← Chapters

မဟာတာအို အထွတ်အထိပ် လောကဦးနတ်ဘီလူး

Vol. 79 Ch. 835

မဟာတာအို အထွတ်အထိပ် လောကဦးနတ်ဘီလူး

Vol. 79 Ch. 835

နှစ်ငါးသောင်း ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ ကမ္ဘာနှစ်ခု ရှိနေသလိုမျိုး ဟန်ကျွယ်ရဲ့ မျက်လုံးအစုံမှာ မရေမတွက်နိုင်တဲ့ ကြယ်တွေ ယှက်သမ်းသွားပါတယ်။

ဒီအချိန်မှာ လောကဦးကမ္ဘာထဲက ၀.၁၀၈ နဟုတံရှိတဲ့ ကြယ်တွေ အကုန်လုံးဟာ ခရမ်းပြာရောင် ပြောင်းသွားပါပြီ။ ဒီကြယ်တွေ အကုန်လုံးဟာ ခရမ်းရောင်မြူခိုးတွေ ပြည့်နှက်နေတဲ့ လောကဦးကမ္ဘာထဲမှာ စိတ်ကို လှည့်စားနိုင်တဲ့ အလင်းရောင်တွေကို တဖျတ်ဖျတ် ထုတ်လွှတ်ပေးနေပါတယ်။

နှစ်သိန်းချီ သန့်စင်ပြီးတဲ့နောက် ၀.၁၀၈ နဟုတံရှိတဲ့ ကြယ်တွေဟာ ကိုးကြိမ်ကိုးခါ အသွင်ပြောင်းလဲ ပြီးသွားပါပြီ။ သူတို့တွေဟာ အကန့်အသတ်ကို ရောက်သွားကြပြီး ထပ်ပြီးတော့ အသွင်မပြောင်းနိုင်ကြတော့ပါဘူး။ ကြယ်တိုင်းမှာလည်း အဆုံးမရှိတဲ့ အလွန်အားကောင်းတဲ့ ဓမ္မစွမ်းအားတွေ ပါဝင်နေပါတယ်။

ဟန်ကျွယ် နောက်ထပ်လုပ်ရမှာက သူ့ရုပ်နာမ်နှစ်ပါးကို ဘယ်လိုနည်းလမ်းနဲ့ အတူတူ အသွင်ပြောင်းလဲပြီး အထွတ်အထိပ်အဆင့်ထဲ တက်လှမ်းရမယ်ဆိုတာကိုပါ။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီးနောက် အန္တိမမူလ မဟာတာအိုကို ၀.၁၀၈ နဟုတံရှိတဲ့ ကြယ်တွေနဲ့ ပေါင်းစပ်ပြီး ထပ်စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မဟာတာအို အထွတ်အထိပ်က မဟာတာအိုပဲ ဖြစ်နေတုန်းပါ။ ဒါကြောင့် မဟာတာအိုနဲ့ နီးနီးကပ်ကပ် ဆက်နွှယ်နေလောက်ပါတယ်။

မဟာတာအို အထွတ်အထိပ် အဆင့်ကို ကျော်လွန်ပြီး တာအိုဖန်တီးရှင်အဆင့်ကို ရောက်မှပဲ မဟာတာအိုကနေ လွတ်မြောက်နိုင်စွမ်း ရှိလောက်မှာပါ။ အလုံးစုံ မလွတ်မြောက်ရင်တောင် အဲဒီအချိန်ရောက်ရင် မဟာတာအိုက ဒီလောက်ထိ အရေးကြီးတော့မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ပဋိပက္ခရဲ့ ဒီနှစ်အတွင်း အခြေအနေတွေကို သိချင်တဲ့အတွက် စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ တာအိုပညာရှိ မင်ယွင်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ လောကဦး ကောင်းကင်အရှင်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ပန်ကူးသည် အသက်ပြန်ရှင်လာ၏။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ အမွေအနှစ်ကို ရရှိသွားခဲ့သည်။]

[သင့်သား ဟန်ထော်သည် နတ်အခွင့်အာဏာ ဆန်းကြယ်စွမ်းအား တစ်မျိုးကို ဆုပ်ကိုင်မိသွား၏။]

[သင့်မိတ်ဆွေ ယီတျန်သည် နတ်အခွင့်အာဏာ ဆန်းကြယ်စွမ်းအား တစ်မျိုးကို ဆုပ်ကိုင်မိသွား၏။]

[သင့်မိတ်ဆွေ ရှန်ပေါင် တာအိုကျင့်ကြံသူသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ အိပ်မက်ဖြင့် တိုက်ခိုက်မှုကြောင့် ဝိညာဉ် ထိခိုက်သွား၏။]

ဟန်ကျွယ်ကို အိပ်မက်ပေးပြီးကတည်းက ပန်ကူးဟာ ဟန်ကျွယ်ကို အကောင်းမြင်လာပါတယ်။ မျက်နှာသာပေးမှုက သိပ်မမြင့်ဘူးဆိုပေမဲ့ မုန်းတီးမှုထက်စာရင်တော့ အများကြီးသာပါတယ်။

ဟန်ကျွယ်ဟာ ပန်ကူး အသက်ပြန်ရှင်လာတာကို တွေ့ရတဲ့အတွက် မအံ့ဩပါဘူး။ ဒါက ပုံမှန်ပဲလို့တောင် ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဟွမ်ဇွမ်တျန်ကတော့ ဟန်ကျွယ်ကို အံ့အားသင့်သွားစေပါတယ်။ ဟွမ်ဇွမ်တျန်က တကယ်ကို တော်တာပါ။

ဟန်ထော်နဲ့ ယီတျန်ဟာ နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ခံထားရပေမဲ့ မသေတဲ့အပြင် ဆန်းကြယ်စွမ်းအား တစ်မျိုးတောင် တတ်မြောက်သွားပါသေးတယ်။ ကြည့်ရတာ နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်က သူတို့နှစ်ယောက်ကို သတ်ချင်တဲ့စိတ် မရှိပုံပါပဲ။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်တဲ့အခါ တာအိုအရှင်သခင်တို့သုံးဦး အဆော်ခံရတာကို မတွေ့ရတဲ့အတွက် နည်းနည်းလေး မသက်မသာ ဖြစ်သွားပါတယ်။

စာစောင်တွေကို ဖတ်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို အကဲခတ်လိုက်တဲ့အခါ တာအိုအရှင်သခင်နဲ့ တခြားလူတွေက ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ စောင့်ဆိုင်းနေတာကို တွေ့လိုက်ရပါတယ်။ အင်မော်တယ်ကမ္ဘာက တာအိုပညာရှိတွေ ဝင်လို့မရတဲ့အတွက် သူတို့တွေဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို တစ်ခါတည်း ပြန်မလာနိုင်တာပါ။ လောင်တန်လည်း တာအိုအရှင်သခင်တို့နဲ့ အတူပါလာပြီး စကြဝဠာခန်းမမှာ တည်းနေပါတယ်။

အင်မော်တယ်ကမ္ဘာတော့ ကောင်းကင်တာအို အနန္တကမ္ဘာကပ်ဘေးက မုန်တိုင်းကြီး ဖြစ်နေပါပြီ။ ချင်လင်းနဲ့ ရှကျစ်ဇွင်ဟာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို ဦးဆောင်ပြီး ဗုဒ္ဓဂိုဏ်းကို ဆန့်ကျင် တိုက်ခိုက်ပါတယ်။ ကံတရား အထောက်အပံ့ဂိုဏ်း တော်တော်များများကလည်း ဗုဒ္ဓဂိုဏ်းကို ကူညီကြတဲ့အတွက် ဒီတိုက်ပွဲဟာ ပိုပိုကြီးကျယ်လာပြီး တခြားအင်အားစုတွေကို ပိုသက်ရောက်လာပါတယ်။

ဟန်ကျွယ်ဟာ ခဏ ကြည့်ပြီးတာနဲ့ ပျင်းသွားပါတယ်။ ဘာဆက်ဖြစ်မယ်ဆိုတာ သိနေတဲ့အတွက် ကြည့်ရတာ အရသာ မရှိပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူကို အိပ်မက်ထဲကနေ သွားလည်ပါတယ်။

အိပ်မက်နယ်မြေ။

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း ဒူးထောက်ပြီး ဦးညွှတ်ပါတယ်။ ဟန်ကျွယ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ ဒီအတောအတွင်း ကိစ္စတွေကို မေးမြန်းပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူကလည်း ဘာတစ်ခုမှ မဖုံးကွယ်ဘဲ အမှန်အတိုင်း ဖြေါပတယ်။

အရင်တစ်ခေါက် နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်က မဟာတာအို နတ်စိတ်ဝိညာဉ်တွေ အကုန်လုံးကို စုစည်းပြီး ပန်ကူးကို သတ်ဖို့ လုပ်တုန်းက ရှန်ပေါင်တာအိုကျင့်ကြံသူဟာ မသွားခဲ့ပါဘူး။ ဒီအကြောင်းကြောင့် နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်ကို အပြစ်ပြုမိပြီး အိပ်မက်ထဲမှာ အပြစ်ပေးတာကို ခံခဲ့ရပါတယ်။ နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်က သူတို့ရဲ့အာဏာကို မလွန်ဆန်ဖို့လည်း ရှန်ပေါင်တာအိုကျင့်ကြံသူကို သတိပေးခဲ့ပါသေးတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်က ဘယ်လောက် စွမ်းအားကြီးလဲ၊ မင်လင်းမယ်တော်နဲ့ ယှဉ်ရင် ဘယ်လိုရှိလဲ”

ရှန်ပေါင်တာအိုကျင့်ကြံသူဟာ မချိပြုံး ပြုံးလိုက်ပါတယ် “ပဋိပက္ခတစ်ခုလုံးမှာ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်လို့ ပြောလို့ရတယ်၊ ပထမတော့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေက ပန်ကူးကို ဘယ်လိုမှ မယှဉ်နိုင်ဘူး၊ နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်ကိုယ်တိုင် ပန်ကူးကို ဝင်သတ်ရတာ၊ ပန်ကူးက နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်လက်ထဲမှာ သေသွားတယ်လို့ ပြောလို့ရတယ်”

“သူ့အကြောင်း ပြောရရင် ခေါင်းဆောင်က တော်တော်လေး လျှို့ဝှက်ဆန်းကြယ်တယ်၊ ကျွန်တော်တို့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေက သူ့ပုံစံအမှန်ကို ဘယ်တုန်းကမှ မမြင်ဖူးဘူး၊ သူ့အထက်မှာ တစ်ယောက်ပဲ ရှိတော့တယ်လို့လည်း ပြောကြတယ်၊ ကျွန်တော်တော့ ဒီလိုမထင်ဘူး၊ သူက ပဋိပက္ခရဲ့ တကယ့်အုပ်ချုပ်သူ ဖြစ်လိမ့်မယ်”

ဟန်ကျွယ်ဟာ မျက်နှာတစ်ချက် ပြောင်းမသွားပေမဲ့ နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်အကြောင်းကို ပိုသိချင်သွားပါတယ် ‘ဒီကောင်က တော်တော်လေး အဝှက်တော်တာပဲ... မဆိုးဘူး’

ရှန်ပေါင် တာအိုကျင့်ကြံသူက ဆက်ပြောပါတယ် “ဒါနဲ့ နတ်စိတ်ဝိညာဉ်တွေရဲ့ ‌ခေါင်းဆောင်က အမှောင်သခင်ကြီးနဲ့ ကျိန်စာနတ်ဘီလူးကို လိုက်ရှာဖို့ ကျွန်တော်တို့ကို တာဝန်ပေးထားတယ်၊ ဒါပေမဲ့ ကျိန်စာနတ်ဘီလူး သေသွားတဲ့သတင်းကို ကျွန်တော် ဖုံးထားတယ်”

‘ဒီအချိန်မှာ အမှောင်သခင်ကြီးကို လိုက်ရှာတယ်... ဒီကောင် တော်တော် သတ္တိကောင်းတာပဲ... ကြည့်ရတာ ဒီကောင်က နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို ယုံကြည်ချက်ရှိပုံရတယ်’

နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်က နတ်အာဏာရှင် စစ်သူကြီးတွေ ပဋိပက္ခ နတ်ဘီလူးတွေကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိတဲ့အတွက် ပဋိပက္ခကို ဒုက္ခပေးနိုင်စွမ်းရှိတဲ့ အမှောင်သခင်ကြီးကို လိုက်ရှာတာ ဖြစ်နိုင်ပါတယ်။

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ပြောသင့် မပြောသင့် တုံ့ဆိုင်းသွားပါတယ်။

“ပြောပါ... မင်းစိတ်ထဲမှာ ဘာရှိလဲ”

ဟန်ကျွယ်ရဲ့ ခွင့်ပြုချက်ကြောင့် ရှန်ပေါင် တာအိုကျင့်ကြံသူက ပြောလိုက်ပါတယ် “ကျိန်စာနတ်ဘီလူးက အမှောင်သခင်ကြီး ဘယ်သူလဲဆိုတာကို သိပုံရတယ်၊ ဒါပေမဲ့ ထုတ်မပြောခဲ့ဘူး၊ အဲဒီတုန်းက ကျွန်တော် အမှောင်သခင်ကြီးကို ဂရုမစိုက်တော့ အဲဒီကောင်ကို တစ်ခါတည်း သတ်ပစ်လိုက်တာ”

ဟန်ကျွယ်ဟာ အံ့အားသင့်ခြင်း မရှိပါဘူး။ ကျိန်စာနတ်ဘီလူးက သူ့ကိုယ်သူ ကာကွယ်ဖို့ သူနဲ့ အမှောင်သခင်ကြီး ဆက်နွှယ်နေတာကို ထုတ်မပြောခဲ့တာပါ။ ကျိန်စာနတ်ဘီလူးက တခြားကိစ္စအများကြီးကို သိနေတာလည်း ဖြစ်နိုင်ပါတယ်။ ကံဆိုးချင်တော့ ကျိန်စာနတ်ဘီလူးက အသေစောသွားပါတယ်။ မဟုတ်ရင် အသုံးချလို့ရဦးမှာပါ။

ရှန်ပေါင် တာအိုကျင့်ကြံသူက ဆက်ပြောပါတယ် “သူ့မဟာတာအိုက ကျွန်တော့်လက်ထဲမှာ ရှိနေသေးတယ်၊ ကျွန်တော်မှာ သူ့ကို အသက်ပြန်သွင်းဖို့ နည်းလမ်းရှိတယ်၊ သခင်လိုအပ်ရင် ကျွန်တော်...”

ဟန်ကျွယ် မျက်လုံးကျဉ်းလိုက်ပါတယ် “ဒီကိစ္စကို နောက်မှပြောရအောင်၊ အခု ပဋိပက္ခက ဝရုန်းသုန်းကား ဖြစ်နေတာ၊ အရာအားလုံး ပြန်ပြီး တည်ငြိမ်သွားတော့မှ ကျိန်စာနတ်ဘီလူးကို အသက်ပြန်သွင်းသင့် မသွင်းသင့် စဉ်းစားမယ်”

“ဟုတ်ကဲ့ပါ” ရှန်ပေါင် တာအိုကျင့်ကြံသူက ခေါင်းညိတ်လိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူကို လိုအပ်တာ မှာကြားပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။

တာအိုဘုံကျောင်းထဲက ကမ္ဘာဖျက်ကြာနက်ပေါ်မှာ ထိုင်နေတဲ့ ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ နတ်စိတ်ဝိညာဉ်တွေ ခေါင်းဆောင်ရဲ့ ကျင့်ကြံမှုအဆင့်ကို သိချင်တယ်”

[နာမည်အမှန်ကို မသိသည့်အပြင် ကံတရား ဆက်စပ်မှုလည်း မရှိသည့်အတွက် တွက်ချက်မရပါ။]

ဟန်ကျွယ်ဟာ မှင်တက်သွားပြီး အမှောင်သခင်ကြီးကို ရင်ဆိုင်ရတဲ့ ရန်သူတွေ ဘယ်လိုခံစားရတယ်ဆိုတာကို ရုတ်တရက် နားလည်သွားပါတယ်။

“ဒါဆို အစွမ်းအထက်ဆုံး မဟာတာအို နတ်စိတ်ဝိညာဉ်က ဘယ်လောက် စွမ်းအားကြီးလဲ”

[နာမည်အမှန်ကို မသိသည့်အပြင် ကံတရား ဆက်စပ်မှုလည်း မရှိသည့်အတွက် တွက်ချက်မရပါ။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကိစ္စက မလွယ်ဘူးပဲ’

ရန်သူရဲ့ ကျင့်ကြံမှုကို နားမလည်ဘဲနဲ့ တိုက်ခိုက်ဖို့က မလွယ်ကူပါဘူး။ ဟန်ကျွယ်ဟာ လှည့်ပြီး လျှောက်မေးကြည့်ပေမဲ့ လိုချင်တဲ့အဖြေကို မရတဲ့အတွက် အတန်ကြာတဲ့အခါမှာ လက်လျှော့လိုက်ရပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုနဲ့ ၀.၁၀၈ နဟုဟံရှိတဲ့ ကြယ်တွေ ပေါင်းစပ်တဲ့ ဖြစ်စဉ်ကို ခပ်မြန်မြန်ဖြစ်စေဖို့ တွန်းအားပေးပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ ထူးဆန်းတဲ့ အခြေအနေတစ်ခုထဲ နစ်ဝင်သွားပါတယ်။

ကြယ်သွေးရောင် ကောင်းကင်ပြင်အောက်က အဆုံးမဲ့ပင်လင်ဟာ လှိုင်းကြက်ခွပ်လေးတွေ ထနေပါတယ်။ ပင်လယ်ရဲ့ အဆုံးမှာတော့ ခမ်းနားထည်ဝါလှတဲ့ ရုပ်သွင်တစ်ခု မတ်တတ်ရပ်နေပါတယ်။ ဒီရုပ်သွင်က မင်လင်း မယ်တော်ပါ။

ဒီအချိန်မှာပဲ မင်လင်းမယ်တော်ရဲ့ ပခုံးထက်မှာ ရုပ်သွင်တစ်ခု မတ်တတ်ရပ်လိုက်ပါတယ်။ ဒီရုပ်သွင်ကို နတ်အလင်းရောင်တွေ ဝန်းရံနေပြီး တစ်ခါတစ်ရံ လူသားပုံစံရှိကာ တစ်ခါတစ်လေမှာတော့ နဂါးတစ်ကောင်နဲ့ သွားတူပါတယ်။ သူ့ပုံစံက စဉ်ဆက်မပြတ် ပြောင်းလဲနေပြီး ပုံစံအမှန်ကို ပြောဖို့ ခက်ပါတယ်။

မင်လင်းမယ်တော်က ပြောလိုက်ပါတယ် “ပန်ကူး အသက်ပြန်ရှင်လာပြီ”

နတ်အလင်းရောင်တွေနဲ့ ရုပ်သွင်က တည်ငြိမ်စွာ ပြောလိုက်ပါတယ် “ငါ သိတယ်၊ ဒါပေမဲ့ သူက နတ်အခွင့်အာဏာရဲ့ ကံတရားကို ဖြတ်လိုက်တယ်၊ ငါတို့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေက ပဋိပက္ခကို မထောက်လှမ်းနိုင်တော့ဘူး၊ ဒီကိစ္စကို နတ်အာဏာရှင် စစ်သူကြီးတွေလက်ထဲ အပ်ရတော့မှာပဲ”

“နတ်အာဏာရှင် စစ်သူကြီးတွေက ပဋိပက္ခ နတ်ဘီလူးအကုန်လုံးကို တကယ်ရော သတ်နိုင်မှာမလို့လား”

“သတ်နိုင်တာပေါ့၊ နတ်အာဏာရှင် စစ်သူကြီးတွေက ပဋိပက္ခရဲ့ အချုပ်စွမ်းအားပဲ၊ သူတို့က တားဆီးမရဘူး၊ ပန်ကူး အဆုံးမဲ့ အသက်ပြန်ရှင်ရင်တောင် အသုံးမဝင်ဘူး”

“ရှုံးနိုင်ခြေ နည်းနည်းလေးတောင် မရှိဘူးလား”

“လောကဦး နတ်ဘီလူး ပေါ်လာရင်တော့ တစ်မျိုးပေါ့၊ ဒါပေမဲ့ အဲဒီ လောကဦး နတ်ဘီလူးကလည်း အနည်းဆုံး မဟာတာအို အထွတ်အထိပ်အဆင့်ရှိဖို့ လိုတယ်၊ အခုလက်ရှိ ပဋိပက္ခမှာ ပဋိပက္ခ နတ်ဘီလူး သုံးထောင်မရှိဘူး၊ အတိတ်တုန်းက ပဋိပက္ခ နတ်ဘီလူးသုံးထောင် ရှိတာတောင် ပန်ကူးက လောကဦး နတ်ဘီလူး မဖြစ်ဘဲနဲ့ ဒီလိုအခြေအနေမှာ ဘယ်လိုလုပ်ပြီး လောကဦးနတ်ဘီလူး ဖြစ်လာနိုင်မှာလဲ”

“လောကဦး နတ်ဘီလူး...”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters