← Chapters

ဓားရူးတာအိုပညာရှိ တစ်သိန်းနှင့် တိုက်ခိုက်ခြင်း

Vol. 79 Ch. 840

ဓားရူးတာအိုပညာရှိ တစ်သိန်းနှင့် တိုက်ခိုက်ခြင်း

Vol. 79 Ch. 840

[သင်သည် မဟာတာအို အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် အသက်ဓာတ် အနှစ်သာရမှာ အသွင်ပြောင်းလဲသွားပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ဂူအောင်းကျင့်ကြံရာမှ ချက်ချင်းထွက်၍ လောကဦးပဋိပက္ခကို ဖန်တီးပြီး ပဋိပက္ခကို တော်လှန်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ လောကဦး အပိုင်းအစ တစ်စနှင့် မဟာတာအိုအစောင့် ဆယ်ပါးအား ရရှိမည်။]

[၂။ မူလရည်ရွယ်ချက် မပျက် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ လောကဦး အပိုင်းအစ တစ်စနှင့် စနစ်၏ လုပ်ဆောင်ချက် အသစ်တစ်ခုအား အသက်သွင်းရန် အခွင့်အရေးတစ်ကြိမ် ရရှိမည်။]

‘နောက်ဆုံးတော့ ရောက်လာပြီပဲ...’

ဟန်ကျွယ်ဟာ သူ့ရှေ့က စာကြောင်းသုံးကြောင်းကို ကြည့်ရင်း ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။

[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ လောကဦး အပိုင်းအစ တစ်စနှင့် စနစ်၏ လုပ်ဆောင်ချက်အသစ်အား အသက်သွင်းရန် အခွင့်အရေးတစ်ကြိမ်ကို ရရှိပါသည်။]

[စနစ်မှ အကောင်းစားရတနာ ပေါင်းစပ်ဆေးအိုး လုပ်ဆောင်ချက်အသစ်ကို အသက်သွင်းလိုက်ပါပြီ။]

[အကောင်းစားရတနာ ပေါင်းစပ်ဆေးအိုး: ဓမ္မရတနာ အားလုံးကို ပေါင်းစပ်ပြီး ဓမ္မရတနာများ၏ အားသာချက်များကို ပြည့်စုံစွာ ဆက်ခံနိုင်သည်။ ဤဆေးအိုးသည် အနန္တကမ္ဘာ မြင်ကွင်းကျယ်၌သာ တည်ရှိပြီး ဤရတနာကို အသုံးပြုရန်အတွက် အနန္တကမ္ဘာ မြင်ကွင်းကျယ်ထဲသို့ ဝင်ရောက်ရန် လိုအပ်သည်။ လူတိုင်း နှစ်တစ်သန်းလျှင် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။]

‘ဒီလုပ်ဆောင်ချက်... မဆိုးဘူး...’

ဟန်ကျွယ်ဟာ မကြာမကြာ တာအိုဟောကြားတာကလွဲရင် သူ့တပည့်တွေကို သိပ်ဂရုစိုက်လေ့ မရှိပါဘူး။ ဒါပေမဲ့ အခု စနစ်ရဲ့ လုပ်ဆောင်ချက်အသစ်ဖြစ်တဲ့ အကောင်းစားရတနာ ပေါင်းစပ်ဆေးအိုးက သူ့တပည့်တွေကို စွမ်းအားကြီးတဲ့ ဓမ္မစွမ်းအားရတနာတွေ ရရှိစေမှာပါ။ ဒီလိုဆို သူ့တပည့်တွေကို သူ့ကို တော်တော်လေး ကျေးဇူးတင်မှာပါ။ ဒါ့အပြင် ဟန်ကျွယ်ကိုယ်တိုင်လည်း ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူပြီး နတ်ဘီလူးချီအလုံးတစ်လုံးနဲ့ ပေါင်းစပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာပြီး အရင်တုန်းက ဖန်တီးထားခဲ့တဲ့ ပဋိပက္ခ နတ်ဘီလူးကို မုရုံချီလက်ထဲ အပ်လိုက်ပါတယ်။

အခုဆိုရင် ဒုတိယ တာအိုစက်ကွင်းထဲက နတ်ဘီလူး အကုန်လုံးဟာ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ကို ရောက်နေကြပါပြီ။ အခုမှ အသစ်ရောက်လာတဲ့ နတ်ဘီလူးအသစ်တော့ မပါပါဘူး။

တခြားစကားနဲ့ ပြောရရင် ဒုတိယ တာအိုစက်ကွင်းမှာ တာအိုပညာရှိ ၄၄ ပါး ရှိသွားပါပြီ။ မုရုံချီ၊ ကြက်သွေးရောင် မြေခွေးနီ၊ ကောင်းကင်နက္ခ နတ်ဘီလူးတို့ကတော့ လွတ်လပ်မှုအဆင့်နဲ့ တော်တော်လေး နီးကပ်နေကြပါပြီ။ သူတို့တွေက လျင်လျင်မြန်မြန်ကို တိုးတက်လာတာပါ။

မုရုံချီက နတ်ဘီလူးအသစ်ကို ခေါ်သွားတဲ့အခါ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ကို ကြည့်ပြီး ပြောလိုက်ပါတယ် “သခင်... သခင်ကို ကြည့်ရတာ အရင်နဲ့ မတူဘူး၊ အဆင့် ထပ်ထိုးဖောက်ထားတာလား”

လီယောင်လည်း မျက်လုံးပွင့်လာပြီး ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။

မဟာတာအို အထွတ်အထိပ် အဆင့်ကို ရောက်သွားတဲ့ ဟန်ကျွယ်က အပြင်ပန်းကကြည့်ရင် အရင်ကနဲ့ ဘာမှ မကွာပါဘူး။ ဒါပေမဲ့ လူတွေကို အလိုလို လေးစားစေပြီး စော်ကားလိုတဲ့ အတွေးမရှိတဲ့အထိတောင် ဖြစ်စေပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်... မင်းရဲ့ ကျင့်ကြံမှုရော ဘယ်လိုနေလဲ”

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်နဲ့ လီယောင်ကြား ဝင်ထိုင်ကာ စကား စပြောပါတယ်။

အတော်ကြာသွားတဲ့အခါမှာတော့...

ဟန်ကျွယ်ဟာ ပင်မ တာအိုစက်ကွင်းကို ပြန်ပြီး သူ့ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို အဆင့်မြှင့်တင်ပါတယ်။ ဟန်ကျွယ်ဟာ‌ လေးငါးဆယ်နာရီအတွင်းပဲ ဓားတာအို ဆန်းကြယ်စွမ်းအားတွေ အကုန်လုံးကို အဆင့်မြှင့်တင်လို့ ပြီးသွားပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ မဟာညီညွတ်မှု ရုပ်သွင်ကို ဆက်ပြီးတော့ လေ့ကျင့်ပါတယ်။

၉၉ နှစ် ကြာသွားတဲ့အခါမှာတော့...

ဟန်ကျွယ်ဟာ နောက်ထပ် နတ်ဘီလူးဓမ္မရုပ်တု အသစ် ငါးရာကို တတ်မြောက်သွားပြီး ရှေ့ဆက် ကျင့်ကြံလို့ မရတော့ပါဘူး။ အခုဆိုရင် ဟန်ကျွယ်ဆီမှာ နတ်ဘီလူးဓမ္မရုပ်တုပေါင်း ၁,၉၄၉ ရုပ်တု ရှိသွားပါပြီ။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ တက်ကြွနေပြီး တိုက်ချင်ခိုက်ချင် နေပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး ဓားရူးတာအိုပညာရှိ တစ်သောင်းနဲ့ အရင်ဆုံး တိုက်ခိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အသက်ရှူကြိမ် တစ်ကြိမ် အကြာမှာပဲ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မျက်လုံးထဲမှာ အထင်သေးမှု အပြည့်ပါပဲ။

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ အရေအတွက်ကို နှစ်ဆ တိုးလိုက်ပါတယ်။

ဓားရူးတာအိုပညာရှိ နှစ်သောင်း။

တစ်ချက်တည်း အသေသတ်။

ဓားရူးတာအိုပညာရှိ သုံးသောင်း။

ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ အသက်ရှူကြိမ် လေးငါးဆယ်ကြိမ် ကြာသွားပါတယ်။ ဟန်ကျွယ်ဟာ သူ တိုက်ခိုက်တဲ့ပုံစံ နည်းလမ်းတွေကို ပြန်လည်သုံးသပ်ပြီး ထပ်ကြိုးစားကြည့်တဲ့အခါ လေးငါးခြောက်ကြိမ် အတွင်းမှာပဲ ဓားရူးတာအိုပညာရှိ သုံးသောင်းကို တစ်ချက်တည်း သတ်ပစ်နိုင်သွားပါတယ်။

ဟန်ကျွယ်ရဲ့ အထွတ်အထိပ် စွမ်းအားက ဟန်ကျွယ် အဆင့်မထိုးဖောက်ခင်က ဓမ္မစွမ်းအားထက် အများကြီး သာလွန်ပါတယ်။ ဒါ့အပြင် မဟာတာအိုပညာရှိ နှစ်ထောင်နီးပါးရဲ့ စွမ်းအားကို ထပ်ပေါင်းပြီး တစ်ချက်တည်း တိုက်ခိုက်တဲ့အခါ အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိသွားပါတယ်။

ရုပ်နာမ်နှစ်ပါးတင်မက ကံ၊ အချိန်နဲ့ တည်ရှိမှုတွေပါ ပျက်စီးကုန်တာပါ။

ဟန်ကျွယ် စွမ်းအားကြီးလွန်းတယ်လို့ ခံစားလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ဒီတိုက်ပွဲမှာ လောကဦး နတ်ဘီလူးရဲ့ စွမ်းအားကို ကောင်းကောင်းကြီး သိမြင် ခံစားလိုက်ရပါတယ်။ လောကဦးနတ်ဘီလူးရဲ့ စွမ်းအားက မဟာတာအိုသုံးထောင်နဲ့ လိုက်လျောညီထွေတဲ့အပြင် ဟန်ကျွယ်ရဲ့ အထွတ်အထိပ်စွမ်းအားနဲ့ အတူတူ ပေါက်ကွဲထွက်ပါတယ်။ တကယ်ကို ကြမ်းလွန်းတာပါ။ ဒီစွမ်းအားက စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ စွမ်းအားဆိုရင် မမှားပါဘူး။

ဟန်ကျွယ်ဟာ တိုက်ခိုက်တဲ့နည်းလမ်းကို ပြောင်းလဲပြီး နတ်ဘီလူးဓမ္မရုပ်တု ၁,၉၄၉ ရုပ်တုကို ဖန်တီးလိုက်ပါတယ်။ အဲဒီနောက် ဓမ္မရုပ်တုတွေထဲမှာ ၁၂ နိန္နဟုတံရှိတဲ့ လောကဦးကြယ်တွေရဲ့ စွမ်းအားကို ပေါင်းထည့်လိုက်တဲ့အခါ နတ်ဘီလူးဓမ္မရုပ်တုတွေက တစ်ခါတည်း အကောင်အထည် ပေါ်လာပါတယ်။

ဟန်ကျွယ်ပါ ပေါင်းလိုက်ရင် နတ်ဘီလူး ၁,၉၅၀ ပါးပါ။

ဒါက တကယ်ကို ပြိုင်ဘက်ကင်းတဲ့ စွမ်းအားပါ။

လောကဦးနတ်ဘီလူးက အဆင့်မြင့်လာတာနဲ့အမျှ စွမ်းအားကလည်း ပိုကြီးလာပါတယ်။ အဆင့်ပိုမြင့်လေလေ အားသာချက် ပိုများလေလေပါပဲ။ အထွတ်အထိပ် စွမ်းအားကသာ လောကဦး ကြယ်တာရာခန္ဓာကိုယ်ကို အမှန်စစ်စစ် အသုံးချနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ အရေအတွက်ကို ဆက်ပြီးတော့ တိုးပါတယ်။

ဓားရူးတာအိုပညာရှိ ငါးသောင်း။

ကြက်ခွေး နှစ်သောင်းကျော် ထပ်ပေါင်းရုံ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ အသားလေး ရှင်းပစ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ အရေအတွက်ကို တစ်ခါတည်း တစ်သိန်းရောက်တဲ့အထိ တိုးလိုက်ပါတယ်။ ဒီအရေအတွက်ကို ရောက်သွားတဲ့အခါမှာတော့ ပြောင်းလဲမှု ဖြစ်ပေါ်လာပါတယ်။

ဓားရူးတာအိုပညာရှိ တစ်သိန်းက သူတို့ရဲ့ဓားတွေကို တညီတညာတည်း ဝှေ့ယမ်းလိုက်တဲ့အခါ မဟာတာအို ပေါင်းစပ်တဲ့ မြင်ကွင်း ဖြစ်ပေါ်လာပါတယ်။ ဒီစွမ်းအားက အရမ်းအရမ်းကို ကြီးမားလွန်းပါတယ်။

နောက်ဆုံးတော့ ဟန်ကျွယ်ဟာ ပင်ပန်းလာပါတယ်။

ဓားရူးတာအိုပညာရှိ တစ်သိန်းက အဓိပ္ပာယ်တစ်မျိုး ပါဝင်နေပါတယ်။ မဟာတာအို ပေါင်းစပ်သွားတဲ့အခါ ဓားရူးတာအိုပညာရှိတွေက အသွင်ပြောင်းလဲသွားပြီး မဟာတာအိုပညာရှိချုပ်ရဲ့ အာနုဘော်လိုမျိုး ရှိလာပါတယ်။

‘တော်တော် ကြောက်ဖို့ကောင်းတာပဲ’

ဟန်ကျွယ်ဟာ ဆယ်မိနစ်ကြာအောင် တိုက်ခိုက်မှ အသာရရုံပဲ ရှိပါတယ်။

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ တစ်သိန်းကို ဆက်ပြီးတော့ စိန်ခေါ်ပါတယ်။ တိုက်ပွဲတစ်ရာကျော် တိုက်ခိုက်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ တစ်သိန်းကို အတင်း အနိုင်ယူနိုင်သွားပါတယ်။ ဒါပေမဲ့ တစ်ချက်တည်းတော့ သတ်နိုင်စွမ်း မရှိပါဘူး။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ အခု နတ်အာဏာရှင် စစ်သူကြီး တစ်သောင်းကို တစ်ချက်တည်း သတ်နိုင်ပြီလား”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[သတ်နိုင်ပါသည်။]

‘လုံခြုံပြီ...’ ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပဋိပက္ခကို လှမ်းကြည့်ပြီး နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို ရှာဖွေလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မြင်ကွင်းဟာ ပဋိပက္ခကို ငုံ့ကြည့်သလိုမျိုး လျင်မြန်စွာ ကျယ်ပြန့်သွားပါတယ်။

မကြာခင်မှာပဲ ဟန်ကျွယ်ဟာ ပဋိပက္ခမှာ ခရီးနှင်နေတဲ့ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို ရှာတွေ့သွားပါတယ်။ သူတို့က ကောင်းကင်တာအိုနဲ့ နည်းနည်းတော့ အလှမ်းဝေးနေပါသေးတယ်။

“ငါ အခု ပဋိပက္ခကို သွားရင် ပဋိပက္ခသိစိတ်က ငါ လောကဦး နတ်ဘီလူးဆိုတာ သိသွားနိုင်လား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မသိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော ပဋိပက္ခသိစိတ်သည် လောကဦး နတ်ဘီလူးကို မတွေ့ဖူးပါ။ ထို့အပြင် ပန်ကူးက မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ၏ ကံကို ဖြတ်တောက်လိုက်သဖြင့် ပဋိပက္ခသိစိတ်နှင့် မဟာတာအို နတ်စိတ်ဝိညာဉ်များသည် ကံကို တွက်ချက်မရတော့ပါ။ ကြည့်ရုံသာ ကြည့်နိုင်တော့သည်။]

‘အင်း... ပဋိပက္ခသိစိတ်က ကံကို တွက်ချက်လို့ မရတော့ဘူးလား... ပန်ကူးက တကယ်ကို တစ်ခုခုပဲ’

ဒါပေမဲ့ မျက်လုံးရှိတာကလည်း လုံလောက်ပါတယ်။ ဟန်ကျွယ်တောင် ပဋိပက္ခတစ်ခုလုံးကို မြင်နိုင်သေးရင် ဟန်ကျွယ်ထက် တစ်ဆင့်ပိုမြင့်တဲ့ ပဋိပက္ခသိစိတ်ကတော့ ပြောမနေပါနဲ့။

ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောလိုက်ပြီးနောက် ဓားရူးတာအိုပညာရှိကို ပဋိပက္ခထဲမှာ လိုက်ရှာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိကို ပဋိပက္ခထဲမှာ ရှာမတွေ့ပါဘူး။

‘ဒီကောင်က ကိုယ်ပိုင်နယ်မြေ ဖန်တီးပြီး ပုန်းနေတာလား...’

ဟန်ကျွယ်ဟာ အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုပြီး ဓားရူးတာအိုပညာရှိကို အိပ်မက်ပေးလိုက်ပါတယ်။ အိပ်မက်နယ်မြေက သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့တဲ့ လောကဦး ဟင်းလင်းပြင်ပါ။

ဓားရူးတာအိုပညာရှိဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် နှလုံးလှုပ်သွားပါတယ် ‘မင်းက ငါ့ကို အတင်း အိပ်မက်ပေးနိုင်တာလား... ငါ ဘာမှ အာရုံမခံမိလိုက်ဘူး..’

ဓားရူးတာအိုပညာရှိဟာ မဟာတာအိုပညာရှိချုပ် ဖြစ်ကတည်းက သူ့ကိုယ်သူ ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာပါ။ ပဋိပက္ခ တစ်ခုလုံးမှာ လောင်ဇီနဲ့ ပန်ကူးပဲ သူ့ကိုယှဉ်နိုင်တယ်လို့ တွေးထားခဲ့တာပါ။ အခုတော့...။

‘ဘာလို့ ဒီလိုဖြစ်ရတာလဲ...’ ဓားရူးတာအိုပညာရှိဟာ အကြောင်းရင်းကို စဉ်းစားမရပါဘူး။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “တာအိုရောင်းရင်း ငတုံးလေး... မတွေ့ရတာ ကြာပြီနော်”

ဓားရူးတာအိုပညာရှိဟာ ကြောက်ရွံ့တုန်လှုပ်မှုကို ဖိနှိပ်ပြီး မတိုးမကျယ် ပြန်မေးလိုက်ပါတယ် “မင်း ငါ့ကို တာအိုရောင်းရင်း ငတုံး လို့ ခေါ်လိုက်တာလား”

“ဟုတ်တယ်၊ ဘာဖြစ်လို့လဲ”

“မင်း...”

“မင်း ဘယ်မှာ ပုန်းနေတာလဲ၊ ငါ မင်းကို ဘာလို့ ရှာလို့ မရရတာလဲ” ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိရဲ့ မကျေနပ်မှုကို ဂရုမစိုက်ဘဲ သိချင်တာကို တန်းမေးလိုက်ပါတယ်။

ဒီမေးခွန်းကို ကြားရတဲ့အခါမှာတော့ ဓားရူးတာအိုပညာရှိဟာ နည်းနည်း နေသာထိုင်သာ ရှိသွားပြီး ဝင့်ကြွားစွာ ပြန်ဖြေလိုက်ပါတယ် “မင်း ဘယ်လိုလုပ် ရှာတွေ့မှာလဲ၊ ငါက ငါဖန်တီးထားတဲ့ နယ်မြေမှာ ရှိနေတာ၊ ငါကလွဲရင် ဒီနေရာကို ဘယ်သူမှ မသိဘူး”

“အပြင်ကို မြန်မြန်ထွက်လာခဲ့စမ်းပါ၊ ငါ မင်းနဲ့ တွေ့ချင်တယ်၊ မင်းက ဒီလောက် စွမ်းအားကြီးနေတာကို ပုန်းနေသေးတယ်၊ ဘယ်သူကို ကြောက်နေတာလဲ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters