← Chapters

ပုံရိပ်ယောင်အား ထိုးဖောက်မြင်ခြင်း၊ ထာဝရတည်သော

Vol. 79 Ch. 839

ပုံရိပ်ယောင်အား ထိုးဖောက်မြင်ခြင်း၊ ထာဝရတည်သော

Vol. 79 Ch. 839

‘ဒါက မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာလား...’ ဟန်ကျွယ်ဟာ မဟာတာအို သုံးထောင် အထက်က လျှို့ဝှက်ဆန်းကြယ် စွမ်းအား ၇ ပါးကို ကြည့်ပြီး စပ်စုချင်သွားပါတယ်။

ဟန်ကျွယ်ဟာ စွမ်းအား ခုနစ်ပါးရဲ့ တစ်ပါးပေါ်မှာ အက်ကြောင်းတစ်ကြောင်း ရှိနေတာကို သတိထားမိလိုက်ပါတယ် ‘ဒါက ပန်ကူး ဖြတ်တောက်လိုက်တဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာရဲ့ ကံလား’

ဟန်ကျွယ်ဟာ အများကြီး မတွေးဘဲ မဟာတာအို အထွတ်အထိပ် စွမ်းအားကို ဆက်ပြီးတော့ သုံးသပ်နားလည်ပါတယ်။ ဒါက စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ခံစားချက်ပါ။ အလွန်တရာမှ စွမ်းအားကြီးပြီး ဟန်ကျွယ်ကို အတုမရှိဘူးလို့ ခံစားရစေပါတယ်။

ဟန်ကျွယ်ဟာ လက်တစ်ချက်ဝှေ့ရုံနဲ့ မဟာတာအို သုံးထောင်ရဲ့ အခြေအနေကို ကိုင်လှုပ်နိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ အစစ်အမှန်ကို ဖန်တီးနိုင်တာပါ။

အတွေးတစ်ချက်နဲ့ ဟန်ကျွယ်ဟာ သူ့အတွေးတွေကို အစစ်အမှန်ဖြစ်အောင် လုပ်နိုင်ပြီး ပဋိပက္ခထဲထည့်ကာ ကာလ-ဒေသ ဖြစ်တည်စေနိုင်ပါတယ်။ အတွေးတစ်ချက်နဲ့ ပြန်ယူလို့လည်း ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် ဖန်တီးလိုက်တဲ့ ကမ္ဘာက အချိန်ကြာကြာ တည်ရှိမယ်ဆိုရင် ဖန်တီးမှုစွမ်းအားရဲ့ သက်ရောက်မှုကြောင့် ဆက်တိုက် ဆင့်ကဲပြောင်းလဲသွားမှာပါ။

ဟန်ကျွယ်ဟာ ဂရုတစိုက် ကြည့်လိုက်တဲ့အခါ ပဋိပက္ခက မရေမတွက်နိုင်တဲ့ အချိန်-အာကာသ ဒိုင်မေးရှင်းတွေ ပေါင်းစုပြီး တည်နေတာကို တွေ့လိုက်ရပါတယ်။ ဒီဒိုင်မေးရှင်းတွေက အပြိုင်ရော ထပ်ပြီးတော့ရော ရှုပ်ယှက်ခတ်ပြီးတော့ရော တည်ရှိနေတာ ဖြစ်ပါတယ်။ ဒီအထဲမှာ ကောင်းကင်တာအိုရဲ့ ကာလ-ဒေသ တည်ရှိမှုက အင်အားကြီး စွမ်းအားနှစ်ပါးရဲ့ ထိန်းသိမ်းမှုကြောင့် တခြား ကာလ-ဒေသတွေထက် ပိုပြီးတော့ တည်ငြိမ်နေပါတယ်။

ဒီအင်အားကြီး စွမ်းအားနှစ်ပါးက ပန်ကူးနဲ့ တာအိုဘိုးဘေး ဖြစ်နိုင်ပါတယ်။

ပန်ကူးက ကောင်းကင်တာအိုကို ဖန်တီးခဲ့ပေမဲ့ သူ့ကိုယ်သူ တကယ်ကြီး စတေးခဲ့တာ မဟုတ်ပါဘူး။ သူ့စိတ်ကူးထဲကအတိုင်း မဟာတာအို အထွတ်အထိပ် စွမ်းအားကို သုံးပြီး ဖန်တီးခဲ့တာပါ။ အဲဒီနောက် ဒီကမ္ဘာမှာ တာအိုဘိုးဘေးလိုမျိုး အံ့ဖွယ်ပုဂ္ဂိုလ်တစ်ပါး မွေးဖွားလာခဲ့ပါတယ်။ တာအိုဘိုးဘေးဟာ သူ့ကျင့်ကြံမှုနဲ့ ကောင်းကင်တာအိုကို ပန်ကူး ပြန်ယူလို့မရတဲ့ လွတ်လပ်တဲ့ တည်ရှိမှုဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။

ဟန်ကျွယ်ရဲ့ အကြည့်ဟာ ဖန်တီးမှု စွမ်းအားဆီ ရောက်သွားပါတယ်။ ဒီစွမ်းအားက မဟာတာအို သုံးထောင် အထက်မှာ တည်ရှိနေပါတယ်။ ဒီဖန်တီးမှု စွမ်းအားက အားအကောင်းဆုံး စွမ်းအားလည်း ဖြစ်ပါတယ်။ ဖန်တီးမှုက အရာအားလုံး မဟုတ်ပါလား။

အထွတ်အထိပ် စွမ်းအား ခုနစ်ပါးဟာ ဘယ်သူမှ မပိုင်ဆိုင်ဘဲ လွတ်လွတ်လပ်လပ် တည်ရှိနေတာ ဖြစ်ပါတယ်။ ဒီအထဲမှာ ဖန်တီးမှု စွမ်းအားက အတောက်ပဆုံးပါ။ ဖန်တီးမှုရဲ့ အဆုံးမဲ့စွမ်းအားဟာ မမြင်နိုင်တဲ့စွမ်းအား အသွင်ပြောင်းလဲပြီး မရေမတွက်နိုင်တဲ့ အပိုင်းအစတွေအဖြစ် ဖြာထွက်ကာ ပဋိပက္ခရဲ့ နေရာတိုင်းကို ပြန့်ကျဲသွားပါတယ်။

ဟန်ကျွယ်ဟာ ပဋိပက္ခကို စစ်ဆေးကြည့်လိုက်တဲ့အခါ ပဋိပက္ခရဲ့ ကျယ်ပြောမှုက ဟန်ကျွယ်ကို အံ့အားသင့်သွားစေပါတယ်။

ပဋိပက္ခက တကယ်ကို အဆုံးမရှိတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပဋိပက္ခရဲ့ အစွန်းမှာ လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်မျိုး ရှိနေပြီး ပဋိပက္ခအစွန်းဆီ ရောက်လာတဲ့ သက်ရှိမှန်သမျှကို ကျပန်းနေရာတစ်ခုဆီ ဦးတည်ပေးလို့ပါပဲ။ ဒီစွမ်းအားကြောင့် ပဋိပက္ခဟာ စက်ဝန်းတစ်ခုလို သံသရာလည်ပြီး အဆုံးမရှိတော့ပါဘူး။

မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်မှပဲ ဒီစွမ်းအားကို အာရုံခံနိုင်ပါတယ်။ ဒီစွမ်းအားက အထွတ်အထိပ် စွမ်းအား ခုနစ်ပါး မဟုတ်ပါဘူး။ ဟန်ကျွယ် ထိုးဖောက် မမြင်နိုင်တဲ့ တခြားစွမ်းအားတစ်မျိုးပါ။

ဒီလိုပြောလို့ ပဋိပက္ခက မကျယ်တာ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ ခန့်မှန်းချက်အရ မဟာတာအိုပညာရှိတစ်ပါးဟာ ပဋိပက္ခတစ်ခုလုံးကို ခရီးသွားမယ်ဆိုရင် အနည်းဆုံး နှစ်တစ်သန်းကြာမှာပါ။ ဒီကြာချိန်က အဲဒီမဟာတာအိုပညာရှိ ပဋိပက္ခအစွန်းက လျှို့ဝှက်ဆန်းကြယ် စွမ်းအားနဲ့ မထိတွေ့မှပါ။ မဟုတ်ရင် ဒီထက် အများကြီး ပိုကြာမှာပါ။

ပဋိပက္ခအပြင်မှာတော့ ဘာမှမရှိပါဘူး။

အကြွင်းမဲ့ကို ဗလာဖြစ်နေတာပါ။

ဗလာနယ်ထဲမှာ ဧရာမအရိုးကြီးတွေကို ဝိုးတိုးဝါးတား တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အသက်ဓာတ်ကတော့ အရိပ်အယောင်တောင် မရှိပါဘူး။

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ရုပ်သွင်တစ်ခုက သူ့လိုမျိုး ပဋိပက္ခကို ငုံ့ကြည့်နေတာ တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဒီရုပ်သွင်က ဘယ်သူလဲဆိုတာကို မမြင်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ အလျင်စလို သွားပြီးလည်း မနှုတ်ဆက်ပါဘူး။ ကိုယ့်ဘာသာ နေပါတယ်။

သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် မနှောင့်ယှက်ဘဲ ကိုယ်လုပ်စရာရှိတာ လုပ်ပါတယ်။

ဟန်ကျွယ်ကတော့ ပဋိပက္ခကို ဆက်ပြီးတော့ အကဲခတ်ပါတယ်။ ပဋိပက္ခရဲ့ နေရာတော်တော်များများက မဟာတာအို အထွတ်အထိပ် စွမ်းအားရဲ့ သီးခြားခွဲထုတ်မှုကြောင့် ထောက်လှမ်းလို့ မရပါဘူး။

မဟာတာအို အထွတ်အထိပ် စွမ်းအားက မဟာတာအို စွမ်းအားနဲ့ ခွဲခြားဖို့ အရမ်းလွယ်ကူပါတယ်။ မဟာတာအို အထွတ်အထိပ် စွမ်းအားက မဟာတာအိုသုံးထောင်နဲ့ ကွဲပြားခြားနားပြီး ပိုပြီးတော့ အန္တရာယ်များပါတယ်။ ဒီစွမ်းအားက ဟန်ကျွယ်ကို အလိုလို အဝေးမှာနေချင်စိတ် ဖြစ်ပေါ်စေပါတယ်။

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ခံစားပါတယ်။

အတန်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သိစိတ်ဟာ လက်တွေ့ဘဝကို ပြန်ရောက်လာပြီး ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ကြယ်ပေါင်းများစွာ ပြည့်နှက်နေတဲ့ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ တလက်လက် တောက်ပလို့နေပါတယ်။

ဟန်ကျွယ်ဟာ ရုတ်တရက် စိတ်ကူးပေါက်ပြီး ကြယ်တစ်လုံးကို ကောက်ယူကာ ပဋိပက္ခထဲ ပစ်ထည့်လိုက်ပါတယ်။ ချက်ချင်းဆိုသလို အဲဒီကြယ်ဟာ ပဋိပက္ခအစွန်းနား ရောက်သွားပါတယ်။ ဒီကြယ်ရဲ့ တည်နေရာက ကောင်းကင်တာအိုနဲ့ အရမ်း အရမ်းကို ဝေးကွာပါတယ်။ တာအိုပညာရှိတွေတောင် ဘယ်တော့မှာ မရောက်နိုင်တဲ့ အကွာအဝေးပါ။

ဟန်ကျွယ်ရဲ့ အကြည့်အောက်မှာ ဒီကြယ်ဟာ အမှောင်ထုထဲ ပေါက်ကွဲသွားပါတယ်။ ဒီအထဲမှာ တာအိုရဲ့ အဓိပ္ပာယ်စစ် ပါဝင်နေပါတယ်။ တာအိုကနေ အရာအားလုံး မွေးဖွားပြီး ဧရာမ ဂလက်ဆီအဖြစ် ပြောင်းလဲကာ ဆက်လက် ဆင့်ကဲပြောင်းလဲပါတယ်။

ဒါက ဟန်ကျွယ်ရဲ့ စိတ်ကူးနဲ့ ဖန်တီးထားတဲ့ ကမ္ဘာဆိုပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တကယ်ကမ္ဘာအစစ် ဖြစ်လာမှာပါ။ လောကဦးပဋိပက္ခ တာအိုအသီးက ဒီကမ္ဘာနဲ့ ပဋိပက္ခကို ပေါင်းစပ်လိုက်ရင် ဒီကမ္ဘာက ကောင်းကင်တာအို စတင်ဖြစ်ပေါ်တဲ့ အချိန်တုန်းကလိုမျိုး ဖြစ်သွားမှာပါ။

အတွေးတစ်ချက်နဲ့ ဟန်ကျွယ်ဟာ သူ့စိတ်ဆန္ဒကို သုံးပြီး ဖန်တီးမှု နိယာမရဲ့ အားတစ်ခုကို ဒီကမ္ဘာထဲ ပို့လိုက်ပါတယ်။ ကံကောင်းမှုရှိရင် ဖြစ်နိုင်ခြေက အတိုင်းအဆ မဲ့ပါတယ်။ ဖန်တီးမှု နိယာမရဲ့ အားကြောင့် ဒီကမ္ဘာမှာ မဟာတာအိုပညာရှိတောင် ပေါ်လာနိုင်ပါတယ်။

ဒါက အရာအားလုံး ဖြစ်နိုင်တဲ့ မဟာတာအို အထွတ်အထိပ်အဆင့်ပါ။ မဟာတာအိုပညာရှိချုပ်ဟာ အတွေးတစ်ချက်နဲ့ အမှန်တကယ် တည်ရှိမှုတွေကို ဖန်တီးနိုင်ပါတယ်။

ဒီကမ္ဘာမှာ တာအိုပညာရှိတွေ မမွေးဖွားဘူးဆိုရင် ဟန်ကျွယ်ဟာ ဒီကမ္ဘာကို အတွေးတစ်ချက်နဲ့ အမှုန့်တောင်မကျန်အောင် လုပ်ပစ်လို့ရပါတယ်။ မရေမတွက်နိုင်တဲ့ သက်ရှိတွေ မွေးဖွားခဲ့မယ်ဆိုရင်တောင် တာအိုပညာရှိ မရှိရင် ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားမှာပါ။

‘ဒါက ပုံရိပ်ယောင်ကို ထိုးဖောက်မြင်တာလား... အရင်တုန်းက ငါ့ကို စကားပြောခဲ့တာ ပန်ကူးထင်တယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

ကောင်းကင်တာအိုဟာ ပန်ကူးရဲ့ သနားကြင်နာမှုကနေ မွေးဖွားလာခဲ့တာပါ။ ဒါကြောင့်လည်း ကောင်းကင်တာအိုက ပဋိပက္ခမှာ တစ်မူထူးခြားနေတာပါ။ ပန်ကူးက တာအိုဘိုးဘေးကို ကြီးပြင်းခွင့်ပြုပြီး ကောင်းကင်တာအို ထိန်းချုပ်ခွင့်ကိုတောင် ပေးလိုက်တယ် မဟုတ်ပါလား။ တခြား မဟာတာအိုပညာရှိချုပ်တွေက ဒီလိုမျိုး ခွင့်ပြုမှာ မဟုတ်ပါဘူး။

ဟန်ကျွယ် မျက်လုံးကျဉ်းလိုက်တဲ့အခါ တာအိုဘုံကျောင်းထဲက ကြယ်တွေဟာ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။

နတ်ထူးဆန်းဟာ လန့်သွားပြီး တာအိုဘုံကျောင်းထဲကနေ ချက်ချင်း ထွက်ပြေးပါတယ်။ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို ဂရုမစိုက်ဘဲ ကျင့်ကြံမှုကိုပဲ ခိုင်ခံ့အောင် လုပ်ပါတယ်။ ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားဟာ အထွတ်အထိပ် စွမ်းအားအဖြစ် ပြောင်းလဲသွားပါပြီ။ ဒီစွမ်းအားက မဟာတာအိုထက် ပိုအားကောင်းပါတယ်။

ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို စစ်ဆေးကြည့်လိုက်ပါတယ်။

[အမည်: ဟန်ကျွယ်]

[သက်တမ်း: ၃,၀၆၅,၁၂၀/ ၁၂, ၀၄၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉]

[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]

[ကျင့်ကြံမှု: မဟာတာအို အထွတ်အထိပ် ကနဦးအဆင့် (ပြီးပြည့်စုံသော တာအိုပညာရှိ)။]

[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]

[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]

ဟန်ကျွယ်ရဲ့ သက်တမ်းဟာ ဂဏန်းကိုးလုံး ထပ်တိုးသွားပါတယ်။

၁၂ နိန္နဟုတံ။

နိန္နဟုတံက တစ်နောက်မှာ သုည ၄၂ လုံးပါ။ ဒါက အလွန်ကြာညောင်းတဲ့ အချိန်ဆိုပေမဲ့ ထာဝရအသက် မဟုတ်သေးတဲ့အတွက် ဟန်ကျွယ်ဟာ ထူးဆန်းတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါက စနစ်နဲ့ ပတ်သက်နေတာလည်း ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ မသေနိုင် မပျက်စီးနိုင်ဘူးလို့ ခံစားနေရပါပြီ။ စောစောတုန်းက ဟန်ကျွယ် ပဋိပက္ခကို ထောက်လှမ်းတုန်းက မဟာတာအို အထွတ်အထိပ် စွမ်းအားနဲ့ ကာထားတဲ့ နယ်မြေတွေကလွဲရင် ကျန်နေရာတွေမှာ တာအိုဖန်တီးရှင်ရဲ့ အရိပ်အယောင်ကို လုံးဝ မတွေ့ရပါဘူး။

ဟန်ကျွယ်နေရာမှာ တခြား မဟာတာအိုပညာရှိချုပ်ဆိုရင် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းတယ်ဆိုပြီး မောက်မာလာမှာပါ။ ဥပမာပေးရရင် ဓားရူးတာအိုပညာရှိပေါ့။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ စနစ်ရှိနေတဲ့အတွက် သူ့ထက် စွမ်းအားကြီးတဲ့လူတွေ ရှိနေတာကို သိနေပါတယ်။

“ငါ့ သက်တမ်းက ဘယ်တော့မှ အဆုံးမဲ့ ဖြစ်လာမှာလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။

[ဖော်ပြထားသော သက်တမ်းသည် သင့်၏ မူလသက်တမ်း ဖြစ်သည်။ သင်သည် အချိန်ကာလ၏ အပြင်ဘက်သို့ ခုန်ထွက်နိုင်နေပြီ ဖြစ်သည်။ သင်အလိုရှိလျှင် သင်၏ ပင်မ ခန္ဓာကိုယ်ကို အထွတ်အထိပ် နိယာမ ကန့်သတ်ခြင်းမခံရသော နယ်မြေတစ်ခု၌ ထားနိုင်သည်။ ထိုအခါ သင်သည် သေမျိုးများ နားလည်သော ထာဝရအသက်ကို ရရှိလိမ့်မည်။]

ဟန်ကျွယ်ဟာ သဘောပေါက်သွားပါတယ် ‘မဟာတာအိုပညာရှိချုပ်တွေ လျှို့ဝှက်ဆန်းကြယ်တာ အံ့ဩစရာ မရှိတော့ပါဘူး၊ သူတို့က တခြားနယ်မြေမှာ နေနေတာကိုး၊ ဒါကြောင့် မဟာတာအိုပညာရှိတွေက သူတို့ရှိနေမှန်း မသိကြတာ’

မဟာတာအိုပညာရှိချုပ်တွေက နိယာမ အပြင်ဘက်မှာ ပုန်းနေကြတာပါ။ မင်လင်းမယ်တော်ရဲ့ လျှို့ဝှက်ဆန်းကြယ် ပင်လယ်က သာဓကပါပဲ။ တခြားစကားနဲ့ ပြောရရင် ဟန်ကျွယ်ဟာ သူ့သက်တမ်း ကုန်ခါနီးရင် ဒီလိုမျိုး လုပ်လို့ရပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက ပဋိပက္ခကနေ ထွက်သွားတာနဲ့ အတူတူပါပဲ။

ဒီလိုအခြေအနေမှာ ဟန်ကျွယ်ဟာ သူ့ရဲ့ မူလသက်တမ်းကို ကုန်ဆုံးစေတဲ့ အရာတွေကို ဆက်သုံးဖို့ လက်တွန့်သွားပါတယ်။

နှစ်သုံးသောင်း ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ခိုင်မြဲသွားပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအို အထွတ်အထိပ် စွမ်းအားကို လုံးဝ ကျင့်သားရသွားပါပြီ။

ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ အသိပေးချက်တစ်ချက် ပေါ်လာပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters