဆင့်အတန်းနဲ့ စိုးမိုးမှုကို ခြိမ်းခြောက်လာလို့ပဲ၊ ဒါက လောကဦး နတ်ဘီလူးနဲ့ ဘာမှမဆိုင်ဘူး၊ ငါတို့တွေ တစ်ယောက်ပြီး တစ်ယောက် ရှင်းပစ်တာခံမဲ့အစား အတူပူးပေါင်းပြီး ဘာလို့ ပြန်မတိုက်ရမှာလဲ... ငါတို့တွေ သူတို့ကို ပြန်သတ်မယ်”

ပန်ကူးနဲ့ တိုက်ခိုက်ပြီး ရှင်ကျန်ရစ်ခဲ့တဲ့ ပဋိပက္ခ နတ်ဘီလူးတစ်ပါးအနေနဲ့ ဓားရူးတာအိုပညာရှိရဲ့ စကားက ဒီလိုနေရာမှာ တော်တော်လေး အရေးပါ အရာရောက်ပါတယ်။

ပဋိပက္ခ နတ်ဘီလူးတစ်ပါးက မေးလိုက်ပါတယ် “ဒါပေမဲ့ ကျွန်‌တော်တို့ချည်းပဲ နတ်အာဏာရှင် စစ်သူကြီးတွေကို တကယ် ဟန့်တားနိုင်ပါမလား၊ ကျွန်တော်က မတိုက်ဘူးလို့ ပြောတာ မဟုတ်ဘူး၊ ကျွန်တော်တို့မှာ အချိန်ရှိသေးတော့ ပိုပြီးတော့ ပြင်ဆင်သင့်တယ်”

ကျယ်ပြောလှတဲ့ ပဋိပက္ခမှာ နတ်အာဏာရှင် စစ်သူကြီးတွေက ပဋိပက္ခနက်ထဲကနေ အပြင်ကို ထောက်လှမ်းလာတာပါ။ တစ်ခါတည်း ပဋိပက္ခ နတ်ဘီလူးတွေကို လိုက်ပြီး ပစ်မှတ်ထား တိုက်ခိုက်နေတာတော့ မဟုတ်ပါဘူး။

မဟာရှေးဟောင်း နတ်ဘီလူးက ပြောလိုက်ပါတယ် “ပန်ကူးက အသက်ပြန်ရှင်နိုင်သေးတယ်၊ နောက်ပြီး ပန်ကူးက ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးကို စုစည်းပြီးပြီ၊ ဘိုးဘေးမှော်ပညာရှိတွေက အရမ်းကြီး စွမ်းအားမကြီးပေမဲ့ ပဋိပက္ခမှာ‌ လျှော့တွက်လို့မရတဲ့ အင်အားတစ်ခုပဲ”

‘ပန်ကူးက အသက်ပြန်ရှင်နိုင်သေးတယ်...’ ပဋိပက္ခ နတ်ဘီလူးတွေဟာ ရင်တုန်သွားပါတယ်။ ပန်ကူးရဲ့ ခွန်အားက မေးခွန်းထုတ်စရာကို မလိုတာပါ။ နတ်ဘီလူး ဒါဇင်ကျော်ကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့တာ မဟုတ်ပါလား။

ပဋိပက္ခ နတ်ဘီလူးတွေဟာ တစ်ယောက်ပြီး တစ်ယောက် အကြံဝင်ပေးကြပါတယ်။ သူတို့တွေဟာ ရသမျှ အင်အားတွေကို အကုန်စုစည်းပြီး ဘယ်သူမှ မမျှော်လင့်ထားတဲ့ တိုက်ပွဲကို စတင်ကြမှာပါ။ ပဋိပက္ခ နတ်ဘီလူးတွေဟာ စကားပြောလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာပါတယ်။ သူတို့တွေဟာ မိစ္ဆာဘိုးဘေးကိုတောင် အဖွဲ့ထဲ ထည့်ချင်လာကြပါတယ်။

မဟာရှေးဟောင်း နတ်ဘီလူးဟာ ရယ်မောလိုက်ပါတယ် “ဟားဟား... အရမ်းကောင်းတယ်၊ လက်ရှိ ပဋိပက္ခကို ဘယ်သူ ဦးဆောင်နေတာလဲဆိုတာ နတ်စိတ်ဝိညာဉ်တွေ သိအောင် ပြလိုက်ကြရအောင်”

ဒီတိုက်ပွဲက သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုတင် မကပါဘူး။ ပဋိပက္ခရဲ့ အခြေအနေကို အလုံးစုံ ပြောင်းလဲစေမဲ့ တိုက်ပွဲတစ်ပွဲလို့လည်း ပြောလို့ရပါတယ်။

နတ်ဘီလူးတွေဟာ မျှော်လင့်ချက်မဲ့တာတော့ မဟုတ်ပါဘူး။ တချို့ ပဋိပက္ခ နတ်ဘီလူးတွေက မဟာတာအို အထွတ်အထိပ် အဆင့်ကို ရောက်နေကြပါပြီ။ သူတို့တွေက မဟာတာအိုပညာရှိ ဒါဇင်ကျော်ကို တစ်ယောက်တည်း တိုက်ခိုက်ဖို့ လိုအပ်တာထက် ပိုသာနေပါသေးတယ်။

ကောင်းကင်တာအို။

ရှန်နန်းတော်ရဲ့ တိတ်ဆိတ်တဲ့ ခန်းမတစ်ခုဟာ ရုတ်တရက် လှုပ်ခါသွားပြီး တံခါး ပွင့်သွားပါတယ်။ ချင်လင်းဟာ ခန်းမထဲကနေ တစ်လှမ်းချင်း ထွက်လာပါတယ်။ ရွှေရောင်နဂါးတစ်ကောင်က ချင်လင်းရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီး ဧရာမစစ်လှံအရိပ်ကို မသဲမကွဲ မြင်နေရပါတယ်။ ချင်လင်းဟာ ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ မျက်လုံးထဲကနေ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာပြီး တိမ်တွေကို ထိုးဖောက်သွားပါတယ်။

“ဗုဒ္ဓဂိုဏ်း... သွေးကြွေး ပြန်ဆပ်ဖို့ အချိန်တန်ပြီ” ချင်လင်းဟာ ရက်ရက်စက်စက် ပြုံးလိုက်ပါတယ်။

ဒီအချိန်မှာ ရှန်နန်းတော်ရဲ့ ပါရမီရှင်တွေဟာ အပြေးရောက်လာကြပါတယ်။ ရှန်နန်းတော်က အဓိကအင်အားစုတစ်စုဆိုပေမဲ့ တာအိုပညာရှိအတုတွေ သိပ်မရှိပါဘူး။ တာအိုပညာရှိအတုတိုင်းက ရှန်နန်းတော်ရဲ့ ဂုဏ်ပြုမှုကို ရရှိဖို့ ထိုက်တန်ပါတယ်။

ကျန်းကူရှင်းလည်း ရောက်လာပါတယ်။ ပင်မခန္ဓာကိုယ်တော့ မဟုတ်ပါဘူး။ ဓမ္မရုပ်တုတစ်ခုပါ။

ချင်လင်းဟာ ကျန်းကူရှင်းကို လက်သီးဆုပ်ပြီး ဂါရဝ ပြုလိုက်ပါတယ်။

ကျန်းကူရှင်းဟာ ချင်လင်းရှေ့ရပ်ပြီး မတိုးမကျယ် ပြောလိုက်ပါတယ် “မင်းရဲ့ ရောင်ဝါကို ဘာဖြစ်လို့ မသိမ်းတာလဲ”

ချင်လင်းက ပြန်ဖြေပါတယ် “ကျွန်တော် စစ်ကြော်ငြာနေတာပါ”

“မင်း... တော်တော် ခေါင်းမာတာပဲ”

“တာအိုပညာရှိ... ကျေးဇူးပြုပြီး ကျွန်တော်ကို ခေါင်းမာခွင့်ပြုပါ”

ကျန်းကူရှင်းဟာ ချင်လင်းရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ဒေါသကြောင့် တုန်ယင်သွားပေမဲ့ စိတ်ထဲမှာတော့ သက်သာရာ ရသွားပါတယ်။ နောက်ဆုံးတော့ အချိန်ကျလာပြီ မဟုတ်ပါလား။

ကပ်ဘေးကို မြန်မြန် အဆုံးသတ်တာက ကောင်းတဲ့ကိစ္စပါ။ ဒီကပ်ဘေး ပြီးသွားမှ ကောင်းကင်တာအိုရဲ့ စိတ်ဝိညာဉ်ကို စုစည်းပြီး လာမဲ့ကပ်ဘေးအတွက် ပြင်ဆင်နိုင်မှာပါ။

တစ်ချိန်တည်းမှာပဲ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က ဖန်းလျန်ရဲ့ တာအိုစက်ကွင်းမှာ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီ၊ ဂျိရှင်းရှန်နဲ့ စုချီတို့ စုဝေးနေကြပါတယ်။

“အဲဒါ ချင်လင်းမလား၊ ဘာဖြစ်လို့ ဒီလောက်တောင် အုတ်အုတ်ကျက်ကျက် ဖြစ်လာရတာလဲ” ကျန်းယီက စပ်စုလိုက်ပါတယ်။ ချင်လင်းရဲ့ ရောင်ဝါက ကောင်းကင်ဘုံ ၃၃ ဘုံထိကို ပျံ့နှံ့လာပါတယ်။ တာအိုပညာရှိတွေ ရှုထောင့်က ကြည့်ရင် ဒါက ရန်စတာပါ။

ဖန်းလျန်ဟာ ဘာမှမဖုံးကွယ်ဘဲ အနန္တကပ်ဘေးရဲ့ အစီအစဉ်ကို ပြောပြလိုက်ပါတယ်။

ကျောက်ရွှမ်ယွမ်က တအံ့တဩ ပြောလိုက်ပါတယ် “မင်းတို့တွေက ဘယ်လိုဇာတ်လမ်းဆင်ရမလဲဆိုတာ တကယ်သိတာပဲ”

တာအိုအရှင်သခင်ဟာ ပြီးခဲ့တဲ့ ကောင်းကင်တာအို အနန္တကပ်ဘေးကို ပြန်တွေးရင်း သက်ပြင်းချလိုက်ပါတယ် “ဟင်း... ကောင်းကင်တာအို ဘယ်လိုပဲ တိုးတက်တိုးတက် တာအိုပညာရှိတွေရဲ့ ကစားပွဲ ဖြစ်နေတုန်းပဲ၊ တော်သေးတယ်... ငါတို့တွေ ကံကောင်းထောက်မပြီး ကျားခုံထဲက ခုန်ထွက်နိုင်ခဲ့လို့၊ ချင်လင်းကိုလည်း တိတ်ဆိတ်ဂိုဏ်းက ဂရုစိုက်ပေးလို့ပဲ”

စုချီဟာ ခေါင်းညိတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ကပ်ဘေးမှာ စုချီရဲ့ဘဝက အဆိုးဆုံးပါ။ အခုအချိန် ပြန်တွေးကြည့်ရင်တောင် စုချီဟာ သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။

ကျန်းယီက မေးလိုက်ပါတယ် “ဒါနဲ့ ဂိုဏ်းချုပ်က ဘာပြောသေးလဲ”

ဖန်းလျန်က ပြန်ဖြေပါတယ် “ဘာမှမပြောဘူး... ဒါပေမဲ့ ဒါက အကောင်းဆုံး အဖြေပဲ”

တခြားလူတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။ သူတို့ဂိုဏ်းချုပ်က နတ်အာဏာရှင် စစ်သူကြီးတွေကို တကယ်ကြောက်တယ်ဆိုရင် သူတို့ကို ဦးဆောင်ပြီး ကျိန်းသေပေါက် ထွက်ပြေးမှာ မဟုတ်ပါလား။ အခု ဘာမှမပြောဘူးဆိုတာက တိုက်ခိုက်ချင်တာကို ပြနေပါတယ်။ တိုက်ခိုက်ချင်တယ်ဆိုတာက အနိုင်ရဖို့ ကျိန်းသေနေလို့ပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters